← Chapters

အခန်း ၁၂၈၉

Vol. 108 Ch. 1289

အခန်း ၁၂၈၉

Vol. 108 Ch. 1289

အခန်း ၁၂၈၉ -

နတ်ဘုရားသားတော်အတွက် လမ်းညွှန်ခြင်း။

ထျန်ရွှမ်ကျိတစ်ယောက် ရုတ်တရက် ခြေလှမ်းများရပ်သွားပြီး အိုမင်းရင့်ရော်နေသည့် ခန္ဓာကိုယ်ကြီးမှာ တုန်ရီလာတော့၏။

“ ဒါက ကြွက်တစ်ကောင်လို့ပဲ ငါထင်ထားခဲ့တာ ... တကယ်ပဲ လိမ်လည်သူ မင်းဖြစ်နေတာကိုး။ ”

ဟွမ်ထျန်းမှ အံ့အားသင့်စွာ ပြောကြားလာသည်။ သူ၏ ရွှေရောင်ဖျော့ဖျော့ မျက်လုံးများတွင် တစ်ဖက်လူသည် ဤနေရာသို့ မည်သို့ဝင်ရောက်လာသည်ကို မှန်းဆနေခဲ့သည်။

“ အဖိုးကြီးဟွမ် ... ငါ မင်းကို ဘယ်တုန်းက လိမ်လည်ဖူးလို့လဲ မင်းမှာ အရေးကြီးကိစ္စမရှိရင် လမ်းကနေဖယ်ပါ ဒီအရှုပ်ထွေးထဲ ငါ ဝင်မပါချင်ဘူး။ ”

ထိုစကားကြောင့် မီးတောက်လင်းယုန်သည် ပခုံးပေါ်မှနေပြီး မျက်ခုံးပင့်၏။ ဤအဖိုးကြီးမှာ လေလုံးထွားတတ်ပြီး အမှန်ပင်သတ္တိမရှိချေ။

“ ဒီအထိရောက်လာပြီးမှ မင်းလှည့်ထွက်ချင်နေတာလား မစဉ်းစားနဲ့ ငါနဲ့အတူ လိုက်လာပါ။ ”

စကားဆုံးသည်နှင့် ဟွမ်ထျန်း ပုံရိပ်သည် ယဇ်ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိသွားသည်။ ထျန်ရွှမ်ကျိ မျက်နှာတွင် အလင်းနှင့်အမှောင် ရောယှက်နေသကဲ့သို့ အမူအရာမျိုးစုံ ဖြစ်ပေါ်လာတော့၏။

အဆုံး၌ ဟွမ်ထျန်းနောက်သို့ နာခံမှုရှိစွာလိုက်ပါသွားတော့သည်။ မီးတောက် လင်းယုန်မှ ထိုမြင်ကွင်းကြောင့် ပခုံးပေါ်မှ ထပျံပြေးရန်စဉ်းစားလိုက်၏။

“ စိတ်မပူနဲ့ ... ဟွမ်ထျန်းက နတ်ဘုရားကပ်ဘေးစွမ်းအားကို ခံစားနေရတယ် ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ သူ ငါတို့ကို တစ်စုံတစ်ရာ အပြောင်းအလဲအဖြစ် မျှော်လင့်နေပုံပဲ။ ”

သို့မှသာ မီးတောက် လင်းယုန်သည် မျက်လုံးများ မှေးစင်းလျက် ပြန်လည်ငြိမ်သက် သွားတော့သည်။

ထျန်ရွှမ်ကျိ၏ ယုံကြည်ချက်သည် မည်သည့်အရပ်မှလာမှန်း နားမလည်နိုင်ခဲ့သော် ငြားလည်း သေချာသည်မှာ ဤအဘိုးကြီးသည် ရှင်သန်နိုင်ရန် ပထမဦးစားပေး စဉ်းစားသူ တစ်ဦးဖြစ်ကြောင်း သေချာ၏။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်က လူတစ်ယောက်နှင့် ငှက်တစ်ကောင်လိုက်ပါလာ သည်ကို မြင်ချိန်တွင် မျက်မှောင်ကြုတ်သွား၏။

“ တာအိုတစ်ကို ဘာတွေ ဖြစ်နေတာလဲ။ ”

သူသည် မီးတောက်လင်းယုန်ကို မှတ်မိနေသော်လည်း ထျန်ရွှမ်ကျိ မပါဝင်ချေ။ ဟွမ်ထျန်းမှ စိတ်မဝင်စားဟန်ဖြင့်၊

“ ဒီလူက ကောင်းကင်ဘုံလှည့်စားသူပဲ ... အင်မော်တယ်မြေရဲ့ သမိုင်းတစ်လျှောက်လုံးမှာ အသက်အရှည်ဆုံး လူလိမ်ပဲ မင်း သူ့နာမည်ကို ကြားဖူးသင့်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်က ရုတ်တရက်နားလည်လာကာ အံ့ဩတကြီး ခေါင်းညိတ်လိုက်တော့သည်။

“ အဖိုးကြီး ... မင်းက အင်မော်တယ် နယ်မြေရဲ့ ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရာမှာ တုနှိုင်းမဲ့တယ်လို့ကြားတယ် ငါ့ကံကြမ္မာကို မင်းတွက်ပေးနိုင်မလား။ ”

“ ဟမ့် ... သမိုင်းတစ်လျှောက်မှာ ငါဗေဒင်ဟောပေးခဲ့တဲ့ လူဆယ်ယောက်ရှိရင် ကိုးယောက် သေဆုံးရတယ် ... မင်း တကယ်ပဲ စမ်းကြည့်ချင်လို့လား။ ”

တစ်ဖက်တွင် ထိုစကားကြောင့် ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှာ ဆွံ့အသွားပြီး စကားမပြောနိုင်တော့ချေ။

“ ဟားဟားဟား ဒါကိုတော့ ငါသက်သေခံနိုင်တယ် ဓမ္မအဆုံးခေတ်မတိုင်ခင် သူ့ကို မကောင်းဆိုးရွားအဖိုးကြီးလို့ ခေါ်ကြပြီး သူ့ရဲ့ဟောကိန်းတွေက အရမ်းဆိုးရွားတာမို့ ဘယ်သူမှ စကားမပြောချင်ကြဘူး မင်း စမ်းကြည့်လို့ရတယ်။ ”

ဟွမ်ထျန်းသည်ပင် ပြုံးလျက် ဝင်ရောက်ပြောကြားလာသည်။ တစ်ဖက်တွင် ဤကဲ့သို့ အသရေဖျက်စကားများကြောင့် ထျန်ရွှမ်းကျိမှာ အလွန်အမင်း ဒေါသထွက်လာ သော်လည်း ပါးစပ်ပိတ်ထားလိုက်၏။

လက်ရှိအခြေအနေအရ သည်းခံခြင်းသည်သာ အကောင်းဆုံးပေပင်။ ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်က ခေါင်းကို ချက်ချင်း ခါယမ်းလိုက်ပြီး၊

“ ငါ စိတ်မဝင်စားတော့ဘူး ... ဒီနေ့ အလုပ်ကိစ္စကပိုအရေးကြီးတယ် ငါတို့အာရုံစိုက် ထားရမယ်။ ”

-ဟု တုန့်ပြန်၏။

ဟွမ်ထျန်း၏ မျက်လုံးများတွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခုမျှ ဖြစ်ပေါ်လာပြီး၊

“ ကောင်းပြီ ... အချိန်က အဓိကပဲ၊ စလိုက်ရအောင်။ ”

-ဟု ဆိုလျက် ပလ္လင်ထံ ပြန်လှည့်ကြည့်လိုက်သည်။

“ ခဏနေဦး။ ”

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်က လေးနက်သောအသံဖြင့် တားမြစ်လိုက်သည်။

“ ငါတို့ အစီအစဉ်မစတင်ခင် ငါ့မှာတောင်းဆိုချက်တစ်ခု ရှိတယ်။ ”

“ ပြောပါ ... ။ ”

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်က ထျန်းရွှမ်ကျိနှင့် မီးတောက်လင်းယုန်ထံသို့ လက်ညှိုးထိုးပြကာ၊

“ ဒီနေ့ကိစ္စက လျှို့ဝှက်ချက်တွေ အများကြီးရှိနေတာမို့ ... သူတို့နှစ်ယောက်ကို အရင်ဆုံး ဖယ်ရှားစေချင်တယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထျန်း၇ွှမ်ကျိမျက်နှာ ချက်ချင်း ညိုမည်းသွားပြီး၊ မီးတောက်လင်းယုန်မှာ တဖျပ်ဖျပ်ထခုန်တော့၏။

“ မဟုတ်ဘူး ... ။ ”

ဟွမ်ထျန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

“ လွန်ခဲ့တဲ့ အချိန်ကာလတစ်ခုတုန်းက ဒီအဖိုးကြီးထျန်းရွှမ်ကျီက အချင်းအရာ တစ်ခုကို ငါ့အတွက် တွက်ချက်ပေးခဲ့တယ် အဲဒါက မမှန်ကန်ခဲ့ရင်တောင် ငါတို့ကြားမှာ ...

... နားလည်မှုတစ်ခု ရှိနေတုန်းပဲ မင်း စိတ်မချဖြစ်နေရင်တော့ ငါ သူတို့ကို ဖိနှိပ်ပြီး ဒီကိစ္စမှာ ဝင်မပါစေရဘူးလို့ အာမခံတယ်။ ”

စကားဆုံးသည်နှင့် လက်တစ်ဖက်ကို မြှောက်လိုက်ရာ ကြက်သွေးရောင် တာအိုဥပဒေ စည်းမျဉ်းများက သံကြိုးများအဖြစ် ပြောင်းလဲကာ ကျဆင်းလာခဲ့သည်။

ထျန်းရွှမ်ကျိနှင့် မီးတောက်လင်းယုန်မှ ချုပ်နှောင်ခံလိုက်ရပြီး အဝေးတစ်နေရာဆီသို့ ပစ်လွှတ်ခံလိုက်ရလေသည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ မျက်နှာအမူအရာမှာ ခဏမျှ အေးစက်သွားကာ အဆုံးတွင် ခေါင်းညိတ်လျက်၊

“ တာအိုအစ်ကို ... ငါ မင်းကို ယုံတယ်။ ”

-ဟု ပြောကြားလာ‌တော့သည်။ ထို့နောက် သူ့လေသံပြောင်းလဲသွားပြီး၊

“ ဒါပေမယ့် ငါ သတိပေးပါရစေ ... နတ်ဘုရားသားတော်ကို လမ်းညွှန်တဲ့နေရာမှာ တစ်ခုခု မှားယွင်းသွားခဲ့ရင် ... နတ်ဘုရားရဲ့ ပြစ်ဒဏ်ခံရမယ်ဆိုတာ သတိရပါ။ ”

-ဟု သတိပေးလာ၏။

ဤသည်မှာ ရိုးသားသော်လည်း နောက်ကွယ်တွင် ခြိမ်းခြောက်မှုပါဝင်နေသည်။ ဟွမ်ထျန်းက မျက်လုံးများ မှေးစင်းကာ၊

“ ပူးပေါင်းခြင်းက နှစ်ဖက်စလုံး အကျိုးရှိစေပြီး မတူကွဲပြားနေရင် နှစ်ဖက်စလုံး ပျက်စီးရလိမ့်မယ် မင်းကတိကိုတည်သရွေ့ ငါ့အုတ်မြစ် နည်းနည်းပေးရတာလောက်တော့ အဆင်ပြေပါတယ်။ ”

ထိုစကားကြောင့် ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ ပြုံးလိုက်ပြီး၊

“ ဒါကောင်းတယ်။ ”

-ဟု ဆိုသည်။

ဟွမ်ထျန်မှ စကားဆက်မပြောတော့ဘဲ ယဇ်ပလ္လင်ကို မျက်နှာမူလျက် အလယ်ဗဟိုသို့ လျှောက်လှမ်းသွားလေသည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှာမူ မူလနေရာတွင်ရပ်လျက် ဟွမ်ထျန်ကျောပြင်ထံ စိုက်ကြည့်နေတော့၏။

“ အဘိုးကြီး... မင်းမှာ ငါတို့အသက်ကို ကယ်တင်နိုင်မယ့် နည်းလမ်းရှိရဲ့လား။”

မီးတောက်လင်းယုန်မှ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။ တစ်ဖက်လူသည် ထိုသို့သော နတ်ဘုရားသားတော်ကို လမ်းညွှန်ခေါ်ယူ ပြီးနောက် အပြောင်းအလဲများဖြစ်လာနိုင်သည်။

ဥပမာအားဖြင့် ဟွမ်ထျန်းမှ သူတို့ကို လျစ်လျူရှုခြင်း၊ ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ နှုတ်ပိတ်ရန်ကြိုးစားခြင်း စသည်တို့ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူနှင့်ထျန်ရွှမ်ကျိအတွက် အလွန်ဆိုးရွားသော ရလဒ်များသာ ဖြစ်ပေါ်စေလိမ့်မည်။

“ ခဏလောက် စောင့်ကြည့်ရအောင် ... ။ ”

တစ်ဆက်တည်းမှာပင် ထျန်ရွှမ်ကျိတစ်ယောက် မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး၊

“ ကောင်းကင်တာအိုရဲ့ အခွင့်အလမ်းက (၅၀)ရှိပေမယ့် အမြဲတမ်း(၄၉)ပါးပဲတွေ့ရတယ် တစ်ပါး ပျောက်ဆုံးနေတယ် ဒါက ရှင်သန်ခြင်းလို့ခေါ်တဲ့ အခွင့်အရေးပဲ။ ”

-ဟု ပြောကြားလာ၏။ သူတို့ စကားပြောနေကြစဉ်မှာပင် ယဇ်ပလ္လင်ရှေ့တွင် ရှိနေသော ဟွမ်ထျန်းသည် စတင်လှုပ်ရှားနေပြီ ဖြစ်သည်။

သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အထွတ်အထိပ်ဥပဒေတစ်ခု လေထုအလယ်ပြည့်နှက်သွား၏။

ကောင်းကင်နှင့် မြေကြီးကြား ပြင်းစွာ တုန်ခါလျက် ပေတစ်ရာကျယ်သော ပလ္လင်သည် နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေခြင်းမှ နိုးထလာသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ကာ ရှုပ်ထွေးသော မြင်ကွင်းများပေါ်လာသည်။

“ ဝူး ... ။ ”

ထို့နောက်တွင် ကိုးပေအမြင့်ရှိသော ယဇ်ပလ္လင်သည် ထူးဆန်းသည့်မြည်ဟီးသံကြီး ထုတ်လွှတ်လာ၏။

ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ထားသည့် သစ်မြစ်သည်လည်း အာကာသတာအိုလှိုင်းများ ဖြာထွက်လာချေပြီ။

ဤနည်းဖြင့် အရပ်ဆယ်မျက်နှာနှင့် ချိတ်ဆက်ပြီး အာကာသတာအိုကို ဆက်လက် ဖြန့်ကျက်နေတော့သည်။

“ ဝုန်း ... ။ ”

တာအိုယဇ်ပလ္လင်ကြီးတစ်ခုလုံး ဟိန်းဟောက်လျက် အလင်းနှင့် မီးလျှံများမှာ ရေတံခွန်ကြီးတစ်ခုကဲ့သို့ အဆက်မပြတ် စီးဆင်းလာခဲ့သည်။

ယဇ်ပလ္လင်ပေါ်ရှိ သစ်ပင်အမြစ်သည် ငြိမ်သက်ခြင်းမှ နိုးထလာစဉ် ဟွမ်ထျန်သည် တံဆိပ်တစ်ခုဖန်တီးကာ၊

“ အသက်ဝင် ... ။ ”

-ဟု အော်ဟစ်လိုက်၏။

တောက်ပလှသည့် အာကာသတာအို အလင်းရောင်များ ချက်ချင်းဖြာထွက်လာပြီး လေထုအလယ် ရောယှက်ကုန်၏။

များမကြာခင် ခမ်းနားထည်ဝါလှသော အာကာသအလင်းမိုးများ ရွာချနေသည့် သစ်ပင် တစ်ပင်အဖြစ် ပြောင်းလဲဖြစ်ပေါ်လာသည်။

အမြစ်များသည် အာကာသအတွင်း ဝင်ရောက်လျက် ကမ္ဘာအသီးသီးနှင့်ချိတ်ဆက် နေသည်။

အကိုင်းအခက်များသည် အဆုံးမဲ့သော အာကာသဟင်းလင်းပြင်ကြီးထဲသို့ ကောင်းကင် အလားဖြန့်ကျက်အုပ်မိုးထား၏။

ထိုသစ်ပင်ကြီး ရှေ့မှောက်တွင်မူ ကောင်းကင်ယံရှိ ကြယ်တာရာကြီးများသည်ပင် ဖုန်မှုန့်ကလေးများကဲ့သို့ သေးငယ်နေချေပြီ။

“ ဒါက ကမ္ဘာတစ်သောင်းသစ်ပင်လား။ ”

မီးတောက်လင်းယုန်မှ မျက်လုံးများပြူးကျယ်သွား၏။ သစ်ပင်ကြီးမှာ အလွန်ပင်အံ့ဖွယ်ကောင်းလှလေသည်။

၎င်းသည် ခေတ္တမျှ ထင်ဟပ်လာသည့် အရိပ်အယောင်မျှသာ ဖြစ်သော်လည်း ယင်းမှာ မည်သူ့ကိုမဆို ဖိနှိပ်ထားနိုင်၏။

ထိတ်လန့်စေနိုင်သည်။ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်ငယ်များကဲ့သို့ ကြယ်တာရာများ ပြည့်နှက်နေသည့် ကောင်းကင်ကျယ်ကြီးကို ငေးမောကြည့်နေရသကဲ့သို့ အရေးမပါသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

တစ်ဖက်တွင် ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်သည် ရွှင်မြူးသောအသွင်အပြင်မျိုးနှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားချေပြီ။

“ နတ်ဘုံကိုဖွင့်ဖို့အတွက် တကယ်ပဲ အထွတ်အထိပ် တာအိုအာကာသလိုအပ်တာပဲ နောက်ဆုံးတော့ ဒီနေ့ကို ရောက်ပြီ။ ”

ဤသည်မှာ တာအိုအာကာသနှင့် ကမ္ဘာတစ်သောင်းသစ်ပင်ထံမှ မူလအာကာသ တာအိုတို့ပေါင်းစပ်ကာ စကြာဝဠာကြီးဖြင့် ချိတ်ဆက်ခြင်းပေပင်။

ထိုက်ကျင်းအဆင့် တာအိုသည်သာ ထိုသို့သောအမှုကို ပြုလှုပ်နိုင်ချေ၏။ ယင်းသည် အင်‌မော်တယ်မြေ၏ အာကာသဆုံမှတ်ကို ပြသမည်ဖြစ်ကာ နတ်ဘုံမှဆင်းသက်ရန် လမ်းပြအဖြစ် ထင်ရှားနေပေလိမ့်မည်။

အဆုံးတွင် နတ်ဘုရားသားတော်သည် အချိန်မြစ်ကြီးအတွင်းရှိ မြောက်မြားစွာသော အာကာသဆုံမှတ်များအကြား လမ်းညွှန်ကို မြင်ကာ ဆင်းသက်နိုင်မည်ဖြစ်၏။

ထိုအချင်းအရာကို နှစ်ပေါင်း သုံးထောင်တိုင်အောင် အချိန်ပေးပြင်ဆင်ခဲ့ရပြီး သူ့အတွက်ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟွန်ထျန်း၏ နဖူးထက်တွင် ချွေးစက်များဖြင့် ရွှဲနစ်လာခဲ့ပြီး မျက်နှာမှာ ဖြူဖျော့သွားလေသည်။

တာအိုအာကာသစွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ရခြင်းဖြင့် သူ့ကို အလွန်အမင်း မောပန်းနွမ်းနယ်လာစေ၏။

“ မင်း တကယ်ပဲ ငါ့ကို ကျေးဇူးတင်တယ် ဆိုရင်တော့ နတ်ဘုရားကပ်ဘေးဖြေရှင်းနိုင်တဲ့ လျှို့ဝှက်နည်းစနစ် ချက်ချင်းပေးပါ မဟုတ်ရင် မင်းမျှော်လင့်ထားသလို ဖြစ်မလာတော့မှာ ငါကြောက်မိတယ်။ ”

ရုတ်တရက် ဟွမ်ထျန်းက ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်ထံ ပြောကြား လိုက်လေသည်။ ဤစကားကြောင့် ဝိညာဉ် တစ်သောင်းဂိုဏ်းချုပ်ခမျာ မျက်နှာ ချက်ချင်းပျက်ယွင်းသွား၏။

လိမ္မာပါးနပ်ပြီး ရက်စက်ကြမ်းကြုတ်သည့် ဤအဘိုးကြီးဟွမ်ထျန်းသည် မည်သူ့စကားမဆို နာခံမှုအပြည့်ရှိနေမည် မဟုတ်ကြောင်း ထျန်ရွှမ်ကျိမှ သိထားသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူမှာ ဓမ္အဆုံးခေတ်မှ ကြွင်းကျန်ရစ်သော တစ္ဆေအိုကြီး တစ်ကောင်ဖြစ်ချေ၏။

အင်မော်တယ်ဘုရင်တစ်ပါး၏ ချယ်လှယ်မှုအပေါ် လက်ခံနိုင်စရာအကြောင်း မရှိချေ။

“ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ် တစ်ခုခုမှားယွင်းသွားတာနဲ့ မင်းနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှကို စွန့်လွှတ်ရမယ်ဆိုတာ သိထားပါ ။ ”

သူ ပြောကြားနေစဉ်မှာပင် တာအိုအာကာသကို ဆက်လက်ထုတ်ဖော်ထား သောကြောင့် ကမ္ဘာတစ်သောင်းသစ်ပင်ကြီးမှာ သူ့တာအိုများ ဖြန့်ကျက်ချိတ်ဆက်နေဆဲဖြစ်၏။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ရီလျက် မျက်နှာဖြူဖျော့လာသည်။ သူက။

“ မင်း ဒီလိုလုပ်ရင် နတ်ဘုရားရဲ့ အပြစ်ဒဏ်ကို ခံရလိမ့်မယ်။ ”

-ဟု ခြိမ်းခြောက်လိုက်၏။

“ ဘာဖြစ်လဲ ... ငါက သေရမှာကို ကြောက်နေတယ်ထင်နေတာလား နတ်ဘုရား ကပ်ဘေးကို ဖြေရှင်းနိုင်မယ့် လျှို့ဝှက်နည်းစနစ် ပေးဖို့အတွက် မင်းမှာ အသက်ဆယ်ရှိုက်စာ အချိန်ရှိတယ် ...

... ငါ့သတ္တိရှိရင် စွန့်စားလို့ရတယ် ... အကျိုးဆက်အနေနဲ့ နတ်ဘုရားသာ‌တော်သာ သူ့ဆင်းသက်မှု မအောင်မြင်ရင် မင်းလိုမျိုး နတ်ကျွန်ကို လွှတ်ထားမယ်ထင်လား။ ”

သူ့လေသံသည် သံသယဖြစ်စရာ မလိုလောက်အောင် ပြတ်သားလွန်းလှသဖြင့် ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။

“ ကောင်းပြီ ... ငါ သဘောတူတယ်။ ”

အဆုံး၌ သဘောတူကာ အနက်ရောင် အဆောင်တံဆိပ်တစ်ခုကို ဟွမ်ထျန်းထံပါးသို့ ပစ်ပေးရန် ပြင်လိုက်သည်။

“ နေဦး ... အဲဒါကို အဖိုးကြီးလှည့်စားသူဆီ ပေးလိုက်ပါ။ ”

“ သေစမ်း ... ဘာလို့ ငါဖြစ်ရတာလဲ။ ”

ထျန်ရွှမ်ကျိမှ အော်ဟစ်ကျိန်ဆဲလိုက်၏။ ထိုအနက်ရောင် အဆောင်တံဆိပ်တွင် တစ်ခုခု မှားယွင်းနေပါက အရင်ဆုံး ဒုက္ခခံရပေမည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ် အနေဖြင့် ထိုမျှသဘောကောင်းစွာ အနက်ရောင်တံဆိပ်ကို ထုတ်ပေးမည်မဟုတ်ကြောင်း မည်သူမဆို နားလည်ထားချေပြီ။

အမှန်ပင် ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်သည် မျက်နှာဖြူဖျော့နေရာမှသည် အံကြိတ်ကာ တွန့်ဆုတ်သွားခဲ့လေသည်။

***

All Chapters