အခန်း ၂၈၀
Vol. 28 Ch. 280
အခန်း ၂၈၀ ငါ့ကို သေချာ လိမ်းပေးပါလား
ကျိုးဟန် ၏ ရင်ထဲတွင် လန့်ဖျပ်သွားပြီး ခြေဖျားထောက်ကာ လျင်မြန်စွာ ပြေးဝင်သွားလေသည်။
ကက်သရင်း ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
"ဘယ်နားက နာနေတာလဲ... ဘာတွေ ဖြစ်ကုန်တာလဲ"
"ခုနက ချယ်ရီနိုင်ငံက ကစားသမား တစ်ယောက်က အမှတ်အသားတစ်ခု ရိုက်သွင်းသွားတာ... အဲဒီ အမှတ်အသားထဲမှာ မြွေနတ်ဆိုး တစ်ကောင်ပါတယ်... အဲဒါက ငါ့ရဲ့ သွေးစွမ်းအင်တွေကို အဆက်မပြတ် မျိုချနေတာပဲ"
"ငါ နည်းလမ်းပေါင်းစုံ သုံးကြည့်ပေမဲ့ အမှတ်အသားကို ဖျက်ဆီးလို့မရတဲ့အပြင် မြွေကို တုတ်နဲ့ခေါက်မိသလို ဖြစ်သွားပြီး မြွေနတ်ဆိုး က ပိုတောင် ရုန်းကန်လာသေးတယ်"
"ကျိုးဟန်... နင့်စွမ်းအားက ကြီးမားတယ်ဆိုတော့ ငါ့ကို သေချာပေါက် ကူညီပေးပါနော်"
ကက်သရင်း သည် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အသက်ရှူမဝတဝဖြင့် တစ်ဆက်တည်း ပြောပြကာ အသနားခံလိုက်ပြီးနောက် သူမမှာ ပိုမို၍ပင် အားနည်းသွားခဲ့လေသည်။
"ဒါပေါ့ ငါ ကူညီပေးမှာပေါ့... မလောပါနဲ့ ဖြည်းဖြည်းချင်းပြောပါ"
"အမှတ်အသား ရဲ့ နေရာ အတိအကျကို ပြောပြလေ ငါ ရှင်းပေးမယ်"
ကျိုးဟန် က နှစ်သိမ့်ကာ ပြောလိုက်လေသည်။
"ငါ... ငါ့ရဲ့ ရင်ဘတ်နေရာမှာ..."
"နင့်ကိုပဲ အားကိုးတော့မယ်နော်"
ထိုသို့ ပြောလိုက်ချိန်တွင် ကက်သရင်း ၏ ဖြူရော်နေသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာသွားပြီး သူမ၏ ရင်ထဲတွင် အလွန်အမင်း ရှက်ရွံ့နေလေသည်။
မည်သို့ပင်ဆိုစေ သူမသည် မည်သည့် ယောကျ်ားလေး နှင့်မျှ ထိတွေ့ဖူးခြင်း မရှိသေးသည့်အပြင် ဤကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် နေရာမျိုး ဖြစ်နေသည် မဟုတ်ပါလား။
သို့သော် ယခုအခါ အသက်အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်ရာ ထိုမျှလောက် အထိ ဂရုစိုက်မနေနိုင်တော့ချေ။
"ဒါကတော့..."
ကျိုးဟန် ၏ အကြည့်များသည် အလိုအလျောက်ပင် ထိုနေရာသို့ ရောက်ရှိသွားပြီး သူ မသိမသာ တံတွေးမျိုချလိုက်မိလေသည်။
ကျယ်ပြန့်လှသော ရင်အုပ်ကြီးမှာ ချွေးများ ရွှဲရွှဲစိုနေသဖြင့် မြင်ကွင်းမှာ ပိုမို၍ပင် ဆွဲဆောင်မှု ရှိနေလေသည်။
ဤကဲ့သို့သော တောင်းဆိုမှုမျိုးကို ကျိုးဟန် အနေဖြင့် လုံးဝ ငြင်းဆန်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူသည် အခြားသူများကို ကူညီရသည်ကို နှစ်သက်ပြီး သဘောထား ပြည့်ဝသော လူကောင်း တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
ဤမျှ သေးငယ်သော အကူအညီလေး အတွက် သူ လုံးဝ ငြင်းဆန်မည် မဟုတ်ပေ။
"စိတ်ချလိုက် အကုန်လုံး ငါ့တာဝန်ထား... အခုပဲ မင်းအတွက် ကုသပေးမယ်"
ကျိုးဟန် က တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်လေသည်။
ထို့နောက် သူသည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ခေါင်းကို ငုံ့ချလိုက်လေသည်။
"ကျိုးဟန် လုံခြုံတဲ့ နေရာလေး တစ်ခုလောက် အရင်ရှာရအောင်ကွာ... တကယ်လို့ တစ်ယောက်ယောက်က မြင်သွားရင် မကောင်းပါဘူး..."
ကက်သရင်း က ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။ ကျိုးဟန် တစ်ယောက်တည်း မြင်တွေ့သွားခြင်းမှာ ကိစ္စမရှိသော်လည်း အခြားသူများ မြင်တွေ့သွားမည်ကိုတော့ သူမ လုံးဝ ခွင့်မပြုနိုင်ချေ။
မည်သို့ပင်ဆိုစေ လျှို့ဝှက်နယ်မြေ အတွင်းသို့ ကစားသမား သိန်းနှင့်ချီ၍ ဝင်ရောက်လာကြပြီဖြစ်ရာ ဖြတ်သွားဖြတ်လာ ကစားသမား များနှင့် ကြုံတွေ့ရနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့်သာ ကက်သရင်း က ဤသို့ အကြံပြုလိုက်ခြင်း ဖြစ်လေသည်။
"အင်း မင်းပြောတာလည်း ယုတ္တိရှိတာပဲ"
ကျိုးဟန် က ခေါင်းညိတ် ထောက်ခံလိုက်လေသည်။
ခုနက သူ အရမ်း စိတ်လှုပ်ရှားသွား၍ အို မဟုတ်သေးပါဘူး လူတစ်ယောက်ကို အလျင်စလို ကယ်တင်ချင်စိတ်ကြောင့် ဤကိစ္စကို မေ့လျော့သွားခဲ့ခြင်း ပင်ဖြစ်သည်။
သတိပေးလိုက်သည့် အချိန်မှသာ သေချာ စဉ်းစားကြည့်မိပြီး တကယ်ပင် ဟုတ်နေလေသည်။
"လုံခြုံတဲ့ နေရာ ဟုတ်လား..."
"ရပြီ... ကံကောင်းလို့ ငါ့ဆီမှာ ဖုံးကွယ်ခြင်း အစီအရင် ရှိနေတာ... ဒါထက် ပိုပြီး လုံခြုံတဲ့နေရာ မရှိတော့ဘူးလေ"
ကျိုးဟန် သည် ကိုယ်ပျောက်နိုင်စွမ်း ရှိသော နတ်ဘုရားအဆင့် မှော်လက်နက် ဖုံးကွယ်ခြင်း အစီအရင် ကို လျင်မြန်စွာ သတိရလိုက်လေသည်။ ၎င်းကို အဆင့်မြှင့်တင်ပြီးနောက် အကျိုးသက်ရောက်မှုမှာ ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
၎င်း၏ အတွင်းဘက်တွင် သီးခြား ကမ္ဘာငယ်လေး တစ်ခု ပါရှိပြီး အတွင်း၌ မည်သည့်အရာများကို လုပ်ဆောင်နေစေကာမူ အပြင်ဘက်မှ လုံးဝ မြင်တွေ့နိုင်မည် မဟုတ်သဖြင့် တကယ်ကို အသုံးဝင်သော မှော်လက်နက် တစ်ခု ပင်ဖြစ်သည်။
ယခုတော့ ကျိုးဟန် သည် ၎င်း၏ အသုံးဝင်မှု အသစ်တစ်ခုကို ရှာဖွေတွေ့ရှိ သွားခဲ့လေပြီ။
ထိုအချက်ကို တွေးမိပြီးနောက် ကျိုးဟန် သည် လုပွန်ဝေ့ ကို လှမ်းပြောလိုက်ပြီး ဖုံးကွယ်ခြင်း အစီအရင် ကို လှမ်းယူလိုက်လေသည်။
[ပိုင်ရှင်သည် မှော်လက်နက် ဖုံးကွယ်ခြင်း အစီအရင် ကို အသုံးပြုလိုက်ပါသည်... တစ်ခုတည်းသော အထူးအာနိသင် ဖြစ်သည့် ဖုံးကွယ်ခြင်း ကို အသက်ဝင်စေလိုက်ပါသည်]
[ပိုင်ရှင်သည် သုံးနာရီ အတွင်း ပေခြောက်ဆယ် ပတ်လည် ဧရိယာ အတွင်း၌ ကိုယ်ပျောက် အခြေအနေသို့ ဝင်ရောက်သွားမည် ဖြစ်ပါသည်]
"ရပြီ အခု ဘယ်သူမှ မမြင်ရတော့ဘူး ငါတို့ စလိုက်ကြရအောင်"
ကျိုးဟန် က အလျင်စလို ပြောလိုက်လေသည်။
သူ၏ ပုံစံကို ကြည့်ရသည်မှာ ကက်သရင်း ၏ အခြေအနေအတွက် အလွန် စိုးရိမ်ပူပန် နေပုံရပြီး ထို့ကြောင့်ပင် ဤမျှအထိ လောဆော်နေခြင်း ဖြစ်လေသည်။
"အင်းအင်း..."
ကက်သရင်း ၏ အသံလေးမှာ ခြင်လေး တစ်ကောင် အော်သံအလား တိုးတိတ်လွန်းလှပြီး ရှက်သွေးဖြာနေခြင်းကြောင့်လော သို့မဟုတ် အားနည်းနေခြင်းကြောင့်လော ဆိုသည်ကိုမူ မခွဲခြားနိုင်တော့ချေ။
အဝတ်အစား များကို ဖယ်ရှားလိုက်ပြီးနောက် ခေါင်းငုံ့ချလိုက်လေသည်။
"အင်း..."
......
ကျိုးဟန် သည် မြွေနတ်ဆိုး အမှတ်အသား ကို စတင် စုပ်ယူလိုက်ချိန်တွင် ၎င်းအတွင်းမှ ပြင်းထန်သော တုန်ခါမှုကြီး တစ်ခု ထွက်ပေါ်လာလေသည်။
နက်မှောင်နေသော မြွေအရိပ် တစ်ခုသည် ရက်စက် ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး ကျိုးဟန် ထံသို့ တိုက်ရိုက် ကိုက်ခဲရန် ပြေးဝင်လာလေသည်။
"သေချင်နေတာလား"
ကျိုးဟန် ၏ ရင်ထဲတွင် ဒေါသထွက်သွားပြီး ပါးစပ်ထဲမှ ရူးသွပ် ကြမ်းတမ်းသော ဓားစွမ်းအင် တစ်ခုကို မှုတ်ထုတ်လိုက်ကာ ထို မြွေအရိပ် ကို ချက်ချင်းပင် ပြာမှုန့်အဖြစ်သို့ ချေမှုန်းပစ်လိုက်လေသည်။
မြွေအရိပ် ပျောက်ကွယ်သွားသော အမှတ်အသား မှာ သံတိုသံစ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျိုးဟန် က အားကုန် သုံး၍ စုပ်ယူလိုက်ရာ အမှတ်အသား မှာ ချက်ချင်းပင် ရှင်းလင်း ပျောက်ကွယ်သွားလေတော့သည်။
ကက်သရင်း ထံမှ ညည်းတွားသံ သဲ့သဲ့လေး ထွက်ပေါ်လာပြီး အမှတ်အသား ရှင်းလင်းသွားပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ လွန်စွာ ပေါ့ပါး လွတ်လပ်သွားလေသည်။
"ကျိုးဟန်... ကျေးဇူးတင်ပါတယ်ကွာ"
ကက်သရင်း က နူးညံ့ ညင်သာသော လေသံလေးဖြင့် ပြောလိုက်ပြီး ကျိုးဟန် ကို ကြည့်နေသော သူမ၏ မျက်ဝန်းများမှာ အလိုအလျောက်ပင် အလွန် နူးညံ့ ကြင်နာလာလေသည်။
ယခင်ကတည်းက သဘောကျနေခဲ့သည့်အပြင် ယခုကဲ့သို့သော ရင်ခုန်စရာ ကုသမှုမျိုးကိုပါ ခံယူလိုက်ရသဖြင့် သူမ၏ ရင်တွင်းရှိ မေတ္တာတရားများမှာ ပိုမို၍ပင် ပြင်းထန်လာခဲ့လေပြီ။
"ကျေးဇူးတင်စရာ မလိုပါဘူး... ငါက ရိုးသား ယုံကြည်ရတဲ့ လူကောင်းလေး တစ်ယောက်ပဲလေ... ဒီအမှတ်အသားကြောင့် မင်း တော်တော်လေး ဒုက္ခရောက်ခဲ့ရတာပဲ... ကြည့်စမ်း ချွေးတွေတောင် ဒီလောက် ထွက်နေတာ"
ကျိုးဟန် က ရယ်မောကာ ပြောလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ ရေကွက် တစ်ခုကို လက်ညှိုးထိုးပြလိုက်လေသည်။
"ရှင်... ရှင်ကတော့ တကယ် စိတ်တိုစရာကောင်းတာပဲ"
ကက်သရင်း ၏ မျက်နှာလေး နီရဲသွားပြီး သူမ၏ လက်သီးဆုပ်လေးများဖြင့် လှမ်းထုလိုက်လေသည်။
"ဟေး... မင်းက ဘာလုပ်ချင်တာလဲ... ကျေးဇူးကန်းချင်တာလား"
ကျိုးဟန် က နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"ရှင်က သိရက်နဲ့ တမင်သက်သက် လာမေးနေတာလေ... တမင်သက်သက် ကျွန်မကို လှောင်နေတာ မဟုတ်လား"
ကက်သရင်း က မျက်နှာငယ်လေးဖြင့် ပြောလိုက်လေသည်။ သူမသည် ခံစားလွယ်သော ခန္ဓာကိုယ် အခြေအနေကို ပိုင်ဆိုင်ထားသဖြင့် ထို ရေကွက် မှာ သဘာဝကျကျပင်...
ထို့ကြောင့် ကျိုးဟန် က သိရက်နှင့် တမင်သက်သက် မေးကာ သူမကို နောက်ပြောင်နေသည်ဟု ထင်မှတ်သွားခြင်း ဖြစ်လေသည်။
"ထားလိုက်ပါတော့... မင်းကို ရှင်းပြနေရတာ ပျင်းစရာကောင်းတယ်"
ကျိုးဟန် က ခုနက ကုသပေးနေစဉ် အတွင်း အလွန်အမင်း အာရုံစိုက်ထားခဲ့သဖြင့် သေချာ သတိမထားမိခဲ့ပေ။ ထို့ကြောင့် မသိရှိခြင်းမှာလည်း ပုံမှန်သာ ဖြစ်လေသည်။
"အာ... ကျိုးဟန် ငါ့ရဲ့ ရင်ဘတ်ပေါ်မှာ ဒဏ်ရာကြီး ကျန်နေသေးတယ်... ဘယ်လိုလုပ်ရမလဲ"
"အမာရွတ်များ ကျန်ခဲ့မလား မသိဘူး... တော်တော် ရုပ်ဆိုးသွားမှာပဲ"
ရုတ်တရက် ကက်သရင်း အလန့်တကြား အော်ဟစ်လိုက်ပြီး သူမ၏ အသံထဲတွင် အလွန်အမင်း ကြောက်လန့်နေမှုများ ပါဝင်နေလေသည်။
ဤအရာမှာ သူမ အဂုဏ်ယူရဆုံးသော အရင်းအနှီးများထဲမှ တစ်ခုဖြစ်ပြီး မူလက ကြည်လင် တောက်ပကာ ပြီးပြည့်စုံ လှပနေခဲ့သည် မဟုတ်ပါလား။
ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သွားခြင်းမှာ သူမကဲ့သို့သော ပြိုင်ဘက်ကင်း အလှဘုရင်မ တစ်ယောက်အတွက်မူ ကပ်ဘေးဆိုက်သွားခြင်း ပင်ဖြစ်သည်။
ထို့ကြောင့် သူမ၏ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်နေမိလေသည်။
သာမန်အားဖြင့် ထိခိုက်ဒဏ်ရာ အသေးစားလေးများ ဆိုပါက ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ပင် အလိုအလျောက် ပြန်လည် ကောင်းမွန်လာနိုင်လေသည်။
သို့သော် ယခု ဒဏ်ရာမှာ အလွန် နက်ရှိုင်းလွန်းလှသဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု မည်မျှပင် ကောင်းမွန်စေကာမူ အမာရွတ် သေချာပေါက် ကျန်ရစ်နေမည် ဖြစ်လေသည်။
ထို့ကြောင့် သူမသည် အကူအညီ တောင်းခံလိုသော အကြည့်များဖြင့် ကျိုးဟန် ကို စိုက်ကြည့်နေမိလေသည်။
"ငါ့ကို ကူညီပါဦး... ကျိုးဟန်ရယ်"
"ခုနကပဲ ငါ့ကို စိတ်တိုစရာကောင်းတယ် လို့ ပြောနေတာ မဟုတ်ဘူးလား"
"ဘယ်လိုလဲ... အခုကျတော့ ငါ့ကို အကူအညီ တောင်းနေပြန်ပြီလား... ငါ ကျိုးဟန် က မျက်နှာပူစရာ မလိုဘူးလို့ ထင်နေတာလား"
ကျိုးဟန် က တမင်သက်သက် နောက်ပြောင်၍ ပြောလိုက်လေသည်။
"ကျိုးဟန်... ငါ မှားသွားပါတယ်ကွာ... နင် ငါ့ကို သေချာပေါက် ကူညီရမယ်နော်"
"နင်က ဒီလောက် လှပတဲ့ နေရာလေးမှာ အမာရွတ်ကြီး ကျန်ခဲ့တာကို ရက်ရက်စက်စက် ကြည့်ရက်လို့လား"
ကက်သရင်း က သနားစဖွယ် မျက်နှာလေးဖြင့် ပြောလိုက်လေသည်။
ကျိုးဟန် ၏ အစွမ်းထက်မှုများကို မြင်တွေ့ခဲ့ပြီး ဖြစ်ရာ ကျိုးဟန် ထံတွင် သေချာပေါက် နည်းလမ်း ရှိမည်ဟု သူမ အခိုင်အမာ ယုံကြည်ထားလေသည်။
ထိုအချက်ကို တွေးမိပြီးနောက် ကက်သရင်း သည် မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ကျိုးဟန် ၏ လက်ကို ဆွဲယူကာ သူမ၏ ရင်ဘတ် ပေါ်သို့ တိုက်ရိုက် တင်ပေးလိုက်လေသည်။
"မင်း..."
ကျိုးဟန် တစ်ယောက် မှင်သက်သွားပြီး ရင်ထဲတွင် အနည်းငယ် သာယာသွားလေသည်။
"ဘယ်လို ခံစားရလဲ..."
ကက်သရင်း က ဆွဲဆောင်မှု ရှိသော အပြုံးလေးဖြင့် မေးလိုက်လေသည်။
"ရပြီ... မင်းကို ကူညီပေးမယ်လို့ ကတိပေးတယ်ကွာ"
ကျိုးဟန် က မတတ်သာသည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်လေသည်။ အမှန်တကယ်တွင် သူသည် သူမ၏ အမာရွတ် ကို ဖယ်ရှားပေးရန် အစောကြီး ကတည်းက ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ကက်သရင်း က အကြောင်းပြချက် မရှိဘဲ သူမ၏ လက်သီးဆုပ်လေးများဖြင့် သူ့ကို လှမ်းထုခဲ့သောကြောင့် ကျိုးဟန် ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားကာ တမင်သက်သက် ပညာပေးလိုက်ခြင်း ဖြစ်လေသည်။
"ပြွတ်"
ကက်သရင်း က ကျိုးဟန် ၏ ပါးကို အားရပါးရ နမ်းလိုက်ပြီး သူမ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်လေသည်။
"ဒီ ရွှေရောင် အနာကျက်ဆေး ကို လိမ်းလိုက်ရုံနဲ့ အဆင်ပြေသွားလိမ့်မယ်"
ကျိုးဟန် သည် ကျောပိုးအိတ် ထဲမှ ဆေးရည် ပုလင်း တစ်ပုလင်းကို ထုတ်ယူကာ လှမ်းပေးလိုက်လေသည်။
၎င်းမှာ အလယ်အလတ်အဆင့် အရည်အသွေးရှိသော ဆေးရည် တစ်မျိုး ဖြစ်သော်လည်း အဆင့်မြှင့်တင်ပြီးနောက် အထူးအာနိသင်များမှာ အလွန် အစွမ်းထက်လာပြီး အမာရွတ် အမျိုးမျိုးကို ကုသပေးရာတွင် အလွန် ထိရောက်မှု ရှိလေသည်။
"ကျိုးဟန်... ငါ့ကို သေချာ လိမ်းပေးပါလားကွာ"
ကက်သရင်း က တိုးတိတ်သော လေသံလေးဖြင့် ပြောလိုက်ပြီး သူမ၏ မျက်နှာလေးမှာ ရေဆင်းချိုး၍ ရလောက်အောင်ပင် နီရဲနေလေသည်။
သူမသည် ကျိုးဟန် ကို ဤသို့ လုပ်ဆောင်စေချင်နေခြင်းလော သို့မဟုတ် ကျိုးဟန် ၏ ကုသပေးမှုက ပို၍ ကျွမ်းကျင်သည်ဟု ယူဆထားခြင်းလော ဆိုသည်ကိုမူ သူမ ကိုယ်တိုင်သာလျှင် သိရှိနိုင်ပေသည်။
"မင်းက တကယ်ကို ပျင်းလွန်းတာပဲ"
ကျိုးဟန် က ညည်းတွားလိုက်သော်လည်း ကက်သရင်း ဘာဆက်ပြောမည်ကို မစောင့်တော့ဘဲ တိုက်ရိုက်ပင် အလုပ်စတင်လိုက်လေတော့သည်။
စတင် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကက်သရင်း မှာ အနည်းငယ် တုန်ခါသွားလေသည်။
"ဟင်"
"ဪ... ဒီလိုကိုး”