← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃)

"အား..."

"ငါ့သားလေး…ဘာဖြစ်သွားတာလဲ"

ရုတ်တရက် ဖြစ်ပေါ်လာသော ပြောင်းလဲမှုက ချင်ဟွိုင်ယွီအား ချက်ချင်းပင် ကြောက်လန့်တကြားဖြစ်ကာ ကြက်သေသေသွားစေသည်။ ထို့နောက် သူမသည် ချက်ချင်းပင် ပြေးသွားကာ ပန့်ကန့်အား ဖက်ထားလိုက်သည်။သူမ၏ မျက်လုံးများထဲတွင် အလွန်အမင်း ထိတ်လန့်နေမှုများ ပြည့်နှက်နေ၏။

သို့သော် မဖက်ထားမိလျှင် တော်သေးသည်ဟု ဆိုရမည်ဖြစ်ပြီး ဖက်လိုက်မိသောအခါ ကြောက်လန့်လွန်းသဖြင့် မေ့လဲလုမတတ် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ပန့်ကန့်၏ ခန္ဓာကိုယ်ထံမှ မည်သည့် အပူငွေ့ကိုမျှ မခံစားရဘဲ အေးစက်မှုများကိုသာ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

လူအုပ်ထဲတွင်ရှိ‌ေန‌ေသာ ကျားကျန်းရှီသည်လည်း တိုက်ရိုက်ပင် မင်တက်သွားသည်။ ပန့်ကန့်မှာ သူမ ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့်ဖြင့် ယုယချစ်ခင်လာခဲ့ရသော လိမ္မာသည့် မြေးလေးဖြစ်သည်။ ယခုအချိန်တွင် သူမ၏ ခင်ပွန်းဖြစ်သူမှာ အလုပ်ခွင်၌ ဒဏ်ရာရကာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ သားဖြစ်သူ ကျားတုန်းရွှီမှာလည်း အိပ်ရာပေါ်တွင် အကြောသေနေပြီဖြစ်ရာ တစ်ဦးတည်းသောမြေးလေးသာ တစ်ခုခုဖြစ်သွားခဲ့ပါလျှင် သူမသည်လည်း စိုးရိမ်ပူပန်လွန်းသဖြင့် လောင်ကျား (ခင်ပွန်းဖြစ်သူ) ထံသို့ အမြန်သွားတွေ့ရမည့်ကိန်း ဆိုက်ပေလိမ့်မည်။

ထို့ကြောင့် ပန့်ကန့်၏ ထိုကဲ့သို့သော ပုံစံကို မြင်တွေ့လိုက်ရသောအခါ ကျားကျန်းရှီသည် ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းတော့၏။

"လောင်ကျားရယ်…နင် ထွက်သွားတုန်းက ဘာလို့ ငါ့ကို ခေါ်မသွားရတာလဲ၊ ဘာလို့ ငါ့ရဲ့ မြေးလိမ္မာလေး မကောင်းဆိုးဝါးပူးခံရတာကို မြင်တွေ့ခိုင်းရတာလဲ၊ ငါ့ရဲ့ ရင်တွေ ကွဲကြေကုန်ပါပြီ"

တစ်ခဏမျှ ငိုကြွေးမြည်တမ်းပြီးနောက်တွင် ကျားကျန်းရှီသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ ကောင်းကင်ဘုံအား စတင်၍ ကျိန်ဆဲတော့သည်။

"မျက်စိမပါတဲ့ ကောင်းကင်ယုတ်ကြီး၊ နင်က အရမ်းကို မတရားလွန်းတာပဲ ၊ မကောင်းတဲ့ ကိစ္စမှန်သမျှက ငါတို့ ကျားမိသားစုဆီမှာပဲ လာဖြစ်နေတယ်၊ အရမ်းကို လွန်လွန်းတယ်"

အမျိုးသမီးနှစ်ဦး၏ ကျယ်လောင်စွာ ငိုကြွေးနေမှုများအောက်တွင် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျားတုန်းရွှီ၏ ရင်ထဲ၌ ပို၍ပင် နေရခက်နေသည်။ ပန့်ကန့်သည် သူ၏ အသက်ဖြစ်ပြီး သူ၏ ကျန်ရှိနေသေးသော ဘဝတစ်ဝက်အတွက် မျှော်လင့်ချက်ပင် ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ယခုလက်ရှိတွင် မိသားစုအတွင်းရှိ သဟဇာတဖြစ်မှု အားလုံးသည် ပန့်ကန့်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အကယ်၍ ပန့်ကန့်သာ တစ်ခုခုဖြစ်သွားခဲ့ပါလျှင် ကျားမိသားစုဆိုသည်မှာ လုံးဝ ရှိတော့မည် မဟုတ်ချေ။

သူသည်လည်း ကျားမိသားစုဝင်တစ်ဦးဖြစ်ရာ သဘာဝကျစွာပင် ဆက်လက် အသက်ရှင်သန်နိုင်ရန် အကြောင်းပြချက် မရှိတော့ချေ။ ဆောင်းရာသီကြီးတွင် သူသည် စိုးရိမ်ပူပန်လွန်းသဖြင့် တစ်ခေါင်းလုံး ချွေးများ ရွှဲနစ်နေသည်။ သို့သော် နောက်ဆုံးတွင် သတိလစ်ဟင်းသွားမှုတစ်ခုကြောင့် ဘီးတပ်ကုလားထိုင်ပေါ်မှ တိုက်ရိုက်ပင် လိမ့်ကျသွားခဲ့ရာ ဖရိုဖရဲဖြင့် ပြုတ်ကျသွားသည်။

ဟွိုင်ဟွားနှင့် ရှောင်တန်းတို့ နှစ်ဦးမှာမူ အသက်အရွယ် အလွန်ငယ်ရွယ်သေးသောကြောင့် မည်သည့်အရာ ဖြစ်ပျက်နေကြောင်းကို လုံးဝ မသိရှိကြဘဲ မိမိတို့အိမ်မှ လူကြီးများအားလုံး နာကျင်စွာ ငိုကြွေးမြည်တမ်းနေကြသည်ကိုသာ မြင်တွေ့နေရသဖြင့် သူတို့နှစ်ဦးသည်လည်း ကြောင်တောင်တောင်ဖြင့် လိုက်ကာ ငိုကြွေးလာကြလေတော့သည်။

ထိုနေရာတွင် လူအများ၏ ငိုကြွေးမြည်တမ်းသံများ၊ နာကျင်စွာ ငိုကြွေးသံများနှင့် ကြောက်လန့်တကြား အော်ဟစ်သံများ လွှမ်းခြုံပြည့်နှက်လာသည်။အ‌ေခြအ‌ေနက ချက်ချင်းပင် အရာအားလုံး ဖရိုဖရဲ ဖြစ်သွားသည်။

အချိန်အတန်ကြာ ကျော်လွန်သွားပြီးနောက်တွင်မှ လူအများက သတိပြန်ဝင်လာကြသည်။ ယခုလက်ရှိ ပန့်ကန့်၏ ဤထူးဆန်းသော အပြောင်းအလဲမှာ ချန်ကောဟွား ပြောခဲ့သည့် ဖုတ်ကောင်ရောဂါနှင့် တစ်ထပ်တည်းကျနေသည်ဟု မဆိုနိုင်သော်ငြားလည်း သေချာပေါက် ကွာခြားမှုများစွာ မရှိလှပေ။

ဤအခြေအနေမျိုးတွင် ရွှီတမောင်းအိမ်မှ ကြက်သည် သေချာပေါက် မကောင်းဆိုးဝါးပူးကပ်နေကြောင်းကို လူတိုင်းက အပြည့်အဝ ယုံကြည်သွားကြသည်။ သို့သော် လူတိုင်း၏ ခေါင်းထဲတွင် ပြည့်နှက်နေသည်မှာ ပန့်ကန့်၏ ခန္ဓာကိုယ် ကျန်းမာရေးအခြေအနေပင် ဖြစ်သည်။

မည်သူက ကြက်ကိစ္စကို ဂရုစိုက်နိုင်တော့မည်နည်း။ ဤအချိန်တွင် လျိုဟိုင်ကျုံးက အလျင်စလိုဖြင့် အသံကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မြန်မြန် မြန်မြန် အားလုံး တာအိုဘုန်းကြီးကို မြန်မြန် သွားရှာကြ"

စကားသံ ဆုံးသွားသောအခါ ရီကျုံးဟိုင်သည်လည်း အလျင်စလို စီစဉ်ညွှန်ကြားတော့သည်။

စက်ရုံထဲသို့ အမြန်သွားရောက်ကာ စက်ဘီးကို ယူဆောင်လာရန် လူများကို ခေါ်ယူစေခိုင်းသည်။ သို့သော် ပြန်လည်တွေးတောကြည့်လိုက်သောအခါ စက်ဘီး ယူလာနိုင်ခဲ့လျှင်ပင် မကောင်းဆိုးဝါးနှင်ထုတ်ပေးမည့် တာအိုဘုန်းကြီးကို မည်သည့်နေရာတွင် သွားရှာရမည်နည်း။

ပရမ်းပတာဖြစ်နေမှုများကြားတွင် ရီကျုံးဟိုင်သည် ချန်ကောဟွားကို သတိရသွားသည်။ ချန်ကောဟွားသည် ပြဿနာ၏ ဇာစ်မြစ်ကို ကြည့်ရှုသိမြင်နိုင်သည်ဆိုပါက သူ့တွင် ဖြေရှင်းရန် နည်းလမ်း ရှိနေနိုင်သည် မဟုတ်ပါလော။ ဤသည်ကို တွေးမိသောအခါ သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ချန်ကောဟွားကို ခေါ်ဆောင်ကာ ပန့်ကန့်၏ အနီးသို့ ရောက်ရှိလာသည်။

ထို့နောက် သူက ချန်ကောဟွားအား လက်ညှိုးထိုးကာ

"ကောဟွား မင်း ကြည့်စမ်းပါဦး၊ ပန့်ကန့် အခုလိုမျိုး ခုန်ပေါက်နေတာက မကောင်းဆိုးဝါးပူးနေတဲ့ ကြက်ကို စားလိုက်မိလို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာ မဟုတ်လား" ဟု ပြောလိုက်သည်။

ရီကျုံးဟိုင်က ဤသို့ မေးလိုက်သောအခါ ထိုနေရာရှိ အမှန်တရားကို မသိရှိကြသော အိမ်နီးချင်းများအားလုံးကလည်း မအောင့်နိုင်ဘဲ တီးတိုးရေရွတ်လာကြသည်။

တကယ်တော့ ဒီကောင်လေး ပန့်ကန့်ကပဲ ခိုးသွားတာကိုး

ရင်ထဲ၌ တစ်ခဏမျှ နာကြည်းမုန်းတီးသွားကြပြီးနောက်တွင် ခုနက ဟယ်ယွီကျူး၏ လုပ်ရပ်များမှာ ဘာကြောင့်လဲဆိုသည်ကို လူတိုင်း နားလည်သွားကြသည်၊သူက ပန့်ကန့်အတွက် အပြစ်များကို ဝင်ရောက်ခံယူပေးနေခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

ဤတစ်ကြိမ်တွင် လူတိုင်းက ဟယ်ယွီကျူးအား အလွန်အမင်း အထင်အမြင်သေးသွားကြသည်။ ပန့်ကန့်အတွက် အပြစ်များကို ထပ်တလဲလဲ ဝင်ရောက်ခံယူပေးခြင်းဖြင့် ပန့်ကန့် ပစ္စည်းခိုးယူလိုသည့် စိတ်ဓာတ်ကို အားပေးအားမြှောက်ပြုနေခြင်းက အများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်း ဖြစ်သည်။

နောက်ပြီး ဟယ်ယွီကျူးက တကယ်ပဲ ကျားမိသားစုအတွက် ခွေးတစ်ကောင်ဖြစ်ရတာကို ဒီလောက်တောင် သဘောကျနေတာလား

အောက်တန်းမကျလွန်းဘူးလား

လူတိုင်း၏ ရင်ထဲတွင် ဒေါသထွက်နေကြသော်လည်း နောက်ဆုံးတွင်မူ သည်းခံလိုက်ကြသည်။ မည်သို့ပင်ဆိုစေ ယခုလက်ရှိတွင် အရေးကြီးဆုံးမှာ လူကို ကယ်တင်ရန်ဖြစ်သည်။ထိုသို့မဟုတ်ဘဲ ခြံဝင်းထဲတွင် လူသေမှုဖြစ်ပွားသွားပါက သို့မဟုတ် ဖုတ်ကောင်ပေါ်လာပါက နာမည်ပျက်သွားနိုင်သည်။

ဆက်ပြောရမည်ဆိုလျှင် ရီကျုံးဟိုင်သည် ချန်ကောဟွား၏ အရှေ့သို့ ရောက်လာသောအခါ ချန်ကောဟွား၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်ကွေးသွားသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူ့ထံသို့ လာရောက်ရှာဖွေခြင်းမှာ သူ၏ဆန္ဒနှင့် တိုက်ဆိုင်နေသောကြောင့်ဖြစ်သည်။

ခုနက ပန့်ကန့်ဟူသော ဤတိရစ္ဆာန်လေးက မကောင်းဆိုးဝါး အကြံအစည်များ ပြည့်နှက်နေသော မျက်နှာဖြင့် ချန်မိသားစု၏ အိမ်ကို အကဲခတ်နေသောအခါ ချန်ကောဟွားသည် အခြားစကားများ ပြောမနေတော့ဘဲ သူ့အပေါ်သို့ ကျွမ်းကျင်မှုကတ်တစ်ခုကို တိုက်ရိုက် အသုံးပြုလိုက်သည်။

၎င်းမှာ [ဖုတ်ကောင် အတွေ့အကြုံကတ်] ပင် ဖြစ်သည်။

ဤလုပ်ဆောင်ချက်ကတ်ကို အသုံးပြုရာတွင် တစ်စုံတစ်ဦးကို တိုက်ရိုက် သတ်မှတ်ပစ်မှတ်ထားကာ အသုံးပြုနိုင်သည်။တစ်ဖက်လူအား ဖုတ်ကောင်ဖြစ်ရခြင်းမှာ မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်ကြောင်းကို မြည်းစမ်းခံစားကြည့်စေနိုင်သည်။ ဤကတ်၏ ကြာမြင့်ချိန်မှာ နေ့ဝက်ခန့်ဖြစ်ပြီး အသုံးပြုသူအနေဖြင့် အချိန်မရွေး အာနိသင်ကို ရပ်တန့်နိုင်စွမ်း ရှိသည်။

မူလက ဤကတ်နှင့်ပတ်သက်၍ ချန်ကောဟွားသည် အမှတ်တရပစ္စည်းတစ်ခုအနေဖြင့် ထားရှိလျှင်ပင် လုံလောက်ပြီဟု ထင်မှတ်ထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ဖုတ်ကောင်အခြေအနေမှာ မည်သို့ရှိသည်ကို သူ မခံစားလိုခဲ့ချေ။ အခြားသူများကိုလည်း ဖုတ်ကောင်အခြေအနေ ခံစားရစေရန် မလိုလားခဲ့ချေ။ ဤသည်မှာ လူကို ဒုက္ခပေးခြင်း ဖြစ်သည်။

သို့သော် ပန့်ကန့်ဟူသော ဤတိရစ္ဆာန်လေးကို မြင်တွေ့လိုက်ရသောအခါ သူသည် ဤဖုတ်ကောင်ကတ်ကို ချက်ချင်းပင် သတိရသွားသည်။ ထို့ကြောင့် သူက ရွှီတမောင်းအိမ်မှ ကြက်သည် မကောင်းဆိုးဝါးပူးနေကြောင်း လူတိုင်းအား ပြောပြလိုက်သည်။

ထို့အပြင် မကောင်းဆိုးဝါးပူးနေသော ကြက်ကို စား၍မရနိုင်ချေ။ အကယ်၍ စားလိုက်မိပါက ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခုခေတ် လူများအတွက်မူ ဖုတ်ကောင်ဆိုသည်မှာ ဘယ်အရာဖြစ်ကြောင်းကို မည်သူကမျှ သိရှိထားကြခြင်း မရှိချေ။ တစ်ချက်လောက် လှည့်စားလိုက်ရုံဖြင့် ပြီးစီးသွားမည် ဖြစ်သည်။

လူတိုင်း လှည့်စားခံရပြီးနောက်တွင် ပန့်ကန့်၏အပေါ်သို့ ဖုတ်ကောင်ကတ်ကို ထပ်မံ အသုံးပြုလိုက်သည်။ အရာအားလုံး အံကိုက်ဖြစ်သွားသည်။

ဤအဆင့်များကို လုပ်ဆောင်ပြီးစီးသွားပြီးနောက်တွင် ဤသည်မှာ ပန့်ကန့်အား ဒုက္ခပေးရန် သူ၏ ပထမခြေလှမ်းသာလျှင် ဖြစ်သည်။ အကယ်၍ ပန့်ကန့်သည် ကြက်ခိုးသူဖြစ်ကြောင်းကို လူတိုင်း သိစေချင်ရုံသာဆိုလျှင် ချန်ကောဟွားအနေဖြင့် ဤမျှလောက်အထိ အလုပ်ရှုပ်ခံနေမည် မဟုတ်ချေ။

သူ အမှန်တကယ် လိုချင်သောအရာမှာ ပန့်ကန့်အား သေလုမတတ် ဒုက္ခပေးရန်ဖြစ်ပြီး သူ၏ တစ်သက်တာတွင် ချန်ကောဟွားဟူသော စာလုံးသုံးလုံးကို တွေးမိလိုက်သည်နှင့် ရင်ထဲမှနေ၍ ကြောက်လန့်သွားစေရန်ပင် ဖြစ်သည်။

ဒုတိယအဆင့်မှာ အခြားသူများက မိမိထံသို့ လာရောက်ကာ မည်သို့လုပ်ဆောင်ရမည်ကို မေးမြန်းစေရန်ပင် ဖြစ်သည်။ ဖျားနာနေချိန်၌ မည်သည့်ဆရာဝန်ကိုမဆို အကူအညီတောင်းခံတတ်သည်ဟူသော စကားမှာ အလကားပြောထားသည့် စကားမဟုတ်ချေ။

ယခုပင် ရီကျုံးဟိုင်က သူ့ထံသို့ အလျင်အမြန် လာရောက်ရှာဖွေခဲ့ပြီဖြစ်ရာ နောက်ပိုင်းတွင် အရာအားလုံးသည် မူလအစီအစဉ်အတိုင်း ဆက်လက်လည်ပတ်နေပြီ ဖြစ်သည်။

လာရောက်မေးမြန်းနေသော ရီကျုံးဟိုင်အား ရင်ဆိုင်ရာတွင် ချန်ကောဟွားသည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသည်။ ထို့နောက် သူသည် နေရာ၌ပင် အရမ်းကာရော ခုန်ပေါက်နေသော ပန့်ကန့်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်

"တာအိုဘုန်းကြီးဆိုတာ အဲ့ဒီလောက် လွယ်လွယ်ကူကူ ရှာလို့ရနိုင်ပါ့မလား" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်တွင် ပရမ်းပတာဖြစ်နေကြသော လူအုပ်ကြီးသည် အားကိုးရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခေါင်းများကို လှည့်ကာ ချန်ကောဟွားအား ဝိုင်းကြည့်လာကြသည်။

လူတိုင်းက မိမိအား ကြည့်နေကြသည်ကို မြင်သောအခါ ချန်ကောဟွားသည် ချင်ဟွိုင်ယွီအား ခံစားချက်ကင်းမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ပန့်ကန့်က ရွှီတမောင်းအိမ်က ကြက်ကို ခိုးစားခဲ့တာ မဟုတ်လား"

ချင်ဟွိုင်ယွီက အတော်ကြာသည်အထိ စကားမပြောနိုင်သည်ကို ချန်ကောဟွား မြင်သောအခါ ပြင်းထန်သောလေသံဖြင့် ထပ်မံ ဖြည့်စွက်ပြောလိုက်သည်။

"မပြောလို့မရဘူး၊ ပြီးတော့ အရမ်းကာရော လျှောက်ပြောလို့လည်း မရဘူး၊ အဲ့လိုမှမဟုတ်ရင် ပန့်ကန့်ကို တကယ်ပဲ ကယ်တင်နိုင်မှာ မဟုတ်ဘူး"

"စားလိုက်မိပါတယ်"

ချင်ဟွိုင်ယွီသည်လည်း အခြေအနေ၏ အတိမ်အနက်ကို သိရှိထားသဖြင့် ခေါင်းညိတ်ကာ တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

ထိုသို့ ဖြေကြားပြီးနောက်တွင် ချန်ကောဟွားသည် ဟန်ဆောင်ပန်ဆောင်ဖြင့် ခေါင်းခါယမ်းကာ ပြင်းပြင်းထန်ထန် စဉ်းစားနေဟန် ပြုလုပ်လာသည်။

"ဒီဖုတ်ကောင်ရောဂါက မကောင်းဆိုးဝါးပူးကပ်ခံရလို့ ဖြစ်လာတာ၊ သာမန်အခြေအနေမျိုးနဲ့ကတော့ ဒီမကောင်းဆိုးဝါးအငွေ့အသက်တွေကို ဖယ်ရှားပစ်ဖို့ဆိုတာ လုံးဝ မလွယ်ကူဘူး"

"ရိုးရာနည်းလမ်းတွေကိုပဲ သုံးရတော့မှာပေါ့"

ချန်ကောဟွားတွင် နည်းလမ်းရှိပုံရသည်ကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီနှင့် အခြားသူများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

သို့သော် နောက်ဆက်တွဲစကားများကိုမူ ချန်ကောဟွားက တိုက်ရိုက်ပင် ရပ်တန့်ထားရန် ရွေးချယ်လိုက်သည်။

"ဘာ ရိုးရာနည်းလမ်းလဲ၊ မင်း မြန်မြန်ပြောစမ်း"

နှင်းပြင်ပေါ်တွင် လဲလျောင်းနေသော ကျားတုန်းရွှီမှာ စိုးရိမ်ပူပန်လာသဖြင့် အလျင်စလို တိုက်တွန်းတော့သည်။

လူအများ၏ တိုက်တွန်းမှုများကို ရင်ဆိုင်လိုက်ရချိန်တွင် ချန်ကောဟွားက ဖြည်းညင်းစွာဖြင့် စတင်ပြောဆိုလာသည်။

"အရမ်းကို ရိုးရှင်းပါတယ်၊ မကောင်းဆိုးဝါးပူးတယ်ဆိုတာက ယင် မကောင်းဆိုးဝါးဓာတ်တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတာပဲ၊ အဲ့ဒီမကောင်းဆိုးဝါးကို ချေဖျက်မယ့် ရိုးရာနည်းလမ်းကတော့ အစွမ်းထက်ဆုံး ယန် အရာဝတ္ထုကို အသုံးပြုရုံပဲ"

"အဲ့ဒါကတော့ မကောင်းဆိုးဝါးနှင်ထုတ်ဖို့ ရွှေရည်ပူကို အသုံးပြုတာပဲ"

"ရောဂါလက္ခဏာ မပြင်းထန်တဲ့သူဆိုရင် ရွှေရည်ပူကို အဲ့ဒီလူရဲ့ ခန္ဓာကိုယ်အပြင်ဘက်မှာ သုတ်လိမ်းပေးရမယ်၊ ရောဂါလက္ခဏာ ပြင်းထန်တဲ့သူအတွက်ဆိုရင်တော့ ရွှေရည်ပူကို အဲ့ဒီလူရဲ့ ပါးစပ်ထဲကို တိုက်ရိုက် လောင်းထည့်ပေးရုံပဲ၊ ဒါဆိုရင် မကောင်းဆိုးဝါးအငွေ့အသက်တွေက အလိုအလျောက် ပျက်ပြယ်သွားလိမ့်မယ်"

ရွှေရည်ပူနဲ့ မကောင်းဆိုးဝါးနှင်ထုတ်မယ် ဟုတ်လား...

ခြံဝင်းထဲရှိ လူများအားလုံးမှာ စာပေများစွာ သင်ကြားဖူးခြင်း မရှိကြသဖြင့် ရွှေရည်ပူ ဆိုသည်မှာ ဘယ်အရာဖြစ်ကြောင်းကို မသိရှိကြသကဲ့သို့ ဖုတ်ကောင်ရောဂါကုသသည့် ဤမျှလောက် ထူးဆန်းသော ရိုးရာနည်းလမ်းကို ပို၍ပင် မသိရှိကြချေ။

သို့သော် နားထောင်ကြည့်ရသည်မှာ အကြောင်းပြချက် ခိုင်လုံနေပုံရပြီး ယုံကြည်ရမည့်ပုံ ပေါ်နေသည်။ ထို့ကြောင့် လူအချို့က စပ်စုလိုစိတ်ဖြင့် မေးမြန်းလာကြသည်။

"ချန်ကောဟွား ရွှေရည်ပူဆိုတာက ဘာလဲ"

ထို့နောက် ချန်ကောဟွားသည်လည်း ပါးစပ်ဖွင့်ကာ ရှင်းပြတော့သည်။ သို့သော် ရှင်းပြပြီးနောက်တွင် ကျားတုန်းရွှီမှာ တိုက်ရိုက်ပင် အံ့အားသင့်ကာ ကြက်သေသေသွားသည်။ ထို့နောက် မယုံကြည်နိုင်မှုများ အပြည့်ဖြင့် ပြောလိုက်သည်။

"ဘာ မင်းက ငါ့သားကို ချော်ကီးကျွေးချင်တာလား"

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဒါကိုသာ စားလိုက်ရမယ်ဆိုရင် ခွေးနဲ့ ဘာကွာတော့မှာလဲ"

...

အခန်း ၅၄။ ချော်ကီးစားရင်း အန်ထွက်လာသည့် ပန့်ကန့်

ဤအဆိုပြုချက်နှင့် ပတ်သက်၍ ကျားတုန်းရွှီက မစဉ်းစားတော့ဘဲ တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏သားဖြစ်သူအား ချော်ကီးစားခိုင်းမည်ကို သူ လုံးဝ လက်မခံနိုင်သောကြောင့်ပင် ဖြစ်သည်။

လမ်းမပေါ်ထွက်ကာ ကံစမ်းကြည့်ရန်သာ ရွေးချယ်လိုပြီး တာအိုဘုန်းကြီးတစ်ပါးပါးကို ရှာတွေ့ကောင်း ရှာတွေ့နိုင်မည်ဟုသာ ယုံကြည်လိုသည်။

သူ ဤသို့ တွေးတောနေခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။ အကယ်၍ တကယ်သာ ချော်ကီးစားလိုက်ရပါက တစ်သက်လုံး ခေါင်းမဖော်နိုင်တော့မည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

ပို၍ဆိုးသည်မှာ ငယ်ဘဝ၏ အရိပ်မည်းကြီး တိုက်ရိုက်ဖြစ်သွားကာ တစ်သက်လုံး ကုစားနေရမည် ဖြစ်သည်။

"ဟင့်အင်း...ဟင့်အင်း... ပန့်ကန့်က ငါတို့ ကျားမိသားစုရဲ့ လူပဲ၊ လုံးဝ စားလို့မဖြစ်ဘူး"

ကျားတုန်းရွှီ ပြောပြီးနောက်တွင် မိခင်ဖြစ်သူ ချင်ဟွိုင်ယွီမှာမူ ဗျာများသွားသည်၊ မည်သို့ပင်ဆိုစေ ဤသည်မှာ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်ပြီး တစ်ကိုယ်လုံး အေးစက်နေကာ ချက်ချင်းပင် အသက်အန္တရာယ် ရှိသွားနိုင်သည်။

အခြားသူများက ချန်ကောဟွား၏ နည်းလမ်းကို ကြားသိရပြီးနောက်တွင် လူတိုင်းက မျက်မှောင်ကြုတ်သွားကြသည်။နှစ်သစ်ကူးတော့မည်ဖြစ်ရာ လူတစ်ယောက် ချော်ကီးစားနေသည်ကို ကြည့်နေရခြင်းမှာ တကယ်ကို ရွံရှာဖွယ်ကောင်းလှသည်ဟု ထင်မြင်နေကြသည်။ ထို့အပြင် သူ၏ပြောစကားများအရ စားရုံသာမကဘဲ ပန့်ကန့်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရွှေရည်ပူများကို သုတ်လိမ်းပေးရဦးမည်ဟု ဆိုထားသည်။

ဤမြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် ပို၍ပင်ရွံရှာဖွယ်ကောင်းနေတော့သည်။ သို့ဖြစ်ရာ လူအတော်များများမှာ နားထောင်ရင်းဖြင့် ခေါင်းခါရမ်းလာကြသည်။

လူများ၏ ဤကဲ့သို့သော တုံ့ပြန်မှုကို ချန်ကောဟွားကလည်း ကြိုတင် ခန့်မှန်းထားပြီးသားပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ပွဲတော်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ သူတစ်ပါး ချော်ကီးစားနေသည်ကို ကြည့်နေရခြင်းမှာ အနည်းငယ်တော့ ပြင်းထန်လွန်းနေသည်။ ထို့ကြောင့် သူက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"တကယ်တော့လည်း ဘာမှမဖြစ်ပါဘူး၊ ဒါက ပထမဆုံး ရိုးရာနည်းလမ်းတစ်ခုပါပဲ မကောင်းဆိုးဝါးကို ချေဖျက်နိုင်တဲ့ တခြားနည်းလမ်း နှစ်ခုလည်း ရှိပါသေးတယ်"

"ဘယ်နှစ်ခုလဲ မြန်မြန်ပြောပါ"

ချင်ဟွိုင်ယွီက ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်သည်။

သူမ အော်ဟစ်ပြီးနောက်တွင် နေရာတစ်ခုလုံးရှိ အကြည့်များအားလုံးက ချန်ကောဟွားအပေါ်သို့ တစ်ဖန်ပြန်လည် စုဆုံသွားကြသည်။

"ဒုတိယနည်းလမ်းကတော့ ခွေးနက်သွေးကို သုံးပြီး မကောင်းဆိုးဝါးနှင်ထုတ်တာပဲ"

"တတိယနည်းလမ်းကတော့ ကောက်ညှင်းဆန်ကို သုံးတာပဲ"

ထိုသို့ ပြောပြီးနောက်တွင် ချန်ကောဟွားက နောက်ထပ် စကားတစ်ခွန်းမျှ ထပ်မပြောတော့ချေ။

ငါက ရွေးချယ်စရာတွေအားလုံးကို ပြောပြပြီးသွားပြီ၊ ဘယ်လို ရွေးချယ်မလဲဆိုတာကတော့ ငါနဲ့ မဆိုင်တော့ဘူး...ဟူသော အမူအရာမျိုးကို ပြသနေသည်။

ချန်ကောဟွား ဤသို့ ပြုလုပ်ပြီးနောက်တွင် ရီကျုံးဟိုင်မှာ အနည်းငယ် အခက်တွေ့နေဟန်ဖြင့် ကျားကျန်းရှီတို့အုပ်စုကို ကြည့်လိုက်သည်။

အခက်တွေ့နေခြင်းကလည်း အလွန် ရိုးရှင်းလှသည်။ ဤခေတ်ကာလတွင် ပစ္စည်းများ ရှားပါးလှရာ ခွေးနက်သွေးကို မည်သည့်နေရာတွင် သွားဝယ်ရမည်နည်း။

ဝယ်မရနိုင်ရုံသာမက ခြံဝင်းကြီးတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် ခြံဝင်းတစ်ခုလုံး၌ ခွေးဝါကြီး တစ်ကောင်သာ ရှိသည်။ ထို့ကြောင့် ပထမ ရိုးရာနည်းလမ်းမှာ အလုပ်မဖြစ်နိုင်ချေ။

ကောက်ညှင်းဆန်ဆိုသည်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။ လူတိုင်းက ဆန်ဝယ်ရန်အတွက်ပင် ဆန်လက်မှတ်များကို အသုံးပြုရသည်ဖြစ်ရာ ကောက်ညှင်းဆန်ကဲ့သို့သော ပို၍ ရှားပါးသည့် စားနပ်ရိက္ခာမျိုးကို ရရှိရန် သဘာဝကျစွာပင် ခဲယဉ်းလှသည်။

သမဝါယမဆိုင်တွင် ရှိနေလျှင်ပင် ယခုအချိန်၌ ရောဂါဖောက်နေပြီဖြစ်ရာ ကောက်ညှင်းဆန် သွားလဲမည်ဆိုလျှင်ပင် အချိန်မီနိုင်တော့မည် မဟုတ်ချေ။

တတိယ ရိုးရာနည်းလမ်းမှာလည်း အလုပ်မဖြစ်နိုင်ချေ။ ဤသို့သောအခြေအနေမျိုးတွင် ဆက်လက် အချိန်ဆွဲနေပါက လူ့အသက်နှင့် ပတ်သက်သွားနိုင်ကြောင်းကို ရီကျုံးဟိုင် သိရှိနေသည်။

ထို့ကြောင့် သူက ကျားမိသားစုဝင်များကို ကြည့်ကာ အလျင်စလို ပြောလိုက်သည်။

"ဆက်ပြီးတော့ တွေဝေမနေနဲ့တော့၊ မြန်မြန် ပြင်ဆင်ကြတော့...အခုအချိန်မှာ အများကြီး စိုးရိမ်ပူပန်နေလို့ မရတော့ဘူး"

"ဘာမှမဖြစ်ပါဘူး...ပန့်ကန့် သက်သာသွားတဲ့အခါကြရင် ငါတို့တွေ ဒီကိစ္စကို ထပ်မပြောကြဘဲနဲ့ ဒီအတိုင်းပဲ သူ ကြီးလာတဲ့အထိ ဖုံးကွယ်ထားကြတာပေါ့"

ရီကျုံးဟိုင်ပင်လျှင် ဤမျှလောက် အဓိပ္ပာယ်မရှိသော အဆိုပြုချက်ကို လက်ခံသွားသည်။

ချင်ဟွိုင်ယွီတို့မှာလည်း မတတ်သာဘဲ ခေါင်းညိတ်လိုက်ကြသည်။ မည်သို့ပင်ဆိုစေ အချိန်က လူကို မစောင့်ချေ၊ ပန့်ကန့်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပို၍ တောင့်တင်းလာပြီး အပူချိန်မှာလည်း တဖြည်းဖြည်း ပို၍ ကျဆင်းလာနေပြီ ဖြစ်သည်။

သူတို့နှစ်ဦး မလိုလားဘဲ ခေါင်းညိတ်လိုက်သည်ကို ရီကျုံးဟိုင် မြင်သောအခါ သူတို့ နောင်တရသွားမည်ကို စိုးရိမ်သဖြင့် ရွှီတမောင်းအား အိမ်သာထဲသွား၍ ရွှေရည်ပူ အနည်းငယ် သွားယူရန် အော်ခေါ်ခိုင်းလိုက်သည်။

သူကိုယ်တိုင် အဘယ်ကြောင့် မသွားရသနည်း၊ ဤကိစ္စမှာ တွေးကြည့်လိုက်ရုံဖြင့်ပင် ရွံရှာဖွယ်ကောင်းလှရာ ဦးလေးကြီးတစ်ဦးဖြစ်သူအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ မည်သို့လုပ်ဆောင်နိုင်မည်နည်း။ သေချာပေါက် သက်ဆိုင်သူ ရွှီတမောင်းကိုသာ လုပ်ခိုင်းရမည် ဖြစ်သည်။

ရွှီတမောင်းမှာ မူလကတည်းကပင် ကြက်ခိုးသူအား အလွန်အမင်း မုန်းတီးနေသူဖြစ်ရာ သဘာဝကျစွာပင် ခေါင်းတဆက်ဆက်ညိတ်ကာ သဘောတူလိုက်သည်။ သို့သော် နှစ်သစ်ကူးခါနီးဖြစ်နေခြင်းနှင့် မြောက်ပိုင်းဒေသ၏ ရာသီဥတုမှာ အလွန်အေးခဲနေခြင်းတို့ကြောင့် အိမ်သာထဲရှိ အရာများမှာ ခဲပြီး မာတောင့်နေသည်။

နောက်ဆုံးတွင် ရွှီတမောင်းသည် အိမ်သာထဲမှ ထွက်လာခဲ့ပြီး မတတ်နိုင်စွာဖြင့်

"အစ်ကိုကောဟွား အထဲမှာ အကုန်လုံး ခဲနေပြီ...ရေခဲချောင်းလိုပဲ အဲဒါ လုံးဝ ယူလို့မရဘူး" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချန်ကောဟွား၏ ခေါင်းထဲတွင် ပန့်ကန့်က အဝါရောင် ရေခဲချောင်းကို မျိုချရန် ခဲယဉ်းနေမည့် မြင်ကွင်း ပေါ်လာသည်။ မသိစိတ်မှပင် ချမ်းစိမ့်စိမ့်ဖြစ်သွားသည်။ ထို့ကြောင့် သူက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"ပန့်ကန့်တောင် ဒီလိုဖြစ်နေပြီကို မင်းက ကလေးကို ပူပူနွေးနွေးလေးတောင် မစားခိုင်း‌ေစချင်တော့ဘူးလား"

"မြန်မြန်လုပ်ပါ နေရာမှာတင် ချက်ချင်းလုပ်လိုက်လေ၊ အကယ်၍ ထည့်လို့မရရင် သေးတစ်ပေါက်လောက်ပါ ပေါင်းထည့်ပြီး အရည်ပျစ်ပျစ်လေးလုပ်ပြီး ပန့်ကန့် ပါးစပ်ထဲ လောင်းထည့်လိုက်"ဟု ပြောလိုက်သည်။

ချန်ကောဟွားသည် အစာအိမ်ထဲမှ ရွံရှာလွန်းသဖြင့် အကြောဆွဲလုမတတ်ပင် ခံစားလိုက်ရသည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ တွေးကြည့်လိုက်ရုံဖြင့်ပင် လူကို ရွံရှာသွားစေရန် လုံလောက်နေကြောင်း ထင်ရှားလှသည်။

ဝိုင်းကြည့်နေသူများပင် မမြင်ရသေးမီကတည်းက ရွံရှာနေကြပြီဖြစ်ရာ ပန့်ကန့် နိုးလာပြီးနောက်တွင် မည်မျှအထိ ရွံရှာသွားမည်ကို အပြည့်အဝ ခန့်မှန်းနိုင်သည်။

ဤအဆိုပြုချက်ကို ပြောပြီးနောက်တွင် လူအများက ကြောင်တောင်တောင်ဖြင့် နားထောင်နေကြသော်လည်း နောက်ဆုံးတွင် ဤနည်းလမ်းတစ်ခုတည်းသာ အလုပ်ဖြစ်နိုင်တော့ကြောင်းကို တွေ့ရှိသွားကြသည်။

သို့သော် ယခုအချိန်တွင် မည်သူက အိမ်သာသွားချင်နေမည်နည်း။

အိမ်သာသွားချင်လျှင်ပင် မည်သူက ပါလာသောအရာကို ပန့်ကန့်အား တိုက်ကျွေးလိုမည်နည်း

လူကို ကူညီခြင်းဖြစ်လျှင်တောင်မှ ကျားမိသားစုကို သေချာပေါက် ရန်စမိသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ သို့သော် ကိစ္စရပ်များ ရပ်တန့်လုနီးပါးဖြစ်နေချိန်တွင် ရွှီတမောင်းက အိမ်မှ ဝမ်းနုတ်ဆေး အနည်းငယ်ကို ယူဆောင်လာခဲ့ပြီး ကြက်ခိုးသူကို လက်စားချေရန်အတွက် ပြတ်သားစွာပင် စားပစ်လိုက်သည်။ ထို့နောက် ရွှီတမောင်းသည် အိမ်သာထဲသို့ သွားရောက်ကာ ဝမ်းသွားပြီးနောက် အိမ်မှ ကတော့တစ်ခုကိုပါ ယူဆောင်လာသည်။

ပြင်ဆင်မှုလုပ်ငန်းများ ပြီးစီးသွားသောအခါ သူသည် မည်သည့် တွေဝေမှုမျှမရှိဘဲ ကတော့ကို ပန့်ကန့်၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။ ထို့နောက် လတ်လတ်ဆတ်ဆတ် ထွက်ရှိလာသော ချော်ကီးနှင့် သေး ရောနှောနေသည့် ရွှေရည်ပူကို ပန့်ကန့်၏ ပါးစပ်ထဲသို့ နည်းနည်းချင်းစီ လောင်းထည့်လိုက်သည်။ ရွှေရည်ပူသည် အစာရေမျိုပြွန်တစ်လျှောက် ပန့်ကန့်၏ အစာအိမ်ထဲသို့ နည်းနည်းချင်းစီ စီးဆင်းသွားသည်။

သို့သော် ပန့်ကန့်မှာ ဖုတ်ကောင် အခြေအနေတွင်သာ ရှိနေသေးပြီး တစ်ကိုယ်လုံး အလွန်အမင်း တောင့်တင်းနေကာ အခြေခံ ခံစားသိရှိနိုင်စွမ်းပင် မရှိတော့ရာ သဘာဝကျစွာပင် မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

ဤသို့ဖြင့် ပန့်ကန့်မှာ ဗိုက်ဝအောင် စားလိုက်ရပြီး ရွှီတမောင်း၏ မသမာမှုကြောင့် နှာခေါင်းပေါက် နှစ်ပေါက်လုံးပင် ချော်ကီးများဖြင့် ပိတ်ဆို့သွားသည်။ ထိုအရာကို မြင်သောအခါ ချန်ကောဟွားကလည်း အတော်လေး လုံလောက်ပြီဟု ထင်မြင်သွားသဖြင့် ဖုတ်ကောင် အတွေ့အကြုံကတ်၏ အာနိသင်ကို ရပ်တန့်လိုက်သည်။

ဤသို့ဖြင့် ပန့်ကန့်မှာ ဖုတ်ကောင်အခြေအနေမှ သာမန်လူအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများမှာလည်း ပုံမှန်အတိုင်း စတင် အလုပ်လုပ်လာသည်။

အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီးနောက်တွင် ပန့်ကန့်၏ နှာခေါင်းဝမှ ဤတစ်သက် မေ့ဖျောက်ရန် ခဲယဉ်းလှသော အပုပ်နံ့ကြီး ထွက်ပေါ်လာသည်။ ဝမ်းဗိုက်ထဲတွင်လည်း ချော်ကီးစားထားရသကဲ့သို့ ရွံရှာဖွယ် ခံစားချက်ကြီးကို ခံစားနေရသည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်၌ လက်မခံနိုင်သော လက္ခဏာများ ပေါ်ပေါက်လာကာ စတင်၍ အန်လာတော့သည်။

ဝေါကနဲ အန်ထွက်လာသည်နှင့်အတူ မနက်ပိုင်းက စားထားသော ကြက်သားများမှာလည်း ချော်ကီးနှင့် သေးများ ရောနှောကာ အန်ထွက်လာသည်။ ဤမြင်ကွင်း ပေါ်ထွက်လာပြီးနောက်တွင် ပန့်ကန့်အား ကြည့်နေကြသော လူအများ၏ အကြည့်များမှာ ပြောင်းလဲသွားသည်။

အကယ်၍ ပန့်ကန့်က ကြက်ကို ခိုးစားသည်ဟု ဆိုပါက တစ်ဖက်လူမှာ သူခိုးဖြစ်သော်လည်း အနည်းဆုံးတော့ လူသားတစ်ဦးအဖြစ် မှတ်ယူနိုင်သေးသည်။ ထို့အပြင် သူ၏ အသက်အရွယ်မှာလည်း မကြီးသေးသောကြောင့် ပစ္စည်းခိုးခဲ့လျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက မေ့သွားနိုင်ခြေ ရှိသည်။ သို့သော် ယခု လူအများ၏‌ေရှ့မှောက်တွင် ပြောင်ကျကျ ချော်ကီးအန်နေသည့် ဤမြင်ကွင်းကြီး ပေါ်ပေါက်လာသည်။

လူတိုင်းက တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့်ပင် လူတိုင်းက ပန့်ကန့်အား ကြည့်နေသော အကြည့်များထဲတွင် ကြောက်ရွံ့လာသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ကြည့်နေရသည်မှာ လူတစ်ယောက် မဟုတ်တော့ဘဲ ချော်ကီးစားလွန်းသဖြင့် ဗိုက်တင်းနေသော ခွေးတစ်ကောင်ကို ကြည့်နေရသည့်အလားပင် ဖြစ်သည်။

အထူးသဖြင့် ဦးလေးကြီးရီကျုံးဟိုင်ပင် ဖြစ်သည်။ သူက ရွံရှာနေသော မျက်နှာထားဖြင့် ပန့်ကန့်အား တိုက်ရိုက် ကြည့်နေသည်။ ရင်ထဲ၌ အကြံအစည်တစ်ခုပင် ထုတ်လိုက်သေး၏။

အကယ်၍ ဤကောင်လေးက သူ့အိမ်တံခါးဝသို့ ခြေတစ်လှမ်းတောင် ဝင်ရဲမည်ဆိုပါက သေချာပေါက် သူ့ကို နှင်ထုတ်ပစ်ရမည် ဖြစ်သည်။ အခြားအကြောင်းကြောင့် မဟုတ်ချေ။ သူသည် ခြံဝင်းကို အရှက်ခွဲနေသောကြောင့်ပင် ဖြစ်သည်။

ပြောရမည်ဆိုလျှင် ဤသည်မှာ ပန့်ကန့် တစ်ယောက်တည်း၏ ငယ်ဘဝ အရိပ်မည်းကြီးသာမကဘဲ ဦးလေးကြီး၏ သက်ကြီးပိုင်းဘဝအတွက် အရိပ်မည်းကြီးလည်း ဖြစ်သည်။

ခြံဝင်းထဲရှိ အိမ်နီးချင်းများ၏ မျက်လုံးထဲတွင်မူ နောင်တွင် ပန့်ကန့်ဟူသော စာလုံးနှစ်လုံးကို ကြားလိုက်ရုံဖြင့်ပင် ရင်ထဲ၌ အလိုအလျောက် အပုပ်နံ့ကြီး ထွက်လာမည် ဖြစ်သည်။

ဤမျှလောက် ရွံရှာနေသော သဘောထားများအောက်တွင် ပန့်ကန့်မှာ သဘာဝကျစွာပင် ခြံဝင်းထဲ၌ လူမုန်းအများဆုံးသူ ဖြစ်လာခဲ့လေတော့သည်။

သို့သော် သူ မသိသေးသောအရာမှာ နောင်တစ်ချိန်သို့ ရောက်သောအခါ သူသည် စီကျိုမြို့ (ပေကျင်း)တွင် လူအမုန်းဆုံးသူ ဖြစ်လာဦးမည်ပင် ဖြစ်သည်။ သူ၏ ကံကြမ္မာသည် ထိုအချိန်မှစတင်ကာ ပြောင်းလဲသွားရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းပင်ဖြစ်သည်။

အရာအားလုံးက ချန်မိသားစုကို ရင်ထဲ၌ ကြံစည်မိပြီး ချန်မိသားစုကို တစ်ချက်လောက် ကြည့်လိုက်မိခြင်းကြောင့်သာ ဖြစ်သည်။ ဤမျှ သေးငယ်လှသော လုပ်ဆောင်ချက်လေးကပင် သူ့အား တစ်သက်လုံး ပြောင်းလဲသွားစေသည်။ သေချာပေါက် ဤအရာများအားလုံးမှာ နောက်မှဖြစ်လာမည့် ကိစ္စများဖြစ်ရာ လောလောဆယ်တွင် ဆက်ပြောရန် မလိုတော့ချေ။

ယခုလက်ရှိ ပန့်ကန့်အကြောင်းကိုသာ ပြောရမည်ဆိုလျှင် ယခုအချိန်တွင် သူသည် ဗိုက်ထဲရှိ အရာအားလုံးကို အန်ထုတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် အစာအိမ်ထဲမှ အဆက်မပြတ် ဆန်တက်လာနေသော ရွံရှာဖွယ် ခံစားချက်ကိုမူ တားဆီး၍ မရနိုင်သေးချေ။ ထိုရွံရှာဖွယ် ခံစားချက်ကြီးမှာ သူ၏ အစာအိမ်ကိုပါ အန်ထုတ်လိုက်ရမှ ရပ်တန့်သွားမည့်အလားပင်ဖြစ်သည်။

ထို့အပြင် နှာခေါင်းပေါက်ထဲရှိ ချော်ကီးများမှာလည်း မည်မျှပင် နှိုက်ထုတ်နေစေကာမူ မစင်ကြယ်နိုင်ဘဲ အသက်တစ်ချက် ရှူလိုက်သည်နှင့် ဦးနှောက်ထဲအထိ တိုက်ရိုက် ရောက်ရှိသွားသော အပုပ်နံ့ကြီးတစ်ခု ရှိနေသည်။

သို့သော် မည်သည့်အရာ ဖြစ်ပျက်သွားကြောင်းကို သူ မသိရှိချေ။ ကိစ္စ၏ အမှန်တရားကို နားမလည်နိုင်သော သူသည် ချက်ချင်းပင် မကျေမနပ်ဖြစ်ကာ အသံကျယ်လောင်စွာ ငိုကြွေးမြည်တမ်းတော့သည်။

ပန့်ကန့်၏ ငိုကြွေးနေမှုကို ရင်ဆိုင်ရာတွင် ရွှီတမောင်းသည် သဘောမကျတော့ချေ။ ဤပန့်ကန့်က ကြက်ခိုးသူဖြစ်နေသည်မှာ ထင်ရှားနေပြီး သူကိုယ်တိုင်က ကောင်းမှုကုသိုလ်ပြုကာ သူ့ကို ကူညီပေးခဲ့ခြင်း ဖြစ်သည်။

အခုမှ ဘာလို့ သူကိုယ်တိုင်က သူ့ကို အနိုင်ကျင့်နေသလို ဖြစ်သွားရတာလဲ...

ဤသို့ တွေးတောမိရင်း ရွှီတမောင်း၏ ရင်ထဲ၌ အနည်းငယ် မကျေမနပ်ဖြစ်လာကာ တိုက်ရိုက်ပင် ပြောဆိုတော့သည်။

"အနံ့နံတဲ့ ကောင်စုတ်လေး မင်းက ဘာလို့ ငိုနေတာလဲ၊ ခုနက ငါ့ရဲ့ ချော်ကီးကို မင်း အရမ်း ခံတွင်းတွေ့နေတာ မဟုတ်ဘူးလား၊ အခုကျမှ ဘာလို့ ငိုယိုနေရတာလဲ"

ထိုသို့ပြောပြီးနောက်တွင် ပန့်ကန့်၏ တုံ့ပြန်သည်ကိုပင် မစောင့်တော့ချေ။

ချင်ဟွိုင်ယွီက စတင်၍ နှစ်သိမ့်လာသည်။

"သားလေး ဦးလေးတမောင်းက သားကို ချော်ကီးကျွေးတာက သားအတွက် ကောင်းဖို့ပါ၊ အဲ့လိုမှမဟုတ်ရင် သား အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ် ငါ့မြေးလိမ္မာလေး ပူတုန်းလေး နည်းနည်းလောက် ထပ်စားလိုက်ပါဦး၊ ဒီလောက်တောင် အန်ထားတာဆိုတော့ မကောင်းဆိုးဝါးအငွေ့အသက်တွေ မသေသေးရင် ဘယ်လိုလုပ်မလဲ" ဟု ကျားကျန်းရှီကလည်း နှစ်သိမ့်တိုက်တွန်းသည်။

သူတို့နှစ်ဦး မနှစ်သိမ့်လျှင် တော်သေးသည်ဟု ဆိုရမည်ဖြစ်ပြီး တိုက်တွန်းလိုက်သည်နှင့် ပန့်ကန့်အား တိုက်ရိုက်ပင် ထုံကျင်သွားစေသည်။

မိမိကလေးကို ချော်ကီးကျွေးသည့် မိဘဆိုသည်မှာ မည်သည့်နေရာတွင် ရှိနိုင်မည်နည်း

ဤတစ်ကြိမ်တွင် ပန့်ကန့်၏ ငိုသံမှာ ပို၍ပင် ကျယ်လောင်သွားခဲ့လေတော့သည်။

...

All Chapters