← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း (၁၇၄) အရေးပေါ် စားနပ်ရိက္ခာ

"ဘာ... ဘာပြောလိုက်တယ်"

ယုန်လေးမှာ အလန့်တကြား ခုန်ပေါက်သွားလေသည်။

"ငါမသိဘူးများ မှတ်နေလား။ ဒါ ခွေးနာမည်လေကွာ။ မင်း ငါ့ကို စော်ကားနေတာလား"

"မင်းနာမည်က ဝမ်ချိုက် လေ"

ချူဟန် သည် နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

"ကဲ... ဝမ်ချိုက်၊ တစ်ချက်လောက် ဟောင်ပြစမ်းပါဦး"

"ဝုတ်..."

ယုန်လေးမှာ မရည်ရွယ်ဘဲ ယောင်ယမ်းအော်မိသွားသည်။

"ယောင်လို့... ခွေးမှ မဟုတ်တာကွာ"

ယုန်လေး... မဟုတ်တော့ပေ၊ ယခုတော့ ဝမ်ချိုက် ဖြစ်နေပြီ။ ဝမ်ချိုက် သည် အရှက်နှင့် ဒေါသတို့ ရောယှက်နေသော မျက်နှာကို ရှေ့လက်ဖဝါး နှစ်ဖက်ဖြင့် ဖုံးအုပ်ကာ အသည်းအသန် အပြစ်တင်တော့သည်။

"ငါ့ကိုများ ဝမ်ချိုက် တဲ့လား။ ငါက ခွေးမဟုတ်ဘူးကွ။ ဒီလောက် ချောမောခန့်ညားပြီး စကြာဝဠာတစ်ခွင် ပြိုင်ဘက်ကင်းတဲ့၊ အလွန်မိုက်ပြီး အလန်းစားဖြစ်တဲ့ ငါ့ကိုမှ ခေတ်နောက်ကျပြီး အဆင့်အတန်းမရှိတဲ့ နာမည်က ဘယ်လိုလုပ် လိုက်ဖက်မှာလဲ"

"မင်း ပုံစံပြောင်းနိုင်လား"

ချူဟန် သည် ရုတ်တရက် မေးလိုက်သဖြင့် ဝမ်ချိုက်၏ ရှည်လျားလှသော စကားတန်းကြီး ပြတ်တောက်သွားတော့သည်။

"ရတာပေါ့"

ဝမ်ချိုက်၏ မျက်လုံးများ အရောင်လက်သွားပြီး ကြီးမားသော နားရွက်ကြီးနှစ်ဖက်မှာ စိတ်လှုပ်ရှားစွာဖြင့် ထောင်မတ်လာသည်။

"ဒါဆို ကောက်ကြောင်းလှလှနဲ့ ကိုယ်တီးလုံး မိန်းမတစ်ယောက်အဖြစ် ပြောင်းပြလိုက်ရမလား "

ချူဟန် သည် ကားမောင်းနေရင်း အလွန်တရာ အေးစက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"အဲဒါတော့ မဖြစ်နိုင်ဘူး။ မလုပ်နိုင်ဘူးကွ။ အဲဒီလို မိန်းမမျိုးက ငါ့အတွက် ဘာဆွဲဆောင်မှုမှ မရှိဘူး။ နင်နဲ့ ငါတို့တွေကြားမှာ အလှအပကို ခံစားတတ်တဲ့ အမြင်ချင်းမှ မတူတာ”

ဝမ်ချိုက် သည် သူ၏ ယူဆချက်များကို ထပ်မံ၍ ရှင်းလင်းပြနေပြန်သည်။

"အခုပုံစံက အလှဆုံးပဲလို့ ငါထင်တယ်။ ငါ့ကိုယ်ငါ ခန့်ညားတယ်လို့ ပြောနေပေမဲ့ တကယ်တော့ ငါ့မှာ လိင်အမျိုးအစား မခွဲခြားထားဘူး။ နင် ငါ့ကို မိန်းကလေးတစ်ယောက်အနေနဲ့ သဘောထားလို့ ရပါတယ်။ ငါက ချစ်စရာလည်း ကောင်းသလို ဆွဲဆောင်မှုလည်း ရှိတယ်လေ "

"အလန်းစားလေး မပြောင်းနိုင်ရင် ဘာပုံစံ ပြောင်းနိုင်သေးလဲ"

ချူဟန် သည် ယုန်လေးကို မျက်စောင်းထိုး ကြည့်လိုက်သည်။

"ဘာအသုံးမှ မဝင်ဘူးလို့တော့ မပြောနဲ့နော်။ ကားပြတင်းပေါက်ကနေ အပြင်ကို လွှင့်ပစ်လိုက်မယ်"

"ကြီးအောင်လုပ်လို့ရသလို သေးသွားအောင်လည်း လုပ်လို့ရတယ်"

ပြတင်းပေါက်မှ အလွှင့်ပစ်ခံရမည်ကို စိုးရိမ်သွားသဖြင့် ဝမ်ချိုက် သည် အလန့်တကြား အော်ပြောလိုက်သည်။

"အကြီးဆုံးအနေနဲ့ မြင်းတစ်ကောင်အရွယ်လောက်အထိ ကြီးလာနိုင်ပြီး အသေးဆုံးဆိုရင် ပင်ပေါင်ဘောလုံးလောက်အထိ သေးနိုင်တယ်။ လိုသလို ကျုံ့နိုင် ဆန့်နိုင်တယ်ကွ"

"ဘာမှ သုံးမရပါလား။ ပါးစပ်ပိတ်ထားတော့"

ချူဟန် သည် ခံစားချက် ကင်းမဲ့သော မျက်နှာဖြင့်သာ ကားကို ဆက်မောင်းနေလေသည်။

"အဲဒီလိုတော့ မရဘူးလေ"

ဝမ်ချိုက် သည် အလျင်အမြန် ခေါင်းခါလိုက်သည်။

"ငါတို့ တွေ့တာ ပထမဆုံးနေ့ပဲ ရှိသေးတယ်လေ။ အရင်းနှီးဆုံး အဖော်တွေအနေနဲ့ အချင်းချင်း နားလည်မှုရှိရမယ်၊ ကူညီရမယ်၊ ပြီးတော့ ပြီးပြည့်စုံတဲ့ သံယောဇဉ်ကို တည်ဆောက်ရမယ်လေ။ အရေးအကြီးဆုံးက စကားမပြောဘဲ နေရင် အနေခက်တယ်လို့ မထင်ဘူးလား"

"ထားလိုက်ပါတော့"

ချူဟန် ခေါင်းညိတ်လိုက်ရာ ဝမ်ချိုက်၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ အပြုံးများ ပေါ်ထွက်လာသည်။ ထိုစဉ်မှာပင် ချူဟန် သည် နောက်ထပ် စကားတစ်ခွန်းကို ရုတ်တရက် ဆိုလိုက်သည်။

"အရေးပေါ် အခြေအနေအတွက် အရန်စားနပ်ရိက္ခာ အနေနဲ့တော့ ထားပေးလို့ ရပါသေးတယ်"

စားနပ်ရိက္ခာတဲ့လား။ အရေးပေါ် အရန်စားနပ်ရိက္ခာတဲ့လား။ ထိတ်လန့်တုန်လှုပ်ဖွယ်ပင်။

"ငါ့ကိုတောင် စားဖို့ ကြံနေတာလား။ ငါက မင်းရဲ့ ပြန်လည်စတင်ခြင်းစနစ် လေကွာ"

ဝမ်ချိုက်မှာ အလွန်တရာ အံ့အားသင့်သွားသည်။ တစ်ကိုယ်လုံးရှိ အမွေးများမှာ ထောင်မတ်သွားပြီး ပူတင်းငါးတစ်ကောင်ပမာ ဖောင်းကားလာတော့သည်။

ချူဟန် သည် မည်သို့မျှ ပြန်မဖြေဘဲ အေးစက်သော အကြည့်ဖြင့် တစ်ချက်မျှသာ လှမ်းကြည့်လိုက်သည်။

ဝမ်ချိုက် သည် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။ ငိုချင်လျက် လက်ရာမပေါ် ဖြစ်နေလေပြီ။ မိမိသည် မည်သို့သော မိစ္ဆာကောင်နောက်သို့ လိုက်ပါလာမိသနည်း။ အခြား လူသားများသာ မိမိနှင့် တွေ့ဆုံခဲ့လျှင် ရူးသွပ်မတတ် ဝမ်းသာလုံးဆို့နေမည် ဖြစ်ပြီး ဘိုးဘေးတစ်ဦးကဲ့သို့ပင် ကိုးကွယ်ပူဇော်ကြမည် ဖြစ်သည်။ သို့သော် ဤလူက ကန်ခြင်း၊ လွှင့်ပစ်ခြင်းများ ပြုလုပ်ရုံသာမက စားနပ်ရိက္ခာအဖြစ်ပါ သတ်မှတ်နေသေးသည်။

ထို့နောက် နေ့ရောညပါ နှစ်ရက်တိုင်တိုင် ကားမောင်းလာခဲ့ရသဖြင့် ချူဟန် သည် အလွန်တရာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ လမ်းမရှိသော မြက်ခင်းပြင်ကြီးပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ရခြင်းကြောင့်သာ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ တောရိုင်းတိရစ္ဆာန်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အရေးကို အမြဲတစေ သတိထား နေရသောကြောင့် ဖြစ်သည်။

ကမ္ဘာပျက်ကပ် စတင်ပြီးနောက် နှစ်လကြာမြင့်ချိန် ဤကမ္ဘာမြေပေါ်ရှိ တောရိုင်းတိရစ္ဆာန်များမှာ ချွင်းချက်မရှိ ရက်စက်လာကြသည်။ လက်ရှိ သူ ပိုင်ဆိုင်ထားသော အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ၏ အစွမ်းဖြင့် ယှဉ်ပြိုင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သေးပေ။

ထိုသို့ တွေးမိသောအခါ ချူဟန် သည် ကားရှေ့ခန်း ယာဉ်မောင်းဘေးခုံတွင် ဇိမ်ကျကျ အိပ်ပျော်နေသော ဝမ်ချိုက် အပေါ် အမုန်းတရားများ ပိုမို ကြီးထွားလာတော့သည်။ အကယ်၍သာ ရမှတ် ၅၀၀ ကျော်ကို ဤကောင် မျိုချမသွားခဲ့လျှင် သူသည် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ တစ်ဦး ဖြစ်နေမည်မှာ ကြာပြီဖြစ်သည်။

"ထစမ်း"

ချူဟန် သည် အော်ဟစ်လိုက်ပြီး ဝမ်ချိုက်၏ ခေါင်းကို သနားညှာတာမှု ကင်းမဲ့စွာဖြင့် ရိုက်ချလိုက်သည်။

"ဘာလဲ... ဘာဖြစ်တာလဲ။ ငလျင်လှုပ်တာလား။ ဆူနာမီလာတာလား"

ဝမ်ချိုက် သည် အရှိန်ဖြင့် ခုန်ထလိုက်ပြီး ပတ်ဝန်းကျင်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။ သို့သော် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြင့် ညည်းညူတော့သည်။

"ဟေ့... ချူဟန်၊ ငါဇိမ်ကျကျ အိပ်နေတာလေကွာ"

ကျွီ...

ချူဟန် သည် ဘရိတ်ကို ရုတ်တရက် နင်းချလိုက်သဖြင့် သတိလက်လွတ် ဖြစ်နေသော ဝမ်ချိုက်မှာ ကားရှေ့ဒက်ရှ်ဘုတ်နှင့် ပြင်းထန်စွာ ဆောင့်မိသွားပြီး သတိလစ်မတတ် ဖြစ်သွားတော့သည်။

"အား... နာလိုက်တာ။ မင်း လုပ်ရပ်က လွန်လွန်းနေပြီ"

ဝမ်ချိုက် သည် ပွစိပွစိဖြင့် အော်ဟစ်ဆဲဆိုတော့သည်။

သို့သော်လည်း ချူဟန် သည် ထိုအရာကို လျစ်လျူရှုလိုက်ပြီး ရှေ့တွင် ပိတ်ဆို့နေသော တောင်ကုန်းမြင့်ကြီးကို မော့ကြည့်ကာ ခေါင်းကိုက်သွားလေသည်။ ဤနေရာသည် မြက်ခင်းပြင်၏ အဆုံးသတ်နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖြောင့်တန်းစွာ ခရီးဆက်နိုင်ရန် ဤတောင်ကို ကျော်ဖြတ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ သို့သော် ထိုတောင်ပေါ်တွင် လမ်းဟူ၍ လုံးဝ မရှိသည့်အပြင် နေရာအနှံ့တွင် အတားအဆီးများ ပြန့်ကျဲနေသည်။

ဤ ဂျစ်ရန်ဂလာကားသည် မည်မျှပင် ကြံ့ခိုင်မာကျောစေကာမူ ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ ကမ္ဘာပျက်ကပ်၏ သက်ရောက်မှုကြောင့် အပင်များနှင့် သစ်ပင်ကြီးများမှာ ပိုမို ကြီးမားလာပြီး ခိုင်ခံ့မာကျောနေပြီ ဖြစ်သည်။

ဒီလိုဆိုရင် ကွေ့ပတ်သွားရမည်လား။ ချူဟန် မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်ပူပန်မှုများ လွှမ်းမိုးလာသည်။ ကွေ့ပတ်သွားရမည် ဆိုပါက အတော်လေး ခရီးပန်းမည် ဖြစ်သည်။

ထိုစဉ်မှာပင် ဝမ်ချိုက် သည် ကားပေါ်မှ ဆင်းလာပြီး ကောက်ကျစ်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"လမ်းဆုံးသွားပြီလား။ ကားကိုထားခဲ့ပြီး တောင်တက်တော့မလို့လား"

ချူဟန် သည် အသေမကြောက်သော ဤယုန်လေးကို မျက်စောင်းထိုး ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် စူးရှသော အလင်းရောင်များ ကိန်းအောင်းနေသည်။

"အိုဟို..."

ချူဟန်၏ ရင်ထဲတွင် လည်ပတ်နေသော အကြံအစည်များကို ဝမ်ချိုက် သတိမထားမိဘဲ လက်ချောင်းလေးများကို ရုတ်တရက် ချိုးကာ စတင် တွက်ချက်တော့သည်။

"အင်း... ဒီကားက အတော်လေး ကြီးတော့ အနည်းဆုံး ခပ်ကြီးကြီး အတိုင်းအတာတစ်ခုရှိတဲ့ နေရာလွတ် တစ်ခုတော့ လိုလိမ့်မယ်။ ၅၀ စတုရန်းမီတာ အကျယ်ရှိတဲ့ နေရာလွတ်ကို ရမှတ် ၅၀၀ နဲ့ရောင်းပေးမယ်။ ဘယ်လိုလဲ"

"ရောင်းမယ် ဟုတ်လား"

ချူဟန် မျက်ခုံးပင့်လိုက်သည်။

"ဟုတ်တယ်လေ"

အခြေအနေကောင်းသည်ဟု ထင်မှတ်သွားသဖြင့် ဝမ်ချိုက် သည် အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

"ဘယ်လိုလဲ။ တစ်ခုလောက် မလိုချင်ဘူးလား။ ဒါဆိုရင် မင်းရဲ့ ကားလေးကို သိမ်းဆည်းပြီး ပေါ့ပေါ့ပါးပါး တောင်တက်လို့ ရပြီလေ"

"မင်းက မူလကတည်းက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ စနစ်ပဲ မဟုတ်ဘူးလား။ မင်းအတွက် ရမှတ်တွေက ဘာအသုံးဝင်လို့လဲ"

ချူဟန် သည် ဘာမျှ မသိသကဲ့သို့ ဟန်ဆောင်ကာ မေးလိုက်သည်။

"စွမ်းအင်ပေါ့ကွ"

ချူဟန်၏ ရင်ထဲတွင် ပုန်းကွယ်နေသော မိစ္ဆာကို ဝမ်ချိုက် လုံးဝ သတိမထားမိဘဲ ဆက်လက် ရှင်းပြနေလေသည်။

" ချူဟန်ရဲ့ စိတ်ထဲက နတ်ဆိုးကြီးကို လုံးဝ သတိမထားမိတဲ့ ဝမ်ချိုက်က ဆက်ပြီး ရှင်းပြနေတော့သည်။

"မင်း အရင်က သတ်ခဲ့တဲ့ ဇွန်ဘီတွေနဲ့ အဆင့် (၂) ဇွန်ဘီတွေဆီက ရလာတဲ့ အမြူတေတွေကို ငါ့ရဲ့ မူလခန္ဓာကိုယ်ဖြစ်တဲ့ ပြန်လည်စတင်ခြင်းစနစ် ကနေတစ်ဆင့် စွမ်းအင်အဖြစ် ပြောင်းလဲပစ်လိုက်တာ။ ဒီစွမ်းအင်တွေက မင်းအတွက်ရော ငါ့အတွက်ပါ အကျိုးရှိစေတာမျိုးပေါ့ "

" ဒါပေမဲ့ ဒီအမှတ်စနစ် မှာ ကန့်သတ်ချက်တစ်ခု ရှိနေတယ်၊ အဲဒါက မူလပုံစံဖြစ်တဲ့ ငါပါ အဲဒီအမှတ်တွေကို ငါရော မင်းပါ ဒီအမှတ်တွေကို စိတ်တိုင်းကျ သုံးလို့မရတာပဲ။ ဒါပေမဲ့ မင်းက ငါ့ဆီကနေ တစ်ခုခု လဲလှယ်လိုက်ရင်တော့ ခန္ဓာကိုယ်အစွမ်းနဲ့ ပါရမီကလွဲလို့ တခြားအရာ တစ်ခုခုကို လဲလှယ်မယ်ဆိုရင်... ဥပမာ - ငါထိန်းချုပ်နိုင်တဲ့ သိုလှောင်ခန်း လိုမျိုးအရာတွေပေါ့... အဲဒီလို လဲလှယ်လိုက်ရင် ဒါက ငါရရှိတဲ့ အမှတ်တွေအဖြစ် သတ်မှတ်ခံရလိမ့်မယ်... အဲဒီအမှတ်တွေက နောက်တစ်ကြိမ်မှာ ငါ့ကို ပိုပြီးပြည့်ပြည့်စုံစုံ အဆင့်မြှင့်တင် လုပ်နိုင်ဖို ကူညီပေးနိုင်လိမ့်မယ်"

"သြော်... ဒီလိုကိုး"

ချူဟန် သည် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။

"ရမှတ် ၅၀၀ နဲ့ စတုရန်းမီတာ ၅၀ အကျယ်ရှိတဲ့ နေရာလွတ်ကို လဲလှယ်လို့ရတယ်ဆိုရင် အတော်လေး တန်တာပဲ"

"ဟုတ်တယ်လေ။ ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်ခံလို့ မဖြစ်ဘူးနော်။ ကဲ... မြန်မြန် တစ်ခုလောက် ဝယ်လိုက်ပါတော့"

ဝမ်ချိုက် အလျင်အမြန် သွေးဆောင်တော့သည်။

သို့သော် မျှော်လင့်ချက် အပြည့်ဖြင့် ချူဟန်ကို မော့ကြည့်လိုက်သော အခိုက်အတန့်တွင် ဝမ်ချိုက် သည် မထင်မှတ်ထားသော အရာတစ်ခုကို မြင်လိုက်ရသည်။ ချူဟန်၏ မျက်နှာပေါ်တွင် အလွန်တရာ ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လွင်နေသည်။ သို့သော် ထိုအပြုံးမှာ တစ်နေရာရာတွင် ရူးသွပ်မှုများ ရောယှက်နေသယောင် ရှိပေသည်။

"ဘာ... ဘာလို့ အဲဒီလောက် ကြောက်စရာကောင်းအောင် ပြုံးနေရတာလဲ"

ဝမ်ချိုက်မှာ မရည်ရွယ်ဘဲ နောက်သို့ ဆုတ်သွားပြီး မြေပြင်ပေါ်တွင် တွဲကျနေသော ကြီးမားသည့် နားရွက်ကြီး နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

"ခုနက နေရာလွတ်ဆိုတာ မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ပြောလိုက်တယ် မဟုတ်လား" ချူဟန်၏ အပြုံးများမှာ ပို၍ တောက်ပလာတော့သည်။

"အာ..."

ဝမ်ချိုက် သည် နောက်ဆုံးတွင် အခြေအနေကို နားလည်သဘောပေါက်သွားတော့သည်။

သို့သော် ထိုအော်ဟစ်သံ မထွက်ပေါ်လာမီမှာပင် ဝမ်ချိုက်၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြှောက်တက်သွားလေပြီ။

ချူဟန် သည် လက်တစ်ဖက်ဖြင့် ဝမ်ချိုက်၏ နားရွက်ကို ဆွဲကိုင်ထားပြီး အခြား လက်တစ်ဖက်တွင် အေးစက်သော အလင်းရောင်များ ဖြာထွက်နေသည့် ရှူရာပုဆိန် ကို ဆုပ်ကိုင်ကာ ဝမ်ချိုက်၏ လည်ပင်းပေါ်သို့ တိကျစွာ တင်ထားလိုက်သည်။

"မင်း ငါ့ကို အမှတ် ၅၀၀ အကြွေးဆပ်ဖို့ ကျန်သေးတယ်လေ"

ချူဟန်၏ အပြုံးများမှာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာတော့သည်။

"အမှတ်တွေ ပြန်မဆပ်နိုင်ဘူးဆိုရင်လည်း သိုလှောင်ခန်းနဲ့ပဲ အကြွေးဆပ်ခိုင်းရမှာပေါ့"

All Chapters