← Chapters

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း ၃၁၆

Vol. 32 Ch. 316

အပိုင်း ၃၁၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

မကြာခင်အချိန်အတွင်း ရွာများ လုယက်ခံရပြီး မြို့ငယ်လေးများ သိမ်းပိုက်ခံရလေပြီ။

ရိက္ခာများ အားလုံးကို နေရာတစ်နေရာတည်း၌ ပုံထားကာ မီးရှို့ဖျက်ဆီးပစ်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်ဓားပြများသည် စည်းစိမ်ဥစ္စာများကိုသာ လုယူပြီး မည်သည့် ဝန်ထုပ်ဝန်ပိုးကိုမျှ မသယ်ဆောင်ကြချေ။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော လူများမှာ ဒုက္ခသည်များအဖြစ် ပြောင်းလဲသွားကြပြီး ထျန်းရွှေမြို့ဆီသို့ အုံနှင့်ကျင်းနှင့် ထွက်ပြေးကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင်မှသာ ဘေးကင်းလုံခြုံနိုင်ပြီး ရှင်သန်နိုင်မည့် လမ်းစရှိသောကြောင့်ပင်။

အထက်တန်းလွှာ မြို့စားများ၏ နယ်မြေတစ်ခုစီ၌ အင်အား ၁၀,၀၀၀ ရှိသော စစ်တပ်က ကာကွယ်ပေးထားသော်လည်း ပျမ်းမျှအားဖြင့် နယ်မြေတစ်ခုတွင် လူ ၅၀၀ ခန့်သာ ရှိပြီး အရည်အသွေးညံ့ဖျင်းသော စစ်တပ်များသာ ဖြစ်သောကြောင့် ဆိုလွန်၏ လက်ရွေးစင် ဓားပြတပ်ကို လုံးဝ ယှဉ်နိုင်စွမ်း မရှိကြချေ။

ထို့ပြင် ဆိုလွန်က ရွှေဒင်္ဂါး သေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်ကာ မြေပြင်ပေါ်သို့ သွန်ချလိုက်၏။ မျက်နှာဖုံးတပ်ကာ သူ၏ ဓားပြတပ်ထဲ ဝင်ရောက်သူ မည်သူမဆို ရွှေဒင်္ဂါးများကို ယူဆောင်သွားနိုင်ကြောင်း ကြေညာလိုက်သည်။

အောက်ခြေလူတန်းစား စစ်သားများနှင့် ရွာများရှိ လေလွင့်နေသော လူဆိုးလူမိုက်များမှာ တစ်သက်လုံး ရွှေဒင်္ဂါးများကို မြင်ဖူးသူ မရှိသလောက် ရှားပြီး နှစ်ပေါင်းများစွာ စုဆောင်းမှသာ ရွှေဒင်္ဂါး အနည်းငယ်ကို ရရှိနိုင်ကြသူများ ဖြစ်သည်။

ယခုအခါ ဆိုလွန်နှင့် ပူးပေါင်းရုံဖြင့် ရွှေဒင်္ဂါးများကို ရရှိနိုင်လေပြီ။

ရွှေဒင်္ဂါး မက်လုံးပေး တိုက်ခိုက်မှု၏ ရလဒ်မှာ ရူးသွပ်ဖွယ်ရာပင်ဖြစ်လာ၏။

မရေမတွက်နိုင်သော လူဆိုးလူမိုက်များသာမက ရွာများကို ကာကွယ်နေသည့် အရည်အသွေးညံ့ဖျင်းသော စစ်သားများနှင့် ပြည်သူ့စစ်သည်များပင်လျှင် မျက်နှာကို အဝတ်မည်းဖြင့် ဖုံးအုပ်ကာ ဆိုလွန်၏ ဓားပြတပ်ထဲသို့ ဝင်ရောက်လာကြသည်။

ရက်အနည်းငယ်အတွင်း ဆိုလွန်၏ ဓားပြတပ်ဖွဲ့မှာ လူအင်အား တစ်သောင်းကျော်အထိ တိုးပွားလာသည်။

ဓားပြတပ်ဖွဲ့ ကြီးမှာ ပြင်းထန်သော တိုက်ပွဲများကို တိုက်ခိုက်ရန် မဖြစ်နိုင်သော်လည်း ရွာများနှင့် မြို့ငယ်လေးများကို လုယက်ရာတွင်မူ အလွန် ကျွမ်းကျင်ကြ၏။

ချက်ချင်းပင် ထျန်းရွှေမြို့နယ်မြေအနတစ်ဝိုက်ရှိ မြို့ရွာများအားလုံး၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာပြီး နေရာအနှံ့ မီးလောင်မှုများနှင့် လုယက်မှုများ ဖြစ်ပွားကာ လုံးဝ ဖရိုဖရဲ ဖြစ်သွားသည်။ သိန်းနှင့်ချီသော လူများမှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ မိသားစုများကို ခေါ်ဆောင်ပြီး ထျန်းရွှေမြို့ဆီသို့ ထွက်ပြေးကြရတော့သည်။

ထျန်းရွှေမြို့၌ အင်အား ၁၀,၀၀၀ ရှိသော စစ်တပ်က ကာကွယ်ထားသော်လည်း အမိန့်မရရှိဘဲ စစ်သားတစ်ယောက်မျှ အပြင်သို့ မထွက်ရဲကြချေ။

ရောက်ရှိလာသော ဒုက္ခသည်များကို ရင်ဆိုင်ရသောအခါ ကာကွယ်ရေး အရာရှိက တားဆီးရဲခြင်းမရှိဘဲ မြို့ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။ သို့သော် နောက်ပိုင်းတွင် လူဦးရေမှာ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပိုမို များပြားလာ၏။

ကာကွယ်ရေး အရာရှိလည်း အလျင်အမြန် မြို့တံခါးကို ပိတ်လိုက်ပြီး ဒုက္ခသည်များ ဆက်မဝင်လာစေရန် တားဆီးကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ရှိ အထက်လူကြီးများ၏ အမိန့်ကို စောင့်ဆိုင်းနေရတော့သည်။

……

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်၌ နှစ်ဖက်စစ်တပ် မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြသည်မှာ သုံးရက်ကျော် ကြာမြင့်ခဲ့လေပြီ။

ယန်ယန်၏ အင်အား တစ်သောင်းကျော်ရှိသော စစ်တပ်မှာ တောင်ကြားဂိတ်ကို လာရောက် မတိုက်ခိုက်သေးဘဲ ခံတပ်များကိုသာ တည်ဆောက်နေခဲ့၏။

ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ရှိ လူငါးဦး ပါဝင်သော စစ်မြေပြင် ဌာနချုပ်၌လည်း သံသယများ ဖြစ်ပေါ်နေကြသည်။

ဆိုလွန်၏ ရည်ရွယ်ချက်မှာမည်သို့ဖြစ်သနည်း။ စစ်တပ်ကို မြို့အောက်အထိ ချီတက်လာပြီးမှ အဘယ်ကြောင့် မတိုက်ခိုက်ဘဲ စစ်စခန်းချဖို့ ပြင်ဆင်နေကြသနည်း။

သူ၏ ရိက္ခာများက အချိန်မည်မျှ ခံမည်နည်း။ စစ်စခန်းချ ခံတပ်များဖြင့် အသေခံတိုက်ခိုက်ရန် ပြင်နေကြပါသလော။

ထိုစဉ် သတင်းပို့ စစ်သားတစ်ဦး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာကာ ကျိနင်ရှေ့၌ ဒူးထောက် သတင်းပို့လာသည်။

“မင်းသမီး... ဆိုလွန်က လူတစ်သောင်းကျော်ကို ဦးဆောင်ပြီး ထျန်းရွှေမြို့ဆီ သွားနေပါပြီ... အခုဆိုရင် အတော်လေး ရောက်နေလောက်ပါပြီ”

ထိုစကားကြောင့် လူတိုင်း လုံးဝ အံ့အားသင့်သွားကြသည်။

ဆိုလွန်၏ အင်အား တစ်သောင်းကျော် စစ်တပ်က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် အပြင်ဘက်မှာ ရှိနေသည်မဟုတ်ပါလော။

အဘယ်ကြောင့် သူ့မှာနောက်ထပ် လူအင်အားတစ်သောင်းကျော် ထပ်ရှိနေရပါသနည်း။

အမှန်စင်စစ်တွင် ထျန်းရွှေမြို့ နယ်မြေအတွင်း ကြီးမားလှသော ဓားပြတပ်ဖွဲ့ကြီးတစ်ခုပေါ်ပေါက်လာအကြောင်း လွန်ခဲ့သည့် ရက်ကတည်းက စာပို့ငှက်မှတစ်ဆင့် ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်သို့ ပေးပို့ထားပြီး ဖြစ်သည်။

သို့သော် အခန်းတွင်းရှိ မည်သူကမျှ အရေးတယူ မလုပ်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုတောသူတောင်သားများ သေသွားလျှင်လည်း နှမြောစရာ မရှိသလို ထျန်းရွှေမြို့ အဆင်ပြေနေသရွေ့ ရပြီဟု တွေးထားခဲ့သောကြောင့်ပင်။

သို့သော် ယခုအခါ ဆိုလွန်၏ အင်အား တစ်သောင်းကျော် စစ်တပ်ကြီးက ထျန်းရွှေမြို့ကို တိုက်ခိုက်တော့မည်ဟု မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့လေပြီ။

ဆိုဟန်ရီ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားကာ ပြောလိုက်၏။

“ကျွန်တော် ထျန်းရွှေမြို့ကို အခုချက်ချင်း ပြန်သွားလိုက်မယ်”

ကျိနင် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“စစ်တပ်ကို ပြန်ခေါ်သွားဖို့ လိုမလား”

ဆိုဟန်ရီ ချက်ချင်း ပြန်ဖြေလာ၏။

“မလိုပါဘူး... စစ်တပ်ကို သုံးစရာ မလိုဘူး... ထျန်းရွှေမြို့စောင့်တပ်နဲ့တင် လုံလောက်ပါတယ်”

“မင်းသမီး... ကျွန်တော့်စကားကို နားထောင်ပါ... ဆိုလွန်ဆိုတဲ့သူက အရမ်း ကောက်ကျစ်စဉ်းလဲတယ်..အခု ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် အပြင်ဘက်က ရန်သူ့စစ်စခန်းက မခိုင်မာသေးဘူးဆိုတော့ စတင် တိုက်ခိုက်လိုက်ပါ... မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

“ငါ့မှာ အစီအစဉ် ရှိပါတယ်”

ကျိနင် ငြင်းပယ်ချင်းလည်းမရှိ၊သဘောတူခြင်းလဲမဆိုဘဲ ပြောလိုက်သည်။

ခဏအကြာတွင် ဆိုဟန်ရီတစ်ယောက် ကိုယ်ရံတော်များကို ဦးဆောင်ကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှ ထျန်းရွှေမြို့ဆီသို့ အမြန်ဆုံးထွက်ခွာသွားတော့၏။

……

ယခုအချိန်တွင် ထျန်းရွှေမြို့မှာ လုံးဝ ပရမ်းပတာ ဖြစ်နေလေပြီ။ မြို့ပြင်၌ မရေမတွက်နိုင်သော ဒုက္ခသည်များ စုရုံးနေကြပြီး မည်သူက ဓားပြဖြစ်၍ မည်သူက ဒုက္ခသည်ဖြစ်ကြောင်း လုံးဝ ခွဲခြား၍ မရတော့ချေ။

ဆိုလွန်ကမူ ရွှေဒင်္ဂါးများဖြင့် စုဆောင်းထားသော အင်အား တစ်သောင်းကျော်ရှိသည့် လူဆိုးလူမိုက် တပ်ဖွဲ့ကြီးဖြင့် ဗိုင်းရပ်စ်ပိုး တစ်ခုကဲ့သို့ အရပ်မျက်နှာ အသီးသီးတွင် ကူးစက်ပျံ့နှံ့နေသည်။

ဆိုလွန်၏တပ်ဖွဲ့အတွင်းသို့ မရေမတွက်နိုင်သော လေလွင့် လူဆိုးလူမိုက်များ အုံနှင့်ကျင်းနှင့် ဝင်ရောက်ရှိလာကာ ပိုမိုအင်အားတောင့်တင်းလာသည်။ ဓားပြတပ်ဖွဲ့ ကြီးမှာ အင်အားကြီးမားလှပြီး ထျန်းရွှေမြို့ဆီသို့ အခိုင်အမာချီတက်လာနေကြ၏။

သို့သော် ဆိုလွန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဒုက္ခသည်များအကြား ရောနှော၍ ထျန်းရွှေမြို့အတွင်းသို့ ဝင်ရောက်သွားလေပြီ။

ယခုအချိန်၌ မြို့စားအိမ်တော်၏ အပြင်ဘက်သို့ပင် ရောက်ရှိနေကာ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဆိုဟန်ရီ၏ ဇနီး ယန်ဟုန်ရီကို ကယ်တင်ရန်ဖြစ်သည်။

…..

လွန်လေပြီးသောအချိန်က ဆိုဟန်ရီနှင့် ကျိနင်တို့၏ လျှို့ဝှက်ဆွေးနွေးမှုများကို ဇနီးဖြစ်သူ ယန်ဟုန်ရီ ဝင်ရောက်နှောင့်ယှက်မိပြီး သူ၏ အရုပ်ဆိုးလှသည့် လုပ်ရပ်များ အားလုံး ပေါ်လွင်သွားခဲ့၏။

နာမည်ပျက်မခံနိုင်သည့် ဆိုဟန်ရီသည် ဇနီးဖြစ်သူကို သတ်ဖြတ်ရန် အဆိပ်ခတ်လိုက်သည်။ သို့သော် ငယ်သူငယ်ချင်းများဖြစ်ပြီး အတူတကွ ကြီးပြင်းလာသူများ ဖြစ်သောကြောင့် နောက်ဆုံး၌ အနည်းငယ် ညှာတာမိခဲ့သည်။

ထို့ကြောင့် ယန်ဟုန်ရီ သေမသွားဘဲ အသိစိတ်မဲ့နေသူတစ်ယောက် ဖြစ်သွားရလေပြီ။

ထို့အပြင် ပြီးခဲ့သည့် နှစ်ဝက်အတွင်း ယန်ဟုန်ရီ၏ အခြေအနေကြောင့် ဆိုဟန်ရီတစ်ယောက် လူအများ၏ သနားကြင်နာမှုများကို ရရှိခဲ့သည်။

သူသည် နေ့ဘက်၌ ပြိုင်ဘက်ကင်း လူကောင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ကာ ထျန်းရွှေမြို့အတွက် စွမ်းစွမ်းတမံ အလုပ်လုပ်ပေးပြီး ညဘက်တွင် အိမ်ပြန်၍ အသိစိတ်မဲ့နေသည့် ဇနီးသည်ကို ဂရုတစိုက် ပြုစုပေးသည်။ ဤသည်က ကမ္ဘာပေါ်၌ အပြည့်စုံဆုံး အမျိုးသားတစ်ယောက်ပင်။

သို့သော် လက်တွေ့တွင် ထိုသို့မဟုတ်ချေ။ ဆိုဟန်ရီသည် ဇနီးဖြစ်သူ အသိစိတ်မဲ့နေသည့်တိုင် သူမကို ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေခဲ့ခြင်းသာ။

ထို့ကြောင့် ယန်ဟုန်ရီကို နေ့ညမပြတ် ပြုစုရန်အတွက် အစေခံမိန်းကလေး လေးယောက်ကို အထူး ငှားရမ်းထား၏။ ဇနီးသည်ကို ပြုစုနေကြောင်း သရုပ်ဆောင်ရန် လိုအပ်သည့် အချိန်မှသာ ယန်ဟုန်ရီအနား၌ နေထိုင်လေ့ရှိသည်။

……

ယခုအချိန်၌။

ဆိုလွန်တစ်ယောက် မြို့စားအိမ်တော်၏ အပြင်ဘက်တွင် ရောက်ရှိနေပြီး ယန်ဟုန်ရီကို ခိုးထုတ်ရန် ပြင်ဆင်နေသည်။

ဤအစ်မဖြစ်သူအပေါ် ယခုလက်ရှိဆိုလွန်၌ မည်သည့်ခံစားချက်မှ ရှိမနေချေ။ သို့သော် ယခင် လူဆိုးလေးဆိုလွန်သည် သူမအပေါ် ခံစားချက် အပြည့် ရှိခဲ့၏။

ပထမဆုံးအနေဖြင့် ယန်ဟုန်ရီသည် ဆိုလွန် စိတ်ကူးယဉ်လေ့ရှိသော ပစ်မှတ်တစ်ခုပင်။ သို့သော် ယန်ဟုန်ရီနှင့် သူ၏ ကြား၌ တစ်စုံတစ်ရာ ရှိခဲ့သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

ငယ်စဉ်ကတည်းက သူမသည် ဆိုဟန်ရီကိုသာ သဘောကျခဲ့ပြီး သူမမျက်လုံးထဲ၌ ဆိုလွန်မှာ အကျင့်ပျက်ကောင်လေး တစ်ယောက်သာ။

ယန်ဟုန်ရီတစ်ယောက် ဆိုလွန်၏ စိတ်ကူးယဉ်စရာ ပစ်မှတ်ဖြစ်ရခြင်း အကြောင်းရင်းမှာ သူ အသက် ၁၄ နှစ် အရွယ် မိန်းကလေးများအပေါ် စတင် စိတ်ဝင်စားလာချိန်တွင် ရေချိုးသည်ကို ပထမဆုံး ခိုးကြည့်ခံရသူမှာ ယန်ဟုန်ရီ ဖြစ်နေသောကြောင့်ဖြစ်သည်။

ယန်ဟုန်ရီထံမှ တစ်ကြိမ် မိသွားခဲ့ပြီး သူ့ကို အကြိတ်အနယ် ထိုးကြိတ်ခဲ့၏။ သို့သော် သူမက ဆိုလွန်ကို သွေးသားရင်း မောင်လေးတစ်ယောက်လို ချစ်ခင်သောကြောင့် အခြားသူများကို မပြောပြခဲ့ချေ။

ထို့အပြင် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်က ဘာများ နားလည်နိုင်မည်နည်း။

ယခုအချိန်၌ မြို့စားအိမ်တော်ကို တင်းကြပ်စွာ ကင်းစောင့်နေသောကြောင့် ဆိုလွန်၊ ရဲ့ကျင်းယွီနှင့် မိသားစုစစ်သည် အနည်းငယ်ဖြင့် လူခိုးထုတ်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ထျန်းရွှေ မြို့စားအိမ်တော်သည် ဆိုလွန်၏ အိမ်ပင်။ မြို့စားအိမ်တော်၏ အပြင်အဆင်များကို သူ မမှတ်မိသော်လည်း အစ်မဖြစ်သူ ဆိုနင်ပင်းကမူ အသေအချာ သိရှိထားသည်။

အတွင်းဆောင်ဆီသို့ တိုက်ရိုက်ရောက်နိုင်မည့် လျှို့ဝှက်လမ်းတစ်ခု ရှိ၏။ ဆိုမိသားစု ဘိုးဘေးများက မတော်တဆ ဝိုင်းရံခံရပါက လွယ်ကူစွာ ထွက်ပြေးနိုင်ရန် ထိုလျှို့ဝှက်လမ်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

တိတိကျကျဆိုရလျှင် ထိုလျှို့ဝှက်လမ်းကို ဆိုမိသားစု၏ မျိုးဆက်များသာ သိရှိကြပြီး မြို့စားကြီးဆိုလုံ မသေဆုံးမီက ဆိုနင်ပင်းအား ပြောပြခဲ့သည်။

သို့သော် ဆိုဟန်ရီတစ်ယောက် မြို့စားအိမ်တော်၌ အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ထိုလျှို့ဝှက်လမ်း ရှိကြောင်းကို လုံးဝ မသိခဲ့ပေ။ လျှို့ဝှက်လမ်း၏ ဝင်ပေါက်မှာ မြို့စားအိမ်တော် မြောက်ဘက် မီတာ ရာဂဏန်းအကွာရှိ သစ်တောအုပ်လေးထဲ၌ ရှိပြီး အပေါ်တွင် နှစ်ရာချီ သက်တမ်းရှိသော သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေသည်။

ညအမှောင်ထဲ၌ မိသားစုစစ်သည်များက ထိုသစ်ပင်ကြီး၏ အနီးတစ်ဝိုက်ကို ပေါက်ပြားများဖြင့် ဂရုတစိုက် တူးဆွလိုက်ကြ၏။ အောက်သို့ တစ်ပေခန့် တူးပြီးသွားသောအခါ ဧရာမ ကျောက်ပြားကြီး တစ်ချပ် ပေါ်လာပြီး ယင်းကျောက်ပြားကို ဖွင့်လိုက်ချိန်၌ နက်ရှိုင်းသော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ကျောက်ပြားကြီးကို မတင်လိုက်သည်နှင့် အထဲမှ ထွက်ပေါ်လာသော ဆွေးမြည့်နေသည့် အနံ့ဆိုးများကြောင့် ဆိုလွန်ပင် မခံမရပ်နိုင် ဖြစ်သွားရ၏။

လျှို့ဝှက်လမ်းကို မဖွင့်ခဲ့သည်မှာ အနည်းဆုံး နှစ်တစ်ရာကျော် ကြာမြင့်နေပြီဖြစ်သည်။ ဆိုလွန်နှင့် အခြားသူများ ချက်ချင်း မဆင်းသေးဘဲ လျှို့ဝှက်လမ်းထဲ လေဝင်လေထွက် ကောင်းသွားစေရန် စောင့်ဆိုင်းနေလိုက်ကြသည်။

နာရီဝက်ခန့် ကြာပြီးနောက် အထဲမှ ဆွေးမြည့်နေသည့် အနံ့ဆိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဆိုလွန်တို့ အသက်ပြင်းပြင်း ရှူလိုက်ကြပြီးနောက် အောက်သို့ ခုန်ဆင်းကာ လျင်မြန်စွာဖြင့် ရှေ့သို့ ပြေးသွားကြသည်။ လျှို့ဝှက်လမ်းတစ်ခုလုံးကို ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး မီတာ ၅၀၀ ခန့် ရှည်လျားကာ အတွင်းဆောင်ရှိ ဂိုဒေါင်ဆီသို့ တိုက်ရိုက် ဦးတည်နေသည်။

မိနစ်အနည်းငယ် အကြာ၌ ဆိုလွန်နှင့် အခြားသူများ လျှို့ဝှက်လမ်း၏ အဆုံးသို့ ရောက်ရှိလာကြသည်။ ဆိုလွန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ အပေါ်ဘက်ရှိ အခြေအနေကို အာရုံခံလိုက်၏။

မည်သူမှ မရှိကြောင်း သေချာသွားသောအခါ အပေါ်ပေါက်ကို တွန်းဖွင့်လိုက်သည်။ ချက်ချင်းပင် လျှို့ဝှက်တံခါးမှာ အသံတိတ် ပွင့်သွား၏။

ဆိုလွန်တို့လူစု အပေါ်သို့ ခုန်တက်လိုက်ရာ ဂိုဒေါင်တစ်ခုထဲသို့ ရောက်ရှိလာကြလေပြီ။

အပိုင်း ၃၁၆ ပြီး။

All Chapters