အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အပိုင်း ၄၁
ချန်ကောဟွားတို့ ဇနီးမောင်နှံက အိမ်ထဲသို့ ဝင်သွားပြီးနောက် ထိုကိစ္စရပ်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်းကို ရီကျုံးဟိုင်လည်း နားလည်သဘောပေါက်သွားသည်။အနည်းဆုံးတော့ ခြံဝင်း၏ ဂုဏ်သတင်းကို ကာကွယ်နိုင်ခဲ့ပြီး မျက်နှာပန်းလည်း လှသွားခဲ့ပြီဖြစ်သည်။ထို့ကြောင့် လူအားလုံးကို လူစုခွဲရန် သူက ပြောလိုက်သည်။
လူအုပ်ထဲတွင် အချိန်ပြည့် ရှိနေခဲ့သော ဟယ်ယွီရွှိန်ကမူ ဟယ်ယွီကျူးကို တိတ်ဆိတ်စွာပင် အမြဲ စိုက်ကြည့်နေသည်။
ဟယ်ယွီကျူး အိမ်သို့ ပြန်ရောက်လာသောအခါ သူမကလည်း ဟယ်ယွီကျူး၏ ကျောနောက်မှ လိုက်ပါလာသည်။ထို့နောက် အလွန်အေးတိအေးစက်နိုင်လှသော အသံဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။
"အစ်ကို ဘာလို့ ဒီလိုလုပ်ရတာလဲ"
သူမ ပြောပြီးသွားသောအခါ ဟယ်ယွီကျူးက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။တစ်ဖက်လူပြောသော စကား၏ အဓိပ္ပာယ်မှာ မည်သို့ဖြစ်ကြောင်း သူ မသိသည်မှာ ထင်ရှားလှသည်။သို့သော် ဟယ်ယွီရွှိန်က မတုံးအပေ။
ချန်ကောဟွား ပြောခဲ့သော စကားများမှတစ်ဆင့် သူမ၏ အစ်ကိုဖြစ်သူမှာ ပန့်ကန့်အတွက် အပြစ်ကို အစားခံပေးခဲ့ခြင်း ဖြစ်ကြောင်း သူမ သိရှိနိုင်သည်။ ဤသို့ ကျားမိသားစုကို ကူညီပေးသည့် ကိစ္စမျိုးကို ဟယ်ယွီကျူး မလုပ်ဖူးသည်တော့ မဟုတ်ပေ။
သို့ရာတွင် ဤတစ်ကြိမ်မှာမူ အမှန်တကယ်ပင် အလွန်တရာ လွန်ေနသည်။ယခုဖြစ်ရပ်က သူ၏ဂုဏ်သိက္ခာကို နင်းချေခံလိုက်ရေစသည်။
ယွမ်ရှစ်ရာလည်း ဆုံးရှုံးသွားခဲ့ရသည်။မျက်နှာမှာလည်း သူများအရိုက်ခံရ၍ ရောင်ကိုင်းနေခဲ့ပြီဖြစ်သည်။
ချန်ကောဟွားသာ အဖက်မလုပ်ဘဲ နေခဲ့ခြင်း မရှိပါက နောက်ဆုံးတွင် ဟယ်ယွီကျူး ထောင်ကျသွားနိုင်ေသးသည်။အကယ်၍သာ ထောင်ကျသွားခဲ့လျှင် ထိုအလုပ်မှာလည်း လုံးဝ ပြုတ်သွားမည်ဖြစ်သည်။
ဤမျှ ကြီးမားလှသော ပေးဆပ်မှုကြီးကြောင့် သူဟာ ကျားမိသားစုအတွက် ခွေးတစ်ကောင်လို အစေခံပေးသည်ဟု ပြောလျှင်ပင် လွန်မည်မထင်ပေ။ထို့ကြောင့် ဟယ်ယွီကျူးမှာ သူမအတွက် အလွန်တရာ နားလည်ရခက်နေသည်။သူ ဤသို့လုပ်ရခြင်းမှာ အတိအကျ မည်သည့်အရာကို ရည်ရွယ်ေနေကြာင်း အလွန် မေးမြန်းချင်နေသည်။
"ဘာကို ဘာလို့လဲ လို့ဆိုလိုတာလဲ"
ညီမဖြစ်သူ၏ စကားကို ကြားပြီးနောက် တစ်ဖက်လူ ဆိုလိုရင်းကို ဟယ်ယွီကျူးက သဘာဝကျကျပင် သိလိုက်သည်။သို့သော် သေမတတ် မျက်နှာလိုချင်သော ယောက်ျားတစ်ယောက်အနေဖြင့် နားမလည်ချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။
"မင်းကိစ္စ မင်း ဂရုမစိုက်ဘဲ အလုပ်မရှိ အလုပ်ရှာ ငါ့ကို ဘာလာပတ်သက်နေတာလဲ"
ဟယ်ယွီရွှိန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။သူ့ကို ဂရုစိုက်နေသည်မှာ သိသာလှသော်လည်း သူကမူ ကျေးဇူးမတင်သည့် ပုံစံမျိုး လုပ်နေသေးသည်။
ဤကဲ့သို့သော သဘောထားမျိုးဆိုလျှင် မောင်နှမအရင်း ဖြစ်နေပါစေ စိတ်ပျက်ဝမ်းနည်းရမည်သာ ဖြစ်သည်။ထို့ကြောင့် သူမကလည်း အေးတိအေးစက်ဖြင့် အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ဤအစ်ကိုဖြစ်သူအပေါ်တွင်လည်း လုံးဝ စိတ်ကုန်သွားခဲ့ပြီဖြစ်သည်။
ဟယ်ယွီရွှိန်၏ အထီးကျန်ဆန်သော ကျောပြင်ကို ကြည့်ရင်း မိမိအနေဖြင့် ဟယ်မိသားစုကို အရှက်ခွဲမိပြီဖြစ်ကြောင်း ဟယ်ယွီကျူး သိလိုက်သည်။
ယခုဆိုလျှင် ညီမဖြစ်သူကပင် သူ့ကို အထင်သေးနေပြီဖြစ်သည်။သို့သော် အထင်သေးချင်လည်း သေးပါစေဟုသာ တွေးလိုက်သည်။မည်သို့ပင်ဖြစ်စေ ဆက်ဆံရေးကလည်း သာမန်မျှသာ ဖြစ်သည်။
ချင်ဟွိုင်ယွီ ကျေနပ်နေလျှင် ရပြီဖြစ်သည်။ထိုသို့တွေးမိပြီးနောက် ဟယ်ယွီကျူးက ပေါ့ပါးလွတ်လပ်စွာ ပြုံးလိုက်သည်။
သို့ရာတွင် ဟယ်ယွီကျူး ပေါ့ပေါ့ပါးပါး ဖြစ်နေချိန်၌ သူ မသိသည်မှာ ညီမဖြစ်သူက သူ့အပေါ် လုံးဝ စိတ်ကုန်သွားကြောင်းဖြစ်သည်။
ယခင်က ဟယ်ယွီကျူးမှ ချင်ဟွိုင်ယွီအတွက် ထမင်းသယ်ပေးခြင်းကဲ့သို့သော ကိစ္စများကို သူမ မြင်တွေ့ခဲ့လျှင်လည်း ဘာမှ သိပ်မပြောခဲ့ပေ၊ မည်သို့ပင်ဆိုစေ ကျားမိသားစုမှာ အမှန်တကယ်ပင် သနားစရာကောင်းလှပေရာ ကူညီပေးနိုင်လျှင်လည်း ကူညီပေးလိုက်ပါစေ၊ အားလုံးက အိမ်နီးချင်းများသာ ဖြစ်သည်ဟု နားလည်ပေးထားသည်။
သို့သော် ယခုတော့ မိမိ၏ အစ်ကိုဖြစ်သူက ချင်ဟွိုင်ယွီအတွက် တစ်ဖက်လူ ပျော်ရွှင်စေရန်အလို့ငှာ ဒူးထောက်ပြီး ခွေးဟောင်သံပင် လုပ်ပေးမတတ် ဖြစ်လာသည်။
ထောင်ကျနိုင်သည့် အန္တရာယ်ကိုပင် သူက ကျားမိသားစုအတွက် တာဝန်ယူပေးလိုနေပေရာ နောင်တစ်ချိန်တွင် မည်သည့်ကိစ္စမျိုးကို မလုပ်ဘဲ နေပါတော့မည်နည်း။
တစ်နေ့နေ့တွင် ချင်ဟွိုင်ယွီက မိမိကို ကြည့်မရဖြစ်လာကာ ဟယ်ယွီကျူးကို မိမိအား နှင်ထုတ်ခိုင်းလာမည်ဆိုလျှင်ပင် မပြောနိုင်ပေ။
ဟယ်ယွီရွှိန်ကမူ သူမ၏ အစ်ကိုဆိုသူမှာလည်း ဤသို့ လုပ်ရက်မည်ဟု ယုံကြည်နေသည်။ထို့ကြောင့် ဟယ်ယွီရွှိန်မှာ ဟယ်ယွီကျူးအပေါ် လုံးဝကို စိတ်ကုန်သွားခဲ့ပြီဖြစ်သည်။
ဤသို့ဖြင့်လောကတွင် မူလကတည်းက ဟယ်ယွီကျူးအပေါ် ကောင်းမွန်သူများထဲမှ နောက်ထပ် တစ်ယောက်ကို သူက ထပ်မံ ဖျက်ဆီးပစ်လိုက်ပြန်လေပြီ။
......
နောက်တစ်နေ့ အရုဏ်တက်ချိန်
မိုးလင်းစအချိန်၌ ချင်ဟွိုင်ယွီမှာ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် ပန့်ကန့်ကို ကျောပိုးကာ ဆေးရုံမှ ကျားမိသားစုအိမ်သို့ တစ်ယောက်တည်း ပြန်လာသည်။
မနေ့ညက အစည်းအဝေး ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူမက ဆေးရုံသို့ ပြန်သွားကာ ပန့်ကန့်ကို သွားကြည့်ခဲ့သည်။
ဒဏ်ရာမှာ နက်သော်လည်း ကံကောင်းထောက်မစွာဖြင့် ပိုးမဝင်ခဲ့ကြောင်း၊ ခွဲစိတ်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ အေးအေးဆေးဆေး အနားယူလိုက်လျှင် ဘာမှမဖြစ်တော့ကြောင်းကို ဆရာဝန်ထံမှတစ်ဆင့် သိရှိခဲ့ရသည်။ထို့ကြောင့် ဆေးရုံစရိတ် သက်သာစေရန်အလို့ငှာ သူမက ပန့်ကန့်ကို ကျောပိုးကာ အိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
မည်သည့်အတွက်ကြောင့် ကျားကျန်းရှီ မလာခဲ့သနည်း။အဘယ်ကြောင့်ဆိုသော် မနေ့ညက ထိုအဘွားအိုမှာ ဟယ်ယွီကျူး၏ အိမ်တွင် ပိုက်ဆံရရန် ရစ်နေခဲ့သောကြောင့်ဖြစ်သည်။
ပန့်ကန့်ကို သွားကြည့်သည့် ကိစ္စအတွက် ချင်ဟွိုင်ယွီကိုသာ သွားခိုင်းသည်။
ချင်ဟွိုင်ယွီတစ်ယောက် ပန့်ကန့်ကို ကျောပိုးကာ ဆေးရုံမှနေ၍ အိမ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာရပြီးနောက် တံခါးဝမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ချင်ဟွိုင်ယွီက မတ်တတ်ထကာ တံခါးဖွင့်လိုက်ရာ ဟယ်ယွီကျူးက သူမကို လာရှာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူနှင့်အတူ အပြင်သို့ ထွက်သွားသည်။
ခြံဝင်းအတွင်းရှိ လူသူကင်းမဲ့သော နေရာသို့ ရောက်လာသည်။
ဟယ်ယွီကျူးက မှုန်ကုပ်နေသော မျက်နှာဖြင့် မနေ့ညက ကျားကျန်းရှီ သူ၏အိမ်တွင် ယွမ်ငါးရာ တောင်းသွားခဲ့သည့် ကိစ္စကို ချင်ဟွိုင်ယွီအား ပြောပြလိုက်သည်။
ယွမ်ငါးရာ ဖြစ်ရခြင်းမှာ သူ၏လက်ထဲတွင် ထိုမျှသာ ရှိသောကြောင့်ဖြစ်သည်။
ဟယ်ယွီကျူး ပြောပြပြီးသွားသောအခါ ချင်ဟွိုင်ယွီက အလျင်စလို တောင်းပန်လိုက်သည်။
ဤကာလအတွင်း သူမကလည်း ယခင်စကားများကို ရွှီတမောင်းက သင်ပေးထားခြင်းဖြစ်ကြောင်းနှင့် ညှပ်ကောက်မှာ ဟယ်ယွီကျူး၏ ပစ္စည်း မဟုတ်ကြောင်းကို ရှောင်တန်းထံမှတစ်ဆင့် သိရှိထားခဲ့ပြီဖြစ်ရာ ပန့်ကန့် ဒဏ်ရာရခြင်းမှာ ဟယ်ယွီကျူးနှင့် လုံးဝ သက်ဆိုင်မှု မရှိဟု ဆိုနိုင်သည်။
"တောင်းပန်ပါတယ် အမေက မနေ့က ငါးသွားမျှားနေတာဆိုတော့ ဒီကိစ္စက နင်နဲ့ မဆိုင်ဘူးဆိုတာ သူ မသိလို့ပါ၊ အဲဒီပိုက်ဆံကို ငါ အခုချက်ချင်း ပြန်တောင်းပေးပါ့မယ်"
ထိုစကားကို ကြားပြီးနောက် ဟယ်ယွီကျူး၏ မျက်နှာထားမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်။ ထို့နောက်တွင်မူ မူလနေရာ၌ပင် ရပ်ကာ ချင်ဟွိုင်ယွီ ပိုက်ဆံ သွားတောင်းလာမည်ကို စောင့်နေသည်။
ချင်ဟွိုင်ယွီကလည်း စကားများများစားစား ဆက်မပြောတော့ပေ။အိမ်သို့ တိုက်ရိုက် ပြန်သွားလေတော့သည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် သူမက မိသားစုဝင်အားလုံးရှေ့တွင် ဤကိစ္စ၏ အကြောင်းရင်းကို တစ်ပြိုင်နက်တည်း ပြောပြလိုက်သည်။
သို့ရာတွင် နားလည်မှုလွဲနေခြင်းကို ဖြေရှင်းပြီးသွားပါက ယောက္ခမဖြစ်သူက သူတစ်ပါး၏ ယွမ်ငါးရာကို ပြန်ထုတ်ပေးလိမ့်မည်ဟု သူမက ထင်မှတ်ထားသည်။
သို့သော် သူမ မထင်မှတ်ထားသည်မှာ ကျားကျန်းရှီက အခြေခံအားဖြင့် ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ တစ်ပုံစံတည်းသာ ဖြစ်နေခြင်းဖြစ်သည်။သူမက မည်သည့် တုံ့ပြန်မှုမျိုးမှ မပြလာခဲ့ပေ။
ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားကာ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ထို့နောက် သူမက စတင်ကာ ဖျောင်းဖျပြောဆိုလေတော့သည်။
"အမေ ဒီယွမ်ငါးရာက ရှားကျူး နှစ်အတော်ကြာအောင် စုဆောင်းထားရတာပါ"
"သူများက ကလေးကို ဆေးရုံပို့ပေးတဲ့အပြင် ကိုယ့်ကလေးအတွက်လည်း အပြစ်အစားခံပေးသေးတယ် ပြီးတော့ ငါတို့ မိသားစုကိုလည်း အမြဲတမ်း စောင့်ရှောက်ပေးနေသေးတာ"
"ဒါကြောင့် ဒီပိုက်ဆံကို ငါတို့ မဖြစ်မနေ ပြန်ပေးရမှာပါ"
ပြောပြီးသွားသောအခါ ကျားကျန်းရှီ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအရာ ပေါ်လာသည်။ထို့နောက်တွင်မူ ပို၍ပင် အေးစက်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"ပိုက်ဆံ ပြန်ပေးရမယ်"
"ဘာပိုက်ဆံကို ပြန်ပေးရမှာလဲ"
"ဒီပိုက်ဆံက ငါ့အရည်အချင်းနဲ့ ငါရှာထားတာ သိသာနေတာပဲကို"
"ပြီးတော့ သူပြောတိုင်း ဟုတ်ရမှာလား နင်တို့နှစ်ယောက် ပေါင်းပြီး ငါ့ကို လိမ်နေတာလားဆိုတာ ဘယ်သူ သိမှာလဲ"
"ဒါ့အပြင် နင်နဲ့ ဟယ်ယွီကျူးက တစ်နေကုန် မရှင်းမလင်းနဲ့ အကြောင်းမရှိဘဲ ဒီလောက်တောင် ရင်းနှီးနေကြတာ၊ နင်က ငါတို့ ကျားမိသားစုက ယူထားတဲ့ ချွေးမလား ဒါမှမဟုတ် သူတို့ ချန်မိသားစုက ချွေးမလား"
"ဘာလို့ တစ်နေကုန် သူစိမ်းတွေဘက်ကိုချည်း ပါနေရတာလဲ"
ကျားကျန်းရှီက ထိုသို့ပြောပြီးသွားသောအခါ ခုတင်ပေါ်တွင် လှဲကာအနားယူနေသော ပန့်ကန့်ကလည်း အော်ဟစ်ပြောဆိုလာသည်။
"အဖွားပြောတာ မှန်တယ်၊ ငါ ညှပ်ကောက် အညှပ်ခံရတုန်းက ရှားကျူးက ငါ့ကို ကူညီမယ်ဆိုပြီး လုပ်လိုက်တာ ငါ သိပ်နာသွားတာပဲ သူ လျော်ကြေးမပေးလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ"
ထိုသူနှစ်ယောက်၏ အရှက်အကြောက်ကင်းမဲ့လှသော စကားများ ထွက်ပေါ်လာပြီးနောက် ချင်ဟွိုင်ယွီမှာ တိုက်ရိုက်ပင် အံ့သြမှင်တက်သွားသည်။
မိမိ၏ ယောက္ခမဖြစ်သူက ဤမျှအထိ ကိုယ်ကျင့်တရား ကင်းမဲ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ယခင်က ကျားကျန်းရှီမှာ ခင်ပွန်းက စောစောစီးစီး သေဆုံးသွားခဲ့ရသည့် မုဆိုးမတစ်ဦးမျှသာ ဖြစ်သည်ဟု သူမ အသေအချာ ယူဆထားသည်။
သို့သော် ယခု ကြည့်ရသည်မှာမူ မိမိ၏ လိမ္မာရေးခြားရှိသော သားလေးကပင် သူမလုပ်သလို လိုက်လုပ်နေခဲ့လေပြီ။
သို့ရာတွင် ချင်ဟွိုင်ယွီတစ်ယောက် စိုးရိမ်ပူပန်နေချိန်မှာပင် သူမ လုံးဝ မထင်မှတ်ထားခဲ့မိသည်မှာ သူမ၏ ခင်ပွန်းဖြစ်သူက ပို၍ တိရစ္ဆာန်ဆန်သော စကားများကို ပြောထွက်လာနိုင်ခြင်းဖြစ်သည်။
"ချင်ဟွိုင်ယွီ"
" သောက်ကောင်မ"
"အောက်တန်းစားမ"
"ငါပြောတာကို သေချာ မှတ်ထားစမ်း"
"မင်းက ငါတို့ ကျားမိသားစုရဲ့ လူပဲ ၊ငါတို့ ကျားမိသားစုက ပိုက်ဆံအများကြီး အကုန်ခံပြီး ယူထားရတာ"
"နောက်နောင် ဟယ်ယွီကျူးနဲ့ သွားသွားလာလာ လုပ်နေသေးရင် မင်းရဲ့ ခွေးခြေထောက်တွေကို ငါ သေချာပေါက် ရိုက်ချိုးပစ်မယ်"
ဤကာလအတွင်း သူ အိပ်ရာဝင်လျှင်ပင် ကောင်းကောင်း အိပ်မပျော်နိုင်ဘဲ သူကိုယ်သူ ဝူတာ့လန် ဖြစ်နေသည်ဟု အမြဲ အိပ်မက်မက်နေသည်။ထို့ကြောင့် ကျားကျန်းရှီနှင့် ပန့်ကန့်တို့၏ စကားကို ကြားပြီးနောက် သူ၏ ဒေါသများမှာ ငယ်ထိပ်အထိ ဆောင့်တက်သွားသည်။
သူက ချက်ချင်းပင် စတင် ဆဲရေးတိုင်းထွာတော့သည်။ချင်ဟွိုင်ယွီကို ဆဲရေးတိုင်းထွာပြီးနောက် သူက အားမရသေးသဖြင့် ဟယ်ယွီကျူးကိုလည်း တစ်ကြိမ် ထပ်မံ ဆဲရေးလိုက်သည်။
"ဒီကိစ္စ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုစိုက်စရာ မလိုဘူး၊ ဟယ်ယွီကျူးမှာ အမှားမရှိဘူးလို့ ပြောလို့ရလား"
"ပန့်ကန့်က အကြောင်းမရှိရင်တောင် သူ့အိမ် သွားနေတာ မကောင်းတဲ့ အကျင့်တွေက သူ့ဆီက ကူးစက်လာတာ သေချာတယ်"
"ဒါကြောင့် ဒီပိုက်ဆံကို လုံးဝကို ပြန်မပေးနိုင်ဘူး"
......
အပိုင်း ၄၂
ချင်ဟွိုင်ယွီက ဆဲသံများ ကြားပြီးနောက် ခေါင်းထဲတွင် ဝီခနဲ မြည်သွားသည်ဟုသာ ခံစားလိုက်ရသည်။
မိမိအား ပြည့်တန်ဆာမဟု ဆဲဆိုသောစကားကို မိမိ၏ မိသားစုဝင်များက ပြောထွက်လာလိမ့်မည်ဟု သူမ လုံးဝ မတွေးဖူးချေ။
ဤကာလအတွင်း သူမက ဤမိသားစုအတွက် ခွန်အားတွေ မည်မျှပင် ပေးဆပ်ခဲ့ရသည်ကို သိထားသင့်သည်။ကျားမိသားစုတွင် နွားတစ်ကောင် မြင်းတစ်ကောင်လို အစေခံနေရသည်ဟု ပြောလျှင်ပင် လွန်မည်မဟုတ်ပေ။နောက်အိမ်ထောင်ပြုရန် ဆိုသည်ကို တစ်ခါမှ တွေးပင် မတွေးခဲ့ဖူးပေ။
ဒါပေမဲ့ အခုက ဘာလဲ
မည်သည့် တုံ့ပြန်မှုမှ မရရှိသည့်အပြင် အခြေခံအကျဆုံးသော လေးစားမှုကိုပင် မရရှိခဲ့ပေ။ဤအရာက သူမကို မည်သို့လျှင် ဝမ်းနည်းကြေကွဲမှု မဖြစ်စေဘဲ နေမည်နည်း။
ယခင်က ကြုံတွေ့ခဲ့ရသော မခံမရပ်နိုင်စရာ ကိစ္စရပ်များကလည်း သူမ၏ ခေါင်းထဲတွင် တစ်ခုချင်းစီ ပေါ်လာသည်။ဟယ်ယွီကျူးထံ သွား၍ ဆန်တောင်းခိုင်းသည်။ချန်မိသားစုထံ သွား၍ ဝက်သား သွားတောင်းစားခိုင်းသည်။
အရှက်မရှိသော ကိစ္စရပ်ပေါင်းများစွာကို ချွေးမဖြစ်သူ သူမကသာ လုပ်ဆောင်ခဲ့ရသည်။
ပြန်လှည့်ကြည့်လိုက်တော့ကော ဘာရလို့လဲ
ပစ္စည်းများ ရလာသောအခါ ကျားမိသားစု၏ သားအမိနှစ်ယောက်က အများဆုံး စားကြပြီး အဆိုးရွားဆုံး ဆဲဆိုသူများမှာလည်း သူတို့ပင် ဖြစ်ကြသည်။
သူမ ရှာလာသော အစားအစာများ မသန့်ရှင်းဟုပင် အပြစ်တင်ကြသေးသည်။ထိုအကြောင်းကို တွေးမိသောအခါ ချင်ဟွိုင်ယွီ၏ ရင်ထဲမှ ဒေါသများကလည်း တစ်ပါတည်း ပေါက်ကွဲထွက်လာခဲ့လေတော့သည်။
"တော်ကြတော့"
အေးစက်ပြင်းထန်သော အော်ဟစ်သံတစ်ခုကြောင့် ကျားကျန်းရှီတို့လူစုမှာ ချက်ချင်းပင် လန့်ဖြတ်သွားကြသည်။ထို့နောက် ချင်ဟွိုင်ယွီက ဒေါသတကြီး ပြန်လည်တုံ့ပြန်သည့် ပုံစံသို့ ပြောင်းလဲသွားသည်။
"ငါ့ကို ပြည့်တန်ဆာမလို့ ပြောတာလား"
"ငါ့ကို အောက်တန်းစားမလို့ ပြောတာလား"
"ငါ့ရဲ့ ခွေးခြေထောက်တွေကိုတောင် ရိုက်ချိုးပစ်ဦးမယ်ဆိုပါလား"
ဆက်တိုက် မေးလိုက်သော မေးခွန်းသုံးခုကြောင့် ကျားတုန်းရွှီမှာ အခြေအနေမဟန်ဟု ခံစားလိုက်ရသည်။အထူးသဖြင့် ချင်ဟွိုင်ယွီ၏ မျက်လုံးများ နီရဲနေကာ လူကို ကိုက်စားတော့မည့် ကျားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါဖြစ်သည်။
သူ ချက်ချင်းပင် ထိတ်လန့်သွားသည်။သူက အကြောင်းရှိရှိ မရှိရှိ ချန်ကောဟွားကို အသုံးချကာ ဟိတ်ဟန်ထုတ်တတ်ပြီး ချင်ဟွိုင်ယွီကိုလည်း ဖိနှိပ်ရသည်ကို နှစ်သက်နေတတ်သည်။
အမှန်တကယ်တော့ သူ၏ စိတ်ထဲတွင် အလွန် ရှင်းလင်းစွာ သိနေသည်။သူ ယခင်က ပြောခဲ့သော စကားများအားလုံးမှာ စိတ်ထဲမှ ထင်ကြေးပေးမှုများသာဖြစ်ပြီး အမှန်တကယ် လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။
ထို့အပြင် ယခုအချိန်တွင် ဤမိသားစုမှာ အခြေခံအားဖြင့် ချင်ဟွိုင်ယွီ၏ လုပ်ကိုင်ကျွေးမွေးမှုအပေါ်တွင်သာ မှီခိုနေရခြင်းဖြစ်သည်။ထို့ကြောင့် သူက အပေါ်ယံတွင် တည်ငြိမ်ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း ထိတ်လန့်နေသည်။
ချင်ဟွိုင်ယွီ တစ်ခုခု ထမလုပ်ရန်သာ မျှော်လင့်နေမိသည်။သို့သော် သူ ဤသို့ မျှော်လင့်နေချိန်မှာပင် ချင်ဟွိုင်ယွီ၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ကောင်းပြီလေ"
"ငါ သွားမယ်"
ပြောပြီးသွားသောအခါ ကျားတုန်းရွှီတို့ သားအမိ၏ တုံ့ပြန်မှုကိုပင် မကြည့်တော့ဘဲ သူမက လှည့်ကာ တံခါးကို ဆွဲဖွင့်၍ ထွက်သွားလေတော့သည်။
ထိတ်လန့်နေသော ကျားတုန်းရွှီမှာ မူလက တားဆီးရန် ကြိုးစားချင်သည်။သို့သော် တွေးကြည့်လိုက်ရာ မည်သို့ပင်ဖြစ်စေ ကွာရှင်းထားသည်မှ မဟုတ်လေရာ ချင်ဟွိုင်ယွီက သွားလျှင်လည်း မည်သည့်နေရာကို သွားနိုင်မည်နည်း။ထို့ကြောင့် ပါးစပ်ဖျားသို့ ရောက်နေသော စကားကို ပြန်မျိုချလိုက်သည်။
သို့သော် ထိုအချိန်မှာပင် တံခါးအပြင်ဘက်တွင် အမြဲ စောင့်နေခဲ့သော ရှားကျူးမှာ စောင့်ရင်းစောင့်ရင်းဖြင့် ချင်ဟွိုင်ယွီကို မတွေ့ရသည့်အပြင် အိမ်ထဲမှ ရန်ဖြစ်သံများကိုပါ ကြားလိုက်ရသဖြင့် ချင်ဟွိုင်ယွီက ပိုက်ဆံတောင်းရာတွင် အဆင်မပြေ၍ ကျားမိသားစုနှင့် ပြဿနာဖြစ်နေသည်ဟု အလိုလို တွေးထင်လိုက်သည်။ထို့ကြောင့် သူလည်း အထဲသို့ ပြေးဝင်သွားသည်။
သူ အထဲသို့ ပြေးဝင်သွားပြီးနောက် တံခါးကို ဆွဲဖွင့်၍ ထွက်လာသော ချင်ဟွိုင်ယွီနှင့် အတိအကျ ဝင်တိုက်မိလေတော့သည်။
ချက်ချင်းပင် ချင်ဟွိုင်ယွီမှာ ဟယ်ယွီကျူး၏ ရင်ခွင်ထဲသို့ ဝင်တိုက်မိသွားသည်။ဟယ်ယွီကျူးက ရင်ခွင်ထဲရှိ အလှပန်းလေး မျက်ရည်များ ရွှဲနစ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်နှလုံးများပင် အရည်ပျော်မတတ် ဖြစ်သွားခဲ့ရသည်။ထို့ကြောင့် ညင်သာစွာဖြင့် မေးလိုက်သည်။
"ဟွိုင်ယွီ မင်း ဘာလို့ ငိုနေတာလဲ"
ယခင်ကဆိုလျှင် ကျားမိသားစု၏သားအမိနှစ်ယောက်က ထိုအခြေအနေကို မြင်တွေ့ခဲ့ရပါကလည်း မျက်စိတစ်ဖက်မှိတ်၍ မမြင်ချင် ဟန်ဆောင်နေကြမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူများဆီမှ စားထားရသဖြင့် ပြောမည်ဆိုလျှင်လည်း ကွယ်ရာတွင်သာ ပြောကြမည်ဖြစ်သည်။သို့သော် ယခုတော့ မတူတော့ပေ။
ချင်ဟွိုင်ယွီက ဟယ်ယွီကျူး၏ ပိုက်ဆံအတွက် အိမ်နှင့် ပြဿနာဖြစ်နေသည်။သားဖြစ်သူ ပန့်ကန့် ဒဏ်ရာရခြင်းကလည်း ဟယ်ယွီကျူးနှင့် ရှုပ်ထွေးလှသော ဆက်နွှယ်မှုများ ရှိနေသည်။ထို့ပြင် အရှေ့တွင် ဟယ်ယွီကျူးက ချင်ဟွိုင်ယွီနှင့် တိုက်ရိုက်ပင် ရင်းနှီးစွာ ထိတွေ့နေကြသည်။
ဤအဖြစ်အပျက်ကြောင့် မူလကတည်းက စိတ်နေစိတ်ထား ကောက်ကွေ့နေသော ကျားတုန်းရွှီမှာ ချက်ချင်းပင် ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။သူ၏ မျက်နှာမှာ နီမြန်းလာပြီး ခန္ဓာကိုယ်ရှိ အားအင်အားလုံးကို သုံးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟယ်ယွီကျူး"
"မင်းရဲ့ နံစော်နေတဲ့ လက်တွေကို အခုချက်ချင်း ဖယ်လိုက်စမ်း"
"ဒါ ငါ့မိန်းမကွ"
"မင်းက ဘာအရည်အချင်းရှိလို့ လာထိနေတာလဲ"
"အခုချက်ချင်း ထွက်သွားစမ်း ငါတို့ ကျားမိသားစုအိမ်ထဲကနေ ထွက်သွားစမ်း"
ဤသို့ အအော်ခံလိုက်ရပြီးနောက် မိမိနှင့် ချင်ဟွိုင်ယွီတို့ အလွန်အမင်း ရင်းနှီးနေသည်ကို ဟယ်ယွီကျူးလည်း သတိထားမိသွားသည်။
ဤခေတ်ကာလတွင် အတော်လေး ရှေးရိုးစွဲဆန်သေးရာ အကယ်၍ တိုင်ကြားခံရပါက သေချာပေါက် ပြဿနာကြီးသွားနိုင်သဖြင့် ဟယ်ယွီကျူးက အလျင်စလိုပင် လက်ကို ပြန်ရုပ်လိုက်သည်။
မူလကတည်းက ဝမ်းနည်းနေသော ချင်ဟွိုင်ယွီမှာ ချက်ချင်းပင် ပို၍ ဝမ်းနည်းသွားရသည်။
စောစောက သူမ ဒေါသထွက်ကာ အိမ်ပေါ်မှ ဆင်းမည်ဟု ပြုလုပ်ခဲ့ခြင်းမှာ ကျားမိသားစု၏ သားအမိနှစ်ယောက်က သူမကို မယုံကြည်သောကြောင့် ဖြစ်သည်။
ယခု ရှားကျူး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျားမိသားစု သားအမိနှစ်ယောက်က ဘာမှပင် မတွေးတော့ဘဲ ဆဲဆိုကြသည်။ဆိုလိုသည်မှာ သူတို့က အစမှအဆုံးတိုင်အောင် သူမ၏ ကိုယ်ပိုင်ဘဝတွင် ပြဿနာရှိနေသည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။ဤအဖြစ်အပျက်ကြောင့် ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် အတိုင်းမသိ စိတ်ပျက်ဝမ်းနည်းသွားရသည်။
ဘေးဘက်ရှိ ရှားကျူးကမူ ချင်ဟွိုင်ယွီ၏ စိတ်ခံစားမှု အပြောင်းအလဲကို မခံစားမိခဲ့ပေ။ကျားတုန်းရွှီ ဤခွေးကောင်က ချင်ဟွိုင်ယွီကို အနိုင်ကျင့်နေခြင်းဖြစ်မည်ဟုသာ သေချာပေါက် ထင်မြင်နေသည်။
ချင်ဟွိုင်ယွီက မိမိအတွက် ပိုက်ဆံတောင်းပေးရာတွင် အဆဲလည်းခံရသလို ဝမ်းနည်းမှုများကိုလည်း ခံစားနေရသည်။သူ သဘာဝကျကျပင် အတိုင်းမသိ ရင်နာသွားမိသည်။
ချက်ချင်းပင် သူမအတွက် ရှေ့ထွက်ကာ ဖြေရှင်းပေးချင်စိတ် ပေါ်လာသည်။ရှားကျူးက ကျားတုန်းရွှီကို လက်ညှိုးထိုးကာ ပြင်းပြင်းထန်ထန် ဆဲဆိုလေတော့သည်။
"ကျားတုန်းရွှီ မင်းလို ခွေးကောင်က ပါးစပ်ပိတ်ထားစမ်း"
"သခင်က စားစရာ သောက်စရာပေးရင် ခွေးတောင်မှ ချွဲတတ်သေးတယ်"
"မင်းက ခွေးလောက်တောင် မတန်ဘူး"
"ငါက မင်းကို ကျွေးမွေးပြီး ဝဖြိုးနေအောင် မွေးထားတာကို မင်းက ငါ့ကို ပြန်ဟောင်ရဲသေးတယ်ပေါ့"
ဤစကား ထွက်ပေါ်လာသောအခါ ကျားတုန်းရွှီက တိုက်ရိုက်ပင် အံ့သြမှင်တက်သွားသည်။ယောက်ျားတစ်ယောက်အတွက် မည်သည့်ကိစ္စက အားအငယ်ရဆုံး ဖြစ်သနည်း။
ထိုအရာမှာ မိမိ၏ မိန်းမကို အခြားယောက်ျားတစ်ယောက်က ဖက်ထားပြီး မိမိအိမ်တံခါးဝတွင် ရပ်ကာ စော်ကားနေသော်လည်း မိမိမှာ ရိုးရှင်းသော ခုခံမှုမျိုးကိုပင် မလုပ်နိုင်ခြင်းပင်ဖြစ်သည်။ယခု လက်ရှိ ကျားတုန်းရွှီမှာ ဤအခြေအနေမျိုး ဖြစ်နေသည်။
တစ်ခဏအတွင်းမှာတင် သူ၏ မျက်နှာမှာ ဝက်အသည်းရောင်သကဲ့သို့ နီမြန်းသွားသည်။ရင်ထဲတွင်လည်း အရှက်ရမှု၊ အားငယ်မှုနှင့် ရွံရှာမှုများ အပြည့်အဝ ဖုံးလွှမ်းသွားသည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ဟယ်ယွီကျူးက သူ့ကို နေရာတွင်ပင် ဒေါသထွက် ပေါက်ကွဲသွားစေမည့် စကားတစ်ခွန်းကို ထပ်ပြောလိုက်ပြန်သည်။
"ကျားတုန်းရွှီ မင်းက အသုံးမကျတဲ့ကောင် မိန်းမတွေကိုပဲ အနိုင်ကျင့်တတ်တယ် ၊တကယ် အရည်အချင်းရှိရင် စောစောစီးစီး ကွာရှင်းပေးလိုက်စမ်း"
ဟယ်ယွီကျူးက ပေါ်တင်ပင် လှောင်ပြောင်လိုက်သည်။
"အား အား အား"
ကျားတုန်းရွှီက မျက်နှာ ရှုံ့မဲ့လျက် အော်ဟစ်လိုက်သည်။
ဘေးဘက်ရှိ ကျားကျန်းရှီကလည်း ဒေါသတကြီးဖြင့် ခုတင်ကို ထုရိုက်ကာ အဆက်မပြတ် ကျိန်ဆဲလေတော့သည်။
"မိုးကြိုးပစ်မယ့် သောက်ကောင် ခွေးမသား ဟယ်ယွီကျူး"
ထိုသားအမိနှစ်ယောက်မှာ တစ်ခဏတာ ဟိတ်ဟန်ထုတ်ရသည်ကို သဘောကျပြီး နောက်ပိုင်းတွင် အူပြတ်မတတ် နောင်တရရမည်ဆိုသည်ကို အပြည့်အဝ ဖော်ပြနေကြသည်။ထိုစကားက ချင်ဟွိုင်ယွီအတွက် သတိပေးချက်တစ်ခု ဖြစ်သွားစေသည်။
အကယ်၍သာ ကွာရှင်းနိုင်ခဲ့လျှင် မိမိကိုယ်တိုင် လွတ်မြောက်သွားနိုင်ပြီ ဖြစ်သည်။သို့ရာတွင် ဤအတွေးလေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ စိတ်ထဲတွင် ပြန်လည် ငြင်းပယ်လိုက်သည်။အေကြာင်းမှာ အလွန် ရိုးရှင်းလှသည်။
ပထမအချက်မှာ ငွေကြေးကြောင့်ဖြစ်သည်။ ဟယ်ယွီကျူး၏ စုဆောင်းငွေမှာ ယွမ်ငါးရာသာ ရှိပြီး ထိုပိုက်ဆံကို ပြန်မရနိုင်တော့သည်မှာ သေချာနေပြီဖြစ်ရာ ဟယ်ယွီကျူးကို ရွေးချယ်ပါက နောင်ရေးတွင် ကျားမိသားစုထက် သေချာပေါက် ပို၍ ဒုက္ခရောက်ရမည်ဖြစ်သည်။
ဒုတိယအချက်မှာ ကလေးများကြောင့်ဖြစ်သည်။ ဟယ်ယွီကျူးနှင့် အတူနေပါက သူနှင့် ကလေးမွေးရမည်မှာ သေချာသည်။ ထိုအခါ ပန့်ကန့်တို့ ကလေးသုံးယောက်မှာ သေချာပေါက် မျက်နှာလိုက်ခံရမည်ဖြစ်သည်။
တတိယအချက်မှာ ကွာရှင်းရန်လည်း ထိုမျှ မလွယ်ကူပေ။ အိမ်ကို မည်သို့ ဖြေရှင်းရမည်ကို မပြောနှင့် ကလေးများကိုသာ ကြည့်မည်ဆိုလျှင်ပင် ကျားမိသားစုက ပန့်ကန့်ကို ကျားမိသားစုမှ ထွက်သွားခွင့် လုံးဝပြုမည် မဟုတ်ပေ။
ဤလက်တွေ့ကျသော ဖိအားများအောက်တွင် ချင်ဟွိုင်ယွီမှာ ခါးသီးသော စိတ်ခံစားမှုများကို ထိန်းချုပ်ကာ ဟယ်ယွီကျူးကို အိမ်တံခါးဝသို့ ပို့ဆောင်ပေးလိုက်ရုံသာ တတ်နိုင်တော့သည်။
"ရှားကျူး ငါက ကျားမိသားစုရဲ့ ချွေးမပါ၊ နင် တကယ်ပဲ ငါ့ကို ကူညီချင်တယ်ဆိုရင် ငါနဲ့ နည်းနည်းလောက် ခပ်ကင်းကင်း နေပေးပါ ငါ တောင်းပန်ပါတယ် ဟုတ်ပြီလား"
တောင်းပန်စကားသံမှာ ချင်ဟွိုင်ယွီ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ချက်ချင်းပင် ဟယ်ယွီကျူး၏ မျက်ဝန်းများမှာ အတိုင်းမသိ အထီးကျန်ဆန်သွားသည်။
ပိုက်ဆံ ပြန်မရရင်လည်း ထားလိုက်ပါတော့
အခုတော့ နတ်သမီးလေးက သူနဲ့ ခပ်ကင်းကင်း နေချင်နေလေပြီ။
ဒါက သူ၏ စိတ်ထဲတွင် အတော်လေး ခံစားရခက်စေသည်။သို့သော် ယနေ့ည ချင်ဟွိုင်ယွီနှင့် ရင်းနှီးစွာ ထိတွေ့ခဲ့ရမှုများကို ပြန်တွေးမိသောအခါ အနည်းဆုံးတော့ မိမိ၏ နတ်သမီးလေး၏ လက်ကို ကိုင်ခွင့်ရလိုက်သည်။ထိုထူးခြားသော အထိအတွေ့လေးကြောင့် သူက ထပ်မံ၍ ခွန်အားများ ပြည့်ဝသွားခဲ့ပြန်သည်။ထို့ကြောင့် ခေါင်းလှည့်ကာ မိမိအခန်းထဲသို့ ပြန်ဝင်သွားလေတော့သည်။
ချင်ဟွိုင်ယွီက ဟယ်ယွီကျူးကို အပြင်သို့ ပို့ဆောင်ပေးပြီးနောက် သူမ သက်ပြင်းချလိုက်ပြီး အဆုံးမဲ့ အမှောင်ထုကြီးကို ကြည့်ကာ သူမ၏ ဘဝမှာလည်း ညအမှောင်ထုကဲ့သို့ မည်သည့် အလင်းရောင်ကိုမျှ မမြင်နိုင်တော့ဟု ခံစားလိုက်ရသည်။
သို့သော် ထို့နောက်တွင် သူမက အလိုအလျောက်ပင် ချန်ကောဟွား၏ အိမ်ဘက်သို့ ကြည့်လိုက်မိပြန်သည်။
ထိုအိမ်တွင် မီးရောင်များ လင်းထိန်နေသည်ကို မြင်လိုက်ရသောအခါ မျက်ရည်တစ်ပေါက်က မသိမသာ စီးကျလာသည်။ထိုအထဲမှ အရသာကို သူမ ကိုယ်တိုင်သာလျှင် သိရှိနိုင်သည်။
......
ချန်ကောဟွား၏ အိမ်ဘက်သို့ ပြန်ကြည့်ရမည်ဆိုလျှင် ဤအချိန်တွင် သူက ဇနီးဖြစ်သူကို ချော့သိပ်ပြီးခါစ ဖြစ်သည်။သူ၏ ခေါင်းထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
"တင်းတောင် နေ့သစ်တစ်ရက် စတင်ပါပြီ ၊အိမ်ရှင် ဝင်ရောက်စာရင်းသွင်းမှာပါလား"
"သွင်းလိုက်"
ချန်ကောဟွားက မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ ပြောလိုက်သည်။
"အိမ်ရှင်အတွက် ဝင်ရောက်စာရင်းသွင်းပေးနေပါတယ်"
"တင်းတောင် အိမ်ရှင် အောက်ပါဆုလာဘ်များ ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"
"ခန္ဓာကိုယ်ကြံ့ခိုင်မှု +1 ၊ စိတ်စွမ်းအား +1 "
"ဖုတ်ကောင်ရောဂါ ခံစားမှုကတ်"
"တာ့ထွမ်ကျဲ ×10 "(မဟာ ညီညွတ်ရေး တစ်ဆယ်ကျပ်တန်))
"အဆင့်မြင့် ငါးစာ ×100 "
"ထိပ်တန်း ငါးမျှားတံ ×1 "
......