အခန်း ၁၂၈၆
Vol. 108 Ch. 1286
အခန်း ၁၂၈၆ -
ကျေနပ်သည်အထိ သွေးကိုတောင့်တခြင်း။
ပေါ့ပါးလှသော အဖြေကြောင့် လူတိုင်းမယုံနိုင်အောင် ဖြစ်ကုန်ကြလေသည်။ ဝေရွှန်းပင် မျက်ခုံးပင့်လိုက်၏။
“ ဒါဆို ... ငါတို့ရဲ့ ခံတပ်(၁၃)ခုလုံးကို မင်းတစ်ယောက်တည်း ဖျက်ဆီးခဲ့တာလား။ ”
ရွှေရောင်ဝတ်စုံနှင့် အင်မော်တယ်ဘုရင်မှ ထိတ်လန့်စွာမေးမြန်းလိုက်၏။ လက်ရှိခေတ်၌ ရှန့်မူဖြစ်စေ၊ စုရီဖြစ်စေ ပြိုင်ဘက်ကင်းဘီလူး တစ်ကောင်ဖြစ်ကြောင်း ပြောနိုင်သည်။
တစ်ဖက်လူ၏ တိုက်ပွဲမှတ်တမ်းသည် အင်မော်တယ်နယ်မြေအနှံ့ ပျံ့နှံ့နေပြီဖြစ်၏။ တစ်ဖက်လူသည် လူမြင်ကွင်းမှ လပေါင်းများစွာ ပျောက်ကွယ်နေပြီးနောက် သူတို့တံခါးဝသို့ ဆိုက်ရောက်လာချေပြီ။
***
ကောင်းကင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပြီး မှောင်မိုက်သော လေဟာနယ်မှာ အဖျက်စွမ်းအားများဖြင့် ပြည့်လျှံလာသည်။
သတ်ဖြတ်ခြင်းဝင်္ကပါနှင့် သတ်ဖြတ်ခြင်းတိုက်ပွဲဝင်ပုံစံသည် ပေါင်းစပ်ပြီး လုံးဝပိတ်ဆို့ထား၏။
ဤဧရိယာအတွင်း ယင်ကောင် တစ်ကောင်သည်ပင် လွတ်မြောက်ထွက်ပြေးရန် လမ်းမရှိချေ။
စုရီသည်ပင် အသက်ရှူကြပ်သလို ဖိအားမျိုးကိုခံစားလိုက်ရ၏။ လက်ရှိခွန်အားဖြင့် ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် မလွယ်ကူကြောင်း သိရှိလိုက်သည်။
ယင်းသည် ထိုက်ကျင်းနယ်ပယ် ခွန်အားထက်ပင်သာလွန်နေ၏။ သို့သော်လည်း ထိတ်လန့်သွားခြင်း မရှိချေ။ သူမျှော်လင့်သော အခွင့်အရေးသည် ဤနေရာ၌ ရှိနေကြောင်း ခံစားမိလိုက်၏။
“ ကလန် ... ။ ”
စုရီလက်ထဲမှ သေမျိုးဓားသည် ပြင်းစွာ တုန်ခါသွားသည်။ ငရဲဘုံကိုးပါးဓားရောင်ဝါများ စီးဝင်လာခြင်းဖြစ်၏။
အပြာရောင် ဓားကိုယ်ထည်သည် နက်မှောင်ဆန်းကြယ်သော တောက်ပမှုများဖြင့် လင်းလက်လာတော့သည်။
“ ဟိတ် ... ။ ”
ချက်ချင်းပင် ကောင်းကင်ပေါ် ခုန်တက်လိုက်ကာ ဓားကိုရှေ့သို့အဟုန်ဖြင့် ထိုးသွင်းလိုက်၏။ ထိုအခါ အဖြူရောင် နတ်သက်တံကြီးကဲ့သို့ ယှဉ်နိုင်စရာမရှိသော ဓားအလင်းများ ပေါက်ကွဲထွက်လာသည်။
“ သတ် ... ။ ”
“ ဝုန်း ... ။ ”
ထိုဓားအလင်းအောက်တွင် ကောင်းကင်ဘုံကိုးပါးတားမြစ် စွမ်းအားမှာ ဆက်လက်မတိုးနိုင်ဘဲ ပြင်းထန်စွာ တုန်ခါနေတော့၏။
“ ဒါ ... ဘယ်လိုဖြစ်နိုင်မှာလဲ။ ”
သူတော်စင် အင်မော်တယ်များမှာ မျက်ခုံးပင့်လိုက်ကြ၏။ မဟာအကြီးအကဲ ဝေရွှန်းနှင့်အဖွဲ့သည် မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားတော့သည်။
ထိုအချိန်တွင် ဓားအလင်းသည် ကောင်းကင်ပြင်ကို ထက်ပိုင်းဖြတ်လျက် ဆက်လက် ဝုန်းဒိုင်းကြဲလာ၏။
“ ဖိနှိမ် ... ။ ”
သူတော်စင် အင်မော်တယ်များက အော်ဟစ်လိုက်သည်။ ရှေ့ဆုံးတွင် တိုက်ပွဲဝင် နေရသော နတ်ဆိုးစစ်တပ်ကြီးမှာ ဒေါသများ တောက်လောင်လာတော့၏။
ဝိညာဉ်တစ်သောင်းဂိုဏ်း၏ နတ်ဘုရားအဆင့် ဝင်္ကပါသည် စွမ်းအားအပြည့် မပြသနိုင်ခင် ရပ်တန့်သွားပြီဖြစ်သည်။
၎င်းထံမှ အဖျက်စွမ်းအားများသည် လွှမ်းမိုးချုပ်ကိုင်တတ်သော ဓားစွမ်းအင်ကြောင့် မှုန့်မှုန့်ညက်ညက် ကြေမွလွင့်ပြယ်နေ၏။
“ မင်းမှာ ရှိတာ အကုန်သုံးကြ။ ”
သူတော်စင် အင်မော်တယ်များက နတ်ဆိုးစစ်တပ်ကြီးကို မောင်းနှင်လျက် စုရီကို သတ်ရန် ထပ်မံကြိုးစားလိုက်သည်။
“ ဝမ် ... ။ ”
တစ်ဆက်တည်းမှာပင် နတ်ဘုရားစွမ်းအားအချို့ ပါရှိသောတံဆိပ်ကို ထုတ်ယူကာ ဝင်္ကပါနှင့် ပေါင်းစည်းလိုက်၏။
“ ဝူး ... ။ ”
တိုက်ပွဲအလယ်တွင် စုရီသည် နတ်ဆိုးစစ်တပ်ကြီးနှင့် အလုပ်ရှုပ်သွားချေပြီ။ သို့တိုင် သူ့အမူအရာသည် တည်ငြိမ်စွာဖြင့် ဓားကိုဝှေ့ယမ်းကာ ချေဖျက်နေ၏။
ဓားရောင်ဝါသည် လေဟာနယ်အတွင်း အရပ်မျက်နှာအသီးသီးထံသို့ ပြန့်ကျဲနေခဲ့ကာ ကြယ်မြစ်ကြီးတစ်စင်းအလား ပြိုကျနေ၏။
ထျန်းချူးတောင်တစ်ခုလုံး ဝုန်းဒိုင်းကြဲ ပေါက်ကွဲနေပြီး ပြင်းထန်စွာ ပျက်စီးကုန်သည်။ ဝေရွှန်းနှင့် အခြားအင်မော်တယ်ဘုရင်များသည် ရပ်ကြည့်မနေနိုင်တော့ဘဲ လက်နက်များ ထုတ်ယူလိုက်ကြတော့၏။
တစ်ဖက်လူသည် ဝမ်ယဲ့ ဝင်စားသူ ဖြစ်သောကြောင့် မပေါ့ဆဝံ့ချေ။ ဤအချိန်တွင် အခွင့်အရေးယူကာ သတ်ရန်ကြိုးစားခြင်းသည် အကောင်းဆုံးပေပင်။
ဝမ်ယဲ့ကဲ့သို့ လူတစ်ယောက်ထံ အုပ်စုဖွဲ့ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ချေ။ ထိုစဉ်ကပင် ထိုက်ကျင့်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ(၂၀)ကျော်သည် ဝိုင်းဝန်းလုပ်ကြံ ခဲ့ရသော သာဓကရှိနေသည်။
စုရီမှ ထိုမြင်ကွင်းကြောင့် ပြုံး၏။ တစ်ဆက်တည်းမှာပင် လေဟာနယ်ကိုခြေဖြင့် ပုတ်ကာ မြားတစ်စင်းအလား တောင်ထိပ်ထံ ဦးတည်လိုက်တော့သည်။
“ ဝှစ် ... ။ ”
သူသည် သူတော်စင်နယ်ပယ်သို့ ဝင်ရောက်ရန် အခွင့်အရေးတစ်ခုသာလိုချေပြီ။ ထို့ကြောင့် သူ့ခွန်အားသည် ယခင်ထက် များစွာ တိုးတက်နေပြီဖြစ်၏။
ဤအင်မော်တယ်ဘုရင်များသည် လွယ်ကူသော ပြိုင်ဘက် မဟုတ်သော်လည်း သူ တောင်းတနေသည့် အရာပေပင်။
“ ငါတို့ မလှုပ်ရှားခင် မင်းကို မေးချင်တာတစ်ခုရှိတယ် ... မင်းက တကယ်ပဲ ထာဝရညဧကရာဇ် ဝင်စားသူလား။ ”
ရုတ်တရက် ဝေရွှန်းမှ မေးမြန်းလိုက်၏။ သူ့မေးခွန်းကြောင့် လူတိုင်းတိတ်ဆိတ်ကုန်ကာ မျက်နှာအမူအရာများ သိမ်မွေ့စွာ ပြောင်းလဲသွားတော့သည်။
ဤအချင်းအရာသည် အင်မော်တယ်မြေ၌ ထိပ်တန်း တားမြစ် သတင်းကြီးတစ်ရပ်ဖြစ်၏။ သူတို့ကဲ့သို့ အင်မော်တယ်ဘုရင်များမဆိုနှင့် နတ်ဘုရားများကိုပင် တုန်လှုပ်စေသည်။
“ မင်း ငါ့ကို အနိုင်ယူနိုင်ရင်ပြောပြမယ်။ ”
တစ်ဖက်တွင် စုရီသည် ပြုံးလျက် ဝေရွှန်းကို ဖိတ်ခေါ်လိုက်တော့၏။
“ ကောင်းပြီ ... ငါစမ်းကြည့်မယ် ... ဒီညတော့ မင်းထွက်မပြေးဖို့ မျှော်လင့်ပါတယ်။ ”
“ ဟားဟားဟား ... ဘယ်သူ ထွက်ပြေးမလဲဆိုတာ ငါလည်း သိချင်နေပြီ။ ”
စကားဆုံးသည်နှင့် စုရီက သေမျိုးဓားကို ချက်ချင်းထုတ်ယူလိုက်၏။ အပြာရောင်အလင်း အချို့ ကောင်းကင်ပေါ် ဖြာတက်လာသည်။
တစ်ဆက်တည်းမှာပင် စုရီ၏ ရောင်ဝါသည်လည်း ဓားအိမ်ထဲမှထွက်လာသော ဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွားတော့၏။
ကောင်းကင်နှင့်မြေကြီး ပြင်းစွာ တုန်ခါသွားပြီး လေဟာနယ်ကြီး အော်မြည်နေ ခဲ့သည်။ ထိုစဉ် စုရီပုံရိပ်သည် အလင်းအလား လေထဲပျံဝဲလျက် ထျန်းချူးတောင်ထိပ်ဆီသို့ ဦးတည်လိုက်တော့၏။
“ ဟမ့် ... ။ ”
ထိုမျှလွှမ်းမိုးချုပ်ကိုင်လိုသော အသွင်သဏ္ဍာန်သည် ဝေရွှန်းကို ကြီးစွာသော ဒေါသမီးများ တောက်လောင်လာစေ၏။
“ တိုက်ပွဲဝင် သတ်ဖြတ်ခြင်းပုံစံပြင်ဆင်ပါ။ ”
ထျန်းချူးတောင်ကြီးပတ်လည်ရှိ နတ်ဆိုးကျင့်ကြံသူ ထောင်ပေါင်းများစွာနှင့် ဖွဲ့စည်းထားသော ‘ကောင်းကင်ပိတ်ဆို့ခြင်း တိုက်ပွဲဝင်ပုံစံ’ အသက်ဝင်လာခဲ့သည်။
“ ဝမ် ... ။ ”
ပေတစ်သောင်း ပတ်လည်အတွင်း မရေမတွက်နိုင်သော သွေးနီရောင် နတ်သက်တံ အလင်းတန်းများ ထွက်ပေါ်လာပြီး ကျော်လွှားရ ခက်ခဲသည့် ချောက်ကမ်းပါးကြီးများကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီးကို ပိတ်ဆို့သွား၏။
ဤတိုက်ပွဲဝင် သတ်ဖြတ်ခြင်းပုံစံသည် နတ်ဆိုးကျင့်ကြံသူပေါင်း (၂၃,၀၀၀)ကျော်ဖြင့် ခင်းကျင်းထားသောကြောင့် အင်မော်တယ် ဘုရင်များကိုပင် ပိတ်ထားနိုင်မည်။
“ သတ် ... ။ ”
ထို့နောက်တွင် တိုက်ပွဲဝင် သတ်ဖြတ်ခြင်းပုံစံသည် စတင်လှုပ်ရှာလာ တော့၏။ နတ်ဆိုးကျင့်ကြံသူများ ရောင်ဝါမှာ ပင်လယ်ကြီးအလား လွင့်စဉ်သွားသည်။
“ ဝူး ... ။ ”
တစ်ဆက်တည်းမှာ ထိုရောင်ဝါသည် သွေးနီရောင်တောက်ပနေသော မိုးကြိုးလှံများ အဖြစ် ပြောင်းလဲကာ စုရီဆီသို့ တရကြမ်း တိုးဝင်သွားတော့၏။
တောင်ခါးပန်းရှိ သူတော်စင် အင်မော်တယ်ဘုရင် သုံးရာကျော်သည်လည်း သူတို့၏ ကြေးဝါအလံများကို လှုပ်ခါလျက် ‘ကောင်းကင်ဘုံကိုးပါး သတ်ဖြတ်ခြင်းဝင်္ကပါ’ကို အသက်သွင်းလိုက်လေသည်။
ယင်းသည် သတ်ဖြတ်ခြင်း အလွှာ ကိုးပါးပါရှိသောဝင်္ကပါတစ်ခုဖြစ်၏။ အချင်းချင်း ချိတ်ဆက်ကာ ထျန်းချူးတောင်တန်းတစ်ခုလုံး အပေါ် ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအားများဖြင့် ဖုံးအုပ်လိုက်သည်။
ကောင်းကင်ပိတ်လှောင် တိုက်ပွဲပုံစံနှင့် ကောင်းကင်ဘုံကိုးပါး သတ်ဖြတ်ခြင်း ဝင်္ကပါတို့ တစ်ပြိုင်နက်တည်း အသက်ဝင်နေသောကြောင့် မိုင်တစ်သောင်းပတ်လည်သည် ရှုပ်ထွေးပြီး ပျက်သုဉ်းသွားချေပြီ။
ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် အဝေးမှကြည့်နေသော ခုန်ရီနှင့် ယင်ရှုတို့သည် ကျောရိုးများ အေးစက်လျက် ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ တုန်လှုပ်ကုန်သည်။
ရောင်ဝါတစ်ချက်ဖြင့်ပင် စိတ်ပျက် အားငယ်မှုကို ဖြစ်ပေါ်လာစေ၏။ တစ်ဖက်တွင် စုရီမှာမူ ထိုကြောက်မက်ဖွယ် သတ်ဖြတ်မှုကြီး အလယ်၌ သနားစဖွယ်ပိတ်မိသွားချေပြီ။
ထိုမြင်ကွင်းကြောင့် ဝေရွှန်းနှင့် အခြားသောအင်မော်တယ် ဘုရင်များသည် လှောင်ပြုံး ပြုံးလိုက်ကြတော့၏။
သူတို့၏ မျက်လုံးထဲတွင် စုရီသည် သေတွင်းထဲလှမ်းဝင်လာသည့် သားကောင် တစ်ကောင်မျှသာ ဖြစ်နေချေသည်။
မြင်ကွင်းတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာကုန်သည်။ ပေါက်ကွဲမှုအလင်းများမှာ နေရာအနှံ့တွင် မီးရှူးမီးပန်းများအလား ထွက်ပေါ်နေသည်။
ဓားအလင်းတစ်လက် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရာအားလုံး ပျက်ပြယ်လျက် သွေးမြူများသာ ကျန်ရစ်ခဲ့သည်။
ရတနာများ၊ နတ်ဆိုးများ၊ သားရဲမိစ္ဆာကြီးများနှင့် သစ်ပင်ဝိညာဉ်များပင် မကျန်ရစ်ချေ။ ခန္ဓာကိုယ်များ ပေါက်ကွဲကာ ဝိညာဉ်များ လွင့်ပျယ်နေသည်။
ဤသည်မှာ ကြက်နှင့် ခွေးများကို သတ်ဖြတ်နေရသကဲ့သို့ပင် လွယ်ကူလှချေ၏။ တစ်ဖက်တွင် သူတော်စင် အင်မော်တယ်များမှာ ကြောက်ရွံ့လာကြပြီး သူတို့၏ တိုက်ခိုက်မှုများ ပူးပေါင်းရန် အသည်းအသန်ကြိုးစားလာသည်။
ဝေရွှန်းနှင့် ကျန်ရှိသူများမှာ ထိတ်လန့်ကြောက်ရွံ့လွန်းသဖြင့် နှလုံးသားများ တဒိန်းဒိန်း ခုန်နေကြသည်။
ထိပ်တိုက်တိုက်ပွဲမှသည် ဤစုရီသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်လာတော့၏။ ပြန်ဝင်စားပြီးနောက် အမှန်ပင် အစွမ်းထက်နေချေပြီ။
များမကြာခင် သူတော်စင် အင်မော်တယ်များသည် ရွှံ့ကြက်နှင့် မြေအိုးများ ကဲ့သို့ အပိုင်းပိုင်း ပြတ်ကုန်ကာ နတ်ဆိုး စစ်တပ်ကြီးမှာ ပုံစံပျက်ကုန်ကြသည်။
အချို့သော နတ်ဆိုးများသည် တိုက်ပွဲဝင်ရန်ဆန္ဒမရှိတော့ဘဲ လွတ်မြောက်ရာ ထွက်ပြေးကုန်သည်။
“ ဟမ့် ... မင်းတို့ လွတ်မြောက်မယ်ထင်လား။ ”
စုရီမှ နှာခေါင်းရှုံကာ ဓားအလင်းကို လခြမ်းအသွင်ပစ်ခတ်လိုက်သည်။ အဝေးရှိ တောင်တန်းကြီးများအလား ကြီးမားလှသော နတ်ဆိုးကြီးများသည် တို့ဟူးတုံးများသဖွယ် အပိုင်းပိုင်း ပေါက်ကွဲကုန်၏။
ဤသည်မှာ အဆုံးမဟုတ်သေးချေ။ အလယ်အလတ် အင်မော်တယ်ဘုရင်များထံသို့ ဦးတည်သောဓားချက်များသည် အတားအဆီးမဲ့ ဝင်ရောက်နေသည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”
ဝေရှန်းတစ်ယောက် မျက်လုံးပြူးနေစဉ် အလယ်အလတ်အကြီးအကဲအချို့မှာ ခါးလယ်မှ ထက်ပိုင်းပြတ်ပေါက်ကွဲကုန်သည်။
ယင်းသည် တိုက်ပွဲနှင့် မတူဘဲ ဟင်းရွက်ကန်စွန်းရွက်များကို နုပ်နုပ်စဉ်း နေသည်နှင့်တူနေ၏။
“ အဟွတ် အဟွတ် ... ။ ”
“ ဝေါ့ ... ။ ”
အင်မော်တယ် ဘုရင်များမှာ သွေးများ အကြိမ်ကြိမ်အန်ကာ ဒဏ်ရာအပြင်းအထန် ရရှိလာပြီး သေလုမြောပါး ဖြစ်ကုန်သည်။
“ ဟားဟားဟား ... ။ ”
ထိုအချိန်တွင် စုရီသည် သွေးဆာနေသော နတ်ဆိုးတစ်ကောင်အလား ကောင်းကင်ပေါ် မော့ကာ ရယ်မောလိုက်သည်။
ဤကာလအတွင်း သူသည် ရန်ငြိုးများနှင့်ပိတ်မိနေခဲ့သည်။ ယွမ်ရှင်းကျိ၏ အဖြစ်ဆိုးကို မြင်ပြီးနောက် ပို၍ ပြင်ထန်သော ဒေါသများ ပေါက်ဖွားလာသည်။
သူ့အတွက် နောင်တသည် ရန်သူတော်များနှင့် ထိုနတ်ဘုရားများအပေါ် မျက်နှာချင်းဆိုင်ရန် အခွင့်အရေးမရှိခြင်းပင်။ ထို့ကြောင့် ယနေ့တွင် မြင်မြင်သမျှကို သတ်ကာ သူ့ဒေါသကို ကမ္ဘာကြီးသိအောင် ပြသနေသည်။
သွေးတစ်စက်မှသည် သွေးမြစ်ကြီး စီးဆင်းလာသည်အထိ စိတ်ကျေနပ်အောင် သူ လူသတ်ပေမည်။ သည့်အတွက် ရန်သူများ လုံလောက်အောင် ရှိနေခြင်းမှာ ကျေနပ်စရာပေပင်။
“ သတ် ... ။ ”
တိုက်ပွဲမှာ လုံးဝ ရူးသွပ်စရာပေပင်။ ဝေရွှန်းနှင့်အဖွဲ့သည် ဗလာနယ်ပယ်တစ်ပါး၏ စိတ်ထင်တိုင်း သတ်ခြင်းကိုခံနေရသည်။
“ မင်းတို့ရဲ့ ဝှက်ဖဲတွေကိုထုတ်။ ”
ထို့ကြောင့် သူတို့၏ ဝှက်ဖဲများကို တုန့်ဆိုင်းခြင်းမရှိ ထုတ်ဖော်ကာ အထပ်ထပ် ပိတ်ဆို့လာသည်။ ထိုအချိန်တွင် ရုတ်တရက် လေထုထဲ သတ်ဖြတ်ခြင်းရနံ့များ စုရုံးလာ၏။
“ ဂျိန်း ... ။ ”
လူအုပ်ကြီးမှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ အသက်ရှူကြပ်လာသဖြင့် ကောင်းကင်းပေါ် မော့ကြည့်လိုက်တော့သည်။
“ အဲဒါဘာကြီးလဲ ... ။ ”
***