အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း ၂၇၃ နက်ရှိုင်းစွာ ဖလှယ်ခြင်း
"ဟတ်ချိုး"
"တစ်ယောက်ယောက်ကများ ငါ့ကို ကြည့်မရဖြစ်နေတာလား မသိဘူး"
ကျိုးဟန်က နှာချေလိုက်ရင်း သံသယဖြစ်ဖွယ် ရေရွတ်လိုက်လေသည်။
"ဟီးဟီး ဘယ်သူက ရှင့်ကို ကြည့်မရဖြစ်ရဲမှာလဲ အသက်ရှင်ရတာ ငြီးငွေ့နေလို့လား"
ကက်သရင်းက ဘေးနားမှနေ၍ ပြုံးကာ ပြောလိုက်လေသည်။
"အင်း မင်းပြောတာလည်း ယုတ္တိရှိတာပဲ"
ကျိုးဟန်က ခေါင်းညိတ် ထောက်ခံလိုက်ပြီးနောက် နောက်ပြောင်သည့်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ မင်းက ဘာလို့ ငါ့နောက်က လိုက်လာရတာလဲ ငါ့ရဲ့ ရုပ်ချောတဲ့ဒဏ်ကို မခံနိုင်လို့ ဆွဲဆောင်ခံလိုက်ရတာလား"
သွေးဝိညာဉ် ယဇ်ပလ္လင် မှ ထွက်ခွာလာပြီးနောက် ကက်သရင်းသည် ကျိုးဟန်နှင့် အလွန် ရင်းနှီးနေသည့်အလား သူ၏ဘေးတွင် သဘာဝကျကျပင် ယှဉ်တွဲ လျှောက်လှမ်းလာခဲ့လေသည်။
အစပိုင်းတွင် ကျိုးဟန် သတိမထားမိခဲ့သော်လည်း ကက်သရင်း စကားပြောလာသည့် အချိန်မှသာ သတိပြုမိသွားခြင်း ဖြစ်သည်။
"ရှင်ကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
"ကျွန်မက ရှင့်ကို မေးစရာလေး နည်းနည်း ရှိလို့ပါ"
ကက်သရင်းက ပါးစပ်မှသာ ငြင်းဆန်နေသော်လည်း ရင်ထဲတွင်မူ အနည်းငယ် လိပ်ပြာငယ်နေလေသည်။ ထို့နောက် စကားလမ်းကြောင်းကို အမြန် လွှဲလိုက်လေသည်။
"အို မင်းက ဘာများ မေးချင်လို့လဲ ငါက ဖြေပေးနိုင်မယ်လို့တော့ အာမမခံဘူးနော်"
စကားလမ်းကြောင်း အလွှဲခံလိုက်ရသည်ကို သိလိုက်သဖြင့် ကျိုးဟန်က ပြန်လည် မေးမြန်းလိုက်လေသည်။
"ကျွန်မ မေးချင်တာက... ကျွန်မ မေးချင်တာက ရှင်က ဘာလို့ အစောကြီးကတည်းက အရင်မတိုက်ခိုက်ဘဲ အရိုက်ခံနေရတာလဲ"
"ရှင်က တကယ်ပဲ ကစားချင်လို့သက်သက်လား"
ကက်သရင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် သူမ ရင်ထဲ၌ သိချင်နေသော မေးခွန်းကို နောက်ဆုံးတွင် မေးမြန်းလိုက်လေသည်။
ဤကိစ္စအတွက် သူမသာမက ကျူးဝမ် နှင့် သူ၏ အဖွဲ့ဝင်များမှာလည်း အလွန် သိချင်နေခဲ့ကြခြင်း ပင်ဖြစ်သည်။
သို့သော်ငြားလည်း ကျူးဝမ် တို့အဖွဲ့မှာ ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့သည် ကျိုးဟန်၏ နောက်လိုက်များ အဖြစ် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံလိုက်ရသဖြင့် မတတ်သာဘဲ ထွက်ခွာသွားခဲ့ကြလေရာ ဤကိစ္စ၏ အမှန်တရားကို မည်သည့်အခါမျှ သိရှိနိုင်တော့မည် မဟုတ်ချေ။
"ငါ့ခန္ဓာကိုယ်က အဆင့်တက်လှမ်းဖို့အတွက် ထိခိုက်မှုပမာဏ အများကြီးကို ခံနိုင်ရည်ရှိဖို့ လိုအပ်လို့လေ"
"ဒါကြောင့်ပဲ ငါက ရေခဲငရဲ တစ္ဆေနတ်ဘုရား ကို ချက်ချင်း မသတ်ပစ်ဘဲ သူ ပိုပြီး အစွမ်းကုန် တိုက်ခိုက်လာနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့တာပေါ့"
"ဟူး ငါလည်း သရုပ်ဆောင်ရတာ တော်တော်လေး ပင်ပန်းတာပဲ"
ကျိုးဟန်က အလွန် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။ အကယ်၍သာ ချက်ချင်း သတ်ဖြတ်နိုင်မည်ဆိုပါက မည်သူက အချိန်ဖြုန်း၍ ကစားနေချင်မည်နည်း။
ဓားနယ်ပယ် အဆင့်သို့ အမြန်ဆုံး ချိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် သူသည် ကြီးမားစွာ အားထုတ် ကြိုးပမ်းနေခဲ့ရခြင်း ပင်ဖြစ်သည်။
"အရိုက်ခံရုံနဲ့ အဆင့်တက်လှမ်းနိုင်တယ် ဟုတ်လား"
"ရှင့်ခန္ဓာကိုယ်က... အရမ်းကို ထူးဆန်းလွန်းမနေဘူးလား"
ကက်သရင်း၏ လှပသော မျက်လုံးလေးများ တောက်ပသွားပြီး အလွန် ယုံကြည်နိုင်စရာ မရှိဖြစ်သွားလေသည်။ သို့သော် ကျိုးဟန်၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ လိမ်ညာနေသည့်ပုံ မပေါ်ချေ။
အစွမ်းထက်သော သိုင်းပညာရှင်များ ထံတွင်သာ ဤကဲ့သို့သော ထူးဆန်းသည့် နည်းလမ်းများ ရှိနေတတ်သည် မဟုတ်ပါလား။
"ပြီးတော့ သာမန် ထိခိုက်မှုပမာဏလောက်နဲ့က လုံးဝ မလုံလောက်ဘူး အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေကို ရှာပြီး ငါ့ကို အသေအလဲ ရိုက်ခိုင်းမှ ရမှာ မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်မယ်"
ကျိုးဟန်က ထပ်မံ ရှင်းပြလိုက်လေသည်။ မည်သို့ပင်ဆိုစေ ထိခိုက်မှုခံနိုင်ရည် ကုဋေတစ်သိန်း ဆိုသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။
"ဒါဆို အတော်ပဲပေါ့ ရှင့်ကို ကူညီပေးနိုင်တဲ့သူ တစ်ယောက် ရှိတယ်လေ"
ကက်သရင်း၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ရင်တွင်း၌ ရဲတင်းသော အတွေးတစ်ခု ပေါ်ပေါက်လာလေသည်။
"ဘယ်သူလဲ"
"အဝေးကြီးမှာ မဟုတ်ပါဘူး မျက်စိရှေ့မှာတင် ရှိပါတယ် အဲဒီလူက ကျွန်မပဲ"
ကက်သရင်းသည် သူမ၏ ကြီးမား မောက်မာသော ရင်ဘတ်ကြီးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်လေသည်။ နိုင်ငံခြားသူဖြစ်သဖြင့် သူမ၏ စကားပြောဟန်မှာ အနည်းငယ် မပီမသ ဖြစ်နေဆဲ ပင်ဖြစ်သည်။
သို့သော် ကျိုးဟန် အနေဖြင့် အချိန်အတန်ကြာ အတူရှိနေခဲ့သဖြင့် သူမ၏ အပြောအဆိုများကို နားလည် အသားကျနေပြီ ဖြစ်လေသည်။
"မင်းကိုယ်မင်း ပြောနေတာလား မင်းကများ..."
ကျိုးဟန် အကြမ်းဖျင်း သဘောပေါက်သွားလေသည်။
"ဟုတ်တယ် ကျွန်မက ဆင့်ခေါ်သူ အသက်မွေးဝမ်းကျောင်း ဆိုတာ ရှင် သိထားသင့်တယ် ကျွန်မက ဆင့်ခေါ် သတ္တဝါ တွေ အများကြီးကို ဆင့်ခေါ်နိုင်တယ်နော်"
"ရှင်က အရိုက်ခံချင်တယ်ဆိုတော့ ကျွန်မက ဖြည့်ဆည်းပေးနိုင်တာပေါ့"
ကက်သရင်းက ချက်ချင်း ဝင်ပြောလိုက်လေသည်။ ဤသည်မှာ ဆင့်ခေါ်သူများ၏ အားသာချက်ဖြစ်သော လူအင်အားဖြင့် ဖိနှိပ်ခြင်း ပင်ဖြစ်သည်။
"ဒါက... သိပ်တော့ မဖြစ်နိုင်ဘူး ထင်တယ်"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့... အို မဟုတ်သေးပါဘူး ဘာလို့လဲဆိုတော့ မင်းရဲ့ ဆင့်ခေါ် သတ္တဝါ တွေက အရမ်း အားနည်းလွန်းနေလို့ပဲ"
ကျိုးဟန် လျှာခလုတ်တိုက်မိမလို ဖြစ်သွားပြီးနောက် အကြောင်းရင်းကို ရှင်းပြလိုက်လေသည်။
"ဘုရင်အဆင့် ဆင့်ခေါ် သတ္တဝါ တွေလေ ကျွန်မက အကောင် သုံးရာတောင် ဆင့်ခေါ်နိုင်တာနော်"
ကက်သရင်းက ထပ်မံ ရှင်းပြလိုက်လေသည်။ သူမ ဆင့်ခေါ်နိုင်သော အရေအတွက်ကို ကျိုးဟန် မသိရှိ၍ အထင်သေးနေခြင်း ဖြစ်မည်ဟု ထင်မှတ်ကာ ဤအစွမ်းထက်သော သိုင်းပညာရှင် ရှေ့တွင် သူမ၏ စွမ်းအားကို သက်သေပြချင်နေလေသည်။
"ဘုရင်အဆင့် အကောင် သုံးရာ ဟုတ်လား မင်းက တော်တော်လေး စွမ်းနိုင်တာပဲ"
ကျိုးဟန်၏ စကားကြောင့် ကက်သရင်း အနည်းငယ် ဂုဏ်ယူသွားရန် ပြင်လိုက်ဆဲ ရှိသေးသော်လည်း ကျိုးဟန်က စကားလမ်းကြောင်း ပြောင်းကာ ဆက်ပြောလိုက်လေသည်။
"ဒါပေမဲ့ ဘာမှ အသုံးမဝင်သေးဘူး ဘာအကျိုးသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး"
သေချာပေါက် ဘုရင်အဆင့် ဆင့်ခေါ် သတ္တဝါ သုံးရာ၏ ပေါင်းစပ် အင်အားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သို့သော် ၎င်းမှာ သာမန် ကစားသမားများ အတွက်သာ ဖြစ်လေသည်။ ကျိုးဟန် ကဲ့သို့သော သူအတွက်မူ အနည်းငယ်မျှပင် အသုံးမဝင်ချေ။
ပုံမှန်အားဖြင့် ဘုရင်အဆင့် အကောင် သုံးရာ ဆိုသည်မှာ ဧကရာဇ်အဆင့် တစ်ကောင်ကိုပင် ယှဉ်နိုင်စွမ်း မရှိသဖြင့် အချိန်ဖြုန်းနေမည် မဟုတ်ပေ။
"ရှင်... ဒါဆို ရှင်က ဘယ်လောက်တောင် အစွမ်းထက်တာကို လိုချင်နေတာလဲ"
ကက်သရင်း၏ မျက်နှာလေး ငိုမဲ့မဲ့ ဖြစ်သွားပြီး အကြီးအကျယ် စိတ်ပျက်သွားလေသည်။
"အနည်းဆုံးတော့ ဧကရာဇ်အဆင့် လောက်မှ ရမယ် မဟုတ်ရင် အကျိုးအမြတ်က အရမ်းနည်းပြီး အချိန်ကုန်လွန်းတယ်"
"ဟူး ကျွန်မဆီက ဧကရာဇ်အဆင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ် [ဝိညာဉ်သားရဲ ဆင့်ခေါ်ခြင်း] ကသာ ပိုမြင့်တဲ့ အဆင့်တစ်ခုကို ချိုးဖောက်ဝင်ရောက် သွားနိုင်ရင် ကောင်းမှာပဲ"
"ဒါဆိုရင် ရှင့်ကို ကူညီပေးလို့ ရပြီပေါ့"
ကက်သရင်းက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။ သူမ ဤသို့ လုပ်ဆောင်ရခြင်း၏ အဓိက အကြောင်းရင်း နှစ်ရပ် ရှိလေသည်။ ပထမအချက်မှာ ကျိုးဟန်ကို ကူညီလိုခြင်း ဖြစ်ပြီး ဒုတိယအချက်မှာမူ ကျိုးဟန်ကဲ့သို့သော အစွမ်းထက် သိုင်းပညာရှင် တစ်ယောက်နှင့် ရင်းနှီးအောင် ပေါင်းသင်းထားပါက အကျိုးအမြတ်များစွာ ရရှိနိုင်သောကြောင့် ပင်ဖြစ်သည်။
ယခုမူ ကျိုးဟန်ကို ကူညီပေးပြီး ကျေးဇူးကြွေး တင်စေမည့် အစီအစဉ်မှာ ရေစုန်မျောသွားခဲ့လေပြီ။
"ဧကရာဇ်အဆင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ် ဟုတ်လား ငါ့ဆီမှာ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်"
ကျိုးဟန်၏ မျက်လုံးများ အရောင်လက်သွားပြီး အတွေးတစ်ခု ဝင်လာသော်လည်း ဤသို့ လုပ်ဆောင်ရန် သင့်မသင့် စဉ်းစားနေလေသည်။
"တကယ်လား ရှင့်ဆီမှာ ဘာနည်းလမ်း ရှိသေးလို့လဲ မြန်မြန် ပြောပြပါဦး"
"မင်းကို ဧကရာဇ်အဆင့် ဝိညာဉ်သားရဲ တွေ ဆင့်ခေါ်နိုင်အောင် ငါ လုပ်ပေးလိုက်ရင် ပြဿနာ ရှင်းသွားပြီ မဟုတ်လား"
"ဧကရာဇ်အဆင့် ဝိညာဉ်သားရဲ ဟုတ်လား"
"ရှင့်ဆီမှာ ဒီလို စွမ်းဆောင်နိုင်စွမ်းမျိုး ရှိသေးတာလား"
ကက်သရင်း၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေလေသည်။ ဤကိစ္စမှာ အလွန် ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဖြစ်နေပြီး အကယ်၍ တကယ်သာ လုပ်ဆောင်နိုင်ပါက သူမအနေဖြင့် သေချာပေါက် ကောင်းကင်သို့ ပျံတက်သွားနိုင်မည် ပင်ဖြစ်သည်။
"ငါ့ဆီမှာ တခြား အစွမ်းထက်တဲ့ နည်းလမ်းတွေ အများကြီး ရှိသေးတယ် နက်နက်ရှိုင်းရှိုင်း ဖလှယ်ကြည့်မှပဲ မင်း နားလည်နိုင်မှာပါ"
ကျိုးဟန်က မရိုးသားသော အပြုံးဖြင့် ပြောလိုက်လေသည်။
"နောက်မနေပါနဲ့ ရှင်က တကယ်ပဲ ကျွန်မကို ဧကရာဇ်အဆင့် ဝိညာဉ်သားရဲ ဆင့်ခေါ်နိုင်အောင် လုပ်ပေးနိုင်လို့လား"
"ဒါပေါ့"
"ဒါဆို ရှင် အခုပဲ စမ်းကြည့်လိုက်လေ"
ကက်သရင်းမှာ အလွန် စိတ်အားထက်သန် နေလေသည်။ မည်သို့ပင်ဆိုစေ သူမအတွက် ဆုံးရှုံးစရာ မရှိဘဲ တကယ်သာ လုပ်နိုင်မည် ဆိုပါက အလွန် ကြီးမားသော အကျိုးအမြတ်များကို ရရှိမည် မဟုတ်ပါလား။
"စမ်းကြည့်လို့ ရပေမဲ့ မင်းဘက်ကလည်း တစ်ခုခုတော့ ပေးဆပ်ရမှာပေါ့"
ကျိုးဟန်က ပြုံးကာ ပြောလိုက်လေသည်။
"ပေးဆပ်ရမယ် ဟုတ်လား"
"တကယ်သာ ဧကရာဇ်အဆင့် ဝိညာဉ်သားရဲ ကို ရမယ်ဆိုရင် ရှင် အဲဒီလို လုပ်ချင်တယ်ဆိုလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးလေ"
ကက်သရင်းမှာ အလိုအလျောက်ပင် ရင်ဘတ်ကို ကော့လိုက်မိရာ ကြီးမားလှသော ရင်သားအစုံမှာ တုန်ခါသွားပြီး မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားကာ ကျိုးဟန်၏ ကိုယ်ပေါ်သို့ မှီတွယ်လာလေသည်။
"သွားစမ်းပါ လျှောက်တွေးမနေနဲ့"
ကျိုးဟန်က သူမကို ချက်ချင်း တွန်းဖယ်လိုက်လေသည်။
"ဒီ တစ္ဆေတစ်ရာ ညတိုက်ပွဲ လျှို့ဝှက်နယ်မြေ ပြီးဆုံးသွားရင် မင်း ရမယ့် အဆင့်သတ်မှတ်ချက် ဆုလာဘ် တွေ အားလုံးကို ငါ့ကို ပေးရမယ်"
ကက်သရင်းမှာ အလွန် ဆွဲဆောင်မှု ရှိသော်လည်း ဆုလာဘ်များကိုတော့ မမီသေးချေ။
ထို့အပြင် ကျိုးဟန်သည် သူတစ်ပါး၏ အခက်အခဲကို အခွင့်ကောင်းယူကာ အကျပ်ကိုင်တတ်သူမျိုး မဟုတ်ဘဲ ဤကဲ့သို့သော အောက်တန်းကျသည့် လုပ်ရပ်မျိုးကို သူ လုံးဝ စိတ်မဝင်စားပေ။
လှပသော အမျိုးသမီးများကို ရင်ဆိုင်ရာတွင် သူ၏ အစွမ်းထက်သော ကိုယ်ရည်ကိုယ်သွေးများဖြင့်သာ သိမ်းသွင်းရမည် မဟုတ်ပါလား။
"ဘယ်လိုလဲ သဘောတူလား သဘောမတူရင်လည်း ထားလိုက်တော့"
ကျိုးဟန်သည်လည်း အလွန် သဘောကောင်းလှသူ မဟုတ်သဖြင့် အကျိုးအမြတ် တစ်စုံတစ်ရာ မရှိဘဲနှင့် ဤကိစ္စကို လုပ်ဆောင်ပေးမည် မဟုတ်ချေ။
"သဘောတူတယ် သေချာပေါက် သဘောတူတာပေါ့"
ကက်သရင်းက သွားကို ကျိတ်ကာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အနည်းငယ် ဝမ်းနည်းနေသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
'ဒီကောင်က တကယ်ပဲ ငါဒီလောက် လှနေတာကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား မသိဘူး’