← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁) ထိတ်လန့်သွားသော သားအဖနှစ်ဦး

ရှန်ကွမ်ယွဲ့ ပေါ်လာသည့် အခိုက်အတန့်တွင် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း၏ နှုတ်ခမ်းများ ပြင်းထန်စွာ တုန်ရီသွားခဲ့ပေ၏။

သူသည် တုန်လှုပ်မှုကို မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်သည်။

"စစ်... စစ်သေနာပတိ..."

စစ်သေနာပတိသည် နယ်စပ်တွင် အမြဲတမ်း စစ်တိုက်နေရသော်လည်း ဟွာအန်းဗျူရို၏ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် ကျန်းဖုန်းရှင်းသည် သူမကို တစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့ပြီး သူမ၏ ရဲရင့်သော အငွေ့အသက်များက သူ၏ရှေ့ရှိ လူနှင့် လုံးဝ တူညီနေခဲ့ပေသည်။

စစ်သေနာပတိသည် အမျိုးသမီးဝတ်စုံကို ဘယ်သောအခါမှ မဝတ်ဆင်လေ့မရှိချေ။

အမျိုးသမီးဝတ်စုံ ဝတ်ထားလျှင်ပင် သူမ၏ အငွေ့အသက်ကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ပေ။

ဤအခိုက်အတန့်၌ သူ တကယ်ကို ထိတ်လန့်သွားခဲ့ပြီ ဖြစ်၏။

သူ၏ နဖူးတွင် ချွေးစေးများ ပြန်လာပြီး ခြေထောက်များ တောင့်တင်းသွားကာ လှုပ်ရှား၍ပင် မရနိုင်တော့ချေ။

စိတ်ထဲတွင်မူ ‘စစ်ဘက်ဆိုင်ရာဌာနက လူတဲ့လား... ဒါဆို ချန်ဖုန်းက တကယ်ပဲ စစ်ဘက်ဆိုင်ရာဌာနက လူပေါ့…’ဟု တွေးတောလိုက်မိသည်။

စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲတစ်ဦးအနေဖြင့် ရှန်ကွမ်ယွဲ့သည် ကျိုတိုတစ်ခွင်သာမက တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် အကြွင်းမဲ့ အာဏာကို ကိုင်စွဲထားသူ ဖြစ်ပေသည်။

သူမကို စော်ကားခြင်းက စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်၏။

‘ဒါက သေလမ်းကို ရှာနေတာ မဟုတ်ဘူးလား…’

သူ၏ ဒုတိယညွှန်ကြားရေးမှူး ရာထူးကိုပင် ဆက်လက်ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။ ဤအကြောင်းကို တွေးမိချိန်တွင် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။

သူသည် မျက်နှာထား တင်းမာနေသော ရှန်ကွမ်ယွဲ့အား ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီး တံတွေးမြိုချကာ ပြောဆိုလိုက်၏။

"စစ်သေနာပတိ... သူက စစ်ဘက်ဆိုင်ရာဌာနကမှန်း ကျွန်တော် တကယ် မသိခဲ့ပါဘူး..."

"သူ့ရဲ့ ဇာစ်မြစ်ကိုသာ အစောကြီးကတည်းက သိခဲ့ရင် ချန်ဖုန်းကို ဖမ်းဖို့ လူတွေ ခေါ်လာမှာ မဟုတ်ဘူး...ကျွန်တော် တကယ် သေသင့်တာပဲ... အမှားအမှန်ကိုတောင် မခွဲခြားတတ်ဘူး..."

"ရှင့်ကိုယ်ရှင် သေသင့်တယ်လို့ ထင်နေတာလား..."

ရှန်ကွမ်ယွဲ့က အေးစက်စွာ နှာမှုတ်လိုက်သည်။

သူမ၏ အကြည့်များက ရှေ့သို့ ဖြည်းညင်းစွာ ရွှေ့လျားသွားပြီး ချန်ဖုန်းကိုကြည့်လိုက်၏။

သူမအနေဖြင့် ချန်ဖုန်းကို ဤမျှ အနီးကပ် တွေ့ဆုံရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်ပေ၏။

အဇူရာနန်းတော်မှ လူများ ဝန်းရံထားသော ချန်ဖုန်းအား သူမ သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ အတော်လေး ထူးဆန်းသွားခဲ့လေသည်။

သူမသည် ချန်ဖုန်းအပေါ် ဒေါသထွက်နေဆဲပင်။

‘သူက ငါ့ရဲ့ ခန္ဓာကိုယ်ကို မြင်သွားခဲ့လို့ပဲ…’

တစ်ချိန်တည်းမှာပင် နယ်စပ်တွင် ချန်ဖုန်း အချိန်မီ ပေါ်လာခဲ့ခြင်းက စစ်ဘက်ဆိုင်ရာဌာနကို ကယ်တင်နိုင်ခဲ့ရုံသာမက သူမ၏ နာတာရှည်ရောဂါကိုလည်း ကုသပေးခဲ့ပေ၏။

စိတ်ထဲမှာတော့ ‘ဒီအချက်လေး တစ်ချက်တည်းနဲ့ပင် ငါ သူ့ကို ကျေးဇူးတင်သင့်တာပေါ့…’ဟု တွေးတောလိုက်၏။

ရှန်ကွမ်ယွဲ့သည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး ညင်သာစွာ ပြောဆိုလိုက်သည်။

"လူတွေကို ဖယ်ရှားလိုက်ပါ... လူတွေ အရမ်းများနေရင် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်... ရှင်နဲ့ ပတ်သက်တဲ့ ကိစ္စအတွက် ရှင်းပြချက်တစ်ခု ပေးပါ့မယ်..."

ဤစကားကို ချန်ဖုန်းအား ပြောလိုက်ခြင်း ဖြစ်ပေ၏။

ချန်ဖုန်းက ပတ်ဝန်းကျင်ကို လက်ဟန်ပြလိုက်သည်။

အရပ်မျက်နှာ အသီးသီးမှ ပုံရိပ်များသည် အလျင်အမြန် ဆုတ်ခွာသွားကြပြီး လူအုပ်ထဲတွင် ပုန်းကွယ်သွားကြလေ၏။

သို့သော် သူ၏အနီးနားရှိ လူများကမူ နေရာတွင် ခိုင်မာစွာ ရပ်နေကြပြီး လှုပ်ရှားရန် ငြင်းဆန်နေခဲ့ကြပေသည်။

ချန်ဖုန်းသည်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်ကာ

တွေးတောနေတော့သည်။

‘ရှန်ကွမ်ယွဲ့က တစ်ပတ်ကြာမှ ဟွာရှနိုင်ငံကို ပြန်လာမှာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ... ရှောင်လန် အို ရှောင်လန်... မင်းက ငါ့ကို လိမ်နေတာလား’

အရပ်မျက်နှာ အသီးသီးမှ လူများ ထွက်ခွာသွားသည်ကို မြင်သောအခါ ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေသည်။

ထိုအချိန်၌ ပိုမို အားကောင်းသော အငွေ့အသက်တစ်ခုက သူ့အပေါ်သို့ နောက်တစ်ကြိမ် လွှမ်းမိုးလာခဲ့ပြန်၏။

ရှန်ကွမ်ယွဲ့ ရုတ်တရက် လှုပ်ရှားလိုက်ပေသည်။

သူမက သူ၏ ဗိုက်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။

ပြင်းထန်သော နာကျင်မှုကြောင့် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ဗိုက်ကို ဖက်ထားကာ သူ၏ နဖူးမှ ချွေးပေါက်ကြီးများ ကျဆင်းလာခဲ့ပေသည်။

ကျန်းဖုန်းရှင်းက အော်ဟစ်လိုက်သည်။

"စစ်... စစ်သေနာပတိ..."

"ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း... ရှင်က တကယ်ကို ရဲတင်းလွန်းတယ်..."

ရှန်ကွမ်ယွဲ့၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်နေခဲ့၏။

"ဟွာအန်းဗျူရိုရဲ့ ဒုတိယညွှန်ကြားရေးမှူးလေး တစ်ယောက်က ဟွာရှနိုင်ငံရဲ့ စည်းကမ်းတွေကို လျစ်လျူရှုရဲတယ်ပေါ့... လူတွေဒီလောက်အများကြီးကို ဒီအပြင်ကို ခေါ်လာပြီး ရှင်က ဘာလုပ်ချင်နေတာလဲ..."

"ရှင်က ပုန်ကန်ချင်နေတာလား... ညွှန်ကြားရေးမှူး ယန်ရီရှို ဆိုတဲ့ အဘိုးကြီးက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကောင်းကောင်း မအုပ်ချုပ်ဘူးဆိုတော့ သူ့အစား ကျွန်မကပဲ ဝင်အုပ်ချုပ်ပေးရမှာပေါ့..."

သူမ စကားပြောနေစဉ်မှာပင် နောက်ထပ် တစ်ချက် ကန်လိုက်ပြန်၏။

"ဒီနေ့ ရှင် စော်ကားမိတာက စစ်ဘက်ဆိုင်ရာဌာန တစ်ခုတည်းလို့ ထင်နေတာလား... စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ကိုပါ စော်ကားမိတာ... ရှင့်သားက ဖုန်းတစ်ကော ဆက်လိုက်တာနဲ့ လူတစ်ရာကျော်ကို ခေါ်ထုတ်လာနိုင်တယ်ဆိုတော့ နောက်တစ်ကြိမ်များ ကျွန်မကို စော်ကားမိရင် ကျွန်မကိုပါ ဖမ်းဖို့ လူတွေ ခေါ်လာဦးမလို့လား..."

"မဟုတ်ပါဘူး... ကျွန်တော် မရဲပါဘူး..."

ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း၏ ပါးစပ်တွင် သွေးများဖြင့် ပြည့်နှက်နေခဲ့ပေ၏။

သို့တိုင်အောင် သူတို့သည် မည်သည့် မကျေနပ်မှုကိုမျှ မဖော်ပြရဲကြချေ။

သူ၏ အကြည့်များက ခပ်လှမ်းလှမ်းသို့ ရုတ်တရက် ရောက်ရှိသွားရာ သူ၏သားဖြစ်သူမှာ ပါးရိုက်ခံနေရဆဲ ဖြစ်ပေသည်။

ကျန်းဖုန်းရှင်းက သွားကြိတ်ကာ တုန်ရီစွာဖြင့် ပြောဆိုလိုက်၏။

"စစ်သေနာပတိ... သူတို့ကို ရပ်ခိုင်းလို့ ရမလား... ကျွန်တော့်သားက အရိုက်ခံရလွန်းလို့ သေတော့မယ်... စစ်သေနာပတိက စစ်ဘက်ဆိုင်ရာဌာနက ဖြစ်နေရင်တောင် စည်းကမ်းတွေကိုတော့ လိုက်နာရမယ်လေ..."

"ဟင်..."

ရှန်ကွမ်ယွဲ့၏ ရေခဲတမျှ အေးစက်သော အကြည့်များက ရုတ်တရက် သူ့ဆီ ရောက်ရှိလာခဲ့သည်။

ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ဒီဂရီ အနည်းငယ်မျှ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်အထိပင် ဖြစ်သည်။

သူမသည် ဤနေရာသို့ လာရာလမ်းတွင် ဇာတ်လမ်းတစ်ခုလုံးကို သိရှိခဲ့ပြီး ဖြစ်ပေ၏။ ပိုတွေးလေလေ ပိုဒေါသထွက်လေလေပင် ဖြစ်သည်။

"ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း... ရှင့်သား အရိုက်ခံရပြီး သေသွားရင်တောင် မတရားဘူးလို့ ပြောလို့မရဘူး... ချန်ဖုန်းက နယ်စပ်မှာ ရန်သူ့နိုင်ငံက ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက်တစ်ရာနီးပါးကို သတ်ဖြတ်ခဲ့ပြီး လူသောင်းချီထဲကနေ သူတို့ခေါင်းဆောင်ရဲ့ အသက်ကိုတောင် နှုတ်ယူခဲ့လို့ စစ်ဘက်ဆိုင်ရာဌာနကို အကျပ်အတည်းကနေ ကယ်တင်နိုင်ခဲ့တာ... ရန်သူ့တပ်တွေကို မိုင်သုံးဆယ်လောက်အထိ ဆုတ်ခွာသွားအောင် အတင်းအကျပ် လုပ်နိုင်ခဲ့တာ... သူ့ရဲ့ စွမ်းဆောင်ရည်တွေက အထူးအဆင့် ဂုဏ်ပြုဆုနဲ့တောင် ထိုက်တန်တယ်... ကျွန်မတို့ စစ်ဘက်ဆိုင်ရာဌာနတောင် သူ့ကို အလွန် ရိုသေလေးစားရတာကို ရှင်တို့ သားအဖနှစ်ယောက်က သူ့ကို ဖမ်းဖို့ ကြိုးစားရဲတယ်ပေါ့လေ... သူ့ကို ရန်သူ့နိုင်ငံက လူဆိုပြီးတော့တောင် မဟုတ်မမှန် စွပ်စွဲရဲသေးတယ်... ရှင့်သားက သေသွားရင်တောင် ဝမ်းနည်းစရာ မကောင်းသလို ရှင်ပါ သေသွားရင်တောင် ကိစ္စမရှိဘူး..."

ရှန်ကွမ်ယွဲ့ ပြောလိုက်သော စကားလုံးတိုင်းသည် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း၏ နှလုံးသားကို ရိုက်ခတ်သွားစေခဲ့သည်။

သူ့ကို ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရစေ၏။

ထို့နောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားလေသည်။

"ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက်တစ်ရာနီးပါးကို သတ်ဖြတ်ခဲ့တယ်တဲ့လား... လူသောင်းချီထဲကနေ ခေါင်းဆောင်ရဲ့ အသက်ကို နှုတ်ယူခဲ့တယ်ပေါ့... ရန်သူ့တပ်တွေကို မိုင်သုံးဆယ်လောက်အထိ ဆုတ်ခွာသွားအောင် လုပ်ခဲ့တာလား... အထူးအဆင့် ဂုဏ်ပြုဆုနဲ့တောင် ထိုက်တန်တယ်... ဒီစွမ်းဆောင်ရည်တွေထဲက တစ်ခုခုကတင် ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို ကျော်လွန်နေပြီပဲ..."

ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ပြီးပြီ... ငါ့ရဲ့ မိုက်မဲတဲ့သားက ချန်ဖုန်းလို ထိပ်တန်းပုဂ္ဂိုလ်မျိုးကို ဘယ်လိုလုပ် စော်ကားမိရတာလဲ..."

ထိုအချိန်၌ ကျန်းထျန်ရှန်းနှင့် ဟွာအန်းဗျူရို၏ ညွှန်ကြားရေးမှူး ယန်ရီရှို တို့လည်း အလျင်အမြန် ရောက်ရှိလာကြသည်။

၎င်းတို့၏ နဖူးတွင် ချွေးများဖြင့် ပြည့်နှက်နေခဲ့၏။

ရှန်ကွမ်ယွဲ့ကို မြင်သောအခါ ညွှန်ကြားရေးမှူး ယန်ရီရှိုမှာ ကြောက်ရွံ့စွာဖြင့် အလျင်အမြန် နှုတ်ဆက်လိုက်၏။

ထို့နောက် သူသည် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းထံသို့ လျှောက်သွားရာ သူ၏ မျက်လုံးများမှာ ဓားများအလား စူးရှနေခဲ့ပေသည်။

"ခွေးကောင် ကျန်းဖုန်းရှင်း... မင်းက ငါ့ကို သတ်ချင်နေတာလား... နည်းပြချန်က ဘယ်သူလဲဆိုတာ မင်းသိလား... သူ့ကို မင်းက စော်ကားရဲတယ်ပေါ့လေ... ပြည်တွင်းပြည်ပက ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဆယ်ယောက်လောက် ဒီကို အပြေးအလွှား လာနေကြတယ်ဆိုတာ မင်းသိရဲ့လား... ကျစ်... မင်းရဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေကြောင့် ဟွာရှနိုင်ငံ တစ်ခုလုံး အကျပ်အတည်းထဲ ရောက်လုနီးပါး ဖြစ်သွားပြီကွ..."

ထို့နောက် နောက်ထပ် လက်သီးများ၊ ခြေကန်ချက်များဖြင့် ရိုက်နှက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

စိတ်ထဲတွင်မူ ယန်ရီရှိုကိုယ်တိုင်လည်း အလွန်အမင်း တုန်လှုပ်နေခဲ့၏။

‘ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဆယ်ယောက်တဲ့လား... အကယ်၍ ပဋိပက္ခသာ ဖြစ်ပွားခဲ့ရင် ဟွာရှနိုင်ငံ တစ်ဝန်းလုံး ကမောက်ကမ ဖြစ်သွားပေလိမ့်မယ်... ထိုသို့ဆိုလျှင် သူသည် ထာဝရ အပြစ်သားတစ်ဦး ဖြစ်သွားပေတော့မည်’

"ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဆယ်ယောက်တောင်လား..."

ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းမှာ လုံးလုံးလျားလျား ကျောက်ရုပ်ဖြစ်သွားလေ၏။

ယခုလေးတင် သတိမလည်တလည် ဖြစ်နေသော ကျန်းကျိုးမှာ ဤစကားများကို ကြားပြီးနောက် အလွန်အမင်း ထိတ်လန့်သွားကာ နောက်တစ်ကြိမ် သတိလစ်သွားပြန်လေသည်။

‘ငါတော့ ပြဿနာကြီးကြီးထဲ ကျသွားပြီ ထင်တယ်…’

ညွှန်ကြားရေးမှူး ယန်ရီရှိုသည် သူ၏နောက်ရှိ ဟွာအန်းဗျူရို ဝန်ထမ်းများကို ပြန်ကြည့်လိုက်ကာ ပြောလိုက်၏။

"ပြီးတော့ မင်းတို့တွေ... မင်းတို့က ဟွာအန်းဗျူရိုကို တကယ် အရှက်ခွဲတာပဲ... ဒီကနေ ထွက်သွားကြစမ်း... ပြန်သွားပြီး မင်းတို့ရဲ့ ပြစ်ဒဏ်ကို ခံယူကြ..."

လူအုပ်ကြီးမှာ အလွန်အမင်း ကြောက်ရွံ့သွားကြပြီး အလျင်အမြန် ထွက်ခွာသွားကြလေ၏။

၎င်းတို့သည် အမှန်တကယ် မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြချေ။

ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းက ၎င်းတို့ကို ခေါ်ယူခဲ့ခြင်းသာ ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူက ဒုတိယညွှန်ကြားရေးမှူး ဖြစ်နေသဖြင့် ၎င်းတို့အနေဖြင့် သူ၏ အမိန့်ကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ချေ။

"ညွှန်ကြားရေးမှူး ယန်ရီရှို ပြောခဲ့တဲ့ ပြစ်ဒဏ်က ပြင်းထန်လှတယ်... ဒီကိစ္စကို သေချာစွာ စုံစမ်းစစ်ဆေးမည်သာမကဘူး ငါတို့ရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကိုပါ အသေးစိတ် စုံစမ်းစစ်ဆေးသွားမှာပဲ... စည်းမျဉ်းချိုးဖောက်မှုတွေကို ရှာတွေ့တာနဲ့ ပြဿနာတက်တော့မှာပဲ..."

လူတစ်စုမှာ ကြောက်ရွံ့စိုးရိမ်မှုများဖြင့် ထွက်ခွာသွားကြလေ၏။

အရာရှိများနှင့် ကျန်းထျန်ရှန်းတို့မှာ စကားတစ်ခွန်းမျှ မပြောဘဲ ရပ်နေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဟွာအန်းဗျူရို၏ ကိစ္စဖြစ်ပြီး ညွှန်ကြားရေးမှူး ယန်ရီရှို ကိုယ်တိုင် ရောက်လာပြီဖြစ်ရာ သူ့ကိုသာ ကိုင်တွယ်ခွင့် ပေးသင့်သောကြောင့် ဖြစ်ပေ၏။

ထိုအချိန်၌ ညွှန်ကြားရေးမှူး ယန်ရီရှိုသည် ချန်ဖုန်း၏ရှေ့သို့ လျှောက်သွားကာ ကြောက်ရွံ့စွာဖြင့် ပြောဆိုလိုက်သည်။

"နည်းပြချန်... ခင်ဗျားကို ကောင်းကောင်း မစောင့်ရှောက်နိုင်တာ ကျွန်တော့်အမှားပါပဲ... အဲဒါကြောင့် ဟွာအန်းဗျူရိုကြီး ကမောက်ကမ ဖြစ်သွားရတာပါ... စိတ်မပူပါနဲ့... ကျန်းကျိုး နဲ့ ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း တို့ကို သေချာပေါက် စုံစမ်းစစ်ဆေးသွားပါ့မယ်... ခင်ဗျားရဲ့ လိုအပ်ချက်တွေကို အချိန်မရွေး ပြောပြနိုင်ပါတယ်..."

All Chapters