← Chapters

အခန်း ၁၂၉၂

Vol. 108 Ch. 1292

အခန်း ၁၂၉၂

Vol. 108 Ch. 1292

အခန်း ၁၂၉၂ -

မိတ်ဆွေဟောင်း။

အင်မော်တယ် နယ်မြေ၏ ရှေးယခင်မှ ယနေ့ခေတ်အထိ သမိုင်းကြောင်းတစ်လျှောက် ထာဝရညဧကရာဇ်ဟူသော အမည်နာမသည် ကျော်လွန်၍မရသည့် ဒဏ္ဍာရီဖြစ်၏။

မည်သည့်ကျင့်ကြံသူကိုမဆို ကျပန်းမေးမြန်းသော် ထာဝရညဧကရာဇ်၏ စွမ်းဆောင်ရည်ပေါ် ထုတ်ဖော် ပြောပြကြမည်ဖြစ်၏။

ဥပမာအားဖြင့် ဝိညာဉ်တစ်သောင်း ဂိုဏ်းခေါင်းဆောင်သည် မျိုးဆက်တူအတွင်း မဟုတ်သော်မှ ထာဝရညဧကရာဇ် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနိုင်လေသည်။

ဟွမ်ထျန်းအတွက်မူ ဝမ်ယဲ့၏ ကြောက်စရာကောင်းမှုကို ပို၍ပင် သိရှိနေမည် ဖြစ်ချေ၏။

“ တကယ်ပဲ ဒီကောင်လေးက ထာဝရညဧကရာဇ်လား ... နတ်တောင်ကြီးကို မော့ကြည့်နေရသလိုမျိုး သူ့ကိုမြင်တိုင်း ငါ့ရင်ထဲ ကြောက်ရွံ့စိတ်တွေ တားမရဆီးမရ ပေါ်လာနေခဲ့တာ မထူးဆန်းတော့ပါဘူး။ ”

မီးတောက်လင်းယုန်မှ ညည်းတွားလိုက်သည်။ ထိုအချိန်တွင် စုရီသည် ဟွမ်ထျန်းထံ ငုံ့ကြည့်ကာ၊

“ မင်းက ကျန်းထိုက်အာ၊ သွေးလျှံဝိညာဉ်တို့လို ငါ့ရဲ့ အထောက်အထားကို ကြိုတင်ခန့်မှန်းနိုင်လိမ့်မယ်လို့ ထင်ထားတာ ဒါပေမဲ့ အခုကြည့်ရတာ မင်းရဲ့အမြင်အာရုံက သူတို့ထက် နိမ့်နေသေးတာပဲ။ ”

-ဟု ပြောကြားလိုက်၏။

ဟွန်ထျန်းတစ်ယောက် မျက်မှောင်ကြုတ်သွားပြီး၊

“ ဝမ်ယဲ့ ... မင်းက အခု သူတော်စင်အင်မော်တယ် နယ်ပယ်မှာပဲရှိတယ် မင်းမှာ အရည်အချင်းရှိလို့ ငါ့ကို နှိမ့်ချ ပြောဆိုနေရတာလဲ။ ”

-ဟု တုန့်ပြန် မေးမြန်းလိုက်သည်။ ထိုမေးခွန်းကြောင့် စုရီမှ ပြုံးလိုက်တော့၏။

“ ဒါဆို ... မင်းဘာလို့ မလှုပ်တာလဲ ကြောက်နေတာလား ဒါမှမဟုတ်ငါ့ရဲ့ခွန်အားကို မမြင်နိုင်လို့လား။ ”

ဟွမ်ထျန်းတစ်ယောက် တိတ်ဆိတ်သွားတော့၏။ စုရီက လှောင်ပြုံးနှင့် သူ့စကားကို ဆက်ပြောသည်။

“ မင်းနေရာမှာသာ ကျန်းထိုက်အာဆိုရင် သူငါ့ကို ချက်ချင်းတိုက်ခိုက်ပြီးပြီ မနိုင်ဘူးဆိုရင် ဆုတ်ခွာလိမ့်မယ် ...

... သွေးမီးလျှံဆိုရင်လည်း ငါ့ရဲ့စွမ်းအားကိုမသိရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး သူ လှည့်ထွက်သွားလိမ့်မယ် ... မင်းကတော့ ကျန်းထိုက်အာလို သတ္တိလည်းမရှိသလို ...

... သွေးမီးလျှံလို ပြတ်သားမှုလည်း မရှိဘူး မင်းစိတ်ထဲမှာ စိုးရိမ်မှုတွေပြည့်နေပြီး လွှတ်ချဖို့ တုန့်ဆိုင်းနေတယ် ...

... ဒါကြောင့် မင်းရဲ့ခွန်အားက ထိုက်ကျင်းနယ်ပယ်မှာ ရှိနေတာချင်း အတူတူ သူတို့ထက် အားနည်းနေရတာပဲ။ ”

ဟွမ်ထျန်းတစ်ယောက် လုံးဝ ဆိုးရွားသွားလေသည်။ ဤနေရာတွင် တခြားသူ တစ်ဦးမှ ဤသို့ပြောသော် သူ ချက်ချင်း သတ်ပစ်မိပေမည်။

စုရီ၏စကားလုံးတိုင်းသည် နှလုံးသားကို ထိုးစိုက်နေသကဲ့သို့ ရှက်ရွံ့ဒေါသထွက်စေခဲ့၏။

“ ဘာလဲ ... ငါဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာတောင် မင်း မဝံ့သေးဘူးမလား။ ”

စုရီမှ ပြုံးစိစိဖြင့် မေးသည်။ ဟွန်ထျန်းခမျာ နားထင်ကြောများ ထောင်ထလာပြီး မျက်နှာပြင် တစ်ခုလုံး မည်းမှောင်သွားတော့၏။

“ ဝမ်ယဲ့ ... အဲဒီတုန်းက မင်းဆိုတာ ဆုံးဖြတ်ချက်ပြတ်သားပြီး ဓားနဲ့ဖြေရှင်းတတ်တဲ့ လူမျိုးမဟုတ်လား ... အခုဘာလို့ အဖိုးကြီး တစ်ယောက်လို စကားများနေရတာလဲ။ ”

“ ဟားဟားဟား ... မင်းငါ့ကို စမ်းသပ်ဖို့ စိတ်ကူးနေတာလား ... ကောင်းပြီ ငါပြောပြမယ် အခုငါ့ခွန်အားနဲ့ဆိုရင် မင်းကိုလိုက်ဖမ်းဖို့ ...

... မလုံလောက်ဘူး ဒါပေမယ့် မင်းသာ ထွက်မပြေးဘူးဆိုင်ရင်တော့ ဒီနေ့မင်းကိုသတ်ဖို့ ငါအာမခံပါတယ်။ ”

တစ်ဖက်တွင် ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်သည် တွေဝေနေသောဟွမ်ထျန်း၏ အမူအရာကြောင့် စိုးရိမ်လာသည်။

“ နတ်ဆိုးအဖိုးကြီး ... မင်း ချက်ချင်း တိုက်ခိုက်ပြလိုက်စမ်းပါ ဒီလောက်အထိတောင် ကြောက်နေတာက ရှက်စရာကောင်းပါတယ်။ ”

ရုတ်တရက် အဝေးမှနေပြီး မီးတောက်လင်းယုန်က လှောင်ပြောင်ပြောဆို လိုက်တော့၏။ တျန်ရွှမ်းကျိသည်လည်း ပြုံးလျက်၊

“ ဟားဟားဟား ... သူ မဝံ့ပါဘူး ထာဝရညဧကရာဇ်ဆိုတာ တစ်ချိန်က သူ့ကို ခေါင်းမဖော် ရိုက်နှက်ခဲ့ဖူးတယ်။ ”

-ဟု ထပ်မံလှောင်ပြောင်လိုက်သည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ရုတ်တရက် လေခွင်းသံတစ်ချက် ထွက်ပေါ်လာပြီး ဝိညာဉ် တစ်သောင်းဂိုဏ်းချုပ်သည် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ထွက်ပြေးတော့၏။

သို့သော် စုရီ၏တုံ့ပြန်မှုသည် ပို၍မြန်ဆန်သည်။ လခြမ်းအသွင် ဓားအလင်း တစ်ချက်ကို အဝေးသို့ပစ်ခတ်လိုက်၏။

“ ဝုန်း ... ။ ”

ကောင်းကင်နှင့် မြေကြီးပြင်းထန်စွာ တုန်ခါသွားပြီး လေဟာနယ်သည်ရေပြင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အက်ကြောင်းကြီး ထွက်ပေါ်လာသည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်၏ အသွင်အပြင်သည် ပေပေါင်းထောင်ချီအကွာ၌ ပြန်လည်ထွက်ပေါ်လာတော့၏။

“ မကောင်းတော့ဘူး။ ”

မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားသည်။ ဤသည်မှာ နတ်ဘုရားသားတော်မှ ချီးမြင့်သော လျှို့ဝှက်တားမြစ်နည်းစနစ်ဖြစ်၏။

အသက်တရှိုက်စာအတွင်း နတ်ဘုရား တစ်ပါးကဲ့သို့ မိုင်ပေါင်းသောင်းချီကာ ရွှေ့လျား နိုင်ပေမည်။ ထိုက်ကျင်းနယ်ပယ် ပုဂ္ဂိုလ်များပင် သူ့ကိုတားဆီးနိုင်မည် မဟုတ်ချေ။

“ အသက်ဝင် ... ။ ”

ချက်ချင်းပင် သူ့ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင်ချပ်ဝတ်တစ်ထည် ပေါ်လာကာ အလင်းများ ကောင်းကင်သို့ ပျံတက်လာသည်။

“ ဘန်း ... ။ ”

သို့သော် တစ်ခဏအတွင်းမှာပင် သဏ္ဍန်မဲ့စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာကာ ထိုချပ်ဝတ်ကို အပိုင်းပိုင်းခွဲပစ်လိုက်တော့၏။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်ခန္ဓာနှင့် ဝိညာဉ်မှာ အစိတ်စိတ်အမြွှာမြွှာ လွင့်ပြယ် သေဆုံး သွားလေသည်။

ဤမြင်ကွင်းကြောင့် ဟွမ်ထျန်းခမျာ လှုပ်ရှားမှုများတောင့်တင်းသွားပြီး ကျောပြင်၌ ချွေးစေးများ စီးကျလာ၏။

ဝိညာဉ်တစ်သောင်း ဂိုဏ်းချုပ်တွင် ဝှက်ဖဲများနှင့် နတ်ဘုရားအဆင့် ရတနာများ ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့်ပင် သူသည် ထိုလူစကားကို နားထောင်နေခြင်းဖြစ်၏။

သို့သော် မည်သူက ထင်ထားမည်နည်း။ တစ်ဖက်လူသည် ထိုဝှက်ဖဲများပင်ထုတ်ဖော်ချိန် မရလိုက်ဘဲ ဓားတစ်ချက်တည်းဖြင့် သေဆုံး သွားရချေပြီ။

“ နှမြောစရာပဲ ... သူသာ ထွက်မပြေးဘဲ ငါ့မေးခွန်းတွေကိုဖြေဖို့ဆန္ဒရှိရင် အသက်ရှင်ခွင့် ရနိုင်မှာပါ။ ”

စုရီက ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် ဟွမ်ထျန်းထံ လှည့်ကြည့်လိုက်ကာ၊

“ မင်း ဘာလို့ မလှုပ်သေးတာလဲ။ ”

-ဟု ဆိုလျက် ရှေ့သို့လျှောက်လှမ်းသွားတော့၏။

“နှစ်ပေါင်းများစွာ ကြာပြီးမှ ငါတို့မိတ်ဆွေဟောင်းတွေ ပြန်ဆုံတွေ့ကြတာပဲ ရန်ငြိုးတွေကို ခဏဘေးဖယ်ထားပြီး အရင်ဆုံး စကားစမြည် ပြောကြရင် မကောင်းဘူးလား။ ”

“ စကားပြောမလို့လား ... ကောင်းပြီ မင်းဒီမှာဒူးထောက်လိုက်ရင် ငါနားထောင်ပေးဖို့ ဝန်မလေးပါဘူး။ ”

“ မင်း ... ။ ”

ယင်းသည် မောက်မာလွန်းပြီး လုံးဝအထိန်းအကွပ်မဲ့နေ၏။ ဟွမ်ထျန်းအတွက် မျက်နှာနီမြန်းကာ သည်းခံနိုင်စွမ်းဆုံးရှုံးသွား၏။ သို့သော် တစ်ဖက်လူသည် ထာဝရညဧကရာဇ် ဖြစ်ကြောင်း နှလုံးသားမှ သတိပေးလာသဖြင့်၊

“ ဝမ်ယဲ့ ... အခုချိန်မှာ ငါမင်းကို သတ်နိုင်တဲ့ခွန်အား မရှိဖူးဆိုတာ မယုံကြည် သေးဘူး။ ”

ထို့နောက်တွင် သူ့ပုံရိပ်သည် ရုတ်ချည်းပွင့်ထွက်သွားပြီး သွေးရောင်ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံလာ၏။ ခန္ဓာကိုယ်မှ တာအို ဥပဒေများ ပေါက်ကွဲထွက်လာသည်။

ထိုဥပဒေများသည် ရေတံခွန်ကြီးများ စီးဆင်းနေသကဲ့သို့ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေ၏။

ဦးခေါင်းထက်၌ ပန်းချီကားတစ်ချပ် ဖွဲ့တည်လာသည်။ ထိုပန်းချီကား၌ သွေးနီရောင် ပင်လယ်ပြင်ကြီးတစ်ခု ရှိနေပြီး ရောင်ဝါဖြင့်ပင် လေဟာနယ်ကြီးကို ပြိုကျသွားစေ၏။

“ သွေးမီးတောက် ကောင်းကင်ပန်းချီ။ ”

ယင်းသည် ဟွမ်ထျန်းပိုင်ဆိုင်သော ထိုက်ကျင်းအဆင့် လျှို့ဝှက်ရတနာဖြစ်သည်။ ဓမ္မအဆုံးခေတ်မတိုင်မီ ကမ္ဘာငယ်တစ်ခုလုံးကို လောင်မြိုက်ကာ သက်ရှိတိုင်းပြာချခဲ့ဖူး၏။

ထို့ကြောင့် ဤရတနာသည် မည်မျှအထိ ကြောက်စရာကောင်းကြောင်း ခန့်မှန်းနိုင်မည်။ ၎င်းမြင်ကွင်းကြောင့် ထျန်ရွှမ်ကျိနှင့် မီးတောက် လင်းယုန်မှာ အလွန်ထိတ်လန့်လာ၏။

ဟွမ်ထျန်းသည် ထိုက်ကျင်း အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်ကြီးဖြစ်လေသည်။ မည်မျှနှိမ့်ချလှောင်ပြောင်နေကာမူ ဒေါသဖြင့် တိုက်ခိုက်လာသော် အမှန်ပင် ကြောက်စရာကောင်းပေမည်။

ဤအခိုက်တွင် စုရီ၏အသိစိတ်ပင်လယ်ရှိ ငရဲဘုံကိုးပါးဓားသည် တဆက်ဆက်တုန်ခါလာ နေတော့၏။

သူ့အနေဖြင့် ဟွမ်ထျန်ကို ဟန့်တားရန် လုံလောက်သောခွန်အားမရှိသော်မှ ထိပ်တိုက် ရင်ဆိုင်ရန် လုံလောက်နေသေးသည်။

“ ဟမ့် ... ။ ”

စုရီတစ်ယောက် လေဟာနယ်ကို ဆောင့်နင်းကာ ဓားဆွဲလျက် ကောင်းကင်ယံသို့ ခုန်တက်ကာ လက်ဦးမှုရယူလိုက်၏။

ဤသည်မှာ ဓားသမားတစ်ဦး၏ သတ္တိဖြစ်သည်။ သေခြင်းရှင်ခြင်းကို ပေါ့ပါးစွာ ရင်ဆိုင်နိုင်၏။ အရှုံးအနိုင်ကို ဂရုမစိုက်ချေ။

ယနေ့တွင် သူတော်စင် အင်မော်တယ် အဆင့်သူ့ခွန်အားသည် မည်မျှ သန်မာကြောင်း သိခွင့်ရတော့မည်ဖြစ်၏။

***

All Chapters