← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း (၂၁၈) အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ပေါ်ပေါက်လာခြင်း

‘ဟူးး…ထာလိုက်ပါတော’

ချန်ဖုန်းက ယခုအချိန်တွင် ထိုအရာအားလုံးကို တွေးတောနေရန် ပျင်းရိနေခဲ့ပြီ ဖြစ်၏။

‘ငါက အဲဒီလောက်တောင် ကံကောင်းလိမ့်မယ်လို့ မထင်ပါဘူး ချက်ချင်းကြီး ကိုယ်ဝန်ရသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး’ ဟု တွေးရင်း ဖြေသိမ့်လိုက်၏။

ထိုအချိန်၌ ကျန်းထျန်ရှန်း လျှောက်လာပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"ရှောင်ချန် မင်း အရင်က စုံစမ်းခိုင်းထားတဲ့ ကိစ္စက အခု တိုးတက်မှု နည်းနည်း ရှိနေပြီ…”

"သတင်းရပြီလား"

ချန်ဖုန်း၏ နှလုံးသား လှုပ်ရှားသွားခဲ့၏။

သူသည် သူ၏ နောက်ခံသမိုင်းကြောင်းနှင့် ပတ်သက်၍ အလွန် စိတ်ဝင်စားနေဆဲပင် ဖြစ်သည်။ သူ၏ မိဘအရင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့ မည်သို့ပုံစံရှိကြောင်းကို သူ တကယ် သိချင်နေခဲ့၏။

ကျန်းထျန်ရှန်းက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။

"စိတ်မပူပါနဲ့ ဘာပဲဖြစ်ဖြစ် အချိန်တွေ အရမ်းကြာသွားပြီဆိုတော့ ဇာတ်လမ်းတစ်ခုလုံးကို သိရဖို့က လွယ်မှာမဟုတ်ဘူး"

"အဲဒီအချိန်က မှတ်တမ်းတွေအရဆိုရင် မင်းရဲ့ လက်ရှိမိဘတွေက မင်းကို လွန်ခဲ့တဲ့ ၂၂ နှစ်က ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာ တွေ့ခဲ့တာပဲ"

"အဲဒီအချိန်တုန်းက ဗျူရိုမှာ မှတ်တမ်းတင်ထားခဲ့ပြီး ဒီသဲလွန်စတွေကို ခြေရာခံလို့ရတယ်"

"တခြားသဲလွန်စတွေ လုံးဝ မရှိခဲ့ဘူး နောက်ပီးတော့…”

ကျန်းထျန်ရှန်းက ရေတစ်ငုံသောက်ပြီး ဆက်ပြောလိုက်၏။

"သတင်းရင်းမြစ် အသီးသီးကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာ နောက်ဆုံးတော့ သဲလွန်စတချို့ ရခဲ့တယ်... မင်းရဲ့ရွာနဲ့ ပတ်ဝန်းကျင်က သက်ကြီးရွယ်အို တချို့ကို မေးကြည့်မှပဲ ငါ သိလိုက်ရတာ"

"အဲဒီတုန်းက မိန်းမတစ်ယောက်က မင်းကို ရေထဲကနေ သယ်လာခဲ့တာတဲ့"

ထို့နောက် သူက ဓာတ်ပုံတစ်ပုံကို ထုတ်ယူကာ ကမ်းပေးရင်း ပြောဆိုလိုက်၏။

"ဒီလူပဲ"

ဓာတ်ပုံထဲမှ အမျိုးသမီးမှာ အသက် နှစ်ဆယ်ကျော် အရွယ်ခန့်ရှိပြီး သာမန်ရုပ်ရည်မျိုး ရှိပေသည်။

"သူတို့က လမ်းမပေါ်မှာ နေရာတကာ တွေ့နိုင်တဲ့ လူမျိုးတွေလိုပဲ ထူးခြားတဲ့ လက္ခဏာ ဘာတစ်ခုမှ မရှိဘူး"

သူမ၏ အသွင်အပြင်မှာလည်း အတော်လေး သာမန်ပင်။

"သူမက ရုပ်ဆိုးတာလည်း မဟုတ်ဘူး လှတာလည်း မဟုတ်ဘူး"

ချန်ဖုန်းမှာ သံသယများဖြင့် ပြည့်နှက်နေခဲ့၏။

"ဒီလူက ကျွန်တော့်ရဲ့ မိခင်အရင်း ဖြစ်နိုင်မလား"

"မသေချာဘူး"

ကျန်းထျန်ရှန်းက ခေါင်းခါလိုက်သည်။

"ငါတို့ ဒီအမျိုးသမီးကို စုံစမ်းစစ်ဆေးခဲ့တယ် ပြီးတော့ ဘစ်စ်ဒေတာ (big data) မျက်နှာ အသိအမှတ်ပြုစနစ်ကို သုံးပေမဲ့ သူမကို လုံးဝ ရှာမတွေ့နိုင်ဘူး"

"သူမက လေထဲကနေ ပေါ်လာသလိုပဲ သူမရဲ့ ကိုယ်ရေးအချက်အလက်၊ နာမည်နဲ့ တခြားသက်ဆိုင်တဲ့ အချက်အလက်တွေကို လုံးဝ ရှာမရဘူး"

"ခင်ဗျားတို့ရဲ့ စစ်ဘက်ဆိုင်ရာဌာန မှာတောင် ရှာမရဘူးလား"

ချန်ဖုန်း အံ့အားသင့်သွားခဲ့၏။

စစ်ဘက်ဆိုင်ရာဌာနသည် ဟွာရှနိုင်ငံတွင် ကြီးမားသော အာဏာကို ကိုင်စွဲထားပြီး ထိပ်တန်းအရည်အချင်းရှိသူ အများအပြားကို ပိုင်ဆိုင်ထားပေသည်။

"တကယ်လို့ သူတို့တောင် ရှာမတွေ့နိုင်ဘူးဆိုရင် ကိစ္စတွေက သိပ်ပြီး ရိုးရှင်းမှာ မဟုတ်ဘူး"

"ရှာမတွေ့ဘူး"

ကျန်းထျန်ရှန်းက ခေါင်းခါလျက် ပြောဆိုလိုက်၏။

"ဒါပေမဲ့ ငါတို့ လက်လျှော့မှာ မဟုတ်ပါဘူး... စိတ်မပူပါနဲ့ ငါ့ကို အချိန်နည်းနည်း ထပ်ပေးသရွေ့ သဲလွန်စတချို့ ရှာတွေ့နိုင်မှာပါ"

"ကျေးဇူးတင်ပါတယ်"

ချန်ဖုန်း၏ ခံစားချက်များမှာ အလွန် ရှုပ်ထွေးနေခဲ့သည်။

သူ၏ ကိုယ်ပိုင် နောက်ခံသမိုင်းကြောင်းက အဲဒီလောက် ရိုးရှင်းမှာ မဟုတ်လောက်ဘူး ထိုသို့မဟုတ်ပါက သူ မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့နိုင်ဘဲ နေမည် မဟုတ်ချေ။

ချန်ဖုန်း ခန စဉ်းစားလိုက်၏။ ထို့နောက်

ဓာတ်ပုံကို အဇူရာနန်းတော်မှ လူများထံ ပို့ပေးလိုက်ပြီး အမိန့်တစ်ခု ပေးလိုက်သည်။

"အားလုံး လုပ်နေတာတွေကို ရပ်ပြီး ဒီအမျိုးသမီးကို အခုချက်ချင်း ရှာကြ... သူမ အသက်ရှင်လျက်ဖြစ်ဖြစ် သေလျက်ဖြစ်ဖြစ် ငါတို့ တွေ့ဖို့ လိုတယ်"

အချိန်တိုလေးအတွင်းမှာပင်။

အဇူရာနန်းတော် တစ်ခုလုံး လှုပ်ရှားလာခဲ့ကြ၏။

၎င်းတို့သည် ရရှိနိုင်သော ကွန်ရက် အခြေခံအဆောက်အအုံ အားလုံးကို အလျင်အမြန် စုစည်းလိုက်ကြသည်။

အဇူရာနန်းတော်တွင် ထိပ်တန်းဟက်ကာများဖြစ်ကြသော ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များချည်းသာ ပါဝင်သည့် သီးသန့် ကွန်ရက်အဖွဲ့တစ်ခု ရှိပေ၏။

တစ်ချိန်တည်းမှာပဲ။

နိုင်ငံများစွာရှိ ကွန်ရက် အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရပြီး အများပြည်သူသုံး ကင်မရာများသို့ ဝင်ရောက်ခွင့်ကို သိမ်းယူခဲ့ကာ ဒေသခံများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များလည်း ခိုးယူခံခဲ့ရသည်။

ဤမျှ ကျယ်ပြန့်သော အချက်အလက် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ထိုအမျိုးသမီးနှင့် ပတ်သက်သည့် မည်သည့် အချက်အလက်ကိုမျှ ရှာမတွေ့ခဲ့ချေ။

ထိုအချိန်၌ မျက်နှာတစ်ထောင်မြေခွေး က ရုတ်တရက် ဖုန်းခေါ်လာခဲ့၏။

"သခင်လေး ဒီအမျိုးသမီးက သူမရဲ့ အမှတ်အသား အစစ်အမှန်ကို သုံးနေတာ မဟုတ်ဘူး"

"ဘာအဓိပ္ပာယ်လဲ"

ချန်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

မျက်နှာတစ်ထောင်မြေခွေး က ဆက်ပြောလိုက်၏။

"သခင်လေး...ငါ့မှာ 'မျက်နှာတစ်ထောင်၊ လူတစ်ထောင်' ဆိုတဲ့ နာမည်ပြောင်တစ်ခု ရှိတယ် အဲဒါကို 'ရုပ်ဖျက်စွမ်းရည်' လို့လည်း ခေါ်ကြတယ်... ဒီအမျိုးသမီးက ရုပ်ဖျက်စွမ်းရည် ကို သုံးခဲ့တာ သေချာတယ်"

( /မျက်နှာတစ်ထောင်မြေခွေး `ခေါ် ´ ဆရာမကု က ချန်းဖုန်းနဲ့ ရင်းနှီးတာမို့ ချန်ဖုန်းကို သခင်လေးလို့ ခေါ်ပေမယ့် နင်/ငါ နဲ့ပဲ ပြောပါတယ်)

"ဒီ ရုပ်ဖျက်စွမ်းရည် က အတော်လေး ရှုပ်ထွေးတယ်... လူအများစုက ခြားနားချက်ကို ခွဲခြားသိနိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ငါ့ကိုတော့ လှည့်စားလို့ မရဘူးလေ"

"ရုပ်ဖျက်စွမ်းရည်"

ချန်ဖုန်း၏ နှလုံးသားမှာ နောက်တစ်ကြိမ် လေးလံသွားပြန်၏။

သူတို့ နောက်ဆုံးမှ ရှာတွေ့ခဲ့သော သဲလွန်စများက မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေပြီ။

"သူမရဲ့ အသွင်အပြင်ကတောင် အတုအယောင် ဖြစ်နေတာကို အခု ဘယ်လိုလုပ် ရှာလို့ရနိုင်မှာလဲ"

မျက်နှာတစ်ထောင်မြေခွေး က ခေါင်းညိတ်လိုက်သည်။

"သခင်လေး စိတ်မပူပါနဲ့... ဒီကမ္ဘာပေါ်မှာ ရုပ်ဖျက်စွမ်းရည် ကို သိတဲ့သူ သိပ်မရှိပါဘူး...ငါ့ကို အချိန်နည်းနည်းပေးပါ သူမကို ရှာတွေ့နိုင်မှာပါ"

"တကယ်လား"

ချန်ဖုန်းက တည်ကြည်စွာ ပြောဆိုလိုက်၏။

"မင်း တစ်ဖက်လူကို ရှာတွေ့နိုင်သရွေ့ ဘယ်လို တောင်းဆိုမှုမျိုးကိုမဆို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်"

"အင်း"

မျက်နှာတစ်ထောင်မြေခွေး က ပြုံးလိုက်သည်။

"အများဆုံး တစ်လ ဒါမှမဟုတ် အနည်းဆုံး လဝက်အတွင်း သတင်းရလိမ့်မယ် သခင်လေး... ငါ့ရဲ့ သတင်းကောင်းကိုသာ စောင့်နေလိုက်ပါ... ရုပ်ဖျက်စွမ်းရည် ကို သိတဲ့သူက သာမန်လူတော့ သေချာပေါက် မဟုတ်ဘူး"

"ဒီလိုလူမျိုးတွေကို ရှာရတာ အတော်လေး လွယ်ကူပါတယ်"

ထိုသို့ ပြောဆိုပြီးနောက် မျက်နှာတစ်ထောင်မြေခွေး က ဖုန်းချသွားလေ၏။

ချန်ဖုန်းလည်း သက်ပြင်းချလိုက်နိုင်ပေသည်။

ဆရာမကု တွင်လည်း ရုပ်ဖျက်စွမ်းရည် ရှိကြောင်းကို သူ တကယ် မသိခဲ့ချေ။

"သူမရဲ့ လက်ရှိ အမူအကျင့်ကရော အတုအယောင်များ ဖြစ်နေမလားလို့ ငါ သိချင်နေမိတယ်"

"အင်း ဒါကို အတည်ပြုဖို့ အချိန်နည်းနည်း ရှာရမယ်"

စစ်ဘက်ဆိုင်ရာဌာနသို့ ခဏတာ သွားရောက်လည်ပတ်ပြီးနောက် ချန်ဖုန်းသည် ပရော်ဖက်ဆာချင်နှင့် အခြားသူများနှင့် တွေ့ဆုံခဲ့၏။

အရင်တစ်ခေါက်က အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ က ထုတ်ကုန် မျိုးဆက်တစ်ခုကိုသာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

"အခု အချိန်ရပြီဆိုတော့ နောက်ဆုံးထုတ်ကုန်ကို လုပ်ကြတာပေါ့"

"ဘာ... မင်းက အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ကို လုပ်ချင်တာလား"

ချန်ဖုန်း၏ အကြံအစည်ကို ကြားသောအခါ ပရော်ဖက်ဆာချင်နှင့် အခြားသူများမှာ အံ့အားသင့်စွာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပေ၏။

သူတို့၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။

ပထမမျိုးဆက် ထုတ်ကုန်ကို လွန်ခဲ့တဲ့ သုံးလတောင် မပြည့်သေးခင်ကမှ တီထွင်ခဲ့တာ မဟုတ်ဘူးလား။

ဒီကာလအတွင်းမှာ

ပရော်ဖက်ဆာချင်နှင့် သူ၏အဖွဲ့သည် ပထမမျိုးဆက် ထုတ်ကုန်ကို ထုတ်လုပ်ရာတွင် ၎င်းတို့၏ စွမ်းရည်များကို အဆက်မပြတ် သွေးနှောနေခဲ့ကြပြီး မူလက နောက်လတွင် ဒုတိယမျိုးဆက် ထုတ်ကုန်ကို စတင်သုတေသနပြုလုပ်ရန် စီစဉ်ထားခဲ့ကြ၏။

"ဒါပေမဲ့ ချန်ဖုန်းကရော ဘယ်လိုလုပ်မလဲ"

"အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ တစ်ခုလုံးကို လုပ်မယ်တဲ့"

"ဒါကတော့ ယှဉ်လို့မရဘူး"

ပရော်ဖက်ဆာချင်နှင့် အခြားသူများသည် ချန်ဖုန်း၏ စွမ်းရည်များကို အလွန် အထင်ကြီးလေးစားသွားကြပြီး စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှု အနည်းငယ်ကိုပါ ခံစားလိုက်ကြရပေ၏။

"သူ့ကို ကြည့်ပါဦး သူက အသက် ၂၂ နှစ်အရွယ်လေးနဲ့ ဒီလောက် အားကောင်းတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်တွေ ရှိနေတာ”

"တကယ်ပဲ မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ကျော်လွန်သွားပြီး မျိုးဆက်ဟောင်းတွေကတော့ ကမ်းခြေမှာ သေဖို့ ကျန်ရစ်ခဲ့တာပဲ"

ချန်ဖုန်းက ပြောလိုက်သည်။ "ဒီတစ်ခါတော့ ကုန်ကြမ်းတစ်ခုအနေနဲ့ မိုးပျံကျောက်တွေ လိုအပ်လိမ့်မယ်... စစ်ဘက်ဆိုင်ရာဌာန မှာ နည်းနည်းလောက် ရှိသင့်တယ် မဟုတ်လား"

"ရှိတယ် ရှိတယ်"

ပရော်ဖက်ဆာချင်က သူ၏လူများကို တစ်ဖက်လူ အလိုရှိသော ပစ္စည်းများ စုဆောင်းရန် အလျင်အမြန် အမိန့်ပေးလိုက်၏။

နာရီဝက် ကြာပြီးနောက်။

"စကြတာပေါ့"

အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်သည် အတော်လေး ရှုပ်ထွေးပေသည်။

ဘာပဲဖြစ်ဖြစ် ၎င်းသည် လက်ရှိ နည်းပညာကို ကျော်လွန်နေသော ထုတ်ကုန်တစ်ခုဖြစ်ပြီး လက်ရှိ ကိရိယာများသည် ၎င်းကို အသုံးပြုရန် လိုအပ်ချက်များကို မမီသေးချေ။

"အနည်းငယ်မျှသော အားထုတ်မှုနဲ့ပဲ သုံးလို့ရနိုင်တယ်"

"တစ်ခုပြီးတစ်ခု ကျရှုံးမှုတွေပြီးတဲ့နောက်မှာ"

"နောက်ဆုံးတော့ ဒသမမြောက် အကြိမ်ကြိုးစားမှုမှာ အောင်မြင်သွားခဲ့ပြီ"

"ဒါက..."

ပရော်ဖက်ဆာချင်နှင့် အခြားသူများမှာ အလွန်အမင်း တုန်လှုပ်သွားကြ၏။

၎င်းတို့သည် ယခုလေးတင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တစ်ခုလုံးကို စောင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန် ရှုပ်ထွေးလှပြီး အသေးအဖွဲ အမှားလေးတစ်ခုကပင် အရာအားလုံးကို ပျက်စီးသွားစေနိုင်ပေ၏။

"သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တစ်ခုလုံးကို သူတို့ သိရင်တောင် သူတို့ဘာသာ လုပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်"

စမ်းသပ်စင်ပေါ်ရှိ ငွေရောင် အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ကို ကြည့်ရင်း

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။

"ဒီ အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ရဲ့ အံ့သြစရာကောင်းတဲ့အချက်က သေနတ်ပစ်ခတ်မှုတွေကို ခံနိုင်ရည်ရှိရုံသာမကဘဲ လှိုင်းရိုက်ခတ်မှု အင်အားတချို့ကိုလည်း လျှော့ချပေးနိုင်တာပဲ"

"ဥပမာ ပုံမှန်အခြေအနေအောက်မှာ မင်းက ကျည်ကာအင်္ကျီ ဝတ်ထားပြီး ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်က မင်းကို ထိုးလိုက်ရင် ဘာဖြစ်မလဲ"

"ကျည်ကာအင်္ကျီကို မဖောက်ထွင်းနိုင်ရင်တောင်မှ ဒါပေမဲ့ အဲဒီလောက် ကြီးမားတဲ့ အင်အားက မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တယ် ဒါမှမဟုတ် ကြေမွသွားစေနိုင်တယ်"

"တကယ်လို့ ငါက အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ကို ဝတ်ထားရင် အဲဒီစွမ်းအားကို အများဆုံးအထိ ဖယ်ရှားပစ်နိုင်တယ်"

"အဲဒါ မိုက်တယ်နော်"

ဘေးတွင် ရပ်နေသော ဟွမ်ဇီ မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။

"တကယ်လို့ ငါက အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ကို ဝတ်ပြီး ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ နဲ့ တိုက်ခိုက်ရင် သူတို့က ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး မဟုတ်လား"

"အကြမ်းဖျင်းတော့ အဲဒီလိုပဲ"

ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ရဲ့ စွမ်းအားကို အနည်းဆုံး ထက်ဝက်လောက် လျှော့ချနိုင်ပြီး ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ရဲ့ စွမ်းအားကိုလည်း တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်တယ်"

"ဘယ်လောက်အထိ ဖယ်ရှားနိုင်မလဲ ဆိုတာကိုတော့ စမ်းသပ်ပြီးမှပဲ စောင့်ကြည့်ရမှာပေါ့"

All Chapters