အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) ကိုယ့်ဆီရောက်လာတာကို ယူသင့်သလား
ပတီးရိုဆော သည် ကောင်းကင်တွင် နာရီဝက်ခန့် ပျံသန်းပြီးနောက် အားကုန်သွားခဲ့လေ၏။
ချန်ဖုန်းလည်း ဗီလာသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။
‘ယုံဟယ်စံအိမ် ကို ပြောင်းဖို့ အချိန်တစ်ခုတော့ ရှာရမယ်ထင်တယ်... ဒီက နေရာက သေးလွန်းလို့ ပတရိုဆော ပျံသန်းဖို့ အဆင်မပြေဘူး’ ဟု သူတွေးလိုက်၏။
ဗီလာတွင် အတန်ကြာ စောင့်နေပြီးနောက် ရှန်ယန်းယန်း နှင့် ယွင်ထင် တို့ ပြန်မရောက်လာသေးချေ။ ချန်ဖုန်း သူ့အတွက် ဟင်းနှစ်ပွဲချက်ကာ ဝအောင်စားပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။
သူ ပြည်နယ်မြို့တော်နှင့် ပေကျင်းကြားတွင် ခရီးသွားနေရသည်မှာ အတန်ကြာပြီဖြစ်ရာ တကယ်ကို ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်၏။ မည်မျှကြာအောင် အိပ်ပျော်သွားခဲ့မှန်း သူ မသိချေ။
မှိန်ပျပျ အလင်းရောင်ထဲတွင် အိပ်ခန်းတံခါး ပွင့်လာခဲ့သည်။
ရှန်ယန်းယန်း သည် အနက်ရောင် အကျီင်္အပါးလေး ဝတ်ဆင်လျက် ဝင်ရောက်လာ၏။ အတွင်းထဲတွင် လုံးဝ ဗလာကျင်းနေသည်ကို ဝေဝါးဝါး မြင်တွေ့နိုင်ပေသည်။
အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းလှသည်။
"ဖုန်းကိုကို... အိပ်ပျော်သွားပြီလား..."
ချန်ဖုန်း ထံမှ တုံ့ပြန်မှုမရသည်ကို မြင်သောအခါ ရှန်ယန်းယန်း က ပြုံးလိုက်ပြီး တံခါးကို တိတ်တဆိတ် ပိတ်ကာ ချန်ဖုန်း၏ ကုတင်ပေါ်သို့ ဝင်ရောက်သွားလေသည်။
ဘုရားရေ…
ချန်ဖုန်း ချက်ချင်းပင် လန့်နိုးသွားခဲ့၏။
"ယန်းယန်း..."
"ဘာမှ မပြောနဲ့..."
ရှန်ယန်းယန်း ၏ ဖြူဖွေးသော လက်မောင်းများက သူ၏ လည်ပင်းကို တိုက်ရိုက် ဖက်တွယ်လိုက်သည်။ သူတို့နှစ်ယောက် သိကျွမ်းခဲ့သည်မှာ နှစ်ဝက်နီးပါး ရှိနေပြီ ဖြစ်၏။
အစပိုင်းက ချန်ဖုန်း ကို မကြိုက်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ရှန်ယန်းယန်း သည် သူ့ကို ပိုပိုပြီး သဘောကျကာ ချစ်မြတ်နိုးလာခဲ့လေသည်။
အချိန်တိုင်း သူမ ဤခံစားချက်များကို ရင်ထဲတွင် လျှို့ဝှက်ထားခဲ့ပြီး ဖော်ပြရန် ကြောက်ရွံ့နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ချန်ဖုန်း နှင့် မထိုက်တန်ဟု ခံစားနေရသောကြောင့်ပင်။
ထို့ကြောင့် ဤကာလအတွင်း ရှန်ယန်းယန်း သည် ကုမ္ပဏီစီမံခန့်ခွဲမှုကို ကြိုးစားပမ်းစား လေ့လာသင်ယူနေခဲ့ပြီး သူမ၏ စွမ်းရည်များကို မြှင့်တင်ကာ ချန်ဖုန်း နှင့် အဆင့်တူ ရပ်တည်နိုင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်ပေ၏။
အဆင့်တူ မရပ်တည်နိုင်လျှင်ပင် သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကို တတ်နိုင်သမျှ လျှော့ချသင့်သည် မဟုတ်လော။
သို့သော် ချန်ဖုန်း ၏ အနီးတစ်ဝိုက်တွင် ပိုမိုများပြားလာသော အမျိုးသမီးများကို မြင်တွေ့ရပြီး သူတို့တစ်ဦးချင်းစီတိုင်းက အလွန် ထူးချွန်နေကြသောအခါ သူမ ရုတ်တရက် အန္တရာယ်ရှိနေပြီဟု ခံစားလိုက်ရသည်။
"ဖုန်းကိုကို... ကိုကို့ကို ညီမ အရမ်းချစ်တယ်..."
ရှန်ယန်းယန်း က သူ့ကို ရမ္မက်ပြင်းပြစွာ နမ်းရှိုက်လိုက်၏။ ပထမဆုံးအကြိမ် အနမ်းဖြစ်ပြီး သိပ်မကျွမ်းကျင်သောကြောင့် ဖြစ်နိုင်သည်။
သူမ၏ အလျင်စလိုလှုပ်ရှားမှုများကြောင့် သူမ အင်္ကျီ၏ ဘယ်ဘက်ပခုံးကြိုးလေး လျောကျသွားခဲ့သည်။
နှင်းဆီပွင့်ဖတ်အလား ဖြူဖွေးသော အသားအရည်ကို မြင်တွေ့လိုက်ရပေ၏။
ချန်ဖုန်း သည် မည်သို့ပင်ဆိုစေ ခွန်အားနှင့် ရမ္မက်ပြင်းပြသော အမျိုးသားတစ်ဦး ဖြစ်လေသည်။ ရှန်ကွမ်ယွဲ့ နှင့် ဖြစ်ပျက်ခဲ့ပြီးကတည်းက သူ၏ ခန္ဓာကိုယ်မှာ မီးဟုန်းဟုန်း တောက်နေသလို ဖြစ်နေတာလေ။
ထို့ကြောင့် ချန်ဖုန်းက ရူးသွပ်စွာ တုံ့ပြန်လိုက်မိသည်။ သူတို့ဆယ်မိနစ်တိတိ နမ်းရှိုက်နေခဲ့ကြပြီး ရှန်ယန်းယန်း ၏ အခြားပခုံးကြိုးလေးပါ လျောကျသွားကာ ချန်ဖုန်း ၏ အာရုံများကို ပိုမိုလှုံ့ဆော်ပေးလိုက်သည်။ နောက်ဆုံးအဆင့်သို့ ရောက်ရန် ပြင်နေချိန်မှာပင် ချန်ဖုန်း ရုတ်တရက် သတိဝင်လာခဲ့၏။
သူက ရှန်ယန်းယန်း ကို အမြန်တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။
"ယန်းယန်း... အခုချိန်မှာ တို့နှစ်ယောက် အတူတူရှိနေဖို့က သိပ်မသင့်တော်သေးဘူး... ထတော့..."
"ကိုကိုက... ညီမကို မချစ်ဘူးလား..."
ရှန်ယန်းယန်း ၏ ရင်ထဲတွင် စိတ်ပျက်ဝမ်းနည်းမှုများ ခံစားလိုက်ရပြီး သူမ၏ သနားစရာကောင်းသော အသွင်အပြင်က လူတိုင်းကို သနားကရုဏာ သက်သွားစေနိုင်ပေသည်။
"ယန်းယန်း..."
ချန်ဖုန်း သူမကို မည်သို့ ရှင်းပြရမည်ကို မသိတော့ချေ။ သူ ရှန်ယန်းယန်း အပေါ် ခံစားချက်များ ရှိနေသည်မှာ အမှန်ပင်။
မည်သို့ပင်ဆိုစေ သူ၏ ရည်းစားဟောင်းနှင့် လမ်းခွဲပြီးနောက် သူမသည် သူပထမဆုံး တွေ့ဆုံခဲ့သော မိန်းကလေး ဖြစ်ပေသည်။
‘ဒါပေမဲ့...ရှန်ကွမ်ယွဲ့ နဲ့ အိပ်ဖြစ်ခဲ့တာက ဘယ်လိုဖြစ်သွားမှန်းကို မသိလိုက်ဘူး... ငါ ရှန်ယန်းယန်း နဲ့ ဒီလိုအမှားမျိုး ထပ်လုပ်လို့ မဖြစ်ဘူး’ ဟု ချန်ဖုန်း တွေးလိုက်၏။
"ယန်းယန်း... ကိုကို ပြောတာ နားထောင်ပါ... ကိုကိုလည်း ညီမကို အရမ်း သဘောကျပါတယ်... ဒါပေမဲ့ ဒီလိုလုပ်တာက ညီမအတွက် မတရားဘူးလေ..."
"ဂရုမစိုက်ဘူး... ဂရုမစိုက်ဘူး..."
သူ စကားပြော၍ မပြီးဆုံးမီမှာပင် ရှန်ယန်းယန်း က ကြားဖြတ်ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ညီမက ကိုကို့ကို တစ်သက်လုံး တွယ်ကပ်ထားမှာ... ကိုကို ဘယ်သွားသွား လိုက်မှာပဲ..."
စကားပြောရင်းနှင့် သူမသည် ချန်ဖုန်း အပေါ်သို့ ခုန်အုပ်လိုက်ပြီး သူ့ကို ကုတင်ပေါ်သို့ ဖိချလိုက်လေ၏။
နာရီဝက်ကြာပြီးနောက်။
ရှန်ယန်းယန်း သည် သူမ၏ ပါးစပ်ကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး ချန်ဖုန်း ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
‘အရမ်း ဒေါသထွက်ဖို့ ကောင်းတာပဲ...
ဟွန့်... လူယုတ်မာကြီး…’
သူတို့နှစ်ယောက် အဆုံးစွန်ထိ မသွားခဲ့ကြသော်လည်း ချန်ဖုန်း က သူမကို ပါးစပ်ဖြင့် လုပ်ပေးခိုင်းခဲ့သည်လေ... ပြီးတော့ ဒါက အသားအရေကို ကောင်းစေတယ်လို့တောင် ပြောလိုက်သေးတယ်။
‘တောက်... ငါ မယုံပါဘူး’
ရှန်ယန်းယန်း က သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး အခန်းထဲမှ အမြန် ထွက်ပြေးသွားလေတော့သည်။
နောက်တစ်နေ့။
အိပ်ရာမှ နိုးလာပြီးနောက် ချန်ဖုန်း သက်တောင့်သက်သာ အကြောဆန့်လိုက်၏။
ယွင်ထင် လည်း ထိုနေရာတွင် ရှိနေသည်ကို မြင်လိုက်ရသည်။
သူ ဖျော့တော့စွာ ပြုံးပြီး ပြောလိုက်သည်။
"ပတီးရိုဆောက အခု အရမ်းကြီးလာပြီဆိုတော့ ဒီနေရာနဲ့ မသင့်တော်တော့ဘူး... ယုံဟယ်စံအိမ်ကို ပြောင်းဖို့ ပြင်ဆင်ရအောင်..."
"တကယ်လား..."
ရှန်ယန်းယန်း ဝမ်းသာအားရ ခုန်ပေါက်သွား၏။
ယွင်ထင် က ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီလေ... ယုံဟယ်စံအိမ်ကလည်း ဒီတိုင်း အလွတ်ကြီးဖြစ်နေတာဆိုတော့... စံအိမ်ကြီးမှာ နေရတဲ့ အရသာကို ခံစားကြည့်ချင်နေတာ..."
ချန်ဖုန်း မနေနိုင်ဘဲ ထပ်မေးလိုက်ပြန်သည်။
"ဟန်မေးရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ..."
"လက်နှစ်ဖက်စလုံး အရိုးကျိုးသွားလို့ မနေ့က ဆေးရုံတင်ထားရတယ်... ပုံမှန်အတိုင်း ပြန်ကောင်းနိုင်ပါ့မလား မသိဘူး..."
ယွင်ထင် စိတ်မကောင်း ဖြစ်နေခဲ့၏။ မည်သို့ပင်ဆိုစေ ဟန်မေး သည် မနေ့က သူမကိုယ်တိုင်ကို ကာကွယ်ရင်း ဒဏ်ရာရခဲ့ခြင်း ဖြစ်ပေသည်။ သူမအနေနဲ့ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
"ချန်ဖုန်း... မစ်ဟန်ကို သွားကြည့်ဖို့ ငါနဲ့ လိုက်ခဲ့ပေးနိုင်မလား..."
"ကောင်းပြီ... ပြောင်းရွှေ့ပြီးရင် မင်းနဲ့ အတူတူ သွားကြတာပေါ့..."
ချန်ဖုန်း တွင် အားလပ်ချိန် အများအပြား ရှိနေဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီကိစ္စများကို ယွင်ထင် နှင့် အခြားသူများအား လွှဲအပ်ထားလိုက်သည်။ သူ၏ နောက်ခံအကြောင်းနှင့် ပတ်သက်၍မူ မျက်နှာတစ်ထောင်မြေခွေး ထံမှ မည်သည့် တိုးတက်မှုမျှ မရှိသေးချေ။
ဒါက လောလောဆယ် အားလပ်နေတဲ့ အချိန်ကာလတစ်ခုပဲ။
ဘေးတွင် ရပ်နေသော ရှန်ယန်းယန်း မှာမူ လုံးဝ ဇဝေဇဝါ ဖြစ်နေခဲ့၏။ ယွင်ထင် ရှင်းပြလိုက်မှသာ ချန်ဖုန်း နှင့် အစ်မယွင် တို့ မနေ့က လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်း သူမ သိရှိသွားတော့သည်။
‘ဘုရားရေ…’
ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို တွေးကြည့်မိသောအခါ ရှန်ယန်းယန်း ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့လေသည်။
‘ဒီကမ္ဘာကြီးက အရမ်း ကြောက်စရာကောင်းတာပဲ’
နံနက် ၁၀ နာရီ။
ချန်ဖုန်း သည် ဗီလာမှ သူ၏ ပစ္စည်းများအားလုံးကို ပြောင်းရွှေ့ရန် အထုပ်အပိုး ရွှေ့ပြောင်းရေး ကုမ္ပဏီတစ်ခုကို ငှားရမ်းလိုက်သည်။ အဓိကအားဖြင့် အဝတ်အစားများနှင့် ကိုယ်ပိုင်ပစ္စည်းများသာ ပါဝင်ပေ၏။
ယုံဟယ်စံအိမ် ကို နေ့စဉ် သန့်ရှင်းရေး လုပ်ထားပြီး အိမ်တော်ထိန်း အဘိုးကြီးဝူ သည်လည်း အလွန် တာဝန်ကျေပွန်ကာ စံအိမ်ကြီးကို သပ်ရပ်သန့်ရှင်းစွာ ထိန်းသိမ်းထားလေသည်။
ဤမျှကြီးမားသော စံအိမ်ကြီးတွင် လူသုံးယောက်တည်း နေထိုင်ရခြင်းက အလွန် နှမြောစရာကောင်းသည်ဟု ချန်ဖုန်း တွေးလိုက်မိ၏။ သူ၏ မိဘများကိုသာ ခေါ်လာခဲ့လျှင် သူတို့အနေဖြင့် ခြံနောက်ဖေးတွင် ဟင်းသီးဟင်းရွက်များပင် စိုက်ပျိုးနိုင်ကောင်း စိုက်ပျိုးနိုင်ပေလိမ့်မည်။
နောက်တစ်ခေါက် အိမ်ပြန်ရင် သူ၏ မိဘတွေကို ဒီမှာလာနေဖို့ သေချာပေါက် နားချရမယ်။ သူတို့သည် သွေးသားအရင်းအချာများ မဟုတ်သော်လည်း သူ့ကို ပြုစုပျိုးထောင်ပေးခဲ့ကြသည်။ ချန်ဖုန်း သူတို့ကို သူ၏ မိဘအရင်းများကဲ့သို့ သဘောထားနေခဲ့သည်မှာ ကြာပြီဖြစ်၏။
ပတီးရိုဆောသည် စံအိမ်ကြီးအနောက်ဘက်ရှိ ရေပြင်ကျယ်ကို အလွန် သဘောကျပုံရပေသည်။ ရောက်ရောက်ချင်းပင် ရေပြင်ဆီသို့ ပျံသန်းသွားကာ အပေါ်တွင် အတန်ကြာအောင် ဝဲပျံနေခဲ့သည်။
ယွင်ထင် က ရှန်ယန်းယန်း ကို ဘေးသို့ဆွဲခေါ်သွားပြီး တီးတိုးမေးလိုက်၏။
"ယန်းယန်း... နင်တို့နှစ်ယောက်... သိတယ်မလား... မနေ့ညက..."
"မဟုတ်ဘူး... မဟုတ်ပါဘူး..."
ရှန်ယန်းယန်း ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့သည်။
သူမ အလျင်အမြန် ထွက်ပြေးသွားပြီး "ညီမ အလုပ်သွားလုပ်တော့မယ်..." ဟု ပြောသွားလေသည်။
"ဒီကောင်မလေးတော့..."
ယွင်ထင် ခေါင်းယမ်းလိုက်၏။
သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။
ချန်ဖုန်း ထံ လျှောက်သွားကာ ပြောလိုက်၏။
"သွားရအောင်... မစ်ဟန်က မနေ့ကမှ ခွဲစိတ်ထားတာဆိုတော့ အခုဆို ဝင်ကြည့်လို့ ရလောက်ပြီ..."
နာရီဝက်ကြာပြီးနောက်။
သူတို့နှစ်ဦး ပထမပြည်သူ့ဆေးရုံ သို့ ရောက်ရှိသွားကြသည်။ ဟန်မေး ၏ လူနာခန်းမှာ ယွင်ထင် ကိုယ်တိုင် ရွေးချယ်ပေးထားသော VIP ခန်း ဖြစ်ပေ၏။ ယွင်ထင် သည် အပြစ်ရှိသလို ခံစားနေရပြီး ဤသည်မှာ သူမအတွက် ငွေကြေးဆိုင်ရာ လျော်ကြေးတစ်မျိုးလည်း ဖြစ်သည်။
ယခုအချိန်၌ ဟန်မေး ၏ လက်နှစ်ဖက်စလုံးကို ပလာစတာများ စည်းထားရသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ယခုအချိန်တွင် ဖျားနာနေလောက်ပြီ ဖြစ်သော်လည်း ဟန်မေး မှာမူ အားအင်အပြည့် ရှိနေဆဲပင်။ မည်သို့ပင်ဆိုစေ သူမသည် ယခင်က ကြေးစားစစ်သည် အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးပြီး ထိခိုက်ဒဏ်ရာ အမျိုးမျိုးကို ခံစားခဲ့ဖူးလေ၏။
ဤကဲ့သို့သော ဒဏ်ရာများသည် အသေးအဖွဲသာ ဖြစ်သည်။
"မစ်ဟန်... အခု ဘယ်လိုနေသေးလဲ..."
ယွင်ထင် သူမဝယ်လာသော ပန်းများကို ပန်းအိုးထဲ ထည့်ရန် ပြင်လိုက်ချိန်တွင် ထိုနေရာ၌ ပန်းစည်းတစ်ခုနှင့် သစ်သီးအများအပြား ရှိနေနှင့်ပြီးဖြစ်သည်ကို သတိပြုမိလိုက်သည်။ တစ်စုံတစ်ယောက် လာရောက် သတင်းမေးထားကြောင်း ညွှန်ပြနေပေ၏။
"အဆင်ပြေပါတယ် မိန်းကလေးယွင်... အရမ်း အားနာနေစရာ မလိုပါဘူး..."
ဟန်မေး က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။
"ဒဏ်ရာရတာက ကျွန်မတို့ အလုပ်မှာ ပုံမှန်ပါပဲ... ပြီးတော့ ကျွန်မက ပိုက်ဆံလည်း ယူထားပြီးပြီဆိုတော့ ရှင် စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး..."