← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

ဤတိုက်ပွဲသည် ကျန်းဟန်၏ အားအင်ကို လုံးဝနီးပါး မကုန်ခမ်းစေခဲ့သလို ဟုတ်ဟုတ်သည်လည်း အင်အားများစွာ စိုက်ထုတ်ခဲ့ရခြင်း မရှိချေ။

ထိုအတောအတွင်း တစ်စုံတစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာပြီး သေဆုံးသွားသော အရပ်ရှည်ရှည် ပိန်ပိန်လူငယ်ထံမှ ကျန်ရှိသော တန်ဖိုးရှိပစ္စည်းများကို လာရောက်သိမ်းဆည်းကာ ယခင်ရရှိထားသော ဆုလာဘ်များနှင့်အတူ ပူးတွဲထားရှိလိုက်သည်။

မြေဝါမိုးကြိုးအမြီး ကင်းမြီးကောက်မှာလည်း သဘာဝအတိုင်း ဆုလာဘ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ထိုလူ၏ ရုပ်အလောင်းကိုမူ လက်ဝှေ့လူသတ်ကွင်း၏ ဘေးဘက်သို့ ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်ကြသည်။

“မစ္စတာ သွေးစုန်း...ငါတို့ အစီအစဉ်အတိုင်း ဆက်သွားကြမလား။”

အချိန်ကျရောက်လာသောအခါ အစီအစဉ်တင်ဆက်သူက လမ်းလျှောက်လာပြီး မေးလိုက်၏။ သူ၏ လေသံမှာ များစွာ ပိုမိုရိုသေလေးစားလာခဲ့ပြီ ဖြစ်သည်။

“အင်း”

ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“အစီအစဉ်အတိုင်း ဆက်သွားမယ်။ နံပါတ်နှစ် စင်မြင့်ပေါ်တက်ပါ။”

အစီအစဉ်တင်ဆက်သူက အော်ဟစ်လိုက်သည်။

“ငါ အရှုံးပေးတယ်။”

နံပါတ်နှစ်မှာ လူငယ်တစ်ဦးဖြစ်ပြီး သူသည် ချက်ခြင်းပင် အရှုံးပေးကာ ထွက်ပြေးသွားခဲ့တော့သည်။ ပြိုင်ပွဲဝင်များအနေဖြင့် စင်မြင့်ပေါ်သို့ ခြေမချမီအချိန်တွင် နှုတ်ထွက်ခွင့်ရှိသော်လည်း ကျန်းဟန်တွင်မူ ထိုသို့သော အခွင့်အရေးမရှိချေ။

“သေစမ်း... အသုံးမကျတဲ့ ငကြောက်ကောင်။ ငါ တိုက်မယ် “

နံပါတ်သုံးမှာမူ ကြွက်သားအမြောင်းမြောင်းနှင့် လူသန်ကြီးတစ်ဦး ဖြစ်သည်။ သူက ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်ပြီး စင်မြင့်ပေါ်သို့ တည့်တည့်လျှောက်သွားကာ အဆင့် ၃ မိုးကြိုးဒြပ်စင် ဝိညာဉ်အပင် ဆယ်ပင်ကို ချထားလိုက်ပြီးနောက် အပေါ်သို့ တက်လာခဲ့သည်။

သူ၏ သားရဲမှာ မီးတောက်အမြီး လျှပ်စီးခွေးဖြစ်ပြီး ရှားပါးသော လျှပ်စီးနှင့် မီးဒြပ်စင်တွဲဖက် အမျိုးအစား ဖြစ်သည်။

အစီအစဉ်တင်ဆက်သူက ပွဲစတင်ကြောင်း ကြေညာလိုက်သည်နှင့် နှစ်ဖက်စလုံး ထပ်မံလှုပ်ရှားလိုက်ကြပြန်သည်။

ကျန်းဟန်သည် သူ၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကို ဆက်လက်လျစ်လျူရှုထားဆဲဖြစ်ပြီး ဟုတ်ဟာတ်အား ဆန့်ကျင်ဘက် သားရဲထိန်းချုပ်သူကို တည့်တည့်မတ်မတ် သွားရောက်တိုက်ခိုက်ခိုင်းသည့် အသေခံတိုက်ခိုက်ရေးစနစ်ကိုပင် အသုံးပြုခဲ့သည်။

ဤသည်ကို မြင်သောအခါ ပွဲကြည့်ပရိသတ်များမှာ အံ့အားသင့်ကာ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ချေ။ ကျန်းဟန်သည် အမှန်တကယ်ပင် သေရမည်ကို မကြောက်ခြင်းလောဟူသည်ကို ၎င်းတို့ နားမလည်နိုင်ကြတော့ပေ။ ပိုမိုဘေးကင်းသော တိုက်ခိုက်ရေးနည်းလမ်းများ ရှိနေပါလျက်နှင့် အကယ်၍ သူသာ တစ်ချက်ကလေး မှားယွင်းသွားခဲ့ပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

သို့သော် ကျန်းဟန်၏ အသေခံသယောင် ထင်ရသော တိုက်ခိုက်ရေးပုံစံမှာ အမှန်တကယ်တွင်မူ အလွန် ဘေးကင်းလှကြောင်း ၎င်းတို့ မသိကြချေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ပိုင်လင်း၏ နဂါး အကာအကွယ် ရှိနေသောကြောင့် ဖြစ်သည်။

စင်မြင့်ပေါ်သို့ တက်လာကြသူများ အားလုံးမှာ စည်းစိမ်ချမ်းသာနှင့် ကျော်စောမှုနောက်သို့ လိုက်နေကြခြင်းဖြစ်ပြီး မည်သူမျှ မသေချင်ကြပေ။ ထို့ကြောင့် အဆုံးသတ်တွင် ၎င်းတို့သည် နောက်ဆုတ်ကာ ခုခံကာကွယ်ကြမည်သာဖြစ်ပြီး သူ့ကို အဆုံးအထိ ထိပ်တိုက်ရင်ဆိုင်ဝံ့ကြမည်မဟုတ်ချေ။

“ကောင်လေး... ဒီကွက်ကိုပဲ ထပ်သုံးဦးမလို့လား။ ငါက ကြိုတင်ပြင်ဆင်မထားဘူးလို့ မင်း တကယ်ထင်နေတာလား။ မီးတောက်အမြီး လျှပ်စီးခွေး... အဲဒီငှက်ငတုံးကို ငါ့အတွက် ပိတ်လှောင်ထားလိုက်စမ်း။”

ကြွက်သားနှင့်လူကြီးက နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ပြီး ကျန်းဟန်ထံသို့ ပြေးဝင်သွားခဲ့သည်။

သူ၏ သားရဲသည် ဟုတ်ဟုတ်ထံသို့ ဦးတည်၍ ကြီးမားသော လျှပ်စီးမီးစက်ကွင်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ထိန်းချုပ်မှုစွမ်းရည်ဖြစ်ပြီး အကယ်၍ ၎င်းသာ ထိမှန်သွားပါက ပစ်မှတ်၏ လှုပ်ရှားမှုများမှာ ကန့်သတ်ခံရမည့်အပြင် လျှပ်စီးဒဏ်ကြောင့် ထုံကျင်ခြင်းနှင့် မီးလောင်ဒဏ်ရာများကိုပါ ခံစားရပေလိမ့်မည်။

ဤသည်မှာ ထိုလူကြီး၏ စစ်ဗျူဟာပင် ဖြစ်သည်။ ကျန်းဟန်၏ သားရဲကို ပိတ်လှောင်ထားပြီးနောက် သူကိုယ်တိုင် ကျန်းဟန်ကို သွားရောက် သတ်ဖြတ်မည် ဖြစ်သည်။ အရပ်နှစ်မီတာခန့် မြင့်မားပြီး ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသော သူသည် ကျန်းဟန်ကို လက်သီးနှစ်ချက်တည်းဖြင့် ခြေမွပစ်နိုင်သည်ဟု ခံစားနေရသည်။

“လာစမ်းပါ...။”

ကျန်းဟန်သည် ထွက်ပြေးခြင်းမရှိသည့်အပြင် ရှေ့သို့ပါ တိုးဝင်လာခဲ့ပြီး ကာကွယ်ရေးကို လုံးဝဥပေက္ခာပြုကာ ထိုလူကြီး၏ နားထင်သို့ ဦးတည်၍ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

သားရဲထိန်းချုပ်သူတစ်ဦးက လူကိုယ်တိုင် လက်သီးချင်းအလဲအထပ် လုပ်ဆောင်လာခြင်းမှာ လူအများ၏ အာရုံကို ချက်ခြင်း ဆွဲဆောင်သွားခဲ့သည်။ ဤကဲ့သို့သော အရာမျိုးမှာ အလွန်တရာ ရှားပါးလှပေသည်။

“သေချင်နေတာပဲ။”

ကျန်းဟန်၏ အားနည်းချက်များဖြင့် ပြည့်နှက်နေသော တိုက်ခိုက်ရေးပုံစံကို မြင်သောအခါ ထိုလူကြီးက နှာခေါင်းရှုံ့လိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် ကာကွယ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကျန်းဟန်၏ နားထင်ကို လွှဲရိုက်လိုက်၏။ သူသည် ကျန်းဟန်အား တကယ့်ခွန်အားက ဘာလဲဆိုသည်ကို ပြသချင်နေခဲ့သည်။

ဝုန်းကနဲ မြည်သံနှင့်အတူ ကျန်းဟန်သည် ထိုလူကြီး၏ ပြင်းထန်သော လက်သီးချက်ကို အပြည့်အဝ ခံစားလိုက်ရ၏။ သူ၏ အပေါ်သို့ ပင့်ထိုးလိုက်သော လက်သီးမှာမူ ပိတ်ဆို့ခံလိုက်ရသည်။ သို့သော် လူများ မျှော်လင့်ထားသကဲ့သို့ သူသည် လွင့်ထွက်သွားခြင်းမရှိဘဲ လုံးဝဘေးကင်းနေခဲ့သည်။ သူ၏ ပြိုင်ဘက် ဆွံ့အမှင်တက်သွားစဉ်မှာပင် ကျန်းဟန်သည် ၎င်း၏ ပေါင်ကြားသို့ အားပြင်းသော ကန်ချက်တစ်ချက် ပစ်သွင်းလိုက်တော့သည်။

“အားးးးးး”

ဝက်တစ်ကောင်အော်သကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။ ကြွက်သားနှင့်လူကြီးသည် ယင်းကို ကာကွယ်နိုင်ခဲ့သော်လည်း မိမိကိုယ်ကိုယ် အလွန်အမင်း ယုံကြည်မှုလွန်ကဲသွားခဲ့သည်။ သူသည် ကျန်းဟန်တစ်ယောက် သူ၏လက်သီးချက်ကြောင့် သေဆုံးသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သဖြင့် ပထမဆုံးအခိုက်အတန့်တွင် မည်သည့်ကာကွယ်မှုမျှ လုပ်ဆောင်မထားခဲ့မိချေ။

ဖျစ်ကနဲ မြည်သံနှင့်အတူ ယင်းက လုံးဝကို ကပ်ဘေးကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။ သွေးများက သူ၏ ပေါင်ကြားကို ချက်ခြင်းပင် ရဲရဲနီသွားစေခဲ့သည်။ ကျန်းဟန်၏ ကန်ချက်ခွန်အားသည် ထိုလူကြီးကို မိန်းမစိုးတစ်ဦးအဖြစ် တိုက်ရိုက်ပြောင်းလဲပေးလိုက်၏။ နဂါးမျိုးနွယ်စု၏ အားဖြည့်မှုကို ရရှိပြီးနောက်ပိုင်းတွင် ကျန်းဟန် မည်မျှအထိ သန်မာလာခဲ့သည်ကို ၎င်းအား ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်တော့သည်။

“အားပါးပါး... ဒီကွက်က ငါ့ပေါင်ကြားကိုပါ အေးစိမ့်သွားစေတာပဲ။ ဒီကောင် တကယ် ကောက်ကျစ်လွန်းတယ်။”

“သူက ဘယ်လောက်တောင် အားသုံးပြီး ကန်လိုက်တာလဲ။ ငါ့ကျောရိုးထဲအထိတောင် စိမ့်တက်သွားတယ်။”

ပွဲကြည့်စင်ပေါ်ရှိ အမျိုးသားများမှာ ဤမြင်ကွင်းကို မြင်သောအခါ မိမိတို့ကိုယ်တိုင် ကြုံတွေ့နေရသည့်အလား ၎င်းတို့၏ ပေါင်ကြားများပါ အေးစိမ့်သွားခဲ့ကြပြီး ထိုနာကျင်မှုကို ကောင်းကောင်းကြီး ခံစားမိသွားကြသည်။

“သေစမ်း... သေစမ်း... သေစမ်းကွာ....”

ကြွက်သားနှင့်လူကြီးမှာ နာကျင်လွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်သွားခဲ့သော်လည်း ယင်းက ကျန်းဟန်အပေါ် ထားရှိသော နာကျည်းမုန်းတီးမှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ သူသည် ဒေါသတကြီး ပြေးဝင်လာပြီး လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ပစ်သွင်းတော့သည်။ ကျန်းဟန်မှာမူ အဆက်မပြတ် နောက်ဆုတ်ပေးနေခဲ့ရပြီး နောက်ဆုံးတွင် ဝုန်းကနဲ မြည်သံနှင့်အတူ သူ၏အဝတ်အစားများ စုတ်ပြဲလျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ဟမ့်... အစိမ်းလိုက် အမှည့်သွားအောင် အထုခံရတာ သိပ်ပြီး နေလို့မကောင်းဘူးမလား။”

ကျန်းဟန်သည် မြေပြင်ပေါ်မှ ပြန်လည်တွားသွားထလာပြီး ပြုံးကာ လှောင်ပြောင်လိုက်သည်။

“ငရဲကို သွားလိုက်စမ်းးးးး။”

ကြွက်သားနှင့်လူကြီးသည် ဒေါသအဟုန်ဖြင့် ထပ်မံပြေးဝင်လာပြန်ပြီး ကျန်းဟန်၏ အသက်ကို လုံးဝနှုတ်ယူရန် ရည်ရွယ်ချက်ဖြင့် အရေးကြီးသော အချက်အချာနေရာများကိုသာ ရွေးချယ်၍ လက်သီးများ ပစ်သွင်းတော့သည်။

“ငါ့ဆီက နောက်ထပ်တစ်ကွက် ထပ်ပြီးခံစားကြည့်လိုက်စမ်း။”

ထိုလူကြီး အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းဟန်က ထပ်မံလှုပ်ရှားလိုက်သည်။ သူသည် လက်သီးဖြင့် ထိုးလိုက်ခြင်းဖြစ်သော်လည်း သူ၏လက်ဖဝါးထဲမှ မြေဝါမှုန့်တစ်ဆုပ်မှာ ထိုလူကြီး၏ မျက်လုံးများထဲသို့ တည့်တည့်မတ်မတ် လွင့်စင်သွားခဲ့သည်။

ထိုလူကြီးမှာ ရုတ်တရက် ဖြစ်ပေါ်လာသော ဤအခြေအနေကြောင့် ကြောင်အသွားစဉ် ကျန်းဟန်က ၎င်း၏ ပေါင်ကြားသို့ နောက်ထပ်တစ်ကြိမ် အားပြင်းစွာ ကန်သွင်းလိုက်ပြန်သည်။ ဝုန်းကနဲ မြည်သံနှင့်အတူ ဤတစ်ကြိမ်တွင်မူ ထိုလူကြီးသည် မည်သည့်အသံမျှ မထွက်နိုင်တော့ဘဲ လဲကျသွားကာ လုံးဝသတိလစ် မေ့မြောသွားခဲ့တော့သည်။

“ဒီလောက်လေးနဲ့များ...မင်းက ငါနဲ့ လက်သီးချင်း ဖလှယ်ချင်သေးတယ်ပေါ့။”

ကျန်းဟန်က နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ပြီး ထိုလူကြီး၏ ပေါင်ကြားနှင့် ခေါင်းကို နောက်ထပ်အချက်အနည်းငယ် ထပ်မံကန်ကျောက်လိုက်ကာ သူ သေချာပေါက် သတိလစ်သွားကြောင်း သေချာအောင် လုပ်ဆောင်လိုက်သည်။

“သေစမ်း... အောက်တန်းကျလိုက်တာ။ တကယ် အရှက်မရှိတဲ့ကောင်ပဲ။”

“ဒီလူကြီးက တကယ့်ကို မတရားခံလိုက်ရတာပဲ။ ဒါက သူက မသန်မာလို့မဟုတ်ဘူး။ သူ့ပြိုင်ဘက်က အရှက်ကင်းမဲ့လွန်းလို့ပဲ။”

“ငါက အလိုရှိခံနေရတဲ့ ရာဇဝတ်ကောင်ဖြစ်ပေမယ့် သူ့လောက်တော့ မယုတ်မာဘူး။”

ပွဲကြည့်စင်ပေါ်ရှိ လူများမှာ နှုတ်ခမ်းထောင့်စွန်းများ တုန်ခါသွားကြတော့သည်။ ကျန်းဟန်မှာ အလွန်တရာ အောက်တန်းကျလွန်းလှ၏။ ယခင်က ကျန်းဟန်ကို မိမိအဖွဲ့အစည်းအတွင်းသို့ စည်းရုံးရန် စီစဉ်ထားခဲ့သော လင်းရှီပင်လျှင် နှုတ်ခမ်းများ တွန့်လိမ်သွားခဲ့ပြီး ဤမြင်ကွင်းကြောင့် ကျောရိုးထဲအထိ အေးစိမ့်သွားခဲ့ရသည်။

သေစမ်း...ဒီကောင်က တကယ့် ကင်ဆာပဲ။

အခြားတစ်ဖက်တွင်မူ မီးတောက်အမြီး လျှပ်စီးခွေးသည် ၎င်း၏သခင် ဖြစ်သူမှာ ယခုကဲ့သို့ တစ်ဝက်သေဘဝရောက်အောင် အရိုက်ခံထားရသည်ကို မြင်သောအခါ သွားရောက်ကယ်တင်ချင်သော်လည်း ဟုတ်ဟုတ်က ထိုအခွင့်အရေးကို အမိအရဖမ်းဆွဲကာ ဆက်တိုက် ဒဏ်ရာရအောင် တိုက်ခိုက်တော့သည်။ ဟုတ်ဟုတ်သည် ဝိညာဉ်စွမ်းအင်များကို အသုံးမပြုဘဲ ၎င်း၏ ထက်ရှသော ခြေသည်းများနှင့် ချွန်ထက်သော နှုတ်သီးကိုသာ အားကိုး၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ သွေးသံရဲရဲ ဖြစ်နေသော မီးတောက်အမြီး လျှပ်စီးခွေးမှာ လဲကျသွားခဲ့ရတော့သည်။ ၎င်း၏ သခင်ဖြစ်သူမှာလည်း နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့ရလေသည်။

ဤတိုက်ပွဲသည်လည်း တော်တော်လေး ရှုပ်ထွေးသွားခဲ့ပြီး ဟုတ်ဟုတ်အနေဖြင့် ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အပြတ်မရှင်းခဲ့ချေ။ ဤသည်မှာ ကျန်းဟန်က တမင်သက်သက် ပြသခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူက ပြိုင်ဘက်များကို တစ်ချက်တည်းဖြင့် ဆက်တိုက် သတ်ဖြတ်ပြနေမည်ဆိုပါက မည်သူကမျှ စင်မြင့်ပေါ်သို့ တက်ဝံ့တော့မည်မဟုတ်ရာ သူ မည်သို့ ငွေရှာနိုင်တော့မည်နည်း။

နားချိန်အတွင်း၌ သူသည် မိမိ၏ နားထင်ကို တမင်သက်သက် ပွတ်သပ်နေခဲ့ပြီး သွေးအချို့ကိုပင် ထွေးထုတ်ပြခဲ့သည်။ ၎င်းက လူအများအား သူသည် စိတ်ဓာတ်ခွန်အားသက်သက်ဖြင့်သာ မနည်းတောင့်ခံနေရသည်ဟု ထင်မှတ်သွားစေခဲ့သည်။

“ကြည့်ရတာတော့ ဒီကောင်က အရမ်းကြီး မသန်မာပါဘူး။ ပထမပွဲက ကောင်က သောက်အသုံးမကျလွန်းတာပဲ ဖြစ်ရမယ်။”

“ဟုတ်တယ်။ သူ အခု ဒဏ်ရာအပြင်းအထန် ရနေပြီ။ ငါတို့ ဒီအတိုင်းသာ ဆက်တိုက်သွားမယ်ဆိုရင် သူ အချီအနည်းငယ်အတွင်းမှာတင် လဲကျသွားမှာပဲ။”

“ဒါပေမဲ့ ဒီကောင်က အရမ်း ကောက်ကျစ်လွန်းတယ်။ သေစမ်း... သူ့နာမည်ကို ကောက်ကျစ်တဲ့စုန်းလို့ပဲ ပြောင်းလိုက်သင့်တယ်။ သူ့နားကို ကပ်ပြီး တိုက်ခိုက်ရင်တော့ သေချာပေါက် သတိထားရမယ်။”

“သူက တတိယအချီအထိတောင် အသက်ရှင်သွားတယ်ပေါ့။ ငါတော့ ရှိသမျှ အကုန်ရှုံးပါပြီကွာ။”

“ငါလည်း အများကြီး ရှုံးသွားတယ် ချီးပဲ...”

လူအုပ်ကြီးကြားတွင် ဆွေးနွေးငြင်းခုံသံများ ဆူညံနေခဲ့သည်။ ကျန်းဟန်၏ သရုပ်ဆောင်မှုသည် လူအများစုကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့၏။ အစပိုင်းတွင် စင်မြင့်ပေါ်သို့ တက်ရန် ဝေခွဲမရဖြစ်နေကြသူများမှာ ၎င်းတို့၏ ယုံကြည်မှုများကို ပြန်လည်ရရှိသွားကြတော့သည်။

သူက မကြာခင် ပြိုလဲတော့မှာပဲ။ သူ့ကို သတ်နိုင်သရွေ့ အဲဒီ နှစ်သိန်းကျော်တန်တဲ့ ဆုလာဘ်တွေက ငါ့ဟာ ဖြစ်လာမှာပဲ။

“နားချိန် ကုန်ဆုံးပါပြီ။ နောက်ထပ် စိန်ခေါ်သူ တက်လှမ်းနိုင်ပါပြီ။”

အစီအစဉ်တင်ဆက်သူ၏ ကြေညာချက်အပြီးတွင် အရပ်ပုပုနှင့် လူတစ်ဦး စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

“ကောင်လေး... မင်းလည်း မကြာခင် သေတော့မှာပဲ။ ငါပဲ မင်းကို အပြတ်ရှင်းပေးလိုက်မယ်။”

အရပ်ပုလူက နှာခေါင်းရှုံ့ပြီး ကျန်းဟန်ကို အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အဝါရောက်ကျောက်တုံးကြံ့ တစ်ကောင် ထွက်ပေါ်လာ၏။ ထိုကောင်၏ ကျောပြင်ပေါ်၌ လက်သီးဆုပ်ခန့်ရှိသော အဝါရောင်ကျောက်တုံးများ စုပုံနေခဲ့သည်။ ၎င်းသည် အရပ်ငါးမီတာမြင့်ပြီး အလျားရှစ်မီတာခန့် ရှိကာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ပင် ထင်မှတ်ရပေသည်။

All Chapters