← Chapters

အခန်း ၉၆၄

Vol. 92 Ch. 964

အခန်း ၉၆၄

Vol. 92 Ch. 964

အခန်း (၉၆၄) - လှပကျော့ရှင်းသော တာအိုလက်တွဲဖော်၊ သတ္တမအဆင့် ရွှေအလင်းအဆိပ်တစ်ထောင်ကူ၊ ဖီးနစ်အင်မော်တယ်စံအိမ်တော် ပေါ်ထွက်လာခြင်း (၄)

'ဒီတစ်ခါ အခွင့်အရေးက ရွှေရောင်ကံကြမ္မာ ကျန်း (၁၀၀) လောက် သုံးရနိုင်တယ်...'

'ဒါပေမဲ့ ပေးဆပ်ရတာ များလေလေ၊ ရရှိလာမယ့် အကျိုးအမြတ်ကလည်း များလေလေပဲ...'

'ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်က အချိုးကျတယ်...'

ကျိုးစွေ့အနေဖြင့် ကံကြမ္မာသားတော်တိုင်း အခွင့်အရေးရရှိချိန်တွင် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာများကို သုံးစွဲရလေ့ရှိသည်ကို ကောင်းစွာ နားလည်ထားလေသည်။

သို့ရာတွင် ကံကြမ္မာအရှိန်အဝါများ ကုန်ဆုံးသွားခြင်းမှာ ကိစ္စမရှိလှပေ။

ထိုကံကြမ္မာများကို စွမ်းအားအဖြစ် ပြောင်းလဲနိုင်သမျှ ကာလပတ်လုံး ပျောက်ကွယ်သွားသော ကံကြမ္မာအရှိန်အဝါများက နောက်တစ်ဖန် ပြန်လည်မြင့်တက်လာမည်သာ ဖြစ်၏။

ယခင်ကထက်ပင် ပို၍ များပြားလာနိုင်သေးသည်။

ဤသည်မှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုနှင့် တူလှ၏။ စီမံကိန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံလိုက်ပါက အနာဂတ်တွင် ၁၀ ဆ၊ အဆ ၁၀၀ မျှသော အကျိုးအမြတ်များကို ရရှိလာနိုင်ချေသည်။

သို့သော် ရင်းနှီးမြှုပ်နှံမှုတွင် အန္တရာယ်ရှိပြီး အရင်းပါ ပြုတ်သွားနိုင်သည်ကိုလည်း သတိပြုရမည် မဟုတ်ပါလော။

အဘယ်ကြောင့် အချို့သော ကံကြမ္မာသားတော်များက ပို၍ပို၍ သနားစရာကောင်းလာရသနည်း။ အထူးသဖြင့် နောက်ပိုင်းနှစ်များတွင် ကံကြမ္မာကုန်ခမ်းသွားပြီး မကောင်းသော နိမိတ်များကို ကြုံတွေ့ရလေ့ရှိ၏။

ဤသည်မှာ အစောပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံမှုများ ကျရှုံးခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ဆုံးရှုံးမှုများက ရရှိလာသော အကျိုးအမြတ်များထက် ပိုများလာသောကြောင့် မိသားစုပိုင်ဆိုင်မှုများပါ ကုန်ခမ်းသွားရခြင်းပင်။

သို့သော်ငြား အချို့သော ကံကြမ္မာသားတော်များမှာမူ နွေဦးနှင့် ဆောင်းဦးရာသီများလို အမြဲတမ်း ရှင်သန်နေပြီး ဆထက်ထမ်းပိုး အားကောင်းလာတတ်ကြသည်။

အချုပ်အားဖြင့်ဆိုရသော် မိမိ၏ အမြင်အာရုံက မည်မျှစူးရှသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်၏။

အကယ်၍ ဤကဲ့သို့သော အကျိုးအမြတ်မျိုးကို ထိန်းသိမ်းထားနိုင်ပါက သူသည် ကြီးမားသော အခွင့်အရေးကြီးများကို ရရှိနိုင်မည်ဖြစ်ရုံသာမက ကံကြမ္မာအရှိန်အဝါကလည်း ဆက်လက်တိုးတက်လာကာ ကောင်းမွန်သော အကျိုးအမြတ်များကို ရရှိနိုင်‌ပေမည်။

"ပြဿနာမရှိပါဘူး... ဒီကိစ္စကို ကိုယ့်ဆီသာ လွှဲထားလိုက်ပါ..."

ထိုသို့တွေးမိပြီးနောက် ကျိုးစွေ့က ခေါင်းညိတ်လိုက်ကာ သူ၏တာအိုလက်တွဲဖော်များကို ကြည့်လိုက်လေသည်။

"အရမ်းကောင်းတာပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်စုကျဲ့၊ ဟွားစစ်ချင်၊ ထောင်ချီလီနှင့် စစ်ယွီရှီးတို့ မိန်းမလှလေးယောက်လုံးမှာ ဝမ်းသာအားရ ဖြစ်သွားကြလေတော့သည်။

သူတို့၏ ယောက်ျားဖြစ်သူက ဤကိစ္စကို သဘောတူလိုက်သည်နှင့် ဤကိစ္စမှာ ဆယ်ပုံကိုးပုံမျှ သေချာသွားပြီဖြစ်ကြောင်းကို သူတို့ ခံစားလိုက်ရသည်။

"မင်းတို့ ဖီးနစ်အင်မော်တယ်စံအိမ်တော်က ဘယ်နေရာမှာရှိလဲဆိုတာ သိကြလား..."

ကျိုးစွေ့က မေးလိုက်၏။

"သေချာမသိဘူး... အစ်မဖုန်းရှီးက ဘာမှ မပြောသွားဘူး..."

ပိုင်စုကျဲ့က ခေါင်းခါယမ်းလိုက်လေသည်။ သူမသိထားသည်မှာ ဖီးနစ်အင်မော်တယ်စံအိမ်တော်က ခွန်ဖန်ပင်လယ်ပြင်တွင် ပေါ်လာသည်ဟူသောအချက်သာ ဖြစ်၏။

သို့ရာတွင် တိကျသော နေရာအတိအကျကိုမူ သူမကိုယ်တိုင်လည်း သေချာမသိချေ။

အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးတာအိုအရှင်က သတင်းအချက်အလက် အနည်းငယ်ကိုသာ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

"ကိစ္စမရှိပါဘူး... ဖီးနစ်အင်မော်တယ်စံအိမ်တော်သာ ထွက်ပေါ်လာပြီဆိုရင် သူ့ကို ရှာတွေ့ဖို့က အရမ်းလွယ်ကူသွားပါပြီ..."

ကျိုးစွေ့အနေဖြင့် ဖီးနစ်အင်မော်တယ်စံအိမ်တော်ကို ရှာမတွေ့နိုင်မည်ကို အနည်းငယ်မျှပင် စိုးရိမ်ပူပန်နေခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အင်မော်တယ်စံအိမ်တော်ကြီး ပေါ်ထွက်လာခြင်းက ခွန်ဖန်ပင်လယ်ပြင်တစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားစေမည် မဟုတ်ပါလော။

ဤသတင်းမျိုးက ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုကဲ့သို့ ကြီးမားသော မျိုးနွယ်စုကြီးများအားလုံးထံသို့ ပျံ့နှံ့သွားမည်သာ။

ထိုအချိန်ရောက်လျှင် ကျင့်ကြံသူများစွာက အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြပြီး ဖီးနစ်အင်မော်တယ်စံအိမ်တော်ဆီသို့ ဦးတည်သွားကြမည်သာ ဖြစ်၏။

၎င်းနောက်တွင် သူက သတင်းအချက်အလက်အချို့ကို အနည်းငယ်မျှ စုံစမ်းလိုက်ရုံဖြင့် ဖီးနစ်အင်မော်တယ်စံအိမ်တော်၏ တည်နေရာအတိအကျကို သိရှိနိုင်မည် ဖြစ်သည်။

‘ပစ္စည်းရှာဖွေကူ’၏ စွမ်းအားကိုပင် အသုံးပြုရန် လိုအပ်မည် မဟုတ်ချေ။

ရက်အနည်းငယ် ကြာပြီးနောက်။

တကယ်ပင် ကျိုးစွေ့ မျှော်လင့်ထားသည့်အတိုင်း ဖီးနစ်အင်မော်တယ်စံအိမ်တော် ထွက်ပေါ်လာမှုက ခွန်ဖန်ပင်လယ်ပြင်ကို လုံးဝတုန်လှုပ်သွားစေခဲ့ချေပြီ။

ခွန်ဖန်ပင်လယ်ပြင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤသတင်းကို သိရှိသွားကြလေသည်။

ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုအလား ခွန်ဖန်ပင်လယ်ပြင်၏ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့၏။

အခြေခံအားဖြင့် ကြီးမားသော အင်အားစုများမှ ကျင့်ကြံသူများက ဤကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနေကြလေသည်။

ဟယ်ဖုန်းကျွန်းကဲ့သို့သော ဝေးလံခေါင်သီသည့် ကျွန်းလေးပေါ်တွင်ပင် ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူများစွာက ဖီးနစ်အင်မော်တယ်စံအိမ်တော်နှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။

ကျိုးစွေ့၏ ကိုယ်ပွားတစ်ခုကလည်း ဤကျွန်းပေါ်တွင် ရှိနေပြီး ထိုထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများ၏ စကားပြောဆိုမှုများကို တိတ်ဆိတ်ငြိမ်သက်စွာ ခိုးနားထောင်နေလေသည်။

"မင်းတို့ ကြားပြီးကြပြီလား... ဖီးနစ်အင်မော်တယ်စံအိမ်တော်က ယွီဟွမ်ကျွန်းပေါ်မှာ ပေါ်လာတာတဲ့..."

ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူများအနေဖြင့် ဤကဲ့သို့သော သတင်းအချက်အလက်များကို သဘာဝကျကျပင် အလွန်အမင်း လျင်မြန်စွာ သိရှိနိုင်သောကြောင့် ဖြစ်၏။

ခွန်ဖန်ပင်လယ်ပြင်တွင် မည်သို့သော ကိစ္စကြီးမျိုးဖြစ်စေကာမူ ၎င်းတို့က ပထမဆုံးအချိန်၌ပင် သိရှိနိုင်စွမ်း ရှိကြသည်။

ထိုယွီဟွမ်ကျွန်းဆိုသည်မှာ ခွန်ဖန်ပင်လယ်ပြင်၏ တောင်ပိုင်းဒေသရှိ အလွန်ကြီးမားသော ကျွန်းကြီးတစ်ကျွန်း ဖြစ်လေသည်။ ၎င်း၏ အကျယ်အဝန်းမှာ အလွန်ကျယ်ပြန့်ပြီး အချင်းအားဖြင့် ကီလိုမီတာ (၅၀၀၀၀၀၀) ကျော်မျှ ရှိ၏။ ၎င်းအပေါ်တွင် မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူ အများအပြား နေထိုင်ကြပြီး နာမည်ကျော်ကြားလှသော ကုန်သွယ်ရေးကျွန်းတစ်ခုလည်း ဖြစ်ပေသည်။

ယွီဟွမ်ကျွန်းနှင့် ဟယ်ဖုန်းကျွန်းတို့သည် ခွန်ဖန်ပင်လယ်ပြင်၏ တောင်ပိုင်းဒေသတွင် ရှိကြသော်လည်း ကျွန်းနှစ်ကျွန်းကြား အကွာအဝေးမှာ အလွန်ပင် ဝေးကွာလှသည်။

အကယ်၍ ပျံသန်းခြင်းကိုသာ အားကိုးမည်ဆိုပါက မည်မျှကြာအောင် ပျံသန်းရမှန်းပင် မသိနိုင်အောင် ဝေးကွာလှပေသည်။

"ယွီဟွမ်ကျွန်းပေါ်မှာ ပေါ်လာတာတဲ့လား... အဲဒီမှာနေတဲ့ ကျင့်ကြံသူတွေကတော့ တကယ်ကို ကံကောင်းတာပဲ... ဘာလို့ ငါတို့ ဟယ်ဖုန်းကျွန်းမှာ မပေါ်လာရတာလဲ... ကောင်းကင်ဘုံက တကယ်ကို မတရားဘူး..."

ကျင့်ကြံသူတစ်ဦးက မနာလိုဝန်တိုမှုများဖြင့် စိတ်ပျက်လက်ပျက် ပြောဆိုလိုက်လေသည်။

သို့ရာတွင် ဤသည်မှာလည်း တတ်နိုင်သော ကိစ္စမဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဖီးနစ်အင်မော်တယ်စံအိမ်တော် ပေါ်လာသည့် နေရာတိုင်းမှာ ပုံသေမရှိသောကြောင့်ပင် ဖြစ်လေသည်။

၎င်းမှာ ခွန်ဖန်ပင်လယ်ပြင်၏ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်ပြီး မည်သူကမျှ ကြိုတင်၍ အတိအကျ မဆုံးဖြတ်နိုင်ချေ။

ထို့ကြောင့် ဤသည်မှာလည်း ကံတရားအပေါ်တွင်သာ မူတည်နေခြင်း ဖြစ်၏။

"ရိုးရိုးသားသား ပြောရရင် ဖီးနစ်အင်မော်တယ်စံအိမ်တော်က တကယ်ပဲ အဲဒီလောက်တောင် စွမ်းလို့လား... မျိုးနွယ်စုအသီးသီးက ကျင့်ကြံသူတွေကိုတောင် ဆွဲဆောင်နိုင်ရုံတင်မကဘူး... မျိုးနွယ်စုထဲက ခန္ဓာပေါင်းစည်းခြင်းအဆင့် အကြီးအကဲတွေနဲ့ မဟာယာနအဆင့် ဘိုးဘေးတွေတောင် ကိုယ်တိုင် ထွက်လာကြတယ်တဲ့လား..."

"ရယ်စရာပဲ... ဖီးနစ်အင်မော်တယ်စံအိမ်တော်ဆိုတာ ကြယ်ကွဲပင်လယ်တစ်ခုလုံးမှာတောင် နာမည်ကြီးတဲ့ အင်မော်တယ်စံအိမ်တော်ကွ... နှစ်ပေါင်း သန်းထောင်ချီပြီး တည်ရှိလာခဲ့တာလေ... ကျင့်ကြံသူဘယ်လောက်များများက အဲဒီကနေ အကျိုးအမြတ်တွေ ရခဲ့ပြီး ပိုမြင့်တဲ့ အဆင့်တွေကို တက်လှမ်းနိုင်ခဲ့တယ် ဆိုတာတောင် မသိနိုင်ဘူး..."

"ဒါပေါ့... ပြီးခဲ့တဲ့အကြိမ် ဖီးနစ်အင်မော်တယ်စံအိမ်တော် ပေါ်လာတာက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀၀) တုန်းကလေ... အဲဒီအချိန်တုန်းက ငါတို့မျိုးနွယ်စုက ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက် ကျင့်ကြံသူတွေ ဝင်သွားကြပြီး အထဲကနေ အဋ္ဌမအဆင့် ဝိညာဉ်ဆေးမြစ်တချို့ကို ရခဲ့တယ်...”

“အဲဒီရလဒ်ကြောင့် ဘိုးဘေးအတော်များများကို မဟာယာနအဆင့် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့တယ်... ဒါကြောင့်မို့လို့ ဖီးနစ်အင်မော်တယ်စံအိမ်တော်က ငါတို့ ထျန်းဖန်မျိုးနွယ်စုရဲ့ ကောင်းချီးမြေတစ်ခုလိုပဲ... တစ်ခါပေါ်လာတာနဲ့ ချက်ချင်းကို မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ အုံနဲ့ကျင်းနဲ့ ရောက်လာကြတော့တာပဲ..."

"ဒါကလည်း အမှန်ပဲ... ဖီးနစ်အင်မော်တယ်စံအိမ်တော်ကြီးက နှစ်ပေါင်း သန်းထောင်ချီ ကြာအောင် တည်ရှိနေခဲ့တာတောင်မှ အခုချိန်ထိ သူ့ရဲ့ အကျယ်အဝန်း ၁% ကိုတောင် မစူးစမ်းနိုင်သေးဘူးလို့ ကြားတယ်... စံအိမ်တော်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ပိုပြီး ရှားပါးတဲ့ ရတနာတွေ ရှိနေသေးတယ်လို့လည်း ပြောကြတယ်... အင်မော်တယ်လက်နက်တွေတောင် ရှိနိုင်တယ်တဲ့... နှမြောစရာကောင်းတာက အခုချိန်ထိ ငါတို့တွေ စံအိမ်တော်ရဲ့ အဓိက အချက်အချာကျတဲ့ နေရာကို ဝင်ဖို့ နည်းလမ်းမရှိသေးတာပဲ..."

"မဖြစ်နိုင်တာ... ငါတို့ ထျန်းဖန်မျိုးနွယ်စုက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုလေ... အစွမ်းထက်တဲ့သူတွေဆိုတာ တိမ်တိုက်တွေလောက်တောင် များတာကို အင်မော်တယ်စံအိမ်တော်တစ်ခုကိုတောင် မတတ်နိုင်ဘူးတဲ့လား... ဒါက နည်းနည်းတော့ ချဲ့ကားလွန်းနေပြီ မဟုတ်ဘူးလား..."

"ဒါက အရမ်းကို ပုံမှန်ပါပဲ... ဖီးနစ်အင်မော်တယ်စံအိမ်တော်က တခြားစံအိမ်တော်တွေနဲ့ မတူဘူး... အထဲက တားမြစ်အစီအရင်တွေက တော်တော်လေးကို ပြည့်ပြည့်စုံစုံ ရှိနေသေးတယ်... အဲဒါက အဋ္ဌမအဆင့် အစီအရင်ထက် ကျော်လွန်တဲ့ တားမြစ်အစီအရင်တွေလေ... အင်မော်တယ်တားမြစ်ချက် အဆင့်ကိုတောင် ရောက်နေပြီလို့ ကြားတယ်... မဟာယာနအဆင့် ဘိုးဘေးတွေ ကိုယ်တိုင် ထွက်လာရင်တောင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး..."

ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူ အမြောက်အမြားက အချင်းချင်း ဆွေးနွေးပြောဆိုနေကြလေသည်။

ထင်ရှားလှသည်မှာ ၎င်းတို့အနေဖြင့် ဖီးနစ်အင်မော်တယ်စံအိမ်တော်နှင့် ပတ်သက်၍ ပြင်ပမှ ကျင့်ကြံသူအများစုထက် ပိုမို သိရှိနားလည်ထားကြခြင်းပင် ဖြစ်၏။

ဤမျှ အဖိုးတန်လှသော အင်မော်တယ်စံအိမ်တော်ကြီးကို ထျန်းဖန်မျိုးနွယ်စုက လေ့လာစူးစမ်းထားသည်မှာ ကြာလှပြီ ဖြစ်သောကြောင့်ပင်။

အကယ်၍သာ ၎င်းတို့တွင် ဖီးနစ်အင်မော်တယ်စံအိမ်တော်ကို ထိန်းချုပ်နိုင်စွမ်း မရှိခြင်း မဟုတ်ပါက စံအိမ်တော်အတွင်းရှိ ရတနာအားလုံးကို လက်ဝါးကြီးအုပ်ထားသည်မှာ ကြာမြင့်နေပြီ ဖြစ်လောက်ချေသည်။

အခြားမျိုးနွယ်စုများမှ ကျင့်ကြံသူများအနေဖြင့် ထျန်းဖန်မျိုးနွယ်စုနှင့်အတူ ယှဉ်ပြိုင်နိုင်ရန် အထဲသို့ ဝင်ရောက်ခွင့်ပင် ရရှိလိမ့်မည် မဟုတ်ချေ။

All Chapters