← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း - (၇၇) အကူအညီတောင်းခံခြင်း

လီရှန်းဖျင်က ပြုံးလိုက်ပြီး တုံ့ပြန်တော့မည်အပြုတွင် လီယဲ့ရှန့်က ဂူထဲသို့ ရိုသေစွာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ လီရှန်းဖျင်က လီယဲ့ရှန့်ဘက်သို့လှည့်ရင်း မေးလိုက်သည်။

“ဘာကိစ္စလဲ”

“မိသားစုခေါင်းဆောင်၊ ဝမ့်မိသားစုက ကလေးတစ်ဒါဇင်လောက်က သူတို့တောင်ပေါ်ကနေ ဆင်းလာပါတယ်။ သူတို့ပြောတာက… ကျွန်တော်တို့ မိသားစုနှစ်ခုက တစ်ချိန်တုန်းက မဟာမိတ်တွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အခု သူတို့ကလန်က ဒုက္ခရောက်နေပြီး သုတ်သင်ခံလိုက်ရလို့ ကျွန်တော်တို့ရဲ့ အကာအကွယ်နဲ့ အထောက်အပံ့ကို တောင်းခံနေကြပါတယ်”

လီယဲ့ရှန်းက ပြန်ဖြေလိုက်သည်။

လီညီအစ်ကိုများသည် ထိုသတင်းကြောင့် အံ့အားသင့်သွားခဲ့ကြသည်။ လီရှန်းဖျင်သည် လက်ဖက်ရည်ခွက်ကို ဘေးဖယ်ထားလိုက်ပြီး မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် တိုးတိုးလေး မေးလိုက်သည်။

“သူတို့ထဲက တစ်ယောက်ယောက်မှာ ဝိညာဉ်အပေါက်ရှိလား”

“ချုံယန်က သူတို့ကို စစ်ဆေးပြီးပါပြီ။ အုပ်စုခေါင်းဆောင်က ဆန်းကြယ်အသွင်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ။ ကျန်တဲ့သူတွေကတော့ သေမျိုးတွေပါပဲ”

လီယဲ့ရှန့်က တင်ပြလိုက်သည်။

လီရှန်းဖျင်က ခဏတာ တွေးတောပြီးနောက် ညွှန်ကြားလိုက်သည်။

“ဒီဝမ့်မိသားစုဝင်တွေကို ဖြန့်ခွဲပြီး မတူညီတဲ့ ရွာတွေဆီမှာ အခြေချခိုင်းလိုက်။ အသက် ၁၀ နှစ်နဲ့အထက် ရှိသူတွေကို ကိုယ်ပိုင်အိမ်တွေ တည်ဆောက်နိုင်ဖို့ မြေကွက်တွေ ခွဲဝေပေးမယ်။ အသက် ၁၀ နှစ်အောက် ကလေးတွေအတွက်တော့ အခုလောလောဆယ် သူတို့ကို စာသင်ကျောင်းမှာ စာရင်းသွင်းထားမယ်။ ပိုငယ်တဲ့ကလေးတွေကိုတော့ မွေးစားမိသားစုတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ထားရှိမယ်”

“ပြီးတော့ အုပ်စုခေါင်းဆောင်ကို ငါနဲ့တိုက်ရိုက်တွေ့ဆုံဖို့ ခေါ်လာခဲ့”

သူက ထပ်လောင်းပြောလိုက်သည်။

xxxxxxxxxxx

ဝမ့်ထျန်းကျင်းသည် ကလေးငယ်တစ်အုပ်ကို ဦးဆောင်ခေါ်လာခဲ့ပြီး တောင်များထဲတွင် တစ်ညတာ ပုန်းအောင်းခဲ့ရသည်။ ဟွာချန်တောင်ပေါ်မှ မဟာအစီအရင်ကြီး ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်းသည် သူ့ကို စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။ သူသည် ကလန်ဦးလေးဖြစ်သူ၏ နောက်ဆုံးစကားလုံးများကို ပြန်လည်သတိရရင်း မျက်လုံးများတွင် မျက်ရည်ဝေ့ကာ ကလေးများကို အနောက်ဘက်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

သူတို့သည် နှလုံးသားထဲမှ နာကျင်မှုများဖြင့် တိတ်ဆိတ်စွာ လျှောက်လှမ်းခဲ့ကြသည်။ သူ့နောက်သို့ လိုက်ပါလာသော ကလေးများသည် သူတို့မိသားစုများထံမှ တိတ်ဆိတ်စွာနေရန် ညွှန်ကြားခြင်းခံခဲ့ရပြီး သူတို့၏ တိုးညင်းသော ငိုရှိုက်သံများက လေးနက်သော လေထုကြားမှ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သည်။

ဝမ့်ထျန်းကျင်းသည် ရင်းနှီးသော ရွာလမ်းများကို ရှောင်ရှားရင်း သူ့နောက်မှ လိုက်ပါလာသော ကလေးများကို ကျွေးမွေးရန် တောရိုင်းထဲတွင် သစ်သီးများကို ခူးဆွတ်ပြီး ယုန်များကို ဖမ်းဆီးခဲ့သည်။ သူတို့၏ခရီးစဉ်သည် မရည်ရွယ်ဘဲ လီမိသားစု၏နယ်မြေထဲသို့ ဦးတည်သွားစေခဲ့သည်။ ဝမ့်ထျန်းကျင်းကို ဟိုဟိုဒီဒီ မေးမြန်းစုံစမ်းရင်း မကြာမီပင် ထိုနေရာတွင် စောင့်ကြပ်နေသော လီမိသားစုမှ ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာခဲ့သည်။

ထိုလီမိသားစုမှ ကျင့်ကြံသူသည် လီချုံယန်ဟု အမည်ရပြီး အသက်နှစ်ဆယ် အစောပိုင်းအရွယ်ရှိ လူငယ်ကျင့်ကြံသူတစ်ဦးဖြစ်ကာ လီမိသားစု၏ မျိုးရိုးခွဲမှဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့၏အတိဒုက္ခကို သိရှိသောအခါ သူ၏အမူအရာက ယဉ်ကျေးပြီး စာနာစိတ်ကို ပြသခဲ့သည်။ သူသည် ဝမ့်ထျန်းကျင်းကို မေချယ်တောင်ပေါ်သို့ လိုက်ပါပို့ဆောင်ပေးနေစဉ် တိုးတိုးလေး စကားပြောလာခဲ့ကြသည်။

“မင်းတို့အားလုံးက ကျင့်ကြံသူတွေလား”

လီချုံယန်က မေးလိုက်သည်။ သူသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ တတိယအဆင့်ဖြစ်သော မန္နာစွမ်းအင်သံသရာအဆင့်တွင် ၂ နှစ်၊ ၃ နှစ်ကြာ ပိတ်မိနေခဲ့သော်လည်း အဆင့်ချိုးဖျက်တော့မည့် လက္ခဏာများကို မမြင်တွေ့ရသေးပေ။ လီမိသားစုတွင် သူ၏တိုးတက်မှုကို နှိုင်းယှဉ်ရန် ကျင့်ကြံသူ များစွာမရှိသောကြောင့် ဝမ်ထျန်းကျင်း၏ ကျင့်ကြံခြင်းအခြေအနေကို သိချင်စိတ် ပြင်းပြနေခဲ့သည်။

“ကျွန်တော်က အင်မော်တယ် ကျင့်ကြံခြင်းလမ်းစဉ်ကို အခြေချပြီးပါပြီ။ အခုလက်ရှိ ဆန်းကြယ်အသွင်အဆင့်မှာပါ”

ဝမ့်ထျန်းကျင်းက ပြန်ဖြေလိုက်သည်။

ဝမ့်ထျန်းကျင်းက အသက် (၁၄)၊​ (၁၅) နှစ်အရွယ်ခန့် ရှိပုံရသည့်အတွက် သူ၏အဖြေစကားကို ကြားသောအခါ လီချုံယန်က ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့သည်။

“လူတိုင်းက လီရွှမ်ရွှမ်ရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်ကို လိုက်မီနိုင်မှာမဟုတ်ဘူး ထင်တယ်။ သူက အသက် (၁၄)၊ (၁၅) နှစ်အရွယ်ပဲရှိသေးပြီး ကျင့်ကြံတာ ၇ နှစ်ပဲ ရှိသေးပေမယ့် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ တတိယအဆင့်ကိုတောင် ရောက်ပြီးနေပြီ”

သူက စိတ်ထဲမှ တွေးလိုက်မိသည်။

လီမိသားစု၏ လုပ်ဆောင်ချက်များသည် လွန်စွာ ထိရောက်မြန်ဆန်လှပေသည်။ ဝမ့်ထျန်းကျင်းသည် လီချုံယန်နှင့် စကားအနည်းငယ်သာ ပြောဆိုရသေးသော်လည်း သူ့အား တောင်ပေါ်သို့ လမ်းပြခေါ်ဆောင်သွားရန် အရှိန်အဝါ အတော်အတန်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သူသည် ခေါင်းကိုငုံ့ထားကာ ကျောက်ခင်းတောင်တက်လမ်းအတိုင်း နောက်မှ လိုက်ပါလာခဲ့ရာ ထိုလူလတ်ပိုင်းအမျိုးသားက ရိုသေလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလျှက် သူ့အား ဂူတစ်ခုအတွင်းသို့ လမ်းပြခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။

ဝမ့်ထျန်းကျင်း ခေါင်းကို အနည်းငယ်မော့ကြည့်လိုက်သောအခါ ပင်မခန်းမဆောင်တွင်ထိုင်ကာ စာဖတ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

“မိသားစုခေါင်းဆောင် ကျွန်တော် သူ့ကိုခေါ်လာခဲ့ပါပြီ”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သွယ်လျသော မျက်ခုံးများကိုပင့်ကာ မော့ကြည့်လိုက်သည်။ သူ၏ သိမ်းငှက်ကဲ့သို့ စူးရှလှသော မျက်လုံးများက ဝမ့်ထျန်းကျင်း၏အကြည့်များကို ထိုးဖောက်သွားခဲ့သည်။ ထိုအကြည့်၏ ပြင်းထန်မှုကြောင့် ဝမ့်ထျန်းကျင်း၏ နှလုံးသားထဲ၌ အလွန်အမင်း တုန်လှုပ်သွားခဲ့ကာ ကပျာကယာပင် သူ၏ခေါင်းကိုငုံ့ကာ ဒူးထောက်လိုက်တော့သည်။ သူ၏စိတ်ထဲ၌လည်း ထိတ်လန့်တကြား တွေးမိလိုက်သည်။

“လူက သာမန်လူမဟုတ်တာ သေချာတယ်... လီမိသားစုခေါင်းဆောင်ပဲ ဖြစ်ရမယ်!”

လီရှန်းဖျင်သည် ခေါင်းညိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သူသည် သစ်သားပြားကို ညင်သာစွာချလိုက်ပြီး ဝမ့်ထျန်းကျင်းကို တိတ်ဆိတ်စွာ ကြည့်ရှုအကဲခတ်လိုက်သည်။

ဝမ့်ထျန်းကျင်းသည် နေရာတွင်ပင် ချွေးစေးများပျံလာခဲ့သည်။ သို့သော် ထိုအချိန်တွင် အပေါ်မှ နွေးထွေးသော အသံတစ်သံကို ကြားလိုက်ရသည်။

“ခေါင်းမော့လိုက်”

ဝမ့်ထျန်းကျင်းသည် သေဘေးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရကာ ခေါင်းမော့ကြည့်လိုက်သည့်အခါ လီမိသားစုခေါင်းဆောင်၏ ဘေးတွင် သိမ်မွေ့ကာ ခန့်ညားသောလူတစ်ဦး ရပ်နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားပြီး လက်ထဲတွင် အစိမ်းရောင်အဆောင်စုတ်တံကို ကိုင်ထားကာ သူ့ကို ပြုံးရွှင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

မိသားစုခေါင်းဆောင်က နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ဝမ့်ထျန်းကျင်းသည် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး ဝမ်းနည်းပူဆွေးမှုနှင့် အမုန်းတရားတို့ သူ့ရင်ထဲ၌ တိုးပွားလာခဲ့ရာ အံကိုကြိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဝမ့်ထျန်းချုံ၊ ကျွန်တော့်နာမည် ဝမ့်ထျန်းချုံပါ”

(Note. ဝမ့်ထျန်းကျင်းက သူ့နာမည်ကို ဝမ့်ထျန်းချုံ လို့ပြောင်းလိုက်တာပါ။ “ချုံ” ဆိုတာက လက်စားချေတာလို့ အဓိပ္ပာယ်ရပါတယ်။)

လီရှန်းဖျင်သည် ခေါင်းညိတ်လိုက်ပြီး ထိုညက ဟွာချန်တောင်ပေါ်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအကြောင်းကို ဝမ့်ထျန်းချုံနှင့် ခဏတာမျှ စကားပြောဆိုလိုက်သည်။ ထို့နောက် နောက်ဆုံးတွင် ဝမ့်ထျန်းချုံနှင့် လီယဲ့ရှန့်တို့ နှစ်ဦးလုံးကို ထွက်ခွာခွင့်ပြုလိုက်သည်။

သူက လီထုန်ယာဘက်သို့ လှည့်ကြည့်ရင်း တိုးတိုးလေး မှတ်ချက်ချလိုက်သည်။

“သူ့မှာ သတ္တိနဲ့ဗျူဟာ မရှိဘူး။ ဒါပေမဲ့ သူက သစ္စာတော့ရှိပါတယ်။ ကျွန်တော်တို့ သူ့ကို သုံးလို့ရတယ်။ ဒါပေမဲ့ သူက ဝမ့်ထျန်းချောင်လောက်တော့ ချီးကျူးစရာ မကောင်းဘူး”

လီထုန်ယာက ခေါင်းခါလိုက်ပြီး ပြုံးရင်း ညင်သာစွာ ပြောလိုက်သည်။

“ဝမ့်မိသားစုရဲ့ တကယ့်ခြိမ်းခြောက်မှုတွေက ဝမ့်ရှောင်ဟွာနဲ့ ဝမ်ထျန်းချောင်တို့ပဲ။ သူတို့ထဲက တစ်ယောက်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ရင် ဝမ့်မိသားစုက ပြန်ပြီးထွန်းကားလာဖို့ အခွင့်အရေးတစ်ခု ရှိနိုင်တယ်။ ဝမ်းနည်းစရာကတော့ သူတို့က ဟွာချန်တောင်ပေါ်မှာ သေဆုံးသွားခဲ့ကြတာပဲ”

လီရှန်းဖျင်က လက်ဝေ့ယမ်းလိုက်ပြီး မှတ်ချက်ချလိုက်သည်။

“ဝမ့်ဟွာချန်က သူ့ရဲ့အုတ်ဂူကနေ ပြန်ထလာတာမျိုး မဟုတ်ရင် ဝမ့်မိသားစုရဲ့ကျဆုံးမှုက သတ်မှတ်ထားပြီးသားပဲ။ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ရမယ့် ကိစ္စတွေကိုပဲ အာရုံစိုက်သင့်တယ်”

“ဒုတိယအစ်ကို၊ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ဆဋ္ဌမအဆင့်ကို ချိုးဖျက်ဖို့ အသင့်ဖြစ်ပြီလား”

သူက မေးလိုက်သည်။

လီထုန်ယာက ခေါင်းညိတ်လိုက်ပြီး အတည်ပြုလိုက်သည်။

“နောက်ထပ် ရက်နည်းနည်းလောက်ဆိုရင် တံခါးပိတ် ကျင့်စဉ်ဝင်ဖို့ အသင့်ဖြစ်ပြီ”

လီရှန်းဖျင်သည် လက်ဖက်ရည်တစ်အိုးကို ပြင်ဆင်လိုက်ပြီး စားပွဲပေါ်ရှိ သစ်သားပြားများကို ရှင်းလင်းကာ အဝတ်စတစ်စပေါ်တွင် အတွေးအချို့ကို မှတ်သားရန် နေရာပြုလုပ်လိုက်သည်။

“ဒုတိယအစ်ကိုက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ဆဋ္ဌမအဆင့်ဖြစ်တဲ့ ဝိညာဉ်သန္ဓေသားနိုးထခြင်းအဆင့်ကို ဝင်ရောက်လုနီးပါး ဖြစ်နေပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ရောက်တော့မယ်။ ကျန်တဲ့မိသားစုဝင်တွေဖြစ်တဲ့ ဒုတိယမရီး၊ လီချုံယန်နဲ့ ရွှမ်ရွှမ်အပါအဝင် အားလုံး တတိယအဆင့်ကို ရောက်နေကြပြီ။ ဝမ့်ထျန်းချုံက ပထမအဆင့်မှာရှိပြီး ရွှမ်ဖုန်းနဲ့ ချန်တုန်ဟယ်တို့ကတော့ အင်မော်တယ်လမ်းစဉ်ကို အခုမှ စပြီးဝင်ရောက်လာကြတာ”

သူက ပြောလိုက်သည်။

“ကျင်းအာကို ဖယ်လိုက်ရင်တောင် ကျွန်တော်တို့ရဲ့ လက်ရှိအင်အားက အဲဒီတုန်းက ဝမ့်မိသားစုနဲ့ အတူတူလောက်ပဲ”

သူက ကောက်ချက်ချလိုက်သည်။

“အမှန်ပဲ”

လီထုန်ယာသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်သော်လည်း ရုတ်တရက် အခြားအရာတစ်ခုကို သတိရလိုက်သည်။

“လူတွေက မကြာသေးမီက အနောက်ဘက်တောအုပ်တွေမှာ သားရဲတွေရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေအကြောင်း သတင်းပို့ခဲ့ကြတယ်။ နတ်ဆိုးသားရဲတစ်ကောင်ကို မြင်တွေ့ခဲ့ရတာ အပါအဝင်ပေါ့။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ကျင့်ကြံခြင်းက နိမ့်ကျတော့ ချုံယန်က ရွာသားတွေနဲ့အတူ သူ့ကို နှိမ်နင်းနိုင်ခဲ့တယ်။ ငါစိုးရိမ်တာက ဒါက မကောင်းတဲ့နိမိတ်တစ်ခု ဖြစ်နေမှာကိုပဲ”

လီရှန်းဖျင်က ခဏတာ တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။

“ကျွန်တော် ယွဲ့တောင်ကို စုံစမ်းစစ်ဆေးဖို့ ကင်းထောက်တွေ လွှတ်ခဲ့ပေမယ့် ဘာမှမကြားရသေးဘူး။ အဲဒီဒေသမှာ ယွဲ့တောင်မျိုးနွယ်စုရဲ့ တည်ရှိမှုသမိုင်းကို ထောက်ရှုရင် သူတို့က ဒီမငြိမ်မသက်မှုကို လှုံ့ဆော်နေတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ သတိထားနေရမယ်”

“ကျွန်တော့်လူတွေကို ဒီလျှို့ဝှက်ဆန်းကြယ်တဲ့နေရာကို ပိုပြီးနက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာဖို့ အမိန့်ပေးထားပြီးပြီ။ မကြာခင် တစ်ခုခုဖော်ထုတ်နိုင်ဖို့ မျှော်လင့်ရမှာပဲ”

သူက ဆက်ပြောလိုက်သည်။

လီထုန်ယာသည် အဆောင်မင်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် လီရှန်းဖျင်နှင့်အတူ စကားစမြည်ပြောဆိုရင်း ဂူမှထွက်ခွာလာခဲ့ပြီး လီကျင်းတောင်ဘက်ဆီသို့ ဦးတည်သွားလိုက်ကြသည်။

xxxxxxxxxx

လုကျန်းရှန်းသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကာ လေ့လာနေခဲ့သည်။ ထို့နောက် သူ၏နတ်ဘုရားအာရုံကို အပြင်သို့ ထုတ်လွှတ်လိုက်သောအခါ ကျောက်တုံးစင်မြင့်နှင့် ခေါင်မိုးပြတင်းပေါက်ကဲ့သို့ ရင်းနှီးသောမြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။

၎င်း၏ ကြေးမုံမျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများသည် များများစားစား ပြောင်းလဲသွားခြင်း မရှိသော်လည်း ယခုအခါ ၎င်း၏ကိုယ်ထည်ပေါ်တွင် တောက်ပနေသော အလင်းကွင်းတစ်ကွင်း လင်းလက်လာခဲ့သည်။ ကျောက်စိမ်းဆွဲသီးထဲရှိ အဖြူရောင်ချီသည် အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို ပိုမိုအစွမ်းမထက်စေခဲ့သော်လည်း ကြေးမုံကို စွမ်းရည်အသစ်တစ်ခု ပံ့ပိုးပေးခဲ့သည်။

ဤအသစ်ရရှိသော စွမ်းရည်သည် ကြေးမုံကို “အဆီအနှစ်ပြောင်းလဲခြင်းကျင့်စဉ်” မှတစ်ဆင့် စုဆောင်းထားသော အဆောင်ချီကို အထွဋ်အထိပ်ယင်လရောင်နှင့် ပေါင်းစပ်ကာ အဆောင်ဆေးလုံး ဖွဲ့စည်းနိုင်စွမ်းကို ပေးအပ်ခဲ့သည်။

အင်မော်တယ်ကျင့်ကြံသူတစ်ဦးသည် သူတို့၏ ကျင့်ကြံခြင်းတွင် အဆင့်ချိုးဖျက်နိုင်ရန် ကျင့်ကြံခြင်း အဆင့်ကြီးတစ်ဆင့်လျှင် ဆေးလုံးတစ်လုံးသာ စားသုံးနိုင်သည်။ ၎င်း၏ ထိရောက်မှုအတိုင်းအတာသည် ဆေးလုံးထဲမှ အဆောင်ချီပမာဏအပေါ်တွင် မူတည်နေသည်။ အဆောင်ချီပမာဏသာ လုံလောက်ပါက ၎င်းသည် အခြေတည်အဆင့်နှင့် ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူများအပေါ်တွင်ပင် အံ့ဩဖွယ်ရာ အကျိုးသက်ရောက်မှုများ ရှိနိုင်ပေသည်။

သို့သော် ဂမ္ဘီရပုလဲအဆောင်မျိုးစေ့နှင့် ဆင်တူစွာပင် ဆေးလုံးကို စားသုံးခြင်းသည် စားသုံးသူ၏ ရှန်းယန်စံအိမ်တော်အတွင်း အဆောင်အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပြီး ဝိညာဉ်ချီပို့လွှတ်နိုင်စွမ်းကို မြှင့်တင်ပေးသည်။

စားသုံးသူ သေဆုံးသောအခါ သူတို့၏ အသက်စွမ်းအင်ချီသည် အဆောင်ချီအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ကြေးမုံ၏ ပြန်လည်သိမ်းယူခြင်းကို ခံရမည်ဖြစ်သည်။

“ကြေးမုံကတော့ အမြဲတမ်းလိုလို ဘာကိုမှ အလဟဿမဖြစ်စေဘဲ ရသမျှအရာတွေကို အဆုံးစွန်ထိ အသုံးချတတ်တာပဲ...”

လုကျန်းရှန်းသည် ဤအကြောင်းကို စဉ်းစားရင်း လက်လျှော့ဟန်ဖြင့် သက်ပြင်းသာ ချလိုက်မိတော့သည်။

သူသည် လွန်ခဲ့သောနှစ်များက အဆီအနှစ်ပြောင်းလဲခြင်းကျင့်စဉ်ကို ရရှိခဲ့သည်ကို ပြန်လည်သတိရလိုက်သည်။ သို့သော် တင်းကျပ်သော လိုအပ်ချက်များသည် အလွန်စိန်ခေါ်မှုကြီးမားလှသည်ဖြစ်ရာ လီထုန်ယာ ချီကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းပြီးမှသာ ထိုအရာကို စမ်းကြည့်နိုင်မည် ဖြစ်သောကြောင့် စောင့်ဆိုင်းရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိခဲ့ပေ။

All Chapters