← Chapters

အခန်း ၉၆၉

Vol. 92 Ch. 969

အခန်း ၉၆၉

Vol. 92 Ch. 969

အခန်း (၉၆၉) - ယွီရှန်းအာနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ အကြောင်းအကျိုးနတ်ဘုရားစွမ်းရည်၊ မျိုးနွယ်စုခေါင်းဆောင်က ကလေးတစ်ဒါဇင်လောက်ကတော့ အသာလေးပဲ (၄)

"ဒါက..."

ယွီရှန်းအာ၏ လှပသောမျက်နှာလေးမှာ နီရဲသွားပြီး သူမ၏ စိတ်နှလုံးထဲတွင် လှိုင်းဂယက်လေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း သူမ၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ဝမ်းသာမှုတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေ၏။

ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းသာ ဖြစ်သော်ငြား သူမ၏ စိတ်နှလုံးထဲတွင် ဤအမျိုးသားအပေါ် အမှန်တကယ်ပင် သဘောကျမှု အနည်းငယ် ရှိနေပေသည်။

မည်သူကမျှ မိမိကိုယ်ကို သဘောကျသောသူကို မုန်းတီးမည် မဟုတ်ပေ။ မိမိအား အသည်းအသန် လိုက်လံချစ်ရေးဆိုနေသူက ပြဿနာမပေးသရွေ့ မည်သူက ငြင်းပယ်နိုင်ပါမည်နည်း။

"မင်းတို့ကတောင် ရိပ်မိသွားတာပဲ..."

"အမှန်တော့ ဒါက ဟုတ်ပါတယ်... ကျုပ်က မိန်းကလေးယွီအပေါ် သဘောကျနေတာမို့ တာအိုလက်တွဲဖော်အဖြစ် လက်ထပ်ချင်နေတာပါ..."

"ဘာလို့လဲဆိုတော့ ကျောက်စိမ်းယုန်မျိုးနွယ်စု ကျင့်ကြံသူတွေက သားသမီးရနိုင်စွမ်း အရမ်းမြင့်မားပြီး အခြားမျိုးနွယ်စုတွေနဲ့ ပေါင်းဖက်ရင်တောင် သားစဉ်မြေးဆက် အများကြီး မွေးဖွားနိုင်တယ်လို့ ကျုပ် ကြားဖူးလို့လေ..."

"ဒါကြောင့်ပဲ မိန်းကလေးယွီကို ဇနီးအဖြစ် လက်ထပ်ပြီး ကျုပ်တို့အတွက် သားသမီး တစ်ဒါဇင်လောက်မွေးပေးဖို့ ဆန္ဒရှိနေတာ..."

ကျိုးစွေ့က သူ၏စိတ်တွင်းမှ အတွေးများကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ဟက်ဟက်... ရှင့်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ပေါ်လာပြီ မဟုတ်လား..."

"အစကတည်းက ရှင့်ရဲ့ ရည်ရွယ်ချက်ကို ငါ ရိပ်မိပြီးသားပါ..."

"အရင်က ကံတရားအထောက်အပံ့ ရှာဖို့ဆိုပြီး ပြောနေခဲ့ပေမဲ့ တကယ်တော့ ငါတို့မျိုးနွယ်စုခေါင်းဆောင်ကို မြှူဆွယ်ဖို့ ဒီကို လာခဲ့တာကိုး..."

"ဒါပေမဲ့ ရှင်ကလည်း အကဲခတ်တတ်သားပဲ... မျိုးနွယ်စုခေါင်းဆောင်က ငါတို့ ကျောက်စိမ်းယုန်မျိုးနွယ်စုမှာ အတော်ဆုံး ကျင့်ကြံသူဖြစ်ပြီး သားသမီးရနိုင်စွမ်းမှာလည်း ထိပ်တန်းပဲ... သားသမီးတစ်ဒါဇင်လောက် မပြောနဲ့... (၁၀၀) လောက်ဆိုရင်တောင် ပြဿနာမရှိဘူး..."

ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူတစ်ဦးက အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သားသမီးများများ မွေးဖွားနိုင်ခြင်းက ကျောက်စိမ်းယုန်မျိုးနွယ်စု၏ ထူးချွန်သော စွမ်းရည်တစ်ခု ဖြစ်ပြီး သာမန်လူများနှင့်မတူသော မွေးရာပါပါရမီတစ်ခုဟုပင် ဆိုနိုင်သောကြောင့် ဖြစ်လေသည်။

ထိုသို့သော မွေးရာပါပါရမီကို ရိုးရှင်းလှသည်ဟု မယူဆသင့်ချေ။ အမှန်တကယ်တွင် ဝိညာဉ်ကမ္ဘာရှိ မျိုးနွယ်စုများစွာသည် တစ်ဦးချင်း စွမ်းဆောင်ရည် ကြီးမားကြသော်လည်း မျိုးပွားရန် ခက်ခဲကြသည်။

ထိုသို့သော မျိုးနွယ်စုများမှာ ဝိညာဉ်ကမ္ဘာအတွင်း လွယ်ကူစွာပင် ပျောက်ကွယ်သွားနိုင်ပေသည်။ အနည်းငယ် ဂရုမစိုက်မိပါက မျိုးသုဉ်းသွားနိုင်သည်။

သို့သော် ကျောက်စိမ်းယုန်မျိုးနွယ်စုမှာမူ မတူညီပေ။ မျိုးပွားနိုင်စွမ်း မြင့်မားသောကြောင့် အချိန်မရွေး သားသမီးများစွာကို မွေးဖွားနိုင်ကြ၏။

နောင်တစ်ချိန်တွင် ဘေးဒုက္ခများနှင့် ကြုံတွေ့ရပါကလည်း ကျောက်စိမ်းယုန်မျိုးနွယ်စု ကျင့်ကြံသူအချို့ အသက်ရှင်ကျန်ရစ်နေသရွေ့ အချိန်သိပ်မကြာခင်မှာပင် ဝိညာဉ်ကမ္ဘာနေရာအနှံ့၌ ကျောက်စိမ်းယုန်မျိုးနွယ်စုဝင်များ ပေါ်ထွက်လာဦးမည်သာ။

မည်သို့ပင်ဆိုစေကာမူ မြင့်မားသော မျိုးပွားနိုင်စွမ်းသည် အင်အားကြီးမားသော မျိုးနွယ်စုကြီးတစ်ခု၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သော့ချက်ပင် ဖြစ်၏။

ဘေးဒုက္ခများနှင့် ကြုံတွေ့ခဲ့ရပြီး ကျဆင်းမှုများ ရှိခဲ့လျှင်ပင် အနှေးနှင့်အမြန်ဆိုသလို ပြန်လည် ထွန်းကားလာဦးမည်သာ ဖြစ်ပေသည်။

ဘာ...

ဤစကားကို ကြားသောအခါ ယွီရှန်းအာ၏ မျက်နှာမှာ နီမြန်းသွားပြီး နားရွက်များပင် ရဲတက်သွားကာ သူမသည် ဤအမျိုးသမီး၏ ပါးစပ်ကို ပိတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။

'ပြောနေတာတွေက ဘာစကားတွေလဲ...'

'သားသမီး တစ်ဒါဇင်လောက်တင်မကဘူး... (၁၀၀) တောင် မွေးပေးရမယ်တဲ့လား...'

သူမကမူ တစ်ယောက်မှကို မမွေးချင်ပေ။

'ငါ ယွီရှန်းအာကို ဘာများ မှတ်နေတာလဲ... မျိုးနွယ်စုတွင်းက မျိုးပွားယုန်လို့များ မှတ်နေရော့သလား...'

"ဒါပေမဲ့ ရှင်ကတော့ ငါတို့မျိုးနွယ်စုခေါင်းဆောင်ကို လက်ထပ်ဖို့ မဖြစ်နိုင်ပါဘူး..."

"မျိုးနွယ်စုခေါင်းဆောင်ကို လက်ထပ်ချင်ရင် ရုပ်ရည်ချောမောပြီး ကျင့်ကြံမှုအဆင့် မြင့်မားရုံတင် မကဘူး... ချမ်းသာကြွယ်ဝဖို့ပါ လိုအပ်တယ်..."

"ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကမ္ဘာမှာ ထိပ်တန်းအဆင့်ရှိတဲ့ ထူးချွန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်မှသာ မျိုးနွယ်စုခေါင်းဆောင်နဲ့ ထိုက်တန်မှာ..."

"ရှင့်ရုပ်ရည်ကတော့ မဆိုးပါဘူး... ငါ မြင်ဖူးသမျှ ယောက်ျားလေးကျင့်ကြံသူတွေထဲမှာ ထိပ်တန်းအဆင့်လို့ ဆိုနိုင်တယ်..."

"အပြင်ပန်းရုပ်သွင်ကတော့ မျိုးနွယ်စုခေါင်းဆောင်နဲ့ လိုက်ဖက်တယ်လို့ သတ်မှတ်ပေးလို့ ရတယ်..."

"ဒါပေမဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ကျင့်ကြံမှုအဆင့်ကရော ဘယ်လိုနေလဲ..."

နောက်ထပ်သော ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူတစ်ဦးက ကျိုးစွေ့ကို သတို့သမီးဘက်မှ ဆွေမျိုးများက သမက်ကို အကဲခတ်သည့်အလား အထက်အောက် ကြည့်ရှုလိုက်သည်။

ထိုကဲ့သို့သော အကြည့်များက အလွန် တင်းကျပ်လွန်းလှပေသည်။

"ကျုပ်ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ မဆိုးလှပါဘူး..."

"အရင်တစ်ခေါက်က မင်းတို့ရသွားတဲ့ သတ္တမအဆင့် ဝိညာဉ်ဆေးမြစ် အံ့ဖွယ်တစ်သောင်းပန်းကိုတောင် ကျုပ်က နောက်ထပ် အပင် (၂၀) လောက် ထုတ်ပေးနိုင်သေးတယ်..."

"အဲဒါကို လက်ဖွဲ့ပစ္စည်းအဖြစ် သတ်မှတ်လို့ ရနိုင်မလား..."

ကျိုးစွေ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ‘ဆေးဝါးကူ’၏ စွမ်းအားကို အသုံးပြု၍ အံ့ဖွယ်တစ်သောင်းပန်း အမြောက်အမြားကို အချိန်မရွေး ပျိုးထောင်နိုင်ပေသည်။

သူ့အတွက်မူ ဤသတ္တမအဆင့် ဝိညာဉ်ဆေးမြစ်မျိုးက တန်ဖိုးရှိသည့်အရာ မဟုတ်ချေ။

"ရှင်က သတ္တမအဆင့် ဝိညာဉ်ဆေးမြစ် အပင် (၂၀) တောင် ထုတ်ပေးနိုင်သေးတယ်ပေါ့... ပြီးတော့ အံ့ဖွယ်တစ်သောင်းပန်းတွေတဲ့လား..."

"ကြည့်ရတာ သမက်တော်က တကယ်ကို ချမ်းသာတာပဲ..."

ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ရင်ခုန်သွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် အကယ်၍ အံ့ဖွယ်တစ်သောင်းပန်း အပင် (၂၀) ကိုသာ ရရှိခဲ့ပါက ၎င်းသည် ကျောက်စိမ်းယုန်မျိုးနွယ်စုတွင် နောက်ထပ် ခန္ဓာပေါင်းစည်းခြင်းအဆင့် အင်အားကြီးပုဂ္ဂိုလ် (၂၀) ဦး ထွက်ပေါ်လာနိုင်သည်ကို ကိုယ်စားပြုနေသောကြောင့်ပင် မဟုတ်ပါလော။

ဤသည်က ကျောက်စိမ်းယုန်မျိုးနွယ်စုအတွက် စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားသော တိုးတက်မှုကြီးတစ်ခု ဖြစ်ပေသည်။

ဤသည်မှာ အံ့မခန်း ချမ်းသာကြွယ်ဝမှုတစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

မဟာယာနအဆင့် ကျင့်ကြံသူပင်လျှင် တစ်ကြိမ်တည်းဖြင့် ဤမျှများပြားသော သတ္တမအဆင့် ဝိညာဉ်ဆေးမြစ်များကို ထုတ်ပေးနိုင်မည် မဟုတ်ချေ။

သူတို့ရှေ့မှ ဤအမျိုးသား၏ ချမ်းသာကြွယ်ဝမှုက စိတ်ကူးယဉ်သည်ထက်ပင် ကျော်လွန်နေချေသည်။

ဆင်းရဲနွမ်းပါးလှသော ကျောက်စိမ်းယုန်မျိုးနွယ်စုအတွက် ဤအမျိုးသားမှာ သူဌေးများထဲမှ သူဌေးတစ်ဦးပင် ဖြစ်နေချေပြီ။

၎င်းတို့တွင် ဂုဏ်သိက္ခာမရှိသည်ကိုလည်း အပြစ်မတင်သာပေ။ ဆင်းရဲသားများဖြစ်နေသဖြင့် မည်သည့်နေရာတွင် ဂုဏ်သိက္ခာ ရှိနိုင်ပါမည်နည်း။ ဂုဏ်သိက္ခာဆိုသည်မှာ သတ္တမအဆင့် ဝိညာဉ်ဆေးမြစ် မည်မျှလောက် တန်ဖိုးရှိနိုင်ပါမည်နည်း။

"အကယ်လို့ မလုံလောက်သေးဘူးဆိုရင် လက်ဖွဲ့ပစ္စည်းအနေနဲ့ အင်မော်တယ်ရတနာတစ်ခုတောင် ထုတ်ပေးနိုင်ပါသေးတယ်..."

ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ဆက်လက်၍ ပြင်းထန်သော ဗုံးတစ်လုံးကို ချလိုက်ပြန်သည်။

ဘာ...

ဤစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ ကြက်သေသေသွားကြပြီး ခေါင်းများပင် မူးဝေသွားကြလေသည်။

"ကျေးဇူးပြုပြီး အရှင်ကျိုး... မျိုးနွယ်စုခေါင်းဆောင်ကို မဖြစ်မနေ လက်ထပ်ပေးပါ..."

"မျိုးနွယ်စုခေါင်းဆောင်ကို မဖြစ်မနေ သနားကြင်နာပေးပါ..."

"မျိုးနွယ်စုခေါင်းဆောင်က ကလေး (၁၀၀) လောက်အထိ မွေးပေးနိုင်ပါတယ်... တကယ်ကို အများကြီး မွေးပေးနိုင်တာပါ..."

ကျောက်စိမ်းယုန်မျိုးနွယ်စု အမျိုးသမီးကျင့်ကြံသူ အများအပြားသည် ကျိုးစွေ့ရှေ့တွင် ဒူးထောက်လုနီးပါးပင် ဖြစ်သွားကြတော့သည်။

အင်မော်တယ်ရတနာကိုပင် ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်သည်ဆိုသည် မဟုတ်ပါလော၊ အစစ်အမှန်ဝိညာဉ်များပင် ဤမျှလောက် ဇိမ်ခံနိုင်မည် မဟုတ်ချေ။

ဤအမျိုးသားမှာ အလွန် လွန်ကဲလွန်းလှပေသည်။ တကယ့်ကို ကျောက်စိမ်းယုန်မျိုးနွယ်စု၏ ကယ်တင်ရှင်ကြီးပင် ဖြစ်နေချေပြီ။

သူတို့အနေဖြင့် ယခုအချိန်တွင် မျိုးနွယ်စုခေါင်းဆောင်အား ဤအမျိုးသားနှင့် ချက်ချင်းပင် ပေးစားချင်စိတ် ပေါက်နေကြတော့သည်။

"ပါးစပ်ပိတ်ထားကြစမ်း... ဘာတွေ ပြောနေကြတာလဲ..."

"ပစ္စည်းလေး နည်းနည်းရတာနဲ့ မင်းတို့ကို ဝယ်လို့ရသွားပြီလား... ဂုဏ်သိက္ခာဆိုတာ မရှိကြတော့ဘူးလား..."

"အင်မော်တယ်ရတနာတစ်ခု မပြောနဲ့... အင်မော်တယ်ရတနာ တစ်ဒါဇင်ပေးရင်တောင်မှ ငါ့ကို လက်ထပ်ဖို့ မစဉ်းစားနဲ့..."

ယွီရှန်းအာက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

အကယ်၍ သူမကသာ ထပ်မံ မတားဆီးပါက သူမ၏ လက်အောက်ငယ်သားများသည် သူမကို အမှန်တကယ် ကြိုးတုပ်ကာ ဤအမျိုးသား၏ ကုတင်ပေါ်သို့ တိုက်ရိုက် ပို့ဆောင်ပေးလိုက်မည်မှာ သေချာလှပေသည်။

သူမ ယွီရှန်းအာကို တကယ်ပဲ ဘာများ ထင်မှတ်နေကြပါသနည်း။

သာမန်လက်ဆောင်လေးတစ်ခုနှင့် အလွယ်တကူ ဝယ်ယူလို့ရမည်ဟု ထင်နေကြသည်လော။

သို့သော်ငြား ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသားသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ချမ်းသာကြွယ်ဝလှသည်ကိုမူ သူမ ဝန်မခံဘဲ မနေနိုင်ခဲ့ပေ။

'သူက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်လေးပဲကို… ဘာလို့ ငါ့ထက်တောင် ပိုပြီးချမ်းသာနေရတာလဲ... ဒါက အရမ်းကို များလွန်းသွားပြီ...'

'ဝိညာဉ်ကမ္ဘာမှာ လူသားမျိုးနွယ်က အရမ်းအားနည်းတယ်လို့ ပြောကြတာ မဟုတ်ဘူးလား...'

'ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေကို သူ ဘယ်ကနေ ရလာတာလဲ...'

"တောင်းပန်ပါတယ်... မျိုးနွယ်စုခေါင်းဆောင်..."

ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများစွာသည် လျှာလေးထုတ်ကာ အလွန်အမင်း အပြစ်ကင်းစင်စွာ ပြုမူလိုက်ကြ၏။

သို့သော်ငြား မျက်မှောက်ရှိ အမျိုးသား၏ ချမ်းသာကြွယ်ဝမှုက သူမတို့အား အမှန်တကယ်ပင် သိမ်းပိုက်သွားခဲ့ပြီဖြစ်ကြောင်း ဝန်ခံရပေမည်။

တစ်ဖက်လူသည် ကျောက်စိမ်းယုန်မျိုးနွယ်စုအတွက် အကောင်းဆုံးသော သမက်လောင်းပင် ဖြစ်၏။

"ပြောပါဦး... ရှင် တကယ်တမ်း ဘာလုပ်ချင်တာလဲ..."

ယွီရှန်းအာက ကျိုးစွေ့ကို ကြည့်လိုက်သည်။

"ခုနကပဲ ပြောပြီးသွားပြီ မဟုတ်ဘူးလား..."

"ကျုပ်က မင်းဆီမှာရှိတဲ့ ဖီးနစ်အမိန့်ပေးတံဆိပ်ရဲ့ အစွမ်းကို အသုံးပြုပြီး ဖီးနစ်အင်မော်တယ်စံအိမ်ထဲကို ဝင်ချင်တာပါ..."

"ဒါက မင်းအတွက်တော့ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူးနော်..."

ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်၏။

"ခက်ခဲတဲ့ကိစ္စ မဟုတ်တာတော့ မှန်ပါတယ်... ဒါပေမဲ့ ကျွန်မက ဘာဖြစ်လို့ ရှင့်ကို ကူညီပေးရမှာလဲ..."

ယွီရှန်းအာက အထင်သေးဟန်ဖြင့် ပြောလိုက်လေသည်။

"အံ့ဖွယ်တစ်သောင်းပန်း တစ်ပွင့်..."

ကျိုးစွေ့က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"သဘောတူတယ်..."

ယွီရှန်းအာသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ သဘောတူလိုက်ရာ ဈေးဆစ်ရန်ပင် စိတ်ဝင်စားမှု မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အလကားရခြင်းဖြစ်ရာ ငြင်းဆန်စရာ အကြောင်းမရှိသောကြောင့်ပင် ဖြစ်လေသည်။

အကယ်၍ အံ့ဖွယ်တစ်သောင်းပန်း တစ်ပွင့်ကိုသာ ရရှိခဲ့ပါက ထိုက်ရွှမ်အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်ရန် အခွင့်အရေး ရလာမည်ဖြစ်၏။

ဤသည်က ကျောက်စိမ်းယုန်မျိုးနွယ်စု၏ စွမ်းအားကို တစ်စိတ်တစ်ပိုင်း ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း ကိုယ်စားပြုနေပေသည်။

အမှန်စင်စစ်အားဖြင့် ဖီးနစ်အင်မော်တယ်စံအိမ်ထဲသို့ ဝင်ရောက်သွားလျှင်ပင် သတ္တမအဆင့် ဝိညာဉ်ဆေးပင်တစ်ပင်ကို ရရှိနိုင်မည်ဟု မသေချာပေ။

ယခုမူ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ဆေးပင်တစ်ပင်ကို ရရှိနိုင်မည်ဖြစ်ရာ တကယ်ကိုပင် အမြတ်ကြီးလှပေသည်။

ဤကဲ့သို့ အခွင့်အရေးရမည့် ကိစ္စမျိုးအတွက် သူမအနေဖြင့် မည်သို့မျှ တုံ့ဆိုင်းနေမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် ကျောက်စိမ်းယုန်မျိုးနွယ်စုမှာ အလွန်ဆင်းရဲနွမ်းပါးနေသောကြောင့်ပင် ဖြစ်၏။ အရင်းအမြစ် အနည်းငယ်မျှ ရရှိရန် အခွင့်အရေးပေါ်လာပါက သူမအနေဖြင့် အလွတ်ခံမည် မဟုတ်ပေ။

All Chapters