← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း (၁၇၀) ချန်ရိကျွင်းသေပြီ

ချန်ချင်းယွီသည် ချောင်ယန်ခရိုင်၏ စံပြနိုင်ငံသားတစ်ဦးပီသစွာ မတရားသောအမှုကိစ္စများကို တာဝန်သိသိဖြင့် တိုင်ကြားခဲ့လေသည်။ သူမသည် အနည်းငယ် လျှို့ဝှက်တတ်သော်လည်း လိမ်လည်ခြင်းမရှိဘဲ မိမိအလုပ်ကို ရိုးသားစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ ချန်ချင်းယွီ နောက်ဆက်တွဲရလဒ်များကို ကြည့်ရန် မဝံ့ရဲသဖြင့် အိမ်သို့ အမြန်ပြန်လာခဲ့ပြီး ငြိမ်သက်စွာသာ စောင့်ဆိုင်းနေမိတော့သည်။

တစ်ဖက်တွင်လည်း ချန်ရိကျွင်းသည် ဆေးရုံမှထွက်လာပြီးနောက် ကျောက်ရုံအား လိုက်လံရှာဖွေရန် ပျော်ရွှင်စွာ ထွက်ခွါလာခဲ့၏။ မိမိကိုယ်တိုင် အလိုလို အိပ်ရာထဲဝင်လာမည့်သူ ရှိနေသည်ဖြစ်ရာ သူသည် အဘယ်ကြောင့် ငြင်းပယ်ရမည်နည်း။ ချန်ရိကျွင်းသည် မိမိကိုယ်ကိုယ် အတော်အတန်ဆွဲဆောင်မှုရှိသည်ဟုပင် တွေးတောနေမိသည်။

"ဒါမှမဟုတ်ရင် ကျောက်ရုံက သူ့အလိုလို ငါ့ဆီ ရောက်လာပါ့မလား။ ငါ့ရဲ့ ဆွဲဆောင်မှုက တကယ့်ကို မသေးဘူးပဲ။"

ချန်ရိကျွင်းသည် မိမိကိုယ်ကိုယ် အမွှန်းတင်ရင်း ကြည်နူးမှုအပြည့်ဖြင့် ၎င်းတို့နှစ်ဦး ချိန်းဆိုထားသော တည်းခိုခန်းသို့ စိတ်လှုပ်ရှားစွာ ရောက်ရှိလာခဲ့လေ၏။

ကျောက်ရုံသည် တံခါးဝတွင် စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ ချန်ရိကျွင်းကို အတော်ကြာသည်အထိ မတွေ့ရသဖြင့် ကျောက်ရုံသည် သူရောက်မလာမည်ကို စိုးရိမ်ကာ ရင်တထိတ်ထိတ် ဖြစ်နေမိသည်။ သူမသည် ချန်ရိကျွင်းက အရိုးပေါ်အရေတင် ဖြစ်နေပေမယ့်လည်း အလုပ်တော့ ဖြစ်နိုင်သေးသည်ဟု တွေးတောထားခဲ့၏။ ချန်ရိကျွင်းနှင့် အဆက်အသွယ် လုံးဝမပြတ်မှသာ သူ့ကို ထိန်းချုပ်ထားနိုင်ပြီး အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်သည်။

‘ချန်ရိကျွင်းက ချန်ချင်းယွီကို ထိန်းချုပ်မယ်၊ ချန်ချင်းယွီက ပိုက်ဆံရှာနိုင်တော့ ငါ့အတွက် အကျိုးအမြတ်ရဖို့ ဘယ်လောက်တောင် လွယ်ကူလိုက်မလဲ…’

ထိုသို့တွေးတောရင်း ကျောက်ရုံသည် ချန်ရိကျွင်းနှင့် မဖြစ်မနေ အိပ်စက်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။

သူမသည် နှုတ်ခမ်းကိုစေ့ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း နောက်ဆုံးတွင် အဝေးမှ လှမ်းလာသော ချန်ရိကျွင်း၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရ၏။ ကျောက်ရုံသည် ဧည့်ကြိုအမျိုးသမီးနှင့် စကားစမြည်ပြောရင်း ချန်ရိကျွင်း အထဲသို့ ခိုးဝင်နိုင်ရန် အခွင့်အရေး ဖန်တီးပေးလိုက်သည်။ ချန်ရိကျွင်းသည် မောဟိုက်လျက် အပြေးအလွှား ရောက်ရှိလာခဲ့၏။ သို့သော် သူသည် အတွေ့အကြုံရှိသော လူကြီးတစ်ဦးဖြစ်သည့်အတိုင်း ကျောက်ရုံ ဖန်တီးပေးသော အခွင့်အရေးကို မြင်သည်နှင့် ချက်ချင်း အမိအရဖမ်းဆုပ်ကာ အထဲသို့ ခိုးဝင်၍ အပေါ်ထပ်သို့ အမြန်တက်သွားခဲ့သည်။ ကျောက်ရုံ မည်သည့်အခန်းကို ယူထားသည်ကို မသိသဖြင့် သူသည် ဒုတိယထပ်တွင် စောင့်ဆိုင်းနေခဲ့၏။ ခေတ္တမျှကြာသော် ကျောက်ရုံ တက်လာခဲ့လေသည်။

၎င်းတို့နှစ်ဦးသည် အဓိပ္ပာယ်ပါပါ စိုက်ကြည့်ကာ ပြုံးပြလိုက်ကြသည်။ ကျောက်ရုံ အချက်ပြကာ အပေါ်ထပ်သို့ အမြန်တက်သွားခဲ့သည်။ သူမသည် အနည်းငယ် နောက်ကျသွားပြီး ပဉ္စမထပ်နှင့် ဆဋ္ဌမထပ်တွင်သာ အခန်းလွတ်ရှိတော့သဖြင့် သူမ၏အခန်းမှာ ပဉ္စမထပ်တွင် ဖြစ်၏။ ၎င်းတို့နှစ်ဦးသည် အခန်းထဲသို့ အမြန်ဝင်ရောက်သွားကြပြီး တံခါးပိတ်သည်နှင့် ချက်ချင်း ဖက်လှဲတကင်း ဖြစ်သွားကြကာ မကြာမီ အခန်းထဲတွင် "ကာမဂုဏ်" အသံများဖြင့် ပြည့်နှက်သွားတော့သည်။

ချန်ရိကျွင်း၏ နုနယ်ပိန်ချုံးသော ရုပ်ရည်ကို ကြည့်၍ အထင်မသေးသင့်ပေ၊ သူသည် အတော်လေး စွမ်းဆောင်နိုင်ဆဲ ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်က သရဲတစ္ဆေလို လှုပ်ရှားနေခဲ့ရသဖြင့် သူသည် ကာမဂုဏ်နှင့် ဝေးကွာနေခဲ့ရသည်မှာ ကြာပြီဖြစ်ရာ ဆက်ဆံရေးတစ်ခုကို အလွန်ဆာလောင်နေခဲ့သည်။ ကျောက်ရုံ မိမိကိုယ်ကို ပုံအပ်လာသောအခါ ၎င်းတို့နှစ်ဦးသည် မီးစာနှင့် ဆီကဲ့သို့ တဟုန်းဟုန်း တောက်လောင်သွားကြတော့၏။ တကယ့်ကို ပြင်းပြင်းထန်ထန် တောက်လောင်ခဲ့ကြခြင်း ဖြစ်သည်။

အတော်ကြာ စစ်ပွဲဆင်နွှဲပြီးနောက် နောက်ဆုံးတွင် သူတို့ နားနားနေနေ ဖက်လဲတကင်း ရှိနေကြသည်။ ကျောက်ရုံသည် ချန်ရိကျွင်းကို ဖက်ထားရင်း အပြည့်အဝ စိတ်ကျေနပ်နေမိ၏။

"ဒီလူက ငါ့ယောကျ်ား ယွမ်ဟောက်မင်ထက် အပြတ်အသတ် သာတယ်။ ယွမ်ဟောက်မင်က ငယ်ငယ်တုန်းက အိုကေပေမဲ့ အခု အသက်ကြီးလာတော့ လက်စွမ်းပြုတ်သွားပြီ။ လက်ဖက်ရည်သောက်တာနဲ့ ငါးမျှားတာပဲ ဝါသနာပါတော့တယ်။ ငါးမျှားတာ ဝါသနာပါပေမဲ့လည်း မိသားစုစားဝတ်နေရေး တိုးတက်အောင် ချန်ချင်းယွီလောက်တောင် ငါးမရဘူး။ သူ့အရည်အချင်းက တကယ် မကောင်းပါဘူး။ ဒါပေမဲ့ သူကတော့ ဝါသနာပါနေတာပဲ။ ဟားဟား... ယောကျ်ားတွေဆိုတာ လက်ဖက်ရည်သောက်တာနဲ့ ငါးမျှားတာ ဝါသနာပါသွားရင် လင်မယားကြားက သံယောဇဉ်ကိစ္စတွေကို စိတ်မဝင်စားတော့ဘူး။"

ကျောက်ရုံသည်လည်း ကာမဂုဏ်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သော်လည်း ဤအကြောင်းရင်းကြောင့်သာ အိပ်စက်ချင်ခဲ့ခြင်း မဟုတ်ပေ။

"ငါက အဲဒီလို မိန်းမမျိုး မဟုတ်ပါဘူး။ ငါဒါတွေလုပ်တာ ငါ့ကလေးတွေအတွက်ပဲ၊ သူတို့အတွက် လုပ်ပေးတာ၊ ငါ့ကိုယ်ကျိုးအတွက် လုံးဝမဟုတ်ဘူး။"

သို့သော်လည်း ၎င်းတို့နှစ်ဦးသည် အလွန်အမင်း စိတ်ဆန္ဒ ပြင်းပြနေကြပြီး ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနေကြ၏။

ကျောက်ရုံ : "အစ်ကိုချန်... အစ်ကိုက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲနော်"

ချန်ရိကျွင်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် တိုးတိုးကပ်၍ ပြောလိုက်သည်။

"ငါက မင်းရဲ့ယောကျ်ားတွေထက် ပိုသာတယ်မလား။ ငါ့ကိုသဘောကျတဲ့ မိန်းကလေးတွေနဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဆိုရင် ချန်ဖျင်အထိ တန်းစီနေမှာ။ ငါ့ရဲ့ ဆွဲဆောင်မှုက အပြောသက်သက် မဟုတ်ဘူး"

ကျောက်ရုံ နှုတ်ခမ်းစူလိုက်ပြီး "ရှင်ကတော့ တကယ့်ကို လေကြီးနိုင်လွန်းတယ်" ဟု စိတ်ထဲမှ တွေးလိုက်သော်လည်း အပြင်တွင်မူ ချိုသာစွာဖြင့်

"အစ်ကိုက အကောင်းဆုံးဆိုတာ ကျွန်မသိပါတယ်"

သူမသည် ကြည်ညိုလေးစားဟန်ဆောင်ကာ

"နောက်ဆိုရင် ကျွန်မ အစ်ကို့ဆီ လာခဲ့လို့ရမလား"

ချန်ရိကျွင်း တဟားဟားရယ်ကာ

"မင်းကလည်း ဘာတွေမေးနေတာလဲ။ ရတာပေါ့။ ငါတို့ပတ်သက်မှုနဲ့ ဒါမျိုးမေးနေရင် သူစိမ်းသက်သက် ဖြစ်နေဦးမယ်"

ကျောက်ရုံ ညှို့ဓာတ်ပြင်းပြင်းဖြင့် ပြုံးလိုက်ပြီး သူ၏ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွထုကာ

"ဒါဆို နောက်ဆို ကျွန်မ လာတဲ့အခါ အစ်ကိုက မသိချင်ယောင်ဆောင်လို့မရဘူးနော်၊ မဟုတ်ရင် ကျွန်မ ရင်ကွဲရလိမ့်မယ်။ ကျွန်မတို့က တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြတာဆိုပေမဲ့ စိတ်ကူးသံယောဇဉ်ဆိုတာ ကိုယ့်စိတ်အတိုင်း ထိန်းချုပ်လို့ရတာမှ မဟုတ်တာ။ အစ်ကို့အပေါ်ထားတဲ့ ကျွန်မရဲ့စိတ်ကို အစ်ကို နားလည်မှာပါ"

ချန်ရိကျွင်း သူမကို ပုတ်ကာ

"ငါသိပါတယ်၊ စိတ်မပူပါနဲ့။ တစ်ရက်လင်မယား ဆိုရင်တောင် ရက်ပေါင်းရာချီ သံယောဇဉ်ရှိတယ်။ ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ မင်းက ဟိုကလေးမကို ဆုံးမပေးစေချင်တာ မဟုတ်လား။ စိတ်မပူနဲ့၊ မနက်ဖြန် ငါသူ့ဆီ သွားလိုက်မယ်"

ချန်ရိကျွင်းသည် အခွင့်အရေးရသည်နှင့် စကားကို အလိုက်သင့်ပြောကာ သူမကို ချက်ချင်း ကတိပေးလိုက်ခြင်း ဖြစ်၏။ အမှန်၌ ချန်ရိကျွင်းကိုယ်တိုင်လည်း စိတ်လောနေသော်လည်း လူကောင်းအဖြစ် ဟန်ဆောင်ရာတွင်မူ အလွန်ကျွမ်းကျင်လှသည်။

"မနက်ဖြန်ကျရင် ငါသူ့ကို ချန်မိသားစုဆီ အတင်းဆွဲခေါ်လာခဲ့မယ်။ သူက ချန်မိသားစုရဲ့ သမီးဖြစ်နေတာကို၊ လင်းကျန့်ဝမ်ကလည်း သေသွားပြီပဲ၊ သူ အဲဒီမှာ ဘာလုပ်နေမှာလဲ။"

ကျောက်ရုံသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး

"အစ်ကိုက ကျွန်မအပေါ် အကောင်းဆုံးဆိုတာ ကျွန်မသိသားပဲ"

သူမသည် မိမိ၏ဆွဲဆောင်မှုအပေါ် ကျေနပ်နေပြီးနောက် ချက်ချင်းပင် ထပ်လောင်းပြောကြားလိုက်သည်။

"အဲဒီအိမ်က အဘွားကြီးကတော့ အတော်လေး ရင်ဆိုင်ရခက်လိမ့်မယ်။ အစ်ကိုသွားရင် သတိထားနော်။ အဲဒီအဘွားကြီးက အရှက်မရှိဘူး၊ တကယ်လည်း ရိုက်နှက်

တတ်တယ်"

"အင်..."

ချန်ရိကျွင်းသည်လည်း ထိုအချက်ကို တွေးမိသော်လည်း ချက်ချင်းပင် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

"စိတ်မပူနဲ့၊ ငါကလည်း အနိုင်ကျင့်ခံမယ့်လူ မဟုတ်ဘူး။ ငါ့ကလေးတွေကိုပါ ခေါ်သွားမယ်။ ငါ့မှာ သားသုံးယောက်ရှိတာ၊ အဘွားကြီးတစ်ယောက်ကို ကြောက်နေရမလား။ အသုံးမကျတဲ့အကောင်မှ မဟုတ်တာ"

"ဒီနှစ်တွေထဲမှာ ငါက သူတို့အဆင့်အထိ ဆင်းမချတာ၊ ဒါပေမဲ့ ငါသူ့ကို မကိုင်တွယ်နိုင်ဘူးလို့ မဆိုလိုဘူး"

ကျောက်ရုံ သဘောကျစွာ ပြုံးလျက်

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ သူ့ကိုလည်း ပညာပေးရမယ်၊ မဟုတ်ရင် အိမ်ရာဝန်းထဲမှာ သူပဲ တန်ခိုးထွားနေတယ်လို့ ထင်နေဦးမယ်"

"သူ မင်းကို အနိုင်ကျင့်လို့လား"

ချန်ရိကျွင်း ကျောက်ရုံအား မျက်စပစ်ကာ မေးလိုက်သည်။

ကျောက်ရုံ သက်ပြင်းချကာ

"ကျွန်မတို့က တစ်ဝင်းတည်းသားတွေဆိုတော့ ပွတ်တိုက်မှုတွေ ရှိတာပေါ့။ ကျွန်မကတော့ အဆင်ပြေပါတယ်၊ သိပ်ပြီး အနစ်နာမခံရပါဘူး။ ဒါပေမဲ့ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ သူ ဒုက္ခရောက်တာကို မြင်ရရင်တော့ ကျွန်မ ဝမ်းသာမိမှာပဲ"

"မင်း ငါ့ကို သေသေချာချာ ပြုစုစမ်းပါ၊ မင်းအတွက် ငါ ကလဲ့စားချေပေးမယ်လို့ ကတိပေးတယ်"

"တကယ်လား"

"ဒါပေါ့၊ ယောကျ်ားတစ်ယောက်ရဲ့ စကားက တည်ရမယ်၊ ငါက ပြောရင် ပြောတဲ့အတိုင်းပဲ"

"အစ်ကိုက ကျွန်မအပေါ် အကောင်းဆုံးပဲဆိုတာ ကျွန်မ သိပါတယ်..."

၎င်းတို့နှစ်ဦးသည် ချက်ချင်းပင် တစ်ဦးကိုတစ်ဦး ဖက်တွယ်ကာ ထပ်မံ၍ ကာမဂုဏ်နွှဲကြပြန်သဖြင့် အခန်းထဲတွင် အသံမျိုးစုံ လွှမ်းမိုးသွားတော့သည်။ ကျောက်ရုံ၏အသံမှာ မတိုးလှပေ၊ ထိုခေတ်အခါရှိ အခန်းများ၏ အသံလုံစနစ်မှာ ကောင်းမွန်လှသည်မဟုတ်ပေ။

ဘေးဘယ်ညာရှိ အခန်းများမှ လူအချို့မှာ နံရံမှတစ်ဆင့် ချောင်းမြောင်းနားထောင်ခြင်းကို မအောင့်အီးနိုင်ကြချေ။

ဤဆူညံသံများမှာ... ဟဲဟဲ၊ သူတို့နှစ်ဦးမှာ ဇနီးမောင်နှံအစစ်အမှန် လုံးဝမဟုတ်ကြသည်မှာ သေချာလှပေသည်။

အခန်းအတွင်း၌ အလွန်ပင် စည်ကားသိုက်မြိုက်နေသော်လည်း၊ ယခုအချိန်တွင် အောက်ထပ်သို့ ရဲအရာရှိတစ်သိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ဟုတ်ပါသည်၊ အုပ်စုလိုက်ကြီး ဖြစ်ပြီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိပေသည်။

ရဲအရာရှိများ၏ အနောက်တွင်မူ အတင်းအဖျင်း စပ်စုလိုသော ပြည်သူ ၁၀ ယောက်၊ ၁၅ယောက်ခန့်ပါ လိုက်ပါလာကြ၏။ ချန်ချင်းယွီ တရစပ် အော်ဟစ်အကြောင်းကြားခဲ့ခြင်းဖြစ်ရာ ရဲများသာ ကြားခဲ့ရသည်မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ အိမ်အချို့ပါ ကြားသွားခဲ့ကြသဖြင့် ဤမျှလောက်ကြီးမားသော အခြေအနေမျိုးကို မည်သို့လျှင် လာရောက်မစပ်စုဘဲ နေနိုင်မည်နည်း။

တကယ့်ကိုပင်… ရာသီဥတု အုံ့မှိုင်းပြီး မိုးရွာတော့မည့် အခြေအနေ ဖြစ်နေသော်လည်း၊ လူထု၏ စပ်စုလိုသော စိတ်အားထက်သန်မှုကိုမူ မည်သို့မျှ တားဆီးနိုင်ခြင်း မရှိရှာပေ။

လုံးဝ တားဆီး၍ မရပါ...

လူတိုင်းသည် မျက်လုံးများကို မီးသီးကြီးများကဲ့သို့ ပြူးကျယ်လျက် ရဲများ၏ အနောက်မှ တကောက်ကောက် လိုက်လာကြပြီး၊ မည်သို့ပင် မောင်းထုတ်စေကာမူ ပြန်မသွားကြချေ။

တည်းခိုခန်းတွင် ညဂျူတီစောင့်နေသော ဧည့်ကြိုစာရေးမလေးသည် ယခုမှပင် ပစ္စည်းများကို သိမ်းဆည်း၍ တံခါးပိတ်ရန် ပြင်ဆင်နေစဉ်၊ ရုတ်တရက် ရဲအရာရှိတစ်သိုက် ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျန့်သွားကာ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရ၏။

"ရဲဘော်... မင်္ဂလာပါ။ ကျွန်တော်တို့ဆီကို တိုင်ကြားချက်တစ်ခု ရောက်လာလို့ပါ၊ ဒီနေရာမှာ လူတွေ ဖောက်ပြန်နေကြတယ်လို့ ပြောတယ်၊ ခင်ဗျား..."

ရဲအရာရှိ စကားကို ဆုံးအောင်ပင် မပြောရသေးမီ၊ ကျုံးရှန်းဝတ်စုံ ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦး အပေါ်ထပ်မှ ဒေါသတကြီး ဆင်းလာသည်ကို မြင်လိုက်ရသည်။ အဘိုးကြီးသည် အသက် ၅၀ ကျော်ခန့် ရှိပြီး၊ ရုတ်တရက် ရဲအရာရှိ အများအပြားကို မြင်လိုက်ရသဖြင့် သူသည်လည်း လန့်သွားခဲ့ရ၏။

ရဲအရာရှိများလည်း သူ့ကို ပြိုင်တူ စိုက်ကြည့်လိုက်ကြသည်။

ထိုအဘိုးကြီးခမျာ "ကျွန်တော်... ကျွန်တော်... ခင်ဗျားတို့..." ဟု ထစ်ထစ်အငေါ့ငေါ့ ဆိုမိ၏။

ဦးဆောင်လာသော ရဲအရာရှိမှာ မေးမြန်းလိုက်ကာ

"အဘိုး... တစ်ခုခု အဆင်မပြေလို့လား"

အဘိုးကြီးမှာ ထိုကိစ္စကို ပြောလျှင်ပင် ဒေါသထွက်လာကာ

"ဟုတ်တယ်၊ ကျွန်တော် အခန်းပြောင်းချင်လို့။ ကျွန်တော့်ရဲ့ မျက်နှာချင်းဆိုင် အခန်းက လင်မယားရဲ့ အသံတွေကတော့... တကယ့်ကိုဗျာ... ကျွန်တော်တောင် ထုတ်မပြောရဲတော့ဘူး။ ကျွန်တော်က ဒီကို အလုပ်ကိစ္စနဲ့ လာတာ၊ မနက်ဖြန်လည်း အလုပ်လုပ်ရဦးမှာ။ ဒီလောက် အသံတွေ ဆူညံနေတာကို ကျွန်တော် ဘယ်လိုလုပ်ပြီး ကောင်းကောင်း အနားယူနိုင်မှာလဲ၊ ဒါကြောင့် အခန်းပြောင်းချင်လို့ ဆင်းလာတာ။ ခင်ဗျားတို့ကကော..."

ရဲအရာရှိများမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြပြီးနောက်၊ ချက်ချင်းပင် မေးလိုက်ကြသည်။

"အဘိုးက ဘယ်အခန်းမှာ နေတာလဲ။ မျက်နှာချင်းဆိုင် အခန်းက နံပါတ် ဘယ်လောက်လဲ"

အဘိုးကြီး အလောတကြီးဖြင့်

"ကျွန်တော်က ပဉ္စမထပ်၊ ကျွန်တော်..."

"မဖြစ်နိုင်တာ၊ ရှင်ရဲ့ ဘေးခန်းက တစ်ကိုယ်တည်း အမျိုးသမီးတစ်ယောက်ပဲဥစ္စာ။"

ကောင်တာမှ မိန်းကလေးသည် ကျောက်ရုံကို မှတ်မိနေဆဲ ဖြစ်သည်၊ ကျောက်ရုံသည် သူမထံသို့ လာရောက် စကားစမြည် ပြောဆိုခဲ့ဖူးသဖြင့် သူမသည် အခြားသူများထက် ပိုမိုသေသေချာချာ မှတ်မိနေခြင်း ဖြစ်၏။

"လူတစ်ယောက်တည်းပဲ ရှိတာပါ"

သူမ ထပ်လောင်း ပြောဆိုလိုက်သည်။

ရဲအရာရှိများ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြရာ၊ ကောင်းပြီလေ... မည်သည့်စကားမျှ ထပ်ပြောရန် မလိုတော့ချေ။

ယခုအခါတွင် အခြေအနေ မူမမှန်ကြောင်းကို ရာခိုင်နှုန်းပြည့် အတည်ပြုနိုင်ပြီ ဖြစ်သည်။

သို့သော်လည်း မှားယွင်းမှု မရှိစေရန်အတွက် အလုပ်ကို ခွဲဝေလုပ်ဆောင်ကြ၏။

ဧည့်ခန်းမတွင် လူနှစ်ဦး ချန်ထားခဲ့ပြီး၊ အခြားလူနှစ်ဦးမှာ ပထမထပ်မှ စတင်၍ အခန်းများကို လိုက်လံစစ်ဆေးကာ၊ ကျန်ရှိသော လူလေးဦးမှာမူ ပဉ္စမထပ်ရှိ သံသယဖြစ်ဖွယ် အခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားကြတော့သည်။

အခန်းတွင်း၌မူ လူနှစ်ဦးစလုံး ဒုတိယအကြိမ် စစ်ပွဲကို ရပ်တန့်လိုက်ကြပြီးဖြစ်ရာ၊ တစ်ဦးစီ၏ စွမ်းဆောင်ရည်အပေါ် အလွန်ပင် စိတ်ကျေနပ်မှု ရှိနေကြသည်။ ချန်ရိကျွင်း ကျေနပ်အားရစွာ ပြုံးလိုက်ရင်း

"မင်း ငါ့နောက်ကိုပဲ လိုက်ခဲ့၊ နောင်ကျရင် မင်းအတွက် အကျိုးအမြတ်တွေ အများကြီး ရှိစေရမယ်၊ စိတ်အေးအေးထားပါ... ငါ..."

ဝုန်း ဝုန်း ဝုန်း...

အပြင်ဘက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော အကြိမ်နှစ်ခုစလုံး သရဲခြောက်စဉ်၌ ဤကဲ့သို့သော ရာသီဥတုမျိုး ဖြစ်ခဲ့သဖြင့်၊ ချန်ရိကျွင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့ရသည်။

သူသည် ဖျတ်ခနဲ ထရပ်လိုက်ရာ၊ ကျောက်ရုံမှာ

"ဘာဖြစ်လို့လဲ"

ချန်ရိကျွင်း သက်ပြင်းတစ်ချက်ကို အနိုင်နိုင်ချလျက် ပြတင်းပေါက်ကို စိုက်ကြည့်လိုက်ရာ၊ အပြင်ဘက်တွင် မိုးစက်များ စတင်ကျဆင်းလာပြီး ပြတင်းပေါက်မှန်ကို လာရောက်ရိုက်ခတ်သံများ ထွက်ပေါ်နေခဲ့၏။

မရေမရာဖြင့်... အောက်ထပ်မှ စကားပြောသံများ ထွက်ပေါ်နေသကဲ့သို့ ခံစားရသည်။ သူသည် ဝေခွဲမရဖြစ်ကာ ထရပ်လိုက်ပြီး ပြတင်းပေါက်အနားသို့ တိုးကပ်သွားရင်း၊ ပြတင်းပေါက်ကို ဝုန်းခနဲ ဖွင့်လိုက်တော့သည်။ အပြင်ဘက်တွင် မိုးစက်များ အလျင်အမြန် ကျဆင်းနေခဲ့ရာ၊ ချန်ရိကျွင်း ခေါင်းကို ပြူ၍ အောက်သို့ ငုံ့ကြည့်လိုက်သော်လည်း မည်သည့်လူကိုမျှ မမြင်ရချေ။ ဤနေရာသည် အရှေ့ဘက် လမ်းမကြီးနှင့် မျက်နှာချင်းမဆိုင်ဘဲ ဘေးဘက်သို့ မျက်နှာမူထားခြင်း ဖြစ်၏။

ပြတင်းပေါက်၏ အောက်တွင် လမ်းကြားလေးတစ်ခု ရှိပြီး၊ မျက်နှာချင်းဆိုင်တွင်မူ လူနေအိမ်ရာ အဆောက်အအုံတစ်ခု ရှိနေသည်။ အဆောက်အအုံ နှစ်ခုစလုံးမှာ အလွန်ပင် နီးကပ်လှပေ၏။

သို့သော်လည်း မျက်နှာချင်းဆိုင် အဆောက်အအုံမှာ တည်းခိုခန်းနှင့်မတူဘဲ ငါးထပ်အမြင့်သာ ရှိပြီး၊ အထပ်အမြင့် ချင်းမတူသဖြင့် မိမိတို့ရှိရာ အထပ်ထက်စာရင် အနည်းငယ် ပုတိုနေသကဲ့သို့ ခံစားရ၏။

"ရှင် ဘာဖြစ်လို့လဲ။"

"မင်း တစ်ခုခု အသံကြားလိုက်မိလား။"

လူနှစ်ဦးစလုံးသည် ပြိုင်တူ စကားဆိုလိုက်ကြသည်။

ထိုသို့ ပြောဆိုနေစဉ်မှာပင်... ရုတ်တရက် ချန်ရိကျွင်းသည် ရဲဦးထုပ် ဆောင်းထားသော လူလေးငါးယောက် လမ်းကြားဝမှ ပြေးလွှားသွားသည်ကို လှမ်းမြင်လိုက်ရ၏။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး ရှိ ကြက်သီးမွေးညှင်းများ ထွက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

ညမှောင်နေသဖြင့် သေသေချာချာ မမြင်ရသော်လည်း၊ ရဲအရာရှိများ၏ လက်တွင် ဓာတ်မီးများ ပါရှိနေသည်မဟုတ်လော့။

သူသည် ပျာပျာသလဲ ဖြစ်သွားကာ

"တို့တွေ အမြန်သွားကြစို့... တို့တွေ..."

ဒုန်း ဒုန်း ဒုန်း...

ကွက်တိပင်… ထိုအချိန်မှာပင် တံခါးခေါက်သံ ပြင်းပြင်းထွက်ပေါ်လာခဲ့သည်။

ချန်ရိကျွင်း : "သေစမ်း…"

ကျောက်ရုံ ထိတ်လန့်သွားကာ ဖင်ထိုင်လျက် လဲကျသွားခဲ့ရ၏။

ဒုန်း ဒုန်း ဒုန်း...

တံခါးခေါက်သံမှာ ပိုမိုမြန်ဆန်လာပြီး နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

"တံခါးဖွင့်ပါ၊ ရဲစစ်ဆေးမှု ဖြစ်ပါတယ်။"

တံခါးအပြင်ဘက်မှ အသံ ထွက်ပေါ်လာ၏။

ကျောက်ရုံ တစ်ကိုယ်လုံး တုန်ရင်လာခဲ့ရသည်။ ချန်ရိကျွင်း၏ မျက်နှာမှာလည်း ပိုမိုဖြူဖျော့သွားခဲ့တော့သည်။

"ရဲဘော်တို့ တံခါးဖွင့်ပါ၊ ရဲစစ်ဆေးမှု ဖြစ်ပါတယ်။"

ချန်ရိကျွင်းနှင့် ကျောက်ရုံတို့ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး၊ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြရင်း နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ ဤကဲ့သို့သော ကိစ္စရပ်များကြောင့် ဖမ်းဆီးခံရသူ နည်းပါးလှသည်ဆိုသော်လည်း၊ ဤသည်မှာ ခိုင်လုံသော သက်သေအထောက်အထား မရှိ၍သာ ဖြစ်၏။ သို့သော်လည်း သူတို့၏ အခြေအနေမှာမူ မတူပါပေ…

လုံးဝ မတူဘူးလေ…

သူတို့သာ ဖမ်းဆီးခြင်းကို ခံရပါက... ကုတင်ပေါ်တွင် လက်ပူးလက်ကျပ် မိသွားခြင်း ဖြစ်ပေလိမ့်မည်။

ဒါကို ဘယ်လိုလုပ်ရပါ့မလဲ...

အချိန်ခေတ္တမျှအတွင်း လူနှစ်ဦးစလုံး မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြတော့ပေ။ တံခါးပြင်ပမှ တံခါးခေါက်သံများ ဆက်လက် ထွက်ပေါ်နေခဲ့ရာ၊ ကျောက်ရုံသည် တစ်ကိုယ်လုံး လေဖြတ်ဝေဒနာရှင်ကဲ့သို့ ပြင်းထန်စွာ တုန်ရင်နေပြီး ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားခဲ့ရ၏။ သူမသည် လူကောင်းတစ်ဦး မဟုတ်သော်လည်း၊ ဤကဲ့သို့သော အခြေအနေမျိုးနှင့်မူ တစ်ခါမျှ မရင်ဆိုင်ခဲ့ဖူးချေ။

လွန်ခဲ့သော အကြိမ်တုန်းကမူ...

အနည်းဆုံးတော့ ကြိုတင်ပြင်ဆင်ရန် အချိန်ရခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ ထိုသို့မဟုတ်ပေ။

သူမသည် ချန်ရိကျွင်းကို အကူအညီတောင်းခံသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရင်း အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

"ဘယ်လိုလုပ်ကြမလဲ။ တို့တွေ ဘယ်လိုလုပ်ကြမလဲ"

ချန်ရိကျွင်းမှာမူ ပိုမို၍ပင် ထိတ်လန့်နေခဲ့၏။ အကယ်၍ ဤကဲ့သို့သော ဖောက်ပြန်မှုကြောင့် ဖမ်းဆီးခံရပါက သူသည် သေချာပေါက် ကံဆိုးမိုးမှောင်ကျပေလိမ့်မည်။

မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါ ဖမ်းဆီးခံရလို့ မဖြစ်ဘူး..။

ချန်ရိကျွင်းသည် ရုတ်တရက် ခေါင်းကို မော့လျက် မျက်နှာချင်းဆိုင် အဆောက်အအုံကို စိုက်ကြည့်လိုက်ပြီး၊ ပြတ်သားစွာဖြင့် ပြတင်းပေါက်ပေါ်သို့ တက်လိုက်တော့သည်။

ကျောက်ရုံ ချန်ရိကျွင်းကို တုန်လှုပ်ခြောက်ခြားစွာဖြင့် စိုက်ကြည့်နေခဲ့သော်လည်း၊ ချန်ရိကျွင်းမှာမူ ထိုအရာများကို ဂရုမစိုက်တော့ကာ အဝတ်အစားများကိုပင် ဝတ်ဆင်ရန် အချိန်မရတော့ဘဲ၊ အသက်ပြင်းပြင်းရှု၍ မျက်နှာချင်းဆိုင် အဆောက်အအုံဆီသို့ အားကုန်သုံးကာ ခုန်ကူးလိုက်တော့၏။

ကျောက်ရုံ : "အမယ်လေး…"

သူမ၏ နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲမှ ထွက်ကျမတတ် ခံစားလိုက်ရသည်။

ချန်ရိကျွင်းသည် ဤကဲ့သို့ပင် တစ်ဟုန်ထိုး ခုန်ကူးသွားခဲ့ရာ… ဖတ်... ဘေးကင်းစွာဖြင့် အမိုးပေါ်သို့ ကျရောက်သွားခဲ့သည်။ ကံကောင်းလှသည်မှာ ဤအဆောက်အအုံ နှစ်ခုစလုံး၏ အကွာအဝေးမှာ အလွန်ပင် နီးကပ်လွန်း၍ ဖြစ်၏။ ချန်ရိကျွင်းအမိုးပေါ်တွင် လဲကျသွားခဲ့ပြီး မိုးရေများက ခန္ဓာကိုယ်ပေါ်သို့ လာရောက်ရိုက်ခတ်နေသော်လည်း၊ သူသည် အလွန်ပင် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။ သူသည် လွတ်မြောက်သွားခဲ့ပြီ….

လွတ်မြောက်သွားခဲ့ပြီ မဟုတ်ပါလား...

သူသည် ခြေဦးတည့်ရာသို့ အပြင်းအထန် ပြေးလွှားသွားခဲ့၏။

ကျောက်ရုံ : "သောက်ခွေး…"

ချန်ရိကျွင်း ပြေးလွှားသွားသည်ကို မြင်သောအခါမှ သူမသည် ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး၊ ချန်ရိကျွင်း၏ အဝတ်အစားများကို ကောက်ယူလျက် အောက်ထပ်သို့ လွှင့်ပစ်ရန် ပြင်ဆင်လိုက်သည်။ အောက်သို့ လွှင့်ပစ်လိုက်ပါက မည်သည့် သက်သေအထောက်အထားမျှ ရှိတော့မည်မဟုတ်...

ဒုန်း...

တံခါး ပွင့်သွားခဲ့ပြီ ဖြစ်သည်။

ကျောက်ရုံ "အားးးးး..." ကနဲအော်ဟစ်လိုက်မိ၏။

သူမသည် အဝတ်အစားများကိုပင် မဝတ်ဆင်ရသေးချေ...

သူမသည် မိမိကိုယ်ကိုယ် ဖက်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။

သူတို့သည် အချိန်အတော်ကြာသည်အထိ တံခါးကို လာရောက်မဖွင့်ပေးသဖြင့်၊ အခန်းတွင်းမှ လှုပ်ရှားမှုများကို နားထောင်ခြင်းအားဖြင့် အခြေအနေ မမှန်ကန်ကြောင်း သိရှိရရာ ရဲအရာရှိအချို့မှာမူ တံခါးကို အတင်းဝင်ရောက်ခဲ့ကြခြင်း ဖြစ်၏။

"ခင်များ ဘာလုပ်နေတာလဲ..."

သွက်လက်ချက်ချာသော ရဲအရာရှိတစ်ဦးမှာ ပြတင်းပေါက်အနားသို့ တိုးကပ်သွားရင်း အော်ဟစ်လိုက်သည်။

"လူတစ်ယောက် ထွက်ပြေးသွားပြီ..."

"အနောက်ကနေ လိုက်ဖမ်းကြ..."

ချန်ရိကျွင်းပင် ခုန်ကူးနိုင်သည်ဖြစ်ရာ ရဲအရာရှိများအတွက်မူ ပြောနေရန်ပင် မလိုတော့ချေ။ ချန်ရိကျွင်းသည် အမှန်တကယ်၌ လှေကားမှတစ်ဆင့် အောက်သို့ဆင်းရန် ကြံစည်ခဲ့သော်လည်း၊ ဤအဆောက်အအုံ၏ ဝရန်တာ တံခါးမှာ သော့ခတ်ထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် မိနစ်အနည်းငယ်မျှ ကြိုတင်၍ ရောက်ရှိခဲ့သော်လည်း အောက်သို့ လုံးဝ ဆင်းသွားနိုင်ခြင်း မရှိခဲ့ရာ၊ ထို့ကြောင့်ပင် စိတ်ဆုံးဖြတ်ကာ ဘေးဘက်ရှိ အခြားအဆောက်အအုံဆီသို့ ထပ်မံ၍ ခုန်ကူးလိုက်ပြန်၏။

အကွာအဝေးသည် နီးကပ်လွန်း၍သာ တော်တော့သည်။ မဟုတ်ပါက သူ၏ ဤကဲ့သို့သော ခန္ဓာကိုယ်အချိုးအစားနှင့် ဤမျှလောက်သော အသက်အရွယ်ဖြင့်ဆိုလျှင် ဤသည်မှာ သေကြောင်းကြံစည်ခြင်းမျိုးပင်တည်း။

သို့သော်လည်း ဤအခြေအနေသည်ပင် အတော်လေး ထိတ်လန့်စရာ ကောင်းလှပေသည်။

"မပြေးနဲ့တော့၊ ချက်ချင်းရပ်..."

"အသက်ကို မနှမြောတော့ဘူးလား။ ခေါင်းကိုလက်နဲ့အုပ်ပြီး ထိုင်ချလိုက်..."

ရဲအရာရှိများ၏ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ချန်ရိကျွင်းမှာ ပိုမို၍ပင် အပြင်းအထန် ပြေးလွှားသွားခဲ့တော့သည်။

ဟွန်း... လူအပဲ ရပ်မှာပေါ့... ငါကတော့ အဖမ်းခံလို့ လုံးဝမဖြစ်ဘူး…။

ချန်ရိကျွင်းသည် အခြားအဆောက်အအုံတစ်ခုပေါ်သို့ ရောက်ရှိသွားချိန်တွင် စိတ်ထဲမှ ပြင်းထန်စွာ ဆဲဆိုလိုက်မိသည်။

ဒီသေချင်းဆိုးတွေကတော့... တစ်ယောက်ပြီးတစ်ယောက် အပေါ်ဆုံးထပ်တွေကို သော့ခတ်ထားကြတယ်၊ တကယ့်ကို ယုတ်မာတဲ့ကောင်တွေပဲ…။

တကယ့်ကို အောက်တန်းစားတွေ။ ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ထားကြတာလဲ... ဘာဖြစ်လို့လဲ...

သူသည် ဟောဟဲလိုက်နေခဲ့ပြီး မိုးစက်များ ခန္ဓာကိုယ်ပေါ်သို့ လာရောက်ရိုက်ခတ်နေသော်လည်း၊ သူကြောက်ရွံ့ခြင်းမရှိသည့်အပြင် စိတ်က ပိုမိုကြည်လင်လာသည်ဟု ခံစားရကာ သေချာပေါက် လွတ်မြောက်အောင် ပြေးရမည်ဟု ဆုံးဖြတ်လိုက်၏။

ဒီ ဖောက်ပြန်မှုဆိုတာက နောက်ပြောင်စရာ ကိစ္စမှ မဟုတ်တာ။

အရှေ့ဘက်ရှိ အဆောက်အအုံသည် စောစောပိုင်း အဆောက်အအုံများထက် အနည်းငယ် ဝေးကွာနေသည်ကို မြင်တွေ့ရသော်လည်း၊ ဤအဆောက်အအုံ၏ အောက်သို့ဆင်းသည့် တံခါးမှာမူ ပွင့်နေပြီး လေတိုက်သဖြင့် ပိတ်လိုက်ပွင့်လိုက်၊ ပွင့်လိုက်ပိတ်လိုက် ဖြစ်နေခဲ့သည်။ ဝရန်တာပေါ်တွင်လည်း အဝတ်အစားများ လှန်းထားသည်ကို တွေ့ရ၏။ ချန်ရိကျွင်း၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားကာ…

'ကောင်းကင်က လူကို လမ်းပိတ်မထားဘူး' ဆိုတာ ဒါမျိုးပေါ့... ခုန်ကူးနိုင်ရုံနဲ့ ငါ အောက်ထပ်ကို ပြေးဆင်းသွားလို့ ရပြီ…။

အဲဒီအချိန်ကျရင် အဝတ်အစားတွေကို ကောက်ဝတ်လိုက်မယ်၊ ငါသာ လုံးဝ ဝန်မခံရင် ဘယ်သူကများ ငါလို့ ပြောရဲမှာလဲ...

ကျောက်ရုံက ဘာပဲပြောပြော၊ ငါကတော့ သေချာပေါက် အငြင်းခံမှာပဲ…။

အရင်ဇနီးကို အသက်ဆုံးရှုံးအောင် လုပ်ခဲ့တုန်းကလိုမျိုးပေါ့၊ ငါသာ ဝန်မခံရင် အထောက်အထား မရှိလို့ ငါ့ကို လွှတ်ပေးရမှာပဲ မဟုတ်လား…။

အနောက်မှ ရဲအရာရှိများသည်လည်း အနီးသို့ လိုက်ပါလာပြီဖြစ်ရာ၊ သူသည် ပျာပျာသလဲဖြင့် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုရင်း အဆုံး၌မူ အပြင်သို့ အနည်းငယ် ထွက်နေသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူသည် ထိုနေရာဆီသို့ ဦးတည်လျက် အားကုန်သုံးကာ ခုန်ကူးလိုက်တော့သည်။ အဆောက်အအုံ အတော်များများကို ဆက်တိုက် ခုန်ကူးနိုင်ခဲ့ခြင်းမှာ သူ၏ ယုံကြည်မှုကို ပိုမိုတိုးပွါးစေခဲ့၏။

သူသည် အားရပါးရ ခုန်ကူးလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကျရောက်သွားကာ ကျေနပ်အားရစွာ ပြုံးရန် ပြင်ဆင်နေစဉ်၊ ဂါဝန်တစ်ထည် လေထဲတွင် လွင့်မြောကာ ပျံသန်းလာခဲ့သဖြင့် သူ၏ ခြေထောက်များ ချော်သွားခဲ့ရပြီး…

"အားးးးး..."

မိုးရွာသွန်းမှု ပိုမိုပြင်းထန်လာခဲ့ပြီး သူသည် ခြေချော်လဲကျကာ လက်လှမ်းမီရာကို ရမ်းသန်းဖမ်းဆွဲခဲ့သော်လည်း မမျှော်လင့်ဘဲ အဆင်မပြေခဲ့ပေ။ အရာအားလုံးသည် လေပြင်းတစ်ချက်ဝှေ့သကဲ့သို့ မြန်ဆန်လွန်းလှသဖြင့် ရဲအရာရှိများပင် မရောက်ရှိလာနိုင်သေးမီ၊ သူ၏ ခန္ဓာကိုယ်မှာ အောက်ဘက်သို့ တောက်လျှောက် ကျဆင်းသွားခဲ့တော့သည်။

နာကျင်စွာ အော်ဟစ်သံမှာ နားစည်ကွဲမတတ် ထွက်ပေါ်လာခဲ့၏။

"အားးးးး..."

သူသည် အပေါ်သို့ လှမ်းကြည့်လိုက်ရာ ဂါဝန်လေး လွင့်မြောသွားသည်ကို မြင်တွေ့ရသဖြင့်၊ ချန်ရိကျွင်းသည် ရုတ်တရက် အရင်ဇနီးကို သတိရသွားကာ မိမိ၏ ဇနီးဟောင်း၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရပြီး ပိုမို၍ပင် စူးစူးဝါးဝါး အော်ဟစ်တော့သည်။

"အားးးးး... ငါ မှားပါပြီ၊ ငါ မှားပါပြီ၊ မင်းကို အသက်မဆုံးရှုံးစေခဲ့သင့်ဘူး၊ ငါ့ကို ခွင့်လွှတ်ပါ... အားးးး၊ ထွက်သွား... ထွက်သွားစမ်း..."

"ဒါ ဘာအသံလဲ။"

"ဘုရားရေ..."

"အားးးးး... လူတစ်ယောက် အပေါ်ထပ်ကနေ ပြုတ်ကျလာပြီ..."

"ဖြစ်ရလေ... တစ်ယောက်ယောက် အဆောက်အအုံပေါ်ကနေ ခုန်ချလိုက်တာလား။"

အိမ်ထောင်စုအသီးသီးမှ လူများသည် လှုပ်ရှားသံများကို ကြားရသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထလာကြရာ၊ အောက်ထပ်ရှိ လူနေအိမ်ဟောင်းများ၏ မီးလုံးများမှာ တစ်အိမ်ပြီးတစ်အိမ် လင်းထိန်လာခဲ့တော့သည်။ ရဲအရာရှိအချို့သည်လည်း နံရံအနားသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြပြီး အောက်သို့ ငုံကြည့်လိုက်ရာ၊ ချန်ရိကျွင်းသည် ဝုန်းခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပြီး မျက်နှာတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အမူအရာများ ပြည့်နှက်နေခဲ့၏။ အော်ဟစ်သံများမှာ တရစပ် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ခဏအတွင်းမှာပင် ရှုပ်ထွေးဆူညံသွားခဲ့တော့သည်။

မိုးစဲမသွားသည့်အပြင် ပိုမို၍ပင် ပြင်းထန်လာခဲ့ရာ ရဲအရာရှိအချို့၏ မျက်နှာများမှာလည်း ဖြူဖျော့နေခဲ့၏။ သူတို့သည်လည်း ဤကဲ့သို့သော ကိစ္စရပ်မျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။ သို့သော်လည်း ဝေခွဲမရ ဖြစ်မနေတော့ဘဲ အလျင်အမြန်ပင်

"မြန်မြန်... မြန်မြန် အောက်ဆင်းပြီး လူကယ်ကြစို့..."

တစ်ညလုံး မိုးများ ပြင်းထန်စွာ ရွာသွန်းခဲ့ပြီး လျှပ်စီးများ လက်လျက် မိုးခြိမ်းသံများ ဆူညံနေခဲ့သည်။ နံနက်ခင်းတွင် အိပ်ရာမှ နိုးထလာသောအခါ ယနေ့ ရာသီဥတုမှာ မနေ့ကထက်ပင် အနည်းငယ် ပိုမို ပူပြင်းနေခဲ့၏။ ချန်ချင်းယွီသည် မနေ့ည၌ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ… ဘာပဲဖြစ်ဖြစ် ထိုဘက်တွင် မည်သို့ဖြစ်ပျက်နေသည်ကို မသိရှိရသဖြင့် စိတ်ထဲတွင် အနည်းနဲ့အများတော့ စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။

"ရှောင်ချန်... နင့်ယောက္ခမက မနေ့က နင့်ကို ထပ်ဆဲပြန်ပြီမလား။ သူမက ဒီလိုလူမျိုးပဲဟာကို... နင်လည်း စိတ်ထဲ သိပ်မထားပါနဲ့။"

အဒေါ်ကြီးမြေသည် ဒုတိယဝင်းရှိ ရေတိုင်ကီအနားသို့ မျက်နှာသစ်ရန် လာရောက်စဉ် ချန်ချင်းယွီကို လှမ်း၍ စကားစမြည် ပြောဆိုလိုက်သည်။ ချန်ချင်းယွီ၏ မျက်နှာအမူအရာမှာ အနည်းငယ် မကောင်းသဖြင့် သူမ ဤကဲ့သို့ တွေးတောမိသွားခြင်း ဖြစ်၏။

"နင့်ယောက္ခမက ဒီလိုလုပ်နေတာ ဒီနေ့မှ မဟုတ်တာ၊ နင်က ဘာဖြစ်လို့ စိတ်ထဲ ထည့်နေမှာလဲ။"

ချန်ချင်းယွီ ပြုံးပြလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မ သိပါတယ်"

သူမ မျက်နှာသစ်လိုက်သဖြင့် စိတ်အနည်းငယ် လန်းဆန်းသွားခဲ့ရ၏။

နွေရာသီဖြစ်သဖြင့် ချန်ချင်းယွီသည် ခရင်မ်များ မလိမ်းတော့ဘဲ ဆံပင်ပေါ်မှ ရေစက်များကို ခါထုတ်လျက် နံနက်စာ ဝယ်ယူရန် အပြင်သို့ ထွက်လာခဲ့သည်။

"နင်တို့အိမ်က ဒီနေ့လည်း ထမင်းမချက်ပြန်ဘူးလား။"

ချန်ချင်းယွီ : "ဟုတ်ကဲ့၊ မနက်စာကို အလုပ်မရှုပ်ချင်တော့လို့ပါ"

သူတို့အိမ်သည် လမ်းကြားဝရှိ အီကြာကွေးဆိုင်၏ ဖောက်သည်ဟောင်းပင် ဖြစ်သည်။

ချန်ချင်းယွီ ဇလုံကို ကိုင်ဆောင်လျက် သွားရောက်ခဲ့ရာ ဆိုင်ရှင်

အဘွားအိုမှာ

"အမြဲတမ်း ဝယ်နေကျအတိုင်းပဲလား"

"ဟုတ်ကဲ့... ပဲနို့နဲ့ အီကြာကွေးပါ"

သူမ ခေါင်းညိတ်ပြလိုက်၏။ သူတို့မိသားစုသည် လက်ဖက်ကြက်ဥများကို သိပ်မဝယ်ယူဘဲ နေ့တိုင်း ကြက်ဥပြုတ်ကိုသာ မိမိဘာသာ ပြုတ်လေ့ရှိကြသည်။ သို့သော်လည်း ပဲနို့နှင့် အီကြာကွေးမှာမူ မပါမဖြစ်ပင်။

ဖောက်သည်ဟောင်း ဖြစ်သဖြင့် အဘွားသည် ပဲနို့ဖတ်များကို အများအပြား ထည့်ပေးခဲ့ပြီး ထပ်မံမေးမြန်းကာ

"ဒီနေ့ သကြားပန်ကိတ်လည်း လုပ်ထားတယ်၊ ယူဦးမလား"

ချန်ချင်းယွီ : "ဟယ်... သကြားပန်ကိတ်ရှိတာလား။ ဒါဆိုရင် ကျွန်မကို လေးကျင်းပေးပါ"

သူတို့မိသားစုသည် အစားကောင်းကောင်း စားနိုင်ကြသဖြင့် အမြဲတမ်း အများအပြား ဝယ်ယူလေ့ရှိကြရာ၊ အဘွားအိုသည်လည်း အသားကျနေပြီဖြစ်သဖြင့် အသာတကြည် ချိန်တွယ်ပေးလိုက်တော့သည်။

ဤကဲ့သို့ ဝယ်ယူနေစဉ်မှာပင် ရဲအရာရှိအချို့ လျှက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။ ဦးဆောင်လာသော ရဲအရာရှိမှာ ဤဒေသရှိ ရဲစခန်းမှ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး၊ ချန်ချင်းယွီနှင့် အစောကြီးကတည်းက သိကျွမ်းခဲ့သူ ဖြစ်သည်။ ယခင် မှိုဆိပ်သင့်သည့် ကိစ္စရပ်တွင် ချန်ချင်းယွီနှင့် ဆုံတွေ့ဖူးခြင်း ဖြစ်၏။

သူတို့သည် လမ်းကြားထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ချန်ချင်းယွီကို မြင်တွေ့လိုက်ရသဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း ခေါ်လိုက်၏။

"ချန်ချင်းယွီ..."

ချန်ချင်းယွီ ခေါင်းကို မော့ကြည့်လိုက်ရင်း

"ဟင်..."

သူမသည် အလွန်ပင် အံ့အားသင့်သွားဟန်ဖြင့် မေးမြန်းလိုက်၏။

"ရှင်တို့ ကျွန်မကို လာရှာတာလား။ တစ်ခုခု အဆင်မပြေလို့လားဟင်"

စိတ်ထဲတွင်မူ ချန်ရိကျွင်းသည် ဖောက်ပြန်မှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း အနည်းငယ် ရိပ်မိနေသော်လည်း၊ ချန်ချင်းယွီသည် မိမိ၏ တစ်သက်တာ သရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးလျက် ဘာမျှမသိရှိဟန်ဖြင့် အလွန်ပင် ဝေခွဲမရဖြစ်စွာ မေးခွန်းထုတ်လိုက်၏။

"ကျွန်မကို ဘာဖြစ်လို့ ထပ်လာရှာတာလဲ။ ဘာဖြစ်လို့လဲဟင်... ကျွန်မအဖေက ထပ်ပြီး သရဲခြောက်ခံရပြန်လို့လား။ သူက ဆေးရုံမှာ မဟုတ်ဘူးလား"

လွန်ခဲ့သော နှစ်ကြိမ်စလုံးသည် မိုးရွာသောနေ့များတွင် သရဲခြောက်ခဲ့ခြင်း ဖြစ်သဖြင့်၊ ချန်ချင်းယွီ ဤကဲ့သို့ မေးမြန်းခြင်းမှာ မည်သည့် ချို့ယွင်းချက်မျှ မရှိပေ။ သို့သော်လည်း ရဲအရာရှိဟောင်းက ခေါင်းခါပြလိုက်ရင်း

"မဟုတ်ပါဘူး... နင့်အဖေ ဆုံးသွားပြီ"

ချန်ချင်းယွီ : "ဘာပြောလိုက်တယ်..."

သူမသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသဖြင့် အော်ဟစ်လိုက်မိသည်။ သူမသည် တကယ်ကို မမျှော်လင့်ခဲ့ချေ၊ လုံးဝ မမျှော်လင့်ခဲ့သဖြင့် မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရ၏။ ဤသည်မှာ အနည်းငယ်မျှ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ… ယခုတစ်ကြိမ်တွင်မူ သရုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ၊ ချန်ချင်းယွီသည် တကယ်ကို မမျှော်လင့်ထားခဲ့သဖြင့် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကာ ထိုလူအချို့ကို ငေးမောကြည့်နေခဲ့သည်။ အချိန်အတော်ကြာမှ ထစ်ထစ်အငေါ့ငေါ့ဖြင့်

"သူ... သူ... သူက ဘယ်လိုဖြစ်ပြီး... ဘယ်လိုဖြစ်ပြီး သေသွားတာလဲ"

ချန်ရိကျွင်း... သေသွားပြီလား။

သူက တကယ်ပဲ သေသွားတာလား။

လူတစ်ယောက်က ဒီလောက်အထိ လွယ်လွယ်ကူကူနဲ့ သေဆုံးသွားနိုင်လိမ့်မယ်လို့ ငါ တကယ်ကို မတွေးမိခဲ့ဘူး…။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... 'လူယုတ်မာဆိုရင် အသက်ရာကျော် ရှည်တတ်တယ်' ဆိုတာ မဟုတ်ဘူးလား...

"ဒါ ဘာဖြစ်တာလဲ၊ ဒါ ဘယ်လိုဖြစ်တာလဲဟင်... သူက ဆေးရုံမှာ ရှိနေတာ မဟုတ်ဘူးလား။ အရေးပေါ် အခြေအနေဖြစ်ရင် ဘာဖြစ်လို့ အရေးပေါ် မကယ်တင်ကြတာလဲ။ သူ..."

ချန်ချင်းယွီ ခေါင်းကို ကုတ်လိုက်ရာ ဆံပင်များပင် ရှုပ်ပွသွားခဲ့ပြီး

"တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲဟင်..."

"နင်တို့အိမ်ကို သွားပြီး ပြောကြရအောင်။"

ချန်ချင်းယွီ "ဟင်..." ဟု ဆိုမိရာ…

"အိမ်ကို သွားပြီး ပြောတာက ပိုကောင်းပါတယ်"

ရဲအရာရှိမှာ ထပ်လောင်း ပြောဆိုလိုက်၏။

ချန်ချင်းယွီ : "ဪ... ကောင်းပါပြီ"

သူမသည် တစ်ကိုယ်လုံး ငိုင်တွေးနေခဲ့ပြီး တကယ်ကို တုန်လှုပ်ခြောက်ခြားနေခဲ့ခြင်း ဖြစ်သည်။

သူက ကျောက်ရုံနဲ့ ချိန်းထားတာ မဟုတ်ဘူးလား…။ ဘယ်လိုပဲဖြစ်ဖြစ် ကာမလွန်ကျူးပြီး သေဆုံးသွားတာမျိုးတော့ မဟုတ်လောက်ပါဘူးနော်…ဒါက တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ…။

ချန်ချင်းယွီ တကယ်ကို ဝေခွဲမရ ဖြစ်နေခဲ့ပြီး၊ ရဲအရာရှိအချို့သည်လည်း သူမ၏ ဝေခွဲမရဖြစ်နေမှုကို မြင်တွေ့ရသဖြင့်၊ ထိုအထဲမှ စိတ်သဘောထားကောင်းသော ရဲအရာရှိတစ်ဦးသည် သူမ၏ နံနက်စာဇလုံကို ကူညီကိုင်ဆောင်ပေးလိုက်တော့သည်။

ချန်ချင်းယွီသည် ခြေလှမ်းများ ယိုင်နဲ့လျက် ရဲအရာရှိအချို့နှင့်အတူ အိမ်သို့ လိုက်ပါလာခဲ့၏။ ယခုအချိန်မှာ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကလေးများ ကျောင်းတက်ရန် မလိုသော်လည်း၊ လူကြီးများမှာမူ အလုပ်သွားရမည့် အချိန်ဖြစ်ပေသည်။ ကွက်တိဆိုမည်… ဤအချိန်တွင် လူတိုင်း အပြင်သို့ ထွက်ခွာရန် ပြင်ဆင်နေကြစဉ်၊ ချန်ချင်းယွီ ရဲအရာရှိအချို့ကို ဦးဆောင်ကာ ဝင်လာသဖြင့် လူတိုင်း အလွန်ပင် ဝေခွဲမရ ဖြစ်သွားကြတော့၏။

"ရှောင်ချန်... ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လားဟင်။"

"ဟယ်... နင့်ယောက္ခမက နင့်ကို ဆဲလို့ ရဲတွေကို ခေါ်ပြီး လာဖမ်းခိုင်းတာလား။"

"သွားစမ်းပါ... နင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ရှောင်ချန်က အဲဒီလိုလူမျိုး ဘယ်လိုလုပ် ဖြစ်မှာလဲ။"

"ဒါ တကယ်ပဲ ဘာဖြစ်တာလဲ။"

သေချာပေါက် တစ်ခုခုတော့ ဖြစ်ပျက်နေပြီ ဖြစ်သည်၊ မဟုတ်ပါက ရဲအရာရှိ အများအပြား ဤမျှလောက်အထိ ရောက်ရှိလာစရာ အကြောင်းမရှိချေ။

ထိုအထဲမှ ရဲအရာရှိတစ်ဦးမှာ လှမ်းမေးကာ

"ကျောက်ရုံရဲ့ အိမ်က ဘယ်မှာလဲ"

"ဟင်... ကျောက်ရုံကို လာရှာတာလား။"

"ရှင်တို့က ကျောက်ရုံကို လာရှာတာကိုး။ သူတို့အိမ်က အလယ်ဝင်းထဲမှာ ရှိပါတယ်။"

"ကျွန်တော့်အမေ ဘာဖြစ်လို့လဲခင်ဗျာ"

ယွမ်ဟောက်ဖုန်း ဝင်ရောက်မေးမြန်းလိုက်၏။

ရဲအရာရှိနှစ်ဦးမှာ..

"ခင်များတို့အိမ်ကို သွားပြီး ပြောကြရအောင်"

လူတိုင်းသည် စပ်စုလိုစိတ်များ ပိုမိုပြင်းထန်လာကာ အလုပ်သွားရန်ပင် အလျင်မလိုတော့ပေ။ သို့သော်လည်း ခေတ္တမျှအတွင်း ချန်ချင်းယွီ၏ နောက်သို့ လိုက်ရမည်လော၊ သို့မဟုတ် ယွမ်ဟောက်ဖုန်း၏ နောက်သို့ လိုက်ရမည်လောဟူသည်ကို ဝေခွဲမရ ဖြစ်နေကြသည်။

ဒီနှစ်အိမ်စလုံးမှာ စပ်စုစရာတွေ ရှိနေတာလား….ဒါက ဘာကိစ္စကြီးမို့လို့လဲ…။

မာကျန့်ယီသည်လည်း အနားသို့ တိုးကပ်လာပြီး

"ရဲဘော်တို့... ကျွန်တော်က ဒီဝင်းရဲ့ တာဝန်ခံ မာကျန့်ယီ ပါခင်ဗျာ။ ရှင်တို့ ဒီကို လာတာက ဘာကိစ္စများ ရှိလို့လဲ မသိဘူး"

ရဲအရာရှိဟောင်း : "ချန်ချင်းယွီရဲ့ ဖခင် ဆုံးပါးသွားလို့ပါ၊ ကျွန်တော်တို့ လာရောက် အကြောင်းကြားတာ ဖြစ်သလို၊ အခြား စုံစမ်းစစ်ဆေးစရာ အချို့လည်း ရှိနေလို့ပါ"

မာကျန့်ယီ : "…."

ထိုစဉ် အဘွားကြီးကျောက်သည်လည်း အပြင်သို့ ထွက်လာခဲ့ပြီး၊ ရန်လိုသော အမူအရာဖြင့်

"ရှင်တို့က ဘာဖြစ်လို့ ထပ်လာရပြန်တာလဲ... ကျွန်မချွေးမက ကျွန်မတို့ အိမ်သူအိမ်သားပဲဥစ္စာ၊ ချန်ရိကျွင်းဆိုတဲ့ အဘိုးကြီးကိစ္စနဲ့ ကျွန်မချွေးမကို ခဏခဏ လာမရှာကြပါနဲ့၊ တကယ့်ကို စိတ်ရှုပ်ဖို့ကောင်းလွန်းလို့။ ယောကျာ်းကြီးတန်မဲ့ ကြွက်လောက်ပဲ သတ္တိရှိပြီး သရဲခြောက်တယ်လို့ လျှောက်ပြောနေသေးတယ်၊ ဘာကောင်မို့လို့ သရဲခြောက်ရမှာလဲ၊ ဒီလောကမှာ သရဲရှိတယ်ဆိုတာကို ကျွန်မ လုံးဝမယုံဘူး။ သရဲရှိတယ်ဆိုရင် ဘာဖြစ်လို့ ကျွန်မဆီ လာမခြောက်တာလဲ။ ကျွန်မအိမ်က သေသွားတဲ့ အဘိုးကြီးရော၊ သေသွားတဲ့ သားအဖိုးတန်လေးရော... တစ်ယောက်မှ ဘာဖြစ်လို့ လာမကြည့်ကြတာလဲ။ သရဲဆိုတာ ဘာမှမရှိဘူး..."

ရဲအရာရှိဟောင်း : "ကျွန်တော်တို့က သိပ္ပံပညာကို ယုံကြည်ရပါမယ်၊ ဒီလောကမှာ သရဲ တကယ်မရှိပါဘူး။ ကျွန်တော်တို့ လာတာက အဲဒီကိစ္စအတွက် မဟုတ်ပါဘူး"

လူအချို့ အိမ်ထဲသို့ ဝင်လာကြသော်လည်း ထိုင်ခြင်းမပြုဘဲ မာကျန့်ယီကို လှမ်းကြည့်လိုက်ကြရာ၊ မာကျန့်ယီသည် ချက်ချင်းပင် အပြင်မှ စပ်စုနေသော လူများကို မောင်းထုတ်တော့သည်။

"သွားကြ... သွားကြ... အကုန်လုံး အလုပ်သွားကြစို့၊ တစ်ယောက်ချင်းစီက ဘာလုပ်နေကြတာလဲ၊ ဒါက သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲဟာကို၊ နင်တို့တွေ စပ်စုမနေကြနဲ့တော့။ အလုပ်မသွားရင် နောက်ကျပြီး ပိုက်ဆံအဖြတ်ခံရလိမ့်မယ်၊ မြန်မြန်သွားကြစို့။"

သူသည် လူများကို မောင်းထုတ်ခဲ့သော်လည်း မိမိကိုယ်တိုင်မူ အထဲသို့ ဝင်လာခဲ့၏။

အင်း... ငါက ဝင်းတာဝန်ခံပဲဥစ္စာ။ ဒီဝင်းထဲက ကိစ္စရပ်တွေကို သေသေချာချာ သိထားဖို့ လိုအပ်တာပေါ့…။

ရဲအရာရှိဟောင်းသည် တုန်လှုပ်ခြောက်ခြားမှုမှ မလွတ်မြောက်နိုင်သေးသော ချန်ချင်းယွီကို စိုက်ကြည့်လိုက်ရင်း

"နင့်အဖေက မနေ့ညက ကျောက်ရုံလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတုန်း၊ ကျွန်တော်တို့ ရဲဘော်တွေက လက်ပူးလက်ကြပ် ဝင်ဖမ်းခဲ့တာ။ သူက ပဉ္စမထပ် ပြတင်းပေါက်ကနေ ခုန်ချပြီး ထွက်ပြေးခဲ့တယ်။ ကံကောင်းချင်တော့ ဘေးက အဆောက်အအုံတွေက အိမ်ဟောင်းတွေဖြစ်ပြီး ငါးထပ်အမြင့်ပဲ ရှိတာမို့ တည်းခိုခန်းထက် နည်းနည်း ပုနေတာက သူ ထွက်ပြေးဖို့ အဆင်ပြေစေခဲ့တာပေါ့။ သူက အဆောက်အအုံတွေကို ဆက်တိုက် ခုန်ကူးပြီး ထွက်ပြေးရင်းနဲ့ ခြေချော်ပြီး အောက်ကို ပြုတ်ကျသွားလို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်"

ချန်ချင်းယွီ : "……………………"

သူမ မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းကို မော့ကြည့်လိုက်မိသည်။

အဘွားကြီးကျောက် : ‘သောက်ကျိုးနည်း’

မာကျန့်ယီ : ‘နင့်မေကလွှား..’

သူတို့နှစ်ဦးစလုံး မနေနိုင်တော့ဘဲ နားကို လက်ဖြင့် ကုတ်လိုက်ကြရင်း "ဘယ်... ဘယ်သူနဲ့ ဖောက်ပြန်တာလဲ" ဟု ပြိုင်တူ မေးလိုက်မိကြ၏။

"ကျောက်ရုံပါ၊ ခင်များတို့ဝင်းထဲက ကျောက်ရုံပဲ ဖြစ်ပါတယ်။ ကျောက်ရုံကိုတော့ နေရာမှာတင် လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့သလို၊ သူတို့ ဖောက်ပြန်တဲ့ ကိစ္စကို သက်သေပြနိုင်မယ့် သက်သေတွေလည်း ရှိပါတယ်"

ရဲအရာရှိ အတည်ပြုပေးလိုက်သည်။

"ကျောက်ရုံလား၊ ဖြစ်ရလေ... ဘုရားရေ။ သူ... သူတို့... သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး အတူတူ ရှိနေကြတာလဲ။"

"တကယ်ကို မမျှော်လင့်ထားဘူး။"

"ဟုတ်တယ်၊ မမျှော်လင့်ထားဘူး။"

အဘွားကြီးကျောက် သက်ပြင်းချရင်း

"ဒီချန်ရိကျွင်းက ရူးနေတာလား။ မိရင်လည်း အဖမ်းခံလိုက်ရုံပဲဟာကို... ပဉ္စမထပ်ကြီးကို သူက အလကားအတိုင်း ခုန်ချရဲတယ်ပေါ့၊ ရူးနေတာပဲ... တကယ်ကို ရူးနေတာ..."

အဘွားကြီးကျောက်၏ တုန်လှုပ်မှုမှာ သရုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ၊ ထိုသတ္တိနည်းလှသော အကောင်သည် ဤမျှလောက် သတ္တိကြီးလိမ့်မည်ဟု တကယ်ကို မမျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ ပဉ္စမထပ်ကြီးကို ခုန်ချရဲသည်ဆိုတော့... ရူးနေခြင်း မဟုတ်ပါလော။ မိမိကိုယ်ကိုယ် မည်သူဟု ထင်မှတ်နေသနည်း။

ချန်ချင်းယွီသည်လည်း ယခုမှပင် သတိပြန်ဝင်လာခဲ့ပြီး ခေါင်းကို မော့လျက် မေးလိုက်၏။

"ရှင်တို့ ဝေရှု့ဖန်းကို ရော အကြောင်းကြားပြီးပြီလားဟင်"

ရဲအရာရှိဟောင်း : "ကျွန်တော်တို့ မနေ့ညကတည်းက ဝေရှု့ဖန်းဆီ လူလွှတ်ပြီး အကြောင်းကြားခဲ့ပါတယ်၊ သူမကတော့ ကြားကြားချင်း နေရာမှာတင် မေ့လဲသွားခဲ့တာ အခုထိ သတိမရသေးဘူး"

သူ ခေတ္တမျှ စဉ်းစားပြီးမှ အမှန်အတိုင်း ထပ်လောင်း ပြောဆိုလိုက်၏။

"နင့်အဖေ ချန်ရိကျွင်းက မနေ့ညက အောက်ကို ပြုတ်ကျသွားတဲ့ အချိန်မှာ... မိမိကိုယ်တိုင် လူသတ်ခဲ့ကြောင်း ဝန်ခံသွားခဲ့တယ်"

ချန်ချင်းယွီ : “….”

သူမသည် အံ့အားသင့်ဟန်ဖြင့်

"သူက အဆောက်အအုံပေါ်ကနေ ပြုတ်ကျတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဝန်ခံတာလဲဟင်"

ရဲအရာရှိဟောင်း စကားမပြောရသေးမီ၊ ငယ်ရွယ်သော ရဲအရာရှိလေးမှာ ပြတ်သားစွာဖြင့်

"သူ အဲဒီအချိန်တုန်းက သရဲခြောက်ခံရသလိုမျိုး ဖြစ်နေပြီး 'ငါ မှားပါပြီ၊ ငါ မှားပါပြီ၊ မင်းကို အသက်မဆုံးရှုံးစေခဲ့သင့်ဘူး၊ ထွက်သွားစမ်း...' ဆိုပြီး အော်ဟစ်ငိုယိုနေခဲ့တာ"

ရဲအရာရှိဟောင်း : "သရဲခြောက်တာတော့ မဟုတ်ပါဘူး၊ သူက လေထဲမှာ လွင့်နေတဲ့ ဂါဝန်တစ်ထည်ကို မြင်ပြီး ကိုယ့်ဘာသာ လန့်သွားတာ ဖြစ်ပါလိမ့်မယ်"

ထိုသို့ ပြောဆိုနေကြသော်လည်း၊ သူတို့ကိုယ်တိုင်ပင် စကားပြောရာတွင် ယုံကြည်မှု သိပ်မရှိလှချေ။ ဘာပဲဖြစ်ဖြစ် ဤကိစ္စရပ်မှာ တကယ့်ကို ထူးဆန်းလွန်းလှပြီး၊ အစောပိုင်း၌လည်း သရဲခြောက်သည့် ကိစ္စရပ်များ တကယ်ပင် ဖြစ်ပွါးခဲ့ဖူးသည်မဟုတ်လော့။

ဤအခန်းတွင်း၌မူ သရဲရှိသည်ဟူသော အချက်ကို မယုံကြည်ဆုံးသူမှာ ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သာ ဖြစ်ပေသည်။ အခြားသူများ မသိရှိကြသော်လည်း၊ သူတို့ကိုယ်တိုင်မူ ကောင်းမွန်စွာ သိရှိကြသည်သာ…။ အစောပိုင်း သရဲခြောက်ဟန် ဆောင်ခဲ့ခြင်းမှာ သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းတည်း။

ချန်ချင်းယွီ : "ဒါဆို... ရှင်တို့ အခြားလူတွေကိုရော အကြောင်းကြားပြီးပြီလားဟင်"

"အကြောင်းကြားပြီးပါပြီ၊ နင်ကော ဟိုဘက်ကို သွားပြီး ကြည့်ချင်သေးလား..."

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်၏။

လူတိုင်း သူမကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်ကြရာ၊ ချန်ချင်းယွီအမှန်အတိုင်း ပြတ်သားစွာဖြင့်

"သူကိုယ်တိုင် ဝန်ခံသွားပြီဆိုတော့... ကျွန်မအမေရဲ့ သေဆုံးမှုက သူနဲ့ ပတ်သက်နေတာ သေချာသွားပြီပဲ။ သူ ဆုံးပါးသွားခဲ့ပြီ ဆိုရင်တောင်မှ... ကျွန်မ သူ့ကို ထပ်ပြီး မတွေ့ချင်တော့ဘူး။"

သူမသည် မျက်လွှာကို အနည်းငယ် ချလိုက်ပြီးမှ၊ ခေါင်းကို ပြန်မော့လျက် ပိုမိုလေးနက်စွာဖြင့်

"ပြီးတော့ ကျွန်မ ယုံကြည်တာက... သူကလည်း ကျွန်မကို သမီးတစ်ယောက်လို ဘယ်တုန်းကမှ သဘောမထားခဲ့ပါဘူး။ အဲဒီလို ဖြစ်နေမှတော့... ကျွန်မဘက်ကလည်း သွားပြီး အမြင်ကတ်မခံတော့ပါဘူး။ ကျွန်မက ချန်မိသားစုက လူတွေနဲ့ ဘာပတ်သက်မှုမှ မရှိတော့တာ ကြာပါပြီ"

လူတိုင်း တိတ်ဆိတ်သွားကြပြီးမှ ရဲအရာရှိဟောင်း ခေါင်းညိတ်ပြလျက်

"နင် ဒီလိုမျိုး စဉ်းစားနိုင်တာက အကောင်းဆုံးပါပဲ။ နင့်ရဲ့ ကွယ်လွန်သွားတဲ့ မိခင်လည်း ကောင်းကင်ဘုံကနေပြီး နင် ချန်မိသားစုနဲ့ သေသေချာချာ အဆက်အသွယ် ဖြတ်လိုက်နိုင်တာကို မြင်ရင် ဝမ်းသာမိမှာပါ"

သူသည် ချန်ချင်းယွီ၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ရင်း မှာကြားကာ

"ဘဝကို ကောင်းကောင်း ဖြတ်သန်းပါ"

ဤစကားကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း ချန်ချင်းယွီ ခေါင်းကိုသာ ညိတ်ပြလိုက်မိသည်။

"ကဲ... ဒီကိစ္စမှာ နင် ဝင်ရောက် မပတ်သက်ပါနဲ့တော့၊ နောက်ထပ် ထူးခြားမှုတွေ ရှိလာရင် ကျွန်တော်တို့ လူလွှတ်ပြီး လာရောက် အကြောင်းကြားပေးပါ့မယ်။ ကျွန်တော်တို့ ယွမ်မိသားစုဆီကိုလည်း ဆက်သွားရဦးမှာမို့လို့"

ချန်ချင်းယွီ : "ဪ... ကောင်းပါပြီရှင့်"

ရဲအရာရှိအချို့သည် အိမ်ပြင်သို့ အတူတူ ထွက်ခွာသွားကြပြီး၊ အလယ်ဝင်းရှိရာဆီသို့ ဦးတည်လျှောက်လှမ်းသွားကြတော့သည်။ လူတိုင်းသည်လည်း အခြေအနေကို စပ်စုရန်အတွက် အလယ်ဝင်းဆီသို့ အပြေးအလွှား စုရုံးလာကြ၏။

ထိုစဉ် ရှိကျန့်ရှန်းတို့တစ်သိုက်လည်း အလျင်အမြန် တိုးကပ်လာပြီး

"ရှောင်ချန်... ဘာဖြစ်တာလဲဟင်"

အဘွားကြီးကျောက် ဒေါသတကြီးဖြင့် အော်ဟစ်မောင်းထုတ်လိုက်၏။

"နင်တို့တွေ ရူးနေကြတာလား။ ဒီကမ္ဘာကြီးက နင်တို့အတွက် မဆံ့တော့လို့လား။ ဘာဖြစ်လို့ ဒီလောက်တောင် သူများကိစ္စကို စပ်စုချင်နေရတာလဲ။ အခြေအနေကိုလည်း ကြည့်ကြဦးလေ၊ ချန်ရိကျွင်း သေသွားပြီဥစ္စာ။ ငါ့ချွေးမမှာ နင်တို့နဲ့ အတင်းအဖျင်းတွေ လျှောက်ပြောနေဖို့ စိတ်ခံစားချက် မရှိဘူး၊ သွားကြ... သွားကြ..."

"အယ်... ဒါပေမဲ့ သူက နင်နဲ့ ခမည်းခမက်ပဲဟာကို၊ ဒီလိုမျိုး ပြောတာတော့ သိပ်မကောင်းဘူးမလား။"

"နင်ကလည်း တကယ်ပဲ ရိုင်းလှချည်ရဲ့။"

အဘွားကြီးကျောက် ခါးကိုထောက်လျက် ပြတ်သားစွာ ဆိုလိုက်သည်။

"ငါက ဘယ်လိုမျိုး ယဉ်ယဉ်ကျေးကျေး ပြောရဦးမှာလဲ။ သေသွားတာကို သေသွားတယ်လို့ မပြောဘဲ ဘာပြောရမှာလဲ။ လူကသာ အခု ချက်ချင်း အသက်ပြန်ရှင်လာရင် အဲဒါကို သရဲထနိုးတာလို့ ခေါ်ရမယ်... ဒီအဘိုးကြီးက ဝဋ်လည်တာပဲ"

သူမ လက်ကို ဝှေ့ယမ်းပြရင်း

"သွားကြ... သွားကြ... အကုန်လုံး ထွက်သွားကြစို့"

မောင်းထုတ်သဖြင့် လူတိုင်း အလျင်အမြန်ပင် ဖယ်ရှားပေးလိုက်ကြရသည်။

ဒီအဘွားကြီးကတော့ တကယ့်ကိုပဲ…

ထားလိုက်ပါတော့... ထားလိုက်ပါတော့၊ ယွမ်မိသားစုဆီ သွားပြီး ကြည့်ရအောင်…။

အဘွားကြီးကျောက်သည် ချန်ချင်းယွီကို စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရင်း

"နင် ဘာမှမဖြစ်ဘူးမလား"

ချန်ရိကျွင်းသည် မည်သို့ပင် အသုံးမကျသော လူယုတ်မာတစ်ဦး ဖြစ်နေပါစေ၊ သူသည် ချန်ချင်းယွီ၏ ဖခင်အရင်း ဖြစ်ပေသည်။

အဘွားကြီးကျောက် စိတ်ထဲတွင် အနည်းငယ် မတင်မကျဖြစ်နေမိသည်၊ လူသေလျှင် အကြွေးကျေတတ်သည်ဆိုသလိုမျိုး... ဖြစ်နိုင်သည်မှာ ချန်ချင်းယွီအနေဖြင့် ချန်ရိကျွင်း၏ ကောင်းကွက်အချို့ကို သတိရသွားမိ၍ ဝမ်းနည်းနေခြင်း ဖြစ်နိုင်ပေ၏။ သူမက ဤသို့ တွေးတောမိသဖြင့် ဖျောင်းဖျရန် ပြင်ဆင်လိုက်သည်။

"နင် တကယ်ပဲ ဝမ်းနည်းနေရင်..."

"ကျွန်မ ဝမ်းမနည်းပါဘူး။"

ချန်ချင်းယွီ မျက်လုံးကို မော့ကြည့်လိုက်ရင်း

"ကျွန်မမှာ ဝမ်းနည်းစရာ ဘာအကြောင်းမှ မရှိပါဘူး"

သူမသည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ တုန်လှုပ်မှုသည် တုန်လှုပ်မှုသာဖြစ်ပြီး ဝမ်းနည်းခြင်းမရှိချေ။

သူမ အတိတ်မှ ကိစ္စရပ်အားလုံးကို ပြန်လည်မှတ်မိသွားခဲ့ပြီဖြစ်ရာ၊ အတိတ်ကို ပြန်လည်မှတ်မိသွားခဲ့၍သာ ချန်ရိကျွင်းသည် မည်ကဲ့သို့သော လူမျိုးဖြစ်ကြောင်းကို ပိုမို၍ သေသေချာချာ သိရှိသွားခဲ့ခြင်း ဖြစ်သည်။ ချန်ရိကျွင်းသည် သူမကို လက်လွှတ်မခံဘဲ ချုပ်ကိုင်ထားခဲ့ခြင်းမှာ ကျန်းမိသားစုထံမှ အကျိုးအမြတ်များနှင့် ပိုက်ဆံများကို လှည့်စားရယူရန်အတွက်သာ ဖြစ်၏။

ထိုစဉ်၌ သူမ၏ အဘိုးနှင့် အဘွားဖြစ်သူတို့သည် သူမကို အတင်းအကြပ် ခေါ်ဆောင်မသွားနိုင်ခဲ့ခြင်းမှာလည်း ထိုခေတ်အခါက သူတို့၏ လူမှုနောက်ခံအခြေအနေကြောင့် ဖြစ်သည်။

သို့သော်လည်း ဤအချက်ကို အခွင့်ကောင်းယူလျက်၊ ချန်ရိကျွင်းသူတို့ထံမှ ပိုက်ဆံများကို အမြောက်အမြား လှည့်စားယူခဲ့၏။

ချန်ရိကျွင်းသည် သူမကို သမီးတစ်ယောက်ကဲ့သို့ ဘယ်သောအခါမှ သဘောမထားခဲ့ဘဲ ပိုက်ဆံရှာသည့် သစ်ပင်တစ်ပင်ကဲ့သို့သာ သဘောထားခဲ့ခြင်း ဖြစ်ပြီး၊ အဆုံး၌မူ အဘိုးအဘွား နှစ်ဦးစလုံးကို သွယ်ဝိုက်သောနည်းဖြင့် အသက်ဆုံးရှုံးအောင်အထိ တွန်းပို့ခဲ့သူ ဖြစ်ရာ၊ ချန်ချင်းယွီ သူ့အပေါ်တွင် မည်သည့် သံယောဇဉ်မျှ မရှိပေ။ အမုန်းတရားများသာ ပြည့်နှက်နေခဲ့သည်။

"အမေ... အမေ ထင်လား၊ ချန်ရိကျွင်းက တကယ်ပဲ ဝဋ်လည်သွားတာလားလို့"

အဘွားကြီးကျောက် : "..."

သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ

"အယ်... နင်ပြောမှပဲ၊ ဒါက တကယ်ပဲ ဝဋ်လည်တာပဲ"

သူမ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်၊ ခိုးကြောင်ခိုးဝှက်ဖြင့် တိုးတိုးလေး မေးမြန်းလိုက်သည်။

"နင် ထင်လား... နင့်အဖေက သေခါနီးမှာ တကယ်ပဲ သရဲခြောက်ခံရတာလားလို့"

ထိုစဉ် ပြတင်းပေါက်အပြင်ဘက်တွင် လူတစ်ယောက် ရှိနေသည်ကို ချန်ချင်းယွီ ခံစားလိုက်ရ၏။

သူမသည် အဘွားကြီးကျောက်ကို မျက်စတစ်ချက်ပစ်ပြလိုက်ရင်း၊ ချက်ချင်းပင် အသံကို ပြောင်းလဲလျက် အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။

"ဒါကတော့ ကျွန်မလည်း မသိပါဘူး။ ရဲတွေ ရှိနေတာမို့လို့ ကျွန်မလည်း ပြောရခက်ပါတယ်၊ မဟုတ်ရင် အယူသီးတဲ့ ကိစ္စတွေကို ပြန့်ပွားစေသလို ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ တကယ်တော့... တကယ်တော့ ကျွန်မက သရဲရှိတယ်ဆိုတာကို ယုံကြည်ပါတယ်၊ မဟုတ်ရင် ဘာဖြစ်လို့ ဒီလောက်တောင် တိုက်ဆိုင်နေရမှာလဲ..."

"အေးလေ..."

အဘွားကြီးကျောက်သည်လည်း သက်ပြင်းတစ်ချက် ချလိုက်၏။

ချန်ချင်းယွီ : "အမေ... အမေ ယွမ်မိသားစုဘက်ကို သွားပြီး ကြည့်ပေးပါဦး၊ အဲဒီမှာ တကယ်ပဲ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သွားကြည့်လိုက်ပါဦး"

"ကောင်းပြီ၊ ငါ သွားမယ်..."

အဘွားကြီးကျောက်ပြောကာ ချက်ချင်းပင် အပြင်သို့ ထွက်လာခဲ့သည်။

သူမသည် မလှမ်းမကမ်းတွင် ရပ်နေသော ရဲအရာရှိငယ်တစ်ဦးကို မြင်တွေ့လိုက်ရသော်လည်း၊ မမြင်ချင်ယောင်ဆောင်လျက် အလယ်ဝင်းဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့၏။ ယခုအချိန်တွင် အလယ်ဝင်းအတွင်းမှ ယွမ်ဟောက်မင်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်နေခဲ့သည်။

"မဖြစ်နိုင်တာ၊ ဒါ လုံးဝမဖြစ်နိုင်ဘူး... ကျွန်တော့်မိန်းမက ဒီလိုလူမျိုး မဟုတ်ပါဘူး..."

"ခင်ဗျားမိန်းမ အဖမ်းခံရတဲ့ အချိန်တုန်းက အဝတ်အစား တစ်ထည်မှ ဝတ်မထားပါဘူးဗျာ။"

"ကျွန်တော့်မိန်းမက သေချာပေါက် မတရား စွပ်စွဲခံရတာ ဖြစ်မှာပါ၊ သူမ... သူမ... သူမက အတင်းအကြပ် ခြိမ်းခြောက်ခံရတာ၊ ဟုတ်တယ်... သူမက သေချာပေါက်..."

"ကျွန်တော်တို့ဆီမှာ သက်သေတွေ ရှိပါတယ်၊ ဘေးခန်းက လူတွေကလည်း သူတို့နှစ်ယောက်က အပြန်အလှန် သဘောတူညီမှုနဲ့ ဖြစ်ပျက်ခဲ့တာလို့ သက်သေပြနိုင်ကြပါတယ်"

ရဲအရာရှိ ပြတ်သားစွာ ရှင်းပြလိုက်သည်။

ယွမ်ဟောက်မင်၏ မျက်နှာမှာ ပိုမို၍ပင် ကြည့်ရဆိုးလာပြီး၊ ရုတ်တရက် သူသည် ထရပ်လိုက်ကာ ယွမ်ဟောက်ရွှယ်ဆီသို့ တဟုန်ထိုး ပြေးသွားရင်း လက်ကို မြှောက်လျက် မျက်နှာကို ဖြန်းခနဲနေအောင် ပြင်းထန်စွာ ရိုက်နှက်လိုက်၏။

"နင် ဝမ်းသာသွားပြီမလား။ အခုလိုမျိုး ဖြစ်သွားတော့... နင် ဝမ်းသာသွားပြီမလား။"

ယွမ်ဟောက်ရွှယ် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများကို မော့ကြည့်လိုက်မိသည်။

ယွမ်ဟောက်မင် ဆဲဆိုကာ

"ငါ ဘာဖြစ်လို့ နင်လိုမျိုး အသုံးမကျတဲ့ အကောင်မကို မွေးမိပါလိမ့်၊ မင်းကြောင့်မို့လို့... အမြဲတမ်း မင်းကြောင့်မို့လို့ပဲ..."

"အဖေ..."

ယွမ်ဟောက်ရွှယ် တုန်ရီစွာ ခေါ်လိုက်၏။

ယွမ်ဟောက်ဖုန်း ဝင်ရောက်တားဆီးကာ

"အဖေ... အဖေ ဘာလုပ်နေတာလဲ၊ ဒါက ဟောက်ရွှယ်နဲ့ ဘာဆိုင်လို့လဲ၊ အဖေ ဒီလိုမျိုး မလုပ်ပါနဲ့"

ယွမ်ဟောက်မင် ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်ရင်း

"မင်းကလည်း ကလေးမဟုတ်တော့ဘူး၊ တစ်ခုခု ဖြစ်တိုင်း မင်းအမေကိုပဲ အရှေ့ကနေ ထွက်ခိုင်းနေတာ၊ တစ်ခါနှစ်ခါ မကတော့ဘူး... မင်းက မင်းအမေကို အသက်ဆုံးရှုံးအောင်အထိ တွန်းပို့မှ ကျေနပ်မှာလား။"

"ကျွန်တော် မလုပ်ပါဘူး။"

"မလုပ်ပါဘူး ဟုတ်လား။ ငါကြည့်ရသလောက်တော့ မင်းက တကယ့်ကို အတ္တကြီးတဲ့ အကောင်ပဲ။ ပြောစမ်း... မင်းအမေကို ဒီလိုမျိုးတွေ လုပ်ဖို့ တွန်းအားပေးခဲ့တာ မင်းမလား။"

"အဖေ... အဖေ ကျွန်တော့်အပေါ်ကို ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး တွေးနိုင်ရတာလဲ။"

"ငါ ဘယ်လိုမျိုး တွေးရမှာလဲ။ ငါ မင်းကို ရိုက်သတ်လို့တောင် ရသေးတယ်... အသုံးမကျတဲ့ကောင်..."

ယွမ်မိသားစုသည် ခဏအတွင်းမှာပင် ရှုပ်ထွေးဆူညံသွားခဲ့တော့သည်။ အဘွားကြီးကျောက်သည် ဘေးကနေပြီး စပ်စုလျက် ခေါင်းတငြိမ့်ငြိမ့်ဖြင့်….

ယွမ်ဟောက်မင်ကတော့ တကယ့်ကို ဟန်ဆောင်ကောင်းလွန်းတယ်…။

ယွမ်ဟောက်မင် ဤကိစ္စကို ဘာမှမသိရှိဘူးဆိုတာကို ငါ လုံးဝမယုံဘူး…။

ဒီလူက အမြဲတမ်း ဒီလိုမျိုးပဲ၊ အကျိုးအမြတ် ရှိရင် ဘာမှမသိသလိုမျိုး ဟန်ဆောင်နေပြီး၊ ပြဿနာ ဖြစ်လာရင်တော့ သူတစ်ပါးကိုပဲ အပြစ်ပုံချတတ်တာ…။

အဲဒီ ဟောက်ရွှေကလည်း တူတူပါပဲ၊ ငါ့ချွေးမက အဲဒီလိုလူမျိုးကို ဘယ်လို ခေါ်လိုက်ပါလိမ့်... 'အတ္တဆန်တဲ့ အမြတ်ထုတ်သမား' တဲ့…။

အဘွားကြီးကျောက်သည် စိတ်ထဲမှနေ ခေါင်းကို တလှုပ်လှုပ် ညိတ်နေခဲ့သည်။

အခြေအနေများမှာ အလွန်ပင် ရှုပ်ထွေးနေခဲ့ပြီး၊ ဤအချိန်တွင် ချန်ချင်းယွီ ပြတင်းပေါက်အနား၌ ရပ်နေခဲ့၏။ သူမသည် ရှောင်ကျား၏ အခန်းပြတင်းပေါက်မှတစ်ဆင့် အလယ်ဝင်းအတွင်းရှိ ပြဇာတ်ကို စိုက်ကြည့်နေခဲ့ရာ၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် လာရောက် ဖျောင်းဖျကြသည်။

"မေမေ... မေမေ ဝမ်းမနည်းပါနဲ့နော်"

ချန်ချင်းယွီ : "မေမေ သိပ်ပြီး ဝမ်းမနည်းပါဘူးကွယ်"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ထိုစကားကို သိပ်မယုံကြည်ကြပေ။ မေမေသည် ပုံမှန်အားဖြင့် သူတစ်ပါးကိစ္စကို စပ်စုရလျှင် အလွန်ပင် ပျော်ရွှင်တတ်သော်လည်း၊ ယနေ့တွင်မူ ဤမျှလောက် တည်ငြိမ်နေခြင်းမှာ အခြေအနေ မမှန်ကန်ကြောင်း သိသာလှပေသည်။ ကလေးနှစ်ဦးစလုံးသည် မိခင်၏ ဘေးနားသို့ တိုးကပ်လာကြသဖြင့်၊ ချန်ချင်းယွီသည် ထိုကလေးနှစ်ဦးစလုံးကို တစ်ဖက်တစ်ချက်စီ ဆွဲဖက်လိုက်၏။

အလယ်ဝင်းအတွင်း၌ အလွန်ပင် ဆူညံနေခဲ့သော်လည်း ရဲအရာရှိများ ရှိနေသဖြင့် အဆုံး၌မူ ငြိမ်သက်သွားခဲ့ရသည်။

"ကျွန်တော်တို့က ခင်ဗျားတို့ ရိုက်နှက်နေတာကို လာကြည့်တာ မဟုတ်ပါဘူး၊ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြပါ။ ကျောက်ရုံက ဖောက်ပြန်မှုနဲ့ ပတ်သက်နေလို့ အခု လက်ရှိ ထိန်းသိမ်းခံထားရပြီ ဖြစ်ပါတယ်။ နောင်ကျရင် ခင်ဗျားတို့ ဟိုဘက်ကို သွားပြီး လုပ်ထုံးလုပ်နည်းတွေ သွားလုပ်ကြပါ"

ရဲအရာရှိ အမိန့်ပေးလိုက်သည်။

"ဒါ... ဒါက... ဒီထဲမှာ တစ်ခုခု မှားယွင်းမှု ရှိနေလို့လားခင်ဗျာ"

ယွမ်ဟောက်ဖုန်း အခြေအနေကို ပြောင်းလဲရန်အတွက် နောက်ဆုံးအကြိမ် ကြိုးစားကြည့်၏။

သို့သော်လည်း ရဲအရာရှိမှာ ပြတ်သားစွာဖြင့်

"အခြားပတ်သက်သူတစ်ဦးဖြစ်တဲ့ ချန်ရိကျွင်းက ထွက်ပြေးတဲ့ လမ်းခရီးမှာ မတော်တဆ ဆုံးပါးသွားခဲ့တယ် ဆိုပေမဲ့လည်း... အထောက်အထားတွေက ခိုင်လုံလွန်းနေတာမို့လို့ ကျွန်တော်တို့ဘက်က ဘယ်လူကောင်းတစ်ယောက်ကိုမှ မတရား စွပ်စွဲမှာ မဟုတ်ပါဘူး။ ပြီးတော့..."

သူသည် ယွမ်ဟောက်ဖုန်းကို စိုက်

ကြည့်လိုက်ရင်း ထပ်လောင်းပြောလိုက်၏။

"ကျောက်ရုံက ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး"

ရဲအရာရှိက ထုတ်မပြောခဲ့သည့် အချက်မှာ~~~ လွန်ခဲ့သော အကြိမ်၌ ကျောက်ရုံ၏ ကံကောင်းမှုကြောင့် အချို့လူများ ကူညီဖြေရှင်းပေးခဲ့ကြသဖြင့် အဆင်ပြေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ထိုစဉ်၌ သူတို့ကို လက်ပူးလက်ကြပ် ဖမ်းဆီးမိခဲ့ခြင်း မဟုတ်ဘဲ၊ နောက်ပိုင်းမှ ရိုက်နှက်မှုများကြောင့် အတိတ်က ကိစ္စရပ်များ ပါဝင်လာခြင်း ဖြစ်သဖြင့် ခိုင်လုံသော သက်သေအထောက်အထား ရှိသည်ဟု ပြောရန် ခက်ခဲခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အခြေအနေမှာ အလွန်ပင် ပြင်းထန်လှပြီး၊ သက်သေအထောက်အထားများလည်း အလွန်ပင် ခိုင်လုံလှပေသည်။

ချန်ရိကျွင်းသည်ပင် ဤကိစ္စကြောင့် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။ ထို့ကြောင့်ပင် ဤကိစ္စရပ်ကို သေချာပေါက် ပြင်းထန်စွာ ကိုင်တွယ်ရမည် ဖြစ်သည်။ အကယ်၍ သူတို့သာ ဖောက်ပြန်မှု မပြုလုပ်ခဲ့ပါက ရဲအရာရှိများ အဘယ်ကြောင့် ချန်ရိကျွင်းကို အနောက်မှ လိုက်ဖမ်းပါမည်နည်း။ ထို့ကြောင့် ဤသည်မှာ သေချာပေါက် ပြင်းထန်စွာ အပြစ်ပေးရမည့် ကိစ္စရပ် ဖြစ်၏။

"ဒီကိစ္စကို ကျွန်တော်တို့ ဆက်လက် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပြီး၊ အခြားပြဿနာတွေ ရှိလာရင်လည်း ခင်ဗျားတို့ကို ထပ်မံ ရှာဖွေသွားမှာ ဖြစ်ပါတယ်"

ထို့နောက် ခေတ္တမျှ တုံ့ဆိုင်းပြီးမှ ဆက်လက် ပြောဆိုလိုက်၏။

"လွန်ခဲ့တဲ့ အကြိမ်တုန်းက ကိစ္စရပ်တွေ ပြီးသွားကတည်းက... ခင်ဗျားတို့အနေနဲ့ နောက်တစ်ကြိမ် ထပ်မံ မကျူးလွန်သင့်ဘူးဆိုတာကို သိထားရမှာပါ၊ ဒါပေမဲ့ ခင်ဗျားတို့ကတော့ ဘာသင်ခန်းစာမှ ရရှိသွားခဲ့ပုံမပေါ်ဘူး"

ယွမ်မိသားစုဝင် အသီးသီး၏ မျက်နှာများမှာ မည်းမှောင်နေခဲ့ကြသည်။

"ကဲ... ခင်ဗျားတို့ ရက်အနည်းငယ်ကြာရင် လဲလှယ်မယ့် အဝတ်အစားတွေ လာပို့လို့ ရပါတယ်။ ကျွန်တော်တို့ သွားတော့မယ်။"

ရဲအရာရှိများ မကြာမီမှာပင် ထွက်ခွာသွားကြတော့သည်။ ဤကိစ္စ၏ နောက်ဆက်တွဲများမှာ အနည်းငယ် များပြားလှကာ သူတို့ဘက်မှ လာရောက်အကြောင်းကြားပြီးပြီ ဖြစ်၍ နောက်ဆက်တွဲ ကိစ္စရပ်များကို ဆက်လက် ကိုင်တွယ်ရန်အတွက် ပြန်လည် ထွက်ခွါသွားကြ၏။

လူများ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဝင်းတစ်ခုလုံးမှာ ချက်ချင်းပင် ဆူညံသွားခဲ့တော့သည်။ လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြရသည်၊ ကျောက်ရုံတွင် ဤကဲ့သို့သော အတိတ်ရာဇဝင် ရှိခဲ့ဖူးသည်ဆိုသော်လည်း၊ သူမ ဤကဲ့သို့ ထပ်မံ ပြုလုပ်လိမ့်မည်ဟု မည်သူများ ထင်မှတ်ထားမည်နည်း။ ထို့အပြင်... သူမ ချန်ရိကျွင်းနှင့် မည်သို့ဖြစ်ပြီး အချိတ်အဆက် ရှိသွားသနည်း။

ချန်ရိကျွင်းသည် ဤကိစ္စကြောင့် အသက်ဆုံးရှုံးခဲ့ရသဖြင့်၊ လူတိုင်းသည်လည်း ယွမ်မိသားစုထံသို့ သွားရောက်၍ ကံဆိုးမှုများကို မဖိတ်ခေါ်ဝံ့ကြချေ။ ထို့ကြောင့် လူအချို့မှာမူ စုရုံးလျက် တိုးတိုးတိတ်တိတ်ဖြင့်သာ အတင်းအဖျင်း ပြောဆိုနေကြတော့၏။ အခြေအနေကို နားမလည်ဘဲ ယွမ်မိသားစုထံသို့ သွားရောက် မေးမြန်းသော လူအချို့မှာမူ… အရိုက်ခံရပြီး ပြန်ထွက်လာခဲ့ကြရသည်။

ယခုကဲ့သို့သော အခြေအနေမျိုးတွင် သွားရောက်မေးမြန်းခြင်းမှာ ပြဿနာကို ရှာဖွေခြင်းသာ…။ ဝင်းတစ်ခုလုံးမှာ အလွန်ပင် စည်ကားသိုက်မြိုက်နေခဲ့၏။

အဘွားကြီးဟွမ်သည် အလွန်ပင် ပါးနပ်လှစွာဖြင့် အကြံပြုလေသည်။

"တို့တွေ ဝင်းထဲမှာပဲ ပြောနေလို့ ဘာထူးမှာလဲ၊ အဲဒီ မုဆိုးမလေးကလည်း သူ့အဖေနဲ့ ဘာအဆက်အသွယ်မှ မရှိတာကြာပြီဆိုတော့... သူမလည်း ဘာမှသိမှာ မဟုတ်ဘူး။ တို့တွေ မနေ့က ဖြစ်ပျက်ခဲ့တဲ့ နေရာဆီကို သွားပြီး မေးမြန်းကြည့်ကြရအောင်။ ဒါဆိုရင် အတွင်းရေးအချို့ကို သေချာပေါက် သိရလိမ့်မယ်"

"ဟုတ်ပ... ဟုတ်ပ။"

"ကျွန်မလည်း သွားမယ်။"

"ဒါဆို တို့တွေ အတူတူ သွားကြစို့။"

"ဒီကျောက်ရုံက တကယ်ပဲ လျှို့ဝှက်နိုင်လွန်းတယ်၊ ဒီကိစ္စသာ ပေါ်မလာရင် ဘယ်သူကများ သူမနဲ့ ချန်ရိကျွင်းတို့ အတူတူ ရှိနေကြတယ်ဆိုတာကို သိမှာလဲ။"

"အေးလေ... မဟုတ်ဘူးလား။"

"ဟယ်... နင်တို့ ထင်လား၊ ယွမ်ဟောက်မင်မှာ တစ်ခုခု ချို့ယွင်းချက် ရှိနေလို့လားဟင်။ မဟုတ်ရင် ကောင်းကောင်းမွန်မွန် ရှိနေပါလျက်နဲ့... ကျောက်ရုံက ဘာဖြစ်လို့ အပြင်မှာ အမြဲတမ်း လူရှာနေရတာလဲ။"

"အာ... ဒါကတော့... ပြောရခက်ပါတယ်ဟယ်။"

"ဘာဖြစ်လို့ ပြောရခက်ရမှာလဲ၊ ငါကြည့်ရသလောက်တော့ ဖြစ်နိုင်ခြေ ရှိတယ်နော်။ စဉ်းစားကြည့်လေ... လွန်ခဲ့တဲ့ အကြိမ်တုန်းက ယောကျာ်းကလည်း ရုပ်ဆိုးဆိုးကြီးဥစ္စာ၊ ဒါပေမဲ့ ကျောက်ရုံက သဘောတူခဲ့တာပဲ။ အခုတစ်ကြိမ်လည်း ဒီလိုပဲ။ အကယ်၍ ယွမ်ဟောက်မင်သာ အသုံးမကျရင်... သူမက ဘာဖြစ်လို့ အပြင်ဘက်ကို အတင်း ထွက်နေရမှာလဲ..."

"နင်ပြောတာ ဟုတ်တယ်၊ ဖြစ်နိုင်ခြေ ရှိတယ်။"

လူတိုင်း တိုးတိုးတိတ်တိတ်ဖြင့် အတင်းအဖျင်း ပြောဆိုရင်း ချက်ချင်းပင် အပြင်သို့ ထွက်ခွာသွားကြကာ၊ တည်းခိုခန်းရှိရာသို့ သွားရောက် စုံစမ်းရန် ပြင်ဆင်လိုက်ကြတော့သည်။

အဘွားကြီးကျောက် ဆဲဆိုလျက် အိမ်ထဲသို့ ပြန်ဝင်လာပြီး

"ဒီလူတွေကတော့ တကယ့်ကိုပဲ၊ တစ်ယောက်ချင်းစီက အတင်းအဖျင်း ပြောဖို့ပဲ စိတ်ဝင်စားကြတယ်၊ ပါးစပ်သရမ်းတဲ့ အကောင်တွေ"

ချန်ချင်းယွီ : "သူတို့ ပြောပါစေဦး အမေရယ်၊ တို့တွေလည်း သူတစ်ပါးရဲ့ ပါးစပ်ကို ပိတ်ထားလို့ ရတာမှ မဟုတ်တာ"

သူမသည် အစောပိုင်းကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း မရှိတော့ဘဲ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ချန်ချင်းယွီသည် စိုးရိမ်ပူပန်နေသော ကလေးနှစ်ဦးကို စိုက်ကြည့်လိုက်ရင်း

"မေမေက သားတို့သမီးတို့ရဲ့ အဘိုးနဲ့ အဆင်ပြေတာ မဟုတ်ဘူးကွယ်။ သူ ဘာပဲဖြစ်ဖြစ် မေမေကတော့ သိပ်ပြီး ဝမ်းမနည်းပါဘူး။"

သူမသည် မိမိကိုယ်ကိုယ် ကလေးများအမြင်တွင် သွေးအေးရက်စက်သော လူတစ်ဦးဟု မထင်မှတ်စေချင်သဖြင့်

"မေမေ မွေးကတည်းက သူက မေမေတို့ကို လုံးဝ မချစ်ခဲ့ဘူး။ သူက မေမေ့ကို သူတစ်ပါးလက်ထဲ မထည့်ခဲ့တာက သားတို့သမီးတို့ရဲ့ ဘိုးဘိုးကြီးနဲ့ ဘွားဘွားကြီးတို့ဆီကနေ အကျိုးအမြတ်တွေ နှိုက်လို့ရနေလို့ပဲ။ သူက မေမေ့ကို ဓားစာခံလုပ်ပြီး အကျိုးအမြတ်တွေ ရယူခဲ့တာ၊ မေမေ့အပေါ်မှာလည်း မကောင်းခဲ့ဘူး၊ မေမေတို့ကြားမှာ ဘာသံယောဇဉ်မှ မရှိခဲ့ဘူး။ မေမေက သားတို့သမီးတို့ရဲ့ ဘိုးဘိုးကြီးတို့အိမ်မှာပဲ ကြီးပြင်းခဲ့တာ။ ဒါပေမဲ့ သူတို့ သေဆုံးသွားခဲ့ရတာကလည်း ဒီချန်ရိကျွင်းနဲ့ပဲ ပတ်သက်နေတယ်။ ဒါကြောင့် တို့တွေက ဆွေမျိုးအရင်းအချာတွေ ဆိုပေမဲ့လည်း ရန်သူတွေလို့ပဲ ပြောလို့ရတယ်။ အခု သူ သေသွားပြီဆိုတော့ မေမေ တကယ်ပဲ နည်းနည်းလေးမှ ဝမ်းနည်းတဲ့စိတ် မရှိဘူးကွယ်"

"ဒါဆိုရင် ဝမ်းမနည်းပါနဲ့ မေမေ၊ တို့တွေက တန်ဖိုးမရှိတဲ့ လူတွေအတွက် ဝမ်းမနည်းကြေး"

ရှောင်ကျား မိခင်၏ လက်မောင်းကို ဖက်တွဲလိုက်ရင်း နှစ်သိမ့်လိုက်၏။

"မေမေ သူတို့အတွက် ဝမ်းမနည်းတာက အကောင်းဆုံးပဲ၊ သူတို့က မတန်ဘူး"

ချန်ချင်းယွီ အသာအယာ ခေါင်းညိတ်ပြလိုက်ရင်း

"သားတို့သမီးတို့က အခု ငယ်သေးတော့ အချို့အကြောင်းအရာတွေကို နားမလည်နိုင်သေးဘူး၊ နောင်ကျရင် သားတို့သမီးတို့ ကြီးပြင်းလာတဲ့အခါကျမှ မေမေ အဖြစ်အပျက်အားလုံးကို အစအဆုံး အမှန်အတိုင်း ပြောပြမယ်၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့..."

ရှောင်ကျားနှင့် ရှောင်ယွမ်တို့က ပြိုင်တူ ဖြေကြားလိုက်ကြသည်။

ချန်ချင်းယွီ : "တစ်ခါတလေကျရင်... အချို့ကိစ္စရပ်တွေက တကယ့်ကို ဝဋ်လည်တာပဲနော်"

ချန်ချင်းယွီ ဤသို့ သက်ပြင်းချနေစဉ်မှာပင်၊ အခြားတစ်ဖက်၌လည်း လူအချို့ ဤကဲ့သို့သော စကားမျိုးကိုပင် ပြောဆိုနေကြ၏။

"ဝဋ်လည်တာပဲ၊ တကယ်ပဲ ဝဋ်လည်တာ။ တကယ်ပဲ သရဲရှိတယ်၊ သရဲက တို့တွေကို တကယ်ပဲ လာပြီး ကလဲ့စားချေတာ။ အီးဟီး... တကယ်ပဲ သရဲရှိတယ်..."

ဝေရှု့ဖန်းသည် သတိရလာကတည်းက စိတ်မနှံ့သူတစ်ဦးကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ငိုယိုနေခဲ့သည်။

"ဝဋ်လည်တာ၊ တကယ့်ကို ဝဋ်လည်တာပဲ..."

သူမ အဆက်မပြတ် အော်ဟစ်နေခဲ့၏။

ရဲအရာရှိအချို့ မည်သို့ပင် ဖျောင်းဖျစေကာမူ မရပေ။ ဝေရှု့ဖန်း အော်ဟစ်ငိုယိုလွန်းသဖြင့် အသံများပင် ဝင်နေခဲ့ပြီ ဖြစ်သည်။ အချိန်အတော်ကြာမှ သူမသည် ရုတ်တရက် လူတစ်ဦး၏ လက်မောင်းကို အတင်းအကြပ် ဖမ်းဆွဲလိုက်ရင်း ပြာပြာသလဲဖြင့်

"ကျွန်မ ဝန်ခံပါ့မယ်။ ကျွန်မ အပြစ်ကို ဝန်ခံပါ့မယ်၊ ကျွန်မ အပြစ်ဝန်ခံပြီး ပြစ်ဒဏ်ခံလိုက်ရင်... အမျိုးသမီးသရဲက ကျွန်မကို လာမရှာတော့ဘူး၊ ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်၊ ကျွန်မ အပြစ်ဝန်ခံရမယ်... မဟုတ်ရင်... မဟုတ်ရင် နောက်တစ်ယောက် သေမှာက ကျွန်မ ဖြစ်သွားလိမ့်မယ်..."

ဝေရှု့ဖန်း အသံကျယ်ကြီးဖြင့်

"ကျွန်မ အပြစ်ဝန်ခံပါ့မယ်၊ ကျွန်မ သိတယ်၊ အဲ့ဒီတုန်းက အဖြစ်အပျက် အားလုံးကို ကျွန်မ သိတယ်၊ ကျွန်မ အပြစ်ဝန်ခံပါ့မယ်..."

လူတိုင်း : "ဝိုး…"

All Chapters