← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂) ပင်မနတ်ဘုရားဆယ်ပါး

"ရပ်လိုက်တော့..."

ချန်ဖုန်းက လက်ကာပြလိုက်သည်။

ထိုအချိန်မှသာ ကျန်းကျိုး၏ ဘေးရှိလူက ပါးရိုက်ခြင်းကို ရပ်တန့်လိုက်လေ၏။

သို့သော် ကျန်းကျိုးမှာ သတိလစ်နေပြီ ဖြစ်သည်။ သူ၏ မျက်နှာတစ်ခုလုံး ပါးရိုက်ခံထားရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိထားပေ၏။

ချန်ဖုန်းက "အဇူရာနန်းတော်က လူတွေနဲ့ ရှန်ကွမ်ယွဲ့တို့ မလာခဲ့ရင်တောင် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း နဲ့ သူ့လူတွေက ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ငါက ဟွာရှနိုင်ငံမှာ နေတာဆိုတော့ သူတို့ကို မျက်နှာသာ နည်းနည်းတော့ ပေးသင့်တာပေါ့..."ဟုပြောဆိုလိုက်သည်။

ထိုအချိန်၌ မျက်နှာတစ်ထောင်မြေခွေး က အေးစက်စွာ ပြောဆိုလိုက်သည်။

"သခင်လေးက သဘောထားကြီးလို့ ခွင့်လွှတ်ပေးပေမဲ့... ငါတို့ကတော့ ဒီတိုင်း လွှတ်ပေးလို့ မရဘူး... တကယ်လို့ ဒါသာ နိုင်ငံပြင်ပကို သတင်းပျံ့သွားရင် အဇူရာနန်းတော်ကို အနိုင်ကျင့်ရ လွယ်တယ်လို့ တခြားသူတွေက ထင်သွားမှာပေါ့... ငါတို့မှာ ဂုဏ်သိက္ခာ မရှိဘူးလို့များ ထင်နေလား..."

"ဒါက..."

ညွှန်ကြားရေးမှူး ယန်ရီရှို၏ နှလုံးသားမှာ နောက်တစ်ကြိမ် တင်းကျပ်သွားပြန်၏။

သူက ဤအကြောင်းကို ကျန်းထျန်ရှန်းထံမှ ယခုလေးတင် ကြားသိခဲ့ရခြင်း ဖြစ်သည်။

သူ့ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော လူများသည် နယ်စပ်ပြင်ပ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အဇူရာနန်းတော်မှ ဖြစ်ကြပေ၏။

ပြီးတော့ ချန်ဖုန်းသည် လက်ရှိ အဇူရာနန်းတော်၏ သခင်လေးပင် ဖြစ်လေသည်။

ထိုကဲ့သို့သော ထိပ်တန်း နယ်စပ်ပြင်ပ အင်အားစုတွေနဲ့ နီးစပ်ဖို့ဆိုတာ သူ့အနေနဲ့ အလွန် ကွာဝေးလွန်းလှသည်။

ဘာပဲဖြစ်ဖြစ် ဟွာရှနိုင်ငံက အတော်လေး လုံခြုံသေးတာပဲလေ ဒါပေမဲ့ အခုတော့ နယ်စပ်ပြင်ပက ဒီကြောက်စရာကောင်းတဲ့ လူတွေက သူရှေ့မှာ ရပ်နေကြပြီ ဒါက သူ့ကို တကယ်ကို ထိတ်လန့်သွားစေခဲ့သည်။

အကယ်၍ စစ်သေနာပတိနှင့် ဝန်ကြီးကျန်းတို့သာ မရှိခဲ့ပါက ညွှန်ကြားရေးမှူး ယန်ရီရှို သည် ဤနေရာသို့ လာရောက်ရန်ပင် ရဲဝံ့မည် မဟုတ်ချေ။

"သခင်လေးရဲ့ မျက်နှာကြောင့် ငါ နင်တို့ကို အခက်တွေ့အောင် မလုပ်တော့ပါဘူး..."

မျက်နှာတစ်ထောင်မြေခွေး က လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက်

သူမ၏ အကြည့်များက ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းထံသို့ ရုတ်တရက် ရောက်ရှိသွားသည်။

"တကယ်လို့ ဒါသာ နယ်စပ်ပြင်ပ စစ်မြေပြင်မှာ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလူနှစ်ယောက် အကြိမ်တစ်ရာ သေရင်တောင် အဇူရာနန်းတော်ရဲ့ ဒေါသကို ပြေပျောက်စေမှာ မဟုတ်ဘူး... ဒီမှာ ငါတို့ အယောက်နှစ်ဆယ်ကျော် ရှိတယ်... တကယ်လို့ သူသာ ငါတို့ဆီက တိုက်ခိုက်ချက် တစ်ချက်စီကို ခံနိုင်ရည်ရှိမယ်ဆိုရင် ဒီကိစ္စကို ခွင့်လွှတ်ပေးမယ်..."

ထိုသို့ ပြောဆိုပြီးနောက် သူမ၏ ပုံရိပ်သည် မှုန်ဝါးသွားကာ ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းထံသို့ တိုက်ရိုက် ပြေးဝင်သွားလေ၏။

"ဝှစ်..."

ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းမှာ အလွန်အမင်း လန့်ဖြတ်သွားပြီး သူ၏ ဝိညာဉ်ပင် လွင့်စင်သွားလုနီးပါး ဖြစ်သွားခဲ့သည်။

သူ အကူအညီတောင်းရန်ပင် အချိန်မရလိုက်မီ ကြီးမားလှသော အင်အားတစ်ခုကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်သွားခဲ့ပေ၏။

ချက်ချင်းဆိုသလိုပင် သူ့ပတ်ဝန်းကျင်တွင် ပုံရိပ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကြမ်းတမ်းသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ပေါက်ကွဲဝင်ရောက်သွားလေ၏။

ဤလူများ၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လှပေသည်။

ဆယ်စက္ကန့်ပင် မပြည့်မီအချိန်အတွင်း ၎င်းတို့သည် မူလနေရာသို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းနှင့် သူ၏သားဖြစ်သူတို့မှာ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေကြပေ၏။

သူတို့၏ ကံကြမ္မာကတော့ မသိရသေးချေ။

ရှန်ကွမ်ယွဲ့သည် လုပ်ငန်းစဉ် တစ်ခုလုံးတွင် စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

ထိုသားအဖနှစ်ဦး အသက်ရှူနေဆဲဖြစ်ကြောင်း သူမ သိနိုင်သလို မျက်နှာတစ်ထောင်မြေခွေး နှင့် အခြားသူများက ၎င်းတို့၏ အစွမ်းအစ အပြည့်အဝကို အသုံးမပြုခဲ့ကြောင်းကိုလည်း သူမ သိရှိပေ၏။

ထိုသို့မဟုတ်ပါက ၎င်းတို့၏ စွမ်းအားများအရဆိုလျှင် တစ်ချက်တည်းနှင့်ပင် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းနှင့် သူ၏သားဖြစ်သူတို့ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

ရှန်ကွမ်ယွဲ့တစ်ယောက် စိတ်ထဲကနေ ‘တကယ်တော့ ဒါက လက်ရှိမှာ အကောင်းဆုံး ရလဒ်ပါပဲ ဘာပဲဖြစ်ဖြစ် အဇူရာနန်းတော်ရဲ့ နာမည်ဂုဏ်သတင်းက ရှိသေးတယ်လေ တကယ်လို့ သူတို့က ဒီကိစ္စမှာ တစ်ဖက်လူကို အရမ်းလွယ်လွယ်ကူကူ လွှတ်ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားလိမ့်မယ် အဇူရာနန်းတော် ဆိုတဲ့ နာမည်က ငရဲအဇူရာ လို့လည်း ခေါ်ကြသေးတယ် သူတို့က သတ်ဖြတ်မှုတွေကနေ မွေးဖွားလာကြတာဖြစ်ပြီး အခုအချိန်မှာ ဟွာရှနိုင်ငံအတွက် သူတို့လုပ်ပေးခဲ့တာတွေက လုံလောက်တာထက်တောင် ပိုနေပါပြီ’ ဟု တွေးတောလိုက်၏။

ညွှန်ကြားရေးမှူး ယန်ရီရှို သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေ၏။

ထို့နောက် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ကြီးမားသော ကမောက်ကမမှုကြီး မဖြစ်ပွားခဲ့ချေ။

ယန်ရီရှိုက သူ၏နောက်ရှိ လူများအား အမိန့်ပေးလိုက်၏။

"သူတို့ကို ခေါ်သွားကြ..."

လူတစ်စုက ကျန်းကျိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းတို့ကို ခေါ်ဆောင်သွားကြသည်။

ညွှန်ကြားရေးမှူး ယန်ရီရှိုက စကားအနည်းငယ် ပြောဆိုပြီးနောက် အလျင်အမြန် ထွက်ခွာသွားလေ၏။

ထိုနေရာရှိ လေထုမှာ အလွန် ဖိစီးမှုများနေသဖြင့် သူ ထိုနေရာတွင် ဆက်မနေနိုင်တော့ချေ။

"နည်းပြချန်..."

ကျန်းထျန်ရှန်းက မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခုဖြင့် လျှောက်လာခဲ့သည်။

သူသည် ချန်ဖုန်း၏ နောက်ခံအကြောင်း အနည်းငယ် သိရှိထားပြီး သူ့ကို စကားအနည်းငယ် ပြောပြချင်နေခဲ့၏။

သို့သော် မျက်နှာတစ်ထောင်မြေခွေး ၏ မျက်လုံးထဲမှ ရန်လိုသော အကြည့်ကို မြင်လိုက်ရချိန်တွင် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရပေသည်။

"တော်ပါပြီလေ... ကျန်တာတွေကို အရင် စုံစမ်းကြည့်လိုက်ဦးမယ်..."

ထို့နောက် သူ ထွက်ခွာသွားလေ၏။

ရှန်ကွမ်ယွဲ့သည် ချန်ဖုန်းအား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် အလွန်အမင်း ထိတ်လန့်နေပြီဖြစ်သော ရွှီချင်းချန်ကို လှမ်းကြည့်ကာ နှုတ်ခမ်းကိုကိုက်လျက် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားလေသည်။

"ချန်ဖုန်း... သူတို့က..."

ရွှီချင်းချန်မှာ ကြောင်တောင်တောင်ဖြင့် ရပ်နေခဲ့၏။

"ဒီနေ့ အဖြစ်အပျက်တွေ အရမ်းများလွန်းတော့ ငါ့အနေနဲ့ အကုန်လုံးကို နားလည်နိုင်ဖို့ အချိန်မရှိခဲ့ဘူးလေ... ဒါတွေက နားလည်ရခက်လွန်းတယ်... အဇူရာနန်းတော် ဆိုတာ ဘာလဲ... နယ်စပ်ပြင်ပ စစ်မြေပြင် ဆိုတာကရော ဘာလဲ... အို ဘုရားရေ... ချန်ဖုန်း တကယ်တော့ နင်က ဘယ်သူများလဲ... ဟွာအန်းဗျူရိုရဲ့ ညွှန်ကြားရေးမှူးကိုယ်တိုင်ကတောင် နင့်ကို အရမ်း ရိုသေလေးစားရပြီး နည်းနည်းတောင် ကြောက်နေပုံရသေးတယ်..."

"ချင်းချန်... မင်း အရင် ပြန်သွားနှင့်ပါ... ငါ ဒီမှာ ရှင်းစရာ ကိစ္စလေးတွေ ရှိသေးလို့..."

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလျက်​​ ပြောလိုက်၏။

"အဇူရာနန်းတော်က လူတွေ ပေါ်လာပြီဆိုတော့ နယ်စပ်ပြင်ပက ကြောက်စရာကောင်းတဲ့ လူတွေလည်း ရောက်လာကြပြီပေါ့... ငါ သူတို့နဲ့ တွေ့ရမယ်ဆိုတာ ရှင်းနေတာပဲလေ..."

"နင်... သတိထားဦးနော်..."

ဆက်နေလို့လည်း အကျိုးမရှိမှန်း ရွှီချင်းချန် သိလိုက်သည်။

သူမက သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်၏။

ထို့နောက် သူမလည်း ထွက်ခွာသွားလေသည်။

နာရီဝက် ကြာပြီးနောက်။

ကျိုတိုမြို့ ဆင်ခြေဖုံးရှိ ဗီလာတစ်လုံးအတွင်း၌ ချန်ဖုန်းသည် ဆိုဖာပေါ်တွင် ထိုင်နေခဲ့၏။

သူ၏ဘေးတွင် မျက်နှာတစ်ထောင်မြေခွေး နှင့် အဇူရာနန်းတော်မှ အဖွဲ့ဝင် အယောက်နှစ်ဆယ်ကျော် ရပ်နေကြသည်။

ဗီလာ၏ ပတ်ပတ်လည်တွင်လည်း အဇူရာနန်းတော်မှ ကျွမ်းကျင်သူ အယောက်တစ်ရာနီးပါးဖြင့် ပြည့်နှက်နေပေ၏။

သူတို့၏ တာဝန်မှာ သခင်လေး၏ လုံခြုံရေးကို ကာကွယ်ရန်ပင် ဖြစ်သည်။

ထိုအချိန်၌ ဗီလာအတွင်း ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

"ထိပ်တန်းနတ်ဘုရား လဲ့ယန် သခင်လေးကို ဂါရဝပြုပါတယ်... လဲ့ယန်က သခင်လေးကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပါဘူး... ကျေးဇူးပြုပြီး အပြစ်ပေးပါ သခင်လေး..."

ဤအခိုက်အတန့်၌ လဲ့ယန်သည် မတ်မတ်ရပ်နေခဲ့သည်။

သူ၏ ကျောပေါ်တွင်တော့ ထောင့်မှန်စတုဂံပုံ သေတ္တာတစ်လုံးကို လွယ်ထားပြီး ထိုအထဲတွင် သူ၏ ဓားကြီး ရှိနေပေ၏။

"ကိစ္စမရှိပါဘူး..."

ချန်ဖုန်းက လက်ကာပြလိုက်သည်။

သို့သော် သူ့ စိတ်ထဲမှာတော့ အနည်းငယ် စိုးရိမ်နေဆဲပင် ဖြစ်၏။

‘ဘာပဲဖြစ်ဖြစ် သခင်လေး ဆိုတဲ့ နေရာက အတော်လေး မတည်မငြိမ် ဖြစ်နေသေးတယ်လေ ငါ့စိတ်ထဲမှာ အရမ်းကို အပြစ်ရှိသလို ခံစားနေရပေမဲ့ အပြင်ပန်းမှာတော့ အရမ်းကို တည်ငြိမ်နေသလို ဟန်ဆောင်ထားရမှာပဲ အင်း... ငါက အဇူရာနန်းတော်ရဲ့ သခင်လေးပဲ’

လဲ့ယန်က မေးမြန်းခြင်းကို မတားဆီးနိုင်ခဲ့ချေ။

"သခင်လေး... သခင်လေးရဲ့ အဇူရာတိုကင်ကို နန်းတော်သခင်က ပေးခဲ့တာလား... အထင်မလွဲပါနဲ့... သခင်လေးရဲ့ အမှတ်အသားကို ကျွန်တော် သံသယဝင်နေတာ မဟုတ်ပါဘူး... နန်းတော်သခင် အခု ဘယ်မှာလဲ... ပြီးတော့ သူ သက်ရှိထင်ရှား ရှိနေသေးရဲ့လား ဆိုတာကိုပဲ သိချင်တာပါ..."

"အာ..."

ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။

‘မင်းရဲ့ နန်းတော်သခင် ဘယ်မှာလဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ မင်းက စနစ်ကို ဘာလို့ သွားမမေးတာလဲ ဒါပေမဲ့ စနစ်ရဲ့ သဘာဝအရ သွားမေးလည်း အလကားပဲ ဖြစ်မှာပေါ့’

သူ မည်သို့ ပြန်ဖြေရမည်နည်းဟု တွေးတောနေစဉ်မှာပင် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်၏။

"လဲ့ယန်... မင်းက သခင်လေးကို သံသယဝင်နေတာလို့ ငါ ထင်တယ်နော်... နန်းတော်သခင်ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဘယ်သူကမှ သူ့ဆီကနေ အဇူရာတိုကင်ကို လုယူသွားနိုင်မှာ မဟုတ်ဘူး... သခင်လေးက နန်းတော်သခင်ရဲ့ ကိုယ်ပိုင် တပည့်ဆိုတာ သဘာဝကျပါတယ်... နန်းတော်သခင် အခုချိန်မှာ ကိုယ်ထင်မပြသေးတာက အကြောင်းပြချက် ရှိလို့ပဲ... အဲဒါကို ငါတို့က ဘာလို့ ထပ်မေးနေရဦးမှာလဲ... ဆန့်ကျင်ဘက်အနေနဲ့ ဒီလို အမှန်တရားနဲ့ အလိမ်အညာတွေ ရောနှောနေတာက တကယ်တော့ အဇူရာနန်းတော်အတွက် အကောင်းဆုံးအရာပဲ..."

ထိုအချိန်၌ ဗီလာအတွင်း နောက်ထပ် လူတစ်ယောက် ပေါ်လာခဲ့ပြန်သည်။

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ယန်ရီပင် ဖြစ်၏။

"မင်း ဆိုလိုတာက..."

လဲ့ယန် မျက်မှောင်အနည်းငယ် ကြုတ်သွား၏။

ယန်ရီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ငါတို့ ဒီကိုလာတဲ့လမ်းမှာ နယ်စပ်ပြင်ပက အင်အားစုတွေရဲ့ ပိတ်ဆို့တာကို ခံခဲ့ရတယ်... သူတို့ရဲ့ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်နဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက်တစ်ရာနီးပါးကို ငါတို့ သတ်ပစ်ခဲ့တယ်... ဒီအင်အားစုတွေက ကြောက်စရာ မကောင်းပေမဲ့ ငါတို့ အဇူရာနန်းတော်မှာ ကြောက်စရာကောင်းတဲ့ ရန်သူတွေ ရှိနေသေးတယ်... အထူးသဖြင့် အဲဒီတုန်းက နန်းတော်သခင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူပေါ့..."

လဲ့ယန် အံ့အားသင့်သွား၏။

"မင်း ဆိုလိုတာက..."

"ဘာပဲဖြစ်ဖြစ် သခင်လေးက အဇူရာနန်းတော်ကို အခုမှ စပြီး တာဝန်ယူရုံပဲ ရှိသေးတယ်လေ... တကယ်လို့ နန်းတော်သခင် အသက်ရှင်နေသေးလား၊ မရှင်တော့ဘူးလား ဆိုတာကို ငါတို့တောင် မသိဘူးဆိုရင် တခြားဘယ်သူကမှလည်း သိနိုင်မှာ မဟုတ်ဘူး... အဲဒီ ကြောက်စရာကောင်းတဲ့ ရန်သူက နန်းတော်သခင်ကို ကြောက်နေရလို့ အခုချိန်မှာ အဇူရာနန်းတော်ကို သေချာပေါက် တိုက်ခိုက်ရဲမှာ မဟုတ်ဘူး... ဒါကြောင့် နန်းတော်သခင်အကြောင်း မမေးတာ အကောင်းဆုံးပဲ..."

ယန်ရီက ဆက်လက်ပြောဆိုလိုက်သည်။

လဲ့ယန်က "ငါ နားလည်ပြီ..."

ထိုသို့ ပြောဆိုပြီးနောက် ယန်ရီသည်လည်း ချန်ဖုန်းအား နက်ရှိုင်းစွာ အရိုအသေပေးကာ ပြောဆိုလိုက်၏။

"ပင်မနတ်ဘုရား ယန်ရီ သခင်လေးကို ဂါရဝပြုပါတယ်..."

‘တော်သေးတယ် ငါက ဆင်ခြေပေးစရာတောင် မလိုတော့ဘူး ဒီယန်ရီ ဆိုတဲ့လူက အကုန်လုံးကို ဖန်တီးပေးပြီးသွားပြီပဲ’

ချန်ဖုန်းလည်း အခုမှ စိတ်ထဲ သက်ပြင်းချလိုက်နိုင်ပေသည်။

သူ့ရှေ့ရှိ ဤပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူအပေါ် သူ အလွန် သဘောကျမိသွား၏။

"ထကြပါ..."

ထို့နောက်တွင်တော့ ဖူထျန်၊ ယိုးဟွန်း၊ ထိုက်ရှန်း နှင့် အခြားသူများလည်း အခင်းဖြစ်ပွားရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

၎င်းတို့သည် မူလက ဟွာရှနိုင်ငံအတွင်း ကမောက်ကမ ဖြစ်အောင် လုပ်ရန် ပြင်ဆင်ထားခဲ့သော်လည်း ချန်ဖုန်း အဆင်ပြေနေသည်ကို မြင်သောအခါ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြလေသည်။

All Chapters