← Chapters

အခန်း ၉၇၀

Vol. 92 Ch. 970

အခန်း ၉၇၀

Vol. 92 Ch. 970

အခန်း (၉၇၀) - ယွီရှန်းအာနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ အကြောင်းအကျိုးနတ်ဘုရားစွမ်းရည်၊ မျိုးနွယ်စုခေါင်းဆောင်က ကလေးတစ်ဒါဇင်လောက်ကတော့ အသာလေးပဲ (၅)

"ဒါပေမဲ့ ရှင့်ရဲ့ကျင့်ကြံမှုက လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်မလား..."

"သိထားရမှာက ဖီးနစ်အင်မော်တယ်စံအိမ်ထဲကို ဝင်တဲ့ ကျင့်ကြံသူတွေဟာ အနည်းဆုံး ခန္ဓာပေါင်းစည်းခြင်းအဆင့်တွေချည်းပဲ..."

"အထဲကို ဝင်သွားရင်တောင် ရှင် အကျိုးအမြတ်တစ်ခုခု ရနိုင်မယ်လို့ မသေချာဘူးနော်..."

"ရှင်က ဒီအန္တရာယ်ကို တကယ်ပဲ ရင်ဆိုင်ချင်နေတာလား..."

ယွီရှန်းအာ၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသော်လည်း ဤအမျိုးသားအား တားဆီးချင်နေဆဲပင် ဖြစ်လေသည်။

စွမ်းအားကြီးမားသူများအတွက်မူ ဖီးနစ်အင်မော်တယ်စံအိမ်သည် အမှန်တကယ်ပင် ကံတရားအထောက်အပံ့ ဖြစ်၏။

သို့ရာတွင် အားနည်းသူများအတွက်မူ ဤနေရာသည် သင်္ချိုင်းတစ်ခုသာ ဖြစ်လေသည်။

မည်မျှများပြားသော ကျင့်ကြံသူများ အထဲသို့ ဝင်ရောက်သွားပြီး အရိုးစုများသာ ချန်ရစ်ခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။

ကျင့်ကြံသူ အများအပြား ဖီးနစ်အင်မော်တယ်စံအိမ်မှ ကံတရားအထောက်အပံ့များ ရရှိကာ မဟာယာနအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ကြသည်။

သို့ရာတွင် ပိုမိုများပြားသော ကျင့်ကြံသူများမှာမူ အင်မော်တယ်စံအိမ်အတွင်း၌ ကျဆုံးသွားခဲ့ရပြီး အရိုးစုများအဖြစ် ပြောင်းလဲကာ သမိုင်းရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ကြချေပြီ။

"ကိစ္စမရှိပါဘူး... ကျုပ်မှာလည်း စွမ်းရည်အနည်းအကျဉ်းလောက်တော့ ရှိနေပါသေးတယ်..."

ကျိုးစွေ့က ပြုံးလိုက်၏။

"ကောင်းပါပြီ... ဒီလိုဆိုမှတော့ ကျွန်မလည်း ထပ်ပြီး မတားတော့ပါဘူး..."

ယွီရှန်းအာက ကျိုးစွေ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်လေသည်။

အမှန်စင်စစ်အားဖြင့် သူမသည် ဤအကဲခတ်ရခက်ခဲလှသော အမျိုးသားအပေါ် အမြဲတမ်း စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။

မျက်မြင်အရ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်ငြား ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ကြီးများနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။

ထို့အပြင် ကျောက်စိမ်းယုန်မျိုးနွယ်စု၏ ဤခြံဝင်းအတွင်းသို့ အသံတိတ် ဝင်ရောက်လာနိုင်စွမ်းရှိကာ သူမပင်လျှင် သတိမထားမိခဲ့ချေ။

ဤအမျိုးသား ပိုင်ဆိုင်ထားသော နည်းလမ်းများမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် အံ့မခန်းဖြစ်သည်ဟုသာ ဆိုရပေမည်။

တစ်ဖက်လူအနေဖြင့် ဖီးနစ်အင်မော်တယ်စံအိမ်ထဲသို့ ဝင်ရောက်ကာ အတွင်းမှ ရတနာများကို ရယူနိုင်မည့် စွမ်းရည်များ အမှန်တကယ် ရှိနေနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကတွင် မည်သူမျှ လူမိုက်များ မဟုတ်သောကြောင့်ပင်။

ကြီးမားသော ယုံကြည်ချက်သာ မရှိပါက မည်သူက သွားရောက် အသေခံဝံ့မည်နည်း။

မျက်မှောက်ရှိ အမျိုးသားမှာ လူမိုက်တစ်ယောက်ဖြစ်သည်ဟု သူမ လုံးဝ မယုံကြည်ပေ။

စဉ်းစားကြည့်မည်ဆိုပါက တစ်ဖက်လူတွင် ယခုကဲ့သို့ ယုံကြည်မှုရှိနေစေရန် စိတ်ကူးနှင့်မမှန်းဆနိုင်သော နည်းလမ်းများ သေချာပေါက် ရှိနေမည်မှာ အမှန်ပင် ဖြစ်၏။

'ဒီနှစ်ယောက်က တကယ်ကို ပတ်သက်မှုတစ်ခုခု ရှိနေတာပဲ...'

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများစွာ၏ မျက်လုံးများတွင် အတင်းအဖျင်း ပြောလိုသော အရိပ်အယောင်များ ထွက်ပေါ်လာကာ သူမတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး အားလုံးကိုယ်စီ ယုန်နားရွက်လေးများကို ထောင်လိုက်ကြလေသည်။

ယခုအချိန်တွင် သူမတို့သည် အခြားသူများ၏ စိတ်တွင်းအသံကို နားထောင်နိုင်သည့် ဗုဒ္ဓဘာသာ၏ စိတ်ဖတ်ခြင်းပညာရပ်ကိုပင် တတ်မြောက်ချင်စိတ် ပေါက်နေကြတော့၏။

ဤသို့ဆိုလျှင် ဤမသင့်မြတ်သူနှစ်ယောက်၏ စိတ်ထဲတွင် မည်သို့တွေးနေသည်ကို သူမတို့ သိရှိနိုင်မည် မဟုတ်ပါလော။

"အချိန်ဆွဲလို့ မရတော့ဘူး... ကျွန်မတို့ အခုပဲ ဝင်သွားကြရအောင်..."

ယွီရှန်းအာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

သူမအနေဖြင့်လည်း ဤနေရာတွင် အကြာကြီး မနေချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ထျန်းဖန်မျိုးနွယ်စု၏ ပိုင်နက်ဖြစ်ရာ မည်သည့်အရာများ ဖြစ်လာမည်ကို မည်သူမျှ ကြိုမသိနိုင်ပေ။

အိပ်မက်ရှည်ပြီး ပြဿနာများ ပိုမိုများပြားမလာစေရန် ဖီးနစ်အင်မော်တယ်စံအိမ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခြင်းကသာ ပို၍ကောင်းမွန်ပေသည်။

ဤသို့ဆိုပါက ထျန်းဖန်မျိုးနွယ်စုက သူမတို့၏ ခြေရာလက်ရာကို တွေ့ရှိသွားလျှင်ပင် လိုက်လံသတ်ဖြတ်နိုင်မည် မဟုတ်တော့ချေ။

ဝုန်း... ဝုန်း... ဝုန်း...

ခဏအကြာတွင် သူမက ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအားများကို သွတ်သွင်းလိုက်ရာ သူမလက်ထဲရှိ ဖီးနစ်အမိန့်ပေးတံဆိပ်သည် ချက်ချင်း လင်းလက်လာခဲ့ပြီး တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ် မီးတောက်များ ထုတ်လွှတ်နေသော ဧရာမ ဖီးနစ်ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားလေသည်။

ဤအခိုက်အတန့်တွင် ဖီးနစ်အင်မော်တယ်စံအိမ်နှင့် ပဲ့တင်ထပ်သွားသည့်အလား ထင်မှတ်ရ၏။

ကောင်းကင်ထက်၌ လေဟာနယ်အစီအရင်တစ်ခု ချက်ချင်းပေါ်လာပြီး အနီရောင်အလင်းတံခါးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဖီးနစ်အမိန့်ပေးတံဆိပ်အတွင်းမှ စွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ယွီရှန်းအာနှင့် ကျိုးစွေ့တို့အပါအဝင် အားလုံးကို ရစ်ပတ်လွှမ်းခြုံသွားပြီး သိပ်သည်းများပြားလှသော ဖီးနစ်အက္ခရာများ ပေါ်လွင်နေသည့် ဧရာမစက်လုံးပုံစံ အကာအကွယ်တစ်ခုကို ဖန်တီးလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် လူတိုင်းမှာ နေရာ၌ပင် ပျောက်ကွယ်သွားခဲ့ပြီး ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ တိုက်ရိုက် ပို့ဆောင်ခြင်း ခံလိုက်ရချေတော့သည်။

မှန်ပေသည်၊ ဤမြင်ကွင်းကို ယွီဟွမ်ကျွန်းပေါ်ရှိ ကျင့်ကြံသူများစွာကလည်း ချက်ချင်း မြင်တွေ့သွားခဲ့ကြသည်။

"ကျစ်... နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ဖီးနစ်အမိန့်ပေးတံဆိပ်ကို အသက်သွင်းလိုက်ပြန်ပြီပဲ..."

"ဖီးနစ်အမိန့်ပေးတံဆိပ်ကို ဘယ်သူက ရသွားတာလဲ... ဘာလို့ ဒီလောက် မြန်မြန် ဝင်သွားရတာလဲ..."

"ဖီးနစ်အမိန့်ပေးတံဆိပ်ပိုင်ရှင်ကို ဘယ်လိုရှာနိုင်မလဲ..."

"ဖီးနစ်အင်မော်တယ်စံအိမ်ထဲကို ဝင်ဖို့ နေရာတစ်ခုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ဖို့ ကျုပ် ဆန္ဒရှိပါတယ်... ဖီးနစ်အမိန့်ပေးတံဆိပ် ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူအနေနဲ့ ကျုပ်ကို ဆက်သွယ်ပေးပါ... ခင်ဗျား နစ်နာမှုမရှိစေရဘူးလို့ အာမခံပါတယ်..."

ဤမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူများစွာမှာ မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာခဲ့ကြလေသည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ ဖီးနစ်အမိန့်ပေးတံဆိပ် မရှိပါက မည်သို့ပင်ဖြစ်စေ ဖီးနစ်အင်မော်တယ်စံအိမ်ထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

...

အချိန်သိပ်မကြာလိုက်ဘဲ ကျိုးစွေ့တို့အဖွဲ့သည် မြေကွက်လပ်တစ်ခုပေါ်တွင် အလျင်အမြန် ပေါ်လာခဲ့ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် စိမ်းလန်းစိုပြည်နေသော သစ်ပင်များရှိပြီး ဘေးပတ်လည်၌ ထူးဆန်းအံ့ဩဖွယ်ကောင်းသော အပင်များ ပေါက်ရောက်နေသည့် သစ်ပင်ထူထပ်သော ရှေးဟောင်းသစ်တောကြီးတစ်ခု ရှိနေလေသည်။

သစ်တောကြီးတစ်ခုလုံးတွင် ပြင်းထန်သော သက်စောင့်စွမ်းအင်များ ပျံ့နှံ့နေပြီး မရေတွက်နိုင်သော သက်ရှိများ နေထိုင်နေသည့်အလား ထင်မှတ်ရ၏။

"အရမ်းကို သိပ်သည်းလှတဲ့ ကောင်းကင်မြေကြီး ဝိညာဉ်ချီတွေပဲ..."

"အနည်းဆုံးတော့ အဋ္ဌမအဆင့် အထွတ်အထိပ် ဝိညာဉ်ကြောတွေ ဖြစ်လောက်တယ်..."

"ဖီးနစ်အင်မော်တယ်စံအိမ်လို့ ခေါ်ဆိုရတာနဲ့ ထိုက်တန်ပါပေတယ်... ဒီနေရာက တကယ့်ကို ကျင့်ကြံခြင်းကောင်းချီးနယ်မြေတစ်ခုပဲ..."

ချက်ချင်းပင် ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများစွာမှာ စိတ်လှုပ်ရှားလွန်း၍ မနေနိုင်တော့ချေ။ သူမတို့က ပတ်ဝန်းကျင်ရှိ အဆုံးစွန်ထိ သိပ်သည်းနေသော ကောင်းကင်မြေကြီး ဝိညာဉ်ချီများကို အာရုံခံမိလိုက်ကြပြီး လေတစ်ချက် ရှူသွင်းလိုက်ရုံဖြင့်ပင် မိမိတို့၏ ကျင့်ကြံမှုမှာ တိုးတက်လာနိုင်မည်ဟု ထင်မှတ်နေကြသည်။

သိထားရမည်မှာ သူမတို့သည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့်မျှသာ ဖြစ်သော်ငြား ကျင့်ကြံမှု တိုးတက်လာစေရန်မှာ အလွန်တရာ ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

သို့ရာတွင် ယခုမူ ဖီးနစ်အင်မော်တယ်စံအိမ်အတွင်း၌ နေထိုင်ရုံဖြင့် သာမန်ကျင့်ကြံခြင်း ပြုလုပ်လျှင်ပင် ကျင့်ကြံမှု တိုးတက်လာခြင်းကို အာရုံခံနိုင်မည်ဖြစ်ရာ ဤသည်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ရှားပါးလှသော ကိစ္စရပ်ပင် ဖြစ်၏။

ဤသည်က ဖီးနစ်အင်မော်တယ်စံအိမ်သည် အမှန်တကယ်ပင် ကျင့်ကြံခြင်းကောင်းချီးနယ်မြေတစ်ခု ဖြစ်ကြောင်းကို ကိုယ်စားပြုနေပေသည်။

"မဟုတ်ဘူး... အဋ္ဌမအဆင့် အထွတ်အထိပ် ဝိညာဉ်ကြောလောက်နဲ့တင် ရိုးရှင်းမနေဘူး..."

"အင်မော်တယ်ကြောအဆင့်ထိတောင် ရောက်နေလောက်ပြီ..."

"သိထားရမှာက ဖီးနစ်အင်မော်တယ်စံအိမ်ဆိုတာ ဝိညာဉ်ကမ္ဘာက ပျက်စီးနေတဲ့ အင်မော်တယ်စံအိမ်တွေလို မဟုတ်ဘဲ ပြီးပြည့်စုံတဲ့ အင်မော်တယ်စံအိမ်တစ်ခုပဲ..."

"ဒီလို ပြီးပြည့်စုံတဲ့ အင်မော်တယ်စံအိမ်တွေထဲမှာ အင်မော်တယ်ကြောတွေ ရှိတတ်တယ်လို့ ပြောကြတယ်..."

"အင်မော်တယ်တွေက အင်မော်တယ်ပညာရပ်တွေကို အသုံးပြုပြီး အင်မော်တယ်ကြောတစ်ခုကို အင်မော်တယ်စံအိမ်ထဲ သယ်ဆောင်လာတတ်ကြတယ်... ဒါမှ သူတို့ရဲ့ အင်မော်တယ်စံအိမ်ထဲမှာ အင်မော်တယ်ချီတွေ သိပ်သည်းလာပြီး အချိန်ကြာလာတာနဲ့အမျှ ကျင့်ကြံခြင်းကောင်းချီးနယ်မြေ ဖြစ်လာမှာလေ..."

"ဒါကြောင့် အခုလို သိပ်သည်းတဲ့ စွမ်းအင်တွေကို ကျွန်မတို့ ခံစားနေရတာပဲ... ဒါက သာမန် ကောင်းကင်မြေကြီး မူလချီလောက် မရိုးရှင်းဘူး... အင်မော်တယ်ချီတွေပဲ..."

ယွီရှန်းအာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

'အင်မော်တယ်ကြော...'

ဤစကားကို ကြားလိုက်ရသောအခါ ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများစွာမှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူမတို့သည် ဖီးနစ်အင်မော်တယ်စံအိမ်၏ အစွမ်းထက်ပုံကို ကြားဖူးသော်ငြား ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

ဤကဲ့သို့သော အင်မော်တယ်စံအိမ်မျိုးတွင် ပြီးပြည့်စုံသည့် အင်မော်တယ်ကြောတစ်ခု ပါဝင်နေခြင်းမှာ တကယ်ကိုပင် စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် ဖြစ်လေသည်။

သာမန်အားဖြင့်ဆိုရလျှင် ဝိညာဉ်ကမ္ဘာတွင် အင်မော်တယ်ကြောများ ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

ပြဿနာမှာ ဖီးနစ်အင်မော်တယ်စံအိမ်သည် ဤကဲ့သို့ ယိုယွင်းပျက်စီးနေသည့်အရာများကို အံ့ဖွယ်အရာအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေခြင်းပင် ဖြစ်၏။

ဤအင်မော်တယ်စံအိမ်မှာ အမှန်တကယ်ပင် အကဲခတ်ရခက်ခဲလှသည်ဟုသာ ဆိုရပေမည်။ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော်လည်း အထဲရှိ လျှို့ဝှက်ချက်များကို မည်သူကမျှ အကုန်အစင် မဖော်ထုတ်နိုင်ခဲ့ဘဲ ဧရိယာ၏ (၁၀၀၀၀) ပုံ (၁) ပုံကိုပင် ရှာဖွေမှု မပြီးဆုံးသေးသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

"အကယ်လို့ ဒီလိုဆိုရင် ကျွန်မတို့သာ ဒီမှာနေပြီး ကျင့်ကြံနေရင် ကျင့်ကြံမှုတွေ အမြန်တိုးတက်လာမှာ မဟုတ်ဘူးလား..."

ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဒါက အမှန်ပဲ... ပြဿနာက ကျွန်မတို့ ဒီမှာ အများဆုံး (၁၀) နှစ်လောက်ပဲ နေလို့ရမှာလေ..."

"(၁၀) နှစ် အချိန်ကုန်သွားတာနဲ့ အပြင်ကဝင်လာတဲ့ ဘယ်ကျင့်ကြံသူကိုမဆို ဖီးနစ်အင်မော်တယ်စံအိမ်ကနေ အပြင်ကို နှင်ထုတ်ပစ်မှာပဲ..."

"ဒါကြောင့် ဒီမှာ ပြင်းပြင်းထန်ထန် ကျင့်ကြံနေမယ့်အစား ဖီးနစ်အင်မော်တယ်စံအိမ်ထဲက ရတနာတွေကို ရှာဖွေတာက ပိုကောင်းလိမ့်မယ်..."

ယွီရှန်းအာက ဒေါသတကြီးဖြင့် ပြောလိုက်၏။

ဤနေရာရှိ အင်မော်တယ်ချီများကို လောဘတကြီး လိုချင်နေမည့်အစား ဤနေရာရှိ ဝိညာဉ်ဆေးပင်များစွာကို ရယူခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

ဤသို့ဆိုလျှင် ပိုမိုများပြားသော အကျိုးအမြတ်များကို ရရှိနိုင်ကောင်း ရရှိနိုင်မည် မဟုတ်ပါလော။

ဤနေရာ၌ ကျင့်ကြံနေခြင်းမှာ ဖရဲသီးကိုလွှင့်ပစ်ပြီး နှမ်းစေ့ကို ကောက်ယူသကဲ့သို့ သေးသိမ်သော အရာအတွက် ကြီးမားသော အကျိုးအမြတ်ကို အလွတ်ခံလိုက်ခြင်းသာ ဖြစ်လေသည်။

"ဒါလည်း မှန်ပါတယ်..."

ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများစွာမှာ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ဖီးနစ်အင်မော်တယ်စံအိမ်သို့ မနည်းရောက်လာခဲ့ရသည်ဖြစ်ရာ အင်မော်တယ်ချီ အနည်းငယ်အတွက်သာဆိုလျှင် တကယ်ကိုပင် နှမြောစရာ ကောင်းလှပေသည်။

ပြင်ပလောကရှိ အဆင့်မြင့်ကျင့်ကြံသူ မည်မျှများပြားသည်ကို မသိနိုင်သော်လည်း အားလုံးက ဖီးနစ်အင်မော်တယ်စံအိမ်ထဲသို့ ဝင်ရောက်ရန် နေရာတစ်ခုကို ဈေးကြီးပေး၍ ဝယ်ယူလိုနေကြသည် မဟုတ်ပါလော။

နှမြောစရာကောင်းသည်မှာ သူမတို့သည် ကျောက်စိမ်းယုန်မျိုးနွယ်စုဝင်များ ဖြစ်ကြပြီး မွေးရာပါ ကြောက်တတ်သည့် စိတ်သဘာဝ ရှိကြခြင်းပင် ဖြစ်၏။

ယုံကြည်စိတ်ချရဆုံးသော သူတစ်ယောက် မဟုတ်ပါက တစ်ဖက်လူနှင့် ပူးပေါင်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထိုလူသားကျင့်ကြံသူ ကျိုးစွေ့မှာမူ မတူညီပေ။ မျိုးနွယ်စုခေါင်းဆောင်နှင့် အလွန်ရင်းနှီးပုံရကာ ပတ်သက်မှုတစ်ခုခု ရှိနေသည့်အလား ထင်မှတ်ရသည်။ ထို့ကြောင့် သဘာဝကျစွာပင် ယုံကြည်စိတ်ချထိုက်ပေသည်။

အမှန်တကယ်တွင်လည်း သူမတို့သည် ကျိုးစွေ့ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရချိန်မှာပင် ဤအမျိုးသားအပေါ် အလွန်သဘောကျသွားခဲ့ကြပြီး ယုံကြည်စိတ်ချရသူတစ်ယောက်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် သူမတို့က ကျိုးစွေ့နှင့် ပူးပေါင်းရန် ငြင်းဆန်ခြင်း မပြုခဲ့ကြခြင်းပင်။

All Chapters