အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း (၂၁၅) စနစ်ရဲ့ လှည့်စားခြင်းကို ခံလိုက်ရပြီ
ဗီလာအတွင်း၌။
ချန်ဖုန်းသည် ဧည့်ခန်းထဲတွင် တီဗီကြည့်နေသည်မှာ နာရီဝက်ခန့် ရှိနေပြီ ဖြစ်၏။
ယုတ္တိအရဆိုလျှင် ရှန်ကွမ်ယွဲ့သည် ယခုအချိန်တွင် ပြီးနေလောက်ပြီဖြစ်သော်လည်း တစ်ဖက်လူမှာ ထွက်မလာသေးချေ။
"အမာရွတ် နှစ်ခုသုံးခုလောက်ပဲ ရှိတာလေ
အမြန်လိမ်းလိုက်ရင်တောင် ငါးမိနစ်လောက်ပဲ ကြာမယ့်ဟာကို"
"မင်းက တစ်ကိုယ်လုံးကိုများ ပွတ်သွင်းနေတာလား"
"ဟူးးး…အမျိုးသမီးတွေ"
"ဒါက မိတ်ကပ်လိမ်းတာတောင် မဟုတ်ဘူး တကယ်လို့ မိတ်ကပ်လိမ်းတာသာဆိုရင် နေ့တစ်ဝက်လောက်များ အချိန်ယူမလားပဲ”
ချန်ဖုန်းတစ်ယောက် တီးတိုး ရေရွက်နေစဥ်မှာပင်…
ထိုအချိန်၌။
ရှန်ကွမ်ယွဲ့က အိပ်ခန်းထဲမှ ခေါင်းကို ရုတ်တရက် ပြူထွက်လာပြီး အနည်းငယ် ရှက်ရွံ့နေသော မျက်နှာအမူအရာဖြင့် တိုးတိတ်စွာ ပြောဆိုလိုက်၏။
"ရှင်... ဒီကို ခဏလောက် လာလို့ရမလား"
“ဟင်…”
ချန်ဖုန်း မှင်တက်သွားခဲ့သည်။
"ဘာလဲ"
ချန်ဖုန်းက မသိစိတ်မှ လျှောက်သွားလိုက်မိ၏။
"ကျွန်မရဲ့ အင်္ကျီပေါ်က အမာရွတ်တစ်ခုကို ဆေးလိမ်းလို့ မရဘူး... ရှင် ကူညီပြီး..."
ထိုစကားများကို ပြောလိုက်ချိန်တွင် ရှန်ကွမ်ယွဲ့သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားပြီး သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့ပေ၏။
သူမ တွေးနေခဲ့တာက
‘ငါ ဆေးရည်ကို ပြန်ယူသွားပြီး ရှောင်လန်ကို လိမ်းပေးခိုင်းလို့ရပေမဲ့ ရှောင်လန်က ဆရာဝန်မှ မဟုတ်တာ... တကယ်လို့ ဆိုးရွားတဲ့ တုံ့ပြန်မှုတစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ’ ဟူ၍ဖြစ်သည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမက ချန်ဖုန်းကို အကူအညီတောင်းရတော့၏။
‘ဘာပဲဖြစ်ဖြစ် ဒီလူက ငါ့ရဲ့ ခန္ဓာကိုယ်ကို အရင်က မမြင်ဖူးတာမှ မဟုတ်တာ’ဟု သူမ တွေးရင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်၏။
သူမ၏ စကားများက ချန်ဖုန်းကိုလည်း အံ့အားသင့်သွားစေခဲ့သည်။
ဘာမှမတွေးတော့ဘဲ သူက ပြောလိုက်၏။
"ရပါတယ်လေ အဲဒီနေရာကို ဆေးလိမ်းဖို့ မင်း အင်္ကျီကို မတင်ဖို့တော့ လိုလိမ့်မယ်... ဒါပေမဲ့ မင်းက စိတ်မဆိုးဘူးဆိုရင်တော့ ငါက အဆင်ပြေပါတယ်"
"ကျွန်မ"
ရှန်ကွမ်ယွဲ့ ရုတ်တရက် အတွေးပြောင်းသွားခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင်
သူမ အံကြိတ်ကာ ပြောဆိုလိုက်၏။
"ကောင်းပြီလေ ရှင် လုပ်လိုက်"
သူမသည် အိပ်ခန်းတံခါးကို အတွင်းမှ သော့ခတ်လိုက်သည်။
ကုတင်စွန်းတွင် ချန်ဖုန်းကို ကျောပေးလျက် ထိုင်ကာ သူမ၏ အင်္ကျီကို ဖြည်းညင်းစွာ မတင်လိုက်၏။
ချန်ဖုန်းတစ်ယောက် ရှန်ကွမ်ယွဲ့၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်ကို မြင်လိုက်ရသည်။
အထူးသဖြင့် သင်းပျံ့သော ရနံ့တစ်ခုက လွင့်ပျံလာသဖြင့် ချန်ဖုန်း တံတွေးမြိုချလိုက်မိပြီး သူ၏ အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့ပေ၏။
‘ငါ ပြောရမယ်ဆိုရင်
ရှန်ကွမ်ယွဲ့က အရမ်း လှတာပဲ"
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပိုလျှံနေသော အဆီပို တစ်စက်လေးမျှ မရှိချေ။ ခါးနေရာရှိ ကွက်လပ်မှနေ၍ အရှေ့ဘက်ရှိ ကောက်ကြောင်းတစ်ခုနှင့် အဖြူရောင်ဖဲကြိုးတစ်ခုကိုပင် မှုန်ဝါးဝါး မြင်တွေ့နိုင်ပေသည်။ တကယ်တော့ ဤကဲ့သို့သော မပြတ်မသား ခံစားချက်မျိုးက လူများ၏ ဆန္ဒများကို အလွယ်တကူ နှိုးဆွပေးနိုင်ဆုံးပင် ဖြစ်၏။
ရှန်ကွမ်ယွဲ့က သူမ၏ ဆံပင်များကို ဖယ်ရှားလိုက်သည်။
ချန်ဖုန်းက သူမ၏ ခန္ဓာကိုယ်ကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်ကို သူမ ခံစားနေရသဖြင့် သူမ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့၏။
‘ထင်တဲ့အတိုင်းပဲ
ယောကျ်ားတွေ အကုန်လုံးက ဝက်တွေကြီးချည်းပဲ’
"အဆင်သင့်ဖြစ်ပြီလား"
"အင်း... ရပြီ ရပြီ"
ချန်ဖုန်းက ရှန်ကွမ်ယွဲ့၏ အင်္ကျီပေါ်ရှိ အမာရွတ်ကို ဆေးရည် အနည်းငယ် အလျင်အမြန် လိမ်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပဲ။
ချန်ဖုန်း၏ လက်ချောင်းများက သူမ၏ အသားအရည်ကို ထိတွေ့လိုက်ချိန်တွင် ရှန်ကွမ်ယွဲ့၏ သွယ်လျသော ခန္ဓာကိုယ်လေး တုန်ရီသွားပြီး ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
မကြာမီမှာပင် ဆေးလိမ်းပြီးသွားပြီးနောက်
သူမက အလျင်အမြန် အဝတ်အစား ဝတ်လိုက်ပြီး ချက်ချင်း သက်သာရာရသွားသလို ခံစားလိုက်ရသည်။
စောစောက သူမ အရမ်း စိတ်လှုပ်ရှားနေခဲ့တာလေ။
"ရှောင်ယွဲ့ယွဲ့ ဒီဆေးရည်က တစ်ပတ်ပဲ ခံတယ်... တစ်နေ့ သုံးကြိမ် လိမ်းရမယ်... တစ်ပတ်ကြာလို့ အမာရွတ်က သိသိသာသာ မှေးမှိန်သွားတဲ့ လက္ခဏာတွေ ပြလာရင် ဆေးရည်က ထိရောက်မှုရှိတယ်လို့ ဆိုလိုတာပဲ"
"အဲဒီကျရင် မင်းအတွက် နောက်ထပ် နှစ်လစာ ပမာဏကို ငါ ဖော်စပ်ပေးမယ် အဲဒါဆို လုံးဝ ပျောက်ကင်းသွားလိမ့်မယ်"
ချန်ဖုန်းသည် စနစ်မှတစ်ဆင့် သူ လဲလှယ်ရယူနိုင်သော ပစ္စည်းများနှင့် ပတ်သက်၍ အတော်လေး ယုံကြည်မှု ရှိနေခဲ့၏။
"အင်း"
ရှန်ကွမ်ယွဲ့က တိုးတိတ်စွာ တုံ့ပြန်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
အမာရွတ်တစ်ဝိုက်ရှိ နေရာက ပူနွေးလာသည်ကို သူမ သတိပြုမိသွားပြီး ထိုခံစားချက်က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထို့အပြင် ပိုပိုပြီး ပူလာသည်။
သူမ၏ မျက်နှာလည်း အနည်းငယ် နီရဲလာခဲ့၏။
"ရှင်... ဆေးရည်ထဲကို ဘာတွေ ထည့်ထားတာလဲ"
ရှန်ကွမ်ယွဲ့၏ ပထမဆုံး တုံ့ပြန်မှုမှာ ချန်ဖုန်းက ဆေးရည်ကို တစ်ခုခု လုပ်ထားသည်ဟု ထင်လိုက်ခြင်းပင်။
သူမ၏ မျက်နှာမှာ ချက်ချင်းပင် အလွန်အမင်း မည်းမှောင်သွားခဲ့သည်။
ထို့နောက် စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ
သူမက ချန်ဖုန်းကို လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။
သို့သော် လက်သီး၏ အင်အားက ချန်ဖုန်းကို ထိတွေ့သွားချိန်တွင် သူမ၏ အသက်ရှူနှုန်းများ နောက်တစ်ကြိမ် ကမောက်ကမ ဖြစ်သွားခဲ့၏။
ချန်ဖုန်းကို ထိမှန်သွားသော လက်သီးလေးများမှာ ပျော့ပျောင်းအားနည်းနေပြီး မည်သည့် အင်အားမျှ မပါဝင်ချေ။
"ဘုရားရေ..."
ချန်ဖုန်း ချက်ချင်း မှင်တက်သွားခဲ့သည်။
စိတ်ထဲတွင်လည်း ‘ဘာတွေဖြစ်နေတာလဲ ငါက စနစ်ရဲ့ ဖော်စပ်နည်းအတိုင်း အတိအကျ လိုက်နာခဲ့တာပဲလေ ဘယ်လိုလုပ် ပြဿနာ ရှိနိုင်မှာလဲ ဒါက မဖြစ်နိုင်ဘူး ဒါက လိမ်းရတာထက် စားရတဲ့ပုံစံနဲ့တော့ နည်းနည်း တူတယ်… အင်းဟုတ်တယ်…စားရတာ…စားရ… နေပါဦး ကြည့်ရတာ အဲဒီဆေးလေ(စိတ်ကြွဆေး) များလား’ ဟု တွေးရင်း မျက်လုံးပြူးသွားတော့သည်။
ဆေးရည်တွင် ဤကဲ့သို့သော ပါဝင်ပစ္စည်းမျိုး ပါဝင်နေလိမ့်မည်ဟု ချန်ဖုန်း ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
‘စနစ် အို… သောက်ကြိုးနဲ စနစ်
မင်းက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလားကွ’ ဟု ချန်ဖုန်း စိတ်ထဲက ကျိန်ဆဲတော့လေသည်။
"ဟင့်အင်း... အဲဒါကို မဆွဲနဲ့"
ရှန်ကွမ်ယွဲ့က သူမ၏ အဝတ်အစားများကို ချွတ်တော့မည်ကို မြင်သောအခါ ချန်ဖုန်းမှာ အလွန်အမင်း လန့်ဖြတ်သွားပြီး သူမ၏ လက်များကို အလျင်အမြန် ဖမ်းဆွဲလိုက်သည်။
"လခွမ်း… မယုတ်နဲ့နော် ဒီက စိတ်သိပ်ခိုင်တာ မဟုတ်ဘူးနော် "
"ဒါက မတော်တဆမှုတစ်ခု ဖြစ်သွားစေနိုင်တယ်"
"ပြီးတော့ သူမ နိုးလာတာနဲ့ ငါ့ကို သတ်ပစ်လိမ့်မယ်"
ဤအချိန်တွင် ရှန်ကွမ်ယွဲ့မှာ သတိမကပ်တော့ဘဲ သူမ၏ နှုတ်ခမ်းကို ကိုက်ထားခဲ့၏။
သူမက သူ၏ လက်များမှ ရုန်းထွက်ကာ သူ့ကို အတင်းအကျပ် ဆွဲထုတ်လိုက်သည်။
ဘုရားရေ။
အဝတ်အစားတွေ အကုန်လုံး စုတ်ပြတ်သတ်သွားပြီလေ။
ဤအခိုက်အတန့်တွင် ရှန်ကွမ်ယွဲ့မှာ အထူး ဆွဲဆောင်မှု ရှိနေပေ၏။
ဤအရာက ချန်ဖုန်း၏ ရင်ထဲတွင် တစ်ခုခုကို နောက်တစ်ကြိမ် လှုပ်ခတ်သွားစေခဲ့သည်။
"တကယ့်ကို လှပတဲ့ တောင်တန်းကြီးတွေပါလား"
သူ မှင်တက်သွားသော
ထိုအခိုက်အတန့်လေးတွင်ပင်။
ရှန်ကွမ်ယွဲ့က သူမ၏ လှုပ်ရှားမှုများကို ဆက်လုပ်နေခဲ့သည်။
"အီးး… မင်း မင်း ဒီလိုဆက်လုပ်နေရင် ငါ အော်လိုက်မှာနော်"
ချန်ဖုန်းမှာ စကားပြောစရာ
မဲ့ဖြစ်သွားခဲ့သည်။ ဒီမိန်းမ ရူးသွပ်သွားပြီဆိုတာနဲ့ တကယ်ကို တားလို့မရတော့ချေ။
ထိုအချိန်တွင်
ရှန်ကွမ်ယွဲ့သည် သူမ၏ သတိအနည်းငယ် ပြန်လည်ရရှိလာပုံပေါ်၏။
ဘာပဲဖြစ်ဖြစ် သူမက စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိဖြစ်ပြီး ဆေးရည်က အလွန် ပြင်းထန်နေချိန်မှာတောင် သူမက ငယ်စဉ်ကတည်းက အလွန် ခိုင်မာသော စိတ်ဆန္ဒ ရှိခဲ့သူပင်။
ဒါက အချိန်တိုအတွင်းမှာလည်း သတိရှိနေစေနိုင်တယ်။
သူမက သွားကြိတ်ကာ သူမ၏ စိတ်ခံစားမှုများကို အတင်းအကျပ် ဖိနှိပ်ထားရင်း ပြောလိုက်၏။
"ချန်ဖုန်း တကယ်လို့ ရှင် ကျွန်မကို ထိရဲရင် ရှင်ကို သေချာပေါက် သတ်ပစ်မယ်"
"ဆေးရည်ထဲမှာ အဲဒီပစ္စည်းတွေ ပါနေတယ်ဆိုတာ ငါ လုံးဝ မသိခဲ့ဘူး"
ချန်ဖုန်းသည် သူမှန်နေလျှင်ပင် သူ့ကိုယ်သူ ရှင်းပြ၍ မရနိုင်ခဲ့ချေ။
ကျစ်။
ရှန်ကွမ်ယွဲ့၏ အသက်ရှူနှုန်းများ ပိုမို ပြင်းထန်မြန်ဆန်လာခဲ့သည်။
"ကျွန်မ... ကျွန်မ ဂရုမစိုက်ဘူး ရှင် ကျွန်မကို ထိခွင့်မရှိဘူး... ရှင် ကျွန်မကို ထိရင် ရှင့်ကို သတ်ပစ်မယ်"
ထိုသို့ ပြောဆိုပြီးနောက် သူမ နောက်တစ်ကြိမ် ကယောင်ကတမ်း ဖြစ်သွားခဲ့၏။
သူမက ချန်ဖုန်းအပေါ်သို့ ရုတ်တရက် ခုန်အုပ်လိုက်ပြီး သူ့ကို ကုတင်ပေါ်သို့ ဖိချကာ သူမ၏ နီရဲနေသော နှုတ်ခမ်းများကို ပေးအပ်လိုက်သည်။
ဘုရားရေ။
ချန်ဖုန်း ချက်ချင်း မှင်တက်သွားခဲ့၏။
"မင်းပြောတော့ ငါ့ကို ထိခွင့်မပေးဘူးဆို"
"ဒါပေမဲ့ မင်းကတော့ ငါ့ကို ထိလို့ရတယ်ပေါ့"
"ဒီလိုဆို ငါနစ်နာသွားမှာပေါ့ကွ"
"ရှန်ကွမ်ယွဲ့ ခြိမ်းခြောက်ခံရတာကို ငါ အမုန်းဆုံးပဲကွ မင်း နောင်တမရတာ ပိုကောင်းလိမ့်မယ်"
ချန်ဖုန်းသည်လည်း သူမကြောင့် ဒေါသထွက်သွားခဲ့၏။
“ဖြစ်ချင်ရာဖြစ် ဗျင်းပီဟေ့…”
ထို့နောက် သူက တစ်ချက်တည်းနှင့် လှန်ချလိုက်ကာ သူမကို ကုတင်ပေါ်သို့ ဖိချလိုက်၏။
စကားပြောစရာမလိုဘဲ အရာအားလုံးကို နားလည်သွားကြသည်...
(ဤနေရာတွင် စာလုံးရေ တစ်သန်းခန့် ချန်လှပ်ထားပါသည်...)
တကယ်တော့ ချန်ဖုန်းသည်လည်း ဆေးရည်၏ အာနိသင်ကို ခံရကြောင်း မသိရှိခဲ့ချေ။ ထိုသို့မဟုတ်ပါက ရှန်ကွမ်ယွဲ့၏ ရန်စမှုကို သူ ဤမျှ လွယ်လွယ်ကူကူ ခံရမည် မဟုတ်ပေ။
ဤအချိန်တွင် ချန်ဖုန်းသည် သူ၏ အခြေခံအကျဆုံး ဆန္ဒများကို မဖိနှိပ်ထားရုံသာမက ရှန်ကွမ်ယွဲ့ကလည်း လွှတ်ပေးထားခဲ့၏။
"ဒီတိုက်ပွဲက ကြမ်းတမ်းလွန်းတယ်"
"အချိန်အကြာကြီး ယူရလိမ့်မယ်"
နှစ်ဦးစလုံးမှာ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းကြပြီး ၎င်းတို့၏ တိုက်ပွဲအသံများက အခန်းထဲတွင် ပြည့်နှက်နေခဲ့သည်။
ဘယ်အချိန်ကလဲဆိုတာတော့ မသိဘူး။
မျက်နှာတစ်ထောင်မြေခွေး က အခန်းတံခါးဝသို့ တိတ်တဆိတ် ကပ်သွားပြီး အတွင်းမှ အသံများကို နားထောင်ကာ အံ့သြစရာမရှိသော သေချာမှုမျိုးဖြင့် မျက်နှာအမူအရာကို ပြသလိုက်၏။
ထို့နောက် မျက်နှာတစ်ထောင်မြေခွေးသည် ဗီလာအပြင်ဘက်တွင် လျင်မြန်စွာ ပြန်လည်ပေါ်လာခဲ့ကြပြီး အဆင့်တစ် အရေးပေါ်အခြေအနေကို သတ်မှတ်လိုက်သည်။
"သခင်လေးက အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်နေတယ်"
"ငါတို့ လုံးဝ အနှောင့်အယှက်ပေးလို့ မရဘူး"
အဇူရာနန်းတော် အဖွဲ့ဝင် အယောက်နှစ်ဆယ်နီးပါးသည် ဗီလာပတ်ပတ်လည်တွင် အလျင်အမြန် သတိထားစောင့်ကြည့်နေကြပြီး ၎င်းတို့၏ သခင်လေးကို လုပ်ငန်းစဉ်တစ်ခုလုံးတစ်လျှောက် ကာကွယ်ရန်အတွက် ၎င်းတို့ လုပ်ဆောင်နေသမျှကို ဘေးဖယ်ထားလိုက်ကြလေသည်။