← Chapters

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း (၃၃၇) မမျှော်လင့်ထားသော ဖြစ်ရပ် တဲထဲတွင် ဘီလူး ရှိနေသလား

ခွန်းလွန်တောင်ရှိ ရေခဲမြစ်ပေါ်တွင် နှင်းများ ကျဆင်းလာခဲ့သည်။

ပတ်ဝန်းကျင်မှာ မူလကတည်းက ရေခဲနှင့် နှင်းကမ္ဘာကြီး ဖြစ်နေခဲ့ရာ ရုတ်တရက် ကျဆင်းလာသော နှင်းပွင့်များကြောင့် အားလုံးမှာ မှင်တက်သွားကြသည်။

ဤမြင်ကွင်းမှာ တကယ်ပင် လှပလှသည်။

နှင်းပွင့်များမှာ မကြီးမားဘဲ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံပေါ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းအတွက် အိပ်မက်ဆန်သော အလှတရားကို တိုးပွားစေဆဲပင် ဖြစ်သည်။

ရှားပါးတာဝန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရွှီယန် ရရှိသော ဆုလာဘ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

[ကျွမ်းကျင်မှု - အမြင့်ပျို့ရောဂါကို ကာကွယ်နိုင်စွမ်းနှင့် တိုက်ခိုက်ရေးပညာ ဆန်းသ]

[ပစ္စည်း - နွေးထွေးသော တောင်တက်ဖိနပ်နှင့် မာစီဒီး G-Class လမ်းကြမ်းသုံးကား]

[အထောက်အကူပြုပစ္စည်း - မိုးကြိုးလွှဲ ကတ်ပြား]

ဤရှားပါးတာဝန်မှ ရရှိသော ဆုလာဘ်များမှာ တကယ်ကို များပြားလှပေသည်။

ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါက်ကွဲထွက်မတတ် စည်ကားနေပြီ ဖြစ်သည်။

အင်တာနက် တစ်ခွင်လုံးရှိ လူများက ရွှီယန်အတွက် ဝမ်းသာအားရ အော်ဟစ်နေကြသည်။

[အစ်ကိုယန်ကတော့ ပြိုင်ဘက်ကင်းပဲ တကယ်ကြီး တက်သွားနိုင်တာပဲ]

[ဒီအပူချိန်က ဘယ်လောက်တောင် နိမ့်နေမလဲ ကြည့်ရုံနဲ့တင် ချမ်းလာပြီ]

[အရမ်း စွမ်းလွန်းတယ် သူ့ကို သုတေသန လုပ်ကြည့်ဖို့ အကြံပြုချင်တယ်]

[လောင်ရွှီ မင်း အတွင်းအားကျင့်စဉ် တစ်ခုခု ကျင့်ထားတာလား ငါ့ကို သင်ပေးလို့ရမလား]

[တောနက်ထဲမှာ သိုင်းကျမ်းတွေများ ရှိနေတာလား]

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ မှတ်ချက်များက အဆက်မပြတ် တက်လာနေသည်။

ဒရုန်းကိုယ်ထည်က အနည်းငယ် လှုပ်ယမ်းနေပြီး ကင်မရာ မှန်ဘီလူးပေါ်တွင်လည်း ရေခဲများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ မူလကတည်းက ဘက်ထရီ သိပ်မကျန်တော့သည့်အပြင် အလွန်အေးခဲသော ဧရိယာသို့ ရောက်ရှိနေသဖြင့် ဒရုန်းဘက်ထရီက မြန်ဆန်စွာ ကုန်ဆုံးလာတော့သည်။

အင်တာနက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို ကြည့်လိုက်ကြသည်။

ရွှီယန် မျက်တောင်များပေါ်တွင် နှင်းခဲများ စုဖွဲ့နေသည်ကို မြင်တွေ့လိုက်ရသည်။

သူ့မျက်နှာကို မာဖလာဖြင့် ပတ်ထားပြီး အခြားနေရာများကိုမူ သေချာစွာ ဖုံးကွယ်ထားပေသည်။

"အချိန်လည်း မစောတော့ဘူး တောင်အောက် ဆင်းရတော့မယ်"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

တာဝန် ပြီးဆုံးသွားပြီဖြစ်သလို ရေခဲမြစ်အလှတရားများကိုလည်း ခံစားကြည့်ရှုပြီးပြီ ဖြစ်သည်။ ဤတစ်ကြိမ် ခရီးစဉ်က အကျိုးအမြတ်များစွာ ရရှိခဲ့သဖြင့် သေချာ အနားယူရန် ပြန်ဆင်းရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

အပြန်လမ်းတွင် ရေခဲမြစ်ပေါ်မှ ရေခဲကွဲအချို့ကို ဖဲ့ယူကာ အလွတ်ဖြစ်နေသော အပူထိန်းဗူးထဲသို့ ထည့်လိုက်သည်။ ထိုအချိန်ကျပါက ဘူမိဗေဒ စူးစမ်းလေ့လာရေး ဌာနမှ လူများကို ပြန်ပေးရန် ဖြစ်သည်။

ဤနေရာသို့ သာမန်လူများ မတက်နိုင်ကြချေ။

စူးစမ်းလေ့လာရေး ဌာနကလည်း ပရော်ဖက်ရှင်နယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ကာ နှစ်ဝက်ခန့် ကြိုတင် ပြင်ဆင်ပြီးမှသာ ဤနေရာသို့ လာရဲကြခြင်း ဖြစ်သည်။

ရွှီယန် တစ်ယောက်တည်းက ဤမျှ လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

သို့သော် ခက်ခက်ခဲခဲဖြင့် ရေခဲမြစ်ပေါ်သို့ ရောက်လာခဲ့ပြီဖြစ်ရာ ဤနေရာတွင် ပစ္စည်းကောင်းများ ရှိမရှိ သိချင်စိတ် ပြင်းပြနေမိသည်။

သူ ခဏမျှ စဉ်းစားပြီးနောက် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ် အသုံးပြုလိုက်သည်။

စနစ်မှ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှာဖွေနေပါသည် ဟူသော အသိပေးချက် ထွက်ပေါ်လာသည်။

စက္ကန့်အနည်းငယ်ခန့် ရှာဖွေပြီးသော်လည်း တုံ့ပြန်မှု မရှိချေ။

ဤသည်မှာ ဤဧရိယာအတွင်း ကောင်းမွန်သော ရတနာများ မရှိကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက သက်ရှိများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာတွေ့နိုင်မလားဟု ရွှီယန် တွေးတောနေမိသော်လည်း တွေးကြည့်ရုံ သက်သက်သာ ဖြစ်သွားခဲ့သည်။

ထိုအချိန်မှာပင် စနစ်မှ သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

[ရတနာရှာဖွေရေး တာဝန် နှိုးဆွလိုက်ပါပြီ အပြန်လမ်းမှ ရေခဲမြစ်]

[တာဝန် ဖော်ပြချက် ပိုင်ရှင်အနေဖြင့် လေးနာရီအတွင်း တဲဆီသို့ ပြန်သွားပါ]

[တာဝန် ဆုလာဘ် ခွန်းလွန်တောင် နှင်းကျားသစ်နှင့် ရင်းနှီးကျွမ်းဝင်မှု ခွန်းလွန်တောင်တန်းရှိ နှင်းကျားသစ်များက ပိုင်ရှင်အပေါ် ရင်းနှီးကျွမ်းဝင်မှု ရှိလာမည် ဖြစ်ပါသည်]

စနစ် အသိပေးချက်ကို မြင်သောအခါ ရွှီယန် အနည်းငယ် မှင်တက်သွားသည်။

ရတနာ မတွေ့ရသော်လည်း ရတနာရှာဖွေရေး တာဝန် တစ်ခုကို နှိုးဆွနိုင်ခဲ့သည်။

တကယ်ကို မမျှော်လင့်ထားသော ဝမ်းသာစရာ ကိစ္စပင်။

တာဝန်ကို နှိုးဆွနိုင်ခဲ့ပြီ ဖြစ်ရာ ရွှီယန်လည်း အချိန်မဆွဲတော့ချေ။

သူသည် ကျေနပ်ဝမ်းသာစွာဖြင့် တောင်အောက်သို့ ချက်ချင်း ဆင်းလာခဲ့သည်။

"ပြန်မှဖြစ်တော့မယ် ဒီနေရာက အပူချိန် အရမ်း နိမ့်တယ် အနုတ် လေးဆယ် ဒီဂရီလောက် နီးပါး ရှိနေပြီ"

"ကျွန်တော် အကြာကြီး နေလို့ မရဘူး"

"ခန္ဓာကိုယ် တောင့်တင်း မသွားခင် အမြန်ဆုံး တောင်အောက် ဆင်းရမယ်"

ရွှီယန်သည် ရေခဲမြစ်အတိုင်း အောက်သို့ ဆင်းလာခဲ့သည်။

တောင်အောက်ဆင်းရသည်မှာ တောင်ပေါ်တက်ရသည်ထက် အများကြီး ပို၍ ခက်ခဲလှသည်။

တောင်တက်စဉ်က တောင်တက်ပုဆိန်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သော်လည်း တောင်အောက်ဆင်းရာတွင် ထိုမျှ မတည်ငြိမ်နိုင်ချေ။

သို့သော် ရွှီယန်၏ သွက်လက်မှု ကျွမ်းကျင်မှုက အလွန် မြင့်မားလှသည်။

ဆင်ခြေလျှော အချို့နှင့် ကြုံတွေ့ရပါက သူသည် ရေခဲမြစ်ပေါ်တွင် ထိုင်ချကာ လျှောဆင်းသွားလေ့ ရှိသည်။

ဤသို့ဖြင့် အောက်သို့ တောက်လျှောက် ဆင်းလာခဲ့ရာ မကြာခင်မှာပင် ရွှီယန်သည် အရင်က တက်ခဲ့သော မတ်စောက်သည့် ဆင်ခြေလျှောကြီးဆီသို့ ရောက်ရှိလာခဲ့သည်။

ဆင်ခြေလျှောပေါ်တွင် ရေခဲများသာ ရှိနေပြီး အောက်ဘက်တွင် ပြန့်ပြူးသော လွင်ပြင် ရှိနေသည်။

ရွှီယန်က အောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဒီရေခဲမြစ်က အရမ်း ချောတယ် အရှိန်လွန်သွားရင် နည်းနည်း အန္တရာယ်များတယ်"

"ဒါပေမဲ့ လောလောဆယ် တခြား လမ်းမရှိဘူး"

"ကျွန်တော် ဒီကနေပဲ ဆင်းဖို့ ရွေးချယ်ရတော့မယ်"

ရွှီယန်သည် လက်နှစ်ဖက်ဖြင့် တောင်တက်ပုဆိန်ကို ကိုင်ဆောင်ထားပြီး တောင်စောင်း အပေါ်ဆုံးတွင် သတိကြီးစွာဖြင့် ထိုင်ချလိုက်သည်။

သူ၏ ပုံစံကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများ ထပ်မံ အံ့ဩသွားကြပြန်သည်။

[နေပါဦး အစ်ကိုယန် ဘာလုပ်မလို့လဲ အဲဒီကနေ လျှောဆင်းမလို့လား]

[လခွမ်း ဒီအစောင်းက အရမ်း မတ်လွန်းတယ် စကီးစီးတဲ့ အမြင့်ဆုံးလမ်းကြောင်း တွေတောင် ဒီလောက် မမတ်ဘူး]

[ဒီအပေါ်မှာ အကုန်လုံးက ရေခဲတွေချည်းပဲ လျှောဆင်းသွားရင် အရှိန်က အရမ်း မြန်နေမှာ]

[နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားတာနဲ့ ဒုက္ခရောက်တော့မှာပဲ]

[ကြည့်ရတာတိုင်း သူ အရမ်း မိုက်တယ်လို့ကို ခံစားရတယ် လုံးဝ ပြိုင်ဘက်ကင်းပဲ]

အားလုံးပြောသည်မှာ မှန်ကန်လှပေသည်။

လျှောဆင်းသွားသည့် အရှိန်က အလွန် မြန်ဆန်ပြီး အောက်ဘက်ရှိ သဲနှင့် ကျောက်စရစ်များ ရှိရာသို့ ရောက်ပါက အဝေးကြီးအထိ လွင့်စင်သွားနိုင်ပေသည်။

အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသော ကားတစ်စီးပေါ်မှ ခုန်ချလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

သေချာပေါက် ဒဏ်ရာရမည်သာ ဖြစ်သည်။

သို့သော် ရွှီယန်က သူ့ကိုယ်သူ ယုံကြည်မှု ရှိလေသည်။ သူ တင်ပါးကို ရှေ့သို့ အနည်းငယ် ရွှေ့လိုက်သည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တောင်စောင်းအတိုင်း လျှောဆင်းသွားတော့သည်။

သူ၏ အဝတ်အစားများက ရေခဲပြင်နှင့် ပွတ်တိုက်သွားပြီး ချောမွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

အရှိန် မြင့်တက်လာတော့မည့် အချိန်မှာပင် ရွှီယန်က ရေခဲပြင်ပေါ်တွင် ရုတ်တရက် မှောက်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် တောင်တက်ပုဆိန်ကို ကိုင်ကာ ရေခဲလွှာထဲသို့ အားကုန် စိုက်ချလိုက်တော့သည်။

ကျွီ ကျွီ ဟူသော ပွတ်တိုက်သံများနှင့်အတူ ရွှီယန် ရှေ့တွင် မရေမတွက်နိုင်သော ရေခဲပွင့်များ လွင့်စင်လာသည်ကို မြင်တွေ့လိုက်ရသည်။

ကွဲအက်သွားသော ရေခဲစများက အဆက်မပြတ် ထွက်ပေါ်လာပြီး ရေခဲမြူခိုးများ အဖြစ် ပြောင်းလဲသွားတော့သည်။

ရေခဲလွှာပေါ်တွင် နက်ရှိုင်းသော မြောင်းနှစ်ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ဤမြင်ကွင်းကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

'ဘုရားရေ’

'ဒါက ရုပ်ရှင်ထဲက လှုပ်ရှားမှုတွေ မဟုတ်ဘူးလား’

ရုပ်ရှင်ကား တစ်ကားထဲတွင် လက်နက်ကို နံရံပေါ်တွင် စိုက်ကာ အောက်သို့ လျှောဆင်းလာသည့် အခန်းမျိုးနှင့် တူညီနေသည်။

သေချာသည်ကတော့ ထိုမြင်ကွင်းက ပို၍ ကြည့်ကောင်းသော်လည်း ရွှီယန်က ရေခဲပြင်ပေါ်တွင် မှောက်လျက် ဆင်းလာခြင်း ဖြစ်သဖြင့် ထိုမျှ မမိုက်လှချေ။

သို့သော်လည်း အလွန် အထင်ကြီးစရာ ကောင်းနေဆဲပင်။

[အရမ်း ကြမ်းတာပဲ]

[လခွမ်း သူက တကယ်ကို တော်တာပဲ]

ရွှီယန်၏ ဤရက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုက ကြည့်ရှုသူများကို တကယ်ကို အံ့ဩမှင်တက်စေခဲ့သည်။

အလွန်ကို အစွမ်းထက်လွန်းလှပေသည်။

ရွှီယန်က အရှိန်ကို အမြဲတမ်း ထိန်းချုပ်ထားပြီး အရမ်း မြန်မသွားအောင် ဂရုစိုက်နေသည်။

ကြီးမားသော တောင်စောင်းပေါ်မှ လျှောဆင်းလာပြီးနောက် နောက်ဆုံး အကွာအဝေး အနည်းငယ်သို့ ရောက်သောအခါ သူက တောင်တက်ပုဆိန်ကို ပြန်ရုပ်လိုက်ပြီး တင်ပါးဖြင့် ထိုင်ကာ ရေခဲမြစ်ပေါ်မှ ဆက်လက် လျှောဆင်းသွားလိုက်သည်။

နောက်ဆုံးတွင်တော့ သူသည် ဆင်ခြေလျှော အောက်ခြေသို့ ဘေးကင်းစွာ ရောက်ရှိသွားခဲ့သည်။

ရွှီယန် မတ်တပ်ရပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ အဝတ်အစားများပေါ်ရှိ ရေခဲစများကို ခါချလိုက်သည်။

သူ လက်နှစ်ဖက်စလုံးတွင် အားမရှိတော့သလို ခံစားလိုက်ရသည်။

ခုနက လုပ်ရပ်က ကြည့်ရသည်မှာ လွယ်ကူသော်လည်း တကယ်တမ်းတွင် ခွန်အား အလွန် ကုန်ခမ်းစေသည်။

ခွန်အားများ အခြေခံအားဖြင့် ကုန်ဆုံးသွားပြီ ဖြစ်သည်။

ခဏမျှ အနားယူပြီးနောက်မှသာ ခွန်အားများ ပြန်လည် ရရှိလာသည်ကို ခံစားလိုက်ရသည်။ ရွှီယန်က အချိန်လုကာ ဆက်လက် ခရီးဆက်ခဲ့သည်။

နောက်ဆက်တွဲ ခရီးစဉ်များက အန္တရာယ် ကင်းရှင်းခဲ့သည်။

သူ တဲကို လှမ်းမြင်လိုက်ရသည့် အချိန်တွင် ညနေ ခြောက်နာရီခန့် ရှိနေပြီ ဖြစ်သည်။

ဤဘက်တွင် နေဝင်ချိန်က နောက်ကျသဖြင့် ယခုအချိန်တွင် အလင်းရောင် ကောင်းမွန်နေဆဲပင်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ကြည့်ရှုသူ အရေအတွက်ကလည်း အလွန် များပြားနေဆဲ ဖြစ်သည်။

"ရောက်ပြီ နောက်ဆုံးတော့ ပြီးသွားပြီ"

ရွှီယန် သက်ပြင်းချလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လက်ဆောင် ပေးပို့မှုများက အဆက်မပြတ် တက်လာနေသည်။

ယနေ့ လက်ဆောင် ပေးပို့သည့် လမ်းကြောင်းကို အချိန်ပြည့် ဖွင့်ထားသဖြင့် ဤတစ်ရက်တည်းအတွက် လက်ဆောင် ရငွေက ယွမ် ငါးသိန်းကျော်မည်ဟု ခန့်မှန်းရပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသည့် သူဌေးများ အလွန် များပြားလှသည်။

ယခုတစ်ခေါက် ခရီးစဉ်က တကယ်ကို အကျိုးအမြတ်များစွာ ရရှိခဲ့ပေသည်။

ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဤမျှဖြင့် အဆုံးသတ်မည်ဟု ထင်ထားကာ ရွှီယန်ကလည်း အင်တာနက်သုံးစွဲသူများကို နှုတ်ဆက်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် သူ၏ တဲက လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။

"ဟင်"

"ဘာဖြစ်တာလဲ"

"တဲထဲမှာ တစ်ခုခု ရှိနေတာလား"

ရွှီယန် မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားသည်။

တစ်ခုခုက အတွင်းမှနေ၍ တဲကို လှုပ်ရမ်းနေပြီး တဲ၏ နံရံပေါ်တွင် အတွင်းမှ ဖိချထားသည့် အဖုတစ်ခု ပေါ်ထွက်နေသည်။

ဒရုန်းက ဤမြင်ကွင်းကို ဖမ်းယူလိုက်သည်။

အင်တာနက်သုံးစွဲသူများလည်း ချက်ချင်း စိုးရိမ်လာကြတော့သည်။

[လခွမ်း တဲထဲမှာ တစ်ခုခု ရှိနေတယ်]

[ဘာကြီးလဲ နှင်းဘီလူး များလား]

[တောနက်ထဲမှာ လူရိုင်းတွေ ရှိတယ်လို့ ကြားဖူးတယ်]

[သေသွားတဲ့ လူတွေ ပြန်ထလာတာများလား]

လူသားများက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်ရသည်ကို နှစ်သက်ကြသည်။

အင်တာနက်သုံးစွဲသူ အချို့က တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ကောလာဟလများ ဖြန့်နေကြသဖြင့် လေထုက ချက်ချင်းပင် မှိုင်းညို့လာတော့သည်။

ကြည့်ရှုသူများ မျက်လုံးများထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာကြသည်။

တကယ်ကြီး နှင်းဘီလူး သို့မဟုတ် သေဆုံးသွားသူများ ပြန်ထလာခြင်း စသည့် အရာများ ဖြစ်နေမည်လားဟု တွေးတောနေမိကြသည်။

လူသူကင်းမဲ့သည့် နှင်းတောင် နက်ရှိုင်းရာ ဒေသတွင် သရဲခြောက်သည် ဆိုလျှင်လည်း ယုတ္တိရှိလှပေသည်။

ရွှီယန်က တဲ လှုပ်ရှားမှုကို ကြည့်ရင်း လက်နှစ်ဖက်ဖြင့် တောင်တက်ပုဆိန်ကို ကိုင်ဆောင်ကာ အသင့်အနေအထား ပြင်ထားလိုက်သည်။

ထိုစဉ် တဲအောက်ဘက်မှ ကြီးမား၍ ချစ်စရာကောင်းသော နှင်းကျားသစ် ခေါင်းကြီး တစ်လုံး ပြူထွက်လာခဲ့သည်။

မူလက ဤအကောင်ကြီးသည် တဲအောက်ရှိ ဟာကွက်မှတစ်ဆင့် အတွင်းသို့ ဝင်ရောက်သွားပြီး ပိတ်မိနေသဖြင့် ရုန်းကန်နေခဲ့ခြင်း ဖြစ်သည်။

ယခု ထွက်ပေါက်ကို ရှာတွေ့သွားသဖြင့် ခေါင်းပြူထွက်လာခြင်း ဖြစ်သည်။

လူတစ်ယောက်နှင့် နှင်းကျားသစ် တစ်ကောင် အပြန်အလှန် ကြည့်နေမိကြပြီး စက္ကန့်အနည်းငယ်မျှ ကြာသောအခါ လေထုက အနည်းငယ် အနေရခက်သွားတော့သည်။

အင်တာနက်သုံးစွဲသူများမှာ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီးနောက် ကြက်သေသေသွားကြတော့သည်။

'ဟင်’

'တဲထဲမှာ နှင်းကျားသစ် လား’

ဤအချိန်တွင် အားလုံး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

မူလက အန္တရာယ်များသည့် အခြေအနေ ဖြစ်သော်လည်း ရွှီယန်က တာဝန်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်သဖြင့် ယခု သူ့ထံတွင် ခွန်းလွန်တောင် နှင်းကျားသစ် ရင်းနှီးကျွမ်းဝင်မှု ကျွမ်းကျင်မှု ရှိနေပြီ ဖြစ်သည်။

နှင်းကျားသစ်က ထွက်ချင်နေသော်လည်း ခန္ဓာကိုယ်က အနည်းငယ် ဝဖြိုးနေသဖြင့် ညပ်နေခဲ့သည်။

ရွှီယန်က ရင်းနှီးကျွမ်းဝင်မှု ကျွမ်းကျင်မှု ရှိနေကြောင်း သိထားသဖြင့် မကြောက်ရွံ့တော့ဘဲ အရှေ့သို့ လျှောက်သွားကာ တဲတံခါး ဇစ်ကို ဖွင့်ပေးလိုက်သည်။

[လောင်ရွှီ မင်း ဘာလုပ်နေတာလဲ]

[လခွမ်း အဲဒါ နှင်းကျားသစ် လေ အရမ်း ကြမ်းတာနော်]

[ပြဿနာ တက်တော့မယ်]

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများ သတိထားမိသွားပြီး အမြန် သတိပေးလိုက်ကြသည်။

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

ရွှီယန်က တဲတံခါးကို ဖွင့်လိုက်ရာ နှင်းကျားသစ်က တံခါးပွင့်သွားသည်ကို သိလိုက်သဖြင့် ခေါင်းကို တဲထဲသို့ ပြန်သွင်းလိုက်သည်။

ထို့နောက် ၎င်းက တဲထဲမှ တိုက်ရိုက် ခုန်ထွက်လာတော့သည်။

၎င်းက ရွှီယန်ကို ကြည့်နေပြီး မျက်လုံးများထဲတွင် သိချင်စိတ်များ ပြည့်နှက်နေသည်။

တစ်ဖက်တွင် ၎င်းက ရွှီယန်သည် အန္တရာယ် ရှိသည်ဟု မခံစားရသလို ရွှီယန်နှင့် အလွန် ရင်းနှီးချင်နေမိသည်။

အခြားတစ်ဖက်တွင်မူ နှင်းကျားသစ်က ရွှီယန်ကို မမြင်ဖူးသဖြင့် စိတ်ထဲတွင် အနည်းငယ် သတိထားနေမိသေးသည်။

ထို့ကြောင့် ၎င်းက ရွှီယန်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

ရွှီယန်ကတော့ ဘာအန္တရာယ်မှ မရှိသည့် ပုံစံမျိုးဖြင့် ရပ်နေပြီး မျက်နှာပေါ်တွင်လည်း ခင်မင်မှုများ အပြည့် ရှိနေသည်။

"ဒီနှင်းကျားသစ်က ကျွန်တော့်ကို မကြောက်တဲ့ ပုံပဲ"

"သူ့ပုံစံက လူတွေနဲ့ ရင်းနှီးချင်နေသလိုပဲ"

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများကို ရှင်းပြလိုက်သည်။

သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများမှာ အလွန် အံ့ဩသွားကြသည်။

'မင်းကို မကြောက်ဘူး ဟုတ်လား မင်းကသာ သူ့ကို ကြောက်ရမှာ မဟုတ်ဘူးလား'

ရွှီယန် လက်ထဲတွင် တောင်တက်ပုဆိန်ကို ကိုင်ဆောင်ထားဆဲ ဖြစ်ရာ သူက တောင်တက်ပုဆိန်ကို တိုက်ရိုက်ပင် လွှင့်ပစ်လိုက်သည်။

သူ၏ လုပ်ရပ်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ထပ်မံ မှင်တက်သွားကြပြန်သည်။

'ဟင် မင်း ဘာလုပ်နေတာလဲ ယမ်းသေနတ် ထပ်ထုတ်မလို့လား'

သို့သော် ဆက်လက် ဖြစ်ပေါ်လာမည့် မြင်ကွင်းက အားလုံး၏ မျှော်လင့်ချက် ပြင်ပတွင် ဖြစ်နေတော့သည်။

ရွှီယန်က နှင်းကျားသစ်ကို လက်ယပ်ခေါ်လိုက်သည်ကို မြင်တွေ့လိုက်ရပြီးနောက် နှင်းကျားသစ်က သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

ကြည့်ရသည်မှာ အလွန် ယဉ်ပါးနေသည့် အတိုင်းပင် ဖြစ်သည်။

All Chapters