အခန်း ၃၃၆
Vol. 34 Ch. 336
အခန်း (၃၃၆) ရေခဲမြစ်ပေါ်က တုန်လှုပ်ဖွယ် ရှုခင်းကြီး
အပေါ်သို့ ဆက်တက်သွားလျှင် ရေခဲမြစ်များဆီသို့ ရောက်ရှိသွားပြီဖြစ်သည်။ တောင်ကုန်းပေါ်တွင် ရေခဲလွှာများ ဖုံးလွှမ်းနေသည့် အရာများကို မြင်တွေ့နိုင်ပေသည်။
ဤနေရာ၏ အမြင့်ပေမှာ အလွန်မြင့်မားနေပြီဖြစ်သည်။ လူသားများ ဝင်ရောက်ခွင့်မရှိသော တားမြစ်နယ်မြေတစ်ခုပင်တည်း။
ရတနာရှာဖွေရေး တာဝန်၏ ပစ်မှတ်နေရာမှာ ဤတောင်ထိပ်ပေါ်တွင်ဖြစ်ပြီး အမြင့်ဆုံး တောင်ထိပ်တော့ မဟုတ်သေးရာ ရွှီယန်အတွက် အခက်အခဲ သိပ်မကြီးမားလှချေ။ နောက်ထပ် အချိန်တစ်ရက်လောက် ထပ်ပေးရုံသာ ရှိပေသည်။
သူသည် ရေခဲမြစ်အောက်တွင် တဲစတင်ထိုးလိုက်ပြီး ဒီညတော့ ဤနေရာတွင် အနားယူမည်ဖြစ်သည်။
ယခုအခါ အင်တာနက်သုံးစွဲသူများ၏ သူ့အပေါ် အမြင်များက ထပ်မံပြောင်းလဲသွားပြန်သည်။ အရင်ကတော့ ရွှီယန်ကို တိရစ္ဆာန်ယဉ်ပါးအောင် လုပ်ရာတွင် တော်ပြီး တောင်ပေါ်တွင် ကျွမ်းကျင်စွာ သွားလာနိုင်သည်ဟုသာ ထင်ခဲ့ကြသည်။ ယခု ပြန်ကြည့်သောအခါ တကယ့်ကို လူစွမ်းကောင်းကြီး တစ်ယောက်ဖြစ်နေပြီး သူက တကယ်ပင် ကျင့်စဉ်များ ကျင့်ကြံဖူးသည်ဟုတောင် တချို့က ပြောနေကြသေးသည်။
ရွှီယန်၏ နာမည်ကျော်ကြားမှုက အလွန် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ အင်တာနက် တစ်ခွင်လုံးတွင် ဆွေးနွေးနေကြသည့် အဆင့်အထိပင် ရောက်ရှိနေပြီဖြစ်သည်။
အင်တာနက်ဆိုသည်မှာ အမြဲတမ်း ငြင်းခုံမှုများ ရှိတတ်ရာ နာမည်ကြီးလာသည့် ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့်သူတိုင်းက အခြားသူများ၏ တိုက်ခိုက်မှုကြောင့် နာမည်ပြောင်းရခြင်း သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှု ရပ်နားရခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လူကြိုက်နည်းသွားသည့် အချိန်မှသာ ပြန်လည်လွှင့်နိုင်ကြသည်။
ဥပမာအားဖြင့် ရှေးဟောင်းပစ္စည်း စစ်ဆေးသူများနှင့် ခွေးလေ့ကျင့်ပေးသူ ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့်သူများပင်လျှင် ထိုအကျိုးစီးပွား အဖွဲ့အစည်းများ၏ တိုင်ကြားမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်တစ်ခုအထိ ပိတ်ထားခဲ့ရဖူးသည်။
သို့သော် ရွှီယန်ကတော့ ကွာခြားပေသည်။ သူက အခြားသူများ၏ အကျိုးစီးပွားကို မထိခိုက်စေသည့်အပြင် သူကိုယ်တိုင်ကလည်း တကယ်ကို အရည်အချင်းရှိကာ စရိုက်ကလည်း အလွန်ကောင်းမွန်ပေသည်။ ထို့ကြောင့် လူကြိုက်များမှုက ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
"ဒီနေ့ တောင်အောက်မှာ တစ်ည နားပြီး မနက်ဖြန်ကျရင် ရေခဲမြစ်ပေါ် တက်ပြီး ရှုခင်းတွေကို သွားကြည့်မယ်... ချန်ပိုင်တောင်တန်း ရဲ့ နှင်းတောင်နဲ့ ကောင်းကင်ရေကန် တွေကို ကျွန်တော် မြင်ဖူးပေမယ့် ခွန်းလွန်တောင် ရဲ့ ရေခဲမြစ်ကိုတော့ တစ်ခါမှ မရောက်ဖူးသေးဘူး... တစ်ခေါက်လောက် သွားကြည့်လိုက်ရရင် တကယ်ကို တန်ပါတယ်"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
"ရေခဲမြစ်ရဲ့ ရှုခင်းက တကယ်ကို သွားကြည့်သင့်ပါတယ်"
ရွှီယန်က လေကွယ်သည့် နေရာတစ်ခုကို ရှာဖွေကာ တဲထိုးပြီး အင်တာနက်သုံးစွဲသူများနှင့် စကားပြောနေလိုက်သည်။ တစ်နိုင်ငံလုံး နေရာအနှံ့အပြားမှ လူများက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြပြီး ဤနှစ်ရက်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှု၏ လူကြိုက်များမှုက အမြဲတမ်း နံပါတ်တစ်နေရာတွင် ရှိနေခဲ့သည်။
သူ၏ နာမည်က လုံးဝကို ကျော်ကြားသွားပြီဖြစ်သည်။
ခွန်းလွန်ရှိ ဘူမိဗေဒ စူးစမ်းလေ့လာရေး ဌာနအတွင်းမှ လူများကလည်း ရွှီယန်၏ လုပ်ရပ်များကို ကြည့်ရင်း မနေနိုင်ဘဲ အံ့ဩချီးကျူးနေကြတော့သည်။
'ဘူမိဗေဒ စူးစမ်းလေ့လာရေး အတွက် တကယ့်ကို ကောင်းမွန်တဲ့ မျိုးစေ့လေးပဲ'
ဤမျှမြင့်မားသော အမြင့်ပေကို သာမန်လူများ တက်ရောက်ရန် အလွန်ခက်ခဲကြောင်း သိထားရမည်ဖြစ်သည်။ ဘူမိဗေဒ စူးစမ်းလေ့လာရေး အဖွဲ့ဝင်များပင်လျှင် အလွန်ပြင်းထန်သော အမြင့်ပျို့ရောဂါကို သည်းခံကြရသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လေထုပါးလွှာပြီး အပူချိန် အလွန်နိမ့်ကျကာ သာမန်လူများ ဝင်လာပါက မူးဝေပြီး ပြဿနာဖြစ်ရန် အလွန်လွယ်ကူသောကြောင့်ဖြစ်သည်။
ဦးနှောက်သို့ အောက်ဆီဂျင် မရောက်ရှိပါက တွေးခေါ်နိုင်စွမ်းများ ဆုံးရှုံးသွားနိုင်ပေသည်။ ရွှီယန်၏ စွမ်းရည်က မည်မျှအထိ မြင့်မားကြောင်းကို ၎င်းတို့လို ပညာရှင်များကသာ သေချာသိရှိကြပေသည်။ ဘာမှ မဖြစ်သည့် လူတစ်ယောက် အတိုင်းပင်။ တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှပေသည်။
ဤသို့ စဉ်းစားပြီးနောက် ခွန်းလွန် ဘူမိဗေဒဌာနက ရွှီယန်၏ ဖုန်းနံပါတ်ကို အထူးတောင်းယူခဲ့ကြသည်။ သူတို့က ရွှီယန်ကို ရေခဲမြစ်မှ ရေခဲများ ယူဆောင်လာပေးရန် မျှော်လင့်နေကြသည်။
လုံခြုံသော ပုံးတစ်လုံးဖြင့် ထည့်လာပေးရုံဖြင့် လုံလောက်ပြီး ရေခဲရေများ အရည်ပျော်သွားပါကလည်း ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရရှိရန် ခက်ခဲသော သုတေသန ပစ္စည်းများ ဖြစ်သောကြောင့်ဖြစ်သည်။
ရွှီယန်သည် တိုက်ရိုက်ထုတ်လွှင့်နေစဉ် ဖုန်းဝင်လာသဖြင့် အနည်းငယ် အံ့ဩသွားခဲ့သည်။
"လုံခြုံတဲ့ ပုံးကတော့ ရှိပါတယ်... အရည်ပျော်သွားလည်း ပြဿနာ မရှိဘူးမလား... ရပါတယ်... ဒီကိစ္စ ပြဿနာ မရှိပါဘူး... ဘူမိဗေဒ စူးစမ်းလေ့လာရေး အလုပ်ကို ထောက်ခံပါတယ်"
ရွှီယန်က အလွန် လွယ်ကူစွာပင် သဘောတူလိုက်သည်။
သူ့ထံတွင် အပူထိန်းဗူး တစ်လုံးရှိပြီး လုံခြုံမှု အတော်လေး ကောင်းမွန်ရာ ထိုအချိန်ကျပါက ရေများကို သွန်ပစ်ပြီး ရေခဲအနည်းငယ် ထည့်လာပေးလိုက်မည်ဖြစ်သည်။ ထို့နောက် စူးစမ်းလေ့လာရေး ဌာနသို့ ပေးအပ်လိုက်ပါကလည်း ဘာမှ မဖြစ်နိုင်ချေ။
ခွန်းလွန် ဘူမိဗေဒ စူးစမ်းလေ့လာရေး ဌာနမှ လူများက အလွန်ဝမ်းသာသွားကြပြီး ရွှီယန်ကို အမှတ်တရ လက်ဆောင်အချို့ ပေးမည်ဟု ကတိပေးခဲ့ကြသည်။ ကိစ္စများ ဤသို့ပင် ပြီးဆုံးသွားခဲ့သည်။
"မနက်ဖြန် တောင်တက်မယ်... အခြေခံအားဖြင့် တစ်ရက်တည်းနဲ့ အသွားအပြန် လုပ်လို့ ရတယ်... ကျွန်တော် အပေါ်မှာ အကြာကြီး နေမှာ မဟုတ်ဘူး... ဒီက လေထုက အရမ်း ပါးလွှာတော့ ကျွန်တော်လည်း အသက်ရှူရတာ သိပ်မဝသလို ခံစားနေရတယ်... ဒါပေမဲ့ သက်ရောက်မှုတော့ သိပ်မကြီးပါဘူး... အရာအားလုံး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်"
ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများကို နောက်ဆုံး ပြောလိုက်သည်။
ထို့နောက် မျက်နှာပြင် အပြည့် "အရာအားလုံး အဆင်ပြေချောမွေ့ပါစေ" ဆိုသည့် စာတမ်းများ ပေါ်လာတော့သည်။ အင်တာနက်သုံးစွဲသူ အများအပြားက သူ့ကို ဆုတောင်းစကားများ ဆိုကြသည်။ ဤအရာများက တကယ်ကို ရိုးသားသော ဆုတောင်းစကားများ ဖြစ်ကြသည်။ အားလုံးက သူ့ကို အောင်မြင်စွာ တောင်ထိပ်သို့ တက်ရောက်နိုင်စေရန် တကယ်ပင် မျှော်လင့်နေကြခြင်းဖြစ်သည်။
ထို့နောက် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး တဲထဲသို့ဝင်ကာ အနားယူလိုက်တော့သည်။ အိပ်အိတ်က အလွန်နွေးထွေးပြီး အဝတ်အစားများကလည်း အလွန်နွေးထွေးသဖြင့် အိပ်ရသည်မှာ အတော်လေး ကောင်းမွန်လှပေသည်။
နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။
နံနက်ပိုင်းတွင် ရွှီယန်က တောင်တက်အင်္ကျီ အပြည့်အစုံကို ဝတ်ဆင်ကာ ပရော်ဖက်ရှင်နယ် တောင်တက်ဖိနပ်များကို စီးပြီး မျက်လုံးကာ မျက်မှန်ကို တပ်ဆင်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို လုံခြုံစွာ ဖုံးအုပ်ထားလိုက်သည်။ ထို့နောက် တောင်တက်ရာတွင် သုံးသည့် ရေခဲခွဲပုဆိန်ကို ကိုင်ဆောင်ကာ ရေခဲမြစ်ပေါ်သို့ စတင်တက်ရောက်တော့သည်။
ရှေ့တွင် ၄၀ ဒီဂရီမှ ၅၀ ဒီဂရီခန့်ရှိသော ဆင်ခြေလျှောကြီး တစ်ခု ပေါ်လာသည်။ ပုံမှန်အချိန်များတွင် ဆိုလျှင်တော့ ဤသို့သော ဆင်ခြေလျှောမျိုးက ကိစ္စမရှိပေ။ သို့သော် ယခုအချိန်တွင်မူ ဆင်ခြေလျှောပေါ်၌ ရေခဲလွှာများ လုံးဝ ဖုံးလွှမ်းနေပြီဖြစ်သည်။ ထိုရေခဲများက ဤနေရာတွင် ဘယ်လောက်ကြာအောင် အေးခဲနေခဲ့သည်ကို မသိနိုင်ဘဲ တောင်တန်းများနှင့်ပင် တစ်သားတည်း ဖြစ်နေပြီဖြစ်သည်။ ဤသည်က ရေခဲမြစ်ပင် ဖြစ်သည်။
ရွှီယန်က စကားပို မပြောတော့ဘဲ လက်နှစ်ဖက်ဖြင့် ရေခဲခွဲပုဆိန်ကို ကိုင်ဆောင်ကာ တစ်လှမ်းချင်းစီ အပေါ်သို့ စတင်တက်ရောက်တော့သည်။
ဤအချိန်တွင် အင်တာနက်ပေါ်၌ လူအများအပြားက ရေပန်းစားသော သတင်းများစာရင်းမှ သတင်းများကို မြင်တွေ့လိုက်ရပြီး ရေပန်းစားသော သတင်းများကို နှိပ်ကာ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာကြသည်။ ထို့နောက် ၎င်းတို့အား အံ့အားသင့်သွားစေသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
မိုင်ထောင်ချီ အေးခဲနေသော တောင်စောင်းပေါ်တွင် အနက်ရောင် တောင်တက်အင်္ကျီ ဝတ်ဆင်ထားသော လူသားတစ်ယောက်က ရေခဲခွဲပုဆိန်နှင့် တောင်တက်ဖိနပ်များကို အသုံးပြုကာ ရေခဲမြစ်ပေါ်တွင် တွယ်ကပ်ပြီး အပေါ်သို့ တစ်လှမ်းချင်းစီ တက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဒရုန်းက အပေါ်စီးမှနေ၍ ရိုက်ကူးနေခြင်းဖြစ်သည်။ တောင်စောင်း၏ အနေအထားက ပို၍ မတ်စောက်နေပုံပေါ်သည်။ ဤမြင်ကွင်းက ကြည့်ရသည်မှာ ပင့်ကူလူသားက အထပ်မြင့် အဆောက်အအုံများ၏ မှန်များပေါ်တွင် တွယ်ကပ်နေသည်နှင့်ပင် တူညီနေပေသည်။ လှပပြီး အံ့ဩဖွယ် ကောင်းလှပေသည်။
အင်တာနက်သုံးစွဲသူများ၏ မျက်လုံးများထဲတွင် အံ့ဩထိတ်လန့်မှုများ ပေါ်လာကြတော့သည်။ ဘာလုံခြုံရေး အစီအမံမှ မပါရှိဘဲ ကုန်းမြင့်ရေခဲမြစ်ပေါ်ကို တစ်ယောက်တည်း တက်နေသည်တဲ့လား။ သူ ဒီလောက်တောင် စွမ်းနေတာလား။
[ဘုရားရေ အစ်ကိုယန် က အရမ်း မိုက်တာပဲ လုံးဝ လေးစားသွားပြီ]
[ငါတောင် ကိုယ့်ကိုယ်ကိုယ် ရှက်သွားတယ်]
[ဒီမြင်ကွင်းကို ကြည့်ရုံနဲ့တင် ငါ့ခြေထောက်တွေ ညောင်းလာပြီ]
[ဒီလူက အရမ်းကို စွမ်းလွန်းတယ်]
[သူ ဘာလို့ ဒီလောက်တောင် စွမ်းနေရတာလဲ]
ယခုအခါ အားလုံးက ရွှီယန်အပေါ် အကဲဖြတ်မှုများက စကားတစ်ခွန်းတည်းပင် ဖြစ်သည်။ စွမ်းတယ် ဟူ၍ဖြစ်သည်။ တချို့က သူ့ကို ဆရာတစ်ဆူဟုတောင် ခေါ်ဆိုနေကြသည်။
ထိုအချိန်မှာပင် ခေါင်းပေါ်မှ ကြီးမားသော ငှက်ကြီးတစ်ကောင် ပျံသန်းသွားသည်။ အင်တာနက်သုံးစွဲသူများ အားလုံး အံ့ဩအော်ဟစ်လိုက်ကြသည်။
ရွှီယန်က မော့ကြည့်လိုက်ရာ ရွှေလင်းယုန်တစ်ကောင်က ရေခဲမြစ်ပေါ်သို့ ပျံသန်းလာပြီး ရေခဲမြစ်ပေါ်တွင် ရပ်ကာ အနားယူနေသည်ကို မြင်တွေ့လိုက်ရသည်။
"ရွှေလင်းယုန် ပဲ... ဒီလောက် အနီးကပ် မြင်ရတဲ့ ရွှေလင်းယုန်..."
ရွှီယန်က လမ်းတစ်လျှောက်လုံး စကားမပြောခဲ့သော်လည်း ယခု ရွှေလင်းယုန်ကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ အံ့ဩစွာ ရေရွတ်လိုက်မိသည်။
ရွှေလင်းယုန်က သူ့ခေါင်းပေါ်တွင် ရှိနေပြီး တစ်ကိုယ်လုံးရှိ အမွေးများက အညိုရောင်ဖြစ်သော်လည်း လည်ပင်း နောက်ဘက်တွင် ရွှေရောင်အမွေး တစ်ကွင်း ပါရှိသည်။ ရွှေလင်းယုန်က ကောင်းကင်ယံတွင် ပျံသန်းနေသောအခါ ၎င်း၏ လည်ပင်းမှ ရွှေရောင် အလင်းတန်းများ ရောင်ပြန်ဟပ်လာလေ့ရှိသည်။ ထို့ကြောင့် ၎င်းကို လူများက ရွှေလင်းယုန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
ရေခဲမြစ် နှင်းတောင် လူသား ရွှေလင်းယုန် ဤအရာများက ပေါင်းစပ်ပြီး အလွန် ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးလိုက်သည်။ ရွှီယန်က နှင်းတောင်ထိပ်သို့ တက်ရောက်တော့မည်ဖြစ်ရာ ဤရွှေလင်းယုန်က လာရောက် ဂုဏ်ပြုပေးနေသည့် အလားပင်။
တကယ်တမ်းတွင် ဤနေရာမှာ ရွှေလင်းယုန် နေထိုင်သည့် နေရာဖြစ်ပြီး ၎င်းက အခြားသတ္တဝါ တစ်ကောင်က ဘာကြောင့် ဤနေရာသို့ တက်လာနိုင်သနည်းဟု သိချင်နေရုံသာဖြစ်သည်။ ငှက်များမှလွဲ၍ ဤနေရာသို့ မည်သည့် တိရစ္ဆာန်မှ မတက်နိုင်ကြောင်း သိထားရမည်ဖြစ်သည်။ နှင်းကျားသစ်နှင့် သိုးပြာများ စသည်တို့က ရေခဲမြစ်ပေါ်သို့ တက်လာလေ့ မရှိကြချေ။
ရွှေလင်းယုန်က တောင်ပံများကို ဖြန့်ကားကာ အကြိမ်အနည်းငယ် ခတ်လိုက်သည်။ ၎င်း၏ တောင်ပံ ဖြန့်ကျက်မှုက အလွန် ရှည်လျားလှပြီး ကြည့်ရသည်မှာ အလွန် ခမ်းနားကြီးကျယ်လှပေသည်။
[ရတနာရှာဖွေရေး တာဝန် နှိုးဆွလိုက်ပါပြီ... ရေခဲမြစ်ပေါ်ရှိ ရွှေလင်းယုန် နှင့် ဓာတ်ပုံ တွဲရိုက်ခြင်း]
[တာဝန် ဖော်ပြချက်... ရွှေလင်းယုန် နှင့် ဓာတ်ပုံ တွဲရိုက်ပါ]
[တာဝန် ဆုလာဘ်... ရွှေရောင် အမွေး တစ်ချောင်း]
ဤအချိန်တွင် စနစ်က ရတနာရှာဖွေရေး တာဝန်ကို ရုတ်တရက် နှိုးဆွလိုက်သည်။ ဆုလာဘ်က ရွှေရောင်အမွေး တစ်ချောင်းဖြစ်ရာ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သည်။
ထို့ကြောင့် ရွှီယန်က ဖုန်းကို ချက်ချင်း ထုတ်ယူကာ ရွှေလင်းယုန်နှင့်အတူ ဆဲလ်ဖီတစ်ပုံ အမြန်ရိုက်ကူးလိုက်သည်။ ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက ပို၍ပင် အံ့ဩသွားကြတော့သည်။ ရွှီယန်၏ လုပ်ရပ်က တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှပေသည်။ ကြည့်ရသည်မှာ လုံးဝကို သက်သောင့်သက်သာ ရှိနေသည့် အတိုင်းပင်။
တာဝန် ပြီးဆုံးသွားသောအခါ ရွှေလင်းယုန်က ချက်ချင်းပင် ပျံသန်းသွားတော့သည်။ ၎င်းက ကောင်းကင်ယံတွင် ပျံဝဲနေပြီး ရွှီယန်ကို သိချင်စိတ်ဖြင့် ဆက်လက် အကဲခတ်နေသေးသည်။ ရွှီယန် မည်သို့ ဤနေရာသို့ ရောက်လာသည်ကို ၎င်း နားမလည်နိုင်သေးချေ။
ရွှီယန် ကတော့ ဆက်လက် တက်သွားလေသည်။ ရေခဲခွဲပုဆိန်က ရေခဲလွှာထဲသို့ စိုက်ဝင်သွားပြီး ရေခဲကွဲစများ လွင့်စင်လာခဲ့သည်။ ရွှီယန်က တည်ငြိမ်မှု ရှိကြောင်း ခံစားရပါက ဆက်လက်၍ အပေါ်သို့ တက်သွားသည်။
ရေခဲမြစ်ပေါ် တက်ရသည်မှာ ထိုမျှ မလွယ်ကူလှချေ။ ခွန်အားနှင့် သွက်လက်မှု နှစ်ခုစလုံး လိုအပ်လှပေသည်။ ပရော်ဖက်ရှင်နယ် ကျောက်တောင်တက်သမား အများအပြားပင်လျှင် ဤသို့သော ရေခဲမြစ်မျိုးကို တက်ရန် မဝံ့ရဲကြချေ။ အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည်နှင့် ရေခဲမြစ်ပေါ်မှ အောက်သို့ လျှောကျသွားနိုင်ပေသည်။
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့သည်။ ရွှီယန်၏ ခန္ဓာကိုယ်က လေတိုက်မှုကြောင့် ဘေးဘက်သို့ အနည်းငယ် ရွေ့သွားရာ သူက ချက်ချင်းပင် ရေခဲခွဲပုဆိန်ကို ရေခဲလွှာထဲသို့ စိုက်သွင်းကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
အင်တာနက်သုံးစွဲသူများ အားလုံး ကြောက်လန့်တကြားဖြင့် ပါးစပ်ကို အုပ်ထားလိုက်ကြပြီး မျက်လုံးများ ပြူးကျယ်သွားကာ အသံအနည်းငယ်မျှပင် မထွက်ရဲကြတော့ချေ။ ဤမြင်ကွင်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်။
ရွှီယန်က အမြဲတမ်း တည်ငြိမ်နေခဲ့သည်။ မကြာခင်မှာပင် သူက မတ်စောက်သော တောင်စောင်းပေါ်မှ အပေါ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီး လာခဲ့သည့် လမ်းကို ပြန်ကြည့်လိုက်မှသာ သူ မသိမသာဖြင့် ဤမျှဝေးကွာအောင် တက်လာခဲ့ပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
[အစ်ကိုယန် မိုက်တယ်]
[ဆရာကြီးပဲ]
[အားတင်းထားပါဦး]
[အရမ်း မိုက်တာပဲ]
တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ မှတ်ချက်များက အရူးအမူး တက်လာတော့သည်။ မရေမတွက်နိုင်သော လူများက သူ့ကို အားပေးနေကြသည်။ သို့သော် ရွှီယန်က ဤအချိန်တွင် ဖုန်းကို ကြည့်ရန် အချိန် သိပ်မရှိချေ။
"အောက်ဆင်းရင် လျှောဆင်းသွားလို့ ရတယ်... ပြဿနာ သိပ်မရှိလောက်ပါဘူး"
သူက ပြောပြီးနောက် အပေါ်သို့ ဆက်လက် တက်သွားလေသည်။
အပေါ်ပိုင်းမှာ ရေခဲမြစ်ကမ္ဘာကြီး ဖြစ်သည်။ တောင်က အမြင့်ဆုံး နေရာသို့ ရောက်ရှိနေပြီဖြစ်သော်လည်း တောင်ထိပ်ပေါ်တွင် ဘယ်နှစ်နှစ်လောက် အေးခဲနေမှန်းမသိသည့် ရေခဲလွှာတစ်ခု ဖုံးလွှမ်းနေသည်။ နှစ်သန်းပေါင်းများစွာ သို့မဟုတ် နှစ်သန်းရာချီပြီး ဖြစ်နိုင်ပေသည်။ ဤသို့ပင် အေးခဲနေခဲ့ခြင်းဖြစ်သည်။
ရွှီယန်က အတွင်းဘက်သို့ ထပ်မံ ဝင်ရောက်သွားသောအခါ ရေခဲနှင့် နှင်းများသာရှိသော ကမ္ဘာကြီးထဲသို့ လုံးဝ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ မြေပြင်မှာ ရေခဲလွှာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေခဲပေါ်တွင်သာ လမ်းလျှောက်၍ ရနိုင်ပေသည်။ နှစ်ဖက်စလုံးတွင် ကြီးမားသော အပြာရောင် ရေခဲတုံးကြီးများ ရှိနေပြီး သမုဒ္ဒရာ၏ အရောင်နှင့်ပင် တူညီနေပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းက တစ်ခဏမျှ အိပ်မက်ဆန်ဆန် ဖြစ်သွားတော့သည်။
[ဒီနေရာက အရမ်း လှတာပဲ]
[ဘုရားရေ ဒါက ခွန်းလွန်တောင် ရဲ့ တောင်ထိပ်လား... အကုန်လုံးက ရေခဲမြစ်တွေချည်းပဲ]
[အရမ်း အိပ်မက်ဆန်တာပဲ... အကုန်လုံးက ရေခဲတွေချည်းပဲ]
ထိုအချိန်မှာပင် လေပြင်းတစ်ချက် ထပ်မံ တိုက်ခတ်လာပြီး မရေမတွက်နိုင်သော နှင်းပွင့်များ လွင့်ပျံလာခဲ့သည်။
ရွှီယန် ကတော့ ရှေ့သို့ ဆက်လက် လျှောက်သွားနေဆဲပင်။ ပစ်မှတ်နေရာနှင့် အလွန် နီးကပ်နေပြီဖြစ်သည်။ ဤရေခဲမြစ်ပေါ်မှ တက်သွားရုံသာ ဖြစ်သည်။ ဤရှားပါး တာဝန်က အခက်အခဲ အတော်လေး ကြီးမားသော်လည်း ရွှီယန်၏ ခန္ဓာကိုယ်တွင် ကျွမ်းကျင်မှု အများအပြား ရှိနေသဖြင့် သူ့အတွက်တော့ ပြဿနာ သိပ်မကြီးမားလှချေ။
တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ရှုခင်းများက အလွန် လှပလှပေသည်။ အင်တာ တစ်ခွင်လုံးမှာ ဤမြင်ကွင်းထဲတွင် နစ်မျောနေကြသည်။ အင်တာနက်သုံးစွဲသူများက ရေခဲမြစ်၏ အသေးစိတ် အချက်အလက်တိုင်းကို သေချာစွာ အကဲခတ်နေကြပြီး မြင်ကွင်း တစ်ခုကိုမျှ မလွတ်သွားစေရန် ဂရုစိုက်နေကြသည်။
အရင်က လူများက နှင်းတောင်ထိပ်တွင် နတ်ဘုရားများ နေထိုင်မည်လားဟု တွေးခဲ့ကြသော်လည်း ယခုအခါတွင်တော့ အလွန် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီဖြစ်သည်။ ဤနေရာတွင် အဆုံးအစမရှိသော ရေခဲနှင့် နှင်းများသာ ရှိပေသည်။
လမ်းတစ်လျှောက်လုံး စကားသံ မထွက်ခဲ့ချေ။
နောက်ထပ် တစ်နာရီကျော်ခန့် ခက်ခဲစွာ ခရီးဆက်ပြီးနောက် ရွှီယန်သည် နောက်ဆုံးတွင် ပစ်မှတ်နေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူက တာဝန်ကို အပြီးသတ်ရန် ရွေးချယ်လိုက်သည်။
တစ်ခဏချင်းမှာပင် ကောင်းကင်ယံက ရုတ်တရက် အနည်းငယ် မှိုင်းညို့သွားပြီး မရေမတွက်နိုင်သော နှင်းပွင့်များ စတင် ကျဆင်းလာခဲ့သည်။ နှင်းတောင်ထိပ်တွင် နှင်းများ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရွှီယန်သည် စနစ်၏ အသိပေးချက်ကိုလည်း လက်ခံရရှိလိုက်သည်။
[ရှားပါး တာဝန် ပြီးဆုံးပါပြီ]