← Chapters

အခန်း ၁၂၈၅

Vol. 108 Ch. 1285

အခန်း ၁၂၈၅

Vol. 108 Ch. 1285

အခန်း ၁၂၈၅ -

မင်း ဘယ်သူလဲ ... ။

“ မဟာအကြီးအကဲဝေ ... နတ်ဘုရားမီးလျှံဂိုဏ်း ဖျက်ဆီးခံလိုက်ရပါပြီ ရန်သူက ကျောက်စိမ်းအလင်း မြင့်မြတ်မြေရဲ့ အင်‌မော်တယ်ဘုရင်ခုန်ရီ ဦး‌ဆောင်တဲ့ အင်မော်တယ်အဖွဲ့တစ်ဖွဲ့ပါ။ ”

ထျန်းချူးတောင်သည် မတ်စောက် လွန်းလှသဖြင့် ထိပ်ဖျားမှာ မိုးတိမ်များထဲသို့ တိုးဝင်ပျောက်ကွယ်နေသည်။ ထိုအချိန်တွင် ကျယ်လောင်လှသော အသံတစ်သံသည် လေထုအလယ် ပဲ့တင်ထပ်လာတော့၏။

သည့်နက်နေပြီဖြစ်သော်လည်း တောင်ကြီးတစ်ခုလုံးမှာ ထိုအသံကြီးကြောင့် မီးရောင်စုံများဖြင့် ချက်ချင်းလင်းထိန် အသက်ဝင်လာတော့သည်။

ပတ်ဝန်းကျင်ရှိ တောင်များနှင့် မြစ်များသည်ပင် ထင်ရှားစွာ မြင်လာနိုင်၏။ ရုတ်တရက် သတ်ဖြတ်လိုသော ရောင်ဝါတစ်ခု တောင်းတန်းအပေါ် ပျံ့နှံ့လာပြီး၊

“ ဟမ့် ... ကျောက်စိမ်းအလင်း မြင့်မြတ်မြေက အမှိုက်တစ်စက ငါ့ဝိညာဉ် တစ်သောင်းဂိုဏ်းကို တိုက်ခိုက်ဝံ့သလား။ ”

-ဟု ပဲ့တင်ထပ်သွားသည်။

“ မဟာအကြီးအကဲဝေ ... ကြယ်တစ်ရာအင်‌မော်တယ်ဂိုဏ်းရဲ့ ဌာန အခြေစိုက်စခန်း ဖျက်ဆီးခံလိုက်ရပါပြီ။ ”

“ ခုန်ရီ ... မင်းသေချင်နေတာပဲ ... ။ ”

ထိုအသံနက်ကြီးနှင့်အတူ တောင်တန်းကြီးတဝိုက် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာ အလွှာတစ်ခု ထွက်ပေါ်လာတော့၏။

သည့်နောက်တွင် လေထဲအလယ် ရွှေရောင်ဝတ်လုံဆင်မြန်းလျက် ခန့်ငြားလှသော အဖိုးအိုတစ်ဦးထွက်ပေါ်လာသည်။

ဤသည်မှာမဟာအကြီးအကဲ ဝေရွှန်းဖြစ်ချေ၏။ သူထွက်ပေါ်ပြီး မကြာမီ အမျိုးသား၊ အမျိုးသမီး နှစ်ဆယ်နီးပါးသည် လေထဲချက်ချင်း လိုက်ပါလာသည်။

“ မဟာအကြီးအကဲဝေ ကြက်သွေးရောင်မီးလျှံရေကန် ခံတပ် ဖျက်ဆီးခံလိုက်ရပါပြီ ”

“ ဒါ ... ။ ”

ဝေရွှန်းတစ်ယောက် မျက်နှာ မည်းမှောင်သွားတော့၏။ ဌာနခွဲတိုင်းတွင် အမည်ခံအင်‌မော်တယ်ဘုရင် ဆယ်ပါးခန့်ရှိကာ စစ်မှန်သော ကနဦးအင်‌မော်တယ်ဘုရင် တစ်ပါးရှိသည်။

ထိုသို့သော အင်အားစုကို နာရီပိုင်းအတွင်း ဖျက်ဆီးပစ်ခြင်းသည် အဓိပ္ပါယ်မရှိချေ။ ရန်သူ အနေဖြင့် အခြားသော မဟာမိတ်များကို ရရှိထားပုံရသည်။

“ သေချာစုံစမ်းပါ ... ကျောက်စိမ်းအလင်း မြင့်မြတ်မြေနဲ့ အခြားမြင့်မြတ်မြေ နှစ်ပါးတို့ ပူပေါင်းလိုက်ပြီလား ငါသိချင်တယ်။ ”

ဝေရွှန်းမှ လက်ဝှေ့ရမ်းကာ အမိန့်ပေးလိုက်သည်။ အင်မော်တယ်မြေတွင် ဝိညာဉ်တစ်သောင်းဂိုဏ်းကို ဤမျှလွယ်လွယ် စစ်ကြေညာဝံ့သူ မရှိသေးချေ။ ထို့ကြောင့် တစ်စုံတစ်ရာမှားယွင်းနေပုံရ၏။

“ လူတိုင်း အမိန့်ကို နားထောင်ပါ တောင်တန်းကာကွယ်‌ရေးဝင်္ကပါ အသင့်ပြင်ပြီး လျှို့ဝှက်နတ်ဆိုး စစ်တပ်ကို ဆင့်ခေါ်ပါ။ ”

“ ..... ။ ”

ချက်ချင်း တောင်ခါးပန်း၌ သူတော်စင် အင်မော်တယ်သုံးရာကျော်သည် သုံးပေရှိသော ကြေးဝါအလံငယ်များကို ကိုင်ဆောင်လျက် ထွက်ပေါ်လာကြ၏။

ထိုသူတော်စင် အင်မော်တယ်များ၏ ရောင်ဝါသည် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပြီး တောင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းခဲ့သည်။

“ ဝူး ... ။ ”

တစ်ချိန်တည်းမှာ ထျန်းချူးတောင်၏ တစ်ဖက်တစ်ချက်တွင် ဧရာမ အာကာသဥမင် လိုဏ်ခေါင်းကြီးများ ပွင့်လာ၏။

ထိုဥမင်လှိုဏ်ခေါင်းများ အတွင်းမှ မရေမတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူများ စစ်တပ်ကြီးအလား ပြေးထွက်လာသည်။

“ ဖရူး ... ။ ”

အချို့သည် တောင်ပံဖြန့်လျက် ကောင်းကင်ကိုဖုံးလွှမ်းနိုင်သော ဧရာမငှက်များ အဖြစ် ပြောင်းလဲသွားကြပြီး၊ အချို့မှာ တောင်တန်းကြီးများကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်များကို ထုတ်ဖော်နေ၏။

ဤသည်မှာ နတ်ဆိုးကျင့်ကြံသူများ၊ အပင်ဝိညာဉ်များ၊ ငှက်များနှင့် သားရဲကြီးများ အပေါင်းတို့ဖြစ်သည်။

ထိုသတ္တဝါများ ပေါင်းစည်းကာ ကောင်းကင်ကို ဖုံးလွှမ်းလုမတတ်စစ်တပ်ကြီး အသွင်ဖြင့် ထျန်းချူးတောင်ကြီးကို ချက်ချင်း ကာကွယ်လိုက်တော့၏။

သူတို့၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များသည် ပင်လယ်ကြီးအလား လေထုအလယ် ဟိန်းဟောက်နေသည်။

ထို့ကြောင့် ထျန်းချူးတောင်၏ ပေတစ်သောင်းပတ်လည်အတွင်း လေထုသည် သတ်ဖြတ်ခြင်းရောင်ဝါများနှင့် ပြည့်နှက်လာ၏။ ငရဲဘုံတမျှပေပင်။

“ မဟာအကြီးအကဲ ငါတို့ အများကြီးတွေးမိနေတာများလား။ ”

ထိုမြင်ကွင်းကြောင့် နတ်ဆိုး အင်မော်တယ်ဘုရင်တစ်ပါးက မေးမြန်းလာ၏။ လက်ရှိအခင်းအကျင်းအရ သူတို့ဂိုဏ်း၏ ဝှက်ဖဲအားလုံးနီးပါး ဆင့်ခေါ်ထားချေပြီ။

“ ငါတို့ မကြောက်ပေမယ့် ပေါ့ပေါ့တန်တန်တော့ သဘောထားလို့ မရဘူး။ ”

ဝေရွှန်းက တည်ငြိမ်စွာ တုန့်ပြန် ပြောကြားလိုက်သည်။ ထျန်ချူးတောင်တန်းမှာ ဝိညာဉ်တစ်သောင်းဂိုဏ်း၏ အုတ်မြစ်ဖြစ်၏။

ကျောက်စိမ်းအလင်း မြင့်မြတ်မြေမှ အင်‌မော်တယ်ဘုရင်ခုန်ရီ ဦးဆောင်သောအဖွဲ့မှ ဤနေရာဆီသို့ ချီတက်လာဝံ့ခြင်းသည် တကယ်ပင် မယုံနိုင်စရာပေပင်။

တစ်ဖက်လူတွင် ဝှက်ဖဲအချို့ ရှိနေသည်လော။ အတွေးများဖြင့် ဝေရွှန်းခမျာ မိုးကုပ်စက်ဝိုင်းထံ မျှော်ကြည့်လိုက်သည်။

“ မဟာအကြီးအကဲဝေ အစီရင်ခံပါတယ် ... လှိုဏ်ဂူတစ်ထောင်တောင်တန်းပေါ်က နတ်ဆိုး ဂိုဏ်းကြီးငါးဂိုဏ်း ဖျက်ဆီးခံလိုက်ရပါပြီ။ ”

လမ်းတလျှောက် ဌာနခွဲများထံမှ ဖျက်ဆီးခံလိုက်ရသော သတင်းများသည် သူထံ အဆတ်မပြတ် ရောက်ရှိလာနေ၏။ ယင်းသည် သူ့ကို အမှန်ပင် အံ့အားသင့်စေသည်။

သူ့အမြင်အရ ကျောက်စိမ်းအလင်း မြင့်မြတ်မြေတွင် ဤမျှဝံ့ကြွားသောသတ္တိမျိုး မရှိချေ။ သည့်ပြင် မနေ့ညကပင် သူတို့၏ မဟာ အကြီအကဲဝေယွမ်ထံမှ ညှိနှိုင်းမှုကို ရရှိထား၏။

ထိုသို့သော အခြေအနေသည် တစ်ညတည်းဖြင့် ပြောင်းလဲသွားကာ ယခု မိုင် (၃၀၀၀၀)ခရီးကို သတ်ခြင်းနှင့်ချီတက်လာသည့် သတင်းသည် လုံးဝအဓိပ္ပါယ်မရှိချေ။

“ အဲဒီ သေခါနီးအဖိုးကြီးခုန်ရီက ငါ့တို့ဝိညာဉ်တစ်သောင်းဂိုဏ်းကို ဘယ်လိုများ တိုက်ခိုက်ဖို့ သတ္တိရှိလာတာလဲ။ ”

အင်မော်တယ်ဘုရင်တစ်ပါးက မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်လေသည်။ အခြားသူများသည်လည်း အဖြေမပေးနိုင်ချေ။ တိတ်ဆိတ်နေတော့၏။

“ အစီရင်ခံပါတယ် ... လင်းမန်တောင်ထိပ်က ဝမ်ယွမ်နတ်ဆိုးဂိုဏ်း ဖျက်ဆီးခံလိုက်ရပါပြီ။ ”

“ အစီရင်ခံပါတယ် ... ငှက်မွှေးတောင်ကြားက ကောင်းကင်မြစ် နတ်ဘုရားဂိုဏ်း ဖျက်ဆီးခံလိုက်ရပါပြီ။ ”

“ အစီရင်ခံပါတယ် ... ။ ”

“ အစီရင်ခံပါတယ် ... ။ ”

“ အစီရင်ခံပါတယ် ... ။ ”

ဆက်တိုက်ဆိုသလို သတင်းဆိုးများ ထပ်မံရောက်ရှိလာသဖြင့် အလွန်တည်ငြိမ်သည့် ဝေရွှန်းပင် မျက်နှာပျက်ယွင်းသွား၏။

သူ၏စိတ်ထဲတွင် ဝိညာဉ် တစ်သောင်းဂိုဏ်း၏ ဌာနခွဲများသည် ဓားပူပူဖြင့် ဖြတ်တောက်ခံနေရသည့် ထောပတ်အတုံးအခဲ အလား ထင်မှားလာစေသည်။

များမကြာခင် မိုးကုပ်စပ်ဝိုင်းမှ ပျံသန်းလာနေသော အစက်အပျောက်ပုံရိပ်သုံးခု ရုတ်တရက် ပေါ်လာခဲ့၏။

“ ဟမ့် ... သုံးယောက်တည်းလား။ ”

လူတိုင်း အံ့အားသင့်သွားသည်။ သူတို့၏ခံတပ်(၁၃)ခုကို ဤမျှတိုတောင်းသော အချိန်အတွင်း သုတ်သင်ရှင်းလင်းသွားသည့် တရားခံမှာ အင်‌မော်တယ်ဘုရင် စစ်တပ်ကြီး မဟုတ်ခဲ့ချေ။

“ ဟမ့် ... ဒါကတကယ်ပဲ ကျောက်စိမ်းအလင်း မြင့်မြတ်မြေရဲ့ အင်မော်တယ်ဘုရင်ခုန်ရီနဲ့ သူ့တပည့်မ ယင်ရှုပဲ အဲဒီဘက်မှာက ဗလာနယ်ပယ်လူငယ်လေး တစ်ယောက်မဟုတ်လား။ ”

အကြီးအကဲတစ်ပါးမှ လုံးဝ အံ့အားသင့် သွားလေသည်။ ခုန်ရီသည် နတ်ဘုရားကပ်ဘေး ခံစားနေရသူဖြစ်၏။ သူ့ကျင့်ကြံမှုဖြင့် ဤသို့ ရောက်လာနိုင်စရာ အကြောင်း မရှိချေ။

ထိုအတွေးဖြင့် လူတိုင်းသည် သူတို့ရှေ့မှခုန်ရီတို့သုံးဦးကို ကျော်လွန်လျက် မိုးကုပ်စက်ဝိုင်းထံ ထပ်မံကြည့်လိုက်ကြသည်။

အချိန်အတော်ကြာသည်အထိ မည်သူမျှ လိုက်ပါလာခြင်းမရှိသောကြောင့် ဝေရွှန်းခမျာ မျက်မှောင်ကြုတ်လျက်၊

“ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကို အရင်မေးကြည့်ရအောင် ... တရားခံက သူတို့ မဟုတ်လောက်ဘူး။ ”

- ဟု မှတ်ချက်ပေးလိုက်၏။

ရွှေရောင်ဝတ်ရုံဝတ် အင်မော်တယ် ဘုရင်တစ်ပါးက ခေါင်းညိတ်ပြီးရှေ့သို့တက်ကာ လေးနက်သောအသံဖြင့်၊

“ ခုန်ရီ ... ညသန်းခေါင်ယံမှာ ထျန်းချူးတောင်ကို မင်းလာလုပ်တာလဲ။ ”

-ဟု မေးမြန်းသည်။

ခုန်ရီမှ ရယ်ချင်စိတ်ကို ထိန်းလိုက်၏။ ဤလူများသည် သူတို့အသက်များလာယူသည့် သေမင်းကိုပင် သိပုံမရချေ။

ယင်းသည် ပုံမှန်ဖြစ်သည်။ စုရီ၏ အလျင်သည်မြန်ဆန်နေသဖြင့် ခံတပ်(၁၃)ခုကို ဖျက်ဆီးခဲ့သည့် တရားခံအဖြစ် မည်သူမျှ မျှော်လင့်ထားပုံမရချေ။

သို့သော် ထျန်းချူးတောင်၏ ဧရာမ စစ်တပ်ကြီးကိုမြ‌င်သောအခါတွင် သူသည်ပင် နှလုံးသားများ လေးလံလာခဲ့သည်။

နတ်ဆိုးကျင့်ကြံသူ ထောင်ဂဏန်း၊ သူတော်စင်အင်မော်တယ် ရာပေါင်းများစွာနှင့် အင်မော်တယ်ဘုရင် နှစ်ဆယ်နီးပါးဟူသည် စစ်ပွဲကြီးတစ်ခုကိုပင် ဆင်နွှဲနိုင်၏။

ထိုအချိန်တွင် ဝေရွှန်းနှင့် အခြားသူများသည်လည်း ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားကြသည်။

ထျန်းချူးတောင်တဝိုက် ကောင်းကင်နှင့် မြေကြီးကို ပိုက်ကွန်ကဲ့သို့ တားမြစ်အလွှာဖြင့် ဖုံးအုပ်ထားသော်လည်း ခုန်ရီနှင့်အဖွဲ့သည် လုံးဝကြောက်ရွံ့မှုမရှိခဲ့ချေ။

“ ခုန်ရီ မင်းအဲဒီမှာရပ်ပြီး ... ငါမေးတာကိုဖြေပါ မဟုတ်လို့ မင်းထပ်ပြီးသာ တိုးကပ်လာရင် ငါတို့ကို အပြစ်မတင်နဲ့။ ”

‌ရွှေရောင်ဝတ်စုံနှင့် အင်‌မော်တယ်ဘုရင်မှ အော်ငေါက်လိုက်၏။ စုရီက လေထုအလယ်၌ ခဏမျှ ရပ်တန့်လိုက်ပြီး၊

“ မင်းတို့နှစ်ယောက် ဒီနေရာကနေ စောင့်ကြည့်ပါ ဘာပဲဖြစ်ဖြစ် ရှေ့တိုးမလာနဲ့။ ”

-ဟု မှာကြားလေသည်။

ခုန်ရီနှင့် ယင်ရှုမှ အနည်းငယ် စိုးရိမ်နေသော်လည်း ခေါင်းညိတ်ပြလိုက်ကြ၏။ စုရီက တစ်ယောက်တည်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။

“ ရပ်စမ်း ... ကောင်လေး မင်းဘယ်သူလဲ။ ”

ချက်ချင်းပင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များသည် ကောင်းကင်ပေါ်သို့ မြင့်တက်လာကာ စုရီထံ ဦးတည်လာတော့၏။ စုရီမှာမူ လုံးဝဂရုမစိုက်ဘဲ ဖြည်းညှင်းစွာ လျှောက်လှမ်းလျက်၊

“ ငါ့နာမည် စုရီ ... ရှန့်မူလို့လဲ ခေါ်လို့ရတယ်။ ”

-ဟု တုန့်ပြန်လိုက်လေသည်။

***

All Chapters