အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အပိုင်း ၄၇
ချင်ကျင်းယွီမှာ မည်သို့တွေးတွေး နားမလည်နိုင် ဖြစ်နေသည်။နောက်ဆုံးတွင် သူမက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်ရတော့သည်။
"ယောက်ျား၊ ဒီသူခိုးက ပန့်ကန့်လို့ ပြောတာလား"
"ဒါက မဖြစ်နိုင်ဘူး မဟုတ်လား"
"အရင်တစ်ခေါက်က သူ ခိုးလို့ ခံထားရတာလေ"
"သူ သင်ခန်းစာ ရသွားလောက်ပြီလို့ ထင်တာပဲ၊ ထပ်ပြီး ရမ်းကားတော့မယ် မထင်ပါဘူး"
ချင်ကျင်းယွီ၏ မယုံကြည်နိုင်ဖြစ်နေမှုကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားက ပြုံးရုံသာ ပြုံးနေသည်။
"မိန်းမ၊ မင်း အဲဒီလို မတွေးရဘူးလေ"
"လာ လာ လာ၊ ဘယ်လို စဉ်းစားရမလဲဆိုတာ သင်ပေးမယ်"
ချန်ကောဟွားက ပြောရင်းဖြင့် ချင်ကျင်းယွီ၏ နားနားသို့ ကပ်ကာ ပြောလိုက်သည်။
"ကိုယ် မေးမယ်၊ တို့တွေ ခြံဝင်းထဲကို ဒီရက်ပိုင်း အပြင်လူတွေ ဝင်လာတာ မရှိဘူး မဟုတ်လား"
ချန်ကောဟွား ပြောအပြီးတွင် ချင်ကျင်းယွီက ခေါင်းညိတ်လိုက်သည်။
"အဲဒါဆို ရွှီတမောင်း ပြောတာက သူ့အိမ်က ကြက် အခိုးခံရတာတဲ့၊ တခြား ပိုင်ဆိုင်မှုတွေ ဘာမှ ထိခိုက်မှု မရှိဘူးတဲ့၊ အကယ်၍ ပညာရှင်အဆင့် သူခိုးသာဆိုရင် ဘာလို့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို မခိုးတာလဲ၊ ဘာလို့ လူမိဖို့ ပိုလွယ်တဲ့ ကြက်ကို သွားခိုးရတာလဲ၊ ဒါက သိသိသာသာကို ယုတ္တိမရှိဘူးလေ"
ချန်ကောဟွားက အဆင့်ဆင့် လမ်းညွှန်၍ ပြောပြလိုက်သည်။
ဤတစ်ကြိမ်တွင် ချင်ကျင်းယွီက အားပါးတရ ခေါင်းညိတ်လိုက်သည်။
ချင်ကျင်းယွီ လက်ခံသည်ကို မြင်သောအခါ ချန်ကောဟွားက ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။
"ကောင်းပြီ၊ မင်းလည်း လက်ခံတယ်ဆိုမှတော့ ဒီအချက်တွေကို အခြေခံပြီး ဒီကြက်ကို တို့ခြံဝင်းထဲက လူတွေပဲ ခိုးတာလို့ အခြေခံအားဖြင့် သေချာသွားပြီ"
"နယ်ပယ်ကို သေချာအောင် လုပ်ပြီးသွားရင် နောက်ပိုင်း ခွဲခြမ်းစိတ်ဖြာရတာ လွယ်သွားပြီ"
"ခုနက ရွှီတမောင်း ပြောတာက သူတို့အိမ်က အခိုးခံရတဲ့ ကြက်က ဥ ဥတဲ့ ကြက်မတဲ့၊ စားဖို့အတွက် သီးသန့် မွေးထားတဲ့ အသားစားကြက် မဟုတ်ဘူးတဲ့"
"ဒါဆို တို့ခြံဝင်းထဲမှာ ဘယ်သူက ရွှီတမောင်းအိမ်က ကြက်မကို တမင်သက်သက် သွားခိုးမှာလဲ"
"တို့တွေ ဒီပြဿနာကို ဆက်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်"
"ပထမဦးဆုံးအနေနဲ့ ခြံဝင်းထဲမှာ ဦးလေးကြီးရီကတော့ မဖြစ်နိုင်ဘူး၊ သူက ဟန်ဆောင်ကောင်းတဲ့ သူတော်ကောင်းယောင်ဆောင်သူပဲ"
"ဒါပေမဲ့ သူက ဟန်ဆောင်ကောင်းပေမဲ့ ကိုယ်ကျင့်တရားအရ အကျပ်ကိုင်တာကို သဘောကျတယ်၊ ပြီးတော့ ကိုယ်ကျင့်တရားအရ အကျပ်ကိုင်တဲ့သူက သူ့ရဲ့ လှည့်ကွက်တွေကို မမြင်နိုင်တဲ့ ရိုးသားတဲ့သူတွေကို အလင်းရောင်အောက်မှာ ဖြောင့်ဖြောင့်မတ်မတ် ဒုက္ခပေးဖို့ အကျွမ်းကျင်ဆုံးပဲ။ နောက်ပြီး သူက အဆင့်ကိုး ပန်းပဲဆရာလေ၊ စက်ရုံက ပေးတဲ့ သူ့လစာက ခြံဝင်းထဲမှာ အများဆုံးပဲ၊ ဒါကြောင့် ရီကျုံးဟိုင်က ရွှီတမောင်းအိမ်က ကြက်ကို သွားခိုးတယ်ဆိုတာ လုံးဝကို အဓိပ္ပာယ်မရှိဘူး"
"ဒုတိယဦးလေး လျိုဟိုင်ကျုံးဆိုရင်တော့ ပိုတောင် မဖြစ်နိုင်သေးတယ်၊ သူက အရည်အချင်းမရှိပေမဲ့ ရာထူးမက်တယ်၊ ဗိုက်ထဲမှာ ဘာအရည်အချင်းမှ မရှိဘဲနဲ့ သူ့ကိုယ်သူ ခေါင်းဆောင်ကြီး ဖြစ်မယ့် ကံကြမ္မာပါလာတယ်လို့ အမြဲ ထင်နေတာ၊ လျိုဟိုင်ကျုံးလိုမျိုး တခြားသူတွေကို အထင်သေးပြီး သူများထက် သာတယ်လို့ အမြဲ ထင်နေတဲ့သူက မျက်နှာကို အရေးအကြီးဆုံး ထားတာ။ မျက်နှာကို အရေးအကြီးဆုံး ထားတဲ့သူက နွေဦးပွဲတော်လို အချိန်မျိုးမှာ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် သွားလုပ်မှာလဲ။ ဒါက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာ မဟုတ်ဘူးလား။ ဒါကြောင့် သိပ်မဖြစ်နိုင်ဘူး"
"ယန်ပုကွေ့ဆိုရင်တော့ ပိုလို့တောင် မဖြစ်နိုင်ဘူး။ ဒီရက်ပိုင်း သူတို့က တို့တွေ ငါးခြောက်လုပ်ပြီး အောင်မြင်နေတာ မြင်ပြီး အရှေ့ဘက်တိမ်တိုက် ရေကန်ကို ငါးသွားမျှားတာ ခဏခဏပဲ၊ အားအင်တွေ အားလုံးက ငါးမျှားဖို့ပေါ်မှာပဲ ရောက်နေတာ၊ ကြက်ခိုး၊ခွေးခိုး လုပ်ဖို့ ဘယ်မှာ အချိန်ရှိမှာလဲ"
"အဲဒါအပြင် သူက တရုတ်စာ ဆရာလေ၊ ကိစ္စပေါ်သွားရင် သူ့အလုပ်မှာ အများကြီး ထိခိုက်သွားလိမ့်မယ်၊ ဒါကြောင့် မဖြစ်နိုင်ဘူး"
"ဦးလေးသုံးယောက် မဖြစ်နိုင်ဘူးဆိုရင် သူတို့ရဲ့ သားသမီးတွေပဲ ကျန်တော့တယ်"
"ဦးလေးကြီးရီမှာ သားသမီး မရှိဘူး၊ လျိုဟိုင်ကျုံးရဲ့ ကလေးတွေကလည်း အရိုက်ခံရလွန်းလို့ ကြောက်နေကြတာ၊ ဘယ်လိုလုပ်ပြီး ပစ္စည်းတွေကို လျှောက်ခိုးရဲမှာလဲ။ မိသွားရင် သေချာပေါက် ခြေထောက် ရိုက်ချိုးခံရမှာလေ။ ယန်ပုကွေ့ရဲ့ သားသမီးတွေကလည်း သူ့ရဲ့ တွက်ကပ်တဲ့ အကျင့်တွေ ကူးစက်နေတာ၊ ကြက်မ ခိုးဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး၊ အကယ်၍ ခိုးမယ်ဆိုရင်တောင် သူတို့က အများဆုံး ကြက်ဥလောက်ပဲ ခိုးပြီး အမြတ်လေး နည်းနည်းပါးပါး ထုတ်မှာပဲ"
"ထောက်ပံ့ကြေးနဲ့ စားနေတဲ့ အဘွားကြီးလုံကလည်း နိုင်ငံတော် ထောက်ပံ့ကြေး ရနေတာဆိုတော့ ဘာမှ ပူစရာ မလိုဘူး၊ စားဖို့တောင် ပိုနေသေးတာကို ဘာလို့ အကြောင်းမဲ့ ကြက်ကို သွားခိုးမှာလဲ။ ဒါက ကိုယ့်ကိုယ်ကိုယ် ပြဿနာ ရှာတာ မဟုတ်ဘူးလား"
"ဟယ်ယွီကျူးတို့မောင်နှမဆိုရင်လည်း မဖြစ်နိုင်ဘူး၊ ဟယ်ယွီကျူးက ဘာမှ မဟုတ်ပေမဲ့ သူက စက်ရုံက စားဖိုမှူးဆိုတော့ စက်ရုံကနေ အစားအသောက်တွေ အိမ်ပြန်သယ်ရတာကို အကြိုက်ဆုံးပဲ"
"ဟယ်ယွီရွှိန်ဆိုရင်လည်း ငယ်ငယ်ကတည်းက ဟယ်ယွီကျူးရဲ့ ထောက်ပံ့မှုကို ရလာတာ၊ေနာက်တော့ မရခဲ့ပေမဲ့ ပစ္စည်းခိုးတာမျိုးတော့ မလုပ်ဖူးဘူး၊ အခု ကြီးလာပြီဆိုတော့ နွေဦးပွဲတော် ကာလမှာ ခိုးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
"တခြား အိမ်နီးချင်းတွေလည်း အတူတူပဲ၊ အများစုက ရိုးသားတဲ့ မိသားစုတွေချည်းပဲဆိုတော့ ခိုးဖို့ အကြောင်းပြချက်နဲ့ ခိုးဖူးတဲ့ ရာဇဝင် မရှိသလောက်ပဲ"
"ဒါကြောင့် ဟိုတွေးဒီတွေး တွေးကြည့်ရင် ကျားမိသားစုပဲ ကျန်တော့တယ်"
"ကျားကျန်းရှီ အဘွားကြီးက ယုတ်မာပေမဲ့ စားကောင်းသောက်ဖွယ် လိုချင်ရင်တောင် ချင်ဟွိုင်ယွီကို သွားတောင်းခိုင်းမှာပဲ"
"သူ့သားကလည်း မသန်မစွမ်းလေ၊ ကြက်ခိုးဖို့ နေနေသာသာ၊ တွန်းပေးမယ့်သူ မရှိရင် ကြက်လောက်တောင် မြန်မြန် လမ်းလျှောက်နိုင်ပါ့မလား မသိဘူး"
"ချင်ဟွိုင်ယွီမှာကျတော့လည်း ဟယ်ယွီကျူးလိုမျိုး ဖားယားတဲ့သူ ရှိနေတော့ ခိုးစရာ လိုသေးလို့လား။ ဟယ်ယွီကျူး အိမ်ထဲ ပြေးဝင်ပြီး စကား နည်းနည်းပါးပါး ပြောလိုက်ရုံနဲ့ ဟယ်ယွီကျူးက တုံးတံုးအအနဲ့ ကြက်ချက်ပြီး လာပို့ပေးမှာပဲလေ၊ ခိုးဖို့ မလိုပါဘူး"
"ဒါကြောင့် ကြက်ခိုးဖို့ ဖြစ်နိုင်ခြေ အရှိဆုံးက ချင်ဟွိုင်ယွီရဲ့ ကလေးသုံးယောက်ပဲ"
"ဒီကလေးသုံးယောက်ကလည်း ပန့်ကန့်ကိုပဲ ခေါင်းဆောင်အဖြစ် လိုက်လုပ်နေကြတာ"
"ပန့်ကန့်ကလည်း နေမကောင်းဖြစ်နေတုန်း မလှုပ်နိုင်မရှားနိုင် ဖြစ်နေတော့ အဆီအဆိမ့်တွေ ဘာမှ မစားရဘူးလေ၊ ဒါကလည်း သူ့ကို ပစ္စည်းခိုးဖို့ အကြောင်းပြချက် ဖြစ်စေတာပဲ"
"အခု ခြေထောက်တွေ ပြန်ကောင်းလာတော့ ကောင်းကောင်းမွန်မွန်လေး စားချင်မှာပေါ့"
"အရင်ကိစ္စတုန်းက ရွှီတမောင်းက သူ့ကို ဒုက္ခပေးခဲ့ဖူးတော့ ရွှီတမောင်းဆီကနေ အကြံအစည် ထုတ်တာလည်း ပုံမှန်ပါပဲ၊ ဘာလို့ တို့ဆီက မခိုးရဲတာလဲဆိုရင် အိမ်ထဲမှာ ထောင်ချောက်တွေ ရှိနေမှာ ကြောက်လို့ ဖြစ်မယ်"
"ဒါကြောင့်ပြောတာ၊ တို့တွေ ငါးခြောက် လှန်းတာ အတော်လေး ရနေပြီဆိုတော့ အိမ်ထဲ သိမ်းထားလိုက်တော့၊ ဒီခွေးဝံပုလွေပေါက်စလေး မျက်စိကျနေမှာ စိုးလို့၊ အပြင်မှာ ထောင်ချောက်မရှိဘူးလို့ ထင်ပြီး ငါးခြောက် နည်းနည်းပါးပါး လာခိုးစားနေဦးမယ်"
တစ်ထိုင်တည်း ခွဲခြမ်းစိတ်ဖြာပြလိုက်ပြီးနောက် ချင်ကျင်းယွီမှာ အစပိုင်းက နားမလည်ဖြစ်နေရာမှ နောက်ပိုင်းတွင် ချက်ချင်း သဘောပေါက်သွားသည်။
ကိစ္စ၏ အကြောင်းရင်းကို နားလည်သွားပြီးနောက် သူမက ချန်ကောဟွားကို ကြည့်သည့် မျက်လုံးများတွင်လည်း ထူးခြားသော အရောင်အဝါများ တောက်ပလာသည်။
သူမက ချန်ကောဟွား၏ ဉာဏ်ရည်ဉာဏ်သွေးအောက်တွင် အပြည့်အဝ ကျရှုံးသွားသည်မှာ သိသာသည်။ကျရှုံးသွားပြီးနောက် ချင်ကျင်းယွီက ဘာမှ ထပ်မပြောတော့ဘဲ အပြင်ဘက်တွင် လှန်းထားသော ငါးခြောက်များကို ချက်ချင်း သိမ်းဆည်းလိုက်သည်။
နောက်နေတာလား
အရင်တစ်ခေါက် ခိုးမှုဖြစ်တုန်းက ဒီပန့်ကန့်ဆိုတဲ့ တိရစ္ဆာန်လေးက ဟယ်ယွီကျူး အပြစ်ခံယူပေးတာကို အားကိုးပြီး တောင်းပန်စကား တစ်ခွန်းတောင် မပြောခဲ့ဘူးလေ
အခု သူတို့အိမ်ကို ထပ်လာဦးမယ်ဆိုရင် တွေးကြည့်ရုံနဲ့တင် စိတ်ပျက်စရာ ကောင်းနေပြီ
ထို့ထက်ပို၍ ဆိုးသည်မှာ ဤငါးခြောက်များက ခင်ပွန်းဖြစ်သူမှ မိဘအိမ်အတွက် ပေးရန်ရည်စူးထားသော စေတနာများ ဖြစ်သည်။ထို့ကြောင့် ချင်ကျင်းယွီက ပန့်ကန့်ကဲ့သို့ လူမျိုးကို မည်သည့် အခွင့်အရေးမျှ ပေးမည် မဟုတ်ပေ။
ငါးခြောက်များ သိမ်းဆည်းပြီးနောက် ချင်ကျင်းယွီက ရင်ဘတ်ကို ပုတ်လိုက်ကာ သက်ပြင်းအနည်းငယ် ချလိုက်သည်။ထို့နောက် သူမက တစ်ခုခုကို သတိရသွားပုံဖြင့် ချန်ကောဟွားကို ထပ်မံ ပြောလိုက်သည်။
"ယောက်ျား၊ တို့တွေ ရွှီတမောင်းကို ကူညီပေးသင့်လား"
"မလုပ်နဲ့"
ချင်ကျင်းယွီ ပြောအပြီးတွင် ချန်ကောဟွားက စဉ်းစားပင် မစဉ်းစားဘဲ တားမြစ်လိုက်သည်။
နောက်နေတာလား
ဒီရက်ပိုင်း ရွှီတမောင်းက မျက်နှာပြောင်တိုက်ပြီး အစ်ကို၊ အစ်ကိုနဲ့ ခေါ်နေတာကို ကြည့်မနေနဲ့
သူ့လို လူမျိုးက တစ်ချက်လောက် စိတ်မကြည်တာနဲ့ မင်းကို အကုန်အစင် ပြန်ကိုက်မယ့်သူမျိုး
ချန်ကောဟွား ခြံဝင်းထဲကို စရောက်ခါစက သူ့ကို အသိသာဆုံး ထိုးနှက်ခဲ့တာ ကျားကျန်းရှီ မဟုတ်ရင်၊ ရင်ထဲမှာ ပြည်တည်နေအောင် ယုတ်မာတဲ့ ဒီရွှီတမောင်းပဲ ဖြစ်လိမ့်မယ်။
ဒါကြောင့် သူ့ကို ကူညီပေးရမယ်ဟုတ်လား
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
နောက်ပြီးတော့ အရင်တစ်ခေါက်က ခိုးမှု အတွေ့အကြုံလည်း ရှိထားပြီးသားလေ
ချန်ကောဟွားကလည်း ကြည့်ချင်သေးသည်။
ဒီတစ်ခေါက် ရွှီတမောင်းအိမ်က ကြက် အခိုးခံရတာ၊လေးဘက်ပိတ် ခြံဝင်းထဲမှာ ခွေးအချင်းချင်း ကိုက်ကြမယ့် ဂန္ထဝင် မြင်ကွင်းမျိုးက ဘယ်လို ပေါ်လာဦးမလဲ ဆိုတာကိုပေါ့
အပိုင်း ၄၈
ခြံဝင်းကြီးဘက်သို့ ပြန်ကြည့်ရလျှင် ရွှီတမောင်း၏ အော်ဟစ်သံအောက်တွင် ခြံဝင်းအတွင်းရှိ လူအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။
မကြာမီမှာပင် ရီကျုံးဟိုင် မိသားစု၊ လျိုဟိုင်ကျုံး မိသားစု၊ ယန်ပုကွေ့ မိသားစု၊ ကျားကျန်းရှီ မိသားစု၊ ဟယ်ယွီရွှိန်နှင့် အိမ်နီးချင်းများ အားလုံး ထွက်လာခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ယခင်တစ်ခေါက် ခိုးဝှက်မှု ပြဿနာ ဖြစ်ပွားသည်မှာ မည်မျှကြာသေးသနည်း။ယခု ခြံဝင်းထဲတွင် ခိုးဝှက်မှု ကိစ္စ ထပ်မံ ပေါ်ပေါက်လာပြန်ပြီ ဖြစ်သည်။သူတို့ကို မည်သို့ အလေးမထားဘဲ နေနိုင်မည်နည်း။ဤတစ်ကြိမ်တွင် မည်သို့ပင်ပြောစေကာမူ လွယ်လွယ်နှင့် ပြီးဆုံးသွားမည် မဟုတ်ပေ။
"ရွှီတမောင်း၊ မင်းအိမ်က ကြက် အခိုးခံရတယ်ဆိုတာ သေချာ ရှာကြည့်ပြီးပြီလား" ရီကျုံးဟိုင်က မျက်နှာမည်းကြီးဖြင့် ပြောလိုက်သည်။
သူ မျက်နှာပျက်နေသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။မကြာသေးမီကမှ ဟယ်ယွီကျူးက ပန့်ကန့်အတွက် အပြစ်ဝင်ခံပေးခဲ့သည့် ကိစ္စမှာ မျက်စိထဲတွင် ထင်ရှားနေဆဲ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ခြံဝင်းကြီး၏ နာမည်ဂုဏ်သတင်းကို မထိခိုက်ခဲ့ပေ။သို့သော် ယခုအချိန်တွင် ရွှီတမောင်းက ပစ္စည်း အခိုးခံရပြန်ပြီဟု အော်ဟစ်နေပြန်သည်။
အကယ်၍ ဤတစ်ကြိမ်တွင် ယခင်လို ကံမကောင်းပါက သူ၏ ဦးလေးကြီး နေရာကို တည်ငြိမ်စွာ ထိုင်နိုင်ရန်မှာ ဖြစ်နိုင်သေးသည်ဟုပြောလျှင် သရဲတောင် မယုံနိုင်လောက်ပေ။ဤအခြေအနေအောက်တွင် သူ၏ မျက်နှာထား ကောင်းနေပါက ထူးဆန်းနေမည်သာ ဖြစ်သည်။
ဤစကားကို ကြားသောအခါ ရွှီတမောင်းမှာ ချက်ချင်းပင် ဒေါသထွက်လွန်း၍ နှာခေါင်းပင် ရွဲ့သွားသည်။သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဦးလေးကြီးရီ၊ ဒီစကားက ဘာအဓိပ္ပာယ်လဲ"
"ငါ ရွှီတမောင်းက ပြဿနာမရှိ ပြဿနာရှာတတ်တဲ့ လူမျိုးလား"
"ငါ ခြံဝင်းထဲမှာ အခေါက်ခေါက်အခါခါ ရှာပြီးပြီ၊ ကြက်မွေးတစ်ပင်တောင် မတွေ့ဘူး၊ ကြက် ပျောက်သွားတာက ပျောက်သွားတာပဲ"
"အလိုလေး၊ ငါ့ကြက်မကြီးက ဥလည်း ဥတတ်တယ်၊ ကြည့်လို့လည်း လှတယ်၊ ဘယ်တိရစ္ဆာန်က အကြောင်းမဲ့ ငါ့ကြက်ကို ခိုးသွားရတာလဲ"
ညည်းတွားအပြီးတွင် ရွှီတမောင်းက တောင်းဆိုမှု စတင်ပြုလုပ်ပြန်သည်။
"ဦးလေးကြီး သုံးယောက်တို့ မတ်တတ်ကြီး ရပ်မနေကြနဲ့လေ၊ ဒီခြံဝင်းထဲမှာ ခဏခဏ သူခိုးဝင်နေရင် နောက်ဆို ဘယ်သူက ဒီခြံဝင်းထဲမှာ နေရဲတော့မှာလဲ"
ထိုသို့ပြောရင်း ရွှီတမောင်းက ပန့်ကန့်ကို ကြည့်ရန် မမေ့ခဲ့ပေ။သို့သော် ဤသေးငယ်သော အပြုအမူလေးက ကျားကျန်းရှီကို ချက်ချင်းပင် မကျေမနပ် ဖြစ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီက ကျင်းပခဲ့သော ခြံဝင်းတစ်ဝိုက် အစည်းအဝေးတွင် ချန်ကောဟွား၏ စကားများကြောင့် ခြံဝင်းထဲတွင် ပန့်ကန့်အမည်ရှိသော ကျင့်သားရနေသည့် ပြစ်မှုကျူးလွန်သူ တစ်ယောက်ရှိကြောင်း လူတိုင်း ရင်ထဲတွင် ရှင်းလင်းစွာ သိထားကြသည်။
ထိုအချိန်က သူ ငယ်ရွယ်သေးသည်ကို ထောက်ထားခြင်း၊ ပစ္စည်း မခိုးရသေးခြင်း၊ အပြစ်ဝင်ခံပေးမည့်သူ ရှိနေခြင်းနှင့် နောက်ပိုင်းတွင် သူပါ ဒဏ်ရာရသွားခဲ့ခြင်းတို့ကြောင့် သင်ခန်းစာရလောက်ပြီဟု ထင်မှတ်ကာ လူတိုင်းက အရေးမယူခဲ့ကြခြင်းသာ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ် ခိုးဝှက်မှု ကိစ္စမှာ ရွှီတမောင်းအပေါ် ကျရောက်လာခဲ့ရာ သူက ထိုမျှလောက် ထောက်ထားမည်မဟုတ်ဘဲ ခိုးဝှက်မှု ကိစ္စကို တိုက်ရိုက်ပင် ထုတ်ဖော်ပြောဆိုလာသည်။သူ၏ စကားသံ အဆုံးတွင် ကျားကျန်းရှီက သူ၏ စကားထဲမှ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။
တစ်ဖက်လူက သူမ၏ မြေးလေးကို သူခိုးဟု စွပ်စွဲနေခြင်းပင် ဖြစ်သည်။ဤသည်ကို သူမက မည်သို့ သည်းခံနိုင်မည်နည်း။သူမက ချက်ချင်းပင် ဆဲရေးတိုင်းထွာလာခဲ့တော့သည်။
"ရွှီမျိုးရိုးကောင် နင့်ပါးစပ်ထဲမှာ လောက်ကောင်တွေ တွားသွားနေလို့လား"
"ဒီရက်ပိုင်း ခြံဝင်းထဲ သူခိုးဝင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"
"ပြီးတော့ ငါ့အိမ်က ပန့်ကန့်ကို ဘာလို့ ကြည့်နေတာလဲ၊ ငါ့ပန့်ကန့်က အိမ်မှာပဲ ဒဏ်ရာကုနေတာ၊ နင် ဆက်ကြည့်နေပြီး ငါ့ပန့်ကန့်ကို အပြစ်လာပုံချချင်ရင် နင့်ကို မရိုက်ဘဲ နေမလား ကြည့်နေလိုက်"
ရွှီတမောင်း၏ ဗိုက်ထဲတွင် မူလကတည်းက ဒေါသများ အပြည့်ရှိနေသည်။ယခု ကျားကျန်းရှီက မရပ်မနား ဆဲရေးနေသည်ကို ကြားလိုက်ရသောအခါ သူက ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။
"ငါ့ကို ရိုက်မယ်၊ ငါ ပြောတာ မှားသွားလို့လား"
"မင်းအိမ်က ပန့်ကန့်က တကယ် လက်သန့်တယ်ဆိုရင် အရင်တစ်ခေါက်က သူ ချန်အိမ်ထဲ ဝင်သွားတာကို ငါ ဘယ်လိုလုပ် မြင်ခဲ့တာလဲ"
"ဒီတစ်ခေါက် သူခိုးဝင်တာကလည်း တစ်ယောက်ယောက်က ပန့်ကန့်ကို အတုခိုးပြီး လုပ်တာ ဖြစ်နိုင်တယ်၊ အဲဒီအကျိုးဆက်က ငါ့အိမ်က ကြက်မကြီး ဒုက္ခရောက်သွားတာပဲ"
ဤစကားတစ်ခွန်းနှင့် စစ်ပွဲ ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။မည်သည့် သံသယမျှရှိစရာမလိုေလာက်ေအာင် ကျားကျန်းရှီကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။ဘေးဘက်ရှိ ချင်ဟွိုင်ယွီကလည်း ရွှီတမောင်းကို မျက်စောင်းထိုးကြည့်နေသည်။
ယခုအချိန်တွင် ပန့်ကန့်က ရွှီတမောင်းအိမ်မှ ကြက်ကို ခိုးစားခဲ့ကြောင်းကို သူတို့ လုံးဝ မသိကြသေးပေ။ဤသို့ တုံ့ပြန်မှု ရှိခြင်းမှာလည်း အမှန်တကယ် ပုံမှန်သာ ဖြစ်သည်။
သို့သော် နှစ်ဖက်စလုံး လက်ပါရန် ပြင်ဆင်နေချိန်တွင်ပင် မွှေးပျံ့သော အနံ့တစ်ခု လွင့်ပျံလာသည်။
"ဘာလို့ ကြက်သားနံ့ ထပ်ရနေတာလဲ"
ထိုစဉ် အစားမက်သော ပန့်ကန့်က အနံ့ကို ရသွားပြီးနောက် မနေနိုင်ဘဲ တီးတိုး ရေရွတ်လိုက်မိသည်။သို့သော် ဤစကားက လူတိုင်းကို ချက်ချင်း သတိထားမိသွားစေသည်။
ချက်ချင်းပင် ကိစ္စများ မမှန်ကန်ကြောင်းကို လူတိုင်း သိလိုက်ကြသည်။ထိုအထဲတွင် တုံ့ပြန်မှု အပြင်းထန်ဆုံးသူမှာ သဘာဝအတိုင်းပင် ရွှီတမောင်း ဖြစ်သည်။
သူက လေထဲမှ အနံ့ကို ရှူရှိုက်ကြည့်ပြီးနောက် အနံ့လာရာလမ်းကြောင်းအတိုင်း လျှောက်သွားသည်။မည်သူက ပစ္စည်းခိုးသနည်းဆိုသည်ကို လူတိုင်း သိချင်နေကြသဖြင့် တစ်ယောက်ပြီးတစ်ယောက် နောက်မှ လိုက်သွားခဲ့ကြသည်။
ချန်ကောဟွားကလည်း ခွေးအချင်းချင်း ကိုက်ကြမည့် ပြဇာတ်ကောင်းကို ကြည့်ချင်နေသည်။ထို့ကြောင့် ချင်ကျင်းယွီ၏ လက်ကို ဆွဲကာ လူအုပ်ကြီးနှင့်အတူ လိုက်သွားသည်။
ဤသို့ဖြင့် မိနစ်အနည်းငယ်ကြာပြီးနောက် ရွှီတမောင်းက လူတိုင်းကို ခေါ်ဆောင်ကာ ဟယ်ယွီကျူး၏ အိမ်တံခါးဝသို့ ရောက်ရှိလာသည်။
ကြက်သားနံ့မှာ သဘာဝအတိုင်းပင် ဤနေရာမှ လွင့်ပျံ့လာခြင်း ဖြစ်သည်။ကြက်သားနံ့က ဟယ်ယွီကျူး၏ အိမ်ထဲမှ ထွက်လာကြောင်းကို တွေ့ရှိသွားပြီးနောက် ရွှီတမောင်းမှာ တိုက်ရိုက်ပင် ဒေါသထွက်သွားသည်။မူလကတည်းက သူနှင့် ဟယ်ယွီကျူးတို့မှာ တစ်သက်လုံး ရန်ဖြစ်လာခဲ့သော ရန်သူတော်ကြီးများ ဖြစ်သည်။ထို့ကြောင့် သူ့အိမ်မှ ကြက်ကို ဟယ်ယွီကျူး ခိုးသွားသည်ဟု သူက သတ်မှတ်လိုက်သည်။
စကားနှစ်ခွန်း မပြောတော့ဘဲ ဟယ်ယွီကျူး၏ အိမ်တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်တော့သည်။ထို့နောက် ဟယ်ယွီကျူးက အိမ်ထဲတွင် ကြက်စွပ်ပြုတ် ပြုတ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဟယ်ယွီကျူး၏ ပိုင်ဆိုင်မှု ၅၀၀မှ အားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ယခုလည်း နွေဦးပွဲတော် နီးကပ်လာပြီဖြစ်ရာ သူက ကြက်အရိုးအချို့ကို ယူကာ စွပ်ပြုတ်လုပ်သောက်ရင်း ကောင်းကောင်းမွန်မွန် စားသောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သို့သော် ထင်မှတ်မထားသည်မှာ ဤစွပ်ပြုတ်ကို ပြုတ်ပြီးခါစ သောက်ရန်ပင် မပြင်ရသေးမီ ရွှီတမောင်း၏ တံခါးကန်သံကြောင့် အလွန်အမင်း လန့်ဖျပ်သွားခဲ့ရသည်။
"ရွှီတမောင်း၊ မင်း ငါ့အိမ်တံခါးကို ကန်တယ်၊ အရေပြား ယားနေတာလား"
ဟယ်ယွီကျူးက ဒေါသတကြီး ဆူပူလိုက်သည်။
ရွှီတမောင်းက ဟယ်ယွီကျူး ကြက်စွပ်ပြုတ် သောက်နေသည်ကို မြင်သောအခါ ဟယ်ယွီကျူး၏ ဆဲဆိုမှုများကို ဂရုမစိုက်တော့ဘဲ အနောက်ဘက်ရှိ လူများကို တိုက်ရိုက်ပင် အော်ပြောလိုက်သည်။
"ကောင်းပြီ၊ ဒီကြက်ခိုးတဲ့ သူခိုးကို နောက်ဆုံးတော့ ရှာတွေ့သွားပြီ၊ ဟယ်ယွီကျူးဆိုတဲ့ ဒီလူယုတ်မာက ငါ့အိမ်က ကြက်ကို ခိုးသွားတာပဲ"
"လူတိုင်း မြင်တဲ့အတိုင်းပဲ၊ ငါတို့ သူ့ကို လုံခြုံရေးဌာနကို အတူတူ ဖမ်းပို့ကြမယ်"
အကယ်၍ ဤစကားကို လွန်ခဲ့သော တစ်မိနစ်ကသာ ပြောခဲ့လျှင် ဟယ်ယွီကျူးက ဤသို့သော ကိစ္စမျိုး လုပ်လိမ့်မည်ဟု လူတိုင်းက လုံးဝ ယုံကြည်ကြမည် မဟုတ်ပေ။
သို့သော် ယခုတော့ မတူညီတော့ပေ၊ မျက်မြင်ကိုယ်တွေ့ကသာ အမှန်တရားဖြစ်ပြီး နားဖြင့်ကြားရသည်မှာ အလကားသာ ဖြစ်သည်ဟု ဆိုကြသည့်အတိုင်း ဖြစ်သည်။ကြက်အရိုးများ အားလုံးက ဤနေရာတွင် ရှိနေသည်။
ရွှီတမောင်း ပျောက်သွားသည်ကလည်း ကြက်ပင် ဖြစ်သည်။ထို့အပြင် ယခင်က ပန့်ကန့်အတွက် အပြစ်ဝင်ခံပေးခဲ့သည့် ကိစ္စတွင် ဟယ်ယွီကျူးက ကျားကျန်းရှီအား ငွေ ၅၀၀ လျော်ကြေးပေးခဲ့ရသည်။ထို့ကြောင့် သူ၏ အိမ်တွင် ငွေမရှိတော့ကြောင်းကို လူတိုင်း သိထားကြသည်။ထို့ကြောင့် မျက်စိရှေ့ရှိ အရာအားလုံးမှာ အလွန်ပင် ခိုင်လုံနေပုံပေါ်သည်။
သို့ဖြစ်၍ ဤမြင်ကွင်း ပေါ်ပေါက်လာပြီးနောက် သူ့အပေါ် အကောင်းမြင်ထားသော ရီကျုံးဟိုင်ပင်လျှင် မျက်နှာမှာ အိုးမည်းကဲ့သို့ မည်းမှောင်သွားသည်။
အဘယ်ကြောင့်ဆိုသော် အမှန်တရားက စကားအရာသာလွန်နေသဖြင့် သူ မယုံကြည်ဘဲ မနေနိုင်တော့ပေ။သို့သော် ဟယ်ယွီကျူးက မည်သို့ပင် အမှားလုပ်စေကာမူ သူသည် နောင်တွင် မိမိအား ပြုစုစောင့်ရှောက်ပေးမည့်သူ ဖြစ်ကြောင်းကိုလည်း သူ သိထားသည်။ထို့ကြောင့် သူက တိုက်ရိုက်ပင် အပြစ်မစီရင်ခဲ့ပေ။ထို့အစား သူက ပြောလိုက်သည်။
"ရွှီတမောင်း၊ မင်း အရင် စကားမပြောနဲ့ဦး"
ပြောအပြီးတွင် ဟယ်ယွီကျူးဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။
"ဟယ်ယွီကျူး၊ မင်း ခဏ ထွက်ခဲ့ဦး၊ လူတိုင်း အတူတူ ခြံဝင်းတစ်ဝိုက် အစည်းအဝေးတစ်ခု လုပ်ရအောင်"
ခြံဝင်းတစ်ဝိုက် အစည်းအဝေး လုပ်မည်ဟု ပြောလာချိန်တွင် ထိုနေရာရှိ လူတိုင်းမှာလည်း အခြား လုပ်စရာကိစ္စ မရှိသဖြင့် တစ်ယောက်ပြီးတစ်ယောက် ပွဲကြည့်ချင်နေကြသည်။
ဟယ်ယွီကျူး တစ်ယောက်တည်းသာ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။ထို့နောက် သူက မနေနိုင်ဘဲ ဆူညံစွာ အော်ဟစ်လာခဲ့တော့သည်။
"ဘာ၊ ခြံဝင်းတစ်ဝိုက် အစည်းအဝေး ဟုတ်လား၊ ငါ အိမ်မှာ ကြက်စွပ်ပြုတ် နည်းနည်း လုပ်သောက်တာတောင် ဥပဒေချိုးဖောက်ရာ ကျနေပြီလား၊ ဒါက ဘာသဘောတရားလဲ"
ဤအချိန်တွင် လျိုဟိုင်ကျုံးကလည်း ဝင်ပြောလိုက်သည်။
"ဟယ်ယွီကျူး၊ ရွှီတမောင်းအိမ်က ကြက်တစ်ကောင် ပျောက်သွားတယ်၊ မင်းကလည်း အတော်ပဲ ကြက်စွပ်ပြုတ် လုပ်နေတယ်ဆိုတော့ မင်း လူတိုင်းနဲ့ တစ်ခေါက်လောက် လိုက်ကြည့်တာ အကောင်းဆုံးပဲ"
ထိုစကားကို ကြားသောအခါ ဟယ်ယွီကျူးမှာ တိုက်ရိုက်ပင် ကြောင်အမ်းသွားသည်။သူက လုံးဝကို ကြောင်အမ်းသွားခဲ့ခြင်း ဖြစ်သည်။
ဘာလို့ အကောင်းကြီးနေရင်းနဲ့ ပြဿနာတွေ အကုန်လုံးက သူ့ခေါင်းပေါ် ကျလာရတာလဲ
သူက မသွားတော့ဘူးဟု ဆုံးဖြတ်လိုက်ချိန်တွင်ပင် ရီကျုံးဟိုင်၏ အသံက တိုက်ရိုက် ထွက်ပေါ်လာသည်။
"ဟယ်ယွီကျူး၊ ငါနဲ့ လိုက်ခဲ့၊ မင်းလုပ်တာ မဟုတ်ရင် ငါ မင်းအတွက် တရားမျှတမှု သေချာပေါက် ပေးမှာပါ"
ဤစကားမှာလည်း လွန်စွာ ထူးကဲသည်။ဒါက ဘက်လိုက်မှုကို သိသိသာသာကြီး ပြသနေခြင်း ဖြစ်သည်။သို့သော် သူ၏ အကျင့်စရိုက်ကို လူတိုင်း သိထားကြသဖြင့် မည်သူကမျှ များများစားစား မပြောဆိုခဲ့ကြပေ။
ဟယ်ယွီကျူးလည်း ရီကျုံးဟိုင်က ထိုသို့ ပြောလာသည်ကို မြင်သောအခါ ရင်ထဲတွင် ဒေါသများကို မျိုသိပ်ကာ လူတိုင်းနှင့် ပူးပေါင်းရန်သာ တတ်နိုင်တော့သည်။
ထိုအချိန်တွင် ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ အနည်းငယ် စိုးရိမ်ပူပန်လာသည်။ထိုစဉ် သူမက ဟယ်ယွီကျူး၏ အိုးထဲရှိ ကြက်အရိုးများကို ကြည့်လိုက်ပြီးနောက် သားဖြစ်သူ ပန့်ကန့် ယခင်က ပြောခဲ့သော စကားကို ရုတ်တရက် သတိရသွားသည်။
ဘာလို့ ကြက်သားနံ့ ထပ်ရနေတာလဲ
"ထပ်" ဆိုသော စကားတစ်ခွန်းက သူမ၏ ရင်ထဲတွင် တိုက်ရိုက်ပင် စိုးရိမ်ထိတ်လန့်သွားစေသည်။
သိထားရမည်မှာ အိမ်တွင် ကြက်ပေါင်း မစားခဲ့ရဖူးပေ
ဒါမှမဟုတ်......
ရွှီတမောင်းအိမ်က ကြက်က ငါ့သားနဲ့များ ပတ်သက်နေမလား