အခန်း ၃၄၃
Vol. 31 Ch. 343
အခန်း (၃၄၃) ဂုဏ်သတင်း ရုတ်ခြည်း မြင့်တက်လာခြင်း
တက်ကြွနေသော ပရိသတ်များ၏ စိတ်လှုပ်ရှားမှုများကြောင့် မှတ်ချက်ပေးသည့် နေရာတွင် ပွက်လောရိုက်သွားပေ၏။
ကျောက်ထျဲ့ က ဆက်ပြောလေသည်။
"ဒီနေ့ ငါက အားမာန်အပြည့်နဲ့ ပြန်လာတာ ကိုယ့်အတွက်မဟုတ်ဘဲ အားလုံးအတွက်ပဲ... သာမန်လူတွေအတွက် ဘာလို့ မတိုက်ပွဲဝင်ပေးနိုင်ရမှာလဲ..."
"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကုမ္ပဏီနှစ်ခုကြား အွန်လိုင်းပေါ်မှာ အချေအတင် ဆွေးနွေးနေကြတာကိုလည်း ငါ တွေ့ခဲ့တယ်..."
"တစ်ခုက လင်းလက် လို့ခေါ်ပြီး နောက်တစ်ခုက ကြည်လင် လို့ခေါ်တယ်..."
"ဒီကုမ္ပဏီနှစ်ခုက တူညီတဲ့ ထုတ်ကုန်ကို တစ်ချိန်တည်းမှာ ထုတ်လိုက်တာကြောင့် အများပြည်သူကြားမှာ ဆွေးနွေးစရာတွေ အများကြီး ဖြစ်သွားခဲ့တယ်..."
"ဒါ့အပြင် ငါ့ရဲ့ သုံးသပ်ချက်အရ ဒီကုမ္ပဏီနှစ်ခုထဲက တစ်ခုက အတု ဒါမှမဟုတ် စံမမီတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နေတယ်..."
"ဒီကုမ္ပဏီက လင်းလက် ပဲ..."
"ဒီနေရာမှာ မင်းတို့ နည်းနည်း ရှုပ်ထွေးသွားနိုင်တယ်... ဘာလို့ လင်းလက် လဲပေါ့... သူတို့ဆီမှာ အွန်လိုင်းက အကောင်းမြင် သုံးသပ်ချက်တွေ ပိုများနေတာ ရှင်းနေတာပဲလေ... ဆန့်ကျင်ဘက်အနေနဲ့ ကြည်လင် ရဲ့ ထုတ်ကုန်တွေကတော့ အဆိုးမြင် သုံးသပ်ချက်တွေနဲ့ ပြည့်နှက်နေတာ..."
"ဒါက အချက်တစ်ချက်ကို သက်သေပြနေတယ်... လူထုက လှည့်စားခံနေရတယ်ဆိုတာကို ပြသနေတာပဲ..."
"အွန်လိုင်းပေါ်မှာ အခကြေးငွေယူပြီး ကွန်မန့်ရေးပေးတဲ့လူတွေ ရှိတယ်ဆိုတာ အားလုံးသိကြတယ်..."
“လင်းလက်က သူတို့ရဲ့ ဝက်ခြံပျောက်ဆေးကို ဘာလို့ ၁၉၉ ယွမ် နဲ့ ဈေးသတ်မှတ်ထားတယ်လို့ ထင်လဲ...အဲဒါက ထုတ်ကုန်ရဲ့ အာနိသင်ကို ယုံကြည်လို့ မဟုတ်ဘူး...အွန်လိုင်းမှာ ကောင်းတဲ့ မှတ်ချက်တွေ ရေးပေးမယ့်သူတွေကို ငှားရမ်းထားလို့ပဲ...”
"ဒါကြောင့် သူတို့က ဈေးနှုန်းကို မြင့်မြင့် သတ်မှတ်ထားတာပေါ့... အဲဒီလိုဆိုရင် သူတို့ ငွေပိုရှာနိုင်တာပေါ့..."
"ဒါက စီးပွားရေးသမားတွေရဲ့ ပုံစံပဲ... အရင်းရှင်ဆိုတာ ဒါမျိုးပဲ..."
" ကြည်လင် က ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတယ်... စဉ်းစားကြည့်လေ ကြည်လင် ရဲ့ ထုတ်ကုန်တွေကို ပညာရှင်ဆုန့် က ထုတ်လုပ်ထားတာဖြစ်လို့ သူတို့ရဲ့ အရည်အသွေးနဲ့ အာနိသင်တွေက အွန်လိုင်းမှာ ကြော်ငြာထားသလိုမျိုး ဖြစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."
"အဲဒီ မုန်းတီးသူတွေနဲ့ အွန်လိုင်းကလူတွေက တကယ်ကို ဦးနှောက်မရှိတာပဲ... သူက ပညာရှင်ဆုန့် လေ အာဏာပိုင်ကို ကိုယ်စားပြုတဲ့သူပဲ... သူက ပြည်သူတွေ အကျိုးအတွက် သူ့ဘဝရဲ့ ဂုဏ်ကျက်သရေကို အသုံးပြုခဲ့တာတောင် အခုလို အပုပ်ချခံနေရတယ်..."
"ဒါက အရင်းရှင်တွေ အလုပ်လုပ်ပုံပဲ..."
ကျောက်ထျဲ့ သည် အသေးစိတ် ရှင်းပြလေ၏။
"ဒီ လင်းလက် ထုတ်ကုန်က အခုဆိုရင် တစ်ပတ်ရစ် ဈေးကွက်မှာ ယွမ် ၁၀၀၀ အထိတောင် ရောင်းနေရတယ်... ဒီဈေးနှုန်းကို လင်းလက် ရဲ့ ခေါင်းဆောင်ပိုင်းတွေက မသိဘူးလား..."
"ဒါ့အပြင် ဒီထုတ်ကုန် ထွက်လာပြီး တစ်ရက်အတွင်းမှာပဲ ချဲ့ကားထားတဲ့ ဗီဒီယိုတွေ အများကြီး အွန်လိုင်းပေါ်မှာ ထွက်လာတယ်... ဘယ်လောက်တောင် ချဲ့ကားထားလဲဆိုရင် လိမ်းဆေးကို သုံးပြီး မိနစ်ပိုင်းအတွင်းမှာပဲ ထိရောက်မှုရှိတယ်လို့ ပြောကြတာပဲ..."
"လူကြီးမင်းတို့ ဒါကို ယုံလား... ငါကတော့ လုံးဝ မယုံဘူး..."
"ဒါတင်မကသေးဘူး ငါ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒီဝက်ခြံပျောက်ဆေးမှာ ဟော်မုန်းဓာတ်တွေ အလွန်အကျွံ ပါဝင်နေပြီး အလွန်တန်ဖိုးနည်းတဲ့ ကုန်ကြမ်းတွေကို အသုံးပြုထားတယ်... ရေရှည်သုံးစွဲရင် ခန္ဓာကိုယ်ကို သတ္တုဆိပ်သင့်စေနိုင်တဲ့ အန္တရာယ်ရှိတယ်..."
"ဒီလို ထုတ်ကုန်မျိုးကို မင်းတို့ ဝယ်ရဲသေးလား..."
"ဒီလို ကုမ္ပဏီမျိုးကို မင်းတို့ ယုံကြည်နိုင်သေးရဲ့လား..."
"ငါ ကျောက်ထျဲ့ က ဒီလောက်အထိ ပြတ်သားတယ်... မင်းတို့လို မကောင်းဆိုးဝါး အရင်းရှင်တွေကို ရင်ဆိုင်ဖို့ ငါတို့ ရဲဝံ့တယ်..."
"ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ... မင်းတို့ရဲ့ တုံ့ပြန်မှုတွေကို ငါ စောင့်နေမယ်..."
ဗီဒီယို ပြီးဆုံးသွားချိန်တွင် တစ်နာရီအတွင်းမှာပင် Like အရေအတွက် တစ်သိန်းအထိ ရရှိသွားခဲ့ပေသည်။ မှတ်ချက်ပေါင်း နှစ်ထောင်ကျော်ပင် ရှိနေချေ၏။
"ဒါကတော့ လုံးဝ လွန်လွန်းနေပြီ..."
"ဒီကုမ္ပဏီက ဘယ်လိုလုပ် ဒီလောက် အသည်းနှလုံးမဲ့နိုင်ရတာလဲ... မိုးကြိုးပစ်ခံရမှာကို မကြောက်ဘူးလား..."
"ဒါပေါ့... ကျောက်ထျဲ့ လို ဖြောင့်မတ်တဲ့သူတစ်ယောက်က ဗီဒီယို တင်မပေးခဲ့ရင် အားလုံးက အမှောင်ထဲမှာပဲ ရှိနေဦးမှာ..."
"ကျောက်ထျဲ့ ကို ထောက်ခံပြီး အတုအပနဲ့ မရိုးသားတဲ့ စီးပွားရေးလုပ်ငန်းတွေကို နှိမ်နင်းလိုက်ကြ..."
"အာဏာပိုင်တွေက ဘာလို့ ဒီကုမ္ပဏီတွေကို ဒဏ်ငွေမရိုက်ပြီး ထောင်တစ်သက် တစ်ကျွန်း မချရတာလဲ..."
"ငါတို့ ကျောက်ထျဲ့ ကို လုံးဝ ယုံကြည်လို့ မရနိုင်ဘူး မဟုတ်လား... လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ သူ့မှာ အရှုပ်တော်ပုံကြီးတစ်ခု ရှိခဲ့တယ်မလား... သူ့ကို ဘယ်လိုလုပ် ယုံကြည်လို့ ရနိုင်တော့မှာလဲ... ဒါ့အပြင် လင်းလက် က Ar နည်းပညာကုမ္ပဏီ ရဲ့ သူဌေး စုယွမ် ပိုင်တဲ့ ကုမ္ပဏီလေ..."
"စုယွမ် ရဲ့ ကုမ္ပဏီဖြစ်တော့ရော ဘာဖြစ်လဲ... သူက သူတော်စင်လား... ငါထင်တာတော့ စုယွမ် က ကောက်ကျစ်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ..."
"ဒါပေါ့... ဈေးက ၁၉၉ ယွမ် သတ်မှတ်ထားပေမဲ့ ကုန်ကျစရိတ်က အရည်အသွေး အရမ်းနိမ့်တဲ့ ပါဝင်ပစ္စည်းတွေချည်းပဲ... ဒါက လူတွေကို ဓားပြတိုက်နေတာ မဟုတ်ဘူးလား... ဒါက အမြတ်ကြီးစားတာ မဟုတ်ရင် ဘာလဲ... မရိုးသားတာ မဟုတ်ရင် ဘာလဲ..."
"စုယွမ် မင်း ထွက်လာပြီး ရှင်းပြသင့်တယ် မဟုတ်ဘူးလား... ဒါက မင်းရဲ့ ပြဿနာပဲ မင်း ပြည်သူတွေကို ဒုက္ခပေးခဲ့တာ..."
"ဒါပေါ့... စုယွမ် က အဲဒီလောက် ချမ်းသာနေတာတောင် နှလုံးမဲ့ပြီး ရွံစရာကောင်းလွန်းတယ်... သူလို လူမျိုးတွေကို ဖမ်းဆီးသင့်တယ်..."
ကျောက်ထျဲ့ ၏ အမာခံပရိသတ်များသည် စုယွမ် အပေါ်သို့ အွန်လိုင်းမှနေ၍ ဒေါသတကြီး တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြပေသည်။ လင်းလက်နှင့် စုယွမ် အား ထောက်ခံသူများ၏ မှတ်ချက်များမှာ ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရလေ၏။
အဓိက စျေးကွက်ရှာဖွေရေး အကောင့်များသည်လည်း လူကြိုက်များလာစေရန်အတွက် ကျောက်ထျဲ့ ၏ ဗီဒီယိုကို မျှဝေရန် လှုပ်ရှားလာခဲ့ကြသည်။ ခဏတာမျှ လင်းလက် ၏ ထုတ်ကုန်များသည် အွန်လိုင်းပေါ်၌ အလွန် အနေရခက်သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပေ၏။
သို့သော် ထုတ်ကုန်ကို အမှန်တကယ် အသုံးပြုခဲ့သူများကမူ ဒေါသထွက်နေခဲ့ကြ၏။
သူတို့သည် အကြောင်းအကျိုးခိုင်လုံစွာ ပြန်လည်ရှင်းပြပြီး ငြင်းခုံခဲ့ကြသော်လည်း၊ တစ်ဖက်မှ လူများကမူ သူတို့၏ စကားကို လုံးဝ အရေးမစိုက်သည့်အပြင် နောက်ဆုံးတွင် လှောင်ပြောင်သည့် လေသံဖြင့်သာ ပြန်လည်တုံ့ပြန်ခဲ့ကြလေသည်။
“ဟုတ်တယ်... ဟုတ်တယ်...
မင်းတို့ ပြောတာ အကုန်မှန်ပါတယ်...
ဒါဆိုလည်း ဆက်သုံးနေကြဦးပေါ့...”
ထို့နောက် ဘာဖြစ်နေသည်ကို မသိရှိကြသော လူအုပ်ကြီးသည် စုယွမ် ၏ အကောင့်နှင့် Ar နည်းပညာကုမ္ပဏီ ၏ အကောင့်ထဲသို့ အလုံးအရင်း ဝင်ရောက်လာကာ ရူးသွပ်စွာ ဆဲဆိုတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြပေသည်။
သို့သော်လည်း စုယွမ်၊ Ar နည်းပညာကုမ္ပဏီ နှင့် လင်းလက် တို့ဘက်မှ လုံးဝ တုံ့ပြန်မှု မရှိခဲ့ချေ။ ဤသည်မှာ ဤလူများ၏ ရှေ့တွင် စုယွမ် ကြောက်ရွံ့နေသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။
ဤအရာက ထိုလူများ၏ ရှေ့မှောက်၌ သူ့ကို ပို၍ပင် မောက်မာလာစေခဲ့ပေသည်။ သို့သော် ရုတ်တရက် အကောင့်တစ်ခု ပေါ်လာခဲ့လေ၏။
ဤအကောင့်သည် စုယွမ် လူမှုကူညီရေး ဖောင်ဒေးရှင်း၏ တရားဝင်အကောင့် ဖြစ်ပေသည်။ အကောင့်ကို ယခုမှ မှတ်ပုံတင်ထားခြင်း ဖြစ်ပြီး ပို့စ်တစ်ခုကိုလည်း တင်ထားပြီး ဖြစ်ချေသည်။
ယွန်းရှန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ထိန်းချုပ်သူ မစ္စတာ စုယွမ် သည် ဝေးလံခေါင်ဖျားဒေသများရှိ ပညာရေးအခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် အခြားပရဟိတလုပ်ငန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ ပရဟိတရန်ပုံငွေအဖြစ် ယွမ် သန်း ၅၀၀ လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ယွမ် သန်း ၅၀၀ သည် အစပျိုးရန်ပုံငွေမျှသာ ဖြစ်သည်။
မစ္စတာ စုယွမ်အနေဖြင့် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် လှူဒါန်းမှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး၊ စုစုပေါင်း ရန်ပုံငွေ၏ အမြင့်ဆုံးပမာဏကို လက်ရှိအချိန်အထိ သတ်မှတ်ထားခြင်း မရှိသေးပေ။
လိုအပ်ချက် အမှန်တကယ် ရှိပါက သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းများသည် စီမံကိန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို တင်ပြလျှောက်ထားနိုင်ပြီး၊ စိစစ်အတည်ပြုပြီးနောက် သက်ဆိုင်ရာ ပရဟိတရန်ပုံငွေကို ရရှိနိုင်မည် ဖြစ်သည်။
ဤပို့စ်ကို တင်လိုက်ချိန်တွင် အင်တာနက်တစ်ခုလုံး၌ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပေ၏။
"ဝိုး... သန်း ၅၀၀ တဲ့... သူက ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ဖို့ တစ်ကြိမ်တည်းနဲ့ သန်း ၅၀၀ ကို ထုတ်ပေးလိုက်တာပဲ... ဥက္ကဋ္ဌ စုယွမ် က တကယ် ရက်ရောတာပဲ..."
"ဒါက နိုင်ငံနဲ့ ပြည်သူကို အလုပ်အကျွေးပြုတဲ့ စစ်မှန်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သင့်တဲ့ ပုံစံပဲ... ဒါက ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ပဲ..."
"ဥက္ကဋ္ဌ စုယွမ် ကို ကြည့်စမ်း... ဘယ်လောက်တောင် အမြော်အမြင် ကြီးမားလိုက်သလဲ... လုပ်ငန်းရှင်တိုင်း ဒါကို လေ့လာသင့်တယ်..."
"ငါတို့ နိုင်ငံရဲ့ အခြေအနေက ပိုပိုပြီး ကောင်းမွန်လာတယ် ဆိုပေမဲ့ ဝေးလံခေါင်သီတဲ့ ဒေသတချို့ကတော့ ဖွံ့ဖြိုးတိုးတက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲပဲ... ဥက္ကဋ္ဌ စုယွမ် ရဲ့ လုပ်ရပ်က လူထုကို အကျိုးပြုတဲ့ ကြီးမြတ်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်ဆိုတာ သံသယဝင်စရာ မရှိဘူး..."
မရေမတွက်နိုင်သော ချီးကျူးသံများ ထွက်ပေါ်လာခဲ့ပြီး စုယွမ် ၏ ဂုဏ်သတင်းမှာ ရုတ်ခြည်း မြင့်တက်လာခဲ့ပေသည်။
ကျိုတိုမြို့ရှိ စုယွမ် သည်လည်း ဤအရာကို သတိပြုမိသွားခဲ့ပြီး စနစ်မျက်နှာပြင်ပေါ်ရှိ ဂုဏ်သတင်း အမှတ်များမှာ ဆက်တိုက် မြင့်တက်နေခဲ့လေ၏။
"ကျောက်ထျဲ့ ရဲ့ အခြေအနေနဲ့ဆိုရင် 7nm Lithography ကို ဖွင့်နိုင်မယ့် သတင်းအချက်အလက်က မကြာခင် ရောက်လာတော့မယ် ထင်တယ်..."
"ကျောက်ထျဲ့ ရဲ့ စကားတွေက ငါ့အပေါ် သက်ရောက်မှုတချို့တော့ ရှိလာပြီ..."
မူလက စုယွမ် သည် ကျောက်ထျဲ့ ကဲ့သို့သော လူမျိုးအား လုံးဝ ဂရုစိုက်ချင်စိတ် ရှိမည်မဟုတ်ချေ။ သို့သော် သူ့တည်ရှိမှုက ဂုဏ်သတင်းကို ထိခိုက်စေခဲ့သဖြင့် အရေးယူဆောင်ရွက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
"ဟယ်လို... ကျင်းချန် လား..."
"ကျောက်ထျဲ့ ဆိုတဲ့ အွန်လိုင်းက လိမ်လည်မှုတွေကို ဖော်ထုတ်တဲ့ စထရင်မာက အခု ငါတို့အပေါ် သက်ရောက်မှုတချို့ ရှိနေပြီ..."
"မင်းလုပ်ရမှာက ဒါပဲ... သူ့ကို ဆက်သွယ်လိုက်ပါ... ဒါပေမဲ့ သူ့ကို ဘာအကျိုးအမြတ်မှ မပေးနဲ့... တကယ်လို့ သတိပေးတာက အလုပ်မဖြစ်ဘူးဆိုရင် ငါ့ရဲ့ ဆက်သွယ်ဖို့အချက်အလက်ကို ပေးလိုက်လို့ရတယ်..."
စုယွမ် က ညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ ဥက္ကဋ္ဌ စုယွမ်... ဒီကိစ္စက တကယ်ကို လေးနက်ပါတယ်... သူ့ကို ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်..."
ကျင်းချန် က ပြောလိုက်သည်။ ထို့နောက် သူသည် ဗီဒီယိုဆော့ဖ်ဝဲလ်မှတစ်ဆင့် ကျောက်ထျဲ့ ထံသို့ ဆက်သွယ်လိုက်လေ၏။