အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း (၂၁၆) ချန်ဖုန်း ထွက်ပြေးပြီ
နှစ်နာရီကြာပြီးနောက်။
ချန်ဖုန်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်နေခဲ့၏။
သူသည် ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့သည်။
သူ့ပုံစံကြည့်ရသည်မှာ လောကကြီးရဲ့ တရားမျှတမှု မရှိမှုအပေါ် စိတ်ကုန်နေပုံနေသည်။
“ဟင်းး…”ချန်ဖုန်းတစ်ယောက် သက်ပြင်းရှည်ကြီးချလိုက်ပြီး တီးတိုးရေရွက်နေတော့သည်။
“ငါ့လို ရုပ်ချော သဘောကောင်း ပိုက်ဆံရှိ မိန်းမလှလေးတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့ ကောင်က ခုလိုမျိုး မိန်းမတစ်ယောက်ရဲ့ အစားခံလိုက်ရမယ်လို့ တွေးတောင်မတွေးဖူးဘူး…”
ရှန်ကွမ်ယွဲ့ကို ယခုလေးတင် အားအင်ကုန်ခမ်းသွားစေခဲ့ပြီးနောက် သူ စိတ်လိုက်မာန်ပါ လုပ်မိသွားကာ သူမနှင့် အိပ်မိသွားလိမ့်မည်ဟု ချန်ဖုန်း ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ရှန်ကွမ်ယွဲ့က အခု အိပ်ပျော်နေပြီ ဖြစ်၏။
"ထိုသို့မဟုတ်ပါက သူမ နိုးလာသည့်အခါ သူ့ကို သတ်ပစ်လိမ့်မည်"
[ဒင်... ဗီဒီယိုတာဝန်ကို ပြီးမြောက်ခဲ့တဲ့ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေးအနေနဲ့ စနစ်ပွိုင့် ၁၀၀ ရရှိပါတယ်]
[လက်ရှိ ပိုင်ရှင်ရဲ့ ကျန်ရှိနေတဲ့ စနစ်ပွိုင့်ကတော့ ၃၃၅၀ ဖြစ်ပါတယ်]
[ဒင်... ပိုင်ရှင်က ဗီဒီယိုတာဝန် ပြီးမြောက်မှုမှာ ပါဝင်ခဲ့တဲ့အတွက် စနစ်ရဲ့ ခန့်မှန်းနိုင်တဲ့အချိန် ပြောင်းလဲသွားပါပြီ... အခုဆိုရင် ၁၄၇၅ ကနေ ၂၁၀၀ ခုနှစ်အတွင်း ဖြစ်ရပ်မှန်သမျှကို ကြိုတင်ခန့်မှန်းနိုင်ပါပြီ]
"အချိန်ကာလက ဆယ်နှစ်လောက်အထိ ရှေ့တိုးသွားတာပဲ"
ဆေးရည်အတွက် ဗီဒီယိုတာဝန် ပြီးမြောက်သွားပြီဖြစ်ရာ ချန်ဖုန်း ဖော်စပ်ထားသော ဆေးရည်သည် အမာရွတ်များကို အမှန်တကယ် ပျောက်ကင်းစေကြောင်း သက်သေပြနေပေ၏။
ဒီဘေးထွက်ဆိုးကျိုးက…
ဤအချိန်တွင် ချန်ဖုန်း၏ မျက်နှာပေါ်၌ မည်းမှောင်နေသော မျဉ်းကြောင်းတစ်ခု ရှိနေခဲ့သည်။
ဤဖော်စပ်နည်းကို အခြားမည်သူ့ကိုမျှ ပေးရန် သူ မရဲဝံ့တော့ချေ။
"စနစ် တခြား ဖော်စပ်နည်း ရှိသေးလား"
[ဒင်... အခြား ဖော်စပ်နည်းတစ်ခုကို ရှာတွေ့ပြီး ပိုင်ရှင်ရဲ့ စာရင်းထဲကို ပို့လိုက်ပါပြီ... ကျေးဇူးပြုပြီး ပုံမှန် စစ်ဆေးပေးပါ]
"ငါ"
ချန်ဖုန်းမှာ ကျိန်ဆဲလုနီးပါး ဖြစ်သွားခဲ့၏။
"စနစ်... မင်း ငါ့ကို နောက်နေတာလား"
[ဤမေးခွန်းအား ဖြေကြား၍ မရနိုင်ပါ]
"ချီးပဲ"
ချန်ဖုန်းသည်လည်း စကားပြောစရာမဲ့ဖြစ်သွားခဲ့သည်။
ဒီကျိန်ဆဲစရာကောင်းတဲ့ စနစ်က အရမ်းအသုံးဝင်ပေမဲ့ အချိန်အခါမဟုတ် ပြဿနာတွေထဲ အမြဲတမ်း ဝင်ဝင်ပါနေတတ်တယ်။
ဘယ်လိုမှ ကာကွယ်လို့ မရဘူး။
ထိုအချိန်၌ စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာခဲ့၏။
ရှန်ကွမ်ယွဲ့၏ ဖုန်းပင် ဖြစ်ပေသည်။
သူက ပေါ့ပေါ့ပါးပါး ကိုင်လိုက်သည်။ ဖုန်းဖြေဆိုရန်အတွက် လော့ခ်ဖြုတ်ရန် မလိုအပ်ချေ။
ရှောင်လန်၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏။
"အစ်မရှောင်ယွဲ့ ဘယ်မှာလဲ"
"သူမ အိပ်နေတယ်လေ"
ချန်ဖုန်းက ဖုန်းကို ပြန်ချလိုက်သည်။
သို့သော် သူ ဖုန်းချပြီးပြီးချင် တစ်ခုခု မှားယွင်းစွာ ပြောလိုက်မိပြီကို ရုတ်တရက်
သဘောပေါက်လိုက်မိသည်။
"ငါက ရှန်ကွမ်ယွဲ့ရဲ့ ဖုန်းကို ဖြေလိုက်တာလေ"
"ပြီးတော့ ရှန်ကွမ်ယွဲ့ အိပ်နေတယ်လို့ ပြောလိုက်တယ်"
"ဘုရားရေ"
"တခြားသူတွေက ဘယ်လိုထင်သွားမလဲ"
"စောက်ကြိုးနဲ…ပြေးဘီလေ"
ချန်ဖုန်းသည် ဆိုဖာပေါ်မှ ခုန်ထကာ အလျင်အမြန် ပြေးထွက်သွားတော့၏။
အပြင်ဘက်သို့ ပြေးထွက်လာချိန်တွင် မျက်နှာတစ်ထောင်မြေခွေး နှင့် တိုးမိသွားသည်။
"သခင်လေး ရှင် နောက်ဆုံးတော့ ပြီးသွားပြီပေါ့"
မျက်နှာတစ်ထောင်မြေခွေး က ပြုံးဖြီးဖြီးဖြင့် လျှောက်လာသော်လည်း သူမ ဘာမှမမေးရသေးမီမှာပင် ချန်ဖုန်းက ပြေးထွက်သွားခဲ့လေပြီ။
ထို့နောက် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ရှန်ကွမ်ယွဲ့အတွက် အဝတ်အစားတစ်စုံ ပြင်ဆင်ပြီး သူမရဲ့ အခန်းထဲမှာ သွားထားပေးလိုက်... အပြင်မှာ တစ်ယောက်စောင့်နေခဲ့ပြီး ကျန်တဲ့သူတွေ အကုန်လုံး ဒီကနေ ထွက်သွားကြ"
"သူမ မနိုးခင် ဒီကနေ ထွက်သွားမှရမယ်"
"အာ"
မျက်နှာတစ်ထောင်မြေခွေး မှာ ချက်ချင်း မှင်တက်သွားခဲ့သည်။
"ဘာဖြစ်တာလဲ"
......
အခြားတစ်ဖက်တွင်။
ရှောင်လန်မှာ ဖုန်းကိုကိုင်လျက် ကြောင်တောင်တောင်ဖြင့် ရပ်နေခဲ့၏။
"ငါ သေချာ ရှင်းပြမယ်နော်... ခုနက ငါ အစ်မရှောင်ယွဲ့ကို ဖုန်းဆက်လိုက်တာ ယောကျ်ားတစ်ယောက်က ဖုန်းဖြေတယ်"
"ချန်ဖုန်းရဲ့ အသံနဲ့ တူတယ်... ပြီးတော့ သူမ အိပ်နေတယ်လို့ ပြောတယ်"
"ချန်ဖုန်းက အစ်မရှောင်ယွဲ့နဲ့ အိပ်လိုက်တာလား"
ရှောင်လန် လုံးလုံးလျားလျား မှင်တက်သွားခဲ့သည်။
"ဒါက အစ်မရှောင်ယွဲ့လေ သူမက စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိ... ပြီးတော့ အရမ်းကို လှပတဲ့ မိန်းမတစ်ယောက်"
"သူမက ချန်ဖုန်းနဲ့ ငြိစွန်းသွားတာလား"
"ကောင်းပြီလေ ချန်ဖုန်းရဲ့ အမှတ်အသားကလည်း သာမန်မှ မဟုတ်တာ"
ထိုအချိန်၌ ချင်လဲ့ က လျှောက်လာပြီး မေးလိုက်၏။
"ရှောင်လန် ဘာတွေတိုးတိုးပြောနေတာလဲ ပြီးတော့... ရှောင်ယွဲ့ ဘာလို့ ပြန်မလာသေးတာလဲ... နင် သူမကို ဖုန်းမဆက်ဘူးလား... သူမ အခု ဘယ်မှာလဲ"
"အစ်မရှောင်ယွဲ့က သူမ..."
ရှောင်လန်က ဖုန်းကို သူမ၏ နောက်ကျောဘက်သို့ သတိထားပြီး ဝှက်လိုက်သည်။
သူမက ပြုံးလျက် ပြောဆိုလိုက်၏။
"အန်တီ စိတ်မပူပါနဲ့ အစ်မရှောင်ယွဲ့က မကြာခင် ပြန်လာပါလိမ့်မယ်... သူမက စစ်ဘက်ဆိုင်ရာဌာနရဲ့ အကြီးအကဲလေ... ကျိုတိုမှာ သူမ ဘာဖြစ်နိုင်မှာလဲ"
"အဲဒါလည်း ဟုတ်တာပဲ"
ချင်လဲ့ က သိပ်ပြီး အာရုံမထားတော့ချေ။
သူမက လက်ကာပြကာ ပြောလိုက်သည်။
"ရှောင်ယွဲ့ နောက်မှ ပြန်လာရင် ကျိုတိုမှာ ဘဏ္ဍာရေးအခြေအနေ အရမ်းကောင်းတဲ့ မိသားစုတချို့ ရှိတယ်ဆိုတာ ပြောပြလိုက်ပါဦး... ပြီးတော့ တစ်ဖက်လူကလည်း စစ်သားဟောင်းတွေပဲတဲ့"
"သူမ အချိန်ရရင် သွားတွေ့ကြည့်ဖို့ ကြိုးစားပါလို့"
"အန်တီရယ် ဟွာရှနိုင်ငံ တစ်ဝန်းလုံးမှာ အစ်မရှောင်ယွဲ့နဲ့ ထိုက်တန်တဲ့သူ ဘယ်သူရှိလို့လဲ"
ရှောင်လန်က နှုတ်ခမ်းဆူကာ ပြောဆိုလိုက်၏။
"တကယ်လို့ အစ်မရှောင်ယွဲ့က သူတို့နဲ့ လက်ထပ်ရမယ်ဆိုရင် မတရားဘူးလို့ မထင်ဘူးလား"
"အဲဒါက တစ်သက်လုံး အပျိုကြီး လုပ်နေရတာထက်တော့ ပိုကောင်းသေးတယ်လေ"
ချင်လဲ့ သည်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူမ၏ သမီးသည် အလွန် လှပပြီး အရည်အချင်းရှိပေ၏။
"ဒါပေမဲ့ ဒါတွေ အကုန်လုံးက ဘာအသုံးကျလို့လဲ"
"သမီးမိန်းကလေးဆိုတာက နောက်ဆုံးမှာ အိမ်ထောင်ပြုရမှာပဲလေ... တကယ်လို့ သူမက အိမ်ထောင်ဘက်တောင် ရှာမတွေ့နိုင်ဘူးဆိုရင် သမီးဖြစ်သူကို စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိ မဖြစ်စေချင်ဘူး"
ရှောင်လန်က ရယ်မောလိုက်၏။
"အန်တီ စိတ်မပူပါနဲ့... အစ်မရှောင်ယွဲ့မှာ သူမ သဘောကျတဲ့သူ ရှိနေလောက်ပြီ"
"တကယ်လား"
ချင်လဲ့ မှာ အလွန် ဝမ်းသာသွားခဲ့သည်။
ရှောင်လန်က တုံ့ဆိုင်းစွာဖြင့် ပြောဆိုလိုက်၏။
"အင်းလေ... ဟွာရှနိုင်ငံက ဒီလောက်ကြီးတာ အစ်မရှောင်ယွဲ့က သူမ သဘောကျတဲ့သူကို သေချာပေါက် ရှာတွေ့မှာပါ... အန်တီ သူမအတွက် စိတ်မပူပါနဲ့"
"အဲဒီလိုပဲ မျှော်လင့်ပါတယ်"
ချင်လဲ့ က ခေါင်းခါလျက် ထွက်သွားလေသည်။
ရှောင်လန်က အခန်းထဲတွင် အချိန်အတော်ကြာ စောင့်နေခဲ့၏။
နှစ်နာရီကြာ စောင့်ဆိုင်းပြီးနောက် ရှန်ကွမ်ယွဲ့ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။
ရှန်ကွမ်ယွဲ့သည် အဝတ်အစားအသစ် တစ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ယခင် အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်ပေ၏။
သူမက ပုံမှန် လမ်းလျှောက်ပုံစံကို ထိန်းသိမ်းထားရန် အစွမ်းကုန် ကြိုးစားနေသော်လည်း သေချာကြည့်လျှင် သင် မြင်တွေ့နိုင်ပေသည်။
သူမ၏ ခြေထောက်များက တုန်ရီနေခဲ့၏။
"မတတ်နိုင်ဘူးလေ"
"နှစ်နာရီကြာ တိုက်ခိုက်ပြီးနောက် လုံးဝ အားအင်ကုန်ခမ်းသွားခဲ့တယ်"
"အဲဒီနေရာကလည်း နာနေတယ်"
"အဲဒီ သောက်ရမ်းဆိုးတဲ့ ချန်ဖုန်းက လုံးဝ လူယုတ်မာပဲ"
ရှန်ကွမ်ယွဲ့က လက်သီးကို ဆုပ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမ၏ မျက်လုံးများတွင် ဖတ်၍မရသော အရာတစ်ခု အရိပ်အမြွက် ရှိနေခဲ့၏။
"ငါ ဒေါသထွက်သင့်လား ဒါမှမဟုတ်..."
ရှန်ကွမ်ယွဲ့ အိမ်ပြန်ရောက်သောအခါ
ရှောင်လန်က ဝမ်းသာအားရ ပြေးထွက်လာပြီး သူမ၏ ပတ်ပတ်လည်တွင် အကြိမ်ကြိမ် လှည့်ပတ်နေခဲ့သည်။
သူမသည် ထူးဆန်းပြီး မူမမှန်သောအရာ တစ်ခုခုကို ကြည့်နေကြသကဲ့သို့ပင်။
"ရှောင်လန်... နင် ဘာလုပ်နေတာလဲ"
ရှန်ကွမ်ယွဲ့၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။
ရှောင်လန်က သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အစ်မရှောင်ယွဲ့... အစ်မက ပိုပြီး လှလာသလိုပဲ... ချန်ဖုန်းက အစ်မရဲ့ နှလုံးသားကို ခိုးယူသွားပြီလား"
"......"
ရှန်ကွမ်ယွဲ့ လုံးလုံးလျားလျား မှင်တက်သွားခဲ့သည်။
‘ရှောင်လန်တောင် ဘယ်လိုလုပ် သိသွားတာလဲ
အား… ငါတော့ ရူးတော့မှာပဲ’
ရှောင်လန်က ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်၏။
"ခုနက ညီမ ဖုန်းဆက်လိုက်တော့ ချန်ဖုန်းက ဖုန်းကိုင်တယ်လေ..သူက အစ်မ အိပ်နေတယ်လို့ ပြောတယ်... အစ်မရှောင်ယွဲ့ အစ်မက တကယ်ကို မိုက်တာပဲ"
"အစ်မက ချန်ဖုန်းနဲ့ တကယ်ကြီး ခိုးတွဲနေတာပဲ ဟွန့် ကျွန်မတောင် မသိလိုက်ဘူး"
"ချန်ဖုန်း ဟုတ်လား"
ရှန်ကွမ်ယွဲ့မှာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
‘ချန်ဖုန်း နင်က အဲဒီလို လွယ်လွယ်လေး ပြောလိုက်တယ်ပေါ့လေ’
‘ဘယ်သူမှ မသိမှာစိုးလို့ နေရာတကာမှာ လျှောက်ကြွားနေတာများလား’ သူမမှာ တွေးရင်း ဒေါသထွက်လာတော့သည်။
"အစ်မရှောင်ယွဲ့... ချန်ဖုန်းကို အပြစ်မတင်ပါနဲ့... သူက ဘာမှ မပြောပါဘူး ညီမ ဘာသာ ခန့်မှန်းလိုက်တာပါ"
ရှောင်လန်က သူမ၏ လက်မောင်းကို ဆွဲကာ ရယ်မောရင်း ပြောလိုက်၏။
"ချန်ဖုန်း တစ်ယောက်ပဲ အစ်မနဲ့ ထိုက်တန်တယ်လို့ ထင်တယ်... တခြား ဘယ်သူကမှ အစ်မရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်ဘူး"
"အစ်မက စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိဖြစ်ပြီး ချန်ဖုန်းက အဇူရာနန်းတော်ရဲ့ သခင်လေးလေ"
"အစ်မတို့ နှစ်ယောက်လုံးက အဆင့်အတန်းရော ခွန်အားမှာပါ တူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေကြတယ်"
"သူနဲ့ဆိုရင် အစ်မ ပျော်ရွှင်ရလိမ့်မယ်လို့ ယုံကြည်တယ်"
"ငါတို့ တကယ်ပဲ ပျော်ရွှင်နိုင်ပါ့မလား"
ရှန်ကွမ်ယွဲ့၏ မျက်နှာအမူအရာမှာ အလွန် ရှုပ်ထွေးနေခဲ့သည်။
ချန်ဖုန်းကို သူမ မည်သို့ ရင်ဆိုင်ရမည်နည်းဆိုတာကို မသိခဲ့ချေ။ ကျေးဇူးတင်မှု၊ မုန်းတီးမှုနှင့် သူ့အပေါ် မှုန်ဝါးဝါး ခံစားချက်များ ရှိနေခဲ့၏။
အခန်းထဲသို့ ပြန်ရောက်သောအခါ။
ရှန်ကွမ်ယွဲ့က သူမ၏ အဝတ်အစားများကို မတင်လိုက်ပြီး သူမကိုယ်ပေါ်ရှိ အမာရွတ်များကို ကြည့်လိုက်သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ အမာရွတ်က သိသိသာသာ မှေးမှိန်သွားသည်ကို သတိပြုမိလိုက်ခြင်းကြောင့် သူမကို အံ့အားသင့်သွားစေခဲ့၏။
"ဆေးရည် လိမ်းပြီးကတည်းကဆို ခြောက်နာရီတောင် မပြည့်သေးဘူးထင်တယ်"
"ဒီအာနိသင်က တကယ်ကို အံ့သြစရာကောင်းတာပဲ"
"ဒီအာနိသင်ကို အခြေခံပြီး ကြည့်မယ်ဆိုရင် အမာရွတ်တွေက နှစ်လတောင်မကြာဘဲ လုံးဝ ပျောက်ကင်းသွားမှာ သေချာတယ်"
"သူက တကယ်ပဲ ငါ့ကို မလိမ်ခဲ့တာများလား"
ရှန်ကွမ်ယွဲ့၏ မျက်နှာအမူအရာမှာ ပိုမို ထူးဆန်းလာခဲ့ပြီး ချန်ဖုန်းအပေါ် သူမ ခံစားရသော မုန်းတီးမှုများက အနည်းငယ် မှေးမှိန်သွားပုံရပေ၏။
"ဖြစ်နိုင်တာက"
"ငါ တစ်ခုခုကို တကယ် နားလည်မှု လွဲသွားတာများလား"