← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း (၂၁၀) - ငါတို့က အတူတူပဲ

ကျီယန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် လူတစ်ယောက်ကို လှမ်းခေါ်လိုက်၏။

"ရှောင်လင်ကို သွားရှာပြီး စွမ်းအင်တွေ ပြန်ဖြည့်ပေးနိုင်တဲ့ သစ်သီးတွေ ငါတို့ဆီ ပို့ပေးဖို့ ပြောပေးပါ..."

ထိုလူက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏အမြန်နှုန်းစွမ်းအားကို အသုံးပြုကာ ဗီလာအိမ်ရာရှိရာဘက်သို့ အမြန်ဆုံး ပြေးထွက်သွားလေသည်။

မကြာမီအချိန်အတွင်းမှာပင် သူသည် ဗီလာတစ်ခု၏ တံခါးကို ခေါက်လိုက်၏။ တံခါးဖွင့်ပေးမည့်သူကို စောင့်ဆိုင်းနေစဉ်အတွင်း မိုးခြိမ်းသံ အုန်းအုန်းဒိုင်းဒိုင်းကို ရံဖန်ရံခါ ကြားနေရသည်။

မကြာမီ တံခါးပွင့်သွားပြီး သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထိုလူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ကျူးလင်ကို မတွေ့သဖြင့် မေးလိုက်လေသည်။

"ညီလေး... မိန်းကလေးကျူး အိမ်မှာ ရှိလား..."

ကောင်လေးက ခေါင်းညိတ်ပြပြီး ဗီလာထဲသို့ ပြန်ပြေးဝင်သွား၏။ နှစ်မိနစ်ခန့်အကြာတွင် ကောင်လေးသည် ကျူးလင်၏ လက်ညှိုးကို ဆွဲကိုင်ကာ ပြန်ထွက်လာသည်။ ထိုလူသည် ကျူးလင်ကို မြင်လိုက်ရသဖြင့် အလောတကြီး ပြောလိုက်လေသည်။

"မိန်းကလေးကျူး... အစ်ကိုကျီက ဇုန်၅ရဲ့ မြောက်ဘက်ပိုင်းကို စွမ်းအင်ဖြည့်သစ်သီးတွေ အမြန်ဆုံး လာပို့ပေးဖို့ အကူအညီတောင်းနေပါတယ်..."

ထိုလူ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ပြီး အခြေအနေမကောင်းမှန်း ကျူးလင် ရိပ်မိလိုက်သည်။ သူမက ကောင်လေးကို ကြည့်ကာ ပြောလိုက်၏။

"အစ်မ အပြင်ကို ခဏသွားလိုက်ဦးမယ်... အစ်မ မရှိတဲ့အချိန်ကျရင် မောင်လေးရဲ့ အစ်ကိုတွေ အစ်မတွေကို ဟိုအစ်ကိုကြီးတွေ အစ်မကြီးတွေကို သေချာစောင့်ကြည့်ထားဖို့ ပြောလိုက်နော်..."

ကောင်လေးက ခေါင်းညိတ်ပြပြီး သူမ၏ လက်ညှိုးကို လွှတ်ပေးလိုက်သည်။ ကျူးလင်သည် ကောင်လေး၏ခေါင်းကို သာသာလေး ပုတ်ပေးလိုက်ပြီးနောက် ထိုလူကို ကြည့်ကာ ပြောလိုက်၏။

"သွားကြစို့..."

ကျူးလင်သည် 'လထောင်ချီခြေလှမ်း' ကျင့်စဉ်ကို အသုံးပြုကာ ထိုလူနှင့်အတူ မြောက်ဘက်ဆီသို့ အပြေးနှင်လိုက်လေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ယောက်လုံး ကျီယန်၏ အနီးအနားသို့ ဆင်းသက်လိုက်ကြ၏။

ကျီယန်သည် သူမ ရောက်ရှိလာသည်ကို မြင်သောအခါ မေးလိုက်သည်။

"ရှောင်လင်... စွမ်းအင်တွေ ပြန်ဖြည့်ပေးနိုင်တဲ့ သစ်သီးအသေးလေးတွေ မင်းဆီမှာ ရှိသေးလား..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ ဝိညာဉ်နန်းတော်ထဲသို့ အာရုံပြုကာ မေးလိုက်၏။

'ထူထူ... ငါတို့ဆီမှာ စွမ်းအင်သစ်သီးတွေ ဘယ်လောက်ရှိသေးလဲ...'

ထူထူက သူမ၏ မေးခွန်းကို ကြားသောအခါ ခဏမျှ စဉ်းစားပြီး ပြန်ပြောလိုက်၏။

'ကျွန်တော် စွမ်းအင်သစ်သီး နောက်တစ်သုတ်ကို အခုတင် ရိတ်သိမ်းထားတာ... အရေအတွက်က အရမ်းများတယ်...”

“သခင်မ စားချင်လို့လား... မနေ့ကလည်း ကျွန်တော် စွမ်းအင်သစ်သီး ချဉ်ဖတ်တချို့ လုပ်ထားသေးတယ်... နောက်ရက်အနည်းငယ်ဆို စားလို့ရပြီ...'

ထူထူ၏ စကားကို ကြားပြီးနောက် ကျူးလင်က ပြန်ပြောလိုက်သည်။

'ကျီယန်နဲ့ တခြားလူတွေ လိုအပ်နေလို့ပါ... အခု ငါ့ကို အနည်းဆုံး သေတ္တာနည်းနည်းလောက် ပေးပါ... ပြီးတော့ နောက်ပိုင်း လိုအပ်လာနိုင်လို့ စွမ်းအင်သီးတွေ ပိုပြီး ရိတ်သိမ်းပေးထားပါဦး...'

အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေသည်ကို ထူထူ မသိသဖြင့် ခေါင်းညိတ်ကာ ပြန်ပြောလိုက်ရုံသာ တတ်နိုင်တော့၏။

'ဟုတ်ကဲ့ပါ... သခင်မ...'

ထူထူနှင့် စကားပြောပြီးနောက် ကျူးလင်သည် သူမ၏ ဝိညာဉ်နန်းတော်ထဲမှ စွမ်းအင်သစ်သီး သေတ္တာအချို့ကို ထုတ်ယူလိုက်သည်။

မြေပြင်ပေါ်တွင် သစ်သားသေတ္တာများ ပေါ်လာသောအခါ ကျီယန်၏ မျက်လုံးများ တောက်ပသွားလေ၏။ သူသည် သစ်သားသေတ္တာတစ်လုံးကို အမြန်ဖွင့်လိုက်ပြီး ဘယ်ရီသီးနှင့်တူသည့် အစိမ်းရောင် သစ်သီးလေးတစ်လုံးကို ထုတ်ယူကာ စားလိုက်သည်။

သစ်သီးကို ကိုက်လိုက်သည့် မိနစ်ပိုင်းအတွင်းမှာပင် သူ၏ မောပန်းနွမ်းနယ်နေသော မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာတော့သည်။ သူသည် ထိုလူ့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။

"စွမ်းအင်တွေ ကုန်ခမ်းနေတဲ့ လူတွေကို ဒီသစ်သီးတွေ သွားဝေပေးလိုက်ပါ... တစ်ယောက်ကို နှစ်လုံးပဲ ရမယ်... မှတ်ထားဦး... အများကြီးစားရင် အသက်အန္တရာယ်ရှိတယ်..."

ထိုစွမ်းအားရှင်သည် ခေါင်းညိတ်ပြလိုက်ပြီး လှုပ်ရှားနိုင်သေးသည့် လူများကို ခေါ်ကာ သစ်သီးများကို လိုက်လံဝေငှလိုက်တော့သည်။

စွမ်းအင်သီးများ၏ အကူအညီကြောင့် လူတိုင်း စွမ်းအင်များ ပြန်လည်ရရှိလာကြပြီး ဆက်လက် တိုက်ခိုက်ကြလေ၏။ အခြေအနေများ ပြန်လည်ကောင်းမွန်လာပြီး တံတိုင်းပေါ်ရှိ ဖိအားများစွာ လျော့ပါးသွားသည်ကို မြင်သောအခါ ကျီယန်သည် သက်ပြင်းချနိုင်တော့သည်။

ကျူးလင်သည် သူ၏ မောပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်၏။

"ရှို့ဝူနဲ့ ထန်ဝေ့တို့ ရော..."

ကျီယန်က တံတိုင်းအပြင်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

"သူတို့နှစ်ယောက်က ဖုတ်ကောင်ခေါင်းဆောင်ကို သွားရှာကြတာ... အခုဆို နှစ်နာရီကျော်သွားပြီ... ပြန်မလာကြသေးဘူး..."

သူ၏စကားကို ကြားပြီးနောက် ကျူးလင်က ခဏမျှ စဉ်းစားကာ ပြောလိုက်၏။

"ဒီဖုတ်ကောင်တွေ ငါတို့ကို ဝိုင်းထားတာ ခုနစ်နာရီကျော်နေပြီ... တကယ်လို့ ခေါင်းဆောင်တစ်ယောက်သာ ရှိနေရင် ဒီလောက်ကြာတဲ့အထိ ဖုတ်ကောင်တွေက အနည်းဆုံးတော့ အစီအစဉ်ကြီးကြီးမားမားတစ်ခုကို လုပ်မှာပဲ..."

သူမ၏ စကားကို ကြားသောအခါမှ ကျီယန်သည်လည်း ထိုအဆင့်နိမ့်ဖုတ်ကောင်များနှင့် မျိုးဗီဇပြောင်းလဲထားသော သတ္တဝါများမှာ ဝိုင်းရံထားပြီး စည်းကမ်းမဲ့ တိုက်ခိုက်နေခြင်းမှတစ်ပါး အခြား မည်သည့် အစီအစဉ်ကြီးကိုမျှ မပြုလုပ်ကြောင်း သတိထားမိသွားသည်။ သူသည် တံတိုင်းအပြင်ဘက်ရှိ ဖုတ်ကောင်များကို ကြည့်ကာ မေးလိုက်၏။

"တကယ်လို့ သူတို့မှာ ခေါင်းဆောင်မရှိဘူးဆိုရင် ဘာလို့ ငါတို့ကို အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး လာတိုက်ခိုက်ကြတာလဲ..."

ကျူးလင်သည် ဤကိစ္စကို တွေးတောကာ ပြောလိုက်လေသည်။

"ဖြစ်နိုင်တာကတော့... ကျွန်မ အစီအရင်အတားအဆီးကိုဖွင့်ပြီး သခင်လေးလေ့နဲ့ အခြား အဆင့်မြင့်ဖုတ်ကောင်တွေကို အထဲပေးဝင်လိုက်လို့ ဖြစ်လိမ့်မယ်..."

ထိုနှစ်ခုကြား ဆက်စပ်မှုကို နားမလည်နိုင်သဖြင့် ကျီယန်က သံသယစိတ်ဖြင့် မေးလိုက်၏။

"အတားအဆီးကို ဖွင့်တာနဲ့ ဒီဖုတ်ကောင်တွေ ငါတို့ကို ဝိုင်းထားတာနဲ့ ဘာဆိုင်လို့လဲ..."

ကျူးလင်သည် တံတိုင်းအပြင်ဘက်ရှိ ဖုတ်ကောင်များကို ကြည့်ကာ ရှင်းပြလိုက်၏။

"ကျွန်မ အတားအဆီးကို ဖွင့်လိုက်တဲ့အချိန်မှာ နတ်ဘုရားစွမ်းအင်တချို့ ယိုစိမ့်ထွက်သွားခဲ့တယ်…”

“အဲဒါကြောင့်မို့လို့ ဖုတ်ကောင်တွေနဲ့ မျိုးဗီဇပြောင်းသတ္တဝါတွေက နတ်ဘုရားစွမ်းအင်နောက်ကို ဆွဲဆောင်ခံရပြီး ဒီကို ရောက်လာကြတာပဲ... ပြီးတော့ အခုလည်း သူတို့က သူတို့ရဲ့ အပေါင်းအဖော်တွေကို ဆက်ပြီး လှမ်းခေါ်နေကြတုန်းပဲ..."

သူမ၏ စကားကို ကြားသောအခါ ကျီယန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"အဲဒီဖုတ်ကောင်တွေက အခုထိ တခြားဖုတ်ကောင်တွေကို ခေါ်နေတုန်းပဲလား..."

ကျူးလင်က သူ့ကို အဖြေအဖြစ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖုတ်ကောင်များဘက်သို့ လှည့်ကြည့်လိုက်၏။

"ဝူး... ဝူး... မြန်မြန်လာကြ... ဒီမှာ အရသာရှိတဲ့ အစားအစာတွေ ရှိတယ်..."

"ဟူး... ဟူး... အရမ်းမွှေးတာပဲ... အရမ်းမွှေးတာပဲ..."

ကျီယန်သည် မျက်တောင်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"အံ့ဩစရာမရှိတော့ပါဘူး... တစ်ခုခုက ဆွဲဆောင်နေသလိုမျိုး ဖုတ်ကောင်တွေ ဘာလို့ မပြတ်တမ်း ရောက်လာနေတာလဲဆိုတာ... သူတို့ကို တခြားဖုတ်ကောင်တွေက လှမ်းခေါ်နေကြတာကိုး..."

တစ်ချိန်တည်းမှာပင် ဗီလာအတွင်း၌ ချန်ယွီသည် လေ့ဟော်ကျန့်ကို စိုက်ကြည့်နေသည်။ အိပ်ပျော်နေသော ရုပ်ချောဖုတ်ကောင်ကြီးကို ကြည့်ရင်း ကောင်လေးလေးသည် ဖုတ်ကောင်မလေးဘက်သို့ လှည့်ကာ မေးလိုက်၏။

"မမ... ဒီအစ်ကိုကြီးက ဘယ်တော့ နိုးလာမှာလဲ..."

ဖုတ်ကောင်မလေးက ချန်ယွီကို ကြည့်ပြီး မေးလိုက်သည်။

"ဟိုး... ဟိုး... မောင်လေးက ဒီရုပ်ချောတဲ့ အစ်ကိုကြီးနဲ့ ဆော့ချင်လို့လား..."

ချန်ယွီက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။

"ဟုတ်တယ်... အစ်ကိုယုံချီ ပြောတာတော့ အဲဒီအစ်ကိုကြီးတွေ အစ်မကြီးတွေက မမကျူးလင်နဲ့ အတူတူပဲတဲ့..."

ဖုတ်ကောင်မလေးက လေ့ဟော်ကျန့်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ဟူး... ဟူး... ဟုတ်တယ်... ငါတို့က အတူတူပဲ..."

All Chapters