အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း ၂၇၁ အံ့မခန်း လက်စွမ်းပြမှု
လူအုပ်ကြီးသည် ဤမြင်ကွင်းကို ကြည့်ရှုပြီးနောက် အလွန်အမင်း အံ့အားသင့်သွားကြလေသည်။ မိမိကိုယ်ကို အထိုးခံရန် တောင်းဆိုသူ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ဘဲ ဤကဲ့သို့သော တောင်းဆိုမှုမှာ အလွန်ပင် ဆန်းကြယ်လှပေသည်။
"ဒီတစ္ဆေကြီးတော့ ငိုတော့မယ် ထင်တယ်... စီနီယာဆီမှာ ဒီလို ထူးဆန်းတဲ့ အကျင့်ရှိနေလိမ့်မယ်လို့ မထင်ထားဘူးကွာ"
"ဒီအချိန်မှာ ဒီတစ္ဆေကြီး ဘယ်လောက်တောင် စိတ်ဒဏ်ရာ ရသွားမလဲ ဆိုတာ တွေးကြည့်လို့တောင် မရဘူးလေ"
"အရမ်း သနားဖို့ ကောင်းတာပဲ... ခုနကတော့ အရမ်း မောက်မာနေတာ မဟုတ်ဘူးလား... အခုကျတော့ ကြောက်သွားပြီလား"
"စီနီယာ ကတော့ အရမ်းမိုက်တာပဲ... ကစားနေတာ သက်သက်ပဲကွာ"
လူအုပ်ကြီး၏ ချီးကျူးမြှောက်ပင့်မှုများရှေ့တွင် ကျိုးဟန် သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ ထိခိုက်မှုခံနိုင်ရည် ရမှတ်များစွာကို ရရှိလိုက်သဖြင့် သူ၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေပြီး မြေပြင်ပေါ်မှ ကျောက်ခဲ တစ်လုံးကို ကောက်ယူကာ လက်ထဲတွင် ဆော့ကစားရင်း ပြုံးလျက် ပြောလိုက်လေသည်။
"မင်းတို့ကို အံ့မခန်း လက်စွမ်း တစ်ခု ပြမယ်ကွာ"
"ငါ ဒီကျောက်ခဲလေးကို သုံးပြီး ဒီတစ္ဆေကြီးကို ချက်ချင်း သတ်ပြမယ် စောင့်ကြည့်နေကြ"
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်သွားကြလေသည်။ သာမန် ကျောက်ခဲလေး တစ်လုံးကို အသုံးပြု၍ ဤမျှ အစွမ်းထက်သော တစ္ဆေကြီးကို ချက်ချင်း သတ်ဖြတ်မည် ဟူသည်မှာ နောက်ပြောင်နေခြင်းလော။ ဤအရာက ဖြစ်နိုင်ပါ့မလား။ အခြားသူ တစ်ယောက်သာ ဆိုလျှင် လုံးဝ မဖြစ်နိုင်ဟု သူတို့ ထင်မှတ်မိမည် ဖြစ်သော်လည်း ကျိုးဟန် ကို မြင်တွေ့လိုက်ရချိန်တွင်မူ ဖြစ်နိုင်ချေ ရှိသည်ဟု သူတို့ ခံစားလိုက်ရလေသည်။
မည်သို့ပင်ဆိုစေ ကျိုးဟန် သည် သူတို့ကို အကြိမ်ကြိမ်အခါခါ အသစ်အဆန်း ဖြစ်စေသော တုန်လှုပ်မှုများကို ယူဆောင်လာပေးခဲ့ပြီး မဖြစ်နိုင်သည်များကို အမြဲတမ်း ဖန်တီးပြသနေခဲ့သည် မဟုတ်ပါလား။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် လူများကို အဆုံးအစမဲ့သော ယုံကြည်မှုကို ပေးစွမ်းနိုင်လေသည်။
ထို့ကြောင့် သူတို့၏ ရင်ထဲတွင် ကျိုးဟန် ပြောဆိုလိုက်သော စကားများကို တကယ်ပင် အနည်းငယ် ယုံကြည်နေမိကြလေသည်။
"စီနီယာ က တကယ် ကစားနေတာပဲကွာ"
"ဟီးဟီး... ငါတို့ကတော့ ပွဲကြည့်ပရိသတ် လုပ်နေရုံပဲလေ... ဒီလို လက်စွမ်းမျိုးက သေချာပေါက် အရမ်း ကြည့်ကောင်းမှာပဲ"
"အရမ်းကို မျှော်လင့်နေပြီကွာ"
ရေခဲငရဲ တစ္ဆေနတ်ဘုရား၏ မျက်လုံးနှစ်ဖက်စလုံးမှာ နီရဲနေပြီး ဒေါသနှင့် ရှက်ရွံ့မှုများ ရောယှက်နေလေသည်။ ကျောက်ခဲ တစ်လုံးကို အသုံးပြု၍ ၎င်းကို ချက်ချင်း သတ်ဖြတ်မည် ဟုတ်လား... ဤမျှအထိ စော်ကား အရှက်ခွဲခြင်းမျိုး ရှိနိုင်ပါဦးမည်လော။
ဤသည်မှာ လူအများ၏ အာရုံစိုက်မှုကို ရယူလိုခြင်း သက်သက်သာ ဖြစ်လေသည်။ ၎င်း၏ ကိုယ်ပေါ်တွင် မည်မျှ မာကျောသော ချပ်ဝတ်တန်ဆာများ ရှိနေသည်ကို မဆိုထားနှင့်... ကာကွယ်ရေး မှော်လက်နက် များပင် အများအပြား ရှိနေသေးသည် မဟုတ်ပါလား။
ကျောက်ခဲကို အားကိုး၍ သတ်ဖြတ်လိုခြင်းမှာ လုံးဝ မဖြစ်နိုင်သော ကိစ္စရပ် ပင်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ၎င်းထံ၌ တိုက်ခိုက်ရန် ပိုလျှံနေသော ခွန်အားများ မရှိတော့သဖြင့် အလွန် ကူကယ်ရာမဲ့စွာဖြင့် အကာအကွယ်ကိုသာ ယူထားရလေသည်။
ယခုအချိန်တွင် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း အနေအထားမှာ ပြောင်းလဲသွားခဲ့လေပြီ။ ကျိုးဟန် က တိုက်ခိုက်ရမည် ဖြစ်ပြီး ရေခဲငရဲ တစ္ဆေနတ်ဘုရားက ကာကွယ်ရမည် ဖြစ်သည်။ ၎င်းသည် ကာကွယ်ရေး မှော်လက်နက် များ အားလုံးကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို နေရာလပ်မကျန် ကာကွယ်ထားလိုက်လေသည်။
"မင်း အဆင်သင့် ဖြစ်ပြီလား"
"စတော့မယ်နော်"
ကျိုးဟန် သည် သိုင်းပညာရှင်တို့၏ ကိုယ်ကျင့်တရားကို လေးစားသူ တစ်ယောက် ဖြစ်ရာ ရေခဲငရဲ တစ္ဆေနတ်ဘုရားအား ၎င်း၏ အစွမ်းထက်ဆုံး ကာကွယ်မှုများကို ထုတ်ဖော်ခွင့် ပေးလိုက်လေသည်။ ဤကဲ့သို့ ချက်ချင်း သတ်ဖြတ်ရခြင်းကမှ ပို၍ စိတ်ဝင်စားဖွယ် ကောင်းမည် မဟုတ်ပါလား။
"မင်း လေလုံးလာမထွားနဲ့"
"ငါ လောကကြီးကို ကြီးစိုးခဲ့တဲ့ အချိန်တုန်းက ဒီလို လှည့်ကွက်တွေကို ရိုးနေအောင် ကစားခဲ့ဖူးတယ်ကွ"
ရေခဲငရဲ တစ္ဆေနတ်ဘုရားက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ ယခုအချိန်တွင် ၎င်းမှာ တည်ငြိမ်မှုကို ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်သည်။
"ငါ့ရဲ့ အစွမ်းထက်ဆုံး ကာကွယ်ရေး စွမ်းအားကို ချိုးဖျက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
'ငါ ထိခိုက်မှု အနည်းငယ်ကို တောင့်ခံလိုက်ပြီး စွမ်းအင်တွေ ပြန်ပြည့်လာတာနဲ့ ချက်ချင်း ထွက်ပြေးလို့ ရပြီလေ'
ရေခဲငရဲ တစ္ဆေနတ်ဘုရားသည် ရင်တွင်း၌ လျင်မြန်စွာ တွေးတောလိုက်ပြီး ရင်ဆိုင်ရမည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားလေသည်။
သို့သော်ငြားလည်း အစီအစဉ်က လှပနေသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာတွင်မူ ထိုမျှ လွယ်ကူနေမည် မဟုတ်ချေ။
"သေလိုက်စမ်းကွာ"
ကျိုးဟန် ၏ မျက်နှာထားမှာ အေးစက်သွားပြီး တိုးတိတ်စွာ အော်ဟစ်လိုက်လေသည်။
လက်ထဲရှိ ကျောက်ခဲကို အားကုန်သုံး၍ ပစ်လွှတ်လိုက်ရာ ကျိုးဟန် ၏ အစွမ်းထက်လှသော အခြေခံစွမ်းရည် များအောက်တွင် ထိုကျောက်ခဲလေးသည် မျက်စိတစ်မှိတ်အတွင်း မှာပင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှပြီး လွင့်ပျံသွားသော အရိပ်အကြွင်းအကျန်ကိုသာ မြင်တွေ့လိုက်ရကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျောက်ခဲလေးသည် ရေခဲငရဲ တစ္ဆေနတ်ဘုရား၏ ကိုယ်ပေါ်သို့ ဝင်ရောက် ရိုက်ခတ်သွားလေသည်။
"ဟွန့်... ငါ့ရဲ့ ကာကွယ်မှုကို ချိုးဖျက်ချင်တာလား..."
ရေခဲငရဲ တစ္ဆေနတ်ဘုရားမှာ လေလုံးထွားရန် ပြင်ဆင်လိုက်ဆဲ ရှိသေးသော်လည်း ၎င်း၏ စကားသံမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ရလေသည်။ ၎င်း၏ မျက်လုံးကြီးများမှာ ခေါင်းလောင်းများအလား ပြူးကျယ်သွားပြီး မျက်ဝန်းထဲတွင် တုန်လှုပ်မှု၊ အံ့အားသင့်မှု၊ မယုံကြည်နိုင်မှု၊ နောင်တရမှု စသည်တို့ ရောယှက်သွားခဲ့ကာ များမကြာမီမှာပင် အရောင်အဝါများ ကင်းမဲ့သွားလေတော့သည်။
[ပိုင်ရှင်သည် ရေခဲငရဲ တစ္ဆေနတ်ဘုရား အပေါ်သို့ ထိခိုက်မှုများ ပြုလုပ်လိုက်ပါသည်... ၎င်းပစ်မှတ်၏ ကိုယ်ပေါ်တွင် လက်ရှိ၌ အိပ်မက်ဆိုး အမှတ်အသား ၇၅ ခုကို စုဆောင်းမိထားကြောင်း ထောက်လှမ်းသိရှိရသဖြင့် အဆ ၁၅၀ သော ထပ်ဆောင်း ထိခိုက်မှုများကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်]
"ဝုန်း"
ပြင်းထန်လှသော ရိုက်ခတ်သံကြီး ထွက်ပေါ်လာပြီး သေးငယ်သော ကျောက်ခဲလေးသည် ရေခဲငရဲ တစ္ဆေနတ်ဘုရားကို မျက်စိတစ်မှိတ်အတွင်း မှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းပစ်လိုက်လေသည်။
၎င်း၏ များပြားလှသော ကာကွယ်ရေး မှော်လက်နက် များမှာ စက္ကူများအလား အနည်းငယ်မျှပင် ဟန့်တားနိုင်စွမ်း မရှိခဲ့ချေ။
တိတ်ဆိတ်ခြင်း...။ စစ်တလင်း တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့လေသည်။ လူတိုင်း၏ အသက်ရှူနှုန်းများ မြန်ဆန်လာကြပြီး ဤ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ကြလေသည်။
"သူ တကယ် လုပ်နိုင်ခဲ့တာပဲ..."
ကက်သရင်း အယ်လီဇဘက် ၏ လှပသော မျက်လုံးလေးများ ကျုံ့ဝင်သွားပြီး မျက်ဝန်းထဲတွင် လှိုင်းဂယက်များ ထသွားလေသည်။
"ကျိုးဟန်... ရှင့်ဆီမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ..."
သူမ၏ အကြည့်များသည် ကျိုးဟန် ၏ ကိုယ်ပေါ်တွင် ဝေ့ဝဲနေပြီး ရင်တွင်း၌ မည်သည့်အရာများကို တွေးတောနေသည်ကိုတော့ မသိနိုင်ချေ။
"လခွမ်း... ဒါက အရမ်းကို ကြမ်းလွန်းနေပြီ... သာမန်လူ လုံးဝ မဟုတ်တော့ဘူးကွာ"
"ကျောက်ခဲ တစ်လုံးတည်းနဲ့ ဒီလောက် အစွမ်းထက်တဲ့သူကို ချက်ချင်း သတ်နိုင်တယ် ဆိုတော့ စီနီယာရဲ့ တိုက်ခိုက်မှု စွမ်းအားက စိတ်ကူးကြည့်လို့တောင် မရနိုင်တော့ဘူးလေ"
"အရမ်းမိုက်တယ်... အရမ်းကို အထင်ကြီးစရာပဲ... ဒါက စီနီယာရဲ့ အစစ်အမှန် စွမ်းအားလား... အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်ကွာ"
"ဒီ လက်စွမ်းကတော့ တကယ်ကို အံ့မခန်းပဲလေ"
"ဒီ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ အရှိန်အဝါ တွေရယ်... လက်တစ်ဖက် လှုပ်ရှားလိုက်တာနဲ့တင် ပြသလိုက်တဲ့ တည်ငြိမ်မှု တွေရယ်က... အရမ်းကို ခန့်ညားလွန်းတယ်ကွာ"
အချိန်တိုလေး အတွင်း အံ့အားသင့်သွားပြီးနောက် လူအုပ်ကြီးမှာ ပြင်းထန်သော လှုပ်လှုပ်ရွရွ အခြေအနေသို့ ရောက်ရှိသွားကြပြီး တစ်ယောက်ချင်းစီတိုင်းက သူတို့၏ ရင်တွင်းရှိ စိတ်လှုပ်ရှားမှုများကို ဖော်ပြရန် ချီးကျူးစကားများကို နှမြောတွန့်တိုခြင်း မရှိဘဲ ပြောဆိုနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤလက်စွမ်းပြမှုမှာ တကယ်ပင် အလွန် လှပလွန်းလှပြီး ဤဟန်ဆောင်မှုကို အမှတ်တစ်ရာ ပေးရမည်ဆိုပါက ရှစ်ဆယ့်နှစ်မှတ် အပြည့် ပေးရမည် သာဖြစ်သည်။
ကျိုးဟန် သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ အရာအားလုံးမှာ သူ တွက်ဆထားသည့် အတိုင်းပင် ဖြစ်လေသည်။ လက်နက် မရှိလျှင်ပင် သူ၏ အခြေခံ တိုက်ခိုက်မှု စွမ်းအားမှာ တစ်သန်းကျော် ရှိနေပြီး တိုက်ပွဲဝင် အခြေအနေရှိ တိုက်ခိုက်မှု စွမ်းအား ထပ်ဆောင်းများ၊ အိပ်မက်ဆိုး အမှတ်အသား ၏ အဆ ၁၅၀ သော ထပ်ဆောင်း ထိခိုက်မှုများနှင့် ဟိုင်ပေါ်လွန်း ဘုရင် ၏ အစစ်အမှန် ထိခိုက်မှု အကျိုးသက်ရောက်မှုများ ပေါင်းစပ်လိုက်ပါက သူ ပြုလုပ်နိုင်သော ထိခိုက်မှု ပမာဏမှာ မည်မျှ ပေါက်ကွဲထွက်စေနိုင်မည်ကို ထပ်ပြောနေရန်ပင် မလိုတော့ချေ။
သို့သော်လည်း ကျိုးဟန် သည် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် အချက်အလက် မျက်နှာပြင် အပေါ်ရှိ တိုက်ပွဲဝင် သတင်းအချက်အလက်များကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ကျေနပ်စရာကောင်းသော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
[ပိုင်ရှင်သည် ရေခဲငရဲ တစ္ဆေနတ်ဘုရား အပေါ်သို့ သာမန် ကျောက်ခဲကို အသုံးပြု၍ ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီး ပြိုင်ဘက်၏ ကာကွယ်မှု စွမ်းအားကို လျစ်လျူရှုကာ ထိခိုက်မှု ပမာဏ သန်း ၅၀၀ ကျော်ကို ဖြစ်ပေါ်စေခဲ့ပါသည်]
[ပိုင်ရှင်သည် ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် အရည်အသွေးရှိသော ရေခဲငရဲ တစ္ဆေနတ်ဘုရား ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး အတွေ့အကြုံရမှတ် ၅၀,၀၀၀ ကို ရရှိပါသည်... ပိုင်ရှင်ထံတွင် ၅ ဆသော အတွေ့အကြုံရမှတ် တိုးပွားစေသည့် အထောက်အပံ့ ရှိနေကြောင်း ထောက်လှမ်းသိရှိရသဖြင့် အတွေ့အကြုံရမှတ် ၂၅၀,၀၀၀ ကို ရရှိပါသည်]
[ပိုင်ရှင်သည် လျှို့ဝှက်နယ်မြေ ရမှတ် ၃,၀၀၀ ကို ရရှိပါသည်... ညဥ့်နက်ပိုင်း စွမ်းအားမြှင့်တင်မှု အောက်တွင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သဖြင့် ဆုလာဘ်များကို ၃.၆ ဆ ထပ်ဆောင်း တိုးမြှင့်ပေးမည် ဖြစ်ပါသည်]
[ပိုင်ရှင်၏ အမြင့်ဆုံး အဆင့်မြှင့်တင်ရေး ရမှတ် သည် ရရှိနိုင်မှု ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် လောလောဆယ်တွင် ထပ်မံ ရရှိနိုင်မည် မဟုတ်ပါ]
[ပိုင်ရှင်သည် ဧကရာဇ်အဆင့် မှော်လက်နက် တစ်ခု... ဧကရာဇ်အဆင့် ဝတ်စုံ နှစ်ခု... ဧကရာဇ်အဆင့် မှော်ဆေးလုံး တစ်လုံး... အစရှိသည်တို့ကို ရရှိပါသည်]
"ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် ဘော့စ် ဆိုတော့ တော်တော်လေး စားပေါက် တည့်တာပဲ... အထူးသဖြင့် ညဥ့်နက်ပိုင်း စွမ်းအားမြှင့်တင်မှု အောက်မှာ ဆိုတော့ ပစ္စည်းကောင်းတွေ အများကြီး ကျလာတာပဲ"
ကျိုးဟန် သည် ကြည့်ရှုရင်း ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
ဧကရာဇ်အဆင့် အရည်အသွေးများ အပြင် ဘုရင်အဆင့် ပစ္စည်းများလည်း အများအပြား ပါဝင်နေသော်လည်း ၎င်းတို့မှာ ကျိုးဟန် ၏ အာရုံစိုက်မှုထဲတွင် မပါဝင်ပေ။
မည်သို့ပင်ဆိုစေ ဘုရင်အဆင့် အရည်အသွေးများမှာ လမ်းဘေးတွင် ပေါပေါများများ တွေ့နိုင်နေပြီ ဖြစ်ရာ သူသည် သဘာဝကျကျပင် အသေးစိတ် ကြည့်ရှုမနေတော့ချေ။
သူသည် ဧကရာဇ်အဆင့် မှော်လက်နက် နှင့် မှော်ဆေးလုံး များကို ကြည့်ရှုရန် ပြင်ဆင်လိုက်ချိန်မှာပင် ဂိုဏ်း၏ အဖွဲ့လိုက်စကားပြောခန်း ထဲတွင် သူ့ကို မန်းရှင်း ခေါ်ထားသော စာတို အများအပြား ထွက်ပေါ်လာလေသည်။
[လုပွန်ဝေ့ - ဂိုဏ်းချုပ် @ကျိုးဟန် ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် ဘော့စ် ကြီးကို သတ်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်... အစွမ်းထက်တယ်... အရမ်းကို အစွမ်းထက်လွန်းတယ်ကွာ]
[ကျန်းရှောင်ပိုင် - ဂိုဏ်းချုပ် @ကျိုးဟန် တကယ်ကို မိုက်တာပဲ... ဒါက ညဥ့်နက်ပိုင်း စွမ်းအားမြှင့်တင်မှု အောက်က ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် ကြီးကိုတောင် ချက်ချင်း သတ်နိုင်တယ် ဆိုတော့လေ]
[ဝမ်တယ်ဖာ - မင်းတို့ ဘာတွေ ပြောနေကြတာလဲ... ဂိုဏ်းချုပ် က ဘာကိစ္စကြီးတွေ ထပ်လုပ်လိုက်ပြန်ပြီလဲ]
[ကျန်းတယ်ရွှိုက် - ဘာ ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် ဘော့စ် လဲ... @လုပွန်ဝေ့ ဘယ်လို အခြေအနေတွေ ဖြစ်ကုန်တာလဲ ပြောပြပါဦး]
[လုပွန်ဝေ့ - မင်းတို့ မသိတာ ပုံမှန်ပါပဲ... ငါတို့က ဂိုဏ်းချုပ် နဲ့ အဖွဲ့တစ်ဖွဲ့တည်းမှာ ရှိနေတာကိုး... ခုနလေးတင် အသိပေးချက် ရလိုက်တာ... ဂိုဏ်းချုပ် က ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် ဘော့စ် ရေခဲငရဲ တစ္ဆေနတ်ဘုရား ကို သတ်လိုက်ပြီတဲ့လေ]
[အိုးဟွမ် - ဘာ... ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် ဘော့စ် ကို သတ်လိုက်တာ... အစ်ကိုဟန် က ဒီလောက် အဆင့်အထိတောင် အစွမ်းထက်နေပြီလား]
[ကျားဖေးချိုး - လခွမ်း... အဲဒီလို ဆိုရင်တော့ အစ်ကိုဟန် ဆီမှာ သေချာပေါက် နတ်ဘုရားအဆင့် စွမ်းအားတွေ ရှိနေပြီပဲ]
[ဝမ်တယ်ဖာ - လခွမ်း... ငါတို့တွေ ဘုရင်အဆင့် ကို ရောက်သွားလို့ ဝမ်းသာနေကြတဲ့ အချိန်မှာ အစ်ကိုဟန် ကတော့ နတ်ဘုရားအဆင့် အမြင့်ကိုတောင် ရောက်နေပြီလို့ မထင်ထားဘူးကွာ]