← Chapters

အခန်း ၉၆၁

Vol. 92 Ch. 961

အခန်း ၉၆၁

Vol. 92 Ch. 961

အခန်း (၉၆၁) - လှပကျော့ရှင်းသော တာအိုလက်တွဲဖော်၊ သတ္တမအဆင့် ရွှေအလင်းအဆိပ်တစ်ထောင်ကူ၊ ဖီးနစ်အင်မော်တယ်စံအိမ်တော် ပေါ်ထွက်လာခြင်း (၁)

"အိပ်မက် မမက်စမ်းပါနဲ့... ယောက်ျားက အဲ့ဒီမိန်းမကို ယူမယ်လို့တောင် တွေးနေသေးတာလား..."

"သူမက တော်တော်လေး မာနကြီးပြီး တာအိုလမ်းစဉ်ကိုပဲ စိတ်နှစ်ထားတာ... ဘယ်လိုလုပ် အမျိုးသားတွေကို သဘောကျမှာလဲ..."

"ဒီလိုကိစ္စမျိုးကို တွေးတောင် မတွေးစမ်းပါနဲ့..."

"ပြီးတော့ အခုချိန်မှာ သူမ ဘယ်နေရာကို ရောက်နေမှန်းတောင် မသိရတာဆိုတော့ သူမကို ရှာတွေ့ဖို့တောင် ခက်ခဲတဲ့ကိစ္စပဲ..."

ထောင်ချီလီက မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

ဖုန်းရှီး၏ စရိုက်လက္ခဏာကို သူမ အတော်လေး ရှင်းရှင်းလင်းလင်း သိထားသည်။ သူမသည် အမျိုးသားတစ်ဦးရှာဖွေရန် လိုအပ်နေသည့် အမျိုးသမီးကျင့်ကြံသူမျိုးနှင့် မတူညီချေ။

နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင် သူမသည် အမျိုးသားများနှင့် ပတ်သက်၍ အမြဲတမ်း အေးတိအေးစက်နေတတ်သူ ဖြစ်၏။

စရိုက်လက္ခဏာအရ ဆိုရလျှင် သူမသည် အမျိုးသားတစ်ဦးနှင့် များစွာကွာခြားမှု မရှိတော့ပေ။

"ဟုတ်သား... အစ်မဖုန်းရှီးက အခုချိန်ထိ ဒဏ်ရာရထားတုန်းပဲလေ... အရင်ကလည်း အခွင့်အရေးတစ်ခု ရှာဖို့ အပြင်ထွက်သွားခဲ့တာ..."

"ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."

ပိုင်စုကျဲ့က ခေါင်းညိမ့်လိုက်သည်။

သူမသည် ဖုန်းရှီးတာအိုအရှင်၏ ဘေးကင်းလုံခြုံမှုအတွက် အလွန်စိုးရိမ်နေဆဲ ဖြစ်လေသည်။

သို့သော် တစ်ဖက်လူမှာ ခန္ဓာပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ရာ တစ်ဖက်လူ၏ သွားလာလှုပ်ရှားမှုများကို သူမတို့ သိရှိရန် နည်းလမ်းမရှိချေ။

တစ်ဖက်လူ ဘေးကင်းရန်အတွက်သာ ဆုတောင်းပေးနိုင်တော့သည်။

... ... ...

အနှစ် (၂၀) ကြာပြီးနောက်။

အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ဖုန်းရှီးကျွန်းတွင်လည်း မျက်တောင်တစ်ခတ်အတွင်း အနှစ် (၂၀) ကုန်လွန်သွားခဲ့လေပြီ။

ကျိုးစွေ့က စစ်ယွီရှီးအား လက်ထပ်လိုက်ခြင်းက ဖုန်းရှီးကျွန်းတွင် ဂယက်အချို့ ရိုက်ခတ်သွားစေခဲ့သော်လည်း ဤမျှသာဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အရင်ကတည်းက သူသည် ပိုင်စုကျဲ့၊ ထောင်ချီလီနှင့် ဟွားစစ်ချင် ဟူသော အလှလေး ၃ ဦးကို လက်ထပ်ထားခဲ့ပြီးဖြစ်ရာ နောက်ထပ်တစ်ဦး ထပ်ယူလိုက်လျှင်ပင် ဤမျှသာဖြစ်ပြီး မည်သို့မှ အရေးမကြီးလှပေ။ အားလုံးမှာ စောစောစီးစီးကတည်းက ကျင့်သားရနေခဲ့ကြပြီ မဟုတ်ပါလော။

ဖုန်းရှီးကျွန်းပေါ်ရှိ ကြီးမားသော လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုကြီးများကပင် သူတို့၏သမီးများကို ကျိုးမိသားစုထဲ ထည့်သွင်းကာ ကျိုးစွေ့နှင့် ဆွေမျိုးစပ်ချင်နေကြသေးသည်။

နှမြောစရာကောင်းသည်မှာ ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကမျှ အောင်မြင်ခြင်း မရှိသေးပေ။

ဤအမျိုးသမီးများအားလုံးသည် ကျိုးစွေ့၏ မျက်လုံးထဲသို့ မဝင်နိုင်ခဲ့ကြောင်း သိသာလှပေသည်။

ယခုလက်ရှိ ကျိုးစွေ့သည် တာအိုလက်တွဲဖော် ရွေးချယ်ရာတွင် အလွန်သတိထားနေခဲ့လေပြီ။

အကယ်၍သာ လုံလောက်စွာ ထူးချွန်ပြောင်မြောက်မှု မရှိခဲ့ပါက တစ်ဖက်လူကို လက်ထပ်နိုင်မည်မဟုတ်ဘဲ ပတ်သက်ခွင့်ရရန် အခွင့်အရေးပင် ရှိလာမည်မဟုတ်ပေ။

မှန်ပေသည်၊ ဖုန်းရှီးကျွန်း၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း အလွန်တည်ငြိမ်နေခဲ့၏။

အိပ်မက်ကမ္ဘာ ပေါ်ပေါက်လာမှုကြောင့် လူသားမျိုးနွယ် ကျင့်ကြံသူများ၏ စွမ်းအားမှာလည်း အဆမတန် တိုးတက်လာခဲ့လေသည်။

ထို့အပြင် ယခင်က သူသည် ကောင်းကင်မိစ္ဆာမျိုးနွယ် ကျင့်ကြံသူ အမြောက်အများကို သတ်ဖြတ်ခဲ့သောကြောင့် ငရဲမိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများကိုပါ ထိတ်လန့်သွားစေခဲ့သည်။

ထို့ကြောင့် ဤကာလအတွင်း မည်သည့် ငရဲမိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူကမှ မြူခိုးပင်လယ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ရဲခြင်း မရှိတော့ချေ။

မည်သို့ပင်ဆိုစေ သူတို့သည်လည်း လူမိုက်များ မဟုတ်ကြရာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများကိုပင် သေဆုံးစေနိုင်လောက်သည့် နေရာမျိုးသို့ ဖြစ်သလို ဝင်ရောက်လာမည် မဟုတ်ပေ။

ဤအချိန် ဤအခိုက်အတန့်၌ အမှတ် (၈၈) တာအိုကျောင်းတော်ရှိ ဂူအိမ်တော်တစ်ခုအတွင်းတွင် ဖြစ်လေသည်။

ကျိုးစွေ့သည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ ကူနတ်ဘုရားကျမ်းကို လည်ပတ်နေ၏။

ပတ်ဝန်းကျင်မှ ဒြပ်ရှိအဖြစ် ခဲဝင်လာသော ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများမှာ လှိုင်းလုံးကြီးများအလား တိုးဝင်လာပြီး သူ၏ ဒန်တျန်းချီပင်လယ်အတွင်းသို့ နစ်ဝင်သွားကာ ဝိညာဉ်ချီရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာပုံရ၏။ ဂူအိမ်တော်၏ အထက်လေဟာပြင်တွင် ဝိညာဉ်ချီမိုးများ ရွာသွန်းနေပြီး အလွန်တရာ အံ့မခန်း ဖြစ်နေပုံပေါ်သည်။

ဝီ... ဝီ... ဝီ...

ရွှေရောင် ကူပိုးကောင်တစ်ကောင်သည် လေထဲတွင် ဝဲပျံနေပြီး တောင်ပံများကို ခတ်ကာ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေ၏။

၎င်းမှာ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ပင် ဖြစ်လေသည်။

အနှစ်နှစ်ဆယ်ကြာ ကျင့်ကြံပြီးနောက် သတ္တမအဆင့် အဆိပ်နှစ်မျိုးကိုပါ ဝါးမြိုထားခဲ့ရာ ၎င်းကိုယ်တွင်းရှိ အဆိပ်ပြင်းအားမှာ အကြီးအကျယ် တိုးတက်လာခဲ့သည်။

ထို့ကြောင့် ဤအချိန်တွင် ၎င်းသည် ကိုယ်တွင်းကန့်သတ်ချက်ကို နောက်ဆုံး၌ ဖောက်ထွက်သွားခဲ့ချေပြီ။

ဝုန်း...

ချက်ချင်းပင် ပုံသဏ္ဌာန်မဲ့သော လှိုင်းဂယက်တစ်ခုက ၎င်းကိုယ်ပေါ်မှ ဖြာထွက်လာပြီး လေဟာနယ်လှိုင်းဂယက်များကို ဖြစ်ပေါ်စေကာ အနက်ရှိုင်းဆုံးသော အနေအထားသို့ ရောက်ရှိသွား၏။

အဆုံးမဲ့သော အဆိပ်ငွေ့များသည် ၎င်း၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်လာပြီး အဆုံးအစမဲ့သော အဆိပ်မြူများကို ဖြစ်တည်စေသည်။

သာမန်ကျင့်ကြံသူများ အနားကပ်လာပါက အနည်းငယ်မျှ ရှူရှိုက်မိရုံဖြင့် အဆိပ်တက်ကာ သေဆုံးသွားပေလိမ့်မည်။

ဤသည်ကပင် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ ကြောက်မက်ဖွယ်ကောင်းမှု ဖြစ်၏။

သတ္တမအဆင့် အောက်ခြေအဆင့်။

မျက်တောင်တစ်ခတ်အတွင်း ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားကာ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ ကိုယ်တွင်းမှ ပြင်းထန်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်ကို အာရုံခံလိုက်မိပြီး ကိုယ်တွင်းရှိ အတားအဆီးများကို ဖောက်ထွက်ကာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းသွားပုံရလေသည်။

၎င်း၏ ကိုယ်ပေါ်တွင် ထူထပ်လှသော ရွှေရောင်နှင့် အနက်ရောင် မျဉ်းကြောင်းများ ပေါ်လာသည်ကို မြင်လိုက်ရပြီး မှိုင်းညို့သော ရွှေရောင်အဖြစ် ပြောင်းလဲသွားချေသည်။ အလွန်တရာ မွန်မြတ်သန့်စင်နေပြီး အဆိပ်တစ်ထောင်ဘုရင်အလား ကိုယ်ပေါ်၌ အဆုံးမဲ့သော အဆိပ်များ စုစည်းနေသည်ကို တွေ့လိုက်ရသည်။

သွားလေရာ နေရာတိုင်းတွင် အရာခပ်သိမ်းကို ညှိုးနွမ်းစေပြီး အရာအားလုံးကို မျိုးတုံးပျောက်ကွယ်သွားစေနိုင်လောက်ပေသည်။

ရွှစ်...

ချက်ချင်းပင် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ ကိုယ်လုံးလေးမှာ လက်ခနဲဖြစ်သွားပြီး လေဟာနယ်ထဲသို့ ပျော်ဝင်သွားပုံရကာ လွတ်မြောက်ခြင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လေထဲတွင် အဆက်မပြတ် တောက်ပနေကာ ၎င်း၏ပုံရိပ်ကို လုံးဝ မမြင်ရတော့ချေ။

ထိုကဲ့သို့သော အမြန်နှုန်းမှာ ချက်ချင်းနေရာရွှေ့ပြောင်းခြင်းပင် ဖြစ်လေသည်။

ထို့အပြင် ၎င်း ရွေ့လျားသွားသောအခါ အားနည်းလှသည့် လေဟာနယ် လှိုင်းဂယက်လေးများသာ ပေါ်ထွက်လာခဲ့၏။

အကယ်၍သာ လုံလောက်သော အာရုံခံနိုင်စွမ်း မရှိပါက ၎င်း၏ တည်ရှိမှုကို လုံးဝ သတိထားမိနိုင်မည် မဟုတ်ပေ။

'ဒါက သတ္တမအဆင့် ရွှေအလင်းအဆိပ်တစ်ထောင်ကူပဲလား...'

ကျိုးစွေ့က မျက်လုံးများကို မှေးလိုက်သည်။

သတ္တမအဆင့် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ စွမ်းပကားကို သူ အာရုံခံမိသည်။ ပထမဆုံး အကြီးမားဆုံးသော အပြောင်းအလဲမှာ သေချာပေါက် အမြန်နှုန်းပင် ဖြစ်ပြီး ယခုအခါ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ သည် ချက်ချင်း နေရာရွှေ့ပြောင်းနိုင်နေပြီ ဖြစ်၏။

ထို့အပြင် ခဏအကြာမှာပင် လီတစ်ထောင်အထိ နေရာရွှေ့ပြောင်းနိုင်ကာ အမြန်နှုန်းမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှပေသည်။

၎င်းကို ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ဟု အဘယ်ကြောင့် ခေါ်ဆိုနိုင်သနည်းဆိုလျှင် ၎င်း၏ အမြန်နှုန်းကြောင့်ပင် ဖြစ်လေသည်။

မည်မျှပင် အစွမ်းထက်သော အဆိပ်ဖြစ်စေကာမူ ရန်သူကို မထိမှန်နိုင်ပါက အမှန်စင်စစ်အားဖြင့် မည်သည့်အဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။

သို့ရာတွင် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ မှာမူ မတူညီပေ။ အဆုံးစွန်သော အမြန်နှုန်းက ၎င်းအတွက် အဆုံးစွန်သော သတ်ဖြတ်နိုင်စွမ်းကို ယူဆောင်လာပေးသည်။

ရန်သူအနေဖြင့် မည်မျှပင် ရှောင်တိမ်းသည်ဖြစ်စေ အသုံးဝင်မည် မဟုတ်ချေ။ ရွှေရောင်အလင်း လက်ခနဲဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ရန်သူ၏အရှေ့သို့ ရောက်ရှိသွားနိုင်ပေသည်။

ဤသို့ဆိုလျှင် ရန်သူမှာ ၎င်းကိုယ်ပေါ်ရှိ အဆိပ်မိသွားမည်မှာ သေချာပေါက်ပင် ဖြစ်လေသည်။

ဒုတိယ အကြီးမားဆုံး အပြောင်းအလဲမှာ သေချာပေါက် ၎င်းကိုယ်ပေါ်ရှိ အဆိပ်ဖြစ်ပြီး သတ္တမအဆင့် အဆိပ်များကို ထည့်သွင်းနိုင်နေပြီ ဖြစ်၏။

သို့သော် လောလောဆယ်တွင်မူ ၎င်းသည် အဆိပ်နှစ်မျိုးကိုသာ ရရှိထားသေးသည်။

တစ်မျိုးမှာ နှစ်တစ်သောင်းမူးသစ်ခွ ဖြစ်သည်။ ရန်သူက ရှူရှိုက်မိသွားပြီးနောက် နှစ်တစ်သောင်းတိုင်တိုင် မူးယစ်နေပြီး သတိပြန်မလည်လာနိုင်တော့ဘဲ မည်သည့် ဆေးဝါးဖြင့်မျှ ကုသ၍ ရနိုင်မည်မဟုတ်ချေ။

ဒုတိယတစ်မျိုးမှာ ကောင်းကင်မီးလောင်ကျွမ်းခြင်း ဖြစ်၏။ ရန်သူသည် ဤအဆိပ်ကို မိသွားသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းခံရကာ ပြာကျသေဆုံးသွားမည် ဖြစ်သည်။ ထို့အပြင် အချိန်တိုအတွင်း မီးလောင်သေဆုံးသွားမည်ဖြစ်ရာ ကုသရန် လုံးဝ အချိန်မီမည် မဟုတ်ပေ။

ဤသည်ကပင် သတ္တမအဆင့်အဆိပ်၏ ကြောက်မက်ဖွယ်ကောင်းမှု ဖြစ်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများပင် ကြောက်ရွံ့တုန်လှုပ်ရလေသည်။

သတ္တမအဆင့်အဆိပ်ကို အားကိုး၍ အဆင့်ကျော်ကာ စိန်ခေါ်နိုင်စွမ်းပင် ရှိသေးသည်။

'’ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ အနေနဲ့ ကိုယ်တွင်းက အဆိပ်ကို မြှင့်တင်ချင်တယ်ဆိုရင်တော့ အဆိပ်ပြင်း အမြောက်အများကို ဝါးမြိုဖို့ လိုအပ်ဦးမှာပဲ...'

'ဝါးမြိုလိုက်တဲ့ အဆိပ်များလေလေ သူ့ကိုယ်ပေါ်က အဆိပ်တွေက ပိုပြီး ကြောက်စရာကောင်းလာလေလေပဲ...'

'ဒါမှသာ တကယ့် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ အစစ်အမှန် ဖြစ်လာပြီး မရေမတွက်နိုင်တဲ့ သက်ရှိတွေ ကြားရုံနဲ့တင် ကြောက်လန့်တုန်လှုပ်သွားစေမယ့် အဆိပ်တစ်ထောင်ဘုရင် ဖြစ်လာနိုင်လိမ့်မယ်...'

ကျိုးစွေ့က လက်သီးကို ဆုပ်လိုက်သည်။

မှန်ပေသည်၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ သည် ကြီးထွားနိုင်သော အမျိုးအစား ကောင်းကင်နှင့်မြေကြီး၏ ကူပိုးကောင်တစ်ကောင်ဖြစ်ပြီး လျင်မြန်စွာ ကြီးထွားလာစေရန်အတွက် လောကရှိ အဆိပ်တစ်ထောင်ကို ဝါးမြိုရန် လိုအပ်သည်။ အကယ်၍ လိုက်ဖက်သော အဆိပ်များကို မဝါးမြိုရပါက ၎င်း၏စွမ်းပကားမှာ သာမန်မျှသာ ဖြစ်နေမည်ပင်။

သို့ရာတွင် သတ္တမအဆင့် အဆိပ်နှစ်မျိုးကို ရရှိထားသော ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ဖြစ်လေသည်။

သာမန် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ၎င်းနှင့် တွေ့ဆုံပါက အခြေခံအားဖြင့် သေချာပေါက် သေဆုံးရမည်ဖြစ်ပြီး ထွက်ပြေးစရာ နေရာရှိမည် မဟုတ်ပေ။

'အဆိပ်တစ်ထောင်နတ်ဘုရားလက်ဝါးရဲ့ စွမ်းပကားကလည်း တိုးတက်လာပြီပဲ...'

'အခု ဒီစွမ်းရည်က လေဟာနယ်စွမ်းအားကို စုစည်းနိုင်နေပြီ...'

'အဲ့ဒီကနေမှ လေဟာနယ်အဆိပ်လက်ဝါးအဖြစ် ပြောင်းလဲသွားတာပဲ...'

ကျိုးစွေ့၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters