← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) တစ်ယောက်ယောက်က ပြဿနာရှာနေတယ်

ရှန်ကွမ်ယွဲ့က သူမ၏ လူများအပေါ် မည်မျှ ပြင်းထန်စွာ ကာကွယ်ပေးတတ်ကြောင်းကို အဘိုးကြီးကျန်း ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရလေ၏။

လွှမ်းမိုးနိုင်သော စစ်သေနာပတိနှင့် ပတ်ဝန်းကျင်ရှိ ခြိမ်းခြောက်နေသော စစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင်များကို ရင်ဆိုင်ရချိန်တွင် အဘိုးကြီးကျန်းသည် ဆက်မနေရဲတော့ဘဲ သူ၏လူများနှင့်အတူ ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားတော့သည်။

ဤတစ်ကြိမ်တွင် ဝမ်တန် သည် ငိုကြွေးခြင်း သို့မဟုတ် ဆူပူအော်ဟစ်ခြင်း မရှိခဲ့ချေ။ သူမ၏ သားနှင့် ခင်ပွန်းကို ကယ်တင်နိုင်မည် မဟုတ်ကြောင်းကို သူမ သိနေခဲ့၏။

ကျန်းမိသားစုသို့ ပြန်ရောက်ပြီးနောက်။

သူမ၏ မျက်နှာပေါ်တွင် နာကြည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသည်။

သူမ၏ သားနှင့် ခင်ပွန်းဖြစ်သူတို့ ထိုမတော်တဆမှု ဖြစ်ပွားခဲ့ပြီးကတည်းက

သူမသည် အဆက်အသွယ် အများအပြားကို အသုံးပြုခဲ့ပြီး အဘိုးကြီးကျန်းကိုပင် အသုံးပြုခဲ့သော်လည်း သူမ၏ သားနှင့် ခင်ပွန်းကို မကယ်တင်နိုင်ခဲ့ချေ။

"သူတို့နှစ်ဦးကို အချုပ်ထဲ မထည့်ခင်ကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့တယ်လို့ ငါ ကြားတယ်"

"အကယ်၍ သူတို့ကို အိမ်မှာပဲ အနားယူခွင့်ပေးထားမယ်ဆိုရင် ကြီးကြီးမားမား ပြဿနာတွေ ရှိလာမှာ မဟုတ်ဘူး... ဒါပေမဲ့ အထဲမှာ ပိတ်လှောင်ခံထားရတယ်ဆိုတာက သူတို့ ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပြီး သူတို့ရဲ့ ဒဏ်ရာတွေကိုလည်း အချိန်မီ မကုသနိုင်ဘူးလေ"

"သေချာပေါက် လူသေတော့မှာပဲ"

"ချန်ဖုန်း ဆိုလား... ကောင်းပြီလေ... နင်က ငါ့သားကို ယူသွားတယ် ငါက နင့်အသက်ကို ယူမယ်... စစ်ဘက်ဆိုင်ရာဌာန ရဲ့ နည်းပြချုပ် ဖြစ်တော့ကော ဘာဖြစ်လဲ"

ယခုအချိန်၌ ဝမ်တန် ၏ မုန်းတီးမှုများ ပိုမို ပြင်းထန်လာခဲ့၏။

အမျိုးသမီးများသည် မွေးရာပါ စိတ်ခံစားမှုပြင်းထန်သော သတ္တဝါများဖြစ်ကြပြီး အစွန်းရောက်သွားချိန်တွင် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိကြပေသည်။

သူမက အိပ်ခန်းထဲသို့ ပြန်သွားပြီး သူမ၏ စုဆောင်းငွေများ အားလုံးကို ထုတ်ယူလိုက်သည်။

နယ်စပ်ပြင်ပရှိ လုပ်ကြံသူအဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ရန် သူမ၏ အဆက်အသွယ်များကို အလျင်အမြန် အသုံးပြုလိုက်ကြ၏။

"နင်က စစ်ဘက်ဆိုင်ရာဌာန ရဲ့ နည်းပြချုပ် ဖြစ်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်နေရင်ရော ဘာဖြစ်လဲ... နယ်စပ်ပြင်ပက လုပ်ကြံသူတွေထက် ဘယ်သူက ပိုအစွမ်းထက်နိုင်မှာလဲ..."

......

ချန်ဖုန်းသည် ရုပ်ရှင်ကုမ္ပဏီတွင် ရွှီချင်းချန်နှင့် အတန်ကြာ စကားပြောနေခဲ့သည်။

ယခုအခါ ရုပ်ရှင်ကုမ္ပဏီက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်လာပြီဖြစ်ရာ ရွှီချင်းချန်တွင် ရွေးချယ်စရာ ဇာတ်ညွှန်း ဒါဇင်ပေါင်းများစွာ ရှိနေလေပြီ။

သူမက ဇာတ်ညွှန်းကို ချန်ဖုန်း၏ရှေ့တွင် ချထားလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်၏။

"အခု ငါတို့နဲ့ ပူးပေါင်းချင်နေတဲ့ နာမည်ကြီး ဒါရိုက်တာတွေ အများကြီး ရှိနေပြီ... ငါတို့မှာ ဒါရိုက်တာတွေ မရှားတော့ဘူး... ဇာတ်ညွှန်းတွေကို ကြည့်ပြီး ဘယ်ဟာကို သဘောကျလဲ ရွေးလိုက်ပါ"

"အတွေ့အကြုံတချို့ ရဖို့အတွက် ဘတ်ဂျက်နည်းတဲ့ ရုပ်ရှင် ဒါမှမဟုတ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားကြည့်လို့ရတယ်"

ချန်ဖုန်းက ပြန်ဖြေတော့မည့်အချိန်မှာပင်။

လေဟာနယ်ထဲရှိ မျက်နှာပြင်ပေါ်တွင် နောက်ထပ် ဗီဒီယိုတစ်ခု ပေါ်လာခဲ့၏။

[ နောက်ဆုံးရ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား သတင်း - ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ 'Wolf Warrior 3' ရုပ်ရှင်က ရုံဝင်ငွေ ယွမ် ၉ ဘီလီယံကို ကျော်လွန်သွားခဲ့ပါတယ်…]

ချန်ဖုန်း ရုတ်တရက် ခဏတာ အေးခဲသွားခဲ့သည်။

‘ချီးပဲ’

ဒုတိယကားကို သူ ကြည့်ဖူးခဲ့ပြီး ၎င်းက ယွမ် ၅ ဘီလီယံကျော် ရရှိခဲ့ပေ၏။

တတိယအပိုင်းကတော့ ရုံမတင်ရသေးပါဘူး။

စနစ်မှ ပေါ်လာသော ဗီဒီယိုတွင် ရုံဝင်ငွေ အချက်အလက်များသာမက ရုပ်ရှင်၏ ဇာတ်လမ်းတစ်ခုလုံးကိုပါ ပြသထားပေသည်။

ပြီးပြည့်စုံသော ဇာတ်ညွှန်းအပါအဝင် ဖြစ်၏။

ဒါက ... ဆိုလိုတာ မဟုတ်ဘူးလား…

ချန်ဖုန်း ချက်ချင်းပင် စိတ်လှုပ်ရှားကာ တွေးလိုက်မိသည်။

‘တကယ်လို့ ငါက ဒီရုပ်ရှင်ကို အချိန်မတိုင်ခင် ရိုက်ကူးလိုက်မယ်ဆိုရင် ငါ ကြီးမားတဲ့ စည်းစိမ်ချမ်းသာတွေကို ရရှိမှာ မဟုတ်ဘူးလား... ကုန်ကျစရိတ်က ယွမ်သန်း ၃၀၀ ဝန်းကျင်လောက်ပဲ ရှိပုံရတယ်’

"အင်း..."

ချန်ဖုန်းက ချောင်းဟန့်လိုက်ပြီး ပြောဆိုလိုက်၏။

"ငါ့ဆီမှာ ဇာတ်ညွှန်းတစ်ခု ရှိတယ်... နောက်မှ မင်းဆီ ပို့ပေးမယ်... မင်းက ဒီဇာတ်ညွှန်းအတိုင်း ရိုက်ကူးလို့ရတယ်... ကုန်ကျစရိတ်က ယွမ်သန်း ၃၀၀ လောက်ပဲ"

"အာ"

ရွှီချင်းချန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူဌေးက အရမ်း ချမ်းသာနေရင်တောင် ပိုက်ဆံတွေကို ဒီလို အလဟဿ မဖြုန်းတီးသင့်ဘူးလေ။

"တကယ်လို့ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ"

"ချန်ဖုန်း... ရုပ်ရှင်တစ်ကားမှာ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံတဲ့အခါ လုံခြုံတဲ့ဘက်မှာ နေတာ ပိုကောင်းမယ်လို့ ထင်တယ်"

"ရပါတယ် ရှုံးလည်း ရှုံးပါစေပေါ့ ကိစ္စမရှိပါဘူး"

ချန်ဖုန်းက ဒါကို အရေးတယူ လုံးဝ မလုပ်ခဲ့ချေ။

ဇာတ်ညွှန်းက လုံးဝ အဆင်ပြေနေသည်ဖြစ်ရာ မူပိုင်ခွင့် ပြဿနာများကြောင့် ခေါင်းစဉ်ပြောင်းလဲခြင်းကသာ တစ်ခုတည်းသော ပြဿနာ ဖြစ်နိုင်ပေ၏။

"မင်းရှာတွေ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ကောင်းသရွေ့ ပိုက်ဆံရှုံးဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး"

"အင်းပါလေ"

ရွှီချင်းချန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

ဤချဉ်းကပ်မှုက အန္တရာယ်များကြောင်း သူမ သိထားသော်လည်း ချန်ဖုန်း ပိုင်ဆိုင်ထားသော စီးပွားရေးလုပ်ငန်းများကို တွေးကြည့်သောအခါ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ဖြစ်စေ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ (ထျန်ဖုန်းလုပ်ငန်းစု အဖြစ် အမည်ပြောင်းထားသည်) ဖြစ်စေ ၎င်းတို့အားလုံးမှာ အလွန် အမြတ်အစွန်းများပေ၏။

‘ဒါက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အမြော်အမြင်များ ဖြစ်နေမလား’ဟု သူမတွေးလိုက်၏။

ချန်ဖုန်းသည် "Wolf Warrior 3" အတွက် ဇာတ်ညွှန်းကို စနစ်ထံမှ တိုက်ရိုက် လဲလှယ်ရယူလိုက်ပြီး စနစ်ပွိုင့် ၁၀၀ သာ ကုန်ကျခဲ့လေသည်။

ယခုအခါ သူ့အတွက် စနစ်ပွိုင့်များ ရှာဖွေရန် ပိုမို လွယ်ကူလာခဲ့ပြီ ဖြစ်၏။

‘ငါ ပစ္စည်းတွေကို လဲလှယ်ယူတဲ့အခါ ကုန်ကျတဲ့ စနစ်ပွိုင့်တွေက တိုးလာနေတာကို သတိထားမိတယ် ဒါက စနစ်က နေရာတင် ဈေးတင်ဖို့ ကြိုးစားနေသလိုမျိုး ခံစားရတယ်’

ချန်ဖုန်းသည် ပြည်နယ်မြို့တော်တွင် အချိန်မဆွဲတော့ချေ။

သူသည် ပေ့ဟူ သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။

ယွင်ထင် သည် ဆင်ခြေဖုံးရပ်ကွက်တွင် မြေကွက်တစ်ကွက်ကို ရွေးချယ်ပြီးဖြစ်ကာ ဆေးကုမ္ပဏီကို မှတ်ပုံတင်ပြီးဖြစ်ပြီး စက်ရုံကိုလည်း အလျင်အမြန် တည်ဆောက်နေခဲ့၏။

ထုတ်လုပ်မှုလိုင်းကို အလျင်အမြန် တပ်ဆင်နိုင်ရန်အတွက် ချန်ဖုန်း၏ တောင်းဆိုချက်အရ အလုပ်သမား နှစ်အုပ်စုသည် လက်ရှိတွင် နေ့ရောညပါ အဆိုင်းများဖြင့် အလုပ်လုပ်နေကြလေသည်။

ချန်ဖုန်း လမ်းမပေါ်တွင် လျှောက်သွားနေစဉ်။

လူငယ်များစွာသည် ၎င်းတို့၏ လက်ကောက်ဝတ်များတွင် ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ စမတ်နာရီများကို ဝတ်ဆင်ထားကြပြီး လေထဲတွင် မျက်နှာပြင်များ လင်းလက်နေသည်ကို မြင်တွေ့လိုက်ရ၏။

"အရမ်းကို အဆင့်မြင့်တဲ့ ခံစားချက်မျိုး ပေးစွမ်းနေတာပဲ..."

ထျန်ဖုန်းလုပ်ငန်းစု ၏ ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ထုတ်ကုန်များသည် ပူပူနွေးနွေး ကိတ်မုန့်များကဲ့သို့ ရောင်းကောင်းနေပြီ ဖြစ်ပေသည်။

ဒုတိယအသုတ် ထုတ်ကုန်များကို လက်ရှိတွင် နေ့ရောညပါ ထုတ်လုပ်နေကြ၏။

ချန်ဖုန်း၏ ဘဏ်အကောင့်ထဲသို့ ရန်ပုံငွေ ယွမ် ၈.၉ ဘီလီယံ ဝင်ရောက်လာခဲ့ပြီး ၎င်းမှာ ပထမအသုတ် ရောင်းချရသော ထုတ်ကုန်များမှ အမြတ်ဝေစုပင် ဖြစ်လေသည်။

လက်ရှိတွင် သူ၏အကောင့်ထဲ၌ ငွေသား ယွမ် ဘီလီယံဆယ်ဂဏန်းချီ ရှိနေပြီဖြစ်ပြီး ဘီလီယံရာချီ သို့မဟုတ် ထရီလီယံချီအထိ ရောက်ရှိရန် အချိန်သိပ်ကြာတော့မည် မဟုတ်ချေ။

"ပိုက်ဆံရှာရတာ အရမ်းခက်တယ်လို့ အရင်က ထင်ခဲ့ဖူးတယ်... အခုတော့ အရမ်း လွယ်ကူနေသလို ခံစားရတယ်"

ချန်ဖုန်း ဗီလာသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ယွင်ထင် က သူ၏လက်ကို အလျင်အမြန် ဆွဲကာ အပြင်သို့ ပြေးထွက်သွားတော့၏။

"ရှင် အချိန်ကိုက် ပြန်လာတာပဲ... ကျွန်မနဲ့ လိုက်ခဲ့"

"ဘာကိစ္စလဲ"

ချန်ဖုန်းသည် တစ်ဖက်လူ ဤမျှ ပြာယာခတ်နေသည်ကို မြင်ရခဲလှပေသည်။

"အား"

ယွင်ထင် သည် ရုတ်တရက် ခြေကျင်းဝတ် လိမ်သွားကာ အလန့်တကြား အော်ဟစ်လိုက်၏။

သူမက ဒေါက်မြင့်ဖိနပ် ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

“အရမ်း အလောတကြီး ဖြစ်နေလို့ ခြေကျင်းဝတ် လိမ်သွားတာပဲ…”

"မလှုပ်နဲ့"

ချန်ဖုန်းက ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်လိုက်သည်။

သူက သူမ၏ ဒေါက်မြင့်ဖိနပ်ကို ချွတ်ပေးလိုက်ပြီး သူမ၏ ခြေထောက်ငယ်လေးကို ညင်သာစွာ ကိုင်ထားကာ ပြောဆိုလိုက်၏။

"မင်းခြေထောက်ကို နှိပ်ပေးမယ်... ခဏနေရင် လမ်းလျှောက်လို့ ရသွားလိမ့်မယ်"

သူမ၏ ခြေထောက်လေးတွေက အလွန်

လှပပေသည်။ ယွင်ထင် ၏ မျက်နှာမှာ အနည်းငယ် နီရဲသွားခဲ့၏။

အမျိုးသားတစ်ဦးက သူမ၏ ခြေထောက်ငယ်လေးကို ကိုင်တွယ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျင်စက်တက်သွားသော ခံစားချက်က သူမ၏ နှလုံးသားကို တုန်ရီသွားစေခဲ့ပေသည်။

‘အဝတ်အစားတွေတောင် အနည်းငယ် စိုစွတ်သွားသလိုပဲ…’

သူမ အတွေးလွန်နေစဉ်မှာပင်။

သူမကို နှိပ်နယ်ပေးနေရင်း ချန်ဖုန်းက မေးလိုက်၏။

"ခုနက ဘာပြောလိုက်တာလဲ"

"အာ"

ယွင်ထင် က အလျင်အမြန် သတိပြန်ဝင်လာခဲ့သည်။

"စက်ရုံလေ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆေးကုမ္ပဏီရဲ့ စက်ရုံကို တည်ဆောက်နေခဲ့ကြတာ မဟုတ်ဘူးလား"

"အဲဒီမှာ လူနှစ်ယောက်က ပြဿနာလာရှာနေကြတယ်... သူတို့က လမ်းဆုံကို ပိတ်ထားပြီး ပစ္စည်းတွေ သယ်လာတဲ့ ကားတွေကို အထဲဝင်ခွင့် မပေးဘူး"

"အထဲဝင်လို့ရတယ် ဒါပေမဲ့ ပိုက်ဆံပေးရမယ်တဲ့"

"ဟင်"

ချန်ဖုန်း အနည်းငယ် မှင်တက်သွားခဲ့၏။

"ဒါက ခြိမ်းခြောက် ငွေညှစ်တာ မဟုတ်ဘူးလား"

တစ်ယောက်ယောက်က သူ့ကို ခြိမ်းခြောက် ငွေညှစ်ရဲလိမ့်မည်ဟု သူ တကယ် မထင်မှတ်ထားခဲ့ချေ။

ယွင်ထင် က သက်ပြင်းချလိုက်သည်။

"ဟုတ်တယ်... အထဲဝင်လာတဲ့ ကုန်တင်ကား တစ်စီးအတွက် ယွမ် တစ်သောင်း ပေးရမယ် ပြီးတော့ ထွက်သွားတဲ့ ကားတစ်စီးအတွက် နောက်ထပ် ယွမ် တစ်သောင်း ထပ်ပေးရမယ်လို့ သူတို့က ပြောနေတယ်... ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့အတွက် ပစ္စည်းတွေ သယ်ပေးဖို့ ဘယ်သူမှ ရဲတော့မှာ မဟုတ်ဘူး"

ချန်ဖုန်းမှာ ဒေါသထွက်လွန်း၍ ရယ်တောင်ရယ်ချင်သွားခဲ့၏။

"ဒါက ခြိမ်းခြောက်ငွေညှစ်တာပဲ... မင်း ရဲတိုင်မထားဘူးလား"

"ဟုတ်တယ်... တိုင်ထားတယ်"

ယွင်ထင် က စကားပြောစရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"ကပ္ပတိန်ချန် လည်း လူတွေ ခေါ်လာခဲ့ပါတယ် ဒါပေမဲ့ သူတို့ရောက်လာတာနဲ့ အဲဒီနှစ်ယောက်က ထွက်ပြေးသွားကြတယ်...ကပ္ပတိန်ချန် နဲ့ သူ့လူတွေ ထွက်သွားပြီးတဲ့နောက်မှာ အဲဒီနှစ်ယောက်က ပြန်ရောက်လာကြတယ်"

"ဒါက ပြောက်ကျားစစ်ပွဲ ဆင်နွှဲနေတာနဲ့ တူတယ်... ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူးလေ"

"ကောင်းပြီ"

ချန်ဖုန်းက သူမ၏ ဖိနပ်ကို စီးသင့်ကြောင်း အချက်ပြကာ သူမ၏ ခြေဖမိုးကို ပုတ်ပေးလိုက်၏။

"ဟင်... ဒါပဲလား"

ယွင်ထင် မှာ ယုံတောင်မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။

ထို့နောက် သူမက ဒေါက်မြင့်ဖိနပ်ကို စီးပြီး မြေပြင်ပေါ်တွင် ခြေလှမ်းအနည်းငယ် လျှောက်ကြည့်လိုက်၏။

"တကယ်ကို မနာတော့တာပဲ…”

"အင်း... အခု အဲဒီကို မြန်မြန်သွားကြရအောင်... အဲဒီကောင်နှစ်ယောက် ထပ်ရောက်နေပြီ... စက်ရုံအပြင်ဘက်မှာ သူတို့ ပိတ်ထားတဲ့ ကားခုနစ်စီး ရှစ်စီးလောက် ရှိနေပြီ"

"တကယ်လို့ ဒီအတိုင်း ဆက်သွားနေရင် ငါတို့ အလုပ်ရပ်ထားရလိမ့်မယ်"

ယွင်ထင် မှာလည်း အလွန် စိုးရိမ်ပူပန်နေခဲ့၏။

သို့သော်လည်း ယခု ချန်ဖုန်း ပြန်ရောက်လာပြီဖြစ်ရာ သူမ၏ စိတ်ခံစားမှုများ အနည်းငယ် တည်ငြိမ်သွားခဲ့လေသည်။

All Chapters