← Chapters

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂ ခြေရာကို တွေ့ရှိခြင်း

အဖွဲ့ဝင်များမှာ အံ့အားသင့်သွားကြပြီးနောက် တက်ကြွစွာ ဝမ်းသာအယ်လဲ အော်ဟစ်လိုက်ကြလေသည်။

[ချိုက်ခွန်း - ဂိုဏ်းချုပ် ကတော့ အမြဲတမ်း ဘုရားတစ်ဆူပဲကွာ... ဒါက သူ့ရဲ့ စွမ်းအားပဲ... မဟုတ်ရင် ဘယ်လိုလုပ် လျှို့ဝှက်နယ်မြေ ရမှတ် အဆင့်သတ်မှတ်ချက် စာရင်း မှာ ပထမနေရာကို အပိုင်စီးထားနိုင်မှာလဲ... ဒါက သူ့ရဲ့ ဖိနှိပ်နိုင်စွမ်းရှိတဲ့ စွမ်းအားတွေကြောင့်ပဲ]

[ရန်တင်းထျန်း - မိုက်တယ်လို့တောင် ပြောလို့ မရတော့ဘူး... လုံးဝကို အမိုက်စားကြီး ဖြစ်နေတာကွ]

[ရှောင်ယန် - နတ်ဘုရားအဆင့် ဟုတ်လား... လခွမ်း... အရမ်းကို အလှမ်းဝေးလွန်းနေပြီ]

ထို့နောက် ဂိုဏ်း၏ အဖွဲ့လိုက်စကားပြောခန်း ထဲတွင် လူတိုင်းသည် သူတို့၏ ရင်တွင်းရှိ တုန်လှုပ်မှုများကို ဖော်ပြရန် အဆက်မပြတ် စာများ ပို့လွှတ်နေကြလေတော့သည်။

ကျိုးဟန် သည် အတန်ကြာ ကြည့်ရှုပြီးနောက် ပြုံးလိုက်ကာ သူ၏ အာရုံများကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။

ထို့နောက် သူရရှိခဲ့သော ဆုလာဘ် များကို စတင် စစ်ဆေးကြည့်ရှုလိုက်လေသည်။ ပထမဆုံးအနေဖြင့် ဧကရာဇ်အဆင့် ဝတ်စုံ နှစ်ခုမှာ သာမန်သာဖြစ်ပြီး မည်သည့် ထူးခြားချက်မျှ မရှိပေ။

ကျိုးဟန် ၏ ကိုယ်ပေါ်တွင် ဧကရာဇ်အဆင့် အရည်အသွေးရှိ ဝတ်စုံ များ အမြောက်အမြား ရှိနေပြီး လက်ရှိ ဝတ်ဆင်ထားသည်များမှာ ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် ထိပ်တန်း ပစ္စည်းများသာ ဖြစ်လေသည်။

ကြယ်ကိုးပွင့် အဆင့်သို့ မရောက်ရှိသော ပစ္စည်းများကို သူ လုံးဝ အလေးမထားတော့ချေ။

လက်နက် ပေါင်းစပ်ခြင်း စွမ်းရည် ကို အသက်ဝင်စေပြီးနောက် ဤမျှအထိ အစွမ်းထက်နေခြင်း ဖြစ်သည်။ ဝတ်စုံ အရေအတွက် လုံလုံလောက်လောက်သာ ရှိနေပါက မည်သည့်အရာကိုမဆို ပေါင်းစပ် ဖန်တီးပေးနိုင်စွမ်း ရှိသဖြင့် အလွန် သာယာလှပေသည်။

ထို့နောက် မှော်လက်နက် ကို ကြည့်ရှုလိုက်ရာ အကျိုးသက်ရောက်မှုမှာ သာမန်မျှသာ ဖြစ်သဖြင့် သူ အလွန်အမင်း မကျေနပ်ခဲ့ချေ။

ထိုနေရာရှိ လူအုပ်ကြီးသည် ကျိုးဟန် ခေါင်းခါပြကာ ရွံရှာနေသည့် အကြည့်များကို မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ ရင်ထဲ၌ မသက်မသာ ဖြစ်သွားကြလေသည်။ ထိပ်သီး ဆိုသည်မှာ ထိပ်သီး ပင်ဖြစ်သည်။ အခြားသူများ အိပ်မက်ထဲတွင်ပင် တောင့်တနေရသော ပစ္စည်းများက သူ့မျက်လုံးထဲတွင် အမှိုက်များအလား ဖြစ်နေလေရာ လူတစ်ယောက်နှင့် တစ်ယောက်၏ ကွာဟချက်မှာ အလွန် ကြီးမားလှပေသည်။

"ဟင်... ဒီ မှော်ဆေးလုံး ရဲ့ အကျိုးသက်ရောက်မှုက မဆိုးဘူးပဲ"

ကျိုးဟန် ၏ မျက်လုံးများ အရောင်လက်သွားပြီး နောက်ဆုံးတွင် ကျေနပ်စရာကောင်းသော ပစ္စည်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

၎င်းမှာ သတ်ဖြတ်ပြီးနောက် ကျဆင်းလာသော ဧကရာဇ်အဆင့် အရည်အသွေးရှိ မှော်ဆေးလုံး ပင်ဖြစ်သည်။

အကဲဖြတ်စစ်ဆေးခြင်း ကို အသုံးပြုလိုက်သည်နှင့် အခြေခံစွမ်းရည် အချက်အလက်များ အားလုံးသည် အချက်အလက် မျက်နှာပြင် ထက်တွင် ပေါ်ထွက်လာလေတော့သည်။

[ဝိညာဉ် ပြုစုပျိုးထောင်ခြင်း ဆေးလုံး]

[အရည်အသွေး - ကြယ်ခုနစ်ပွင့် ဧကရာဇ်အဆင့်]

[အမျိုးအစား - အထောက်အပံ့ပေးသော မှော်ဆေးလုံး]

[ဖော်ပြချက် - ရှေးဟောင်း ကြမ်းတမ်းသော ဝိညာဉ် ကိုးကောင်ကို အသုံးပြု၍ ဖော်စပ်ထားသော ဆေးလုံး ဖြစ်ပြီး ဝိညာဉ်စွမ်းအား ကို ပြုစုပျိုးထောင်ပေးခြင်းနှင့် ဝိညာဉ်စွမ်းအား ၏ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သော အစွမ်းသတ္တိ ရှိပါသည်]

[အကျိုးသက်ရောက်မှု - စားသုံးပြီးနောက် ဝိညာဉ်စွမ်းအား ၅၀,၀၀၀ တိုးလာမည် ဖြစ်ပါသည်]

[ရှင်းလင်းချက် - ဤဆေးလုံးကို တစ်ကြိမ်သာ စားသုံးနိုင်ပါသည်... အကြိမ်ကြိမ် စားသုံးသော်လည်း အကျိုးသက်ရောက်မှုများ ထပ်မံ ပေါင်းစပ်မည် မဟုတ်ပါ]

"ဒါက ငါ အခု လိုအပ်နေတဲ့ ပစ္စည်းကောင်းပဲ"

ကျိုးဟန် သည် တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။ ဝိညာဉ်စွမ်းအား ကို မြှင့်တင်ပေးနိုင်သော ပစ္စည်းများကို သဘာဝကျကျပင် များလေ ကောင်းလေ ဖြစ်လေသည်။

ဧကရာဇ်အဆင့် အရည်အသွေးရှိသော မှော်ဆေးလုံး ပီပီ အကျိုးသက်ရောက်မှုမှာ အလွန် ကောင်းမွန်လှပေသည်။ ကျိုးဟန် သည် ယခင်က ကြယ်ရောင်အဆင့် သဘာဝ ရတနာ ဖြစ်သော ကမ္ဘာမြေ၏ နှလုံးသား ကို စားသုံးခဲ့ဖူးပြီး ရှစ်ကြိမ်တိုင်တိုင် အဆင့်မြှင့်တင် ထားခဲ့သော်လည်း ဝိညာဉ်စွမ်းအား ၂၀,၀၀၀ သာ တိုးလာခဲ့လေသည်။

ယခု ဝိညာဉ် ပြုစုပျိုးထောင်ခြင်း ဆေးလုံး မှာမူ အဆင့်မြှင့်တင်ခြင်း မပြုလုပ်ရသေးဘဲနှင့်ပင် ၅၀,၀၀၀ အထိ တိုးလာစေနိုင်လေသည်။

အကယ်၍ (၁၀ ကြိမ်မြှင့်) ပြုလုပ်ပြီးပါက အကျိုးသက်ရောက်မှုမှာ သေချာပေါက် မျှော်လင့်စရာ ကောင်းလာမည် ဖြစ်သည်။

ထိုအချက်ကို တွေးမိပြီးနောက် ကျိုးဟန် သည် အဆင့်မြှင့်တင်ခြင်း ကို စတင်လိုက်လေတော့သည်။

[ပိုင်ရှင်သည် မွေးရာပါ စွမ်းရည် ဖြစ်သော အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုလိုက်ပါသည်... ဧကရာဇ်အဆင့် အရည်အသွေးရှိ ဝိညာဉ် ပြုစုပျိုးထောင်ခြင်း ဆေးလုံး ကို (၁၀ ကြိမ်မြှင့်) အောင်မြင်စွာ လုပ်ဆောင်ပြီးပါပြီ... အခြေခံစွမ်းရည် အသစ်များ ထွက်ပေါ်လာပါပြီ... ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ]

သတိပေးချက် ထွက်ပေါ်လာပြီးနောက် ကျိုးဟန် သည် စိတ်ဆန္ဒအရ အချက်အလက် မျက်နှာပြင် ကို ဖွင့်လိုက်လေသည်။

[ဝိညာဉ် ပြုစုပျိုးထောင်ခြင်း ဆေးလုံး (၁၀ ကြိမ်မြှင့်)]

[အရည်အသွေး - ကြယ်ခုနစ်ပွင့် ဧကရာဇ်အဆင့်]

[အမျိုးအစား - အထောက်အပံ့ပေးသော မှော်ဆေးလုံး]

[ဖော်ပြချက် - ရှေးဟောင်း ကြမ်းတမ်းသော ဝိညာဉ် ကိုးကောင်ကို အသုံးပြု၍ ဖော်စပ်ထားသော ဆေးလုံး ဖြစ်ပြီး ဝိညာဉ်စွမ်းအား ကို ပြုစုပျိုးထောင်ပေးခြင်းနှင့် ဝိညာဉ်စွမ်းအား ၏ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သော အစွမ်းသတ္တိ ရှိပါသည်]

[အကျိုးသက်ရောက်မှု - စားသုံးပြီးနောက် ဝိညာဉ်စွမ်းအား ၁၅၀,၀၀၀ တိုးလာမည် ဖြစ်ပြီး နေ့စဉ် လက်ရှိ ဝိညာဉ်စွမ်းအား ၏ ၁ ရာခိုင်နှုန်းကို ဆက်လက် တိုးပွားစေမည် ဖြစ်ကာ တစ်လတိတိ ကြာမြင့်မည် ဖြစ်ပါသည်]

[ရှင်းလင်းချက် - ဤဆေးလုံးကို သုံးကြိမ်အထိ စားသုံးနိုင်ပါသည်... သုံးကြိမ်ထက် ကျော်လွန်ပါက အကျိုးသက်ရောက်မှုများ ထပ်မံ ပေါင်းစပ်မည် မဟုတ်ပါ]

"တကယ်ပဲ ငါ့ကို စိတ်ပျက်မစေဘူးကွာ... ဝိညာဉ်စွမ်းအား ၈ သိန်း တောင် တိုးလာစေနိုင်တယ်"

"ပြီးတော့ နေ့တိုင်းလည်း ၁ ရာခိုင်နှုန်း တိုးလာဦးမှာ"

"စားသုံးနိုင်တဲ့ အကြိမ်အရေအတွက်ကလည်း အရင်က တစ်ကြိမ် ကနေ သုံးကြိမ် ဖြစ်သွားပြီ"

ကျိုးဟန် သည် တစ်ကြောင်းချင်းစီ ဖတ်ရှုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက်ပင် တစ်လုတ်တည်း မျိုချလိုက်လေသည်။

အလွန် လန်းဆန်းသော ခံစားချက် တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အနှံ့အပြားသို့ စီးဆင်းသွားကာ တစ်ကိုယ်လုံး ကြည်လင် လန်းဆန်းသွားပြီး အလွန် ပေါ့ပါး လွတ်လပ်သွားသည့်အလား ခံစားလိုက်ရလေသည်။ ဝိညာဉ်မှာ ဆေးကြောခံလိုက်ရသည့်အလား ပိုမို သန့်စင်သွားပြီး အလွန် သာယာ ကြည်နူးဖွယ် ကောင်းလှပေသည်။

[ပိုင်ရှင်သည် ဝိညာဉ် ပြုစုပျိုးထောင်ခြင်း ဆေးလုံး (၁၀ ကြိမ်မြှင့်) ကို စားသုံးလိုက်ပါသည်... ဝိညာဉ်စွမ်းအား ၈ သိန်း တိုးလာပါသည်]

[ပိုင်ရှင်သည် ဝိညာဉ်စွမ်းအား ၏ ၁ ရာခိုင်နှုန်း တိုးလာပါသည်... တစ်သောင်းကျော် တိုးလာပါသည်]

ဤသို့ဆိုပါက ဝင်ရောက် မကြည့်ရှုလျှင်ပင် ကျိုးဟန် အနေဖြင့် သူ၏ လက်ရှိ စုစုပေါင်း ဝိညာဉ်စွမ်းအား မှာ တစ်သန်းကျော် သွားပြီဖြစ်ကြောင်း သိရှိနိုင်လေသည်။ လက်နက်ဝိညာဉ် ကို နိုးထစေရန်အတွက်မူ ကြီးမားသော ကွာဟချက် ရှိနေသေးဆဲ ပင်ဖြစ်သည်။

သို့သော်လည်း ဤသည်မှာ နိမိတ်ကောင်း တစ်ခုပင် ဖြစ်သည်။ ပိုမိုမြင့်မားသော အရည်အသွေးရှိပြီး ဝိညာဉ်စွမ်းအား ကို မြှင့်တင်ပေးနိုင်သော ပစ္စည်းများကိုသာ ရှာဖွေတွေ့ရှိပါက ဝိညာဉ်စွမ်းအား သန်းတစ်ရာ သို့ ရောက်ရှိရန်မှာ အိပ်မက် မဟုတ်တော့ချေ။

ယခုအချိန်တွင်မူ အနည်းငယ် အလှမ်းဝေးနေသေးပြီး အချိန်တိုအတွင်း ရရှိနိုင်ရန်မှာ မဖြစ်နိုင်သေးချေ။

"ဒီနေရာက ကိစ္စတွေ အားလုံးကို ဖြေရှင်းပြီးသွားပြီ"

"တခြား လျှို့ဝှက် ဖြစ်ရပ် တွေ အသက်ဝင်လာစရာ မရှိတော့ဘူး"

ကျိုးဟန် သည် သွေးဝိညာဉ် ယဇ်ပလ္လင် ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ယခုအချိန်တွင် ဖော်ပြချက်များ ပြောင်းလဲသွားပြီး ဤနေရာမှာ အလွန် သာမန် နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း သတိပေးထားလေသည်။

ရေခဲငရဲ တစ္ဆေနတ်ဘုရား ထွက်ပေါ်လာခြင်းမှာ အထူးဖြစ်ရပ် တစ်ခုဖြစ်ပြီး ယခု သတ်ဖြတ်ခံလိုက်ရပြီဖြစ်ရာ အခြား မည်သည့် ထူးခြားချက်မျှ မရှိတော့ချေ။

"ဒါပေမဲ့ အဲဒီ တစ္ဆေကောင် ကြီးကို ကျေးဇူးတင်ရမယ်ကွာ... ပစ္စည်းကောင်းတွေ ချပေးသွားတဲ့အပြင်... ငါ့ကို ထိခိုက်မှုခံနိုင်ရည် ရမှတ်တွေ အများကြီးကိုပါ ပံ့ပိုးပေးသွားသေးတာပဲ"

ကျိုးဟန် သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် သူ၏ ဓားအရိုး အချက်အလက် မျက်နှာပြင် ကို တစ်ချက် ဝေ့ကြည့်လိုက်လေသည်။

[ကြမ်းတမ်းသော ဝိညာဉ် ဓားအရိုး]

[ဖော်ပြချက် - ထက်မြက်လှသော ဓားစွမ်းအင်များ၏ သန်းရာနှင့်ချီသော ရိုက်ခတ်မှုများဖြင့် သွန်းလုပ်ထားသော အစွမ်းထက် ဓားအရိုး ဖြစ်ပြီး အစွမ်းထက်သော ခန္ဓာကိုယ်နှင့် အရှုံးမပေးသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားပါသည်]

[အခြေခံစွမ်းရည် - သွေးပမာဏ ၁၀ သန်း တိုးလာမည်]

[အကျိုးသက်ရောက်မှု - ထိခိုက်မှု ၅၀ ရာခိုင်နှုန်းကို အမြဲတမ်း လျှော့ချပေးမည် ဖြစ်ပါသည်]

[အဆင့်တက်လှမ်းရန် သတ်မှတ်ချက် - များပြားလှသော ထိခိုက်မှုခံနိုင်ရည် ရမှတ်များကို စုဆောင်းရရှိပါက ဓားနယ်ပယ် ၏ နက်နဲမှုကို နားလည် သဘောပေါက်နိုင်မည် ဖြစ်ပါသည်]

[ထိခိုက်မှုခံနိုင်ရည် ရမှတ် - ၁.၈၈၆ ဘီလီယံ / ၁၀၀ ဘီလီယံ]

ကျိုးဟန် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ ရေခဲငရဲ တစ္ဆေနတ်ဘုရား မှ ပံ့ပိုးပေးသွားသော ထိခိုက်မှုခံနိုင်ရည် ရမှတ်မှာ ၁ ဘီလီယံ ကျော်လွန်နေကြောင်း တွေ့လိုက်ရသည်။ ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် အစွမ်းထက်သူ တစ်ယောက်၏ အဆက်မပြတ် ရူးသွပ် ကြမ်းတမ်းသော တိုက်ခိုက်မှုများမှာ အတော်လေး အကျိုးရှိလှပေသည်။

"နှမြောစရာပဲ... ဧကရာဇ်အဆင့် အစွမ်းထက်သူ တွေကို တွေ့ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူးကွာ"

ကျိုးဟန် သည် အနည်းငယ် သက်ပြင်းချလိုက်ပြီးနောက် သွေးဝိညာဉ် ယဇ်ပလ္လင် မှ တိုက်ရိုက် ထွက်ခွာသွားလေတော့သည်။

ကျိုးဟန် ထွက်ခွာသွားပြီးနောက် ငါးမိနစ်ခန့် အကြာတွင်...

တောအုပ်ထဲ၌ လှုပ်ရှားမှု နှစ်ခု ဖြတ်ပြေးသွားလေသည်။

ထူးဆန်းသော မီးတောက်တစ်ခု၏ အလယ်ဗဟိုမှနေ၍ ကြမ်းတမ်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ သူသည် တိမ်တိုက် ပုံစံများ ပါဝင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျိုးဟန် ယခုလေးတင် တိုက်ခိုက်ခဲ့သော စစ်တလင်း ကို စိုက်ကြည့်ကာ အတွေးထဲ နစ်မြောနေလေသည်။

သူသည် ကျုံးချူးမေ့ဇီ ၏ အမိန့်အရ ကျိုးဟန် ၏ ခြေရာကို စုံစမ်းရန် ရောက်ရှိလာသော တိုက်ထူ ပင်ဖြစ်သည်။

ဤမျှ လျင်မြန်စွာ သဲလွန်စ ရှာတွေ့နိုင်ခြင်းမှာ ပစ်မှတ်ကို ခြေရာခံနိုင်သော သူ၏ လျှို့ဝှက် ကျင့်စဉ် တစ်ခုကြောင့် ပင်ဖြစ်သည်။

သို့သော် ခြေရာခံခြင်း အကျိုးသက်ရောက်မှုမှာ ကန့်သတ်ချက်များ ရှိပြီး အကြမ်းဖျင်း ဧရိယာကိုသာ ရှာဖွေနိုင်ကာ အနည်းငယ် ဝေဝါးနေလေသည်။

သို့သော်လည်း သူကဲ့သို့သော အစွမ်းထက် နင်ဂျာ တစ်ယောက်အတွက်မူ ဤ အကြမ်းဖျင်း ဧရိယာလေး တစ်ခုဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

ပစ်မှတ်၏ ခြေရာကို ရှာဖွေဖော်ထုတ်နိုင်ရန် သူ၏ လက်ထဲတွင် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိနေလေသည်။

"ရှောင်ရှယ်ဝမ်... မင်း ဘာတွေ ရှာတွေ့ထားလဲ"

တိုက်ထူ က ဘေးနားရှိ လေဟာနယ်ကို ကြည့်ကာ မေးလိုက်လေသည်။

"ယိုရှီ... တိုက်ထူ မင်းရဲ့ လက်စွမ်းတွေက ပိုပိုပြီး အစွမ်းထက်လာပါလား... ငါ ဒီလောက်တောင် သေချာ ပုန်းကွယ်ထားတာကို မင်းက မြင်သွားသေးတယ်ပေါ့"

ရုတ်တရက် တိုက်ထူ ၏ ဘေးနားရှိ မြေကြီးမှာ အနည်းငယ် တုန်ခါသွားပြီး အက်ကွဲနေသော အသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက် မြေကြီးထဲမှ အနက်ရောင် မြွေအချို့ ထွက်ပေါ်လာပြီး လူများကို ကျောချမ်းသွားစေနိုင်သော အဆိပ်ပြင်းသည့် အငွေ့အသက်များ ပြည့်နှက်နေလေသည်။

"မင်းရဲ့ မြွေတွေကို အမြန် ပြန်သိမ်းလိုက်စမ်း... မဟုတ်ရင် အကင် လုပ်စားပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးနော်"

တိုက်ထူ က မကျေမနပ် မျက်နှာထားဖြင့် သတိပေးလိုက်လေသည်။ သူ၏ လက်ထဲရှိ ဧရာမ မီးလုံးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်များကို ထုတ်လွှတ်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေလေသည်။

"မင်းကတော့ အမြဲတမ်း ပျင်းစရာကောင်းတဲ့ ကောင်ပဲ"

"ဒီနေရာကို ကျိုးဟန် သေချာပေါက် ရောက်လာခဲ့တယ်... ပြီးတော့ ထွက်သွားတာ သိပ်မကြာသေးဘူး"

ရှောင်ရှယ်ဝမ် ၏ မြွေမျက်လုံးများထဲမှ ထူးဆန်းသော အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ကာ ကောက်ချက်ချလိုက်လေသည်။

"အရမ်းကောင်းတယ်... ငါတို့ လိုက်သွားကြမယ်"

"ကျိုးဟန်... မင်း သေရမယ့် အချိန် ရောက်ပြီကွ”

All Chapters