အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂) လုပ်ကြံသူ ရောက်လာပြီ
ယွင်ထင် က ချန်ဖုန်းကို သူမ၏ကားပေါ်သို့ ဆွဲခေါ်သွားခဲ့ပြီး ထိုနေရာတွင် အမျိုးသမီးတစ်ဦးလည်း ထိုင်နေ၏။
တစ်ဖက်လူမှာ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။
ယွင်ထင် သည် တစ်ဖက်လူကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန် မိတ်ဆက်ပေးလိုက်၏။
"ချန်ဖုန်း ဒါက ဟန်မေး လေ နိုင်ငံခြားခရီးထွက်တုန်းက တွေ့ခဲ့တာ"
"မစ်ဟန် ဟာ အရင်က ကြေးစားစစ်တပ်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး နောက်ပိုင်း ဟွာရှနိုင်ငံကို ပြန်လာပြီး ကိုယ်ရံတော်အဖြစ် အလုပ်လုပ်နေတာ"
ဒီတစ်ခေါက်တော့ ယွင်ထင်က ဟန်မေးနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
‘အင်း အစကတော့ ဟန်မေက တိုက်ခိုက်ရေး ကျွမ်းကျင်တော့ ငါ့ရဲ့လုံခြုံရေးအတွက် လုံလောက်ပီထင်ထားတာ ချန်ဖုန်းက အချိန်ကိုက် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…
အခုမှတော့ ဟန်မေးကို ပြန်လွှတ်လိုက်ဖို့ဆိုတာ မကောင်းသေးဘူး... ထားလိုက်ပါတော့ လိုရမယ်ရ သူမကိုပါ ခေါ်သွားလိုက်ပါတော့မယ်’ ဟု ယွင်ထင်က တွေးလိုက်၏။
ထို့နောက် သူမက ဟန်မေးကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်မရဲ့ သူငယ်ချင်းနဲ့ သူဌေး ချန်ဖုန်း လေ... မစ်ဟန် အကယ်၍ ရှင့်မှာ ကောင်းမွန်တဲ့ ပရောဂျက်တစ်ခုခု ရှိရင်...ချန်ဖုန်းနဲ့အတူ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားကြည့်လို့ရတယ် သူက အရင်းအနှီး အများကြီးရှိတယ်"
ဟန်မေးက ချန်ဖုန်းကို တစ်ချက်ကြည့်ကာ သိမှတ်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
"မစ်ယွင်... ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိပေမဲ့ ဒါကို ကြိုပြီး ရှင်းပြရပါလိမ့်မယ်... စက်ရုံကို သွားတဲ့အခါ ရှင်ရဲ့ လုံခြုံရေးအတွက်ပဲ ကျွန်မ တာဝန်ယူမှာပါ"
"တခြားသူတွေရဲ့ လုံခြုံရေးအတွက် ကျွန်မ ဂရုစိုက်ပေးလို့ မရဘူး ဘာပဲဖြစ်ဖြစ် ရှင်က တစ်ယောက်စာအတွက်ပဲ ပိုက်ဆံပေးထားတာလေ"
"ရပါတယ်"
ယွင်ထင် ၏ မျက်မှောင်အနည်းငယ် တွန့်ချိုးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခုကို သူမ မြင်လိုက်ရသောကြောင့် ဖြစ်၏။
အနည်းငယ် မကျေမနပ်ဖြစ်သွားသဖြင့် သူမက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ချန်ဖုန်းကလည်း အတော်လေး တိုက်ခိုက်ရေး ကျွမ်းကျင်ပါတယ်... သူ့ရဲ့ လုံခြုံရေးအတွက် ရှင် စိတ်ပူစရာ မလိုပါဘူး"
"မဆိုးဘူး ဟုတ်လား"
ဟန်မေးက ခေါင်းခါလိုက်ပြီး ရယ်မောခြင်းကို မတားဆီးနိုင်ခဲ့ချေ။
သူမ ကြေးစားစစ်တပ်အဖွဲ့အစည်းတွင် ရှိနေစဉ်က တကယ့်တိုက်ပွဲများကို ကြုံတွေ့ခဲ့ရပြီး ကျွမ်းကျင်သူ အမျိုးမျိုးကိုလည်း မြင်တွေ့ခဲ့ရဖူးသည်။
‘ငါ့ရှေ့က ဒီလူရဲ့ ကျွမ်းကျင်မှုက ကလေးတွေ ကစားဖို့လောက်ပဲ ကောင်းမှာပါ
ဘာပဲဖြစ်ဖြစ် ဒီလို သူဌေးသားတစ်ယောက်ဆီမှာ ဘယ်လို ကျွမ်းကျင်မှုမျိုး ရှိနိုင်မှာလဲ’ ဟု သူမ တွေးရင်း စိတ်ထဲတွင် ပျက်ရယ်ပြုလိုက်၏။
"သွားကြမယ်"
ယွင်ထင် က ဘာမှ ထပ်မပြောတော့ချေ။
ကားကိုစက်နှိုးပြီး စက်ရုံဘက်သို့ မောင်းထွက်သွားလေ၏။
မိနစ်နှစ်ဆယ်ခန့် မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ၎င်းတို့ ခရီးပန်းတိုင်သို့ ရောက်ရှိသွားကြသည်။
စက်ရုံသို့သွားရာလမ်းမှာ မူလက အတော်လေး ကျယ်ဝန်းသော်လည်း ယခုအခါ ကုန်တင်ကားကြီး ခုနစ်စီး၊ ရှစ်စီးခန့် ပိတ်မိနေခဲ့၏။
ကုန်တင်ကားပေါ်တွင် စက်ရုံတည်ဆောက်ရန်အတွက် ပစ္စည်းများ တင်ဆောင်ထားသည်။
လမ်း၏အဆုံးတွင်မူ
လူနှစ်ယောက်က လမ်းကို ပိတ်ဆို့ထားသည်ကို မှုန်ဝါးဝါး မြင်တွေ့နိုင်ပြီး ၎င်းတို့သည် အတော်လေး ကြမ်းတမ်းခက်ထန်ပုံရပေ၏။
လူအများစုက သူတို့ကို ပြဿနာမရှာရဲကြချေ။
"သွားကြည့်ရအောင်"
ချန်ဖုန်းက ကားပေါ်မှ ဆင်းကာ မျက်လုံးကို မှေးကြည့်လိုက်သည်။
ယွင်ထင် နှင့် ဟန်မေး တို့လည်း အလျင်အမြန် နောက်မှလိုက်သွားကြ၏။
သို့သော် ဟန်မေး၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။ ဤကဲ့သို့သောအခြေအနေမျိုးကို သူမ မြင်ဖူးပြီး ဖြေရှင်းရန် နည်းလမ်းနှစ်သွယ်သာ ရှိပေ၏။
ငွေနဲ့ပေါက်ရင်ပေါက် မဟုတ်ရင် တစ်ဖက်လူ ကြောက်လန့်သွားတဲ့ အထိ ထိုးကြိတ်ပစ်ဖို့ပင်။
ဟန်မေး၏ အမြင်အရ ချန်ဖုန်းသည် ငွေဖြင့်သာ ဖြေရှင်းနိုင်ပေလိမ့်မည်။
"ဟေ့ကောင်လေး မင်း ဘာလုပ်နေတာလဲ"
ချန်ဖုန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ ထိုလူနှစ်ယောက်၏ မျက်နှာများမှာ ကြမ်းတမ်းလာခဲ့သည်။
စက်ရုံပိုင်ရှင်သည် အလွန် ချမ်းသာကြောင်း ၎င်းတို့ သိရှိထားပြီးဖြစ်ကာ အကယ်၍ ၎င်းတို့က သူ့ကို ခြိမ်းခြောက်ငွေညှစ်မည်ဆိုပါက ကြီးကျယ်သော စည်းစိမ်ချမ်းသာများကို သေချာပေါက် ရရှိမည် ဖြစ်၏။
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"လူကြီးမင်းတို့ ခင်ဗျားတို့ ဘယ်ကလာတာလဲ"
"ငါ့ကို လာမဖားနဲ့... ကားကို သွားခိုင်းချင်ရင် ပိုက်ဆံပေး"
အမာရွတ်နှင့် လူက အေးစက်စွာ ပြောဆိုလိုက်၏။
"မင်းဆီမှာ ကားရှစ်စီး ရှိတယ်... တစ်ခေါက်ကို ၁၆၀,၀၀၀ ကျတယ်... မင်းက ၁၆၀,၀၀၀ ပေးနိုင်သရွေ့ မင်းကို ဆက်မတားတော့ဘူးလို့ ငါနဲ့ ငါ့ညီက ကတိပေးတယ်"
"တစ်သိန်း ခြောက်သောင်းလား... အဲဒါ အရမ်း နည်းလွန်းတယ်"
ချန်ဖုန်းက လက်ကာပြလိုက်၏။
"ယွမ် ခြောက်သန်း ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ"
"ဘာ"
လူနှစ်ယောက် ချက်ချင်း မှင်တက်သွားကြသည်။
ဤမျှ ငွေအများအပြားကို သဘောကျစွာ ပေးအပ်မည့် ဤကဲ့သို့သော မိုက်မဲသူမျိုးကို ၎င်းတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
မှင်တက်သွားသည်မှာ ၎င်းတို့ နှစ်ယောက်တည်း မဟုတ်ပေ။
သူ၏နောက်ရှိ ယွင်ထင် နှင့် ဟန်မေး တို့ပင် မှင်တက်သွားကြသည်။
"မင်းတို့ ကြားတာ မမှားပါဘူး ယွမ် ခြောက်သန်းပါ"
ချန်ဖုန်းက ယွင်ထင် ၏ ကားဆီသို့ လျှောက်သွားရင်း ပြောလိုက်၏။
"မင်းတို့ တစ်ယောက်စီကို သုံးသန်းစီ ပေးမယ် အဲဒါမှ မင်းတို့ကို ကားနဲ့တိုက်တဲ့အခါ ငါ ပိုပြီး စိတ်သက်သာရာ ရမှာ"
"အသက်တစ်ချောင်းအတွက် ယွမ် သုံးသန်းဆိုတာ အတော်လေး တန်တဲ့ အပေးအယူပဲ"
ချန်ဖုန်းက စကားပြောနေစဉ်မှာပင်။
သူက ယွင်ထင် ၏ ကားကို တိုက်ရိုက် စက်နှိုးလိုက်သည်။
ထို့နောက် အင်ဂျင်သံက မိုးခြိမ်းသံအလား ဟိန်းထွက်လာပြီး ကားက မြားတစ်စင်းအလား ပြေးထွက်သွားလေ၏။
"ချီးပဲ... အဲဒီကောင်လေးက တကယ်ကြီး လုပ်နေတာပဲ"
အမာရွတ်နှင့် လူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
၎င်းတို့သည် လမ်းလယ်တွင် ဆက်မရပ်ရဲတော့ဘဲ ဘေးသို့ အလျင်အမြန် ရှောင်ဖယ်လိုက်ကြ၏။
"ဝုန်း"
ကားက ၎င်းတို့ကို ဖြတ်ကျော်ကာ ပြေးထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကို ထိခိုက်လုနီးပါး ဖြစ်သွားခဲ့ကာ သူတို့သည် ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
"ကျစ်... ကောင်လေး မင်းက သေချင်နေတာလား"
အမာရွတ်နှင့် လူ၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်နေခဲ့သည်။
သူတို့နှစ်ယောက်က ရုတ်တရက် အလောတကြီး ထရပ်လိုက်ကြ၏။
ချန်ဖုန်းက ကားကို အကွာအဝေး အနည်းငယ်အကွာတွင် ရပ်လိုက်ပြီး ဖြည်းညင်းစွာ ဆင်းကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒီတစ်ခါတော့ မင်းတို့ကို သင်ခန်းစာပေးရုံလေးပဲ... နောက်တစ်ခါ ငါ့ကို ခြိမ်းခြောက် ငွေညှစ်ရဲသေးရင် ယုံလိုက်ပါ မင်းတို့မှာ ပိုက်ဆံတွေ ရှိနေပေမဲ့ သုံးဖို့ အသက်ရှိတော့မှာ မဟုတ်ဘူး"
"ကျစ် ငါ မယုံဘူး"
အမာရွတ်နှင့် လူက တစ်ခုခု ပြောတော့မည့်အချိန်မှာပင် သူ၏ဘေးတွင် ပုံရိပ်အချို့ ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ သတိပြုမိလိုက်သည်။
ချက်ချင်းဆိုသလိုပင်
သူ၏ လည်ပင်းတွင် အေးစိမ့်သော ခံစားချက်ကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော အမူအရာတစ်ခုက သူ၏ မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာခဲ့၏။
သူက လက်ဖြင့် စမ်းကြည့်လိုက်သည်။
သူ၏ လည်ပင်းတစ်ခုလုံးမှ သွေးများ ယိုစီးကျနေခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
အခြားလူ၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။
အသက်လု၍ ထွက်ပြေးလေတော့၏။
သို့သော် သူ ခြေလှမ်းအနည်းငယ်မျှပင် မပြေးရသေးမီ သူ၏ လည်ချောင်း ပြတ်ရှခံလိုက်ရသည်။
ချက်ချင်း သေဆုံးသွားခြင်းပင်။
ထိုအချိန်၌ ပုံရိပ်များသည် နောက်ဆုံးတွင် ၎င်းတို့၏ အကြည့်များကို ချန်ဖုန်းအပေါ်သို့ စူးစိုက်ကြည့်လိုက်ကြပြီး ၎င်းတို့၏ အသံများတွင် မည်သည့် ခံစားချက်မျှ မပါဝင်ချေ။
"မင်းက ချန်ဖုန်း လား... တစ်ယောက်ယောက်က မင်းရဲ့ ခေါင်းအတွက် ယွမ် သန်း ၈၀ ပေးထားတယ်"
"မင်း... အခု သေလို့ရပြီ"
စကားပြောနေစဉ်မှာပင်
သူက သူ၏ အပေါင်းအပါများကို အချက်ပြလိုက်၏။
"အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းလိုက်... ဒီမှာရှိတဲ့ လူအကုန်လုံးကို တစ်မိနစ်အတွင်း သတ်ပစ် ပြီးရင် နှစ်မိနစ်အတွင်း ဆုတ်ခွာမယ်"
"ဟုတ်ကဲ့"
ပုံရိပ်နှစ်ခုက ယွင်ထင် နှင့် ဟန်မေး တို့ဆီသို့ ပြေးဝင်သွားကြသည်။
"ချန်ဖုန်း နင် ငါတို့ကို ဒုက္ခပေးလိုက်တာပဲ"
ဟန်မေးက ဤလူများသည် နယ်စပ်ပြင်ပရှိ လုပ်ကြံသူအဖွဲ့အစည်းတစ်ခုမှ လာခြင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်ပေ၏။
ဘယ်သူကများ တွေးမိမှာလဲ
လုပ်ကြံသူအဖွဲ့တစ်ဖွဲ့က ဒီကို ရုတ်တရက် ရောက်လာလိမ့်မယ်လို့။
"ဒီလူက ဘယ်သူ့ကိုများ စော်ကားမိလို့လဲ"
တစ်ဖက်လူက သူမဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ဟန်မေးက လက်သီးဖြင့် ထိုးလိုက်သည်။
"ဝုန်း"
နောက်တစ်စက္ကန့်တွင်
သူမ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် တိုတောင်းသော အပြန်အလှန် တိုက်ခိုက်မှုအတွင်း တစ်ဖက်လူ၏ လက်ကောက်ဝတ်ရှိ အမှတ်အသားကို သူမ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
အဲဒါက...ဆဲလ်ဗင်းခေးစ်
(Seven Kills) အဖွဲ့အစည်း။
ထိုလုပ်ကြံသူအဖွဲ့အစည်းသည် နယ်စပ်ပြင်ပရှိ ထိပ်တန်းအဖွဲ့အစည်း ငါးခုတွင် ပါဝင်ပြီး ၎င်းကို ပင်မနတ်ဘုရားအဆင့် ရှိသော ကျွမ်းကျင်သူတစ်ဦးက တာဝန်ယူထားကြောင်း ကောလာဟလများ ရှိနေပေ၏။ ခုနက စကားပြောခဲ့သောသူသည် စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုလူက ခေါင်းဆောင်ဖြစ်ကြောင်း ရှင်းလင်းနေပေ၏။
ဟန်မေးသည် ကြေးစားစစ်တပ်အဖွဲ့အစည်းတွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ရာ သာမန်လူများ မသိသောအရာများကို သိရှိထားပေသည်။
ဤအချိန်တွင် သူမ အလွန်အမင်း ထိတ်လန့်နေခဲ့ပြီ ဖြစ်၏။
သူမ၏ နှလုံးသားသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"အဲဒီလူရဲ့ စွမ်းအားက အနည်းဆုံးတော့ ကောင်းကင်ဘုရင်အဆင့်မှာ ရှိနေတယ်"
သူမက ယွင်ထင် ကို သူမ၏ နောက်သို့ ကွယ်ထားကာ နောက်ဆုတ်ရင်း အော်ဟစ်လိုက်၏။
"ပြေး... ပြေး"
သူမ၏ ကိုယ်ပိုင်အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းကပင် ကံကောင်းနေပြီဖြစ်ရာ ချန်ဖုန်းကို သူမ ဂရုစိုက်နိုင်မည် မဟုတ်တော့ချေ။
ထိုအချိန်၌ ခေါင်းဆောင်ဖြစ်သူက ချန်ဖုန်းထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။
"မင်းက စစ်ဘက်ဆိုင်ရာဌာန ရဲ့ နည်းပြချုပ်လို့ ပြောကြတယ် မင်းရဲ့အစွမ်းက အတော်လေး ကောင်းမွန်သင့်တယ်... ဒီတစ်ကြိမ် ငါကိုယ်တိုင် လှုပ်ရှားမှတော့ စစ်ဘက်ဆိုင်ရာဌာန ရဲ့ စစ်သေနာပတိကလွဲရင် ငါ့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး နည်းပြချန်... မင်းရဲ့ ခေါင်းကို လိမ္မာပါးနားစွာနဲ့ ပေးလိုက်ပါ အဲဒါက နာကျင်မှုကို လျော့နည်းစေလိမ့်မယ်"
"ဟီးဟီး"
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။
သူ့အသက်ကို နှုတ်ယူရန်အတွက် မည်သူက ယွမ် သန်း ၈၀ ပေးမည်ကို သူလည်း အလွန် သိချင်နေခဲ့သည်။
"ငါ့အသက်က ယွမ် သန်း ၈၀ ပဲ တန်တာလား ပီးတော့ နယ်စပ်ပြင်ပက လုပ်ကြံသူအဖွဲ့အစည်းလား"
"ဟုတ်တယ်"
"အဲလိုဆိုရင် မင်းတို့ နာမည်တစ်ခုကိုတော့ ကြားဖူးသင့်တယ်"
"အို... ပြောကြည့်ပါဦး"
ခေါင်းဆောင်ဖြစ်သူသည်လည်း အနည်းငယ် သိချင်နေခဲ့၏။
ဤစစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်တွင် အခြား မည်သည့် လှည့်ကွက်များ ရှိနေသေးသနည်းဆိုတာကို သူ မြင်တွေ့ချင်နေခဲ့သည်။
"အဇူရာဘုရင်"
ချန်ဖုန်း ပြောလိုက်သော တိုးတိတ်သည့် အသံက လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီး ၎င်းတို့၏ မျက်နှာအမူအရာများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။