အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉) မတရားခံရပြီး ဆင်းရဲဒုက္ခရောက်နေသော ချင်ဟွိုင်ယွီ
ချင်ဟွိုင်ယွီ၏ သနားစဖွယ်အသွင်အပြင်ကို ဘေးတွင် လှဲနေသော ကျားတုန်းရွှီက သဘာဝကျကျပင် မြင်တွေ့သွားသည်။ ချက်ချင်းပင် သူ၏မျက်နှာသည် ရေကဲ့သို့ တည်ငြိမ်မှုန်ကုပ်သွားသည်။
ယောက်ျားတစ်ယောက်အနေဖြင့် ချင်ဟွိုင်ယွီ၏ ခေါင်းထဲတွင် မည်သည့်အရာကို တွေးတောနေသည်ကို သူက မည်သို့ မသိဘဲ နေမည်နည်း။
အထူးသဖြင့် ချန်ကောဟွားရှိရာဘက်သို့ ကြည့်လိုက်သောအခါ ချင်ဟွိုင်ယွီ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရောင်အဝါများ တောက်ပသွားခဲ့ပြီးနောက်တွင်မှ မျက်လုံးအကြည့်တို့က လျင်မြန်စွာပင် ပြန်လည်မှေးမှိန်သွားသည်။
မိမိကို ဦးထုပ်စိမ်း ထပ်ဆောင်းပေးရန် ကြံနေသည်မှာ ထင်ရှားလှသည်။
သူသည် မသန်မစွမ်းဖြစ်နေပြီး လုံးဝမတ်တတ်မရပ်နိုင်သောကြောင့်သာ မဟုတ်ပါက ချင်ဟွိုင်ယွီ၏အနီးသို့ သွား၍ ပါးနှစ်ချက်ခန့် ပြင်းပြင်းထန်ထန် ရိုက်ပစ်ချင်စိတ်များကို ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့် ထပ်၍ ဟု ပြောရသနည်းဆိုသော် ချင်ဟွိုင်ယွီနှင့် ဟယ်ယွီကျူးတို့က ပန့်ကန့်ကို ခေါ်ဆောင်ကာ ဆေးရုံသို့ သွားခဲ့စဉ်အချိန်က ဖြစ်ခဲ့သောဖြစ်ရပ်ေကြာင့်ဖြစ်သည်။
ချင်ဟွိုင်ယွီနှင့် ဟယ်ယွီကျူးတို့ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ အခန်းတစ်ခန်းထဲတွင် အတူရှိနေခဲ့သည့် မြင်ကွင်းကို ရွှီတမောင်းက မိမိထံ တမင်တကာ ပြေးလာပြီး ပြောပြသည်။ အထူးသဖြင့် ချင်ဟွိုင်ယွီက ဟယ်ယွီကျူး၏ ရင်ခွင်ထဲသို့ တိုးဝင်သွားချိန်တွင် ခြံဝင်းထဲရှိ လူများစွာက မြင်တွေ့သွားသည်ဟု ပြောဆိုခဲ့သောကြောင့် ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ကျားတုန်းရွှီသည် ဝူတာ့လန်၏ သေရသည်ထက်ပင် ပို၍ဆိုးရွားသော နာကျင်ခံစားရမှုမျိုးကို နောက်ဆုံးတွင် နားလည်ခံစားသွားရတော့သည်။
ချင်ဟွိုင်ယွီ၏ အပြုအမူကြောင့် အလွန် ရွံရှာမုန်းတီးသွားခဲ့သော သူသည် ပထမဆုံးအနေဖြင့် ဓားတစ်ချောင်းကို ယူကာ ချင်ဟွိုင်ယွီဆိုသည့် ဤမိန်းမယုတ်ကို တိုက်ရိုက်ပင် ခုတ်သတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်သွားသည်။ သို့သော် နောက်ဆုံးတွင် မိမိ၌ ကလေးသုံးယောက် ရှိနေသေးသည်ကို သတိရသွားကာ ထိုအတွေးကို ချက်ချင်းပင် စွန့်လွှတ်လိုက်ရသည်။ ထိုသို့ စွန့်လွှတ်လိုက်ရခြင်းဖြစ်သော်လည်း ရင်ထဲမှ မွန်းကျပ်မှုများက ထိုမျှလွယ်ကူရိုးရှင်းစွာဖြင့် ဖွင့်ထုတ်ပစ်၍ ရနိုင်မည်မဟုတ်ပေ။ သူသည် အမုန်းတရားများကို ရင်ထဲတွင်သာ ဖုံးကွယ်ထားနိုင်ပြီး အနည်းငယ်မျှပင် ထုတ်ဖော်မပြရဲခဲ့ပေ။
တစ်ချိန်တည်းတွင်ပင် အနာဂတ်တွင် ချင်ဟွိုင်ယွီအား အလွန်ဆိုးရွားလှသော တန်ဖိုးတစ်ခုကို မဖြစ်မနေ ပေးဆပ်စေရမည်ဟုလည်း သူက ရင်ထဲတွင် တိတ်တဆိတ် တွေးတောနေသည်။
ဤအတွေးအောက်တွင် သူသည် ထမင်းလည်း ဆက်မစားတော့ဘဲ ချင်ဟွိုင်ယွီကို တိုက်ရိုက်ကြည့်ကာ အလွန်ကြမ်းတမ်းသော လေသံဖြင့်
"ငါ ပင်ပန်းနေပြီ သွားပြီး အိပ်ရာခင်းပေး" ဟု ပြောလိုက်သည်။
ချင်ဟွိုင်ယွီသည် ထိုစကားကို ကြားပြီးနောက် ခန္ဓာကိုယ်မှာ ခေတ္တရပ်တန့်သွားခဲ့သည်။ထို့နောက် စားရန်ပြင်ဆင်ထားသော မုန့်ကို အောက်သို့ ချထားလိုက်၏။ မည်သို့ပင်ဆိုစေ မိမိ၏ယောက်ျားက ထုတ်ပြောလာပြီဖြစ်ရာ သူမအနေဖြင့် လုံးဝ ငြင်းဆန်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် မတ်တတ်ထရပ်ကာ ကျားတုန်းရွှီကို အခန်းထဲသို့ တွန်းပို့ပေးလိုက်သည်။
အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ချင်ဟွိုင်ယွီက နောက်ထပ် အနည်းငယ်မျှ ဆက်စားရန် ပြန်ထွက်သွားမည် အပြုတွင် ကျားတုန်းရွှီက အုံ့မှိုင်းနေသော လေသံဖြင့်
"ဘယ်သွားမလို့လဲ၊ ငါ့ကို အဝတ်အစား လဲပေးလေ" ဟု ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် ချင်ဟွိုင်ယွီမှာ ရွေးချယ်စရာမရှိဘဲ နောက်သို့ ပြန်လှည့်လာခဲ့ရသည်။ သို့သော် သူမက လက်ဖြင့် ကျားတုန်းရွှီ၏ ဘောင်းဘီကို ဖြုတ်ပေးရန် ပြင်ဆင်လိုက်ချိန်တွင်ပင် ကျားတုန်းရွှီ၏ ဘောင်းဘီထဲမှ ဆီးနံ့နှင့် အလွန်ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်လာသည်။
ဤအနံ့ကို ရှူရှိုက်မိလိုက်သောအခါ ချင်ဟွိုင်ယွီမှာ စောစောက စားထားသော အစားအစာများကိုပင် အန်ထွက်လုနီးပါး ဖြစ်သွားသည်။
ကျားတုန်းရွှီသည် အကြောသေနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း နေ့စဉ်ဘဝတွင် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိသည်တော့ မဟုတ်ပေ။ ယခုကဲ့သို့ ဘောင်းဘီပေါ်တွင် အပေါ့အလေး သွားထားခြင်းမှာ ပုံမှန်မဟုတ်ပေ။သူ၏ မည်သည့်အာရုံကြော ချို့ယွင်းသွားသည်ကို မသိနိုင်ပေ။
သို့သော် ချင်ဟွိုင်ယွီသည်လည်း သူ၏ အုံ့မှိုင်းသော စရိုက်လက္ခဏာကို အသားကျနေပြီဖြစ်ရာ ဤကိစ္စနှင့် ပတ်သက်၍ ထူးဆန်းသည်ဟု မထင်တော့ပေ။
ဇနီးတစ်ယောက်အနေဖြင့် သူမသည် ရွံရှာမှုကို အတင်းအကျပ် အောင့်အည်းသည်းခံကာ သူ၏ အဝတ်အစားများကို စတင်၍ လဲလှယ်ပေးရတော့သည်။ သို့သော် မထင်မှတ်ထားသည်မှာ ကျားတုန်းရွှီက မကျေနပ်သေးခြင်းပင် ဖြစ်သည်။
ချင်ဟွိုင်ယွီက သူ၏ ညစ်ပတ်နေသော အဝတ်အစားများကို လဲလှယ်ပေးပြီးနောက် သူက မည်သည့်စကားမျှ ထပ်မပြောဘဲ အဝတ်အစားများကို ချက်ချင်း ပြောင်စင်အောင် လျှော်ဖွပ်ပေးရန် အမိန့်ပေးညွှန်ကြားလိုက်သည်။
ဆောင်းရာသီကြီးတွင် ထမင်းပင် စား၍မပြီးသေးဘဲ သူ၏ ရွံရှာဖွယ်ကောင်းသော စွန့်ပစ်ပစ္စည်းများ ပေကျံနေသည့် အဝတ်အစားများကို မိမိ၏ဇနီးအား ကိုယ်တိုင်ကိုယ်ကျ လျှော်ဖွပ်ခိုင်းနေခြင်း ဖြစ်သည်။ ကျားတုန်းရွှီသည် လုံးဝကို စိတ်ဖောက်ပြန်နေသူတစ်ယောက်ပင် ဖြစ်ေနသည်။
ချင်ဟွိုင်ယွီသည် မိမိရင်ထဲရှိ မကျေနပ်မှုများကို ဖွင့်ထုတ်ပစ်ချင်သော်လည်း မိမိမှာ ကျားမိသားစုအိမ်တွင် နေထိုင်နေရသည်။သူတစ်ပါး၏ အိမ်ခေါင်မိုးအောက်တွင် အမြဲတမ်း မတရားခံကာ နေထိုင်နေရသူဖြစ်ရာ မည်သည့် ပြောရေးဆိုခွင့် အာဏာရှိမည်နည်းဟု ပြန်လည်တွေးတောမိသွားသည်။ထို့ကြောင့် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီးနောက် သူမသည်လည်း စတင်၍ လုပ်ဆောင်ရန် ရည်ရွယ်လိုက်တော့သည်။
ဤသို့ဖြင့် ချင်ဟွိုင်ယွီသည် ဇလုံကို ကိုင်ဆောင်ကာ ညစ်ပတ်နေသော အဝတ်အစားများကို ပြောင်စင်အောင် လျှော်ဖွပ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် မထင်မှတ်ထားသည်မှာ ကျားတုန်းရွှီသည် ခန္ဓာကိုယ်ကိုပင် မသုတ်ရသေးဘဲ ချင်ဟွိုင်ယွီ အိပ်လေ့ရှိသော နေရာဘက်သို့ တိုက်ရိုက်ပင် လှဲချလိုက်ခြင်း ဖြစ်သည်။
ချက်ချင်းပင် သူမအိပ်သည့် နေရာတွင် ရွှေဝါရောင်များက တစ်ခဏချင်း ပြည့်နှက်ပေကျံသွားသည်။ ဤသည်ကို မြင်တွေ့လိုက်ရသောအခါ ချင်ဟွိုင်ယွီမှာ လုံးဝ သည်းမခံနိုင်တော့ပေ။ သူမသည် ကျားတုန်းရွှီဆိုသည့် မသန်စွမ်းသူကို ချက်ချင်းပင် သေဆုံးသွားစေချင်တော့သည်။
မြန်မြန်သေလေ ပိုကောင်းလေပင် ဖြစ်သည်။သို့သော် ရင်ထဲတွင် ပြည့်နှက်နေသော ဒေါသတရားများသည် နောက်ဆုံးတွင် စကားလံုးတစ်လံုးအဖြစ်ပင် ထွက်ပေါ်မလာနိုင်ခဲ့ပေ။
ဒါကလည်း အလွန်ရိုးရှင်းသည်၊ ဤခေတ်ကာလတွင် နိုင်ငံတော်က အမျိုးသမီးများ နောက်အိမ်ထောင်ပြုခြင်းကို အားပေးအားမြှောက် ပြုလုပ်နေသော်လည်း လက်တွေ့တွင်မူ နောက်အိမ်ထောင်ပြုခြင်းအပေါ် ဘက်လိုက်ရွေးချယ်မှုများ ရှိနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ကျားတုန်းရွှီက လွန်လွန်ကျူးကျူး လုပ်ဆောင်နေပါသော်လည်း သူမမှာ ဒေါသထွက်ရသည့်တိုင် နှုတ်မှ မပြောရဲခဲ့ပေ။
ချင်ဟွိုင်ယွီ၏ ဒေါသထွက်ချင်နေသည့် အသွင်အပြင်ကို ကျားတုန်းရွှီက မြင်တွေ့သွားသည်။ သူသည် အနည်းငယ် ကြောက်ရွံ့သွားသော်လည်း စိတ်ဖောက်ပြန်နေသော လက်စားချေလိုသည့် ခံစားချက်က သူ၏ အသိဉာဏ်ကို ဆုံးရှုံးသွားစေသကဲ့သို့ ဒေါသတကြီး ဆူပူကြိမ်းမောင်းစေသည်။
"ဟွန့်၊ မင်းလို ဂြိုဟ်ဆိုးမက ဘာကို ကြည့်နေတာလဲ"
"ငါတို့ ကျားမိသားစုကသာ မင်းကို ယူမထားခဲ့ရင် ငါတို့ ကျားမိသားစုက ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်နေပါ့မလား"
"ငါ ကျားတုန်းရွှီကရော ဒီလောက်အထိ ကံဆိုးနေပါ့မလား"
"ငါ့အတွက် အိပ်ရာကို မြန်မြန် ပြောင်စင်အောင် သွားလျှော်စမ်း၊ မဟုတ်ရင် ငါ မင်းကို သေအောင် ရိုက်သတ်ပစ်မယ်"
ထိုသို့ အပြောခံရပြီးနောက် ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် အလွန်အမင်း မတရားခံရသကဲ့သို့ ခံစားလိုက်ရသည်။
ခြောက်ဆယ်ပြည့်လွန်နှစ်များတွင် အမျိုးသမီးများ တာဝန်ယူနိုင်သော လုပ်ငန်းခွင် နေရာများမှာ များများစားစား မရှိလှသဖြင့် အမျိုးသားများနှင့် နှိုင်းယှဉ်ပါက အဆင့်အတန်းမှာ နိမ့်ကျနေသည်။အထူးသဖြင့် ကျေးလက်မှ မြို့ပေါ်သို့ အိမ်ထောင်ပြုလာသူများဆိုလျှင်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ထို့ကြောင့် ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် မကျေမနပ်ဖြစ်နေကာ မတရားခံရသည်ဟု ခံစားနေရသော်လည်း နောက်ဆုံးတွင်မူ စကားတစ်လုံးမျှပင် မပြောထွက်ရဲဘဲ အားလုံးကို ရင်ထဲတွင်သာ မျိုသိပ်ထားခဲ့ရသည်။
မွန်းကျပ်နေသော စိတ်ခံစားချက်အောက်တွင် သူမသည် နောက်ဆုံးတွင် ကျားတုန်းရွှီအား သန့်ရှင်းရေး ပြုလုပ်ပေးလိုက်ရပြီး ညစ်ပတ်သွားသော အိပ်ရာခင်းကိုလည်း ပြန်လည် ရှင်းလင်းသိမ်းဆည်းလိုက်ရသည်။
ဤအရာများကို လုပ်ဆောင်ပြီးစီးသွားပြီးနောက် သူမသည် သားဖြစ်သူ ပန့်ကန့်က ရွှေရောင်ဟင်းရည်ကို စားသောက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်သတိရမိသွားသည်။
ချက်ချင်းပင် ဗိုက်ထဲတွင် တစ်ဟုန်ထိုး ကမောက်ကမဖြစ်ကာ လှိုင်းထန်သွားသည်။ အချိန်သိပ်မကြာလိုက်ဘဲ သူမသည် ဝေါ့ခနဲ အန်ချလိုက်သည်။ ညဘက်က များများစားစား မစားရသေးသော အစားအစာများအားလုံးကို အန်ထုတ်ပစ်လိုက်တော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကျားတုန်းရွှီ၏ ရင်ထဲမှ မချမ်းမြေ့မှုများသည် ထိုအခါမှသာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့တော့သည်။
ထမင်းစားပွဲပေါ်တွင် ထိုင်နေသော ကျားကျန်းရှီမှာမူ တံခါးဝတွင် အဝတ်လျှော်နေသော ချင်ဟွိုင်ယွီကို သဘာဝကျကျပင် မြင်တွေ့နေရသည်။ ဤကိစ္စ၏ အကြမ်းဖျင်း ဖြစ်စဉ်များကိုလည်း သိရှိထား၏။ သို့သော် သူမက စကားတစ်ခွန်းမျှ မပြောဘဲ မာနကြီးသော မျက်နှာထားဖြင့်သာ ထမင်းကို စားသောက်နေသည်။
ကျားကျန်းရှီအတွက်မူ ချင်ဟွိုင်ယွီသည် အစေခံတစ်ယောက်မျှသာဖြစ်ပြီး ကျားမိသားစုနှင့် တန်းတူရည်တူ နေထိုင်ရန် မည်သည့်အရည်အချင်း ရှိပါမည်နည်း။ထို့ကြောင့် ဤချွေးမဖြစ်သူမှာ မတရားခံရခြင်း ရှိမရှိ ဆိုသည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။
……
အခန်း (၆၀)
ချန်ကောဟွားဘက်သို့ ပြန်ကြည့်ရလျှင် သူ့ကြောင့် ချင်ဟွိုင်ယွီတစ်ယောက် ကျားမိသားစုတွင် အလွန်အမင်း မတရားခံနေရသည်ကို သူက သဘာဝကျကျပင် မသိေချ။အကယ်၍ သူသာ သိရှိခဲ့ပါက၊ ယခုနှစ်သည် ကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်သည်ဟု ကျိန်းသေပေါက် တွေးတောမိမည် ဖြစ်သည်။
"ယောကျ်ား အခု ငါတို့ရဲ့ လူနေမှုအဆင့်အတန်းလည်း ကောင်းမွန်လာပြီဆိုတော့ ငါ... ငါ နင့်အတွက် ကလေးတချို့ မွေးပေးချင်တယ်"
အခန်းထဲတွင် ချင်ကျင်းယွီသည် မျက်နှာလေး နီရဲကာ ချန်ကောဟွားအား တိုးညှင်းသော အသံဖြင့် ပြောဆိုလာသည်။ ပြောဆိုပြီးနောက် သူမသည် ခေါင်းလေး ငုံ့သွားသည်။
ချန်ကောဟွားသည် ထိုစကားကို ကြားပြီးနောက် မအောင့်နိုင်ဘဲ ပြုံးမိသွားသည်။ ဇနီးဖြစ်သူ ပြောသည်မှာ မမှားပေ။ သူကိုယ်တိုင် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသည်မှာ ထိုမျှ ကြာမြင့်နေပြီဖြစ်သော်လည်း သားသမီး တစ်ယောက်တစ်လေမျှ မရှိသေးခြင်းမှာ မဖြစ်သင့်ပေ။
ထို့အပြင် ယခင်ဘဝတွင် သူသည် ချစ်သူရည်းစား မထားဖူးခဲ့ပေ။ ဖခင်တစ်ယောက်ဖြစ်ရသည့် ခံစားချက်မျိုးဆိုလျှင် ပို၍ပင် မရှိခဲ့ဖူးပေ။ ထို့ကြောင့် စိတ်ထဲတွင်လည်း အနည်းငယ် လှုပ်ရှားသွားသည်။
ယခင်က သူတို့နှစ်ယောက် ကလေးမယူရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာလည်း အလွန်ရိုးရှင်းသည်။
ပထမအချက်မှာ စီးပွားရေးအခြေအနေ မပြည့်စုံသဖြင့် ကလေးမွေးဖွားလာပါက အာဟာရချို့တဲ့နိုင်ခြေ ရှိခြင်းဖြစ်သည်၊ ဒုတိယအချက်မှာ မိမိတွင် လုံလောက်သော အရည်အချင်း မရှိသေးချိန်၌ ခြံဝင်းထဲရှိ အခြားသူများ၏ အနိုင်ကျင့်မှုကို ခံရနိုင်ခြေ အလွန်များပြားခြင်းကြောင့် ဖြစ်သည်၊ တတိယအချက်မှာ မိမိ၏ဇနီးသည် ကျေးလက်ဒေသတွင် ဆင်းရဲဒုက္ခ ခံစားခဲ့ရဖူးသဖြင့် ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေမှာ နှိုင်းယှဉ်ကြည့်ပါက အနည်းငယ် ညံ့ဖျင်းနေသောကြောင့် ပင်ဖြစ်သည်။
ထို့အပြင် ချန်ကောဟွားသည် နှောင်းခေတ်မှ ကူးပြောင်းရောက်ရှိလာသော ခေတ်သစ်လူသားတစ်ဦး ဖြစ်သည်။
ခြောက်ဆယ်ပြည့်လွန်နှစ်များမှ ယောက်ျားများကဲ့သို့ မဟုတ်ဘဲ မိမိ၏ ကလေးနှင့် ဇနီးဖြစ်သူတို့ ဆင်းရဲဒုက္ခရောက်နေသည်ကို မမြင်တွေ့လိုသကဲ့သို့ မိမိကိုယ်တိုင်ကလည်း မမြင်ယောင်ဆောင်ကာ နေထိုင်ရန် ရွေးချယ်မည်မဟုတ်ပေ။
ထို့ကြောင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အခြေအနေများကို ထည့်သွင်းစဉ်းစားပြီးနောက် ချန်ကောဟွားသည် ဇနီးဖြစ်သူကို ကလေးမွေးဖွားပေးသော စက်ရုပ်တစ်ရုပ်ကဲ့သို့ သဘောထားခြင်းထက် သူမ၏ ဆန္ဒကိုသာ ပို၍ လေးစားလိုက်နာလိုသည်။ မည်သို့ပင်ဆိုစေ ဇနီးသည်ဆိုသည်မှာ မိမိနှင့် တစ်သက်တာလုံး အတူလက်တွဲသွားရမည့်သူ ဖြစ်သည်။ကလေးဆိုသည်မှာ ချစ်ခြင်းမေတ္တာ၏ ရလဒ်တစ်ခုမျှသာ ဖြစ်သည်။
ဤအတွေးမှာ ချန်ကောဟွားက ဖြစ်ကတတ်ဆန်း ပြောဆိုနေခြင်း မဟုတ်ပေ။ နှောင်းခေတ်အခြေအနေများတွင် သားသမီး များသည် ကြီးပြင်းလာသောအခါ မိမိ၏ လုပ်ငန်းတိုးတက်ရေးကိုသာ ဂရုစိုက်ကြပြီး မိဘများ မည်သို့ဖြစ်နေသည်ကို လုံးဝဂရုမစိုက်ကြဘဲ ရိုးရှင်းသော ဖုန်းခေါ်ဆို နှုတ်ဆက်ခြင်းမျိုးကိုပင် ပြုလုပ်နိုင်သူမှာ အလွန်ရှားပါးလှသည်။
နှောင်းခေတ်မှ သားသမီးများတွင် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းကြောင့်တော့ မဟုတ်ပေ။ လူတိုင်းတွင် မိမိ၏ ပျော်ရွှင်မှုကို ရှာဖွေပိုင်ခွင့် ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် ချန်ကောဟွား၏ မျက်လုံးထဲတွင်မူ မိမိအနားတွင် အတူရှိနေပေးလိုပြီး မိမိနှင့်အတူ ဆင်းရဲဒုက္ခများကို အတူတကွ ဖြတ်သန်းခဲ့သော ဤဇနီးသည်ကသာလျှင် ဤကမ္ဘာလောကတွင် တစ်သက်တာလုံး အတူလက်တွဲသွားရန် တန်ဖိုးအထားရဆုံး လူသားပင် ဖြစ်သည်။ ထို့ကြောင့် ချန်ကောဟွားသည် ချင်ကျင်းယွီအား ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ပြည့်စုံသော သုခချမ်းသာများကို ခံစားစေချင်သည်မှာ သေချာပေါက်ပင် ဖြစ်သည်။
ကျားမိသားစုကဲ့သို့ ဇနီးမယားယူကာ သားသမီးမွေးဖွားခြင်းမှာ မျိုးဆက်ပြန့်ပွားရန်အတွက်သာဟူသော အတွေးမျိုး မရှိခဲ့ပေ။
ယခုအချိန်တွင် ချင်ကျင်းယွီကိုယ်တိုင်က ကလေးမွေးဖွားလိုကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပြီ ဖြစ်သည်။ ချန်ကောဟွားသည် သဘာဝကျကျပင် ငြင်းဆန်ရန် ရွေးချယ်မည်မဟုတ်ပေ။ ငြင်းဆန်မည်မဟုတ်သည့်အပြင် ဤကာလအတွင်း စနစ်မှ ဝင်ရောက်မှတ်တမ်းတင်ခြင်းဖြင့် ရရှိလာသော စွမ်းရည်များ၏ ပံ့ပိုးမှုအောက်တွင် သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် သန်မာတောင့်တင်းနေပြီ ဖြစ်သည်။
ကလေးမွေးဖွားခြင်းနှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း အလွန်အမင်း ယုံကြည်မှုရှိနေသည်။ယောက်ျားလေးမွေးသည်ဖြစ်စေ မိန်းကလေးမွေးသည်ဖြစ်စေ ချစ်ခြင်းမေတ္တာ၏ ရလဒ်ကို ဖန်တီးရမည့် လုပ်ငန်းစဉ်အတွင်းရှိ အရသာမှာ ပြိုင်ဘက်ကင်းစွာ သာယာကြည်နူးဖွယ် ကောင်းနေမည်မှာ အသေအချာပင် ဖြစ်သည်။ထို့ကြောင့် သူက ချင်ကျင်းယွီအား တည်ကြည်လေးနက်စွာဖြင့်
"ကျင်းယွီ မင်း ကလေးလိုချင်တယ်ဆိုရင် ဒီနှစ် မင်းရဲ့မိဘအိမ်ကို ပြန်ပြီး ပွဲတော်ရက်တွေ ပြီးသွားတာနဲ့ ငါတို့ ကလေးတစ်ယောက်လောက် မွေးကြတာပေါ့၊ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ဖို့ သင့်တော်ချင်မှ သင့်တော်မှာဆိုတော့ အကောင်းဆုံးကတော့ ဆေးစစ်ကြည့်ပြီးမှ ငါတို့ အတူတူ ကလေးယူကြတာပေါ့" ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားပြီးနောက် စောစောကမှ မျက်နှာတစ်ပြင်လုံး နီရဲကာ ရှက်သွေးဖြာနေသော ချင်ကျင်းယွီသည် ချက်ချင်းပင် နှာခေါင်းလေး ရှုံ့သွားကာ မျက်ဝန်းများ နီရဲလာပြီး မျက်ရည်စများ ဝဲတက်လာသည်။
မိမိဇနီး၏ အသွင်အပြင်ကို ကြည့်ကာ ချန်ကောဟွားက ဖွဖွလေး ဖက်ထားလိုက်ပြီး ညင်သာသော လေသံဖြင့်
"မိန်းမ… မင်း ဘာဖြစ်သွားတာလဲ" ဟု မေးလိုက်သည်။
"ငါ.. ငါ ဘာမှမဖြစ်ပါဘူး"
"ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် အရမ်းပျော်ရွှင်ရတယ်လို့ ခံစားလိုက်ရလို့ပါ"
"ဘယ်လောက်တောင် ပျော်ရွှင်ရလဲဆိုရင် တစ်ခါတလေ အိပ်မက်မက်ရင်တောင်မှ ငါသာ နင့်နောက် မလိုက်ခဲ့ဘူးဆိုရင် အရမ်းကို သနားစရာကောင်းသွားမှာပဲလို့ ခဏခဏ စိုးရိမ်မိတယ်"
ချင်ကျင်းယွီက နှာခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ သူမ ဤကဲ့သို့ ပြုမူနေခြင်းမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။
သူမ ချန်ကောဟွားနှင့် မပေါင်းဖက်ရသေးမီ အချိန်က သူမသည် ကျေးလက်ဒေသတွင် အမြဲနေထိုင်ခဲ့ရသဖြင့် ကျေးလက်ဒေသရှိ များပြားလှသော ပြဿနာပေါင်းစုံကို သဘာဝကျကျပင် မြင်တွေ့ခဲ့ရဖူးသည်။ ထိုပြဿနာများသည် အမျိုးသမီးများ အိမ်တွင် မည်သည့်နေရာမှ မရရှိသည့် အခြေအနေများအောက်တွင် ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့် နေ့စဉ် ယောက္ခမများအတွက် အဝတ်လျှော်၊ ထမင်းချက်ပေးရပြီး အမျိုးမျိုးအဖုံဖုံသော အိမ်မှုကိစ္စများကို လုပ်ဆောင်ရခြင်းမျိုး ဖြစ်သည်။ မည်သည့် ကျေးဇူးတင်စကားမျှ မရရှိသည်ကို ထားလိုက်လျှင်ပင် အချိန်အခါမရွေး သူတို့၏ ဆဲဆိုကြိမ်းမောင်းမှုများကိုပါ ခံကြရသေးသည်။
ကလေးမွေးဖွားခြင်းကပင် ပြစ်မှုတစ်ခုကဲ့သို့ ဖြစ်လာသည်။ ယောက်ျားလေး မမွေးနိုင်ပါက အမျိုးသမီး၏ အပြစ်ဖြစ်သွားပြီး ယောက်ျားလေး မွေးနိုင်မှသာလျှင် အဆင့်မီသည်ဟု သတ်မှတ်ခံရသည်။
ထိုသို့မဟုတ်ဘဲ အကယ်၍ မိန်းကလေးသာ မွေးဖွားခဲ့ပါက ယောက္ခမအိမ်တွင် အရှုံးပေါ်သောပစ္စည်းဟု အဆဲခံရကာ မည်သူကမျှ လုံးဝအထင်ကြီးမည် မဟုတ်ပေ။ မိဘအရင်းအိမ်ကပင် အထင်သေးလိမ့်မည်ဟု ဆိုနိုင်သည်။ ထိုခေတ်ကာလက အမျိုးသမီးများသည် ပျော်ရွှင်မှုကို ရရှိရန်ဆိုသည်ကို မဆိုထားဘိ၊အခြေခံအကျဆုံးဖြစ်သော မိသားစုအတွင်း နေရာတစ်ခု ရရှိရန်ပင် အလွန်ခက်ခဲကြောင်း မြင်တွေ့နိုင်သည်။
သို့သော် ချန်ကောဟွားနှင့် အတူရှိနေခဲ့သော ဤနှစ်အနည်းငယ်အတွင်း ချန်ကောဟွားသည် အရာအားလုံးကို သူမအပေါ်၌သာ အဓိကထားသည်။ ပို၍ အရေးကြီးသည်မှာ အိမ်တွင် ငွေဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ သူမ၏ ခန္ဓာကိုယ်ကို ဆင်းရဲဒုက္ခ အနည်းငယ်မျှပင် မခံစားစေချင်ခဲ့ပေ။
ဤကဲ့သို့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ ချန်ကောဟွားကဲ့သို့သော ယောက်ျားကောင်းမျိုးမှာ အလွန်ရှားပါးလှကြောင်း ချင်ကျင်းယွီက သဘာဝကျကျပင် နားလည်သိရှိသွားသည်။
ဤအရာကို တွေးမိလိုက်သောအခါ ချင်ကျင်းယွီ၏ ရင်ထဲတွင် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားသည်။
ဤသို့ဖြင့် ထိုသူနှစ်ဦးသည် တစ်နာရီကျော်ကြာမျှ နက်ရှိုင်းသော မေတ္တာဖလှယ်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် စိတ်ကျေနပ်မှု အပြည့်ဖြင့် ဖက်တွယ်ကာ အိပ်စက်သွားကြတော့သည်။
သို့သော် သူတို့နှစ်ဦးလုံးက မသိရှိသည်မှာ ယခုည၏ မေတ္တာဖလှယ်မှုအပြီးတွင် ချင်ကျင်းယွီ၏ ဝမ်းဗိုက်ထဲ၌ သေးငယ်သော သက်ရှိလေးတစ်ခု တိုက်ရိုက်ပင် သန္ဓေတည်သွားခဲ့ပြီ ဖြစ်ကြောင်းပင်ဖြစ်သည်။
ဤသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ အဝေးဆီမှ အရှေ့အရပ်တွင် ငါးဝမ်းဗိုက်ရောင်ကဲ့သို့ ဖြူဖျော့ဖျော့ အရောင်အဝါလေး ပေါ်ထွက်လာသည်။
နှစ်သစ်ကူးပထမနေ့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စစ်ကျိုမြို့တစ်မြို့လုံးရှိ လူများသည် အိပ်မက်ထဲမှ အဆက်မပြတ် နိုးထလာကြသည်။ ထို့နောက် အိပ်ရာမှထကာ ထမင်းချက်ပြုတ်ရန် စတင်ကြတော့သည်။
မိုးလင်းပြီး များမကြာမီတွင်ပင် ဗျောက်အိုးဖောက်သံများသည် တစ်ဖုန်းဖုန်းနှင့် အဆက်မပြတ် ထွက်ပေါ်လာသည်။ လေထုထဲတွင် ယမ်းမှုန့်အနံ့များ ပြန့်လွင့်နေပြီး လူတိုင်းကို ပျော်ရွှင်ဖွယ်ကောင်းသော နွေဦးပွဲတော်၏ အငွေ့အသက်များကို ခံစားရစေသည်။
ခြံဝင်းအသီးသီးရှိ ကလေးများသည် အလွန်ထူထဲသော ဝါဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ဗျောက်အိုးများကို ဆော့ကစားနေကြကာ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ ပြည့်နှက်နေကြသည်။
အချို့သော ပိုမိုစည်ကားသည့် နေရာများတွင်ဆိုလျှင် ခြင်္သေ့အက အစီအစဉ်များကိုပင် စတင်နေကြပြီဖြစ်ရာ မောင်းသံဗုံသံများ ဆူညံနေပြီး အလွန်အမင်း စည်ကားသိုက်မြိုက်နေသည်။
မြို့တစ်မြို့လုံး ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေချိန်တွင်ပင် အိပ်မက်ထဲသို့ ရောက်ရှိနေသော ချန်ကောဟွားသည်လည်း မျက်လုံးနှစ်လုံးကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်သည်။
မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ မျက်နှာအမူအရာ၌ အနည်းငယ် အံ့သြဝမ်းသာမှုများ ပါဝင်နေ၏။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် သူ၏ ခေါင်းထဲတွင် စနစ်၏ အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။
"တင်းတောင် ဒီနေ့က နှစ်သစ်ကူးပထမနေ့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်၊ အိမ်ရှင်အနေနဲ့ မှတ်တမ်းတင်စာရင်းသွင်းချင်ပါသလား"
စနစ်၏ အသိပေးစကားကို ကြားလိုက်ရသောအခါ ယနေ့သည် နှစ်သစ်ကူးပထမနေ့ဖြစ်ကြောင်း ချန်ကောဟွားက သတိပြုမိသွားပြီး စနစ်မှ ပေးအပ်မည့် ဆုလာဘ်များသည် ကျိန်းသေပေါက် ပို၍ ထူးခြားနေမည်ဟု သိလိုက်သည်။ ထိုသို့မဟုတ်ပါက နှစ်သစ်ကူးပထမနေ့ဖြစ်ကြောင်းကို အလေးပေး ပြောဆိုနေမည် မဟုတ်ပေ။
ဤသို့ဖြင့် ချန်ကောဟွားကလည်း ဖြေကြားလိုက်သည်။
"လုပ်လိုက်တော့"
သူက ရင်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် စနစ်၏ အသိပေးသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။
"တင်းတောင်…အိမ်ရှင် စာရင်းသွင်းတာ အောင်မြင်သွားသည့်အတွက် ဂုဏ်ယူပါတယ်၊ အောက်ပါ ဆုလာဘ်များကို ရရှိမှာ ဖြစ်ပါတယ်"
"တင်းတောင်…အိမ်ရှင်က ဒါတွေကို ရလို့ ဂုဏ်ယူပါတယ် - ခန္ဓာကိုယ်ကျန်းမာရေး×၅ ၊ စိတ်စွမ်းအင်×၅"
"တင်းတောင်…အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - အမျိုးသမီးသားမွေးအင်္ကျီ ကူပွန်×၁ စောင်"
"တင်းတောင်…တင်းတောင်… အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - ဟုန်ချီကား လေးဆယ့်ရှစ်နာရီ အသုံးပြုခွင့် ကူပွန်×၁ စောင်"
"တင်းတောင်…အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - တောကြက်ဥ-×၁၀၀၀ လုံး"
"တင်းတောင်…အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - တာ့ထွမ်ကျဲ ငွေစက္ကူ×၁၀၀ ရွက်" (၁၀၀၀)
"တင်းတောင်…အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - တောကြက်×၁၀ ကောင်"
"တင်းတောင်…အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - ပိဿာ ၅၀၀ အလေးချိန်ရှိသော တောဝက်×၁ ကောင်"
"တင်းတောင်… အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - ယုန်ဖြူကြီး နို့ခဲသကြားလုံး×၅၀၀ လုံး"
"တင်းတောင်…အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - ရှန့်ဟိုင်းတံဆိပ် လက်ပတ်နာရီ ကူပွန်×၁ စောင်"
"တင်းတောင်…အိမ်ရှင်က ဒါတွေကိုရလို့ ဂုဏ်ယူပါတယ် - ရွှေလက်ကောက်×၁ခု"
ခေါင်းထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသော စနစ်၏ ကြေညာသံများကို ကြားလိုက်ရသောအခါ ချန်ကောဟွားသည်လည်း မအောင့်နိုင်ဘဲ သက်ပြင်းချကာ ချီးမွမ်းလိုက်မိသည်။
နွေဦးပွဲတော်နှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။ စနစ်ကလည်း လိုက်ပါ၍ သဘောထားကြီးလာသည်။
ပထမဆုံးအနေဖြင့် ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်စွမ်းအင်များကို တိုက်ရိုက်ပင် ၅ မှတ်စီ ပေးအပ်၏။ ဤစွမ်းရည်များကို ပိုင်ဆိုင်ပြီးနောက် သူ၏ ခွန်အား ၊ တုံ့ပြန်နိုင်စွမ်းနှင့် သက်တမ်းတို့သည် နောက်ထပ်တစ်ကြိမ် ကြီးမားစွာ တိုးတက်လာသည်။
အကယ်၍ ကိုယ်ခံပညာ လေ့ကျင့်သူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤစွမ်းရည်များသည် အခြားသူများ၏ ဆယ်နှစ်တာ ကြိုးစားအားထုတ်မှုနှင့် ကျိန်းသေပေါက် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
အခြားသူများ ရရှိရန် ခက်ခဲသော အရာများကို သူက အလွယ်တကူပင် ရရှိသွားသည်ဟု ဆိုနိုင်၏။
ဟယ်ယွီကျူးကို ဥပမာအနေဖြင့် ယူကြည့်လျှင် သူသည် သံမဏိစက်ရုံ၏ စစ်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း သူ၏ လက်ရှိစွမ်းရည်များနှင့် နှိုင်းယှဉ်ကြည့်ပါက ချန်ကောဟွား၏ လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော ခွန်အားများကို ခံစားလိုက်ရသောအခါ ချန်ကောဟွား၏ ရင်ထဲတွင် အလွန်အမင်း ကြည်နူးသွားသည်။ သို့သော် သူ့ကို ပို၍ ဝမ်းသာအားရ ဖြစ်စေသည်မှာ နောက်မှ အရာများပင် ဖြစ်၏။
ပထမဆုံးအနေဖြင့် ဟုန်ချီကား အသုံးပြုခွင့် ကူပွန်ပင် ဖြစ်သည်။ ဤအရာကို ယခုအချိန်တွင် ချန်ကောဟွားက မည်သို့ အသုံးပြုရမည်ကို မသိရှိသေးပေ။ သို့သော် စနစ်မှ ပေးအပ်သော အရာများသည် ကျိန်းသေပေါက် ကောင်းမွန်သော အရာများသာ ဖြစ်သည်။
ဤခေတ်ကာလမှ လူများကို ဥပမာပေးရလျှင် ဟုန်ချီကား စီးနင်းနိုင်သူဟူ၍ နှစ်မျိုးသာ ရှိသည်။
တစ်မျိုးမှာ အစိုးရအဖွဲ့အစည်းမှ အရာရှိများ ဖြစ်သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်အကြိမ်က တွေ့ဆုံခဲ့ရသော ခေါင်းဆောင်ဟောင်း စီးနင်းခဲ့သည့် ကားမှာ ဟုန်ချီကားပင် ဖြစ်သည်။
တစ်ဖက်လူ၏ ရာထူးအဆင့်အတန်းကို မသိရှိသော်လည်း ဟုန်ချီကားကို ကြည့်ခြင်းအားဖြင့် သူ၏ အဆင့်အတန်းမှာ မသေးငယ်ကြောင်း သိရှိနိုင်သည်။
နောက်တစ်မျိုးမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ အထက်တန်းစီမံခန့်ခွဲသူများ ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံတော်သည် စုပေါင်းစနစ်တွင်သာ ရှိနေသေးပြီး ပုဂ္ဂလိကလုပ်ငန်းများ မရှိသေးပေ။ လုပ်ငန်းအားလုံးမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသာ ဖြစ်သည်။
နိုင်ငံပိုင်လုပ်ငန်းများ၏ အထက်တန်းစီမံခန့်ခွဲသူများသည် နေ့စဉ် လုပ်ငန်းကိစ္စများဖြင့် အလုပ်များနေကြသည်။အကယ်၍ ဝေးလံသော နေရာများသို့ သွားရောက်ရမည်ဆိုပါက ကားအသုံးပြုရမည့် နေရာများ ရှိလာပေမည်။ ၎င်းတို့မှလွဲ၍ မည်သူမျှ ဟုန်ချီကားကို စီးနင်းနိုင်စွမ်း မရှိပေ။
ထို့ကြောင့် ဤအခြေအနေအောက်တွင် အကယ်၍ မိမိ၌ ဟုန်ချီကားကို ပိုင်ဆိုင်ထားပါက ကျိန်းသေပေါက် အလွန်အမင်း ကြွားလုံးထုတ်ရာ ကျနေမည်ဖြစ်သည်။ ထို့အပြင် ဟုန်ချီကား ရရှိလာသည့် အရင်းအမြစ်ကိုလည်း ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ သို့သော် အကယ်၍ ကားအသုံးပြုခွင့်သာ ဖြစ်ပါက ထိုအရာက တော်တော်လေး ကောင်းမွန်သည်။
မည်သို့ပင်ဆိုစေ ဟုန်ချီကားသည် နိုင်ငံပိုင်အဖြစ် ရှိနေဆဲဖြစ်ပြီး ပြည်သူပြည်သားများကို တစ်ရက်ခန့် ငှားရမ်းပေးခြင်းသာ ဖြစ်ရာ ၎င်းမှာ ဂုဏ်ရှိသော ပြည်သူများကို ကူညီပေးခြင်းဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် ပြောရလျှင် ဤဟုန်ချီကား အသုံးပြုခွင့်သည် ချန်ကောဟွားအတွက်မူ တော်တော်လေး ကောင်းမွန်သည်။ မည်သို့ပင်ဆိုစေ မိမိ၌ ကျိန်းသေပေါက် ကားအသုံးပြုရမည့် နေရာများ ရှိနေသည်။
ထို့နောက် သားမွေးအင်္ကျီ ကူပွန်ပင် ဖြစ်သည်။ သိထားရမည်မှာ သားမွေးအင်္ကျီကဲ့သို့သော အရာမျိုးသည် သေးငယ်သော သားမွေးအင်္ကျီ တစ်ထည်အတွက်ပင် ယွမ်ရာချီ၍ ကုန်ကျရမည်ကို မဆိုထားနှင့် ဤကူပွန်မှာ ငွေရှိရုံဖြင့် ဝယ်ယူ၍ ရနိုင်သောအရာ မဟုတ်ပေ။
လူမှုအသိုင်းအဝိုင်းတွင် ရာထူးအဆင့်အတန်းရှိပြီး အဆက်အသွယ်ရှိသော လူမျိုးမှသာလျှင် သားမွေးအင်္ကျီ ကူပွန်ကို ခွဲဝေရရှိနိုင်ခြေ ရှိသည်။
ဤသားမွေးအင်္ကျီ ကူပွန်ဆိုသည့် အရာသည် အကယ်၍ နှောင်းခေတ်တွင်ဆိုလျှင် LV တံဆိပ် ကဲ့သို့သော ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များနှင့် ညီမျှသည်။ ထို့အပြင် ဤခေတ်ကာလတွင် မည်သူကမျှ အတုမလုပ်ရဲကြပေ။
ထို့ကြောင့် သားမွေးအင်္ကျီမှာ အစစ်အမှန်ဖြစ်သည်မှာ သေချာပြီး တန်ဖိုးအားဖြင့် နှောင်းခေတ်မှ ဘရန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ထိုထက်ပင် ပိုလွန်၍ သာလွန်ကောင်းမွန်ပေလိမ့်မည်။
ထိုဆုက လုံးဝကို ကောင်းမွန်သော အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။
သားမွေးအင်္ကျီကို မြင်လိုက်ရပြီးနောက် ချန်ကောဟွား၌ အတွေးတစ်ခု ပေါ်လာသည်၊ ထိုအရာမှာ သားမွေးအင်္ကျီကို ဝယ်ယူလာပြီးနောက် မိမိ၏ ဇနီးဖြစ်သူကို ဝတ်ဆင်ပေးရန်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမသည် မိမိနောက်သို့ မည်သည့် နောင်တမျှမရှိဘဲ လိုက်ပါလာခဲ့သူဖြစ်သည်။ရက်အနည်းငယ်ကြာလျှင် မိဘအိမ်သို့ ပြန်ရတော့မည်ဖြစ်ရာ သေချာပေါက်ပင် ခမ်းခမ်းနားနားဖြင့် ပြန်သွားရမည် ဖြစ်သည်။ စဉ်းစားကြည့်ပါက သားမွေးအင်္ကျီကို ဝတ်ဆင်ကာ အိမ်သို့ ပြန်သွားရခြင်းက မည်မျှလောက် ဂုဏ်ယူဝင့်ကြွားစရာ ကောင်းလိုက်မည်နည်း။
ထို့ကြောင့် စနစ်ကျောပိုးအိတ်ထဲတွင် ယခုလေးတင် ရရှိထားသော သားမွေးအင်္ကျီ ကူပွန်ကို မြင်တွေ့လိုက်ရသောအခါ ချန်ကောဟွား၏ ရင်ထဲတွင် အလွန်အမင်း ကျေနပ်သွားသည်။
ထို့နောက်တွင် ဝမ်ဖူကျင်း ဈေးဝယ်စင်တာသို့ ချက်ချင်းသွားရောက်ကာ သားမွေးအင်္ကျီကို ဝယ်ယူပြီး ဇနီးဖြစ်သူအား လက်ဆောင်ပေးချင်စိတ်များပင် ဖြစ်ပေါ်နေတော့သည်။
……