← Chapters

အခန်း ၁၂၉၅

Vol. 108 Ch. 1295

အခန်း ၁၂၉၅

Vol. 108 Ch. 1295

အခန်း ၁၂၉၅ -

အရာခပ်သိမ်း ဖျက်သိမ်းခြင်း ဥပဒေ။

ထျန်ရွှမ်ကျိနှင့် မီးတောက်လင်းယုန်မှာ အံ့အားသင့်သွား၏။ ဤသည်မှာ မည်သို့သော မဟာတာအိုနည်း။

အဝေးမှ လှမ်းကြည့်ရုံမျှဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်သိမ်းနိုင်သော အတိုင်းအဆမရှိလှသည့် တွင်းနက်ကြီး တစ်ခုလိုပေပင်။

အထူးသဖြင့် ထျန်ွရှမ်ကျိဖြစ်၏။ ခြေလက်များ တုန်ရင်လာပြီး မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သော အံ့သြထိတ်လန့်မှုများ ပေါ်ပေါက်လာလေသည်။

အဘယ်ကြောင့်ဆိုသော် စုရီလက်ဖဝါးထဲရှိ တာအိုဥပဒေသည် ကံကြမ္မာနှင့် ဆက်စပ်သည့် စွမ်းအားတစ်ခု ပါရှိနေ၏။

ယင်းကို နားမလည်နိုင်သော်လည်း သူ့ဘဝတလျှောက် ရှာဖွေနေခဲ့သော တာအို ဖြစ်ကြောင်း ခံစားမိလာသည်။

သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ခြင်းနှင့် ကံကြမ္မာကို ဖော်ထုတ်ခြင်းတို့ဖြစ်၏။

ဤကဲ့သို့သော လမ်းစဉ်သည် အပြင်းထန်ဆုံးသော အတားအဆီနှင့် ကြိုတင် မခန့်မှန်းနိုင်သည့် ဘေးဒုက္ခများစွာတို့ဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ဥပမာအနေဖြင့် ဤလောကရှိ ကျင့်ကြံသူအများစု၏ ကြောက်ရွံ့ဖယ်ခွာခြင်း ဦးစွာခံရနိုင်မည်။

ယခုအချိန်တွင် သူသည်လည်း ဘေးဒုက္ခပေါင်းစုံ ရစ်ပတ်နေပြီဖြစ်ကာ သူ၏ ကျင့်ကြံခြင်းမှာ ပြုတ်ကျသွားခဲ့ပြီးဖြစ်၏။

ကောင်းကင်ပြစ်ဒဏ်မှ လွတ်မြောက်ရန်အတွက် အရပ်ရပ်သို့ ထွက်ပြေး ပုန်းအောင်းကာ အသက်ဆက်နေရသည်။

အကြောင်းရင်းမှာ သူ လိုက်စားခဲ့သော တာအိုသည်ကံကြမ္မာကိုထိခိုက်ကာ ဒုက္ခများ ဆောင်ကျည်းလွန်းသောကြောင့် ဖြစ်သည်။

ထိုကြောင့် စုရီလက်တွင် သူ့တသက် ရှာဖွေနေသောတာအိုကို မြင်တွေ့လိုက်ရသည့် အခိုက် အလွန်ပင် စိတ်လှုပ်ရှားလာ၏။

တစ်ဖက်တွင် ကမ္ဘာတစ်သောင်းသစ်ပင် ပေါက်ကလေးသည် သစ်ရွက်များကိုလှုပ်ခါပြပြီး စုရီ ပြသနေသည့် တာအိုဥပဒေများအပေါ် သတိပြုမိသွားသည်။

တာအိုမုန်တိုင်းသည် သူ့ဝန်းကျင်၌ မြူအသွင်လည်ပတ်လျက် စိတ်အားထက်သန်ပုံ ပြသလာသည်။ နေထိုင်ရန် အကောင်းဆုံး နေရာကို ရှာဖွေတွေ့ရှိသွားသည့်အလား ပေပင်။

“ မျှော်လင့်ချက် ရှိတယ်။ ”

မီးတောက်လင်းယုန်မှ စိတ်လှုပ်ရှားသွားသည်။ သစ်ပင်များဟူသည် မြေဆီလွှာကို မလွဲမသွေ လိုအပ်လှ၏။

ထို့ကြောင့် စုရီထုတ်လွှတ်လိုက်သော မဟာတာအိုအလင်းရောင်သည် ဆွဲဆောင်မှု အရှိဆုံး မြေဆီလွှာတစ်ခုဖြစ်နေချေပြီ။

အဆုံးတွင် ကမ္ဘာတစ်သောင်းသစ်ပင်သည် သည်းမခံနိုင်တော့ဘဲ ဝုန်းကနဲတောက်ပလာပြီး စုရီလက်ဖဝါးပေါ်သို့ ပျံသန်းလာခဲ့သည်။

၎င်းရောက်ရှိလာသည်နှင့် တာအို ဥပဒေများသည် မုန်တိုင်းကြီးအလား သစ်ပင်ထံ တိုးဝင်သွားလေသည်။ ကမ္ဘာတစ်သောင်း သစ်ပင်ခမျာ အသိုက်သို့ ပြန်ရောက်လာသည့် အလား မြူးထူးနေတော့၏။

“ အောင်မြင်သွားတာလား။ ”

မီးတောက်လင်းယုန်မှ မျက်ခုံးပင့်လိုက်၏။ စုရီတစ်ယောက်နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့် ပေါ်လာတော့သည်။

ဝမ်ယဲ့ဘဝတွင် တစ္ဆေငိုချောက်ကမ်းပါးထံ အကြိမ်ကြိမ် ဝင်ရောက်ကာ ကမ္ဘာတစ်သောင်း သစ်ပင်၏ သဲလွန်စကို ရှာဖွေခဲ့ဖူး၏။

ထို့အတွက်ကြောင့် သူသည် ရှေးဟောင်းကျမ်းစာများစွာမှ ဤသစ်ပင်၏ အချက်အလက်များကို ရယူထားခဲ့သည်။

ကမ္ဘာတစ်သောင်းသစ်ပင်သည် တာအိုအရင်းအမြစ်မှ မွေးဖွားလာခြင်းဖြစ်ပြီး နတ်ဘုရားအဆင့် ရတနာဖြစ်၏။

အကိုင်းအခက်များသည် ကမ္ဘာလောကများကြားရှိ ဥပဒေစည်းမျဉ်းများ အပေါ် ဖြတ်သန်းသွားလာနိုင်သည်။

ထို့ပြင် ဤသစ်ပင်သည် မွေးရာပါ ဉာဏ်ပညာနှင့် ဆန်းကြယ်မှုများ ရှိသောကြောင့် အန္တရာယ်ကို သတိပြုမိသည်နှင့် တပြိုင်နက် ပုန်းအောင်းထွက်ပြေးလိမ့်မည်။

အာကာသတာအိုကို ပိုင်ဆိုင်ထားသောကြောင့် ထိုသို့ထွက်ပြေးပါက စကြဝဠာအတွင်း လှည့်လည်ခရီးနှင်ကာ ရှာဖွေရပေမည်။

တစ်ခုတည်းသော နည်းလမ်းမှာ ကမ္ဘာတစ်သောင်းသစ်ပင်၏ အသိအမှတ် ပြုမှုကို ရယူရန်ဖြစ်၏။

တာအိုမူလအရင်းအမြစ်များမှ မွေးဖွားလာသော နတ်ဘုရားရတနာများသည် ဗီဇအသိဖြင့် အသွင်ပြောင်းလဲခြင်းပြုနိုင်၏။

သို့သော် ယင်းသည် အသက်ဓါတ်ကို ပေးဆပ်ရမည်ဖြစ်ရာ မည်သည့်နတ်ဘုရား ရတနာမျှ အလွယ်တကူအသွင်ပြောင်းရန် ကြိုးစားကြမည်မဟုတ်ချေ။

ထို့ကြောင့် နတ်ဘုရားရတနာများသည် အသွင်ပြောင်းလဲစေနိုင်သော အထောက်အကူ ရတနာများလိုအပ်သည်။ ထိုအထောက်အကူပြု ရတနာများသည် အလွန်ရှားပါးလှပြီး ရှာဖွေရခက်ခဲ၏။

ဝမ်ယဲ့ဘဝ၌ပင် အသွင်ပြောင်း နတ်စမ်းရေအချို့နှင့် လျှို့ဝှက်ရတနာအချို့သာ ရှာဖွေနိုင်ခဲ့သည်။

ထို့ကြောင့် ထိုဘဝတွင် ကမ္ဘာတစ်သောင်း သစ်ပင်ကိုရှာဖွေနိုင်ခြင်းမရှိခဲ့ချေ။ ယခုလက်ရှိ ဘဝအတွက်မူ နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားသည်။

ယင်းသည် ကံကြမ္မာမြစ်ကြီးမှ ရရှိခဲ့သော တာအိုတစ်ခုဖြစ်သည်။ ထိုတာအိုသည် သူ၏ ပထမဆုံးဘဝမှ ပေးအပ်ခဲ့ခြင်းဖြစ်၏။

ရည်ရွယ်ချက်သည် ကံကြမ္မာ၏ ချုပ်နှောင်မှုကို ဖြတ်တောက်နိုင်ခြင်းဖြစ်သည်။ ဤနည်းဖြင့် စကြာဝဠာကြီးအတွင်းတွင် လွတ်လပ်စွာ တာအိုကို ရှာဖွေနိုင်မည်။

ဤနှစ်များအတွင်း ထိုတာအိုကို အသုံးပြုခြင်းမရှိခဲ့ချေ။ ဝမ်ယဲ့ ချန်ထားခဲ့သော ကျင့်ကြံခြင်းစွမ်းအားနှင့် နှလုံးသားတိုက်ပွဲကို ဆင်နွှဲနေရသောကြောင့် ဖြစ်၏။

တစ်ဖက်တွင် ဤတာအိုသည် ဝင်စားခြင်းတာအိုထက် နိမ့်ကျခြင်း မရှိချေ။ ကန္ဘာတစ်သောင်း သစ်ပင်သည်ပင် ရှားပါးသည့် တာအိုစွမ်းအားကြောင့် ဆွဲဆောင်ခံရ၏။

“ တကယ်ပဲ ကမ္ဘာတစ်သောင်းသစ်ပင်ကို ဆွဲဆောင်နိုင်တာလား။ ”

မီးတောက်လင်းယုန်မှ လုံးဝ မှင်သပ်နေချေပြီ။ တစ်ဖက်တွင် ထျန်ွရှမ်ကျိမှာ သက်မဲ့ကျောက်ရုပ်ကြီးအလား ငြိမ်သက် သွားတော့၏။

ထို့နောက် ရုတ်ချည်း အိပ်မက်မှ နိုးထလာသည့်အလား အသက်ပြင်းပြင်းရှူကာ မျှော်လင့်ချက်အပြည့်ဖြင့်၊

“ ဆရာဝမ် ... မင်း တပည့်လက်ခံဦးမလား။ ”

-ဟု မေးလိုက်သည်။

မီးတောက်လင်းယုန်မှ ထိတ်လန့်တကြား လှည့်ကြည့်၏။ ဤလူလိမ်အဘိုးကြီး မည်သည့် အရာများ ကြံစည်နေသည်ကို နားမလည်နိုင်တော့ချေ။

“ မင်း ဘာကို ဆိုလိုတာလဲ။ ”

စုရီက တစ်ဖက်လူ၏ ထူးဆန်းသော အမူအရာကြောင့်မေးမြန်းလိုက်၏။ ထျန်ရွှမ်ကျိ တစ်ယောက် အမူအရာ ရှုပ်ထွေးလာပြီး စုရီ လက်ဖဝါးထဲရှိ တာအိုထံ ကြည့်ကာ၊

“ ငါ့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ ... ငါတကယ်ပဲ မင်းဆီကနေ ဒီလိုမဟာတာအိုကို အမွေလိုချင်ပါတယ်။ ”

- ဟု ဖြေကြားလေသည်။

“ ဒီတာအိုက မင်းရဲ့ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို ပြုပြင်ပေးနိုင်လို့လား။ ”

“ ဟုတ်ပါတယ် ဒါတင် မကသေးဘူး ... ဒီလိုတာအိုမျိုးကို ငါတစ်သက်လုံး ပြင်းပြင်းပြပြ ရှာဖွေနေခဲ့တာပါ ...

... ရှည်လျားလှတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ဒီလိုတာအိုမျိုးကို အမြဲအိမ်မက်မက်ခဲ့ရတယ် ဒါပေမယ့် နှမြောစရာကောင်းတာက ...

... ငါရှာနေတဲ့ တာအိုက မှုန်ဝါးပြီး လုံးဝဖမ်းဆုပ်မရအောင် ပါးလျနေတယ် ... ဒါကို ဒဏ္ဍရီအဖြစ်တောင် ထင်လာမိတယ် ဒါကြောင့် ငါ့တာအိုက လမ်းပိတ်တစ်ခု ...

... ဖြစ်ရမယ်လို့ သံသယဝင်လာပြီး ငါ့ကျင့်ကြံမှုရပ်သွားရပါတယ် ကောင်းကင်ကြီး အောက်မှာ ငါဟာကန့်သတ်ခံထားရတာမို့ တွက်ချက်မှုတိုင်းမှာ ကန်သန့်ချက်တွေ များလာရတော့တာပဲ ...

... အခုတော့ မထင်မှတ်ဘဲ မင်းရဲ့လက်ထဲမှာရှိနေတဲ့တာအိုက ... ငါ ... ငါ ရှာနေတဲ့တာအိုဆိုတာ မြင်လိုက်ရပြီ။ ”

ထိုအဖြေကြောင့် စုရီမှ တိတ်ဆိတ်သွား၏။ ထျန်ရွှမ်ကျိမှ ပို၍ရူးသွပ်လာကာ၊

“ ငါ့မှာ ဗီဇအသိတစ်ခုရှိနေတယ် ... တကယ်လို့သာ မင်းရဲ့ဒီတာအိုကို နားလည်ရင် ငါ့ခန္ဓာကိုယ်ထဲက တာအိုအုတ်မြစ်ကို ပြုပြင်ပြီး ရစ်ပတ်နေတဲ့ ကပ်ဘေးဒုက္ခအပေါ်လည်း ဖျက်တောက်မယ် ...

... အရေးအကြီးဆုံးက အတိတ်မှာ ကောင်းကင်တာအိုကို ဖောက်ဖျက်လိုက်မိခဲ့တဲ့ အကျိုးဆက်အသီးသီးလည်း ငါ ဖြတ်တောက် နိုင်ပါလိမ့်မယ်။ ”

ဤစကားကို ပြောပြီးသောအခါ ထျန်ွရှမ်ကျိသည် စိတ်လှုပ်ရှားလွန်းနေသဖြင့် တဆက်ဆက် တုန်ရီနေ၏။

ယင်းသည် သူ့အတွက် တံခါးကြီးတစ်ချပ်ဖြစ်ကာ အနာဂါတ်တွင် ကံကြမ္မာနတ်ဘုရားဟူသော ဘွဲ့ထူးမျိုးကို သိမ်းပိုက်နိုင်တော့မည်ဖြစ်သည်။

မီးတောက်လင်းယုန်မှ နားလည်သွားကာ မနာလိုဟန်ဖြင့် လှည့်ကြည့်သည်။ လူလိမ်သည် ကံကြမ္မာနတ်ဘုရားသာဖြစ်ခဲ့သော် စကြာဝဠာ အတွင်း သူ့အတွက် လျှို့ဝှက်ချက်များ ရှိတော့မည် မဟုတ်ချေ။

မည်မျှ ကြီးကျယ်ခမ်းနားမည်နည်း။ ဓမ္မအဆုံးခေတ်မတိုင်မီက ဤလူလိမ်ကြီးသည် ထိုက်ကျင်းနယ်ပယ် ဒုတိယအဆင့်ဖြစ်၏။

ကောင်းကင်မှလျှို့ဝှက်ချက်များကို ခိုးယူတွက်ချက်ရာတွင် အလွန်ပင်တားမြစ်ဆန် လွန်းချေပြီ။ ထို့ကြောင့် ကောင်းကင်တာအိုနှင့် လွတ်ရာသို့ မကြာမကြာရှောင်တိမ်းနေရ၏။

“ ဆာရာဝမ် ... ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ။ ”

“ သောက်ခွေး ... မင်း လူလိမ်အဖိုးကြီး။ ”

ထျန်ရွှမ်ကျိမှ ချက်ချင်း စုရီခြေထောက်ကို လှမ်းဖက်လေသည်။ မီးတောက်လင်းယုန်ခမျာ ထိတ်လန့်တကြား ထပျံလိုက်ရ၏။

ဤလူလိမ်ကြီးသည် အမှန်ပင် မျက်နှာပြောင်တိုက်လွန်းချေပြီ။ သူ့မြေးထက် ငယ်လွန်းသော လူငယ်လေးထံပါးတွင် ဒူးထောက်ရန် တုန့်ဆိုင်းခြင်းမရှိချေ။

တာအိုအတွက် ဂုဏ်သိက္ခာနှင့် မာနကို လုံးဝလျစ်လျူရှုနေသည်။ ယခုအချိန်တွင် စုရီမှ သူ့ကို သတ်ပေးရန် တောင်းဆိုသော် တွန့်ဆုတ် နေမည်မဟုတ်ချေ။

ဤခရီးစဉ်သည် လူလိမ်အဖိုးကြီးနှင့် ပထမဆုံးနှင့် နောက်ဆုံးသော ခရီးသွားလာခြင်း ဖြစ်ပေမည်။ အနာဂါတ်တွင် မည်သည့်လင်းယုန် အမများဖြင့် ဆွဲဆောင်သော်မှ နားမယောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

မဟုတ်သော် ထိုစိတ်ကြောင့် သူ့ကို အခြားသူများလက်သို့ ရောင်းစားခြင်းမပြုဟု အာမမခံနိုင်ချေ။

တစ်ဖက်တွင် စုရီသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ထျန်ရွှမ်ကျိကို ခြေထောက်ဖြင့် ကန်ထုတ်ပစ်လိုက်သည်။

“ မင်းထပ်ပြီး ဒီလိုမျိုး အရှက်မရှိ လုပ်နေဦးမယ်ဆိုရင် ... ငါ နည်းနည်းလေးမှ ကူညီမှာ မဟုတ်ဘူး။ ”

“ မင်းသဘောတူရင် ငါဆက်မလုပ်တော့ပါဘူး ... ပြီးတော့ ငါ့မှာ မင်းနဲ့လဲလှယ်ဖို့ ဘာပစ္စည်းမှ မရှိတာမို့ ဒီလိုပဲ လုပ်လိုက်ရတာပါ။ ”

“ ဟမ့် .. .ဘေးမှာစောင့်နေ။ ”

စုရီမှ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် နေရာတစ်ခုရှာဖွေကာ တင်ပျဉ်ခွေထိုင်လျက် လက်ထဲရှိပျိုးပင်လေးထံ ဆက်သွယ်မိ၏။

မှိန်ဖျော့ဝေဝါးကာ အတိုင်းအဆမရှိ မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရောက်ရှိနေသကဲ့သို့ ခံစားလာရသည်။

ထူထပ်လှသော သစ်ကိုင်းများသည် လက်တံများအလား စကြာဝဠာကြီးအတွင်းသို့ ပျံ့နှံ့နေလျက် ကမ္ဘာအသီးသီးရှိ ဥပဒေများကို ဖြတ်သန်းသွားနေသည်။

သစ်ပင်သည် အလွန် ကြီးမားလှပြီး ကောင်းကင်ယံကို ထောက်ကန်ပေးထားကာ ကြယ်တာရာများသည် သဲပွင့်လေးများကဲ့သို့ မှိန်ဖျော့လင်းလက်နေ၏။

ယခုအချိန်တွင် သူသည် ကမ္ဘာတစ်သောင်း သစ်ပင်ကြီးဖြစ်သည်။ ဆန္ဒရှိသော် ကမ္ဘာများထံ စိတ်ကူးတစ်ချက်တည်းဖြင့် လွတ်လပ်စွာ ခရီးနှင်နိုင်ပေတော့မည်။

ထို့နောက် ဤထူးခြားသော မြင်ကွင်းများအားလုံး ရုတ်ချည်းပျောက်ကွယ် သွားတော့၏။

မြင်ကွင်းတွင် တာအိုမုန်တိုင်းတစ်ခု ပေါ်ထွက်လာနေပြီး လောကကြီးတစ်ခုလုံးမှာ မီးခိုးရောင်သန်းနေသည်။

အချိန်မမွေးဖွားသေးသော စကြာဝဠာခေတ်ဦးကာလပေပင်။ စုရီခမျာ ဤအခိုက်အတန့်တွင် ပြင်းပြလွန်းသော တောင့်တမှုများ ခံစားလာရ၏။

သက်ရှိတစ်ခုသည် သူ့ကို လှမ်းခေါ်နေသကဲ့သို့ရှိပြီး အသွင်ပြောင်းခြင်းနှင့် ကြီးထွားမှုထံ တောင့်တနေသည်။

ထိုတောင့်တမှုသည် အလွန်ပြင်းကာ အဆုံးတွင် တာအိုမုန်တိုင်းတစ်ခုလုံး တုန်ခါကာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ ခရစ် ... ။ ”

ယင်းကြောင့် မျိုးစေ့တစ်ခုသည် အခွံမှထွက်ခွာလာကာ စိမ်းလန်းစိုပြေသော ပျိုးပင်လေးတစ်ပင်အဖြစ် ကြီးထွားလာ၏။

“ ဒါ ကမ္ဘာတစ်သောင်း သစ်ပင်ရဲ့ မွေးဖွားခြင်းလား။ ”

စုရီမှ စဉ်းစားလိုက်သည်။ ချက်ချင်း ဤမြင်ကွင်းများအားလုံး ပျောက်ကွယ်သွား၏။ သူ့လက်ထဲရှိ သစ်ပင်လေးမှာ ရုတ်တရက် ပျောက်ကွယ်သွားချေပြီ။

တစ်ဆက်တည်းမှာပင် အင်မော်တယ်အာကာသအတွင်း၌ ပြန်လည် ထွက်ပေါ်လာ၏။

ကျယ်ပြောလှသော အင်မော်တယ် အာကာသနှင့် နှိုင်းယှဉ်ပါက ကမ္ဘာတစ်သောင်း သစ်ပင်သည် အလွန်သေးငယ်နေသည်။

သို့သော် ၎င်းပေါ်လာသည်နှင့်အမျှ အင်မော်တယ်အာကာသ၌ တာအိုမုန်တိုင်းကြီး တစ်စင်းချက်ချင်းပေါ်လာ၏။ ထူထပ်လှသော တာအိုအငွေ့အသက်များနှင့် အသက်ဓါတ်များ တိုးပွားလာချေပြီ။

ငရဲဘုံကိုးပါးဓားအဖြစ် ပေါင်းစည်းထားခဲ့သော တာအိုကိုးပါးတို့သည် အာကာသထဲတွင် လွင့်မျောကာ ထိုသစ်ပင်ထံ လျစ်လျူရှုထားချေပြီ။

ကမ္ဘာတစ်သောင်းသစ်ပင်မှ ကြောက်ရွံ့ခြင်းမရှိဘဲ ထိုအနားသို့တိုးသွားကာ တိတ်တဆိတ် အမြစ်တွယ်လိုက်တော့၏။

ဤအခိုက်အတန့်တွင် စုရီခန္ဓာကိုယ် တုန်ခါသွားပြီး အင်မော်တယ်အာကာသပုံရိပ်မှာ ပြင်ပသို့ ထင်ဟပ်လာတော့၏။

ဆိုလိုသည်မှာ စုရီတစ်ယောက် တာအိုစွမ်းအင်များကို စုပ်ယူသန့်စင်နေသမျှ ထိုသစ်ပင်သည်လည်း တာအိုစွမ်းအင်များ စုပ်ယူနေမည်ဖြစ်သည်။

ဤနည်းဖြင့် သူသည် ကျင့်ကြံမှု အရင်းအမြစ်များ ယခင်ထက် ပိုလိုအပ်လာမည် ဖြစ်ကာ နောင်တွင် ထိုသစ်ပင်လေး၏ အကူအညီဖြင့် ကမ္ဘာတစ်သောင်းထံ ခရီးသွားနိုင်တော့မည်ဖြစ်သည်။

အဆိုပါအချက်အလက်များသည် စုရီအသိစိတ်ထဲ လွင့်မျောလာသဖြင့် အလွန်ပင် တုန်လှုပ်သွားရတော့၏။

ကျင့်ကြံသူတစ်ဦးအတွက် အမှန်တကယ် ရတနာဖြစ်သည်။ နတ်ဘုရားရတနာတစ်ပါးကို ပိုင်ဆိုင်ထားခြင်းနှင့်မခြားဘဲ စကြာဝဠာအနှံ့ ခရီးဆက်နိုင်ပေမည်။

***

All Chapters