← Chapters

အခန်း ၄၅၆

Vol. 39 Ch. 456

အခန်း ၄၅၆

Vol. 39 Ch. 456

အခန်း (၄၅၆)

ခွေးခေါင်းနှင့် လူခန္ဓာကိုယ် ပုံစံ ရုပ်တုကြီး၏ အနောက်ဘက်၌ ရဲချီယန်၏ ပုံရိပ်က ထွက်ပေါ်လာလေ၏။

"ပုန်ကန်မှု × မာနတရား"

သူက ခွေးခေါင်းပုံစံ ရုပ်တုကြီး၏ ထိပ်ဆုံး၌ ရပ်နေကာ သူ ရိုက်နှက်မေ့မြောစေခဲ့သော ဘာသာဝင် အဘိုးအို ပြောပြခဲ့သည့် ရုပ်တုနောက်ကွယ်မှ လျှို့ဝှက်နေရာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဧရာမ ကျောက်တုံးကြီး တစ်တုံးတည်းဖြင့် ထွင်းထုထားသော ဤရုပ်တုကြီးပေါ်တွင် သာမန်လူများ လုံးဝ သတိမပြုမိနိုင်သည့် အလွန် လျှို့ဝှက်ကျဲကျဲ နေရာတစ်ခု ရှိနေပြီး ထိုနေရာ၌ အရောင်ကွဲပြားနေသော ကျောက်ပြားတစ်ချပ် ရှိနေပေ၏။

၎င်းက ဘုရားကျောင်းအတွင်းရှိ ဘာသာဝင်များ ကိုးကွယ်ယုံကြည်ကြသော နတ်ဘုရား၏ ရုပ်တုပင် ဖြစ်သည်။

ဤကျောက်ပြားကို ရှာတွေ့နိုင်ရန် ရုပ်တု၏ ထိပ်ဆုံး၌ မတ်တတ်ရပ်ရမည် ဖြစ်ရာ ဘာသာဝင်များအတွက်တော့ ၎င်းတို့၏ ယုံကြည်မှုကို ပြင်းထန်စွာ စော်ကားစော်ကားမှုပင် ဖြစ်ပေလိမ့်မည်။

ဖုံးကွယ်ထားခဲ့သူသည် ဤအရာကို မည်သူမျှ မရှာတွေ့စေရန် ရည်ရွယ်ထားခဲ့ပုံ ရပေသည်။

ဤသည်က အလွန် ထူးဆန်းလှ၏။

အဘယ်ကြောင့်ဆိုသော် ကုန်သည်ယာဉ်တန်းခေါင်းဆောင် ပြောပြခဲ့သည့် ဇာတ်လမ်းအရဆိုလျှင်... နက်ဖီလင်မ်ကို အနိုင်ယူခဲ့သူမှာ ဤခွေးခေါင်းနှင့် နတ်ဘုရားပင် ဖြစ်လေသည်။

သူက သဲကန္တာရကို ပိုင်ဆိုင်ခဲ့ပြီး စစ်ပွဲဆုလာဘ်ကိုပါ ရရှိခဲ့ပါလျက်နှင့် အဘယ်ကြောင့် ဖုံးကွယ်ထားရပါသနည်း။

ရဲချီယန်က ကျောက်ပြားကို မတင်လိုက်ပြီး အတွင်း၌ ရှိနေသော အရာကို မြင်တွေ့လိုက်ရချိန်တွင် ယာဉ်တန်းခေါင်းဆောင်က ၎င်းကို ဓားဟု အဘယ်ကြောင့် ခေါ်ဆိုခဲ့သနည်းဆိုသည်ကို နားလည်သွားခဲ့တော့သည်။

၎င်းက ဓားတစ်လက် မဟုတ်ခဲ့ချေ။

ကြက်တောင်တစ်ခုသာ ဖြစ်၏။

အနီရောင်နှင့် ရွှေရောင် ရောယှက်နေသော ကြက်တောင်လေး တစ်ခုပင် ဖြစ်လေသည်။

ဝုန်း...။

ရဲချီယန်က ကြက်တောင်ကို ယူဆောင်လိုက်သည့် တခဏ၌ပင် ဘုရားကျောင်းကြီး တစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး ဘာသာဝင်အားလုံး မြေပြင်ထက်သို့ လဲကျသွားကြလေတော့သည်။

ညဉ့်ကောင်းကင်ယံသည် ရွှေရောင်အလင်းတန်းများဖြင့် ရုတ်တရက် လင်းထိန်သွားခဲ့၏။

အထက်သို့ မော့ကြည့်လိုက်ပါက ကျယ်ပြောလှသော ဝါကျင်ကျင် သဲမှုန်များ ဖုံးလွှမ်းနေသည့် ညဉ့်ယံ၌ ခွေးခေါင်းနှင့် လူခန္ဓာကိုယ် ပုံရိပ်ယောင်ကြီး တစ်ခု လွင့်မျောနေသည်ကိုသာ မြင်တွေ့ရပေမည်။

"သူခိုး"

ဒေါသတကြီး အော်ဟစ်သံကြီးက ညဉ့်ကောင်းကင်ယံထက်၌ ပဲ့တင်ထပ်သွားခဲ့သည်။ လူတိုင်းက ဤအသံကို ကြားလိုက်ရပြီး ဘုရားကျောင်းထဲရှိ လူများက ဒူးထောက်၍ ဆုတောင်းနေကြကာ အချို့ဆိုလျှင် မျက်ရည်များပင် ကျဆင်းနေကြချေပြီ။

ဝါကျင်ကျင် သဲမှုန်များက ဘုရားကျောင်းအတွင်းသို့ အဟုန်ပြင်းစွာ တိုးဝင်လာပြီး ရုပ်တုထိပ်ရှိ ရဲချီယန်ထံသို့ ဦးတည် ပြေးဝင်လာလေ၏။

သူက မာနတရား အခြေအနေကို ဆက်လက် ထိန်းသိမ်းထားသော်လည်း သူ၏ မာနတရားကြောင့်ပင်လျှင် လူများက သူ့ကို မသိစိတ်အရ မမြင်တွေ့နိုင်အောင် ဖြစ်သွားကြရသည်။ သို့တိုင် သူက မျက်စိကျိန်းမတတ် တောက်ပလွန်းနေသဖြင့် လူများက မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေသော်လည်း ရှင်းလင်းစွာတော့ မမြင်နိုင်ကြချေ။

ရဲချီယန်က ကြက်တောင်ကို ကောက်ကိုင်လိုက်ပြီး ကောင်းကင်ယံဆီသို့ ဝှေ့ယမ်းပြလိုက်သည်။

သူက ဦးထုပ်ကို သေသပ်စွာ ပြင်ဆောင်းလိုက်ပြီးနောက် ကောင်းကင်ထက်ရှိ ခွေးခေါင်းပုံရိပ်ကြီးအား လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။

"နှုတ်ဆက်ပါတယ်"

"နေရာရွှေ့ပြောင်းအမှတ်အသား"

"စတင်ရွှေ့ပြောင်းမယ်"

နစ်မြုပ်ခြင်း...။ သူ၏ ပုံရိပ်က နွေးထွေးကာ ပုံသဏ္ဌာန်မဲ့သော လေဟာနယ် ချောက်နက်ထဲသို့ နစ်မြုပ် ပျောက်ကွယ်သွားလေတော့သည်။

"သူခိုး။ သူ့ကို ရှာစမ်း။ သတ်ပစ်စမ်း။ ငါ့ရဲ့ ရတနာကို သူ့လက်ထဲကနေ ပြန်ယူခဲ့ကြ"

ခွေးခေါင်း နတ်ဘုရား မာတမ်၏ ပုံရိပ်ယောင်ကြီးက ဒေါသတကြီး ဟိန်းဟောက် အော်ဟစ်နေလေ၏။

မြို့တော် တစ်ခုလုံးရှိ ဘာသာဝင် အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီး ရဲချီယန်၏ သဲလွန်စကို ရှာဖွေရန် ကြိုးစားကြတော့သည်။ သို့သော် သူတို့ ဘယ်နေရာမှာ ရှာရမည်နည်း။

သူတို့က ရဲချီယန်၏ ရုပ်ရည်သွင်ပြင် မည်သို့ရှိသည်ကို မသိကြပေ။ သူဝတ်ဆင်ထားသော အဝတ်အစားများပင်လျှင် အသွင်ယူခြင်း ဖြင့် ဖန်တီးထားသည့် အတုအယောင်များသာ ဖြစ်ရာ သူတို့ တတ်နိုင်သည်မှာ သိပ်မရှိလှချေ။

အနက်ရောင် ဆံပင်များနှင့် လူငယ်လေး မျက်လုံးဖွင့်လာပြီး ရွှေ့ပြောင်းခြင်းမှ ပြန်လည်ရောက်ရှိလာချိန်၌ သူ၏ ပုံရိပ်မှာ ကုန်သည်အသင်းရှိ သူ နေရာရွှေ့ပြောင်းအမှတ်အသား ချန်ထားခဲ့သော အခန်းတွင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

အီဗ်၏ မျက်နှာပေါ်တွင် ပျော်ရွှင်နေသော ပစ်ဇယ် အီမိုဂျီလေး တစ်ခု ပေါ်လာပြီး သခင်ဖြစ်သူထံသို့ တိုးကပ်လာကာ သူမ၏ ဘဲဥပုံစံ လက်လေးကို ဝှေ့ယမ်းပြလေ၏။

သူမ၏ မျက်နှာပေါ်၌ ပစ်ဇယ် စာသားတစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။

"ဟို ကြောင်နားရွက်နဲ့ မိန်းမ ရောက်လာသေးလား"

"ရည်ရွယ်ချက်ဆိုး မရှိပါဘူး၊ ဒါကြောင့် ပြဿနာ မရှိပါဘူးလေ၊ သူ့ကို လျစ်လျူရှုထားလိုက်ပါ"

ရဲချီယန်က အီဗ်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် သူ၏ လက်နက်တပ်ဆင်မှု နေရာလွတ် ထဲမှ လီဆက်ကို ဆင့်ခေါ်လိုက်သည်။

"ဒီကြက်တောင်က..."

【နက်ဖီလင်မ်ရဲ့ ပြောင်းပြန်ကြက်တောင် (အဆင့် ၉)】

【ထာဝရ မီးတောက်များ ပါဝင်သည်။ သေစေနိုင်သော ဒဏ်ရာ ရရှိချိန်တွင် ၎င်းကို စားသုံး၍ ဒဏ်ရာများကို လျင်မြန်စွာ ပြန်လည် ကုစားနိုင်သည်】

【၎င်းမှာ သဲကန္တာရ၏ စောင့်ရှောက်သူ နတ်ဘုရား၊ နက်ဖီလင်မ်ရဲ့ အရေးပါဆုံးသော ကြက်တောင် ဖြစ်သည်။ ၎င်းသည် အယုံကြည်ရဆုံးသူ၏ လှည့်စားမှုကို ခံရပြီးနောက် ကြက်တောင်ကို အနှုတ်ခံလိုက်ရကာ မသေနိုင်သော စွမ်းအားများ ဆုံးရှုံးသွားခဲ့ရပြီး မာတမ်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်】

【မှတ်ချက်။ ။ သစ္စာဖောက်များသည် နာကျင်မှုဖြင့် ပြန်လည် ပေးဆပ်ရမည်】

"တကယ်ပဲ နက်ဖီလင်မ်ရဲ့ ပစ္စည်း ဖြစ်နေတာကိုး။ အကျိုးသက်ရောက်မှုက အတော်လေး အစွမ်းထက်တာပဲ၊ သေဆုံးခြင်းကို ငြင်းဆန်မှု ရဲ့ အဆင့်နိမ့် ဗားရှင်းလိုမျိုးများလား။ မဟုတ်သေးပါဘူး၊ အသုံးပြုရမယ့် နည်းလမ်းနဲ့ အကျိုးသက်ရောက်မှုကလည်း ကွဲပြားနေတာပဲ"

သေဆုံးခြင်းကို ငြင်းဆန်မှု ၏ တည်ရှိမှုက မည်သို့သော တိုက်ခိုက်မှုကိုမဆို မသေဆုံးနိုင်စေရန် သေချာစေသော်လည်း အကယ်၍ အားပြင်းသော တိုက်ခိုက်မှုတစ်ခုကြောင့် ချက်ချင်း သေဆုံးသွားရပါက ဤကြက်တောင်မှ ပေးစွမ်းသော ပြန်လည်ကုစားနိုင်စွမ်းက အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။

"ဒီလိုဆိုရင်တော့..."

ရဲချီယန်က နက်ဖီလင်မ်ရဲ့ အရိုးစုထဲမှ သူ ရှာတွေ့ခဲ့သော စိတ်ဝိညာဉ် ကျောက်စိမ်းကို ထုတ်ယူလိုက်သည်။

သူက ထိုနှစ်ခုကို ပေါင်းစပ်လိုက်၏။ ကံမကောင်းစွာဖြင့် သူ တွေးထင်ထားသကဲ့သို့ စိတ်ဝိညာဉ် ကျောက်စိမ်း၏ စွမ်းအားကို ပြန်လည် ပြည့်ဖြိုးလာစေမည့် အကျိုးသက်ရောက်မှုက ဖြစ်ပေါ်မလာခဲ့ချေ။

"တခြား သတ်မှတ်ချက်တွေ ရှိနေသေးတာလား"

ရဲချီယန်က ခဏတာ စဉ်းစားလိုက်ပြီးနောက် နှစ်ခုစလုံးကို ယာယီ သိမ်းဆည်းထားလိုက်သည်။

ဒေါက်... ဒေါက်... ဒေါက်...။

ထိုအချိန်၌ပင် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။

ကြောင်နားရွက်နှင့် ကုန်သည်အသင်းခေါင်းဆောင် အိုင်ရှာလာ၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။

"မစ္စတာ ရဲ... နိုးနေပြီလားရှင့်"

ရဲချီယန်က သူ၏ အိတ်ဆောင်နာရီပေါ်ရှိ အချိန်ကို လှမ်းကြည့်လိုက်သည်။

【၂၃:၃၃:၁၁】

ဒီလိုအချိန်ကြီးမှာ သူ နိုးနေသလားဆိုပြီး လာမေးတယ်ပေါ့လေ။

သူမ တစ်ခုခု ကြံစည်နေတာလား။ ဒါမှမဟုတ်... သူမ တစ်ခုခုကိုများ သိသွားခဲ့တာလား။

အမိန့်ကို လက်ခံရရှိပြီးနောက် လီဆက်က တံခါးဆီသို့ လျှောက်သွားကာ သော့ခတ်ထားသော အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။

"ဟား... ခုလေးတင် နိုးတာပါ။ ဘာများ အရေးတကြီး ကိစ္စရှိလို့လဲ မစ်စ် အိုင်ရှာလာ"

ရဲချီယန်က အိပ်ချင်မူးတူးဖြင့် သမ်းဝေလိုက်ကာ သူ့ရှေ့မှ အမျိုးသမီးကို တည်ငြိမ်သော အပြုံးဖြင့် ကြည့်လိုက်လေ၏။

လီဆက်နှင့် အီဗ်တို့က အိုင်ရှာလာကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြရာ သူမကို အနည်းငယ် သက်သောင့်သက်သာ မရှိဖြစ်သွားစေသည်။

သူမ၏ ကြောင်ဗီဇက အန္တရာယ် အရိပ်အယောင် အချို့ကို အာရုံခံမိနေသဖြင့် ချက်ချင်း ထွက်ပြေးချင်စိတ်များပင် ပေါ်ပေါက်လာခဲ့၏။

သို့သော် သူမ၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာချိန်တွင် အသိတရားက အကြောက်တရားကို အနိုင်ယူသွားခဲ့လေသည်။ သူမက သွားကို ကျိတ်လျက် အခန်းတွင်းသို့ ဝင်ရောက်လာပြီး သူမနောက်မှ တံခါးကို ပိတ်လိုက်တော့သည်။

"မစ္စတာရဲ... ဘုရားကျောင်းနဲ့ ယခင် စောင့်ရှောက်သူ နတ်ဘုရား နက်ဖီလင်မ် အကြောင်းကို ရှင် အတော်လေး စိတ်ဝင်စားနေတယ်လို့ ကျွန်မရဲ့ လက်အောက်ငယ်သားတွေဆီကနေ ကြားခဲ့ရတယ်။ ရှင်က... အပြင်လူ တစ်ယောက်လား"

အပြင်လူ... ဤအသုံးအနှုန်းက ရဲချီယန် အခြားမြို့တော်မှ လာခဲ့ခြင်းကြောင့် ခေါ်ဆိုလိုက်သော ဂုဏ်ပုဒ် မဟုတ်သည်မှာ ရှင်းလင်းလှပေသည်။ သူမ ပြောသော အပြင်လူ ဆိုသည်မှာ ရထားမောင်းနှင်သူ ကို ဆိုလိုခြင်း ဖြစ်ရပေမည်။

"အပြင်လူလား။ တကယ်လို့ မင်းက ငါ တခြားမြို့ကနေ လာတာကို ဆိုလိုတာဆိုရင်တော့ ဟုတ်ပါတယ်။ ငါက သဲကန္တာရထဲမှာ ခရီးသွားနေတဲ့ ခရီးသွား တစ်ယောက် သက်သက်ပါပဲ။ စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတွေကို စိတ်ဝင်စားတာ သဘာဝကျတယ် မဟုတ်ဘူးလား"

အခန်းတွင်းရှိ လေထုက ပို၍ပင် ထူးဆန်းလာကြောင်း အိုင်ရှာလာ ခံစားလိုက်ရ၏။ လီဆက်၏ ကျောဘက်မှ သံချွန်များမှာ မှိန်ဖျော့ဖျော့ ပေါ်ထွက်လာပြီး အီဗ်၏ လက်နက် အပေါက်တစ်ခုကလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။

"ဂလု..."

အိုင်ရှာလာက တံတွေးမြိုချလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ခေါင်းခါယမ်းလိုက်သည်။

"ရှင် တခြားသူတွေကို လှည့်စားလို့ ရနိုင်ပေမဲ့ ကျွန်မကိုတော့ လှည့်စားလို့ မရပါဘူး... ဒီကမ္ဘာကြီး တစ်ခုလုံးက သဲကန္တာရဆိုတာရယ်၊ သဲကန္တာရရဲ့ အပြင်ဘက်မှာလည်း သဲကန္တာရတွေပဲ ရှိနေသေးတယ်ဆိုတာရယ်ကို ကျွန်မ ကောင်းကောင်း သိထားပါတယ်။ သဲတွေ ရှိနေသရွေ့ အဲဒီနေရာဟာ မာတမ်ရဲ့ ပိုင်နက်နယ်မြေပဲ။ သာမန် သဲကန္တာရထဲမှာ နေထိုင်သူ တစ်ယောက်ဆိုရင် နတ်ဘုရားရဲ့ တည်ရှိမှုကို ဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ။ ဒါကြောင့်... ရှင်က ရှေးဟောင်းခေတ်ကတည်းက အိပ်စက်နေခဲ့တဲ့ မှော်ဆရာ တစ်ယောက် ဖြစ်ရမယ်၊ ဒါမှမဟုတ် တခြားကမ္ဘာကလာတဲ့ အပြင်လူ တစ်ယောက်ပဲ ဖြစ်ရမယ်"

အလွန် ယုတ္တိတန်လှသော ခန့်မှန်းချက်ပင်။

ရဲချီယန် ကိုယ်တိုင်လည်း ဤသို့သာ တွေးတောမိမည် ဖြစ်သည်။ အိပ်စက်နေသော မှော်ဆရာတဲ့လား။ ဤအမည်နာမက... အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေတာပဲ။

သူက စိတ်ထဲမှ ကြိတ်ပြုံးလိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် လေးနက်တည်ကြည်သွားတော့သည်။ သူက ခါးမတ်မတ် ထိုင်လိုက်ပြီး သူ၏ လေယူလေသိမ်းမှာလည်း အလွန်အမင်း အေးစက် ထောင်လွှားသွားခဲ့၏။

"ဟုတ်တယ်၊ ငါက မင်းပြောသလို ရှေးဟောင်းခေတ်ကတည်းက အိပ်စက်နေခဲ့တဲ့ မှော်ဆရာပါပဲ"

"ဖြားယောင်းသွေးဆောင်ခြင်း..."

ရဲချီယန်က အိုင်ရှာလာ၏ အလွန်အမင်း ထိတ်လန့် အံ့ဩနေသော မျက်နှာအမူအရာကို ကြည့်ကာ လက်ချောင်းလေးကို ဖြတ်ခနဲ မြည်အောင် တီးလိုက်လေသည်။

"ဒါဆို အပြင်လူဆိုတာက ဘာလဲ။ ပြီးတော့... မင်းက နက်ဖီလင်မ်အကြောင်း အများကြီး သိနေပုံရတယ်နော်... မင်း သိထားသမျှကို ငါ့ကို ပြောပြနိုင်မလား"

"အယ်"

All Chapters