← Chapters

အခန်း ၁၂၉၁

Vol. 108 Ch. 1291

အခန်း ၁၂၉၁

Vol. 108 Ch. 1291

အခန်း ၁၂၉၁ -

မင်း ... သေခဲ့သင့်တယ်။

ငွေရောင်ဆံပင်နှင့် လူငယ်က ဒေါသတကြီးဖြင့် တုန်ခါနေချေပြီ။ သူသည် ဤခေတ်သို့ဆင်းသက်ရန် အချိန်အတော်ကြာ ပြင်ဆင်စောင့်ဆိုင်းခဲ့ရ၏။

နောက်ဆုံးတွင် ဤအခိုက်အတန့်သို့ ရောက်ရှိလာခဲ့သော်ငြားလည်း လမ်းခုလတ်၌ ရပ်တန့်ခြင်း ခံလိုက်ရသည်။ ထိုအရာက သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့၏။

သို့သော် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် အာကာသဥမင်ထဲသို့ ချက်ချင်းဆုတ်ခွာလိုက်ရသည်။ မဟုတ်သော် အာကာသပြတ်‌ ရွေ့ကြောင်းများကြောင့် ကြေမွှသေဆုံးသွားနိုင်ချေပြီ။

“ ဝုန်း ... ။ ”

သူဆုတ်ခွာလိုက်သည်နှင့် အာကာသဥမင်သည်လည်း ပြိုကျသွားပြီး ချက်ချင်း ပျောက်ကွယ်သွား၏။

ထိုအချိန်တွင် ကျောက်စိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးလျှောက်လှမ်း လာနေသည်ကို မြင်လိုက်ရ၏။

“ လူယုတ်မာ ငါလုဖန်းမင်းကို မှတ်မိနေမယ်။ ”

အဆုံးတွင် ဆံပင်ဖြူနှင့် လူငယ်က မှုန်ဝါးဝါးအသွင်ထံ ငုံ့ကြည့်ကာအော်ဟစ် ပျောက်ကွယ်သွားချေပြီ။

သူ့ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကာ ဟွမ်ထျန်း၏ သွေးအန်နေသံကြီး ထွက်ပေါ်လာတော့၏။

“ အဟွတ် အဟွတ် ... ဝေါ့။ ”

ဓားတစ်ချက်တည်းဖြင့် ယစ်ပလ္လင်ကို ဖြိုခွင်းကာ နတ်ဘုရားသားတော်ဆင်းသက်မှု ပျက်စီးသွားရချေပြီ။ ဤအဖြစ်အပျက်သည် ဟွမ်ထျန်း၏ တာအိုအုတ်မြစ်ကိုပင် ထိခိုက် စေတော့၏။

မြေပြင်ပေါ်တွင်မူ ဝပ်တွားနေသော ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်သည် ဒေါသများ အလိပ်လိပ်ထွက်နေပြီး တစ်ယောက်ယောက်က သူ့နှလုံးသားကို ဓားဖြင့်ထိုးစိုက်လိုက်သကဲ့သို့ စူးရှနေချေ၏။

နတ်ဘုရားသားတော်ကို လမ်းညွှန်ရန်အတွက် နှစ်ပေါင်းများစွာ သူမည်မျှ ကြိုးစားအားထုတ်ထားပြီး စွန့်လွှတ်ခဲ့ရသည်ကို သူသာလျှင် အသိဆုံးပေပင်။

သို့သော် အရာအားလုံး အချည်းနှီး ဖြစ်သွားခဲ့ပြီဖြစ်၏။ ဤအချင်းအရာက သူ့ကို ရူးသွပ်သွားစေသည်။

“ ဂိုဏ်းချုပ် ... ဒီလူက ။ ”

ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာပြီး မှင်သပ်နေသောလူတိုင်းသည် ချက်ချင်းလှည့်ကြည့်လိုက်၏။

မှိန်ပျပျ အလင်းရောင်အောက်တွင် ခန့်ညားသော လူငယ်တစ်ယောက်၏လက်၌ အဖိုးအိုတစ်ဦးသည် ကုပ်ပိုးမှဆုပ်ကိုင် ခေါ်ယူလာခြင်းခံနေရချေပြီ။

ဤသည်မှာ ဝေရွှန်းနှင့် စုရီဖြစ်သည်။ ထျန်ရွှမ်ကျိတစ်ယောက် အမှန်ပင်အံ့အားသင့် သွားကာ အဆုံး၌ ပြုံးရယ်လာတော့၏။

“ တကယ်ပဲ အခု စိတ်ဝင်စားစရာ ကောင်းလာနေပြီ။ ”

အဘယ့်ကြောင့်ဆိုသော် ထာဝရညတိုက်ပွဲတွင် စုရီကို လုပ်ကြံသူများ၌ ထိုအဖိုးကြီးဟွမ်ထျန်းသည်လည်း တစ်ယောက် အပါအဝင်ဖြစ်ချေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျက် အာကာသအက်ကြောင်းများ ပြန်လည်တည်ငြိမ် လာလေသည်။ ကွဲပွင့်နေသော ကောင်းကင် သည်ပင် မူလအတိုင်းပိတ်သွား၏။

အဝေးမှ ချဉ်းကပ်လာသော စုရီကို လှည့်ကြည့်ကာ ဟွမ်ထျန်းတစ်ယောက် မျက်နှာ မည်းမှောင်သွားပြီး သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာလေသည်။

“ ငါတို့ အစီစဉ်ကို ဖျက်ဆီးလိုက်တာ မင်းလား။ ”

“ ဒီမှာ ငါ့အပြင် မင်းဘယ်သူ့ကိုမြင်လဲ။ ”

စုရီက ပေါ့ပေါ့ပါးပါးပြန်ဖြေ၏။ ဝေရွှန်းတစ်ယောက် စိုးရိမ်စွာဖြင့်၊

“ ဂိုဏ်းခေါင်းဆောင် ဒီလူနာမည်စုရီပဲ၊ အပြင်မှာအင်မော်တယ်ဘုရင်တွေကို သတ်ခဲ့တဲ့ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်ပါ ... အခု ငါတို့ဂိုဏ်းကို တစ်ညတည်းနဲ့ သူ ဖျက်ဆီးလိုက်ပြီ။ ”

-ဟု သတင်းပို့လိုက်၏။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်ခမျာ နှလုံးသားတစ်ခုလုံး တဒိန်းဒိန်းခုန်လာပြီး လက်ဖျားခြေဖျားများ တုန်လာသည်။

“ ဝိညာဉ်တစ်သောင်းဂိုဏ်း ... ပျောက်ကွယ်သွားပြီလား။ ”

နတ်ဘုရားသားတော် ဆင်းသက်မှု ဖျက်ဆီးခံလိုက်ရသည့်အပြင် သူ့ဂိုဏ်းသည်ပါ ပျောက်ဆုံးသွားရချေပြီ။ ဤထိုးနှက်ချက်သည် သူ့ကဲ့သို့ အင်မော်တယ်ဘုရင်တစ်ပါးကိုပင် သွေးအန်စေတော့၏။

“ အဟွတ် အဟွတ် ဝေါ့ ... ။ ”

တစ်ဖက်တွင် ဟွမ်ထျန်းသည် မျက်နှာအမူအရာသည် အံ့အားသင့်မှုများနှင့် မရေမရာဖြစ်လာသည်။

“ စုရီလား ... ။ ”

မူလက အကန့်အသတ်မရှိသော ဒေါသကြောင် တစ်ဖက်လူကို ချက်ချင်းသတ်ရန် ဆန္ဒရှိနေသော်လည်း ထိုအမည်ကြောင့် ထိန်းချုပ်လိုက်ရသည်။

“ ဝေရွှန်း ... မင်းသူ့ကို ဒီအထိ လမ်းပြလာတာလား။ ”

ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်မှ မေးမြန်းလိုက်သည်။ ဝေရွှန်းတစ်ယောက် ချက်ချင်း မျက်နှာပြောင်းလဲသွားပြီး၊

“ ဂိုဏ်းခေါင်းဆောင် ... ငါ ငါ။ ”

-ဟု ရှင်းပြရန် ကြိုးစားတော့၏။

“ မင်းကို ငါမေးနေတယ် ... မင်းလား။ ”

ဝေရွှန်းခမျာ ချက်ချင်း ခေါင်းငုံ့လျက် တိတ်ဆိတ်သွားသည်။ ထိုအမူအရာကြောင့် ဝိညာဉ် တစ်သောင် ဂိုဏ်းခေါင်းဆောင်သည် လုံးဝဒေါသထွက်လာပြီး၊

“ အဘိုးကြီး ... မင်းသေထိုက်တယ် မင်းသာသေခဲ့ရင် နတ်ဘုရားသားတော်က ဒီနေ့ အင်မော်တယ်မြေကို ဆင်းသက်နိုင်ပြီ။ ”

-ဟု ကျိန်ဆဲလိုက်၏။

“ စိတ်မပူနဲ့ ... ငါ ကူညီပေးမယ်။ ”

“ ဂျွတ် ... ။ ”

စုရီက ပြောပြောဆိုဆိုဖြင့် ဝေရွှန်း၏ လည်ပင်းကို ချိုးကာ သတ်ပစ်လိုက်တော့သည်။ အရိုးကျိုးသံကြီး ထွက်ပေါ်လာ၏။

ဤမြင်ကွင်းသည် ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်ကိုပင် မျက်လုံးများမှေးစင်းသွားစေ တော့သည်။ သူတော်စင်အင်မော်တယ် တစ်ပါး အနေဖြင့် ဤမျှရဲရင့်စွာ ပြုမူဝံ့သည်လော။

သံသယဖြစ်ဖွယ်မရှိ တစ်ဖက်လူသည် သာမန်မဟုတ်ကြောင်း ပြသနေသည်။ ယင်းမှာ မယုံနိုင်စရာကောင်းလှ၏။

“ တာအိုအစ်ကို မင်း သူ့ကို သတ်ပေးရင် မင်းရဲ့ခန္ဓာကိုယ်ထဲက နတ်ဘုရားကပ်ဘေးကို ငါ ဖယ်ရှားပေးမယ်လို့ အာမခံတယ်။ ”

ထို့ကြောင့် ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်သည် သတိကြီးစွာဖြင့် ဟွမ်ထျန်းထံ လှည့်ကြာပြောကြားလိုက်သည်။

“ မင်းက နတ်ကျွန်တစ်ယောက်ပဲ ... မင်းမှာနတ်ဘုရားအဆင့် ရတနာတွေရှိတယ် မဟုတ်လား ဘာကိုကြောက်နေတာလဲ။ ”

ဟွမ်ထျန်မှ မလှုပ်ရှားဘဲ တုန့်ပြန်ပြောကြားလိုက်၏။ ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်ခမျာ မျက်မှောင်ကြုတ်လျက်၊

“ တာအိုအစ်ကို ... မင်းကိုယ်တိုင် မြင်တွေ့ခဲ့တာပဲ ဒီလူက နတ်ဘုရားသားတော်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်ပြီ သူ့ရဲ့ အပြစ်ကို ခွင့်လွှတ်လို့မရဘူး ...

... အခု မင်းသူ့ကို သတ်လိုက်ရင် နတ်ဘုရားသားတော်ရဲ့ဒေါသကို ဖြေသိမ့်ပေး လိုက်တာနဲ့ အတူတူပါပဲ ဒါဆိုရင် မင်းအတွက် မျက်နှာသာရနိုင်မယ် မဟုတ်လား။ ”

“ ဟမ့် ... အဲဒီနတ်ဘုရားသားတော်က နောက်ထပ် အချိန်အတော်ကြာအောင် ဒီမြေကို မဆင်းသက်နိုင်တော့ဘူးဆိုတာ မင်း သိတယ် ဒါဆို ငါဘာလို့ လက်စားချေပေးရမှာလဲ။ ”

“ မင်း ... ။ ”

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင် သွားလေသည်။

“ ဟားဟားဟား ... ကောင်းပြီ မင်းတို့မလာဝံ့ရင် ဘာလို့အတူတူ မလာတာလဲ ဒါမှမဟုတ် ဘယ်သူအရင်သေချင်လဲ။ ”

စုရီမှ အချင်းချင်းကိုက်နေသော ခွေးနှစ်ကောင်ကြောင့် ရယ်မောလျက် ဖိတ်ခေါ် လိုက်၏။ သို့သော် ဟွမ်ထျန်းသည် ပါးနပ်စွာဖြင့် တိတ်ဆိတ်နေသည်။

ဝိညာဉ်တစ်သောင်းဂိုဏ်း ပျက်စီးခြင်းနှင့် နတ်ဘုရားသားတော် ဆုတ်ခွာသွားရခြင်းတို့မှာ သူ ပြဿနာမဟုတ်ချေ။ ထို့ကြောင့် အန္တရာယ် မယူရန် ဆုံးဖြတ်ထား၏။

တစ်ဆက်တည်းမှာပင် ဤစုရီသည် မရိုးရှင်းကြောင်း သူ့ဗီဇမှ အသိပေးနေသည်။ တစ်ဖက်လူကို မြင်ချိန်မှစကာ သူ့နှလုံးသည် အနည်းကယ်ပင် မသက်မသာဖြစ်နေ၏။

“ ဟမ့် ... ။ ”

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ သည်းမခံနိုင်တော့ဘဲ နှာခေါင်းရှုတ်လိုက်ကာ တံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

“ တာအိုအစ်ကို ... ငါတို့ အတူတူ လှုပ်ရှားတာအကောင်းဆုံးပဲ မဟုတ်လို့ ငါ့ဒီမှာ တစ်ခုခုဖြစ်သွားရင် နတ်ဘုရားကပ်ဘေးကနေ ဒီဘဝ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ ”

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ လှည့်ကာသတိပေးလိုက်သည်။ ဟွမ်ထျန်း တစ်ယောက် တုန့်ဆိုင်းနေစဉ် စုရီသည် မူလ နေရာမှပျောက်ကွယ်သွားပြီဖြစ်၏။

ထို့ကြောင့် သူသည်လည်း ကျန်ရစ်မနေနိုင်တော့ဘဲ ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်နှင့်အတူ တုံ့ပြန်မှုများကို ပြုလုပ်လိုက်ရတော့သည်။

ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်က အနက်ရောင် တံဆိပ်ကို တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်းချေမှုန်းလိုက်၏။

ကြောက်စရာကောင်းသော တားမြစ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့အပေါ် လျှို့ဝှက်ဆန်းကြယ်သော နီရဲရဲ သံချပ်အလွှာများအဖြစ် ဖုံးအုပ်သွား၏။

သူ့လက်ထဲတွင်လည်း အနီရောင် လှံရှည်တစ်စင်း ပေါ်လာချေပြီ။ လေဟာနယ်မှာ အရပ်လေးမျက်နှာ ပြိုကျလာသည်။

တစ်ပြိုင်နက်တည်းမှာပင် ဟွမ်ထျန်းက စုရီထံပြေးဝင်ရမည့်အစား ထျန်ရွှမ်ကျိထံရှေ့သို့ ချက်ချင်း ရွှေ့လျားသွားပြီး သူ့လည်ပင်းကို ဆွဲကိုင်ရန် လက်လှမ်းလိုက်သည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်နှင့် သူသည်တိတ်တဆိတ် နားလည်မှုရရှိခဲ့ကြ၏။ တစ်ဦးသည် ရန်သူထံခုခံပြီး နောက်တစ်ဦးက ထျန်ရွှမ်းကျိကို ဖမ်းဆီးရန်ဖြစ်သည်။

နှစ်ဦးသား ပူးပေါင်းဆောင်ရွက်မှုမှာ ချောမွေ့လွန်းလှသည်။ သူတို့၏ အငြင်းပွားမှုမှာ ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်ကြောင်း မည်သူမဆို မြင်နိုင်ချေပြီ။

သို့သော် သူတို့ မှားယွင်းတွက်ချက်မိခဲ့၏။ ဟွမ်ထျန်းရောက်ရှိလာချိန်တွင် ထျန်ရွှမ်းကျိနှင့် မီးတောက်လင်းယုန်မှာ မူလ‌နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ထို့ကြောင့် ဟွမ်ထျန်း၏ လက်သည်း ကုပ်ဆွဲချက်မှာ ပစ်မှတ်မှလွဲချော်သွားပြီးနောက် ပျက်ပြယ်သွားခဲ့ရလေသည်။

ထိုအချိန်တွင် စုရီသည် ဝိညာဉ် တစ်သောင်းဂိုဏ်းချုပ်၏ ဦးခေါင်း အထက်တွင် ပေါ်လာပြီး ဓားဆွဲကာ ခုတ်ချလိုက်သည်။

“ ကလန် ... ။ ”

“ ဝုန်း ... ။ ”

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်မှ ကြက်သွေးရောင်လှံကို ထိုးသွင်းကာ ခုတ်ဖယ် ပစ်လိုက်သည်။ သို့သော် လှံသည် နှစ်ခြမ်း ကွဲသွားတော့၏။

ရလာဒ်မှာ ဓားစွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲလာပြီး ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ် အပေါ် ဆုတ်ခွာရန် ဖိအားပေးနိုင်ခဲ့သည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်ခမျာ ပြင်းစွာတုန်လှုပ်သွား၏။ ထိတ်လန့်မှု၊ မှင်သပ်မှု၊ မယုံကြည်နိုင်မှု စသည်တို့ ဖြစ်ပေါ်လာသည်။

ဤကြက်သွေးရောင် တိုက်ပွဲဝင်ချပ်ဝတ် ရတနာသည် နတ်ဘုရားအဆင့် ကာကွယ်ရေး တားမြစ်စွမ်းအားပေပင်။

သူ့ကဲ့သို့ ကောင်းကင်ဘုရင် မဆိုနှင့် ဟွမ်ထျန်းကိုပင် ‌ခြိမ်းခြောက်နိုင်မည်။ သို့သော် ယခုမူ ဓားတစ်ချက်အောက်တွင် နောက်သို့ ဆုတ်ခွာလျက် လှံနှစ်ခြမ်းကွဲသွားခဲ့ရသည်။

“ တကယ့်ကို သနားစရာကောင်းတာပဲ နှစ်တွေ ဒီလောက်ကြာလာတာတောင် မင်းက တစ်စက်မှ တိုးတက်မလာသေးဘူး။ ”

စုရီက လေထုအလယ် ယောင်ချာချာ ဖြစ်နေသော ဟွမ်ထျန်းထံ လှမ်းကြည့်လိုက်ကာ တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်၏။

ဟွမ်ထျန်းတစ်ယောက် မျက်လုံးပြူးလာပြီး အဆုံးတွင်၊

“ မင်း တကယ်ပဲ ဝမ်ယဲ့လား။ ”

-ဟု အေးစက်တိုးညင်းစွာ မေးလိုက်သည်။

ဤမေးခွန်းပါ အမည်နာမကြောင့် ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ နှလုံးသားသည် အတင်းညှစ်ခြေခံလိုက်ရသလိုမျိုး ထိတ်လန့်မှု ဝင်ရောက်လာတော့၏။

***

All Chapters