← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း - (၇၅) ရှန်းဖျင် ပြန်ရောက်လာခြင်း

လီရွှမ်ရွှမ် ခေါင်းငုံ့ထားသည်ကို မြင်သောအခါ လီထုန်ယာ၏အသံသည် ပျော့ပြောင်းသွားခဲ့ပြီး သူက ဆက်ပြောလိုက်သည်။

“တော်သေးတာက ဒါက မိသားစုရေးရာတွေကို ပထမဆုံးအကြိမ် ကြီးကြပ်တာဖြစ်နေတော့ မင်းအမှားမလုပ်ခဲ့တာ ကောင်းပါတယ်”

လီထုန်ယာသည် ခဏတာမျှ တွေးတောလိုက်ပြီးနောက် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာ အကြံပေးလိုက်သည်။

“မေချယ်တောင်ပေါ်က ဂူထဲမှာ မင်းစိတ်ကို သွားရှင်းလိုက်။ စိမ်းပြာအဆီအနှစ်အဆင့်ကို ရောက်ပြီးမှ ပြန်လာခဲ့”

“ကျေးဇူးတင်ပါတယ် ဒုတိယဦးလေး”

လီရွှမ်ရွှမ်သည် ရိုသေစွာ လက်သီးဆုပ် အရိုအသေပေးလိုက်သည်။ သူထွက်ခွာသွားစဉ် သူ့ပုခုံးပေါ်မှ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားသကဲ့သို့ စိတ်သက်သာရာ ရသွားပုံရသည်။

လီထုန်ယာသည် သူ၏အဝတ်အစားများ လဲလှယ်ရန် အိမ်နောက်ဘက်ဆီသို့ ထွက်သွားခဲ့သည်။ ထို့နောက် သူသည် ပင်မခြံဝင်းတွင်ထိုင်ရင်း လီရွှမ်ရွှမ် ရေးသားထားခဲ့သော မှတ်တမ်းများကို ပြန်လည်သုံးသပ်လိုက်သည်။ ခဏကြာသောအခါ သူက

မျက်မှောင်ကြုတ်လိုက်ပြီး တည်ကြည်သောအသံဖြင့် ညွှန်ကြားလိုက်သည်။

“ယဲ့ရှန့်ကို သွားခေါ်လာခဲ့”

တံခါးအပြင်ဘက်တွင် စောင့်နေသော စစ်သည်တစ်ယောက်က သတင်းစကားကို ပို့ဆောင်ရန် ချက်ချင်း ထွက်ခွာသွားခဲ့သည်။ မကြာမီပင် လီယဲ့ရှန့်သည် ပင်မခြံဝင်းထဲသို့ အလျှင်စလိုဖြင့် ဦးညွတ်ထားကာ ဝင်ရောက်လာခဲ့သော်လည်း လီထုန်ယာက သစ်သားပြားတစ်ချပ်ကို ခေါင်းငုံ့ကာ ဖတ်ရှုနေခဲ့ပြီး သူ့ကိုအသိအမှတ်ပြုရန်ပင် မော့မကြည့်ဘဲနေသည်ကိုသာ တွေ့လိုက်ရသည်။

လီယဲ့ရှန့်၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားခဲ့ပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။

“သွားပြီ။ ငါအလွန်အကျွံ လုပ်လိုက်မိပြီ”

လီရွှမ်ရွှမ်သည် ငယ်စဉ်ကတည်းက လီရှန်းဖျင်နှင့် လီထုန်ယာတို့၏ နောက်ဆက်ခံမည့် မိသားစုခေါင်းဆောင်အဖြစ် ပြုစုပျိုးထောင်ပေးခြင်းကို ခံခဲ့ရသည်။ ၎င်းသည် လီရွှမ်ဖုန်းနှင့် လီရွှမ်လင်တို့ မမွေးဖွားမီက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ကာ ထိုကောင်လေးနှစ်ယောက်၏စိတ်ထဲတွင် မည်သည့်စိတ်ကူးမျိုး ရှိနေမည်လဲဆိုသည်ကို မည်သူမျှမသိပေ။

ထို့ကြောင့် လီယဲ့ရှန့်သည် လီရွှမ်ရွှမ်၏ အမှားများကို သတိပြုမိခဲ့သော်လည်း ထိုကောင်လေးနှစ်ယောက်ကို စမ်းသပ်နိုင်ရန်အတွက် တိတ်တိတ်နေရန်သာ ရွေးချယ်ခဲ့သည်။

ယခုအခါ လီထုန်ယာက တိတ်ဆိတ်နေသည်ဖြစ်ရာ လီယဲ့ရှန့်သည် ချက်ချင်းပင် သူ၏အကြံအစည် ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကာ အလျှင်အမြန် ဒူးထောက်တောင်းပန်လိုက်သည်။

လီထုန်ယာသည် မျက်မှောင်ကြုတ်လိုက်ရုံသာပြုပြီး သူ့ကိုရပ်တန့်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မိသားစုခေါင်းဆောင် ပြန်လာတဲ့အခါ မင်းဘာသာမင်း ရှင်းပြရလိမ့်မယ်”

ထိုသို့ဖြင့် လီထုန်ယာသည် သူဖတ်နေခဲ့သော သစ်သားပြားကို သိမ်းဆည်းလိုက်ပြီး အမိန့်ပေးလိုက်သည်။

“တပ်ဖွဲ့တွေကို စုစည်းဖို့ ဗုံတီးလိုက်”

xxxxxxxxxx

လီရှန်းဖျင်သည် ဒယိမ်းဒယိုင်ဖြင့် အတန်ကြာလျှောက်လှမ်းလာပြီးနောက် သစ်ပင်ကြီးတစ်ပင်အောက်တွင် မှီလိုက်ကာ အသက်ရှုနှုန်းကို ထိန်းညှိလိုက်သည်။ မန္နာစွမ်းအင် ၂၀၊ ၃၀ ရာခိုင်နှုန်းခန့် ပြန်ရလာသောအခါ သူသည် ပင်ပန်းနွမ်းနယ်နေသော်လည်း ခြေထောက်များပေါ်သို့ နတ်ဘုရားရွေ့လျားခြင်းအတတ်ကို အသုံးပြုလိုက်ပြီး တောင်ဘက်ဆီသို့ ခရီးဆက်လိုက်သည်။

လီရှန်းဖျင်သည် သုံးနာရီကြာမျှ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ခဏတာ အနားယူရန် ဝံ့ရဲတော့သည်။ သူသည် ကြီးမားသော ညောင်မုတ်ဆိတ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်သွားခဲ့ပြီး ၎င်း၏အကိုင်းအခက်များထဲမှ တစ်ခုပေါ်တွင် သူ၏အင်အားကို ပြန်လည်ရရှိရန်အတွက် အိပ်တစ်ဝက်နိုးတစ်ဝက် အနေအထားဖြင့် နာရီပေါင်းများစွာ အိပ်စက်နေခဲ့သည်။

လီရှန်းဖျင်သည် အလွန်ခေါင်ပြီး လူနေထိုင်သည့် အရိပ်အယောင်မတွေ့ရသော ဤမြေရိုင်းဒေသတွင် ယုန်တစ်ကောင်ကို ဖမ်းယူခဲ့ပြီး မီးကင်ကာ စားလိုက်သည်။ ထို့နောက် တောင်ဘက်သို့ ခရီးမဆက်မီ ဝိညာဉ်ချီကို ရှူသွင်းခြင်းနှင့် သူ၏မရီဒန်များကို ချောမွေ့အောင် ပြုပြင်ခြင်းတို့အတွက် ရက်ပေါင်းများစွာ ကုန်လွန်ခဲ့သည်။

သူ၏ ပြင်ပဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်နေခဲ့သော်လည်း အတွင်းဒဏ်ရာများမှာမူ ကုသရန် ခက်ခဲနေခဲ့သည်။ သူ၏အတွင်းအင်္ဂါများတွင် နာကျင်မှုကို ခံစားနေရဆဲဖြစ်ပြီး သူ၏အင်အား၏ ၇၀၊ ၈၀ ရာခိုင်နှုန်းကိုသာ ပြန်လည်ရရှိသေးသည်။

လီရှန်းဖျင်သည် နတ်ဆိုးများနှင့် တွေ့ဆုံမှုမျိုးကို ရှောင်ရှားနိုင်ရန် သတိထားကာ ခရီးဆက်ခဲ့ပြီး တစ်လကျော်ကြာမှသာ လီမိသားစု၏နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်။

လီရှန်းဖျင်သည် သူ၏မိသားစုနယ်မြေဆီသို့ ဝင်ရောက်သောအခါ တောအုပ်ထဲတွင် ကလန်စစ်သည်များ ကင်းလှည့်နေသည်ကို သတိပြုမိကာ သူ့ဘာသာသူ တွေးလိုက်မိသည်။

“အိမ်မှာ ဘေးကင်းနေတုန်းပဲထင်တယ်။ ကျီမိသားစုက ငါတို့ကို အနောက်ဘက်ကနေ မကျူးကျော်ခဲ့ဘူးပဲ”

လီရှန်းဖျင်သည် ထိုစစ်သားများ ဝတ်ဆင်ထားသော ဝတ်စုံများက သူ့မိသားစုမှဖြစ်ကြောင်း မှတ်မိလိုက်သော်လည်း သူသည် သတိထားနေဆဲဖြစ်ကာ လီကျင်းရွာဆီသို့သွားရန် အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့သည်။

သူသည် ရွာ၏ ပုံမှန်အခြေအနေနှင့် တည်ငြိမ်မှုကို ကြည့်ရှုလေ့လာပြီးမှသာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် တောင်ပေါ်သို့ တက်သွားခဲ့သည်။

လီထုံယာသည် မျက်မှောင်ကုတ်လျှက် သူ၏ ဓားကို သန့်ရှင်းရေးလုပ်နေစဉ် ရုတ်တရက် ခြေသံများ သူ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ သူက ခေါင်းမော့ကြည့်လိုက်ပြီး တစ်ခဏမျှ မှင်တက်သွားခဲ့ရသည်။ ထို့နောက် တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော အနေအထားဖြင့် တံခါးဝတွင် ပြုံးဖြဲဖြဲလုပ်ကာ မတ်တတ်ရပ်နေသည့် လီရှန်းဖျင်ကို တွေ့မြင်လိုက်ရလေသည်။ ထိုအခါမှသာ သူ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်တက်သွားကာ ရယ်မောလိုက်ရင်း ပြောလိုက်သည်။

“မင်းလို ပါးနပ်လွန်းတဲ့ ကောင်စုတ်လေးကတော့ အပြင်မှာ ဒီအတိုင်း အလွယ်တကူ သေသွားမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ”

လီရှန်းဖျင်သည် ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်ပြီး စားပွဲတွင် ထိုင်ချလိုက်ကာ ရေငတ်ပြေစေရန် လက်ဖက်ရည်တစ်ခွက်ကို သောက်ချလိုက်သည်။

“ဘာတွေလျှောက်ပြောနေတာလဲ။ ငါက ချီကျင့်ကြံသူတစ်ယောက်ရဲ့ လိုက်လံဖမ်းဆီးခြင်းကို တစ်နေ့နဲ့နှစ်ညကြာ ခံခဲ့ရပြီး သူ့လက်ဝါး တစ်ချက်တည်းနဲ့ သေအောင် အရိုက်ခံရလုနီးပါး ဖြစ်ခဲ့တာ”

ရက်ပေါင်း ၂၀ ကျော်တိုင်အောင် လိုက်လံဖမ်းဆီးခံရခြင်းနှင့် အသက်လုထွက်ပြေးခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်ကို ပြန်လည်ပြောပြပြီးနောက် လီရှန်းဖျင်သည် သူ၏ အပေါ်ဝတ်ရုံကို ချွတ်လိုက်ကာ ကြေးမုံကို စားပွဲပေါ်သို့ အသာအယာ တင်လိုက်သည်။ ထိုညိုပြာရောင်ကြေးမုံက လေထဲသို့ ဖြည်းညှင်းစွာ လွင့်မျောသွားသည်ကို ကြည့်ရင်း ပြုံးလိုက်ပြီး သိုလှောင်အိတ်တစ်လုံးနှင့် အပြာနုရောင် သတ္တုတုံးတစ်တုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။

“ဒါတွေကို တစ်ချက်ကြည့်ကြည့်လိုက်”

လီထုန်ယာသည် ခေါင်းညိတ်လိုက်ပြီး သူ၏ဝိညာဉ်အာရုံကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်ကာ ၎င်းထဲမှ ပစ္စည်းအမျိုးမျိုးကို ဂလင်ဂလင်မြည်အောင် လောင်းချလိုက်သည်။

တာအိုကျင့်ကြံသူအဘိုးကြီး၏ သိုလှောင်အိတ်ထဲတွင် အဝတ်အစားများ၊ အသုံးအဆောင်များနှင့် ရွှေ၊ ငွေများအပြင် ဝိညာဉ်ကျောက်တုံး ၂၅ တုံး၊ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကုသရေးဆေးလုံးများစွာနှင့် “ကျောက်စိမ်းအညွန့်ဆေးလုံး” ဟု တံဆိပ်ကပ်ထားသော ကျောက်စိမ်းပုလင်း တစ်လုံးရှိနေသည်။ သူတို့သည် အဆောင်ဟောင်းတစ်ဒါဇင်နှင့် ညင်သာသော အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်နေသော ကျောက်စိမ်းဆွဲသီး တစ်ခုကိုလည်း တွေ့ရှိခဲ့ကြသည်။

အိတ်ထဲမှ ဂလင်ခနဲ မြည်သံဖြင့် နောက်ဆုံးကျဆင်းလာသော ပစ္စည်းမှာ ရှည်လျားပြီး မီးခိုးရောင်ဖျော့ဖျော့ရှိသော ဓားရှည်တစ်ချောင်း ဖြစ်သည်။

လီရှန်းဖျင်က ကျောက်စိမ်းဆွဲသီးကို လှမ်းယူသည်နှင့် ကြေးမုံထဲတွင် မှေးစက်နေသော လုကျန်းရှန်းသည် စွမ်းအင်လှိုင်းလုံးတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် သူ့ထံမှ တစ်လက်မမျှသာ ကွာဝေးသော ကျောက်စိမ်းဆွဲသီးကို ကြည့်လိုက်ပြီး ၎င်းနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်ရန် ကြိုးစားလိုက်သည်။

ကျောက်စိမ်းဆွဲသီးသည် မြူးထူးပျော်ရွှင်နေသော ငှက်တစ်ကောင်ကဲ့သို့ ကြေးမုံဘက်ဆီသို့ ရုတ်တရက် ပျံသန်းသွားခဲ့သည်။

“ဟင်”

အရာအားလုံးသည် မထင်မှတ်ထားဘဲ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားသွားခဲ့သောကြောင့် လီရှန်းဖျင်သည် ကျောက်စိမ်းဆွဲသီးကို အချိန်မီမဖမ်းဆီးနိုင်ခဲ့ပေ။ ကျောက်စိမ်းဆွဲသီးက ရုတ်တရက် ကြေးမုံနှင့် ကပ်သွားသည်ကိုသာ ထိုအတိုင်း ကြည့်နေလိုက်ရသည်။ ကျောက်စိမ်းဆွဲသီးထံမှ အဖြူရောင် ချီစီးကြောင်းတစ်ခု ထိုးထွက်လာခဲ့ပြီး တောအုပ်ထဲရှိ သူ၏ခိုလှုံရာကိို နောက်ဆုံးတွင် ပြန်လည်ရှာတွေ့သွားသော ပင်ပန်းနွမ်းနယ်နေသည့် ငှက်တစ်ကောင်ကဲ့သို့ ကြေးမုံထဲသို့ ဝင်ရောက်သွားခဲ့သည်။

ကြေးမုံ၏ ဘောင်ပတ်ပတ်လည်မှ မှော်သင်္ကေတစာလုံး ၁၂ လုံးသည် တစ်လုံးပြီးတစ်လုံး လင်းထိန်လာခဲ့သည်။ လုကျန်းရှန်းသည် သူ့တစ်ကိုယ်လုံး အေးမြလန်းဆန်းသွားသည်ကို ခံစားလိုက်ရပြီး သူ၏နတ်ဘုရားအာရုံက ဆက်တိုက်ကျယ်ပြန့်လာသည်ကို ခံစားလိုက်ရသည်။ အချက်အလက်အများအပြား သူ့စိတ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူသည် ထိုအချက်အလက်များကို စတင်၍ စူးစမ်းလေ့လာလိုက်တော့သည်။

လီရှန်းဖျင်နှင့် လီထုန်ယာတို့သည် ကျောက်စိမ်းဆွဲသီး၏ တောက်ပနေသော အလင်းရောင်သည် မှေးမှိန်သွားပြီးနောက် ၎င်းက စားပွဲပေါ်သို့ ဂလင်ခနဲ ပြန်ကျသွားသည်ကို တွေ့လိုက်ရသည်။ သူတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကြေးမုံကို ၎င်း၏ ကျောက်တုံးစင်မြင့်ဆီသို့ ပြန်လည် ပို့ဆောင်လိုက်ကြသည်။

အမွေးတိုင်တစ်တိုင် လောင်ကျွမ်းရန်ကြာချိန်မျှ စောင့်ဆိုင်းပြီးနောက် မည်သည့် သိသာထင်ရှားသော ပြောင်းလဲကိုမှုမျှ မတွေ့ရှိရရာ သူတို့သည် ပင်မခြံဝင်းထဲတွင် ပစ္စည်းများကို ဆက်လက်စစ်ဆေးရန်သာ ဆုံးဖြတ်လိုက်ကြသည်။

တာအိုကျင့်ကြံသူအဘိုးကြီး၏ ကုသရေးဆေးလုံးများနှင့် ဆေးဝါးအားလုံးသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်သာ ဖြစ်သောကြောင့် ထိုသူသည် အလွန်နိမ့်ပါးသော ဘဝတစ်ခုတွင် နေထိုင်ခဲ့ပုံရသည်။ လီရှန်းဖျင်သည် ဝိညာဉ်ကျောက်တုံး ၂၅ တုံးနှင့်အတူ ၎င်းတို့အားလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ကျောက်စိမ်းအညွန့်ဆေးလုံး၏ ချိတ်တံဆိပ်ကို ဖွင့်ရန် သတိထားကာ ဆက်လက်လုပ်ဆောင်လိုက်သည်။

ထိုသို့ ချိတ်တံဆိပ် ဖွင့်လိုက်သည်နှင့် ဆေးလုံး၏ လန်းဆန်းသောရနံ့က ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။ တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့် သူတို့၏ မန္နာစွမ်းအင်များ မရပ်မနား တိုးပွားလာခဲ့သည်။

“ဒီဆေးလုံးရဲ့အာနိသင်က ငါတို့အိမ်မှာရှိတဲ့ မြွေအဆီအနှစ်ဆေးလုံးတွေထက် သာလွန်ပုံရတယ်။ မြွေအဆီအနှစ်ဆေးလုံးတွေက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်နဲ့ ချီကျင့်ကြံခြင်းအဆင့်က လူတွေအတွက် အကျိုးရှိတယ်လို့ လူသိများတော့ ဒီကျောက်စိမ်းအညွန့်ဆေးလုံးက ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သီးသန့်ဖြစ်ရမယ်”

သူသည် ကျောက်စိမ်းအညွန့်ဆေးလုံးပုလင်းကို အလျှင်အမြန်ပင် ပြန်လည်ချိတ်ပိတ်လိုက်သည်။ ထို့နောက် သူ၏အာရုံကို ဓားရှည်အား အထူးတလည် တန်ဖိုးထား ကြည့်ရှုနေသော လီထုန်ယာထံသို့ လွှဲပြောင်းလိုက်သည်။

လီရှန်းဖျင်က ပြုံးပြီးမေးလိုက်သည်။

“ဓားက ဘယ်လိုနေလဲ”

လီထုန်ယာက ခေါင်းခါလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါက အဲဒီလူ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်မှာ ရှိနေတုန်းက သုံးခဲ့တဲ့လက်နက် ဖြစ်နိုင်တယ်။ ဒီဓားရဲ့ပုံစံအရ အကဲဖြတ်ရရင် ဒါက ဝိညာဉ်ကျောက်တုံး သုံးတုံးကနေ ငါးတုံးလောက်ပဲ တန်ဖိုးရှိပုံရတယ်။ ဒီလိုဆိုရင်တောင်မှ ဒါက သာမန်သံတွေထက် အရည်အသွေးပိုင်းမှာ သာလွန်တယ်”

ထိုစကားသည် လီရှန်းဖျင်အား လီထုန်ယာက ဝိညာဉ်ကျောက်တုံး နှစ်တုံးခွဲဖြင့်သာ ဝယ်ယူခဲ့သော်လည်း အတော်လေး အလေးချိန်ရှိသော ဓမ္မလက်နက်တစ်ခုဖြစ်သည့် သူ၏ ရင်းတိုက်လေးကို သတိရသွားစေခဲ့သည်။

သူသည် ကနဦးတွင် အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို ပစ်လွှတ်ပြီးနောက် ချက်ချင်းဆုတ်ခွာရန် စီစဉ်ထားခဲ့ရာ လေးကိုသယ်ဆောင်သွားပါက သူ့ကို နှေးကွေးစေမည်ကို စိုးရိမ်သောကြောင့် ၎င်းကို အိမ်တွင်ချန်ထားရစ်ခဲ့သည်။ သို့ဖြစ်၍ တာအိုကျင့်ကြံသူအဘိုးကြီးနှင့် ရင်ဆိုင်ရသောအခါတွင်မူ သူ့တွင် လက်နက်မဲ့ ဖြစ်နေရတော့သည်။

“အင်း၊ အဲဒီလိုတော့ ပြောလို့တော့ မရပါဘူးလေ။ ငါသာ လေးကို သယ်သွားခဲ့ရင် အဲဒါက ငါ့ကို နှေးကွေးသွားစေပြီး တာအိုကျင့်ကြံသူအဘိုးကြီးက အချိန်တော်တော်ကြာကတည်းက အမီလိုက်နိုင်ခဲ့မှာပဲ။”

လီရှန်းဖျင်က အတွေးထဲတွင် နစ်မြောနေစဉ် လီထုန်ယာသည် အဆောင်အစုံကို စစ်ဆေးကြည့်ရှုနေသည်။ သူသည် ဝိညာဉ်အဆောင်ကျင့်စဉ် လက်စွဲစာအုပ်၏အကူအညီဖြင့် ၎င်းတို့ကို ခွဲခြားသတ်မှတ်ရန် ကြိုးစားနေခဲ့သည်။

“ဒါတွေက ဓမ္မဒိုင်းတွေ ဖန်တီးဖို့ ရေးဆွဲထားတဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် အဆောင်တွေ ဖြစ်ပုံရတယ်”

ခဏအကြာတွင် သူက ကောက်ချက်ချလိုက်သည်။

ထို့နောက် သူသည် ၎င်းတို့ကို ရေတွက်လိုက်သောအခါ စုစုပေါင်း အဆောင် ၂၄ ခုရှိပြီး ခန့်မှန်းခြေအားဖြင့် ဝိညာဉ်ကျောက်တုံး ရှစ်တုံး တန်ဖိုးရှိသည်။

“ငါထင်တာကတော့ ဒါတွေက ကလေးတွေအတွက် အကာအကွယ်ပေးတဲ့ နည်းလမ်းတွေအဖြစ် အသုံးဝင်နိုင်တယ်။ အထူးသဖြင့် အပြင်မှာ လှည့်လည်သွားလာရတာကြိုက်တဲ့ ရွှမ်ဖုန်းအတွက်ပေါ့”

လီရှန်းဖျင်သည် တာအိုကျင့်ကြံသူအဘိုးကြီးက ကြီးမားသောဒိုင်းတစ်ခုကို ဖန်တီးရန် ထိုအဆောင်များထဲမှ တစ်ဒါဇင်ကို သုံးစွဲခဲ့ရစဉ်က မည်မျှဒေါသထွက်ခဲ့သည်ကို ပြန်လည်အမှတ်ရရင်း ရယ်မောလိုက်သည်။

“အဲဒီအဘိုးကြီးက နည်းနည်းဆင်းရဲပေမယ့် ငါက သူ့ကို အဖိုးတန်မန္တန်တွေသုံးရအောင် နှစ်ကြိမ်တောင် လှည့်စားခဲ့တယ်။ သူ ဒီလောက်စိတ်တိုနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး”

လီထုန်ယာသည် လျှို့ဝှက်ဆန်းကြယ်သော အစိမ်းဖျော့ရောင်သတ္တုတုံးကို စစ်ဆေးကြည့်ရှုခဲ့သော်လည်း ၎င်း၏ရည်ရွယ်ချက်နှင့် ဇာစ်မြစ်ကို ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိခဲ့ပေ။

သူသည် လီရှန်းဖျင်ကို စိုက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မင်း ဒဏ်ရာရထားတာလား။ ဆေးသောက်ပြီး အနားယူလိုက်တော့”

All Chapters