← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) ဝက်ဝက်ကွဲရောင်းအား

"နင့်လို အမိုက်မ... ငါ ခဏလေး မျက်စိအောက်က ပျောက်တာနဲ့ နင်က ဒီလိုအောက်တန်းကျတဲ့ကိစ္စမျိုး လုပ်ရဲတယ်ပေါ့။ နင် ငါ့မျက်နှာကို ဘယ်လိုမျက်နှာမျိုးနဲ့ ကြည့်ရဲတာလဲ၊ နင့်အဖေကိုကော ဘယ်လိုမျက်နှာပြမလဲ။ တခြားလူတွေက ငါ့ကို ဘာလို့ ထူးထူးဆန်းဆန်း ကြည့်နေကြတာလဲလို့ ငါ စဉ်းစားနေတာ... အစကတော့ နင့်လို အမိုက်မက အပြင်မှာ အရှက်မရှိ သိက္ခာချနေလို့ကိုး။ ငါ ပြောလိုက်မယ်... ငါ သက်ရှိထင်ရှား ရှိနေသရွေ့တော့ နင်နဲ့ ယွမ်ဟောက်ဖုန်းနဲ့ ပတ်သက်ဖို့ လုံးဝ မစဉ်းစားနဲ့။ အဲဒီကောင်စုတ်က မိန်းမကော ကလေးကော ရှိနေတာတောင် နင့်ကို လာပြီး လိမ်ညာလှည့်ပတ်ရဲသေးတယ်၊ တကယ့်ကို ယုတ်မာပက်စက်လိုက်တာ..."

လင်စန်းရှင်းက လီလင်းလင်းကို ဆွဲခေါ်ရင်း အော်ဟစ်ကျိန်ဆဲနေသော်လည်း လီလင်းလင်း ငိုယိုလျက် ပြန်လည်ခုခံပြောဆိုသည်။

"အမေ... အမေ အစ်ကိုဟောက်ဖုန်းကို အဲဒီလို မပြောပါနဲ့၊ အစ်ကိုဟောက်ဖုန်းက လူကောင်းပါ..."

"လူကောင်း ဟုတ်လား။ သူသာ လူကောင်းဆိုရင် မိန်းမနဲ့ ကွာရှင်းပြီးမှ နင့်ကို လက်ထပ်ရမှာပေါ့၊ အခုတော့ နင့်ကို အလကား အလုပ်သမားအဖြစ် လာခိုင်းစားနေတာလား။ ဒီကောင်စုတ်... နင့်မှာ ကောင်းမွန်တဲ့ အလုပ်တစ်ခု ရှိပါလျက်နဲ့...။ သူ သေချာပေါက် ငါတို့မိသားစုကို အလုပ်တစ်ခု ပြန်လျော်ပေးရမယ်..."

"အမေ... အမေ အကြောင်းမရှိ အကြောင်းရှာပြီး လာပြဿနာမရှာပါနဲ့..."

လင်စန်းရှင်းသည် လီလင်းလင်းကို အတင်းဆွဲခေါ်ကာ အိမ်သို့ ပြန်လာခဲ့ရာ လမ်းတလျှောက်လုံး မိုးပြိုမတတ် အော်ဟစ်ရန်ဖြစ်လာကြသဖြင့် ဝင်းထဲရှိ လူအများ ဝိုင်းအုံကြည့်ရှုကြတော့၏။ သို့သော် ထူးခြားသည်မှာ ယွမ်မိသားစုဘက်မှ လူတစ်ယောက်မျှ ထွက်မလာကြခြင်း ဖြစ်သည်။

"ဟင်း... ဒီလိုအချိန်မျိုးမှာတော့ သူတို့က သေချာပေါက် ခေါင်းပြူရဲမှာ မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့အိမ်က ယွမ်ဟောက်ဖုန်းနဲ့ ပတ်သက်နေတာကိုး"

ဘေးလူများ တွေးတောကြသည်။

ချန်ချင်းယွီတို့ မိသားစု အပြင်မှပြန်ရောက်လာသောအခါ ထိုမြင်ကွင်းကြောင့် အလွန်အံ့ဩသွားကြ၏။

ချန်ချင်းယွီ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါ... ဒါ ဘာဖြစ်ကြတာလဲဟင်"

အိမ်နီးနားချင်းတစ်ဦး : "လင်စန်းရှင်းက သူ့သမီး ယွမ်ဟောက်ဖုန်းအတွက် အလုပ်လုပ်ပေးနေတဲ့ ကိစ္စကို သိသွားလို့လေ"

ချန်ချင်းယွီ တုန်လှုပ်အံ့ဩသွားကာ

"ဒါက... ဒါက ဖြစ်နေတာ နှစ်လလောက် ရှိပြီဥစ္စာ။ သူက အခုမှ သိတာလား"

"အဲ... ကြည့်ရတာတော့ အခုမှ သိတဲ့ပုံပဲ။"

ချန်ချင်းယွီ ထိုသို့ ထောက်ပြလိုက်မှသာ လူအများလည်း ရုတ်တရက် သတိဝင်လာကြတော့သည်။

"အေးလေ... ဒါက နှစ်လလောက် ရှိနေပြီပဲ။ လီလင်းလင်းကလည်း ဖုံးဖုံးဖိဖိ လုပ်နေတာ မဟုတ်ဘဲနဲ့ သူ့အိမ်ကလူတွေက လုံးဝ မသိကြဘူးဆိုတော့ တကယ်ပဲ... သမီးဖြစ်သူကို အရေးမစိုက်လွန်းရာ ကျတာပေါ့"

လူအများ တီးတိုးဝေဖန်ကြ၏။

အိမ်ထဲမှ ဆဲဆိုသံများ ဆက်လက်ထွက်ပေါ်နေစဉ် ချန်ချင်းယွီ

ထပ်မံမေးမြန်းလိုက်သည်။

"ယွမ်ဟောက်ဖုန်းက လာပြီး မဖျန်ဖြေပေးဘူးလား"

ဘေးလူ : "ညည်းကတော့ မေးခွန်းတိုင်းကို အချက်ကျကျ မေးတတ်တာပဲ။ လာမလားအေ... သူ့မိသားစုက အိမ်ထဲမှာတင် ရှိနေကြတာ၊ တစ်ယောက်မှ အပြင်မထွက်ရဲကြဘူး။ တကယ့်ကို အသည်းနှလုံးမရှိတဲ့ လူတွေပဲ"

"ဒါနဲ့ နေဦး... ယွမ်ဟောက်ဖုန်းက တကယ်ပဲ သူ့မိန်းမကို ချစ်တာလား၊ ဒါမှမဟုတ် လီလင်းလင်းကို ချစ်တာလား။ သူက လီလင်းလင်းနဲ့ ဒီလောက်အထိ အခြေအနေတွေ ပူလောင်နေတာကို သူ့မိန်းမက မသိဘူးလားမသိဘူး။"

"ဒါမျိုးက ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။"

"သိမှာပေါ့အေ့... ဒါပေမဲ့ ဖြစ်နိုင်တာပဲလေ၊ ကြည့်ဦး... လင်စန်းရှင်းတောင် လီလင်းလင်းကိစ္စကို အခုထိ မသိခဲ့တာပဲဥစ္စာ။ အရာရာက ဖြစ်နိုင်တာပဲ"

လူအများ အတင်းအဖျင်းများကို မြိန်ရှက်စွာ ပြောဆိုနေကြ၏။

ချန်ချင်းယွီ ခြေဖျားထောက်လျက် အိမ်ထဲသို့ လှမ်းကြည့်နေစဉ် မိခင်နှင့်သမီးနှစ်ဦး ရုန်းရင်းဆန်ခတ်ဖြစ်ရင်း တံခါးကို ဝင်စောင့်မိသဖြင့် တံခါးပွင့်ထွက်သွားတော့သည်။

"အမလေး..." ဟူသော အော်သံနှင့်အတူ လီလင်းလင်းသည် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားရှာ၏။

သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်ရည်များ တရဟော စီးကျလျက် ငိုကြွေးနေသော်လည်း မိမိကိုယ်မိမိမူ အပြတ်အသတ် ကာကွယ်ပြောဆိုနေဆဲ ဖြစ်သည်။

"အမေ... အခုခေတ်က ခေတ်ဟောင်း မဟုတ်တော့ဘူးနော်။ အိမ်ထောင်ရေးက လွတ်လပ်ခွင့်ရှိတယ်၊ အမေ သမီးကို လာပြီး မချုပ်ချယ်ပါနဲ့..."

သူမအနေဖြင့် မိမိနှင့် အစ်ကိုဟောက်ဖုန်းတို့၏ ကိစ္စကို မိဘများထံ အစောကတည်းက ကြိုတင်အသိပေးထားခဲ့ဖူးသဖြင့် မိခင်ဖြစ်သူ ယခုကဲ့သို့ ရုတ်တရက်ကြီး ဒေါသတကြီး လာရောက်ရန်လုပ်ခြင်းကို နားမလည်နိုင်ဘဲ ရှိနေသည်။ ယင်းမှာ လီလင်းလင်း ဦးနှောက်မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ယခင် သူမ အသိပေးခဲ့သည်မှာ အမှန်ဖြစ်ပြီး လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့ကလည်း ထိုကိစ္စကို ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြ၏။

သို့သော် ထိုအရာ၏ အဓိကအချက်မှာ ယွမ်ဟောက်ဖုန်းဘက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း ဖြေရှင်းပြီးမှသာ ဖြစ်ရမည်။ ယခုမူ ထိုလူသည် အခြေအနေကို မရှင်းလင်းရသေးသည့်အပြင် မိမိ၏ သမီးကို အခမဲ့ အလုပ်သမားအဖြစ် ခိုင်းစားကာ ပိုက်ဆံတစ်ပြားမျှ မပေးဘဲ မူလအလုပ်ကိုပါ ပြုတ်သွားအောင် လုပ်ခဲ့ခြင်း ဖြစ်၏။ ဤအချက်ကိုမူ လင်စန်းရှင်း အနေဖြင့် လုံးဝ သည်းမခံနိုင်ချေ။

"ဒီယွမ်ဟောက်ဖုန်းက ရှီရှောကဍင်ဝေထက်တောင် ပိုပြီး ယုတ်မာတဲ့ကောင်ပဲ"

လင်စန်းရှင်း စိတ်ထဲ နာကျည်းနေမိသည်။

သူမသည် ဒေါသအဟုန်ဖြင့် သမီးဖြစ်သူကို လက်ညှိုးထိုးကာ အော်တော့၏။

"နင်က ပြောရဲသေးတယ်၊ အိမ်ထောင်ရေး လွတ်လပ်ခွင့် ရှိရင်လည်း လူလွတ်တစ်ယောက်ကို ရှာရမှာပေါ့။ ယွမ်ဟောက်ဖုန်းဆိုတဲ့ အရှက်မရှိတဲ့ကောင်က မိန်းမရှိရက်သားနဲ့ နင့်ကို လာပြီး ရည်းစားစကားပြောရဲတယ်၊ တကယ့်ကို မျက်နှာပြောင်တိုက်လွန်းရာ ကျတာပဲ။"

"အမေ... အဲဒီလို မပြောပါနဲ့..."

လီလင်းလင်း အလွန်ဝမ်းနည်းပက်လက် ဖြစ်နေမိသည်။ ထိုစဉ် သူမ၏ မျက်လုံးမှာ ဘေးတွင် ရပ်ကြည့်နေသော ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမဆီသို့ မမျှော်လင့်ဘဲ ရောက်ရှိသွားသောအခါ ရုတ်တရက်ဆိုသလို ဒေါသများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ဒေါသကို လွှဲချလိုက်တော့၏။

"ချန်ချင်းယွီ... နင်မလား။ နင် တမင်တကာ ငါ့အမေကို သွားပြီး သတင်းပေးလိုက်တာ မဟုတ်လား။ နင် ငါ့စီးပွားရေးကို လာဖျက်ဆီးရုံတင်မကဘူး၊ ငါ့အမေနဲ့ ငါ့ကိုပါ သွေးခွဲနေတာ... ဟုတ်တယ်မလား။ တို့တွေ မနက်က စကားများခဲ့ကြတာ မှန်ပေမဲ့ နင်က ဒီလောက်အထိ အောက်တန်းကျစရာ မလိုပါဘူး။"

သူမ၏ မိခင် ရှီချာဟိုင်သို့ ရုတ်တရက် ရောက်ရှိလာခြင်းမှာ သေချာပေါက် ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမ၏ လက်ချက်ကြောင့်သာ ဖြစ်ရမည်ဟု သူမ အခိုင်အမာ တွေးတောလိုက်မိသည်။

"သေချာပေါက် သူတို့ပဲ။"

ချန်ချင်းယွီ : “…..”

တကယ့်ကိုပဲ... အိမ်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့တောင် မိုးကြိုးပစ်ခံရသလိုပါပဲလား…။

ဒါက ငါနဲ့ ဘာများ ဆက်စပ်မှု ရှိလို့လဲ…။

ချန်ချင်းယွီသည်လည်း ဒေါသအဟုန် ပြင်းထန်သွားကာ နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးပြီး တုံ့ပြန်လိုက်တော့သည်။

"လီလင်းလင်း... နင့်မှာ ရောဂါရှိရင် ဆေးရုံသွားပြလိုက်။ ကိုယ့်ဘာသာကိုယ် ဖာသည်မလို ကျင့်ပျက်နေတာ နင့်ကိစ္စပဲ၊ ငါ့ကို လာပြီး ပတ်သက်အောင် မလုပ်နဲ့။ ငါက နင့်အမေကို သွားတိုင်တယ် ဟုတ်လား... နင့်မျက်လုံး ဘယ်နှစ်လုံးနဲ့ မြင်လို့လဲ။ နင်က ငါ့လက်ဖျားနဲ့တောင် တို့ဖို့ တန်တဲ့လူမို့လို့လား။ ဘာလဲ... ငါ့အပေါ်ကို ပုပ်စော်နံတဲ့ အညစ်အကြေးတွေ လာချင်တာလား။ နင်က တကယ်ကို အောက်တန်းကျလွန်းတာပဲ။ ကောင်းပြီလေ... နင်က ဒီလိုပြောမှတော့ ရဲစခန်းပဲ သွားကြစို့။ ငါက နင့်အမေကို တိုင်တာ ဟုတ်မဟုတ် ရဲတွေကိုပဲ စုံစမ်းခိုင်းလိုက်မယ်။ ပြီးတော့... တပါးသူအိမ်ထောင်ရေးကို လာဖျက်ဆီးပြီး ဖောက်ပြန်ကျူးလွန်နေတဲ့ ကိစ္စကိုလည်း ရဲတွေကို သေသေချာချာ စစ်ခိုင်းရတာပေါ့။ နင်ကိုယ်တိုင်က လူမွန်မဟုတ်ဘဲနဲ့ ငါ့ကို လာပြီး အပြစ်ပုံချချင်သေးတယ်။ တကယ်ကို ရွံစရာကောင်းလိုက်တာ။ ကိုယ်တိုင်က အီးတုံးဖြစ်နေတော့ လူတိုင်းကို အီးတုံး ထင်နေတာလား။ ငါ့မှာ အဲဒီလို အချိန်ပိုတွေရှိရင် ပိုက်ဆံပဲ သွားရှာမှာပေါ့၊ ဘယ်သူက နင့်ကို စိတ်ဝင်စားနေမှာလဲ... ကိုယ့်ကိုယ်ကိုယ် တော်တော် အရေးပါတယ် ထင်နေတာလား။ နင်က ဘာကောင်မမို့လို့လဲ။ ပြီးတော့... ငါက နင့်စီးပွားရေးကို ဖျက်ဆီးတယ် ဟုတ်လား... နင့်မှာ စီးပွားရေးဆိုတာ ရှိလို့လား။ ငါ့ဖင်ဆီကနေ လိုက်အတုခိုးနေတဲ့ ကောင်မက ငါ့ကို အရေးတယူ လုပ်ခိုင်းနေသေးတယ်"

သူမအနေဖြင့် သူတစ်ပါးလုပ်သမျှကို အလကားနေရင်း ခေါင်းခံပေးတတ်သည့် အလေ့အထ လုံးဝမရှိချေ။ ဘယ်သောအခါမှလည်း ဖြစ်လာမည်မဟုတ်ပေ။

ထိုစဉ် လင်စန်းရှင်း၏ မျက်လုံးများမှာ ကလည်ကလည် ဖြစ်သွားပြီး ချန်ချင်းယွီတို့ မိသားစုကို ဤပြဿနာထဲသို့ ဆွဲသွင်းရန် ဝေခွဲမရ ဖြစ်သွား၏။ အကယ်၍ ချန်ချင်းယွီ တမင်တကာ သတင်းပေးခဲ့ခြင်း ဖြစ်သည်ဟု လွှဲချလိုက်ပါက နောင်တွင် မိခင်နှင့် သမီးကြား ဆက်ဆံရေးမှာ ဤကိစ္စကြောင့် အက်ကွဲသွားမည် မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သမီးဖြစ်သူ အကြောင်းမရှိ အကြောင်းရှာကာ သူတစ်ပါးကိစ္စ ဝင်ပါတတ်သည့် ချန်ချင်းယွီကိုသာ အပြစ်တင်တော့မည် ဖြစ်သောကြောင့်တည်း။

သူမသည် ချက်ချင်းပင် စကားကို အမှန်အတိုင်း မပြောဘဲ ဟန်ဆောင်ပန်ဆောင် မျက်နှာပေးမျိုး လုပ်ပြလိုက်တော့သည်။

ချန်ချင်းယွီသည် လင်စန်းရှင်း၏ ထိုအကွက်ကို မြင်သည်နှင့် ချက်ချင်း သဘောပေါက်သွား၏။ သူမသည် လင်စန်းရှင်းကို လက်ညှိုးထိုးလျက် အော်တော့သည်။

"လင်စန်းရှင်း... ရှင် ပြောစမ်း။ ငါ ရှင့်ဆီ သွားခဲ့လား။ ငါ ပြောလိုက်မယ်... ငါ့အပေါ်ကို ပုပ်စော်နံတာတွေ လာမချချင်နဲ့၊ သတ္တိရှိရင် တို့တွေ ထိပ်တိုက်ရင်ဆိုင် စာရင်းရှင်းကြတာပေါ့။ ရှင်တို့ သားအမိနှစ်ယောက် ရန်ဖြစ်ပြီးမှ အပြစ်တွေကို ငါ့အပေါ် ပုံချပြီး ပြန်အဆင်ပြေချင်တာလား... အိမ်မက်ထဲမှာပဲ သွားယောင်လိုက်။ ပြောစမ်း... ငါ ရှင့်ကို သတင်းပေးခဲ့လား။ ငါ ရှင့်ကို တွေ့ခဲ့လား။ ဘယ်အချိန်မှာ တွေ့တာလဲ။ သက်သေကော ဘယ်မှာလဲ။ ရှင် ဒီလိုမျက်နှာပေးမျိုး လုပ်ပြနေစရာ မလိုဘူး၊ သူတစ်ပါးကို တွင်းတူးဖျက်ဆီးချင်ရင်တော့ ငါကလည်း အားနာနေမှာ မဟုတ်ဘူး"

သူမ အင်္ကျီလက်ကို ပင့်တင်လိုက်တော့သည်။

"ရှင်တို့မိသားစုက ငါ့ကို အနိုင်ကျင့်လို့ ကောင်းတယ် ထင်နေကြတာလား။ ပြောစမ်းပါဦး"

ချန်ချင်းယွီ ဒေါသတကြီး ထပ်မံ ပြောဆိုလိုက်၏။

လင်စန်းရှင်းမှာမူ တုန်တုန်ရီရီဖြင့်

"ငါ... ငါလည်း အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး..."

"ဒါဆိုရင် ရှင့်ရဲ့ အဲဒီမျက်နှာပေးက ဘာသဘောလဲ။"

ချန်ချင်းယွီသည် ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သူ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ အလွန် ထက်မြက်ပြတ်သားနေခဲ့သည်။

ထိုအချိန်တွင် အဘွားကြီးကျောက်သည်လည်း ထိုသားအမိနှစ်ဦးက မိမိတို့အပေါ် အပြစ်ပုံချရန် ကြံစည်နေသည်ကို သဘောပေါက်သွားတော့၏။

"ဒီကောင်မနှစ်ယောက်က ငါတို့ကို အပြစ်လာပုံချမလို့လား"

သူမ မေးလိုက်ရာ ချန်ချင်းယွီ နှာခေါင်းရှုံ့လျက် ကဲ့ရဲ့လိုက်၏။

"ဟုတ်တာပေါ့။ သူတို့ကိုယ်သူတို့ ဘာကောင်မတွေမို့လို့ ကျွန်မတို့ကို လာယှဉ်ရဲတာလဲ"

အဘွားကြီးကျောက် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။

"ဒီစုန်းမတွေက ငါ့ကိုတောင် လာပြီး အနိုင်ကျင့်ရဲသေးတယ်ပေါ့။ ငါ ကျောက်တာ့ရာက ဓားမကိုင်နိုင်တော့ဘူး ထင်နေကြတာလား"

သူမသည် ဟိန်းဟောက်လျက် ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်ကာ လင်စန်းရှင်း၏ ဆံပင်များကို ဆွဲကိုင်ပြီး ပါးကို ဖြန်းခနဲ ဖြန်းခနဲ ရိုက်နှက်တော့သည်။

"အော်... နင်တို့က ငါ့မိသားစုကို အပြစ်ပုံချချင်တာကိုး။ နင်နဲ့ နင့်သမီး ကိစ္စကို ငါတို့အပေါ် လာပတ်သက်ချင်သေးတယ်၊ ငါ နင့်ကို သတ်ပစ်မယ်။"

ဖြောင်း... ဖြောင်း... ဖြောင်း...

အဘွားကြီးကျောက်သည် ပါးများကို ဆက်တိုက် ရိုက်နှက်နေရင်း အရှိန်မပျက်ဘဲ လီလင်းလင်းကိုပါ လှမ်း၍ ကန်ကျောက်လိုက်သေးသည်။

"ပြီးတော့ နင့်လို စုန်းမလေး... ငါ မနက်က နင့်ကို ရိုက်တာ မသေသေးလို့ အခု လာပြီး ပြဿနာရှာချင်သေးတာလား။ မနက်ကတည်းက ငါ့ချွေးမအပေါ် ပေါက်ကရတွေ ပြောပြီး စော်ကားခဲ့တာ၊ အခုလည်း ဒီလို ထပ်လုပ်ပြန်ပြီ။ နင့်လို ကောင်မ... လူတိုင်းက နင့်မိသားစုလို ထင်နေတာလား။ နင်တို့မိသားစုက အမှိုက်တွင်းထဲက ကြွက်တွေလိုပဲ၊ ငါတို့မိသားစုကတော့ ဖြောင့်မတ်မှန်ကန်တယ်။ ငါ အဘွားကြီးကျောက်က ဘာမဆို ထိပ်တိုက်ရင်ဆိုင်ရဲတယ်။ ငါ နင့်ကို ရိုက်တာ ရိုက်တာပဲ၊ ငါက နင့်ကို ကြောက်နေရမှာလား။ နင်က ငါတို့အပေါ် ပုပ်စော်နံတာတွေ လာချပြီး ငါတို့ သတင်းပေးတယ်လို့ လာစွပ်စွဲရဲသေးတယ်၊ နင်က ငါ့ကို နင့်လိုလူ ထင်နေတာလား။ ငါ နင့်ကို ရိုက်သတ်ပစ်မယ်။ နင်တို့လို အမှိုက်တွင်းက ကြွက်တွေက ငါတို့မိသားစုကို ဒီလို လာစွပ်စွဲပြီး နာမည်ဖျက်တော့ တခြားလူတွေက ငါတို့မိသားစုကို ဘယ်လိုထင်ကြမလဲ။ နင်ကိုယ်တိုင်က အရှက်မရှိဘဲ မိန်းမရှိရက်သားနဲ့ ကောင်နဲ့ အိမ်ထဲမှာ ဘာတွေ ညာတွေ လုပ်နေတာကို ဘယ်သူက မသိဘဲ နေမှာလဲ။ ကိုယ့်ဖင်မှာ အီးတွေ ပေကျံနေတာတောင် ငါတို့ကို လာပြီး နာမည်ဖျက်ချင်သေးတယ်၊ ငါ နင်တို့ကို ကောင်းကောင်း ဆုံးမပေးမယ်"

တရစပ် ဆဲဆိုရိုက်နှက်တော့၏။

လီလင်းလင်း : "အား... ရှင် ဘာလုပ်တာလဲ၊ ကျွန်မ အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး... တို့တွေမှာ အဆင်မပြေမှု ရှိခဲ့လို့သာ..."

"အဆင်မပြေမှု ရှိတိုင်း နင်တို့က စကားကို လျှောက်ပြီး ပေါက်ကရ ပြောရဲတာလား။ အိမ်နီးနားချင်းတွေ ကြားရင် ငါတို့မိသားစုက ကွယ်ရာမှာ သွေးခွဲတတ်တဲ့ လူယုတ်မာတွေလို့ ထင်ကုန်တော့မှာပေါ့။ အား... အား... အား... ငါ့ကို ဒေါသထွက်အောင် လုပ်တယ်၊ ကြည့်ရတာ အခုတလော ငါ လူကောင်းလုပ်နေလို့ နင်တို့လို စုန်းမတွေက ထွက်ပြီး ဆရာလာလုပ်ရဲကြတာကိုး။"

"ရှင်... ရှင် ကျွန်မအမေကို လွှတ်ဦး... အား..."

အဘွားကြီးကျောက်သည် အလွန် ရဲရင့်ပြတ်သားလှသဖြင့် တစ်ဖက်စီတွင် လူတစ်ယောက်ကို ဆွဲကိုင်ကာ ရိုက်နှက်ရာ သားအမိနှစ်ဦးစလုံး အော်ဟစ်အော်ညည်း နေကြရတော့သည်။

ဘေးလူအချို့မှာ ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားကြ၏။

"အဘွားကြီးကျောက်... အဘွားကြီးကျောက်... အမြန်လွှတ်လိုက်ပါဦး၊ ဒါက ကိစ္စအသေးအမွှားလေးပဲဥစ္စာ..."

"ကိစ္စအသေးအမွှား ဟုတ်တယ်၊ ဒါပေမဲ့ ငါသာ ဒီစုန်းမတွေကို မဆုံးမလိုက်ရင် သူတို့ နောက်တစ်ခါ ထပ်လုပ်ရဲဦးမှာပဲ။ ငါ့မိသားစုကို တကယ့်ကို အနိုင်ကျင့်ရလွယ်တဲ့ လူအောက်တန်းစားတွေ ထင်နေကြတာလား"

သူမ အော်ဟစ်ကာ ကိစ္စအကြီးအသေးကို ဂရုမစိုက်ဘဲ ဆက်လက် လက်ရုံးရည်ပြနေတော့သည်။

"တကယ့်ကိုပဲ... လမ်းဘေးက ခွေးတွေ ကြောင်တွေကပါ ငါ့မိသားစုကို လာပြီး ယှဉ်ချင်နေကြတယ်"

ဤတစ်ကြိမ်တွင် မျက်နှာကို မရိုက်တော့ဘဲ ခန္ဓာကိုယ်ကိုသာ အာရုံစိုက်ကာ ဆွဲကုတ်ခြင်း၊ ဆွဲဆိတ်ခြင်းများ ပြုလုပ်တော့ရာ လင်စန်းရှင်းနှင့် လီလင်းလင်း သားအမိနှစ်ဦးစလုံး မည်သို့မျှ ပြန်လည်မခုခံနိုင်ကြပေ။

ဝင်းထဲရှိ အခြားလူများမှာမူ ရုတ်တရက်ကြီး အခြေအနေမှာ ဤကဲ့သို့ ပြောင်းလဲသွားသဖြင့် ကြောင်အမ်းနေကြရ၏။

"ခုနတင်ပဲ လီလင်းလင်းနဲ့ ယွမ်ဟောက်ဖုန်း ကိစ္စကို ပြောနေကြတာ မဟုတ်လား။ အခုကျတော့ အဘွားကြီးကျောက်က တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို စစ်ခင်းနေပါလား"

ချန်ချင်းယွီမှာ လက်နှစ်ဖက်ကို ပိုက်လျက် ဘေးတွင် ငြိမ်သက်စွာ ရပ်ကြည့်နေပြီး မျက်ဝန်းများတွင်မူ စက်ဆုပ်ရွံရှာသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

"ဟို... ဒါ... ဒါကတော့လေ၊ ဆက်မရိုက်ကြပါနဲ့တော့လား။"

"ချင်းယွီလေး... ညည်းလည်း ဝင်ပြီး ဖြန်ဖြေပေးပါဦး။"

ချန်ချင်းယွီ အေးစက်စက် လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။

"ဖြန်ဖြေရမယ် ဟုတ်လား... ဘာဖြစ်လို့ ဖြန်ဖြေရမှာလဲ။ ရှေ့နောက်မသိဘဲ ကျွန်မကပဲ သူ့သမီး ဆိုင်ခင်းတဲ့ကိစ္စကို သူ့အမေကို သွားတိုင်တယ်လို့ လာစွပ်စွဲတာလေ။ ဒါက တမင်သက်သက် သူတို့မိသားစု ဆက်ဆံရေးကို သွေးခွဲတယ်လို့ ပြောတာ မဟုတ်ဘူးလား။ သူ ပါးစပ်က စကားမပြောခင် ဘာလို့ ဦးနှောက်နဲ့ မစဉ်းစားတာလဲ။ ဒီကိစ္စက အသေးအမွှားလေး ဖြစ်နိုင်ပေမဲ့ ကျွန်မက ဘာလို့ သူ့ကို သည်းခံနေရမှာလဲ။ ပြီးတော့ လင်စန်းရှင်း... ရှင် ခုနက အဲဒီလို မျက်နှာပေးမျိုး လုပ်တာ ဘာသဘောလဲ၊ ငါ့ကို တွင်းတူးချင်တာလား။ သူတို့မိသားစုကိုယ်တိုင်က လူလိုမကျင့်မှတော့ သူတစ်ပါးက သူတို့ကို လူလို ဆက်ဆံဖို့ မမျှော်လင့်နဲ့တော့။"

လူအများ ချန်ချင်းယွီကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိကြသည်။ သူတို့သည် ချန်ချင်းယွီ၏ ဤကဲ့သို့သော ပုံစံမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ယခင် သူမသည် အမြဲတမ်း နူးညံ့သိမ်မွေ့လွန်းသူ ဖြစ်သော်လည်း ယခုမူ အလွန် ထက်မြက်ပြတ်သားကာ ဩဇာညောင်းလှသောကြောင့် ဖြစ်၏။

သူမ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မေးကိုပင့်လျက် လှမ်းအော်လိုက်သည်။

"အမေ... သေသေချာချာ သတိထားဦးနော်၊ သူတို့ဆီက ဒဏ်ရာမရစေနဲ့ဦး။"

အဘွားကြီးကျောက် : "ငါက ရန်ဖြစ်ရင် ရှုံးမလားအေ။ ဒီလို ငါးပိအိုးနှစ်လုံးလောက်ကတော့ စာမဖွဲ့လောက်ပါဘူး။ ပြဿနာလာရှာရဲမှတော့ ငါကလည်း အားနာနေမှာ မဟုတ်ဘူး"

ပွဲကြမ်းလျက် ပြန်လည်အော်ဟစ်လိုက်တော့သည်။

အဘွားကြီးကျောက်သည် လေအဟုန်ကဲ့သို့ ထက်မြက်သွက်လက်ပြီး ရန်ဖြစ်ပွဲများတွင် ပါဝင်ဆင်နွှဲနေကျ ဖြစ်သည့်အပြင်၊ ဘေးတွင်လည်း ချန်ချင်းယွီ တိတ်တဆိတ် ဝိုင်းကူပေးလေ့ရှိသဖြင့် လွန်ခဲ့သော နှစ်များအတွင်း သူမသည် ရန်ဖြစ်လျှင် တစ်ခါမျှ မရှုံးဖူးချေ။ ဝင်းထဲရှိ ထိပ်တန်းရန်သူတော်ကြီး ဖြစ်သော အဘွားကြီးဟွမ်နှင့်ပင် ထိပ်တိုက်တွေ့လျှင် မကြောက်တတ်သည့် အဘွားကြီးကျောက်အတွက် ဤလူနှစ်ယောက်မှာမူ စာဖွဲ့နေစရာပင် မလိုတော့ပေ။

လင်စန်းရှင်း တစ်ကိုယ်လုံး အနှံ့ အရိုက်ခံထားရသဖြင့် နာကျင်လွန်း၍ အော်ဟစ်ငိုယိုလျက်

"အား... တောင်းပန်ပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်။ ဒါက နားလည်မှုလွဲတာပါ၊ တကယ့်ကို နားလည်မှုလွဲတာပါရှင်...။ လင်းလင်း... နင် မြန်မြန် နင့်မမနဲ့ အဒေါ်ကြီးကျောက်ကို တောင်းပန်လိုက်စမ်း။ နင်ကတော့လေ... ဘာလို့ ဒီလောက်တောင် ပြဿနာရှာတတ်ရတာလဲ"

ပြောဆိုကာ လည်ပင်းကို ကျုံ့လျက် သမီးဖြစ်သူကို ရန်တွေ့တော့၏။

"အားလုံးက နင့်အပြစ်တွေချည်းပဲ။ နင် လုပ်ထားတဲ့ ကိစ္စတွေကို ပြန်ကြည့်ဦး၊ တစ်ခုမှ စိတ်အေးရတယ်လို့ မရှိတဲ့အပြင် အခုလည်း... အား... မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့ရှင်။ ငါ မှားသွားပါတယ်၊ ငါ သမီးကို ကောင်းကောင်း မဆုံးမမိလို့ပါ... လီလင်းလင်း... နင့်လို စုန်းမရဲ့"

လီလင်းလင်းသည်လည်း ဤမိသားစုမှာ ဤမျှလောက် အဆင့်အတန်းမရှိဘဲ စကားတစ်ခွန်း မတင်မကျ ဖြစ်ရုံနှင့် လက်ပါလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"မှားသွားပါတယ်၊ မှားသွားတယ် ဆိုရင် ရပြီမလား။ တမင်လုပ်တာ မဟုတ်ပါဘူး၊ စိတ်လိုက်မာန်ပါ ဖြစ်သွားလို့ပါ။ တောင်းပန်ပါတယ် တောင်းပန်ပါတယ်... အဒေါ်ကြီးကျောက် စိတ်မဆိုးပါနဲ့တော့..."

သားအမိနှစ်ဦးစလုံး တစာစာအော်ဟစ်တောင်းပန်ကြတော့သည်။

ထိုအခါမှ မာကျန့်ယီ ဆက်၍ ကြည့်မနေနိုင်တော့ဘဲ ရှေ့သို့တိုးကာ လူခွဲပေးလိုက်၏။ မည်သို့ပင်ဖြစ်စေ မာကျန့်ယီသည် ဝင်းထဲတွင် သိက္ခာရှိ၍ မျက်နှာပန်းလှသူ ဖြစ်သည်။

အဘွားကြီးကျောက် နှာခေါင်းကို အားပြင်းပြင်းဖြင့် ရှုံ့လိုက်ပြီး

"နင်တို့ နောက်တစ်ခါ ငါ့မိသားစုကို လာပြီး မစော်ကားရဲစေနဲ့။ ဟွန့်"

ချန်ချင်းယွီလည်း ရွဲ့စောင်းပြောဆိုလိုက်သည်။

"ဟုတ်ပ... လူတိုင်းက ကိုယ့်လို ကျင့်ပျက်နေတယ် ထင်နေတာလား။ ငါတို့မှာ အဲဒီလို အချိန်ပိုတွေရှိရင် ပိုက်ဆံသွားရှာတာကမှ ပိုပြီး ကောင်းဦးမယ်"

အဘွားကြီးကျောက် : "သွားကြစို့အေ... စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ တို့တွေရဲ့ အချိန်တွေကို လာဖြုန်းနေတယ်။ ငါ ညစာတောင် မစားရသေးဘူး"

ချန်ချင်းယွီ : "အပြင်မှာပဲ သွားစားကြရအောင်အမေ၊ ဒီအချိန်ကြီးအထိ ကိုယ်တိုင်ချက်ပြုတ်နေရင် တအား ပင်ပန်းလိမ့်မယ်"

သူမ အကြံပြုရာ၊ အဘွားကြီးကျောက်လည်း သဘောတူလိုက်၏။

"ကောင်းပြီလေ"

သူတို့မိသားစု ပြန်လည်ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်စန်းရှင်းသည် ကြမ်းပြင်ပေါ်တွင် ပစ်ထိုင်လျက် အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။

"အနိုင်ကျင့်လိုက်ကြတာ... လူကို တအား အနိုင်ကျင့်လွန်းတာပဲ..."

ဘေးမှ အိမ်နီးနားချင်း ရှီကျန့်ရှန်းမှာ

"ဒီလောက် နှစ်ပေါင်းများစွာ အိမ်နီးနားချင်း ဖြစ်လာတာ... သူက ဘယ်လိုလူလဲဆိုတာ နင်လည်း သိတာပဲကို၊ သူ့ကို ဘာလို့ သွားပြီး ရန်စရတာလဲ"

"ဟုတ်ပပ... လင်းလင်း... နင်လည်း အမှန်ပဲ၊ လျှောက်ပြီး ပေါက်ကရတွေ ပြောတော့ နင့်အမေပါ ဒုက္ခရောက်တာပေါ့။ ငါက ကျောက်တာ့ရာဆိုတဲ့ အဘွားကြီးကို လုံးဝ အထင်မကြီးဘူးဆိုပေမဲ့၊ သူ လူရိုက်တယ်ဆိုတာကိုတော့ ငါ ယုံတယ်။ ဒါပေမဲ့ သူ ကွယ်ရာမှာ ကုန်းချောစကားပြောတယ် ဆိုတာကိုတော့ ငါ လုံးဝမယုံဘူး။ သူ့မှာ အဲဒီလို လုပ်ဖို့ ဦးနှောက်မရှိဘူး၊ တကယ်လို့ ကုန်းချောဖို့ အချိန်ရှိရင် နင့်ကို အကြိမ်ပေါင်းများစွာ လာရိုက်ပြီးလောက်ပြီ၊ သူက ကွယ်ရာမှာ သွေးခွဲမယ့်လူ မဟုတ်ဘူး"

ကျန်ရှိနေသူများ ဆွံ့အသွားကြသော်လည်း ထိုစကားမှာ တကယ်ကို အဓိပ္ပာယ်ရှိလှပေသည်။

သို့သော်လည်း အဘွားကြီးဝမ်မှာ

"သူတို့မိသားစု ဒီနေ့ ညနေက အပြင်မှာ ဆိုင်သွားခင်းတာ... ငါ့အမြင်တော့ တော်တော်လေး အရောင်းသွက်တဲ့ပုံပဲ။ ကြားထဲမှာ သူတို့အိမ်က ကလေးနှစ်ယောက်က စက်ဘီးနဲ့ ပစ္စည်းတွေ လာပြန်ယူသွားသေးတယ်"

အဘွားကြီးဝမ်သည် ယခုအခါတွင် မိမိသားဖြစ်သူ နောင်တွင် ပိုက်ဆံရှာဖွေနိုင်ရေးအတွက် လမ်းစရှာသည့်အနေဖြင့် ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

"ဟွန့်... ယွမ်ဟောက်ဖုန်းတောင် ချန်ချင်းယွီနောက်က လိုက်အတုခိုးနိုင်သေးတာပဲ၊ သူတို့အိမ်က လိုက်လုပ်နိုင်ရင် တို့မိသားစုလည်း ဒီအတိုင်း လိုက်လုပ်လို့ရတာပဲ"

သူမ စိတ်ထဲ တွေးတောနေမိ၏။

သူမသည် နှုတ်ခမ်းကို စူလျက်

"သူ့ရဲ့ စီးပွားရေးက တကယ်ကို ကောင်းတာပဲ"

"သူ့စီးပွားရေးက အမြဲတမ်း ကောင်းတာပဲအေ့။ ချင်းယွီလေးက ကြည့်ရတာ သိပ်ပြီး မရုန်းကန်ရဲတဲ့ပုံစံမျိုး ဆိုပေမဲ့ စီးပွားရေးကျတော့ တကယ်ကို ကျွမ်းကျင်တာပဲ။ ဒါက ဘယ်လိုမှ ပြောလို့မရတဲ့ အချက်ပဲ။"

"ငါ့အမြင်တော့ ချင်းယွီလေးက လူမှုဆက်ဆံရေး တအားကောင်းတာ။ သူက ပစ္စည်းတွေ ဝယ်ရင် လက်ဆောင်လည်း ပေးတတ်သလို ဈေးလည်း လျှော့ပေးတတ်တယ်လို့ ကြားတယ်၊ အဆင်ပြေအောင် လုပ်ပေးတတ်တာကိုး။ အဲဒါကြောင့်မို့လို့ ပစ္စည်းတွေက မြန်မြန် ရောင်းကုန်တာပေါ့..."

လူအများ ချက်ချင်းပင် ထိုအကြောင်းကို အားရပါးရ ဆွေးနွေးကြတော့သည်။ ဤဖြစ်ရပ်တွင် လင်စန်းရှင်းနှင့် လီလင်းလင်း သားအမိနှစ်ဦးသာ နာကျင်မှုဒဏ်ကို ခါးစည်းခံလိုက်ရ၏။

လင်စန်းရှင်းသည် မိမိတို့၏ ခံစားချက်ကို မည်သူမျှ နားမထောင်ပေးသည်ကို မြင်သောအခါ နှုတ်ခမ်းကို တင်းတင်းကိုက်လျက် သမီးဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်ကာ အိမ်ထဲသို့ အတင်းတွန်းပို့လိုက်တော့သည်။

"နင့်လို လူအမ... နင် ကြည့်စမ်း၊ ချန်ချင်းယွီက ပစ္စည်းတွေရောင်းပြီး ပိုက်ဆံရှာနိုင်တော့ သူတို့အိမ်က ဘယ်လိုဘဝမျိုးနဲ့ နေနေရလဲ။ နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး၊ ကိုယ့်အလုပ်ကိုယ်တောင် ပြုတ်သွားပြီ။ ဒီနေ့သာ နင် ပြဿနာမရှာရင် ငါ ဒီလောက်အထိ အရိုက်ခံရပါ့မလား။ အားလုံးက နင့်အပြစ်တွေချည်းပဲ။"

လီလင်းလင်း မိခင်ဖြစ်သူကို ကြောက်ရွံ့သဖြင့် စကားတစ်ခွန်းမျှ ပြန်မပြောရဲချေ။

"နင့်မှာ ပစ္စည်း ဘယ်လောက် ကျန်သေးလဲ။"

လီလင်းလင်းက မဝံ့မရဲဖြင့် မော့ကြည့်ရာ၊ လင်စန်းရှင်းမှာ အမိန့်ပေးလိုက်၏။

"မနက်ဖြန်ကျရင် ငါ နင်နဲ့အတူ လိုက်ရောင်းမယ်။ ဒီပစ္စည်းတွေ ရောင်းလို့ရတဲ့ ပိုက်ဆံကို ယွမ်ဟောက်ဖုန်းကို လုံးဝ သွားမပေးနဲ့တော့၊ ပိုက်ဆံကို ငါပဲ ကိုင်ထားမယ်"

လီလင်းလင်း မျက်လုံးအစုံ ပြူးသွားကာ "အမေ..." ဟု အော်ပြီး လက်ကို ယမ်းလျက်

"မဖြစ်ဘူး မဖြစ်ဘူး၊ ဒါတွေက အစ်ကိုဟောက်ဖုန်းရဲ့ ပစ္စည်းတွေလေ၊ သူက အရင်းအနှီး စိုက်ထုတ်ထားတာ"

"အရင်းအနှီး ဟုတ်လား။ ငါ့အထင်တော့ သူ စိုက်ထုတ်ထားတဲ့ ပိုက်ဆံတွေက အစောကတည်းက အမြတ်ထွက်ပြီးလောက်ပြီ။ နင့်လို ငတုံးမကတော့ သူများအတွက် အလကား အလုပ်လုပ်ပေးနေတုန်းပဲ။ နင်က ယွမ်ဟောက်ဖုန်းက နင့်ကို လက်ထပ်ဖို့ ကတိပေးထားတယ်လို့ ပြောတာ... ငါ့အမြင်တော့ အားလုံးက လိမ်ညာလှည့်ပတ်နေတာပဲ၊ နင်တစ်ယောက်တည်းကပဲ ယုံနေတာ။ တကယ့်ကို မိုက်မဲလိုက်တာ။ နင် သူ့ကို ဝိုင်းကူပေးတာ ဘယ်လောက်ကြာပြီလဲ။ ဒီလောက် ကြာတဲ့အထိ ပိုက်ဆံတစ်ပြားမှ မရတဲ့အပြင် အလုပ်ပါ ပြုတ်သွားတယ်ဆိုတော့ ဒါက ငါတို့အတွက် လျော်ကြေးပေးတာလို့ပဲ သတ်မှတ်ရမယ်။ နင် သေချာပေါက် ငါ့စကားကို နားထောင်ရမယ်၊ နောက်နောင် ပစ္စည်းရောင်းလို့ရတဲ့ ပိုက်ဆံတွေကို ငါ့ကိုပဲ အပ်ရမယ်၊ မနက်ဖြန် ငါ နင်နဲ့အတူ လိုက်မယ်။"

"အမေ..."

"ပါးစပ်ပိတ်ထားစမ်း။ အဲဒါတင်မကဘူး... နောက်နောင် နင် သူနဲ့ ပတ်သက်ဖို့ လုံးဝမစဉ်းစားနဲ့တော့။ ဒီနေ့ ချန်ချင်းယွီ ပြောသွားတဲ့ စကားတွေကို နင် ကြားတယ်မလား၊ သူက နင့်ကို အတိအလင်း ထောက်ပြသွားတာလေ။ နင်နဲ့ ယွမ်ဟောက်ဖုန်းနဲ့ ဒီလိုမျိုး လျှောက်ရှုပ်နေတာကို ဖောက်ပြန်မှု ကျူးလွန်တယ် လို့ ခေါ်တယ်၊ နင်က ထောင်ထဲဝင်ချင်လို့လား။ နင် သေချာပေါက် သူနဲ့ အပြတ်ဖြတ်ရမယ်၊ လုံးဝကို အပြတ်ဖြတ်။"

"သမီး..."

"ဆွေးနွေးစရာ အကြောင်းမရှိဘူး၊ ပါးစပ်ပိတ်ထား။"

"အမေ... တကယ်ကို မဖြစ်လို့ပါ..."

"ငါ့စကားကိုပဲ နားထောင်ရမယ်။"

လင်စန်းရှင်းသည် သမီးဖြစ်သူအပေါ် အမြဲတမ်း ဤကဲ့သို့ပင် ပြတ်သားလှသူ ဖြစ်၏။

ဝင်းထဲရှိ အခြေအနေများကို ချန်ချင်းယွီတို့ မိသားစု မသိရှိကြချေ။ သူတို့သည် ဟင်းချက်ရန် ပျင်းရိသဖြင့် အပြင်တွင်သာ ထွက်စားရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခုလို ခေတ်ကာလမျိုးတွင် အပြင်၌ အမြဲတမ်း ထွက်စားသူ အလွန်နည်းပါးသော်လည်း ဝင်းထဲရှိ လူများလည်း ချန်ချင်းယွီတို့ မိသားစု

စီးပွားရေးလုပ်နေသဖြင့် အချိန်မရှိမှန်း သိကြ၏။ သူတို့ ကွယ်ရာတွင် စီးပွားရေး မတွက်တတ်ဘူးဟု စိုးရိမ်တကြီး ပြောဆိုတတ်ကြသော်လည်း လူချင်းတွေ့လျှင်မူ ဆဲဆိုခြင်း မပြုရဲကြချေ။

အဘွားကြီးကျောက် : "တကယ့်ကို ဘာကောင်မတွေမှန်း မသိဘူး။ လီလင်းလင်းလို ဦးနှောက်မရှိတဲ့ဟာမျိုးကို မြင်ရင်ကို ရွံစရာကောင်းလိုက်တာ"

ချန်ချင်းယွီ : "သူ့အကြောင်း မပြောပါနဲ့တော့အမေ၊ လာဘ်ပိတ်ပါတယ်။"

လီလင်းလင်းလို လူမျိုးများမှာ ပတ်ဝန်းကျင်တွင် အလွန်များပြားလှပြီး၊ ဒုစရိုက်အကြီးစားများကို မလုပ်ရဲကြသော်လည်း မနာလိုဝန်တိုစိတ် အလွန်ပြင်းထန်သဖြင့် သူတစ်ပါးကို ကွယ်ရာတွင် တိတ်တဆိတ် စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တတ်ကြ၏။ သို့သော် လက်တွေ့တွင်မူ ကြီးကြီးမားမား မထိခိုက်စေနိုင်ပေ။ချန်ချင်းယွီ မျက်လုံးကို အပေါ်သို့ ပင့်ကြည့်လိုက်မိသည်။

အဘွားကြီးကျောက် : "ညည်းရဲ့ အဲဒီမျက်လုံး ပင့်ကြည့်တဲ့ပုံစံကတော့လေ..."

ချန်ချင်းယွီ ပြုံးလျက်

"ကဲ ကဲ... စားကြစို့"

ထိုစဉ် ဆိုင်ဝန်ထမ်း မိန်းကလေးငယ်တစ်ဦး ရောက်ရှိလာသည်။ သူမသည် ဆံပင်ကျစ်ဆံမြီးအရှည်ကြီးကို ချထားပြီး ချန်ချင်းယွီနှင့် အသက်အရွယ် တူညီပုံရသော်လည်း ဤကဲ့သို့ ပြင်ဆင်ရသည်ကို သဘောကျသူ ဖြစ်၏။

"ချင်းယွီလေး... နင်တို့ ရောက်လာကြပြီလား။ ဒီနေ့ တို့ဆိုင်မှာ ကောင်းတာတစ်ခု ရထားတယ်၊ ပုစွန်တုပ်ကြီးလေ... မမျှော်လင့်ထားဘူး မဟုတ်လား။ တစ်ကောင်လောက် မြည်းစမ်းကြည့်မလား။"

"တကယ်ကို ကောင်းတယ်နော်၊ ငါ မလိမ်ပါဘူး။"

ချန်ချင်းယွီ : "ဒါကို ဘယ်လို ချက်ပေးတာလဲဟင်"

"နင်က လတ်လတ်ဆတ်ဆတ် သဘာဝအရသာကိုပဲ စားချင်တယ်ဆိုရင်တော့ သေချာပေါက် တရုတ်ဂေါ်ဖီထုတ်နဲ့ ချက်တာအကောင်းဆုံးပဲ၊ တကယ့်ကို အရသာ ဆိမ့်အိနေတာပဲ။ အဲဒီ ဂေါ်ဖီထုတ်က အသားထက်တောင် ပိုပြီး စားလို့ကောင်းသေးတယ်"

ချန်ချင်းယွီ : "ကောင်းပြီလေ၊ တို့ကို တစ်ကောင် ပေးပါဦး"

"ဟုတ်ကဲ့ပါရှင်။"

ဆံကျစ်မြီးနှင့် မိန်းကလေးမှာ ပြုံးလျက်

"နင် ပြီးခဲ့တဲ့အပတ်က တို့အတွက် ကူဝယ်ပေးခဲ့တဲ့ ရေဒီယိုက တကယ်ကို ကောင်းလွန်းတယ်။ ဒီလို နှစ်မျိုးသုံးလို့ရတဲ့ အမျိုးအစားက ကုန်တိုက်ကြီးတွေမှာတောင် ဝယ်ရခက်တာ၊ ပစ္စည်းရောက်တာနဲ့ အတွင်းလူတွေကတင် လုဝယ်သွားကြတာလေ။ တကယ်ကို လန်းတယ်ဟယ်… တို့အိမ်က အမျိုးတွေ မြင်တော့ မျက်လုံးတွေတောင် နီကုန်ကြတယ်၊ တို့ကို အမြဲတမ်း လာကြည့်ပြီး သူတို့ကိုပါ ကူဝယ်ပေးဖို့ လာတောင်းဆိုနေကြတာ"

သူမ စကားပြောနေရင်း ချန်ချင်းယွီကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်။ ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်ပြီး စကားကို လုံးဝ လွှဲလိုက်၏။

အဲဒီပစ္စည်းက တော်တော်လေး လေးလံတာ… ပြီးခဲ့တဲ့အပတ်ကတော့ စက်ဘီး ငှားထားလို့သာ ကတိအတိုင်း လုပ်ပေးတာ..၊အခုတော့ ငါ့ကိုယ်ငါ အလုပ်ပိုတွေ ပေးမနေတော့ဘူး..။

ချန်ချင်းယွီ စိတ်ထဲ တွေးတောလိုက်မိ၏။

"အဲ... ချင်းယွီလေး... နင် နောက်တစ်ခါ ကွမ်ကျိုးကို ဘယ်တော့သွားဦးမလဲမသိဘူး၊ တကယ်လို့ အဆင်ပြေရင်..."

ချန်ချင်းယွီ ဆံကျစ်မြီးမလေး၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

"ငါ အခုမှ ပြန်ရောက်တာဆိုတော့ လောလောဆယ် ရက်ပိုင်းအတွင်းတော့ သွားဖြစ်ဦးမှာ မဟုတ်ဘူးရှင့်။"

"ဒါဆိုရင် နောက်တစ်ခေါက် သွားဖြစ်တဲ့အခါကျရင်..."

ချန်ချင်းယွီ : "နောက်တစ်ခေါက် ဘယ်တော့သွားဖြစ်မလဲဆိုတာကို ငါကိုယ်တိုင်လည်း အခုထိ မသိသေးဘူးလေ"

သူမ ပြန်လည် တုံ့ပြန်လိုက်၏။ ဤသည်မှာ သူမအနေဖြင့် အလွန် လိမ္မာပါးနပ်စွာဖြင့် ငြင်းပယ်လိုက်ခြင်း ဖြစ်ပေတော့သည်။

ဆံကျစ်မြီးမလေးသည်လည်း ချန်ချင်းယွီ၏ စကားအဓိပ္ပာယ်ကို သဘောပေါက်သွားသဖြင့် အနည်းငယ် အောက့်သက်သက် ဖြစ်သွားရရှာ၏။ သို့သော်လည်း စိတ်မလျှော့သေးဘဲ ထပ်မံ ကြိုးစားကြည့်ကာ

"ဒါ... ဒါဆိုလည်း နင် ထပ်ပြီး စဉ်းစားပေးပါဦးနော်။ တကယ်တော့ ငါ့အထင်ကတော့လေ..."

ချန်ချင်းယွီ သူမ၏စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

"ဟင်းတွေ မလာသေးဘူးလားဟင်။"

"ဒါ... ဒါဆို ငါ သွားကြည့်ပေးပါ့မယ်။"

ဆံကျစ်မြီးမလေးသည် ယခုတစ်ကြိမ်တွင်မူ လုံးဝ ပြုံးမပြနိုင်တော့ဘဲ လှည့်ထွက်သွားတော့၍။

အဘွားကြီးကျောက် : "သူက ဘာသဘောလဲ။ နင့်ကို ပစ္စည်း ထပ်မှာခိုင်းချင်လို့လား"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြရင်း

"ကျွန်မကတော့ ဒါမျိုးတွေကို လုံးဝ လုပ်ပေးမှာ မဟုတ်ဘူး"

အဘွားကြီးကျောက် ခေါင်းငြိမ့်လိုက်မိပြီး စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားတော့သည်။

"ပြီးခဲ့တဲ့အပတ်က ကူဝယ်ပေးခဲ့တာက အပြန်အလှန် ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ပေးတာလေ၊ လူဆိုတာ ဒီလောက်တော့ အလိုက်အထိုက် သိရမှာပေါ့။ တို့တွေက သူတို့ဆိုင်ကို ခဏခဏ လာအားပေးနေတာကို တော်တော် အဆင့်မရှိတဲ့လူပဲ"

အဘွားကြီးကျောက် စိတ်ထဲ တွေးတောကာ မကျေမနပ် ဖြစ်နေမိ၏။

"နောက်နောင် တို့တွေ ဒီဆိုင်ကို မလာကြနဲ့တော့"

အဘွားကြီးပီပီ စိတ်ကောက်ကာ ဆိုလိုက်သည်။

ချန်ချင်းယွီ ဘာမျှ ထွေထွေထူးထူး မပြောခဲ့ချေ။ သူမကိုယ်တိုင်လည်း အလိုက်မသိတတ်သော၊ စည်းမရှိဘောင်မရှိ လုပ်တတ်သော လူမျိုးကို အလွန်မုန်းတီးသူ ဖြစ်၏။ ဤဆိုင်သို့ ယခင်၌ ရံဖန်ရံခါသာ လာတတ်သော်လည်း ယခုနှစ်ပိုင်းအတွင်း အတော်လေး စိပ်စိပ်လာဖြစ်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ဆက်ဆံရေးမှာ သာမန်မျှသာ ရှိသေး၏။

ဤအချက်မှာ ချန်ချင်းယွီ တစ်ယောက် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့ရခြင်းကြောင့်လည်း ပါဝင်နိုင်သည်။ သူမသည် သူတစ်ပါးနှင့် ရင်ဖွင့်ကာ ပေါင်းသင်းရန် အလွန်ခက်ခဲပြီး မိတ်ဆွေသူငယ်ချင်းလည်း အလွန်နည်းပါးလှ၏။ သူတစ်ပါးမှ ရုတ်တရက်ကြီး ဤကဲ့သို့ ရင်းနှီးသယောင် ပြုမူလာသောအခါ သူမအနေဖြင့် စည်းကျော်လာသည်ဟု အမှန်ပင် ခံစားလိုက်ရခြင်း ဖြစ်သည်။ သို့သော်လည်း သူမမှာ မျက်နှာပျက်ပြတတ်သူမျိုး မဟုတ်ပေ။

ချန်ချင်းယွီ၏ ငြင်းပယ်မှုကြောင့်လား မသိ၊ သူတို့ ပိုက်ဆံရှင်းသည့်အချိန်အထိ ထိုဆံကျစ်မြီးမလေးမှာ ထပ်မံ ထွက်မလာတော့ချေ။ ထို့ပြင် နောက်ပိုင်းတွင် ထွက်လာပြီး ပိုက်ဆံရှင်းပေးသော အဒေါ်ကြီးမှာလည်း မျက်နှာကြီး ဆူပုပ်လျက် မနှစ်လိုဖွယ် အမူအရာ ပြုလုပ်နေခဲ့သည်။ အဘွားကြီးကျောက်မှာမူ ဒေါသထွက်ကာ ဆဲဆိုရန် ပြင်နေသော်လည်း ချန်ချင်းယွီခေါင်းယမ်းပြလျက် တားမြစ်လိုက်၏။

"ထားလိုက်ပါတော့အမေ"

သူမ သဘောထား အလွန်ကြီးမြတ်လွန်း၍ မဟုတ်ပေ။ ဤကဲ့သို့သော အမူအရာမျိုး ပြုလုပ်လာမှတော့ နောင်တွင် လာရောက် အားပေးခြင်းမပြုရုံဖြင့် ပြီးသွားပြီဟု ယူဆသောကြောင့် ဖြစ်သည်။

"သူတို့က တူညီတဲ့ ဝင်းထဲမှာ နေတဲ့ လီလင်းလင်းမှ မဟုတ်တာ။ လီလင်းလင်းကိုသာ သေသေချာချာ ရှင်းရှင်းလင်းလင်း မဆုံးမထားရင် နောက်တစ်ခါ ထပ်လုပ်ရဲဦးမှာ၊ ဒါမျိုးကျတော့ သူတို့ဆိုင်မှာ နောက်နောင် ပိုက်ဆံ လာမဖြုန်းရုံနဲ့တင် ရပြီ"

ချန်ချင်းယွီ စိတ်ထဲ တွေးတောကာ ဆုံးဖြတ်လိုက်သည်။

သူတို့တစ်စု ဆိုင်ပြင်သို့ ထွက်လာကြသောအခါ အဘွားကြီးကျောက် နှာခေါင်းရှုံ့လျက် ပွစိပွစိ ဆဲဆိုတော့၏။

"ညည်း ပြောစမ်း... ဒီနေ့က တကယ်ကို ကောင်းမွန်တဲ့ နေ့တစ်နေ့ပါ၊ ဘာလို့ ဒီလို ငတုံးတွေနဲ့ချည်း တွေ့နေရတာလဲ။ ကိုယ့်ဘာသာကိုယ်လည်း အဆင့်မရှိဘဲနဲ့၊ တို့တွေ လာစားတာ သူတို့က ပိုက်ဆံရတာလေ။ အဲဒါကို သူတို့က ဘာသဘောလဲ။"

ချန်ချင်းယွီ : "ထားလိုက်ပါတော့အမေ၊ နောက်နောင် မလာကြနဲ့တော့ပေါ့။ မဟုတ်ရင် သူတို့က တို့တွေစားမယ့် ဟင်းထဲကို တံတွေးတွေ ဘာတွေ ထွေးထည့်ထားရင် တို့တွေ သိမှာ မဟုတ်ဘူး"

"ဟုတ်တယ်... ဟုတ်တယ်။"

"အမေကလည်း... သမီးတို့တွေ ခုတင်တင် စားသောက်ပြီးကာစပဲ ရှိသေးတာကို၊ အမေ အဲဒီလို ပြောလိုက်တော့ သမီး နည်းနည်း အော့အန်ချင်လာပြီ..."

ချန်ချင်းယွီ ရယ်မောလျက်

"သူတို့လည်း ဒီလောက်အထိတော့ ချက်ချင်း ကလဲ့စားချေရဲမှာ မဟုတ်ပါဘူး၊ ဒီတစ်ကြိမ်လေး ငြင်းမိရုံနဲ့တော့ အဲဒီလို မလုပ်လောက်ပါဘူး။ ဒါပေမဲ့ နောက်နောင် မလာတာတော့ အကောင်းဆုံးပဲ"

အဘွားကြီးကျောက် : "ဒီလူတွေက တကယ်ကို ကျေးဇူးကန်းတာပဲ။ ညည်းက ကွမ်ကျိုးကနေ ရေဒီယိုကို ဝေးဝေးလံလံ ကူသယ်ပေးခဲ့ရတာ၊ ပိုက်ဆံလည်း ပိုမယူခဲ့ဘူး။ အခုကျတော့ သူတို့က လူလိုမကျင့်တော့ဘူး။ တကယ့်ကို အခွင့်အရေးသမားတွေပဲ"

ချန်ချင်းယွီ : "တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူးအမေ။ ပြီးခဲ့တဲ့အပတ်က အပြန်အလှန် အလဲအလှယ် လုပ်တာလေ၊ တို့တွေက သုံးဘီးငှားတာဆိုတော့ ဒါက ပြောထားပြီးသား လျော်ကြေးပဲ။ သင့်တော်သည်ဖြစ်စေ မသင့်တော်သည်ဖြစ်စေ တို့တွေကိုယ်တိုင်က သဘောတူခဲ့တာပဲလေ၊ ဒါကြောင့် အဲဒီအကြောင်းကို ထပ်ပြောနေစရာ မလိုတော့ဘူး။ ဒါပေမဲ့ သူက နောက်တစ်ခါ ထပ်ပြီး အကူအညီတောင်းလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။ သူ ထပ်ပြောတာက တကယ်ကို အလိုက်မသိရာ ကျလွန်းတယ်"

ထို့ပြင် သူမဘက်မှ အထင်အရှား ငြင်းပယ်ထားပါလျက်နှင့် တစ်ဖက်လူ ဆက်လက်၍ တောင်းဆိုရန် ကြိုးစားနေခြင်းက ပို၍ပင် စည်းကျော်ရာ ကျလှပေသည်။

"ထားလိုက်ပါတော့... သူ့ကို ဂရုမစိုက်ပါနဲ့တော့၊ တို့တွေ နောက်နောင် မလာရုံပဲ။"

"ကောင်းပြီ။"

"အာ... ဒါဆိုရင် နောက်နောင် တို့တွေ နိုင်ငံပိုင် စားသောက်ဆိုင်ပဲ သွားရတော့မှာပေါ့။"

ချန်ချင်းယွီ : "ဘယ်သူပြောလဲအမေ၊ အခုဆိုရင် တိတ်တဆိတ် ဖွင့်လှစ်ထားတဲ့ ဆိုင်ငယ်လေးတွေ အများကြီး ရှိနေပြီပဲဥစ္စာ။ အဆင်ပြေတာပေါ့၊ တို့တွေ ဆိုင်ပြောင်းပြီး တခြား အရသာအသစ်တွေကို မြည်းစမ်းကြည့်ကြတာပေါ့"

ချန်ချင်းယွီ စိတ်ထဲတွင် သိပ်ပြီး အလေးမထားခဲ့ချေ။ သို့သော်လည်း သူမသည် အခြားအစီအစဉ်တစ်ခုကို ရုတ်တရက် သတိရသွား၏။

"အော်... အမေ၊ ရှေ့ဝင်းက ဒေါ်လေးမေ့ကို တို့အိမ်မှာ ထမင်းဟင်း လာချက်ပေးဖို့ ငှားရင်ကော ဘယ်လိုလဲဟင်"

အဘွားကြီးကျောက် တအံ့တဩဖြင့်

"ထမင်းဟင်း ချက်ဖို့ ဟုတ်လား"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြရင်း

"ဟုတ်တယ်အမေ၊ တို့အိမ်က ကျောင်းတက်တဲ့လူက တက်၊ တို့တွေကလည်း ဆိုင်ထွက်ခင်းရနဲ့... တစ်နေ့လုံး အလုပ်ရှုပ်ပြီး သေလုမတတ် ပင်ပန်းနေရတာ။ တကယ်ကို ထမင်းချက်ဖို့ အားအင် မရှိတော့ဘူး။ အပြင်မှာ အမြဲတမ်း သွားစားနေရတာလည်း ပျင်းစရာကောင်းတယ်လေ။ ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်များနေတုန်းကဆို ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က လိမ္မာလို့သာ အပြင်ထွက်ပြီး ထမင်းဝယ်ပေးကြတာ၊ ဒါပေမဲ့ အမြဲတမ်းဒီလိုလုပ်နေလို့ မဖြစ်ဘူးလေ။ အဲဒါကြောင့် ကူညီပေးမယ့် လူတစ်ယောက်လောက် ရှာချင်တာ။ တို့မိသားစုနဲ့ ဒေါ်လေးမေ့တို့က ဒီလောက် နှစ်ပေါင်းများစွာ အိမ်နီးနားချင်း ဖြစ်လာတာဆိုတော့ ကျွန်မ သိတာပေါ့၊ သူက သန့်သန့်ရှင်းရှင်း နေတတ်တယ်။ ပြီးတော့ အလုပ်လုပ်ပြီး ပိုက်ဆံရှာရတာကိုလည်း သဘောကျတယ်လေ၊ အမေကော ဘယ်လိုထင်လဲ"

အဘွားကြီးကျောက် : "ငါ့အမြင်တော့ အဆင်ပြေပါတယ်။ ဒါဆိုရင် ငါ အိမ်ပြန်ရောက်ရင် သူ့ကို သွားပြောလိုက်မယ်၊ ညစာတစ်နပ်ပဲ ချက်ခိုင်းရင် ရပြီမလား။ နေ့လယ်ကျရင် ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က ကျောင်းမှာပဲ စားကြမှာဆိုတော့ ညစာပဲ လိုတာပေါ့။ ဒါနဲ့... တစ်လကို ပိုက်ဆံ ဘယ်လောက်ပေးရင် သင့်တော်မလဲ ညည်း စဉ်းစားထားလဲ"

ချန်ချင်းယွီ : "ကျွန်မလည်း သိပ်ပြီး မသိသေးဘူးအမေ"

အဘွားကြီးကျောက် : "ကောင်းပြီလေ... ဒါဆိုရင် ငါပဲ သူ့ကို သွားပြီး ညှိနှိုင်းလိုက်မယ်။ ဆီ၊ ဆား၊ ပဲငံပြာရည်နဲ့ ဟင်းခတ်မှုန့် ကိစ္စတွေကိုပါ သေသေချာချာ ပြောရမှာကိုး"

ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စမှာ သာမန် အကြောင်းအရာလေးတစ်ခုသာ ဖြစ်သော်လည်း သူတို့၏ လူနေမှုဘဝ ပုံစံကိုမူ အပြောင်းအလဲ အချို့ ဖြစ်ပေါ်စေခဲ့သည်။

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်မိတော့၏။

"အမလေး... ညည်း ပြောစမ်း၊ ဘယ်သူက မမျှော်လင့်ထားဘဲနဲ့... အခုဆိုရင် ငါ အဘွားကြီးကျောက်က ပိုက်ဆံပေးပြီး အိမ်အကူတောင် ငှားနိုင်နေပြီပေါ့။ တို့မိသားစုက မျိုးဆက်ရှစ်ဆက်လုံး ဆင်းရဲသား လယ်သမားစစ်စစ်တွေပါအေ။ အသက်ကြီးခါနီးမှ ချွေးမရဲ့ ကျေးဇူးကြောင့် ချမ်းသာလာရတော့တာပဲ။"

ဝင်းထဲက အဘွားကြီး အားလုံးထက် ငါ့မှာ စုဆောင်းငွေ ပိုများတယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်…

အဘွားကြီးကျောက် စိတ်ထဲ ဂုဏ်ယူဝင့်ကြွားစွာ တွေးတောနေမိ၏။စုဆောင်းငွေဟူသည် အသက်ကြီးလာလျှင် အားကိုးအားထားပြုရမည့် အရာ မဟုတ်လော့။ သက်ကြီးရွယ်အိုများအတွက် စုဆောင်းငွေ မရှိ၍ မဖြစ်ချေ။

သူမ ဂုဏ်ယူစွာဖြင့်

"အခုလို ဘဝမျိုးက တကယ်ကို နေလို့ကောင်းလိုက်တာ။ အော်... ဒါနဲ့ ချွေးမလေး၊ မနက်ဖြန် ဆိုင်ခင်းရင် တို့တွေ ပစ္စည်းတွေ ပိုပြီး ယူသွားရမယ်နော်။ ငါ ကြည့်ရသလောက်တော့ ဒီစာတန်းပါ တီရှပ်တွေက တကယ်ကို အရောင်းသွက်တာပဲ။ ပိုက်ဆံမပေးရသလိုမျိုးကို အလုအယက် ဝယ်နေကြတာ၊ ရုပ်ရှင်ကြည့်ပြီး ထွက်လာတဲ့လူတိုင်း သေချာပေါက် ဝယ်ချင်ကြတာပဲ၊ တကယ့်ကို အခြေအနေတွေ ဝက်ဝက်ကွဲနေတာ"

ချန်ချင်းယွီ : "ဒါက ဘာမှ မရှိသေးပါဘူးအမေ၊ စောင့်ကြည့်နေလိုက်ဦး။ ဒါက အစပျိုးရုံပဲ ရှိသေးတာ၊ နောက်ပိုင်းကျရင် ရေပန်းစားမှုက ပိုပြီး ကြီးမားလာလိမ့်မယ်၊ တို့တွေရဲ့ တီရှပ်တွေက ပိုပြီး အရောင်းသွက်လာဦးမှာ"

ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်၊ သေချာပေါက် ပိုပြီး အရောင်းသွက်မှာ။"

ချန်ချင်းယွီ တပြုံးပြုံး ဖြစ်နေခဲ့၏။ ဤတစ်ကြိမ်တွင် သူမ၏ ခန့်မှန်းချက်မှာ အမှန်ပင် ကိုက်ညီသွားခဲ့သည်။

အနာဂတ်ကို ကြိုသိတဲ့ ခေတ်ကူးပြောင်းတဲ့သူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ချမ်းသာမလာဘဲ နေမှာလဲ… ရှေ့ဖြစ်ကို ကြိုတင်

သိမြင်တဲ့ အစွမ်းနဲ့တင် ပိုက်ဆံတေကို ရေလို ရှာဖွေနိုင်ပြီလေ…

ချန်ချင်းယွီ မိမိကိုယ်မိမိ ကျေနပ်အားရစွာ တွေးတောနေမိတော့သည်။

ချန်ချင်းယွီ ခန့်မှန်းခဲ့သည့်အတိုင်းပင်၊ "လုရှန်းတောင်မှ ချစ်ပုံပြင်" ရုပ်ရှင်၏ ရေပန်းစားမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးမားလာရာ၊ ထိုရုပ်ရှင်ကို မကြည့်ရသေးသူများမှာ သူတစ်ပါးနှင့် စကားပြောရန်ပင် အရှက်ရနေကြသည့် အခြေအနေသို့ ရောက်ရှိလာ၏။ ရုပ်ရှင်ရုံများတွင် နေ့စဉ် နံနက်အစောပိုင်းကတည်းကပင် လက်မှတ်ဝယ်ရန် လူများ တိုးဝှေ့နေကြပြီး၊ သတင်းစာများနှင့် ရေဒီယိုများတွင်လည်း ထိုရုပ်ရှင်အကြောင်း ဝေဖန်သုံးသပ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

အချို့က ကောင်းသည်ဟု ဆိုကြပြီး အချို့ကမူ မကောင်းဟု ဆိုကြ၏။ သို့သော်လည်း ထိုအရာများမှာ ချန်ချင်းယွီအတွက် အရေးမပါချေ။

ရုပ်ရှင်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အရေးမကြီးဘူး၊ တီရှပ်တွေ အရောင်းသွက်ဖို့ကသာ အဓိကပဲ…။

ရုပ်ရှင်က ရေပန်းစားနေသရွေ့ ငါ သေချာပေါက် ပိုက်ဆံရှာနိုင်မှာပဲ…

ချန်ချင်းယွီသည် မိမိကိုယ်မိမိ ခေတ်ဦးပိုင်းရုပ်ရှင်အမှတ်တရပစ္စည်းတွေကို အစောဆုံး လုပ်ကိုင်ခွင့်ရခဲ့သူအဖြစ် သတ်မှတ်ကာ စိတ်ထဲ ကျေနပ်မော်ကြွားနေမိသည်။ သို့သော်လည်း ဤရုပ်ရှင်သည် ယခုခေတ်ကာလ၏ ရိုးရာစတိုင်များနှင့် လုံးဝကွဲပြားနေသဖြင့် လူအများကြားတွင် အငြင်းပွားစရာများ ဖြစ်နေခဲ့၏။ ထူးခြားသည်မှာ လူတွေ ပိုပြီး ငြင်းခုံလေလေ၊ ရုပ်ရှင်၏ ရေပန်းစားမှုက ပိုမိုမြင့်မားလာလေလေ ဖြစ်နေခြင်းပင်။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့နှစ်ဦးသည် အတော်အတန်ကြီးမားသော ရုပ်ရှင်ရုံကြီးနှစ်ခု၏ တံခါးဝတွင် နေရာခွဲကာ ဆိုင်ခင်းကြရာ၊ နေ့စဉ်ရက်ဆက် အတွင်းသုံးထပ် အပြင်သုံးထပ် လူအုပ်ကြီး ဝိုင်းအုံလျက် အလုအယက် ဝယ်ယူကြ၏။ ထို့ပြင် အခြားနေရာများတွင် ရုပ်ရှင်ကြည့်ရှုပြီးသူများပင်လျှင် တီရှပ်ဝယ်ယူရန်အတွက် သူတို့ရှိရာသို့ တကူးတက လိုက်လံရှာဖွေလာကြသည်။

ရုပ်ရှင် အောင်မြင်ပေါက်မြောက်လွန်းသဖြင့် သူတို့၏ တီရှပ်အပွကြီးများမှာလည်း ပိုမိုအရောင်းသွက်လာခဲ့၏။ ယခုအခါတွင်မူ ထိုအင်္ကျီများကို လူတိုင်း အမှတ်တရတီရှပ်ဟု ခေါ်ဝေါ်နေကြပြီ ဖြစ်သည်။ ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် နေ့စဉ် အာရုဏ်တက်ကတည်းက ထွက်ခွာသွားကြပြီး မှောင်မှောင်မည်းမည်းကျမှသာ အိမ်သို့ ပြန်ရောက်ကြတော့သည်။

တကယ်တမ်း ချန်ချင်းယွီကိုယ်တိုင်မူ အခြေအနေကို အသိဆုံး ဖြစ်၏။ သူမသည် အင်္ကျီအထည်ပေါင်း တစ်သိန်း (၁၀၀,၀၀၀) သွင်းထားခဲ့ခြင်း ဖြစ်သည်။

တစ်သိန်းတောင် ရှိတာပဲ... ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်း ဝယ်လို့ရမှာပေါ့…

သူမ စိတ်ထဲ တွေးမိသော်လည်း ဝယ်ယူသူများမှာ ထိုသို့မသိကြချေ။

မည်သို့ပင်ဖြစ်စေ နေ့စဉ်ရက်ဆက် လူအများ လုယက်ဝယ်ယူနေကြဆဲ ဖြစ်၏။ ယခင် ဂျင်းဘောင်းဘီ ရောင်းချခဲ့ရစဉ် အခြေအနေနှင့် ပြန်လည်နှိုင်းယှဉ်ကြည့်ပါက ယခုအခြေအနေမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ချန်ချင်းယွီတို့မိသားစု အဒေါ်ကြီးမေ့ကို ထမင်းဟင်းကူချက်ရန် ငှားရမ်းထားသည့်ကိစ္စကို အိမ်နီးနားချင်းများထံမှ ဖုံးကွယ်မထားခဲ့ပေ။ အစပိုင်းတွင် လူအများ ကွယ်ရာ၌ တီးတိုးဝေဖန်ခဲ့ကြသော်လည်း၊ နှစ်ရက်မျှ ကြာလွန်သွားသောအခါတွင်မူ အလွန်ပုံမှန်ဖြစ်သည်ဟု ယူဆသွားကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ် တောင့်တင်းသန်မာပြီး နွားတစ်ကောင်လို ရုန်းကန်နိုင်စွမ်းရှိသော အဘွားကြီးကျောက်ပင်လျှင် အိမ်ပြန်ရောက်လာသည့်အခါ တကိုယ်လုံး ဖုန်တထောင်းထောင်းဖြင့် လူရုပ်မပေါ်ဘဲ နွမ်းလျအိုစာနေသည်ကို မြင်တွေ့ရသောကြောင့် ဖြစ်၏။

"တကယ့်ကို ပင်ပန်းလွန်းလို့ပါပဲ"

အဘွားကြီးကျောက် စိတ်ထဲ ညည်းတွားနေမိသည်။

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့နှစ်ဦးစလုံး စီးပွားရေး အလွန်ကောင်းမွန်လွန်းသဖြင့် ပိုက်ဆံများ ပေါက်ကွဲမတတ် ရရှိနေကြသော်လည်း၊ လူများမှာမူ မတ်တတ်ပင် မရပ်နိုင်လောက်အောင် ပင်ပန်းနွမ်းလျနေခဲ့ကြသည်။ ပိုက်ဆံရ၍ ပျော်ရသော်လည်း ခန္ဓာကိုယ်ကမူ နာကျင်ကိုက်ခဲနေရ၏။ ပျော်ရွှင်စရာကောင်းသော နာကျင်မှုဟု ဆိုရပေမည်။

ချန်ချင်းယွီ ဆိုင်သိမ်းပြီး အိမ်ပြန်ရောက်လာသောအခါ သူမ၏ မြှောက်စီးထားသော ဆံပင်မှာ ဘေးသို့ပင် စောင်းနေခဲ့ပြီ ဖြစ်သည်။ သူမအနေဖြင့် ဝယ်ယူသူများကို "ပစ္စည်းတွေ ရှိပါသေးတယ်... ရှိပါသေးတယ်..." ဟု မည်မျှပင် အော်ဟစ်ပြောဆိုနေပါစေ၊ လူအများမှာ မယုံကြည်ဘဲ အတင်းတိုးဝှေ့လုယက်နေကြသဖြင့် သူမမှာ ခေါင်းပင် ကိုက်ခဲလာရ၏။ နေ့စဉ် ပိုက်ဆံအမြောက်အမြား ရရှိနေသော်လည်း ရုပ်ရည်မှာမူ နေ့တိုင်း နွမ်းလျအိုစာနေခဲ့သည်။ ပုံမှန်အားဖြင့် တက်ကြွလန်းဆန်းနေတတ်သော ချန်ချင်းယွီပင်လျှင် ယခုအခါတွင်မူ ခေါင်းငိုက်စိုက်ကျလျက် နွမ်းဖတ်နေရှာတော့သည်။

အဒေါ်ကြီးမေ့သည် ချန်ချင်းယွီတို့အိမ်တွင် အလုပ်စတင်လုပ်ကိုင်ကတည်းက အလွန်တက်ကြွစွာဖြင့် စွမ်းစွမ်းတမံ လုပ်ကိုင်ပေးခဲ့၏။ ညစာတစ်နပ်သာ ချက်ပေးရသော်လည်း ပိုက်ဆံရရှိခြင်းမှာ မည်သို့ပင်ဖြစ်စေ ကောင်းမွန်သောအရာဖြစ်သည်။ အဒေါ်ကြီးမေ့သည် မိမိ၏ သားဖြစ်သူကိုသာ မှီခိုအားထားပြီး အလကားထိုင်စားမည့် လူမျိုးမဟုတ်ချေ။ သူမသည် အလွန်အလုပ်လုပ်နိုင်သူ ဖြစ်၏။ ထို့ပြင် အိမ်ရှင်မတစ်ဦးအတွက် ထမင်းဟင်းချက်ပေးရရုံမျှမှာ ပင်ပန်းလှသောအလုပ် မဟုတ်ပေ။

သူမအနေဖြင့် ဤအလုပ်ကြောင့် ပိုက်ဆံရရှိရုံတင်မကဘဲ မိမိတို့မိသားစုပါ အကျိုးကျေးဇူး ခံစားရသည်ဟု ယူဆနေမိသည်။

အဘယ်ကြောင့်ဆိုသော် ချန်ချင်းယွီတို့မိသားစုသည် အနပ်တိုင်းတွင် အသားဟင်းများ အမြဲတမ်း ပါဝင်လေ့ရှိ၍ အသားလှော်ထားသော ဒယ်အိုးဖြင့် မိမိတို့အိမ်အတွက် ဟင်းသီးဟင်းရွက် ပြန်လည်ကြော်လှော်သည့်အခါ ဟင်းရွက်များမှာ ပိုမိုဆီစိုပြီး အရသာရှိလာသည်ဟု ခံစားရသောကြောင့်တည်း။

"ချင်းယွီလေး... ညည်း ပြန်ရောက်ပြီလား။ ငါ ဟင်းတွေကို ဟိုဘက် အမြန်လှမ်းပို့ပေးမယ်နော်။"

ချန်ချင်းယွီ : "ကျေးဇူးတင်ပါတယ် ဒေါ်လေးမေ့"

အဒေါ်ကြီးမေ့ : "အို... ဘာတွေ လာပြောနေတာလဲအေ၊ ဒါက ငါလုပ်ရမယ့် အလုပ်ပဲဥစ္စာ"

သူမ ဆက်လက်၍

"ညည်းယောက္ခမတော့ ပြန်မရောက်သေးဘူး၊ ညည်းက ဒီနေ့ သူ့ထက် စောနေတာကိုး။ မနေ့က ညည်းယောက္ခမက ခန္ဓာကိုယ် အားရှိအောင် ကြက်စွပ်ပြုတ် သောက်ချင်တယ်လို့ ပြောလို့၊ ငါ ဒီနေ့ ဈေးကို သေသေချာချာ သွားပြီး ဝယ်လာခဲ့တာ။ ကြက်က တော်တော်လေး ဆီဦးထည့်နေတာပဲ၊ ငါ အကြာကြီး တည်ထားတာဆိုတော့ အရသာကတော့ ရှယ်ပဲဟေ့... ညည်း မြည်းကြည့်လိုက်ဦး"

ချန်ချင်းယွီ : "ဒေါ်လေးမေ့ရဲ့ လက်ရာကို ကျွန်မ မသိဘဲ နေမလားဟင်။ သေချာပေါက် စားလို့ကောင်းမှာပါ"

"ငါက ကြက်စွပ်ပြုတ်အပြင် မာလာပုစွန်တုပ် ပဲပြားရယ်၊ ဟင်းရွက်ကြော်ရယ်... ပြီးတော့..."

အဒေါ်ကြီးမေ့ ဆက်လက်ပြီး

"ထမင်းလည်း ချက်ပြီးပြီနော်၊ ညည်းတို့အိမ်က စားနိုင်သောက်နိုင်စွမ်းက မသေးဘူးပဲ"

ချန်ချင်းယွီ ပြုံးရွှင်စွာဖြင့်

"ကျွန်မက မနက်ဖြန် နေ့လယ်စာအတွက်ပါ တစ်ခါတည်း ထည့်ဖို့ အများကြီး ချက်ခိုင်းတာပါ"

"ငါလည်း အဲဒီအတိုင်းပဲ ထင်နေတာ။"

အဒေါ်ကြီးမေ့သည် စကားပြောဆိုပြီးနောက် ချန်ချင်းယွီ၏အနားသို့ တိုးကပ်ကာ အသံကိုနှိမ့်လျက် တီးတိုး ပြောဆိုလာတော့သည်။

"ဒီနေ့ ငါ အပြင်မှာ ဟင်းသီးဟင်းရွက် သွားဝယ်တော့၊ လူအချို့က ငါ့ကို ညည်းတို့အိမ်အကြောင်း လာစုံစမ်းကြတယ်ဟေ့။"

ချန်ချင်းယွီ : "ကျွန်မတို့အိမ်အကြောင်းကို လာစုံစမ်းတယ် ဟုတ်လား"

"အေးလေ... ညည်းတို့ ပစ္စည်းတွေကို ဘယ်ကနေ သွင်းတာလဲဆိုတာကို လာမေးကြတာ။ ကြည့်ရတာ ငါက ညည်းတို့အိမ်မှာ ထမင်းလာချက်ပေးနေတယ်ဆိုတာကို ကြားမိလို့ ထင်တယ်၊ အဲဒါကြောင့် ငါ့ဆီအထိ လာပြီး စုံစမ်းကြတာပေါ့။ ညည်းလည်း စိတ်ထဲကနေ ကြိုတင်ပြီး သတိထားထားဦးနော်။"

ချန်ချင်းယွီ : "သဘောပေါက်ပါပြီ၊ သတိပေးလို့ ကျေးဇူးတင်ပါတယ် ဒေါ်လေးမေ့"

"ဟယ်... ဒါက ဘာဆန်းလို့လဲအေ။ ညည်းလည်း သိတဲ့အတိုင်း တို့ဝင်းထဲက လူဘယ်နှစ်ယောက်လောက်က ညည်းတို့အိမ်ကို မနာလိုဝန်တိုစိတ်နဲ့ စိုက်ကြည့်နေကြလဲဆိုတာကို"

အဒေါ်ကြီးမေ့၏ သားကိုယ်တိုင်လည်း စီးပွားရေးလုပ်ကိုင်သူ ဖြစ်ရာသူမအနေဖြင့် အခြားအရာများကို သိပ်ပြီး အကွက်မကျချင်သော်လည်း၊ ချန်ချင်းယွီတို့မိသားစု စီးပွားရေး အလွန်ကောင်းမွန်နေသည်ကို မြင်နေရ၏။ အခြားလူများမှာမူ မနာလိုစိတ်ဖြင့် မျက်လုံးများ နီမြန်းနေကြသည်မှာ အမှန်ပင် ဖြစ်သည်။

"ပြီးတော့ ငါ ကြားတာကလေ... ယွမ်ဟောက်ဖုန်းက အခုတလော ကွမ်ကျိုးကို သွားဖို့အတွက် ထောက်ခံစာ သွားလုပ်နေတယ်တဲ့။"

ချန်ချင်းယွီ မျက်ခုံးကို ပင့်လိုက်ပြီး

"သူက ကွမ်ကျိုးကို သွားမလို့ ဟုတ်လား"

"အေးလေ... ညည်းနောက်က လိုက်အတုခိုးတာ မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ။ အဲဒီဘက်ကိုသွားပြီး ဒီလို တီရှပ်တွေကို သွားသွင်းချင်လို့ ဖြစ်မှာပေါ့။ ငါ အိမ်သာသွားရင်းနဲ့ ကြားခဲ့တာ... သူက ဝမ်ကျန့်ကော်နဲ့ ဆွေးနွေးတိုင်ပင်နေတာလေ။ 'လုရှန်းတောင်က ချစ်ပုံပြင်' ရုပ်ရှင် အောင်မြင်မှုကြောင့် တီရှပ်တွေ အရောင်းသွက်နေတာ... ချန်ချင်းယွီကတော့ ခွေးချေးပုံ နင်းမိလို့ ကံကောင်းသွားတာလို့ ပြောနေကြတာ။"

ချန်ချင်းယွီ နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးကာ ပြတ်ပြတ်သားသား ဆဲဆိုပစ်လိုက်သည်။

"သူတို့က ဘာသိလို့လဲ။ ကျွန်မ အမြော်အမြင် ရှိလို့ဟေ့"

အဒေါ်ကြီးမေ့သည် တစ်ချက် ကြောင်အမ်းသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်

"တကယ်ပဲ... လူက ပင်ပန်းလွန်းလာရင် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူးပဲ။ ညည်းရဲ့ အခု စရိုက်က အရင်ကထက်စာရင် တော်တော်လေး ဒေါသကြီးလာသလိုပဲနော်"

ချန်ချင်းယွီ : “အမှန်ပဲ”

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ နေ့စဉ် စောစောထွက်ကာ မိုးချုပ်မှ ပြန်ရောက်ကြသော်လည်း၊ ဝင်းထဲတွင် ဖြစ်ပျက်သမျှ အကြောင်းအရာများကိုမူ အားလုံး သိရှိနေခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် အဒေါ်ကြီးမေ့သည် အတင်းအဖျင်းပြောရသည်ကို အလွန်ဝါသနာပါသူ ဖြစ်သဖြင့်၊ သူမကို အထူးတလည် မေးမြန်းနေစရာမလိုဘဲ အားလုံးကို အလိုအလျောက် ပြောပြလေ့ရှိသောကြောင့်တည်း။

အဒေါ်ကြီးမေ့သည် အရှေ့အိမ်က အကြောင်း၊ အနောက်အိမ်က အကြောင်း... သူမ မသိသည့်အရာဟူ၍ မရှိချေ။

နေ့စဉ် ခေတ္တခဏမျှသာ တွေ့ဆုံကြရသော်လည်း အဒေါ်ကြီးမေ့ ပါးစပ်မှ တတွတ်တွတ်နှင့် အဆက်မပြတ် ပြောဆိုတတ်သဖြင့် ဝင်းထဲရှိ သတင်းစုံကို ချန်ချင်းယွီတို့ ကောင်းကောင်းကြီး သိရှိနေကြ၏။

အဒေါ်ကြီးမေ့ စပ်စုလိုစိတ်ဖြင့်

"ဒါနဲ့ ချင်းယွီလေး... ညည်းက လုရှန်းတောင်က ချစ်ပုံပြင် ရုပ်ရှင်က အောင်မြင်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲဟင်။ ညည်းရဲ့ တီရှပ်တွေက တကယ်ကို အချိန်ကိုက် ရောင်းနိုင်တာပဲ"

ယခုအခါတွင် အခြေအနေကို ရိပ်မိသွားပြီး ပိုက်ဆံရနိုင်သည်ဟု တွေးတောကာ ပစ္စည်းသွားသွင်းမည့်သူများ ရှိလာနိုင်သော်လည်း၊ ထိုသို့လုပ်ရန်အတွက် အချိန်အတော်လေး ကြာမြင့်ဦးမည် ဖြစ်သည်။ ချန်ချင်းယွီကဲ့သို့ ရုပ်ရှင်ရုံတင်သည်နှင့် ချက်ချင်း လက်ငင်း ဆိုင်ခင်းရောင်းချနိုင်ရန်မှာမူ မလွယ်ကူချေ။

ချန်ချင်းယွီ : "ကျွန်မက ရေဒီယိုက သတင်းတွေကို နားထောင်ပြီး သိတာလေ။ အဲဒါကြောင့် ပစ္စည်းအချို့ သွင်းဖို့ ဆုံးဖြတ်လိုက်တာ... မမျှော်လင့်ဘဲ ကံကောင်းသွားတာပေါ့"

အဒေါ်ကြီးမေ့ : "ကြည့်ရတာ လူဆိုတာ သတင်းတွေကို ပိုပြီး ဂရုစိုက်ရမယ် ထင်တယ်။ အံ့ဩစရာမရှိပါဘူး... ညည်းတို့အိမ်က သတင်းစာတွေ အများကြီး မှာထားတာကိုး"

ချန်ချင်းယွီတို့မိသားစုသည် ပြီးခဲ့သည့်လကတည်းက သတင်းစာများစွာကို မှာယူထားခဲ့သော်လည်း၊ လကုန်မှသာ ပစ္စည်းရောက်မည် ဖြစ်သဖြင့် ယခုလမှစတင်၍ သတင်းစာများ ရရှိလာခြင်း ဖြစ်သည်။ ချန်ချင်းယွီသည် သတင်းစာများစွာအပြင် မဂ္ဂဇင်းများကိုပါ မှာယူထားခဲ့၏။

ဒီအချိန်မျိုးဆိုရင် အမျိုးသားစာပေ နယ်ပယ်က စာရေးဆရာကြီးတွေက စာမူတွေ ပို့ပြီး အောင်မြင်မှုတွေ ရရှိနေကြမယ့် အချိန်ပေါ့။ အောက်တိုဘာလကျရင် စာပေလောကမှာ နာမည်ကြီးလာပြီး ကောင်းမွန်တဲ့ မိတ်ဆွေတွေနဲ့ ဆုံတွေ့ရတော့မှာပဲ…

သူမ စိတ်ထဲ တွေးတောနေမိ၏။

သူမသည် မဂ္ဂဇင်းများကို မှာယူဖတ်ရှုရင်း ကမ္ဘာကြီး၏ လှုပ်ရှားမှုများကို အကဲခတ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းတွင် မိမိတို့၏ အသက်မွေးဝမ်းကျောင်းမှု ပုံစံ အသီးသီး ရှိကြစမြဲ ဖြစ်၏။ သူမ၏ အရင်းအနှီးနှင့် နောက်ခံအခြေအနေမှာ အခြားလူများထက် များစွာ သာလွန်နေခဲ့ရုံသာ…

ချန်ချင်းယွီ : "ဟုတ်ပါတယ် သတင်းတွေကို ပိုပြီး ဂရုစိုက်တာက အမြဲတမ်း ကောင်းပါတယ်။ မမျှော်လင့်ဘဲနဲ့ စီးပွားရေး လမ်းစတွေ တွေ့လာနိုင်တာကိုး"

"ဟုတ်တယ်... ဟုတ်တယ်၊ တကယ်ကို ဟုတ်ပါတယ်။"

အဒေါ်ကြီးမေ့သည် အလွန်ပင် သဘောတူညီပုံရပြီး၊ စကားအချို့ကို ဆက်လက် ရေရွတ်ရင်း အမြန်ပင် ပြန်လည်ထွက်ခွာသွားတော့သည်။

ဝင်းကြီးထဲတွင် ယခုတလော ပြဿနာများစွာ ဆက်တိုက်ဖြစ်ပွါးနေခဲ့၏။ အထူးသဖြင့် ချန်ရိကျွင်းဘက်မှလည်း အောက်တန်းကျကျ ပြဿနာပေါင်းစုံ ရှာနေခဲ့သည်ဟု ကြားသိရသော်လည်း၊ ချန်ချင်းယွီထိုအရာများကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

"ဘာပဲဖြစ်ဖြစ်... ပိုက်ဆံရှာတာထက် ပိုအရေးကြီးတဲ့အရာ ဘာရှိဦးမှာလဲ"

သူမ၏ "လုရှန်းတောင်မှ ချစ်ပုံပြင်" ရုပ်ရှင်အမှတ်တရ တီရှပ်များမှာ အကြီးအကျယ် အရောင်းသွက်နေခဲ့သည်။ တကယ်တမ်း ချန်ချင်းယွီကိုယ်တိုင်မူ မိမိကိုယ်မိမိ သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်ဟု ခံစားရသော်လည်း၊ လက်တွေ့တွင်မူ သူမကို စောင့်ကြည့်နေသူများစွာ ရှိနေခဲ့၏။ ဤတစ်ကြိမ်တွင် သူမ ရုပ်ရှင်အမှတ်တရအင်္ကျီများကို ရောင်းချနေသည့် ကိစ္စကို မှောင်ခိုဈေးဘက်ကလူများပင် သိရှိသွားကြတော့သည်။

သူတို့သည် ယခင် ဂျင်းဘောင်းဘီကိစ္စကြောင့် ချန်ချင်းယွီကို ကောင်းကောင်းကြီး မှတ်မိနေကြခြင်း ဖြစ်၏။ ယခုတစ်ကြိမ်တွင်လည်း ရုပ်ရှင်တီရှပ်များ အလွန်အရောင်းသွက်နေသည်ဟု ကြားသောအခါ၊ ထိုလူများလည်း အခြေအနေကို လာရောက်အကဲခတ်ကြရာမှ "ဟေး... မိတ်ဟောင်းပါလား" ဟု ရိပ်မိသွားကြသည်။

မျက်နှာချင်းဆိုင်တွင် အချင်းချင်း မသိချင်ယောင်ဆောင်နေကြသော်လည်း၊ စိတ်ထဲတွင်မူ

"ဒါ... ဟိုမုဆိုးမလေး မဟုတ်ဘူးလား။ သူက ဂျင်းဘောင်းဘီ မရောင်းတော့ဘဲ အခု တီရှပ်ပြောင်းရောင်းနေတာလား။ ဒီမိန်းမရဲ့ လှုပ်ရှားမှုက တော်တော်လေး မြန်တာပဲ။ တုံ့ပြန်မှုကလည်း တကယ့်ကို သွက်လက်လွန်းတယ်"

သူမအနေဖြင့် ခေတ်ရေစီးကြောင်းကို နှစ်ကြိမ်တိုင်တိုင် ကြိုတင်ဦးဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ရသဖြင့်၊ မှောင်ခိုဈေးဘက်မှ လူအချို့ပင်လျှင် သူမကို အထူးတလည် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြတော့၏။

"နောင်ကျရင် သူ တောင်ပိုင်းဘက်ကို သွားတာနဲ့ တို့တွေ နောက်ကနေ တိတ်တဆိတ် လိုက်ရမယ်။ သူ ဘာပစ္စည်းတွေ သွင်းလဲဆိုတာကို ကြည့်ပြီး တို့တွေလည်း လိုက်အတုခိုးတာပေါ့။ ဒီလို ပိုက်ဆံရမယ့် အခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်ထားရမယ်"

ထိုလူများ စိတ်ထဲ ကြံစည်နေကြ၏။

ဤစီးပွားရေး လမ်းကြောင်းများကို စိတ်မဝင်စားသူများပင်လျှင် ယခုအခါတွင် ချန်းမန် ရုပ်ရှင်ရုံတံခါးဝတွင် အလွန်လှပသော အမျိုးသမီးတစ်ဦးက "လုရှန်းတောင်မှ ချစ်ပုံပြင်" တီရှပ်များကို ရောင်းချနေသည်ဟု သတင်းစကား ကြားသိနေကြရသည်။

အမှန်တကယ်၌ အဘွားကြီးကျောက်သည်လည်း နေ့စဉ် ဆိုင်ထွက်ခင်းနေခြင်း ဖြစ်သော်လည်း၊ လူအများမှာ အလွန်လှပချောမောသော ချန်ချင်းယွီကိုသာ မှတ်မိနေကြ၏။

"ဘယ်ခေတ် ဘယ်ကာလပဲဖြစ်ဖြစ် မျက်နှာလေး လှတာကိုပဲ ကြည့်ကြတာကိုး"

ချန်ချင်းယွီ၏ စီးပွားရေးမှာ အလွန်ကောင်းမွန်လွန်းသဖြင့် အခြားလူများလည်း လိုက်လံအတုခိုးချင်ကြသော်လည်း၊ အင်္ကျီများကို အမြန်ဆုံး ထုတ်လုပ်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်လှပေသည်။ ထို့ကြောင့် အခြားလူများ လိုက်လုပ်ချင်နေကြသော်လည်း၊ လောလောဆယ် ဈေးကွက်ထဲတွင် ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမနှစ်ဦးသာ အင်္ကျီများကို အပိုင်စီးကာ ရောင်းချနိုင်နေဆဲ ဖြစ်၏။

ဒေသတွင်းရှိ အစိုးရစက်ရုံများမှာမူ အမြင်ကျယ်ကျယ်ဖြင့် ပုဂ္ဂလိက အမှာစာများကို လက်ခံထုတ်လုပ်ပေးရန် ဝေခွဲမရ ဖြစ်နေကြဆဲ ဖြစ်သည်။ အကယ်၍ တောင်ပိုင်း ကွမ်ကျိုးဘက်အထိ သွားရောက်မှာယူမည်ဆိုလျှင်လည်း အချိန်များစွာ ကြာမြင့်ဦးမည် ဖြစ်၏။ ထို့ကြောင့် ချန်ချင်းယွီအနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ အမြတ်အစွန်းများစွာကို တစ်ဦးတည်း ကောင်းကောင်းကြီး သိမ်းပိုက်နိုင်မည်မှာ သေချာလှပေသည်။ ဤကဲ့သို့သော စီးပွားရေးမျိုးမှာ လိုက်လံအတုခိုးရန် လွယ်ကူသော်လည်း အချိန်နှင့် အရင်းအနှီး အလွန်လိုအပ်လှသဖြင့်၊ သူမ၏လက်ထဲတွင် ပစ္စည်းအမြောက်အမြား အဆင်သင့်ရှိနေခြင်းမှာ အကြီးမားဆုံးသော သာလွန်ချက် ဖြစ်နေတော့သည်။

ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမ၏ စီးပွားရေးမှာ နေ့စဉ်ရက်ဆက် ကောင်းမွန်နေခဲ့ရာ၊ ဝင်းကြီးထဲရှိ လူအချို့မှာ ဂရုစိုက်ကြပြီး အချို့မှာမူ မနာလိုစိတ်ဖြင့် ကြည့်နေကြ၏။ ထိုအထဲတွင် အမနာလိုဆုံးသူမှာ လီလင်းလင်းပင် ဖြစ်သည်။ သူမသည်လည်း ဆိုင်ထွက်ခင်းနေခြင်း ဖြစ်သော်ငြား စီးပွါးရေး လုံးဝမကောင်းသည့်အပြင်၊ ပစ္စည်းများကိုလည်း မိခင်ဖြစ်သူမှ အပိုင်စီးထားပြီး ယွမ်ဟောက်ဖုန်းထံသို့ ပြန်မပေးသဖြင့် သားအမိနှစ်ဦးကြားတွင် အကြိမ်ကြိမ် အော်ဟစ်ရန်ဖြစ်နေကြရ၏။

လင်စန်းရှင်းသည် ယခုတစ်ကြိမ်တွင် အလွန်ခေါင်းမာနေပြီး လုံးဝ အလျော့မပေးခဲ့ချေ။ မိသားစုနှစ်ခုကြားတွင် အချင်းချင်း အငြင်းပွားနေကြသည့် မြင်ကွင်းသည် ဝင်းထဲရှိ လူများအတွက်မူ ပြက်လုံးတစ်ခုသဖွယ် ဖြစ်နေတော့သည်။

သို့သော်လည်း ချန်ချင်းယွီတို့ ပစ္စည်းများ အလွန်အရောင်းသွက်နေသည်ကို မြင်တွေ့ရသဖြင့်၊ ယွမ်ဟောက်ဖုန်းသည်လည်း တောင်ပိုင်းသို့ သွားရောက်ကာ ပစ္စည်းသွင်းရန် စိတ်စောနေခဲ့၏။ ထို့ကြောင့် သူကိုယ်တိုင် ဝင်းထဲမှ ပြဿနာများကို ဝင်မဖြေရှင်းတော့ဘဲ မိခင်ဖြစ်သူထံသို့သာ လွှဲအပ်ခဲ့သည်။ ကျောက်ရုံ နှင့် လင်စန်းရှင်းတို့နှစ်ဦးစလုံးမှာ အင်အားသုံးတတ်သူများ မဟုတ်ကြဘဲ ဟန်ဆောင်ကောင်းသူများ ဖြစ်ကြသဖြင့်၊ အပြန်အလှန် စစ်ခင်းကြရာတွင် အခြေအနေမှာ အနိုင်အရှုံးမရှိ မျှတနေခဲ့၏။

ယွမ်ဟောက်ဖုန်းမှာမူ အမြန်ဆုံးပင် တောင်ပိုင်းသို့ သွားမည့် ရထားပေါ်သို့ တက်ရောက်ခဲ့ပြီး၊ ယခုတစ်ကြိမ်တွင် သူနှင့်အတူ လိုက်ပါသွားသူမှာ ဝမ်ကျန့်ကော် ဖြစ်နေသည်။ ထိုလူနှစ်ယောက် မည်သို့မည်ပုံ ပေါင်းစည်းသွားကြသည်ကိုမူ မည်သူမျှ မသိကြပေ။

ချန်ချင်းယွီ ထိုသတင်းကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး စိတ်ထဲ အလေးမထားခဲ့ချေ။ အမှန်အတိုင်းပြောရလျှင် သူမသည် ထိုအမျိုးသားနှစ်ဦး၏ အမူအကျင့်နှင့် လုပ်ရပ်များကို လုံးဝ အထင်မကြီးပေ။

"သူတို့နှစ်ယောက်ရဲ့ စရိုက်ကို ကြည့်ရုံနဲ့တင် အတူတူပေါင်းမိတာက အလွန်ပုံမှန်ပဲလေ၊ အမှိုက်က အမှိုက်ခြင်းပဲ ပေါင်းတာကိုး"

သူမ ကဲ့ရဲ့လိုက်မိ၏။

ချန်ချင်းယွီအတွက်မူ ယခုအချိန်တွင် အဓိကတာဝန်မှာ ပိုက်ဆံအမြောက်အမြား ရှာဖွေရန်သာ ဖြစ်သည်။

"ပိုက်ဆံရှိရင် ဘဝကို အေးအေးဆေးဆေး ဇိမ်နဲ့ ဖြတ်သန်းလို့ရပြီလေ"

သူမ ပျော်ရွှင်စွာ တွေးတောနေခဲ့သည်။

ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမသည် နေ့စဉ် တက်ကြွစွာ လှုပ်ရှားနေကြသဖြင့်၊ ဝင်းထဲရှိ လူများလည်း ကွယ်ရာတွင် တီးတိုး ဝေဖန်လာကြတော့၏။

"ညည်းတို့ ပြောစမ်း... သူတို့မိသားစုက တကယ်ပဲ ပိုက်ဆံ ဘယ်လောက်တောင် ရှာနိုင်လို့လဲ။ ဒီလောက်အထိ အပတ်တကုတ် ကြိုးစားနေတာ... ပိုက်ဆံအများကြီး မရရင် ဒီလောက် ပင်ပန်းခံပါ့မလား။"

"ဒါကို ဘယ်သူက သိမှာလဲအေ့... သူတို့က ညည်းကို လာပြောပြမှာ မဟုတ်ဘူး။ အဒေါ်ကြီးမေ့... ညည်းကတော့ သိမှာပေါ့၊ ညည်းက သူတို့အိမ်မှာ ထမင်းကူချက်ပေးနေတာ မဟုတ်လား။"

အဒေါ်ကြီးမေ့ ချက်ချင်းပင် ပြန်လည်ကာကွယ်ပြောဆိုကာ

"ငါက ထမင်းကူချက်ပေးရုံတင်ပါအေ၊ သူတို့က ငါ့ကို အားလုံး လာပြောပြစရာ အကြောင်းမရှိပါဘူး။ ညည်းတို့ကလည်း ဘာလို့ ဒီလောက်တောင် စပ်စုနေကြတာလဲ။ သူတို့ ပိုက်ဆံရှာနိုင်ရင်လည်း တို့ကို လာပေးမှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့က ရှာနိုင်သလောက်လည်း အသုံးအဖြုန်းက ကြီးတာပဲဥစ္စာ"

"အဲ... ဒါလည်း ဟုတ်တာပဲ... အဘွားကြီးကျောက်တို့ကတော့လေ တကယ်ပဲ၊ ဘယ်လို မိသားစုမျိုးလဲမသိဘူး... နေ့တိုင်း တကောကော တဗာဗာနဲ့ အသားတွေချည်းပဲ စားနေကြတာ..."

"ညည်း အသံတိုးတိုးလုပ်ဦး၊ တကယ်လို့ အဲဒီအဘွားကြီး ကြားသွားရင် ချက်ချင်း ပေါက်ကရ ထလုပ်လိမ့်မယ်။ သူ့စရိုက်ကို ညည်း မသိဘူးလား... တကယ့်ကို အဆင့်မရှိတဲ့ မိန်းမကြီး၊ တကယ့်ကို ဇိုးသမားကြီးဟေ့။"

"ဒါတော့ ဟုတ်တယ်အေ့... ပြီးခဲ့တဲ့ရက်က လီလင်းလင်းကို ရိုက်လိုက်တာ အခုထိ မျက်ကွင်းတွေ ညိုနေတုန်းပဲ။"

"ဒါနဲ့ နေဦး... ယွမ်ဟောက်ဖုန်းနဲ့ ဝမ်ကျန့်ကော်တို့ တောင်ပိုင်းကို သွားကြတယ်ဆိုတော့ သူတို့ အဆင်ပြေပါ့မလား။"

"ဝမ်ကျန့်ကော်က တောင်ပိုင်းကို သွားရဲသေးတယ် ဟုတ်လား... သူ့အမေက လိုက်ပြီး မတားဘူးလား။"

"ဟားဟားဟားဟား... မဖြစ်နိုင်တာ၊ သူကိုယ်တိုင်ကတောင် အဆင်မပြေလှတာကို။"

"ညည်းတို့ ကြည့်စမ်း... တို့ဝင်းထဲက လူတွေအားလုံးက အခုဆိုရင် တစ်ကိုယ်တော် စီးပွားရေးသမားတွေ ဖြစ်ကုန်ကြပြီ၊ တကယ့်ကို အဆင့်အတန်းမရှိတဲ့ ခေတ်ကာလပါပဲလား။"

"ပိုက်ဆံရှိတာက ဘာထက်မဆို ပိုပြီး ကောင်းတာ မဟုတ်ဘူးလား။"

"ဒါလည်း ဟုတ်တာပဲ။"

လူအများ ပါးစပ်မှ မည်မျှပင် အထင်မကြီးသယောင် ပြောဆိုနေကြပါစေ၊ စိတ်ထဲတွင်မူ အလွန်ပင် မနာလိုဖြစ်ကာ အားကျနေကြသည်မှာ အမှန်ပင် ဖြစ်သည်။ ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမမှာမူ ဤအခွင့်အရေးကို အသုံးချကာ ပိုက်ဆံများကို ရေလို အဝရှာဖွေလျက် သိမ်းကျုံးယူနေကြ၏။

ချန်ချင်းယွီသည် ရုပ်ရည်အားဖြင့် အနည်းငယ် ပင်ပန်းနွမ်းလျနေသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင်မူ သူမသည် ပင်ကိုယ်ကတည်းက ခန္ဓာကိုယ် တောင့်တင်းပြီး စွမ်းအင်အပြည့် ရှိသူဖြစ်သဖြင့် စိတ်ဓာတ်မှာ အလွန်တက်ကြွနေခဲ့သည်။ သူမအနေဖြင့် ပင်ပန်းနွမ်းလျဟန် ပြုမူနေခြင်းမှာ ဝင်းထဲရှိ လူများနှင့် အပိုစကားများ မပြောဆိုချင်ခြင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ပင်ပန်းသည်ကို အကြောင်းပြကာ အိမ်သို့ တီဗီလာကြည့်မည့် လူများကို လုံးဝ အဝင်မခံတော့ချေ။

ဘာပဲဖြစ်ဖြစ်... ထိုလူများအနေဖြင့် ကျောက်ရုံတို့အိမ်သို့ သွားကြည့်၍ရသလို၊ မာကျန့်ယီ သို့မဟုတ် ရွှီကောင်းမင်တို့အိမ်သို့လည်း သွားရောက်ကြည့်ရှုနိုင်ကြသည်။ ထိုမိသားစုများတွင်လည်း တီဗီများ အသီးသီး ရှိနေကြပြီ ဖြစ်၏။ ၎င်းတို့မှာ အဖြူအမည်း တီဗီများ ဖြစ်ကြသော်လည်း မရှိသည်ထက်မူ များစွာ သာလွန်လှပေသည်။ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့မှာမူ ထိုလူများနှင့် အချိန်ကုန်မခံနိုင်တော့ဘဲ၊ အိမ်တွင် အေးအေးဆေးဆေး လှဲလျောင်းရင်း တီဗီခဏကြည့်ကာ မနက်ဖြန် တိုက်ပွဲအတွက် အားမွေးရန်သာ အာရုံစိုက်နေကြ၏။

ဒါကသာ သူတို့ရဲ့ လက်ရှိ အဓိကတာဝန် မဟုတ်ပါလား…

ချန်ချင်းယွီသည် ပိုက်ဆံရှာဖွေရေးတွင် အလွန်အလုပ်ရှုပ်နေခဲ့သဖြင့်၊ ယခုတလော ချန်ရိကျွင်းဘက်ရှိ အခြေအနေများကို လုံးဝ လှည့်မကြည့်နိုင်ခဲ့ချေ။ သူမအနေဖြင့် စုံစမ်းရန် အချိန်မရှိခဲ့သော်လည်း၊ လက်တွေ့တွင်မူ ချန်ရိကျွင်းသည်လည်း ယခုရက်ပိုင်းအတွင်း မော်ကွန်းတင်လောက်အောင် အလုပ်ရှုပ်နေခဲ့၏။ သူသည် အကြားအမြင်နှင့် စုန်းကဝေ အယူအဆများတွင် အလွန်အမင်း နစ်မွန်းနေခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကြိမ်စလုံးတွင် ချန်ရိကျွင်းမှာ သေလုမတတ် ထိတ်လန့်ခြောက်ခြားခဲ့ရ၏။ အင်းစက္ကူများကို ထမင်းနှင့်ရောစေား၍ လူနာတင်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသော်လည်း၊ ၎င်းတို့၏ စုန်းကဝေအယူအဆအပေါ် ရူးသွပ်မှုကိုမူ လုံးဝ မတားဆီးနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ယခုရက်ပိုင်းအတွင်း သရဲတစ္ဆေများ ထပ်မံထွက်ပေါ်မလာတော့သဖြင့်၊ ချန်ရိကျွင်းနှင့် ဝေရှု့ဖန်း လင်မယား နှစ်ဦးစလုံး မိမိတို့ လုပ်ဆောင်ခဲ့သော အစီအမံများ အမှန်တကယ် အစွမ်းထက်သည်ဟု အခိုင်အမာ ယုံကြည်သွားကြ၍ပင်။ သူတို့အိမ်တွင် ဗုဒ္ဓဘာသာရော တာအိုဘာသာပါ ပစ္စည်းစုံလင်စွာ ရှိနေခဲ့သည်။

ယွီမေကျွမ်းသည် နေ့စဉ် အပြင်မှ အိမ်သို့ ပြန်ရောက်လာတိုင်း မျက်စိထဲတွင် ဝေဝါးသွားကာ "တို့အိမ်ကတော့လေ... ငရဲပြည်နဲ့ ဘာမှမခြားတော့ဘူး" ဟု စိတ်ပျက်လက်ပျက် တွေးတောမိ၏။

သို့သော်လည်း ဤအိမ်မှာ ချန်ရိကျွင်း၏ အိမ်ဖြစ်သဖြင့် သူမအနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိချေ။ ချန်ရိကျွင်းမှာမူ အလွန်တက်ကြွစွာဖြင့် ဆက်လက် လုပ်ဆောင်နေခဲ့သည်။

ချန်မိသားစု၏ အခြားသော သားနှစ်ဦးမှာမူ ပုံမှန်အားဖြင့် မိဘများ၏ အချစ်ဆုံးများ ဖြစ်ကြသော်လည်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ အလွန်အတ္တကြီးစွာဖြင့် အိမ်သို့ လုံးဝ ပြန်မလာကြတော့ချေ။ သူတို့သည် ရှောင်တိမ်းနိုင်သမျှ ရှောင်တိမ်းနေကြခြင်း ဖြစ်၏။

ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့ကမူ သားများ ပြန်မလာခြင်းကို အပြစ်မတင်သည့်အပြင်၊ ဝမ်းသာအားရဖြင့်

ဂုဏ်ယူနေသည်။

"ဒီကလေးနှစ်ယောက်က တော်တော်လေး ဉာဏ်ကောင်းတာပဲ။ နင်တို့နှစ်ယောက်လို မဟုတ်ဘူး... တကယ့်ကို ငတုံးတွေ၊ ဘာအကူအညီမှလည်း မပေးနိုင်ဘဲနဲ့ လူကလည်း တုံးအလိုက်တာ”

ယွီမေကျွမ်းနှင့် ချန်ဒုတိယတို့မှာမူ စိတ်ထဲမှ…

ခင်များတို့ သေခါနီးတွေ... ငါတို့က ဆရာအတုနဲ့ ပူးပေါင်းပြီး ခင်များတို့ကို လိမ်ညာပြီး ပစ္စည်းတွေ ရောင်းစားတာ တန်လိုက်တာ။ ခင်များတို့ကိုယ်တိုင်က လူလိုမကျင့်တာကိုး…

သူတို့မှာ နာကျည်းစွာဖြင့် အချင်းချင်း မျက်စပစ်ကာ အေးစက်စက် လှောင်ပြုံးပြုံးလိုက်ကြတော့သည်။

"တကယ့်ကို ထိုက်တန်လိုက်တာ။"

ချန်မိသားစုအတွင်းတွင်မူ တိတ်တဆိတ် ကောက်ကျစ်စဉ်းလဲမှုများဖြင့် အလွန်ပင် စည်ကားသိုက်မြိုက်နေခဲ့၏။

All Chapters