အခန်း ၁၂၉၆
Vol. 108 Ch. 1296
အခန်း ၁၂၉၆ -
ရွံစရာကောင်းသော အဖိုးကြီး ... ။
စုရီတစ်ယောက် အင်မော်တယ် အာကသထဲအာရုံစိုက်ကြည့်ကာ ကျင့်ကြံမှုကို လှည့်ပတ်ကြည့်လိုက်၏။
အင်မော်တယ်အာပြင်တစ်ခုလုံး မြည်ဟည်းသွားပြီး ကမ္ဘာတစ်သောင်းသစ်ပင်မှာ လှုပ်ခါလာသည်။
တပြိုင်နက်တည်းမှာပင် နတ်အာရုံသည် သစ်ကိုင်းပေါင်းများစွာကဲ့သို့ အရပ်မျက်နှာအနှံ့ရှိ အာကာသထဲသို့ တိုးဝင်သွားတော့၏။
ထူးဆန်းလှသော ခံစားချက်ပေပင်။ ထိုအခိုက်အတန့်တွင် သူသည် စကြဝဠာအတွင်း ရောက်ရှိနေသည့်အလားခံစားရသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် သဏ္ဍန်မဲ့စွမ်းအားများ၊ စကြာဝဠာကြီးအတွင်းမှ တာအိုမုန်တိုင်းများနှင့် အနက်ရှိုင်းဆုံးနေရာမှ ဖရိုဖရဲစွမ်းအင်များအားလုံးကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့လိုက်လာ၏။
ထိုအာရုံခံစားမှုနှင့်အတူ နတ်အာရုံသည် လက်တံများကဲ့သို့ ရှုပ်ထွေးသောတာအိုမုန်တိုင်း စွမ်းအင်ကို စုပ်ယူလေသည်။
ကျင့်ကြံမှုတစ်ခုလုံး လည်ပတ်လာပြီး တာအိုမုန်တိုင်းများက ချက်ချင်း သိုင်းခြုံလာ၏။ တာအိုမုန်တိုင်းဟူသည် ကျင့်ကြံသူများအတွက် အန္တရာယ်များသော စွမ်းအင်များဖြစ်သည်။
စကြာဝဠာကြီးအတွင်း အလွန်ပင် ရှုပ်ထွေးပွေလီလွန်းသဖြင့် အင်မော်တယ်များမှ စုပ်ယူသန့်စင်ရန် မဖြစ်နိုင်ချေ။ ယခုမူ ကမ္ဘာ တစ်သောင်းသစ်ပင်သည် ထိုသို့သော စွမ်းအင်ကိုပင် ပျော်ရွှင်စွာစုပ်ယူနေ၏။
များမကြာခင် ထိုကမ္ဘာတစ်သောင်း သစ်ပင်မှ သန့်စင်သောတာအိုစွမ်းအင်များကို မြူအဖြစ် ပြန်လည် ထုတ်ပေးလာသည်။
ထို့နောက်တွင် စုရီ၏ တာအိုကိုးပါးသည် ထိုမြူများကိုစုပ်ယူကာ အလွန် ဆန်းကြယ်သည့် ခံစားချက်မျိုးရရှိလာ၏။
ဆိုလိုသည်မှာ ဤကမ္ဘာတစ်သောင်း သစ်ပင်သည် အရည်ကျိုအိုးကြီးတစ်လုံးကဲ့သို့ ဖြစ်နေပြီး အရပ်မျက်နှာအနှံ့မှ မဟာတာအို စွမ်းအင်များကို ရှာဖွေစုပ်ယူပေးသည်။
ဤနည်းဖြင့် မဟာတာအိုကို နားလည်လွယ်သော သီးခြားတာအိုများအဖြစ် ပြန်လည်စစ်ထုတ်ကာ ကျင့်ကြံခြင်းအတွက် အထောက်အကူပေးလေသည်။
ထိုထဲမှ အရာခပ်သိမ်းဖျက်သိမ်းခြင်း တာအိုသည် ကမ္ဘာတစ်သောင်းသစ်ပင်အတွက် မိခင်အသိုက်တစ်ခုကဲ့သို့ လုပ်ဆောင်ပေးနေ၏။
ကမ္ဘာတစ်သောင်း သစ်ပင်အတွက် မြောက်များစွာသောအသက်ဓါတ် ရရှိစေမည်။ အရာအားလုံး ကွင်းဆက်ကဲ့သို့ချိတ်ဆက်ကာ သံသရာလည်ပတ်နေ၏။ အလွန်ဆန်းကြယ်ပြီး မဆုံးမဲ့သော သံသရာပေပင်။
အမှန်ပင် နတ်ဘုရားရတနာ ဖြစ်ထိုက်ချေ၏။ သူသည် ကျင့်ကြံခြင်းအဟုန် အပေါ် အချိန်မရွေး ဖြတ်ကျော်ရန် ဆန္ဒရှိ၏။ ထို့ကြောင့် သူ့ကြီးထွားမှုသည် နှစ်အနည်းငယ် မယုံနိုင်လောက်အောင် မြန်ဆန်ခဲ့သည်။
သို့သော် တာအိုနားလည်မှုတွင်မူ ထိုနှုန်းထက်များစွာ အားနည်းနေသေးသည်။ ယင်းကြောင့်ပင် သူ့ခွန်အားသည် အင်မော်တယ် ဘုရင်များကို အလွယ်တကူအနိုင်ယူနိုင်ပြီး အဆိုပါ တွင်းအောင်ဖားအိုကြီးများအတွက်မူ ခက်ခဲနေသေးခြင်းဖြစ်၏။
လက်ရှိကျင့်ကြံမှုဖြင့် တာအိုများကို သူတော်စင်အဆင့်သို့မြှင့်တင်ရန် အချိန်များစွာ လိုအပ်ပေမည်။ နှစ်ပေါင်းတစ်ထောင်သည် အနည်းဆုံး ကိန်းဂဏန်းဖြစ်နိုင်၏။
ယခုမူ ကံကောင်းမှုကြောင့် တာအိုနားလည်မှုအဟုန် ကမ္ဘာတစ်သောင်း သစ်ပင်လေးမှ မြင့်တင်စစ်ထုတ်ပေးနိုင်ပြီ ဖြစ်လေသည်။
“ နှမြောစရာကောင်းတာက ဒီကမ္ဘာတစ်သောင်းသစ်ပင်က ပျိုးပင်လေးပဲ ရှိသေးတယ် မဟုတ်ရင် သူ့ရဲ့စွမ်းအားကိုသုံးပြီး ကမ္ဘာတစ်သောင်းကို လွတ်လပ်စွာ ငါသွားလာနိုင်မယ် ... ။ ”
စုရီမှ အနည်းငယ် ညည်းတွားလိုက်သည်။ ဤနတ်ဘုရားရတနာ ကြီးထွားလာရန်အတွက် ရှည်လျားလှသော အချိန်ကာလကို ဖြတ်သန်းရဦးမည်။
ထို့ကြောင့် လက်ရှိအခြေအနေအရ သူ လောကကြီးအနှံ့ လွတ်လပ်စွာ သွားလာနိုင်ရန် မတတ်နိုင်သေးချေ။ စုရီမှမျက်လုံးဖွင့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
“ ဆရာဝမ် ... မင်းဘယ်လို ခံစားရလဲ။ ”
ထျန်ရွှမ်ကျိမှ သိချင်စိတ် ပြင်းပြလာ၏။ စုရီသည်လည်း ကွယ်ဝှက်ထားခြင်းမရှိဘဲ သူ မြင်ခဲ့သမျှကို ပြောပြလိုက်သည်။
“ ဒါက ... ကမ္ဘာတစ်သောင်းကြား ခရီးသွားလာနိုင်ရုံတင်မကဘူး မဟာတာအိုကို နားလည်အောင် ကူညီနိုင်တာလား။ ”
ထျန်ရွှမ်ကျိတစ်ယောက် မျက်ဝန်းများ တောက်ပသွား၏။ ကောလာဟလများသည် အမှန်ပင်ဖြစ်နေချေ၏။
“ သွားကြစို့ ... ။ ”
ထို့နောက် စုရီသည် ထျန်ရွှမ်ကျိနှင့် မီးတောက်လင်းယုန်ထံ တစ်ချက်ကြည့်လိုက်ပြီး ပြန်လည် ထွက်ခွာလာခဲ့သည်။
သူ့အတွက် တိုက်ပွဲသည် ပြင်းထန်ကာ ကျင့်ကြံမှုများ ကုန်ဆုံးရ၏။ ဘေးကင်းသော နေရာတစ်ခုရှာဖွေရန် လိုအပ်နေသည်။
“ ဆရာစု ... ငါ ... ။ ”
ထျန်ရွှမ်ကျိက နောက်မှ ပြေးလိုက်လာပြီး မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လာသည်။ စုရီမှ ပေါ့ပေါ့ပါးပါးပင်၊
“ ငါ့ရဲ့ ကျင့်ကြံမှု ပြန်ကောင်းလာရင် အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေကို ပေးမယ် မင်း နားလည်နိုင်မလားဆိုတာကတော့ မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်။ ”
-ဟု ဆိုလိုက်သည်။
အရာခပ်သိမ်းဖျက်သိမ်းခြင်း နိယာမသည် အလွန်ထူးခြားပြီး တားမြစ်တာအိုတစ်ပါးဖြစ်၏။ သူကိုယ်တိုင်ပင်လျှင် ဤတာအိုနိယာမအပေါ် နားလည်ရန် အလွန် ခက်ခဲနေသေးသည်။
တာအိုနိယာမဟူသည် ကိုယ်တိုင်နားလည်ခြင်းဖြင့်သာ ရယူနိုင်သော စွမ်းအားဖြစ်၏။ လက်လွှဲပေးကာ ထိန်းချုပ်၍ ရနိုင်သော ရတနာမျိုးမဟုတ်ချေ။
သို့သော် ဤလူအိုကြီးသည် သူ့ကျင့်ကြံမှုတစ်လျှောက်လုံး ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို ထုတ်ယူကာ လောက အကန့်အသတ်များ ချိုးဖောက်နိုင်၏။
ထို့ကြောင့် ကံကြမ္မာနှင့်ဆက်စပ်သည့် ဤအရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေပေါ်တွင် နားလည်နိုင်သင့်ပေမည်။
“ ဟမ့် ... အရာခပ်သိမ်း ဖျက်သိမ်းခြင်းတဲ့လား ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ကောင်းကင်တာအိုရဲ့ ကံကြမ္မာကို တကယ်ပဲချိုးဖြတ်နိုင်မှာ သေချာတယ်။ ”
ထျန်ရွှမ်ကျိမှ စိတ်လှုပ်ရှားကြီးစွာ အော်ဟစ်လိုက်သည်။ တစ်ဆက်တည်းမှာပင် ရွှင်မြူးနေသောအကြည့်ဖြင့်၊
“ အဖိုးကြီးဝမ် ... မဟုတ်ဘူး ဆရာစု ... ငါတို့သိကျွမ်းခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး ကျေးဇူးတင်စကားတွေထက် နက်ရှိုင်းတာမျိုး ငါပေးနိုင်တယ် အနာဂါတ်မှာ ဒီအဖိုးကြီးရဲ့ ခန္ဓာကိုယ်ကို မင်းဆီပေးမလိုက်မယ်။ ”
-ဟု ကတိပေးလာ၏။
“ ဟမ့် ... အဖိုးကြီး မင်းရဲ့ အိုမင်းပြီး ရွံရှာဖွယ်ခန္ဓာကိုယ်ကြီးကို ဘာလုပ်ရမှာလဲ ငါ့ကို လိင်စိတ်ဖောက်ပြန်နေတယ်များ ထင်နေလား။ ”
“ ဒါ ... ။ ”
စုရီ၏ လှောင်ပြောင်စကားကြောင့် ထျန်ရွှမ်ကျိတစ်ယောက် မျက်လုံးပြူးသွား၏။ တစ်ဖက်လူသည် တစ်ချိန်လုံးမည်သည့်အရာကို တွေးတောနေသနည်း။
သူပြောစကားအဓိပ္ပါယ်သည် ထိုသို့မဟုတ်ချေ။ သို့သော် အခြားတစ်ဖက်တွင် မီးတောက်လင်းယုန်သည် အံ့အားသင့်စွာဖြင့် ထျန်ရွှမ်ကျိထံ ပြန်ကြည့်၏။
“ လူလိမ်အဖိုးကြီး ... မင်းက တကယ်ပဲအဲဒီလိုလူလား ... ငယ်ရွယ်ပြီး သန်မာတဲ့ အမျိုးသားတွေကို တချိန်လုံး ပစ်မှတ်ထားနေတာလား။ ”
“ ပါးစပ်ပိတ်ထား။ ”
ထျန်ရွှမ်ကျိမှ မီးတောက် လင်းယုန်ကို အော်ဟစ်လိုက်၏။ ထို့နောက် စိတ်လှုပ်ရှားစွာ တိတ်တဆိတ် စုရီနောက် လိုက်ပါလာခဲ့သည်။
တစ်ချိန်တည်းမှာပင် လူသူကင်းနေသော တောင်တန်းကြီးပေါ်၌ ဟွမ်ထျန်းတစ်ယောက် ပြန်ပေါ်လာ၏။
“ ဝေါ့ ... ။ ”
ပါးစပ်အပြည့်သွေးများ အန်လျက် မြေပြင်ထိုင်ချလိုက်ကာ ကုသဆေးတစ်လုံး သောက်လိုက်သည်။
သူ့တစ်ကိုယ်လုံး တုန်ရင်နေပြီး အရေပြားများအက်ကွဲကာ အရိုးများပေါ်တွင် ကပ်ဘေးအငွေ့အသက်များ ရစ်သိုင်းလာ၏။
ဤအသွင်အပြင်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေသည်။
“ ဝမ်ယဲ့ ... ။ ”
မျက်လုံးများ သွေးရောင်လွှမ်းလာပြီး မျက်ခုံးများကြားတွင် မုန်းတီးမှုများ ပြည့်နှက် နေတော့၏။
ဤတိုက်ပွဲသည် အမြင်တွင် အဆင်ပြေနေသော်လည်း သူ့အတွက် အမှန်ပင် မသက်သာလှချေ။ အကန့်အသတ်ထက်ပင် ကျော်လွန်နေခဲ့၏။
ကျင့်ကြံခြင်းမှာ ကုန်ဆုံးသွားခဲ့ပြီး တာအိုအုတ်မြစ်သည် ယိမ်းယိုင်နေပြီဖြစ်သည်။ အထူးသဖြင့် နတ်ဘုရားကပ်ဘေးစွမ်းအားသည် သူ့ကို ထပ်မံပစ်မှတ်ထားလာ၏။
ထိုအတွေးသည် ဟွမ်ထျန်ကို များစွာ ခံပြင်းမှုများရရှိစေသည်။ တစ်ဖက်လူသည်သာ ရောက်ရှိမလာသော် အရာအားလုံး အဆင်ပြေမည်ဖြစ်၏။
“ မင်းကို ငါသတ်မယ် ... ။ ”
အထူးသဖြင့် ဝမ်ယဲ့၏ နောက်ဆုံးဓားကို ခုခံချေဖျက်ရန် ကျင့်ကြံမှုကို အထွတ်အထိပ်ထိ ထုတ်ဖော်လိုက်ရသဖြင့် နတ်ဘုရားကပ်ဘေး၏ အာရုံစိုက်မှုရရှိလာခြင်းဖြစ်သည်။
“ မကောင်းတော့ဘူး ... ။ ”
အံကြိတ်လျက် ကျင့်ကြံမှုကို အသက်သွင်းကာ နတ်ဘုရားကပ်ဘေးအပေါ် ဖိနှိမ်လိုက်သည်။ သို့သော် သူ့ကျင့်ကြံမှုသည် မထိန်းနိုင်တော့ကြောင်း သိရှိလိုက်ရ၏။
“ ဟမ့် ... ။ ”
ထို့ကြောင့် အနက်ရောင် တံဆိပ်တစ်ခု ချက်ချင်းထုတ်ယူလိုက်သည်။ ဤအရာသည် လျှို့ဝှက်ရတနာတစ်ခုဖြစ်၏။
အသက်သွင်းလိုက်ရုံဖြင့် နတ်ဘုရားတစ်ပါး၏ ကာကွယ်မှုကို ရရှိနိုင်ကာ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားဘေးဒုက္ခကို ငြိမ်သက်စေနိုင်မည်။
သို့သော် ပေးဆပ်ရမည့် တန်ဖိုးမှာ သူ့တစ်သက်လုံး နတ်ဘုရားတစ်ပါး၏ အစေခံ အဖြစ် ပြောင်းလဲသွားမည်ဖြစ်၏။
အဆုံး၌ ခေါင်းရမ်းကာ တံဆိပ်ပြားကို ပြန်သိမ်းလိုက်သည်။ အထွတ်အထိပ်နယ်ပယ်၌ ရပ်တည်ခဲ့ဖူးသော မြင့်မြတ်သူတစ်ပါးအနေဖြင့် သူသည် နတ်ခွေးအဖြစ် မလိုလားနိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်တစ်သောင်းဂိုဏ်းချုပ်ထံမှ နောက်ဆုံး ပေးအပ်ခဲ့သောတံဆိပ်တွင် ဤနတ်ဘုရား ကပ်ဘေးအပေါ် ခဏတာဖိနှိမ်ရန် လျှို့ဝှက် နည်းလမ်းတစ်ခုပါရှိနေ၏။
“ ဒီကပ်ဘေးကို ခဏတာဖိနှိမ်ပြီး ... အရှေ့ပင်လယ်ကို သွားရမယ် အဲဒီအဘိုးကြီးက ငါ့ကို သေချာပေါက် ပစ်ထားမှာ မဟုတ်ဘူး ...
... သူသာ ဝမ်ယဲ့ဝင်စားသူ ပေါ်လာတာကိုသိရင် သတ်ဖို့ သေချာပေါက် ကြိုးစားလာလိမ့်မယ်။ ”
ထိုအရာကို တွေးမိသည်နှင့် မုန်းတီးလွန်းသောကြောင့် အံကြိတ်လျက် နှလုံးသွေးများ ပွက်ပွက်ဆူလာ၏။
များမကြာခင် ဝိညာည်တစ်သောင်း ဂိုဏ်းချုပ်ပေးခဲ့သော လျှို့ဝှက်နည်းစနစ်အတိုင်း ကပ်ဘေးစွမ်းအားကို ဖိနှိမ်လိုက်တော့သည်။
***