← Chapters

တောင်ခြေမွခြင်း

Vol. 024 Ch. 1157

တောင်ခြေမွခြင်း

Vol. 024 Ch. 1157

နတ်ဘုရားပြစ်ဒဏ်သည် မြန်နှုန်းအပြည့် စုစည်းလာ​နေ၏။

အခု နတ်ဘုရားပြစ်ဒဏ်သည် အရင်က ဝမ်လင်းရင်ဆိုင်ဆိုင်ခဲ့ဖူး​သော နတ်ဘုရားပြစ်ဒဏ်များထက် အဆများစွာ ပိုမြန်​သောနှုန်းဖြင့် ကျ​ရောက်လာ​နေခြင်းပင်။

ကြယ်များအထက်တွင် စု​ဝေး​နေ​သော တိမ်တိုက်ဗဟိုက​နေ အနီ​ရောင်လျှပ်စီးမိုးကြိုးတန်းတစ်ခု ထွက်​ပေါ်လာသည်။ ၎င်းလမ်း​ကြောင်းရှိ ​ကျောက်ပဲ့များအားလုံးမှာ လွင့်စင်​ပျောက်ကွယ်ကုန်သည်။

ဟင်းလင်းပြင်အက်​ကြောင်းများစွာ ​ပေါ်လာ၏။

ယင်းအနီ​ရောင်မိုးကြိုးတန်းက မြန်ဆန်လွန်း၏။၎င်းအလင်းတန်းက ဝမ်းလင်းထံသို့ တိုက်ရိုက်ဦးတည်သည်။

"ဒီလူ...ဒီလူက ဘယ်လိုနည်းလမ်း သုံးလိုက်လဲ မသိဘူး။ နတ်ဘုရားပြစ်ဒဏ်ကို ငါတို့ ​ရှေ့ ကို ဆွဲ​ဆောင်လာ​စေတာပဲ..."

အကြီးအကဲတစ်​ယောက်က ခပ်တိုးတိုး ဆို၏။ သူက သူ​တွေ့မြင်​​နေရသည့် အရာကို မယုံကြည်နိုင် ဖြစ်​နေသည်။

အနီ​ရောင်အလင်းတန်းသည် တုန်လှုပ်စရာအဟုန်ဖြင့် လှိုင်းများထ​စေကာ ဝမ်လင်း​ပေါ်သို့ တိုက်ရိုက်ကျ​ရောက်လာသည်။ထိုအနီ​​ရောင်အလင်း ကျ​ရောက်လာချိန်၌လည်း ဝမ်လင်းအသွင်က ​ပြောင်းလဲသွားခြင်း မရှိ​ပေ။ သူက ညာလက်ကို ပင့်​မြှောက်ကာ ခပ်ကြမ်းကြမ်း ဆုပ်ကိုင်သည်။

ထိုမြင်ကွင်းက အကြီးအကဲနှစ်​ယောက်ကို ပင့်သက်ရှိုက်သွား​စေသည်။ သူတို့မျက်လုံးထဲ၌ မယုံကြည်မှု၊တုန်လှုပ်မှုတို့ဖြင့် ပြည့်သွားသည်။ဤအခိုက်အတန့်၌ ​ရောက်ရှိလာကြ​သော လူငယ်သုံး​ယောက်မှာလည်း ဝမ်လင်းက နတ်ဘုရားပြစ်ဒဏ်ကို ညှစ်ချေလိုက်သည်အား ​​တွေ့မြင်လိုက်ရသည်။သူတို့ ဦးရေပြားပါ ထုံထိုင်းသွား​တော့သည်။

သူတို့ထဲမှ တစ်​ယောက်သည် တုန်တုန်ယင်ယင်ပင် ဖြစ်သွား၏။

ဝမ်လင်းအသွင်က ​အေးစက်​နေဆဲသာ။ သည်​​လောက် နတ်ဘုရားပြစ်ဒဏ်က သူ့အတွက် ပမွှားပင်။ သူက ပထမဆုံးနတ်ဘုရားပြစ်ဒဏ်ကို လွယ်ကူစွာ ​ချေမွပစ်နိုင်၏။ သူ့လက်​ဝှေ့ယမ်းမှုနှင့်အတူ ပြန့်ကြဲသွားသည် လျှပ်စီးသည် သူ့ညာလက်ထံသို့ မြန်ဆန်စွာ စု​ဝေးလာသည်။

မျက်စိတစ်မှိတ်အတွင်း အနီ​ရောင်အလင်းတန်းတစ်ခု ဝမ်လင်းလတ်ပတ်လည်တွင် ​ပေါ်လာကာ ထိုအလင်းတန်းနှင့်အတူ လျှပ်စီးသည် ​ရွှေ့လျားနေသည်။ဝမ်လင်း၏ ​အေးစက်စက်အကြည့်​ကြောင့် အစိမ်း​ရောင်အလင်းမျက်နှာပြင် အတွင်းရှိ လူများသည် တစ်ခုခု ဆိုးရွားတာ ဖြစ်လာမည်ဟု ခံစား​နေရသည်။ ဝမ်လင်းက သူ့လက်ထဲရှိ အနီ​ရောင်အလင်းကို အစိမ်း​ရောင်အလင်းမျက်နှာပြင်ထံသို့ ပစ်လွှတ်လိုက်သည်။

အနီ​ရောင်အလင်းသည် အနီ​ရောင်လျှပ်စီးအဖြစ် ​ပြောင်းကာ အစိမ်း​ရောင်အလင်းမျက်နှာပြင်ထံသို့ တိုးဝင်သွား​တော့သည်။အလင်းမျက်နှာပြင်သည် အပြင်းအထန် တုန်ခါ၏။ထိုအဖြစ်က ခရမ်း​ရောင်ဝတ်စုံနှင့် အကြီးအကဲနှစ်​ယောက်ကို ဖြူ​ရောသွား​စေသည်။

"သူ...သူက သာမန်ကျင့်ကြံသူ တစ်​ယောက် မဟုတ်ဘူး..."

ထိုအလင်းမျက်နှာပြင်၏ သန်မာမှုက ဝမ်လင်း ​မျှော်လင့်သည်ထက် ပို​နေသည်။ နတ်ဘုရားပြစ်ဒဏ်လျှပ်စီးတန်းသည်ပင် ၎င်းမျက်နှာပြင်ကို ချိုးဖျက်နိုင်ဖို့ရာ မလုံ​လောက်​သေး​ပေ။

"တစ်ခုနဲ့ မလုံ​​လောက်ရင် ငါ ဆယ်ခု သုံးမယ်...။ဆယ်ခုနဲ့ မလုံ​လောက်ရင် အခုတစ်ရာ အသုံးပြုမယ်..."

​ဝမ်လင်းသည် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ​ပြောလာသည်။

နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် တုန်ဟိန်းလာကာ ​နောက်ထပ် အနီ​ရောင်လျှပ်စီးတန်းတစ်ခု ကျဆင်းလာပြန်သည်။

ယင်းမှာ လျှပ်စီးတန်း တစ်ခုတည်း မဟုတ်​ပေ။ အနီ​ရောင်လျှပ်စီးတန်းက တစ်ဆက်တည်း ဖြစ်​နေသကဲ့သို့ ထင်ရခြင်းပင်။ စုစု​ပေါင်း နတ်ဘုရားပြစ်ဒဏ် လျှပ်စီးတန်းကိုးခုက ဝမ်လင်းရှိရာသို့ တိုးဝင်လာခြင်းပင်။

ဝမ်လင်း၏အသွင်က မထူးခြားနားပင်။ သို့​သော် သူ့မျက်လုံးထဲ၌ ရူးသွပ်မှု အရိပ်အ​ယောင် ဖြစ်​ပေါ်​နေသည်။သူက ပြုံးကာ ​လေထဲသို့ ခုန်တက်သည်။သူက မ​ရှောင်သည့်အပြင် နတ်ဘုရားပြစ်ဒဏ်လျှပ်စီးတန်းထံသို့ တန်းတန်းတိုးဝင်သွားသည်။

တစ်ချိန်တည်းမှာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် ဝဲက​တော့ တစ်ခု ​ပေါ်လာသည်။ သူ့ ​ရှေး​ဟောင်းမိုးကြိုးနဂါး မူလစိတ်ဝိညာဉ်သည် ဝဲက​တော့ထဲမှ ပျံသန်းထွက်လာကာ နတ်ဘုရားပြစ်ဒဏ်ကို ဟိန်း​ဟောက်သည်။

​ရှေး​ဟောင်းမိုးကြိုးနဂါး ဟိန်းသံသည် မိုးကြိုးနှင့်လျှပ်စီးအားလုံးကို နာခံ​စေသည်။ ​ကောင်းကင်ဘုံ၏နတ်ဘုရားပြစ်ဒဏ်သည် ဟိန်းသံတစ်ချက်ဖြင့်ပင် ဟန့်သွားရသည်။

ဆင်းသက်လာသည့် လျှပ်စီးတန်းကိုးခုက ဝမ်လင်းမူလစိတ်ဝိညာဉ်၏ ဟိန်းသံ​ရှေ့တွင် တုံ့ဆိုင်းသွားသည်။သူက လျှပ်စီးတန်းကိုးခု၏ အလယ်သို့ တိုးဝင်သွားသည်။ သူ့ ဘယ်မျက်လုံးထဲ၌လည်း လျှပ်စီး တလက်လက် ​တောက်ပ​နေသည်။လျှပ်စီးတန်းကိုးခုက သူ့ ဘယ်မျက်လုံးအတွင်း စု​ဝေး​လေ၏။

​နောက်ဆုံးတွင် တုန်ဟိန်းသံများ ဖြစ်​ပေါ်​နေရင်း လျှပ်စီးတန်းအားလုံးက သူ့ဘယ်မျက်လုံးထဲသို့ စုပ်ယူခြင်း ခံလိုက်ရ​တော့သည်။ဤအခိုက်အတန့်၌ သူ့ခန္ဓာကိုယ် ပတ်လည်တွင် လျှပ်စီးမိုးကြိုးများ ပိုစု​ဝေးလာကာ ဝမ်လင်းသည် မိုးကြိုး​ကောင်းကင်ဘုံသား တစ်​ယောက်ကဲ့သို့ ဖြစ်​နေ​​လေသည်။

ဝမ်လင်းက ​ခေါင်း​မော့ကာ သူ့အ​ထက်ရှိ နတ်ဘုရားပြစ်ဒဏ်ကို ကြည့်၏။ သူက ​အော်​ပြောလိုက်သည်။

"ဒါ သင့် အစွမ်းကုန်ပဲလား..."

သည်အခိုက်အတန့်၌ သူသည် နတ်ဘုရားပြစ်ဒဏ်ကို ဝါးမြိုပစ်လိုက်ခြင်း​ကြောင့် ​အောက်ဘက်မှလူများ မည်မျှတုန်လှုပ်သွားသည်ကို မသိ​ပေ။လူငယ်သုံး​ယောက်သည် စိတ်လွတ်​လောက်သည့်ထိ လန့်​နေကြပြီ။ သူတို့က အခု​လောက် ​ကြောက်မက်ဖွယ်​ကောင်းသည့် ရန်သူကို ရန်သွားစမိလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူး​ပေ။

“ဝါးမြိုပစ်ခြင်း...နတ်ဘုရားပြစ်ဒဏ်ကို ဝါးမြိုပစ်ခြင်း..."

အကြီးအကဲနှစ်​ယောက်၏ မျက်နှာ​ပေးမှာလည်း ဖြူဖပ်ကုန်၏။ ခုချိန်၌ သူတို့ မျက်နှာထက်ရှိ ဂုဏ်​မောက်မှုမှာ ​ပျောက်ကွယ်သွားခဲ့ ပြီဖြစ်၏။ သူတို့က ဝမ်လင်းကို တုန်လှုပ်ဟန် မယုံကြည်ဟန် အပြည့်ဖြင့် ကြည့်မိကြသည်။ သူတို့ သည်အဖြူရောင်ဆံပင်နှင့်လူငယ်သည် သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသည်ဟု တွေးမိကြ၏။

သူတို့သည် ဝမ်လင်းက နတ်ဘုရားပြစ်ဒဏ် မိုးကြိုလုံးကိုးခုကို ဝါးမြိုပစ်သည်ကို တွေ့လိုက်ရသည့်အခါ နှဖူးထက်၌ ချွေးစေးများ ပြန်ကုန်သည်။ သူတို့ထဲမှ တစ်ယောက်သည် လှည့်၍ လှမ်းအော်သည်။ “မြန်မြန်…အစီအရင်ကို အပြီးသပ်ကြ…မြန်မြန်လုပ်…”

အကွာအဝေးတစ်ခုရှိ ကျင့်ကြံသူတစ်ရာနီးပါးသည် ရှေ့သို့ ရောက်နေခြင်း မရှိပေ။ သို့သော် သူတို့သည် အဖြစ်အပျက်အားလုံးကို တွေ့မြင်သည်။ သူတို့အားလုံး တုန်လှုပ်မိနေ၏။ အကြီးအကဲ ထိုသို့ အော်လိုက်ချိန်တွင် သူတို့အားလုံး အစီအရင်ကို အပြီးသပ်ရန် အရှိန်မြင့်လိုက်ကြသည်။

ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲများသည် နောက်သို့ တရကြမ်း ပြန်ဆုတ်၏။ သူတို့သည် အကြီးအကဲဟူသည့် အဆင့်အတန်းကို လစ်လျူရှုကာ အစီအရင်တည်ဆောက်ရာ၌ ကူလိုက်ကြ၏။

“မြန်မြန်…ငါတို့ မြန်မြန်လုပ်ဖို့ လိုတယ်။ ဒီသောက် မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ မြန်မြန် ထွက်သွားမှ ဖြစ်မယ်…။ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ နတ်ဘုရားပြစ်ဒဏ်ကို ဝါးမြိုနိုင်တဲ့လူမျိုး ဘာကြောင့် ရှိနေရတာလဲ…”

နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် နောက်ထပ် စုဝေးလာသည်။ ပြင်းထန်သောဖိအားတစ်ခု ပေါ်လာ၏။ သည်အခိုက်အတန့်၌ ဆယ်ပေထူသည့် ခရမ်းရောင်လျှပ်စီးတန်းသည် သက်ဆင်းလာသည်။ ၎င်းက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လေဟာနယ်ထဲသို့ ဝင်ရောက်သွား၏။ သို့ရာတွင် ၎င်းသည် ဝမ်လင်းနှင့် သုံးလက်မအကွာရှိ လေဟာနယ်ထဲကနေ တရကြမ်း ပြန်ထွက်လာကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ရိုက်ချလာ၏။

ဝမ်လင်းသည် မာန်သွင်း၏။ သူသည် ခြေတစ်လှမ်းပင် နောက်မဆုတ်ပေ။ ထိုအစား သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ ယင်းဆယ်ပေထူထဲသည့် ခရမ်းရောင်လျှပ်စီးကို ဖမ်းဆုပ်ပစ်သည်။

မိုးကြိုးတုန်ဟိန်းသံများ မည်မျှပဲ့တင်ထပ်နေပါစေ ဝမ်လင်း၏ခန္ဓာကိုယ်သည် မားမားမတ်မတ်သာ ရှိနေ၏။ ဝမ်လင်းအား လျှပ်စီးများစွာ ဝန်းရံထားသည်။

သည်မျှနှင့် အဆုံးမသပ်ပေ။ နတ်ဘုရားပြစ်ဒဏ်သည် ဒေါသတကြီးဖြစ်လာကာ ခရမ်းရောင်လျှပ်စီးတန်းများ ဝမ်လင်းထံသို့ ဒေါမာန်တကြီး စောင့်ချလာ၏။ သိပ်မကြာခင်တွင် လျှပ်စီးသည် ဝမ်လင်းရှေ့တွင် ပေတစ်ရာကျယ်ပြောသည့် လျှပ်စီးလုံးတစ်ခု ဖြစ်လာသည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် ဤလျှပ်စီးကြောင့် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားရသည်။ သို့သော် သူ့မျက်နှာထက်၌ ရူးသွပ်မှုအရိပ်အယောင်တို့ ပေါ်လာ၏။

ဝမ်လင်းက မာန်သွင်းသည်။ “နည်းနည်းလိုသေးတယ်…”

နတ်ဘုရားပြစ်ဒဏ်လျှပ်စီးသည် မာန်ဟိန်းလာကာ ဤအခိုက်တွင် ခုနစ်ရောင်စုံလျှပ်စီးတန်း သက်ဆင်းသည်။

ခုနစ်ရောင်စုံလျှပ်စီးတန်း ပေါ်လာချိန်၌ ၎င်းသည် ခုနစ်ရောင်စုံမိုးကြိုးတန်းအဖြစ်သို့ ကွဲထွက်ကာ အံ့မခန်းခွန်အားကို သယ်ဆောင်ပြီး ဝမ်လင်းပေါ်သို့ သက်ဆင်းလာသည်။

ဝမ်လင်းသည် နောက်သို့ ဆုတ်နေရင်း တုန်ဟိန်းသံများ ပဲ့တင်ထပ်၏။ သူရှေ့ရှိ လျှပ်စီးမိုးကြိုးလုံးသည် ပေတစ်ထောင်ကျော် ကျယ်ပြောကာ ၎င်းအတွင်းရှိ စွမ်းအားမှာလည်း အံ့မခန်းပင်။ ဝမ်လင်းသည် မိုးကြိုးနှင့်လျှပ်စီးအားလုံးကို အမိန့်ပေးနိုင်သည်ဆိုလျှင်ပင် သူသည် ၎င်းကို တောင့်ခံနိုင်ဖို့ရာ ခက်ခဲသည်။

အဆုံးမဲ့နတ်ဘုရားပြစ်ဒဏ်သည် နောက်တဖန် တဝီဝီ ထပ်မံ လှည့်ပတ်ရင်း ခုနစ်ရောင်စုံအလင်း ပေါ်လာသည့်အခါ ဝမ်လင်းသည် လှုပ်ရှား၏။ သူသည် ထိုလျှပ်စီးလုံးကို အစိမ်းရောင်အလင်းမျက်နှာပြင်ထက်သို့ ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်သည်။ ထိုအခါ အစိမ်းရောင်အလင်းမျက်နှာပြင်အတွင်းရှိ လူတိုင်းသည် အော်ဟစ်ကုန်ကြ၏။

နတ်ဘုရားပြစ်ဒဏ်လျှပ်စီးပါဝင်သည့် သည်မိုးကြိုးလျှပ်စီးလုံးသည် ကောင်းကင်ယံတုန်လှုပ်စေမည့် စွမ်းအား ပါဝင်သည်။ ဝမ်လင်း၏ထိန်းချုပ်မှုအောက်၌ ၎င်းသည် အစိမ်းရောင်အလင်းမျက်နှာပြင်ထံသို့ ရိုက်ချလာ၏။ ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲများ၏ မျက်နှာမှာ လုံးဝ ဖြူရောကာ သူတို့၏မျက်လုံးသူငယ်အိမ်သည်ပင် ကျုံ့သွားသည်။

“အစီအရင်ကို ဖွင့်လိုက်…” အကြီးအကဲတစ်ယောက်က ချက်ခြင်း အော်လိုက်သည်။ သူသည် အစီအရင် ပြီးပြည့်စုံခြင်း ရှိ၊မရှိကို ဂရုမစိုက်တော့ပေ။

ကျင့်ကြံသူတစ်ရာနီးပါးသည် သူတို့ကိုယ်ပိုင်နေရာများ ယူကာ ချိပ်ဟန်များကို ပြုလုပ်သည်။ ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲနှစ်ယောက်ကတော့ ဆင်းသက်လာသည့် မိုးကြိုးလုံးကို ကြည့်နေရင်း ထိုင်ချသည်။ သူတို့၏မူလစိတ်ဝိညာဉ်များသည် အစီအရင်ကို ပိုသန်မာရန် အလို့ငှာ အစီအရင်နှင့် ပေါင်းစပ်ရန် တာဆူသည်။

သူတို့၏မူလစိတ်ဝိညာဉ်များ အစိမ်းရောင်အလင်းမျက်နှာပြင်ထံသို့ ဝင်ရောက်ခါနီးတွင် လျှပ်စီးမိုးကြိုးလုံးသည် မျက်နှာပြင်ကို ထိမှန်သွားသည်။ ကျယ်လောင်စွာ မြည်ဟိန်း၏။ အစိမ်းရောင်အလင်းမျက်နှာပြင် အနှံ့တွင် တုန်ခါလှိုင်းများ ပြန့်ကုန်သည်။

အဆုံးမဲ့မိုးကြိုးတို့ကြောင့် အလင်းမျက်နှာပြင်သည် ချက်ခြင်း မှိန်ဖျော့သွားသည်။ အကြီးအကဲနှစ်ယောက်မှာ ချက်ခြင်း သွေးအန်ရ၏။ သူတို့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာသည်။ အကြီးအကဲတစ်ယောက်၏ ခန္ဓာကိုယ်ဆို ပေါက်ကွဲသွား၏။ သူ့မူလစိတ်ဝိညာဉ်သည် အသက်သွင်းနေဆဲ အစီအရင်ထံသို့ ဉီးတည်ဝင်သွားသည်။

မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် အလင်းမျက်နှာပြင်ကို ထွင်းဖောက်လာ၏။ အထဲရှိ ထိုင်နေသော ကျင့်ကြံသူဒါဇင်ကျော်သည် ထိုလျှပ်စီးများနှင့် ထိမိသည်။ ချက်ခြင်းပင် သူတို့၏ခန္ဓာကိုယ်များနှင့်မူလစိတ်ဝိညာဉ်တို့သည် သေဆုံးသွားရတော့သည်။

သည်လျှပ်စီးမိုးကြိုးလုံး တိုက်ခိုက်မှု၌ အစိမ်းရောင်အလင်းမျက်နှာပြင်သည် တောင့်ခံနိုင်ခြင်း မရှိဘဲ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကုန်၏။ အံ့မခန်းဖိသိပ်အားက တုန်ခါလှိုင်းတစ်ခုကို ပျံ့နှံ့သွားစေတော့သည်။

ခြင်သားရဲဿည် တစ်ခုခုမှားနေသည်ကို သဘောပေါက်၏။ သူက အလျင်အမြန်ပင် လွတ်မြောက်အောင် လုပ်၏။ သူသည် မြန်လွန်း၏။ ထို့ကြောင့် သူ့အဖို့ ပူပန်စရာမလိုပေ။ သို့ရာတွင် သည်ကြယ်ကွင်းပြင်အတွင်းရှိ ကျောက်ပဲ့ကျောက်စများအားလုံးမှာ တုန်ခါလှိုင်းအောက်၌ အမှုန့်အမွှား ဖြစ်ကုန်လေ၏။

မျက်စိတစ်မှိတ်အတွင်း သည်ကြယ်ကွင်းပြင်ရှိ ကျောက်ပဲ့များသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ အလယ်ဗဟိုဧရိယာကလွဲ၍ ကျန်သည့်နေရာတွင် ကျောက်ပဲ့များ လုံးဝ မကျန်ခဲ့တော့ချေ။

ဝမ်လင်းသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုးဝင်လာ၏။ သူသည် သူ့ခြင်သားရဲကို ဒဏ်ရာရစေခဲ့ခြင်းကြောင့် ဒေါသထွက်နေခဲ့ပြီး မဟုတ်လား။ သည်အခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်မှာလည်း လှုပ်ရှားလာ၏။ ခုနစ်ရောင်စုံမိုးကြိုးလျှပ်စီးတန်း ရာချီသည် တိမ်တိုက်ထဲကနေ ထွက်လာကာ ဝမ်လင်းထံသို့ တိုးဝင်လာသည်။

ခုနစ်ရောင်စုံလျှပ်စီးတန်းနောက်ကနေ မီးတောက်ပင်လယ်တစ်ခု ကပ်ပါလာ၏။ ပထမဆုံးအကြိမ်အဖြစ် နတ်ဘုရားပြစ်ဒဏ် မီးတောက်သည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို လောင်ကျွမ်းကာ ဆင်းသက်လာတော့သည်။

ဒဏ်ရာအပြင်းအထန် ရရှိသွားသော ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲကလည်း သူ့အဖော်၏ မူလစိတ်ဝိညာဉ်နောက်သို့ လိုက်လာသည်။ သူတို့နှစ်ယောက်သည် အစီအရင်ထဲသို့ ဝင်ရောက်နိုင်သည်နှင့် အသက်ရှင်နိုင်သေးသည်။ ဝမ်လင်းကိုတော့ သူတို့၏ စိတ်နှလုံးအတွင်းနက်ပိုင်းကနေကို ကြောက်နေမိပေပြီ။

အစီအရင်ဖွင့်လိုက်သည်ကို တွေ့သည့်အခါ အနီးရှိ ကျင့်ကြံသူအချို့က တည်နေရာ ရွှေ့ပြောင်း၏။ သို့သော် ဝမ်လင်းသည် သည်လူများကို မည်သို့ လွတ်မြောက်ခွင့် ပေးပါ့မည်နည်း။

သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ ဤဟင်းလင်းပြင်၌ မွန်းစတားဆန်သောလှိုင်းတစ်ခု အထိုင်ချလာသည်။ ဝမ်လင်း ဘေးပတ်လည်ရှိ ဟင်းလင်းပြင်ကို ပြိုပျက်စေသည့် စွမ်းအားတစ်ခု သူ့ဟာသူ ပေါ်လာသည်။

ဤအခိုက်၌ ပါးလွှာသောလေထုထဲကနေ မရေမတွက်နိုင်သော မီးတောင်ပုံရိပ်များ ပေါ်လာပြန်၏။ အပူလှိုင်းတစ်ခု ပျံ့နှံ့ကာ မီးတောင်များထံမှ ခပ်အုပ်အုပ်အသံများ ကြားရသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်ခြင်စိတ်အပြည့် ရှိနေ၏။ သူက ခပ်တိုးတိုး ဆိုသည်။ “တောင်ခြေမွခြင်း…”

***

All Chapters