← Chapters

မိုးကောင်းကင်ဘုံနယ်မြေသစ်

Vol. 024 Ch. 1172

မိုးကောင်းကင်ဘုံနယ်မြေသစ်

Vol. 024 Ch. 1172

ကျောင်းတော်ပြင်ပရှိ‌ လေဟာနယ်မှာ လုံးဝ နက်မှောင်နေကာ ခပ်အုပ်အုပ်အသံများ ကြားနေရသည်။

အစီအရင်အတွင်း၌ ချင်းလင်သည် မျက်လုံးဖွင့်လာသည်။ ကောင်းကင်ဘုံအင်ပါယာဟောင်းသည် သက်လတ်ပိုင်းအရွယ် ရှိနေသည်ကလွဲ၍ သူသည် အသက်ကြီးရင့်ဟန် ပေါ်သည်။

ချင်းရှောင်လည်း နိုးလာ၏။ သူမသည် သူမ၏ညာလက်ပေါ်ရှိ ဒဏ်ရာကို ကြည့်ကာ မျက်ခုံးတွန့်သွား၏။ ဝမ်ဝေနှင့်ဟူကျွမ်တို့မှာလည်း နိုးထလာ၏။ ဝမ်ဝေ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ သူက ချက်ခြင်း ဒူးထောက်ချသည်။ သူက ချင်းလင်ကို လေးစားစွာကြည့်၏။

“ဆရာ…သင်…”

ဟူကျွမ်ကတော့ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ စိတ်ရှုပ်ထွေးစွာ ချင်းလင်ကို ကြည့်သည်။

ချင်းလင်သည် ပြုံး၍ သူ့တပည့်စုံတွဲကို ကြည့်ကာ နူးညံ့စွာ ဆိုသည်။ “မင်းတို့ ဒီနှစ်တွေမှာ ငါ့အတွက် အတော်လေး ကြိုးစားခဲ့ကြတာပဲ…”

“ဆရာ…” ဝမ်ဝေ၏ ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူ့မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာသည်။ သူသည် ချင်းလင်နိုးထလာဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည် မဟုတ်လား။ အခုလိုမျိုး ဖြစ်လာရန် သူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့၏။ ထိုအရာများက ချင်းလင် သူ့ကို တပည့်အဖြစ် လက်ခံပေးခဲ့မှုအပေါ် ပြန်ပေးဆပ်ခြင်းလည်း ဖြစ်သည်။

ဝမ်ဝေသည် သူက အနည်းငယ် ကျော်ကြားမှု ရှိခဲ့သည့် ချီကျင့်ကြံသူလေး တစ်ယောက် ဖြစ်ခဲ့သည်ကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ သူ့ဆရာကသာ သူ့ကို ဘဝသစ်ပေးခဲ့ခြင်းဖြစ်၏။ သူ့ဆရာကသာ သူ ကျင့်ကြံခြင်း၏အထွတ်အထိပ်ကို ရောက်ရှိရန် နှင့် ပျော်ရွှင်ဖွယ်ဘဝနေထိုင်မှုကို ပေးခဲ့ခြင်း ဖြစ်၏။

ဤအခိုက်တွင် ကျောက်ရီသည် မျက်လုံးဖွင့်လာ၏။သူက ချင်းရှောင်ကို ကြည့်သည်။ သူ့မျက်လုံးထဲ၌ ခါးသီးမှုနှင့်ဝမ်းနည်းမှုတို့ ပြည့်နေသည်။ သို့သော် အပြင်ပိုင်းတွင်တော့ သူသည် တည်ငြိမ်မှုကိုသာ ပြ၏။

“စီနီယာချင်းလင်…ဂျူနီယာ သင့်ကို တောင်းဆိုချင်ပါတယ်…” ဝမ်လင်းသည် ချင်းလင်ထံသို့ ကြည့်၏။

“သင်က ဂျူနီယာ့ကို သင့်တပည့်ဖြစ်လိုလား မေးခဲ့တယ် မဟုတ်လား…” ချင်းလင်၏ တည်ငြိမ်သည့်အကြည့်က ဝမ်လင်းထံသို့ ကျရောက်လာသည်။

ဝမ်လင်းသည် အနည်းငယ် စဉ်းစား၏။ ထို့နောက် သူက စစ်ထူထံသို့ လက်ညှိုးထိုးကာ တလေးတစား ပြောသည်။ “ဆရာ…ဒီလူက တပည့်ရဲ့ မိတ်ဆွေပါ…။ သူဟာ ကောင်းကင်ဘုံအဆိပ်သင့်ခံထားရတယ်…”

ချင်းလင်းက စစ်ထူနန်ကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာပင် ဆိုလာသည်။ “အံ့ဩဖွယ်ကောင်းတဲ့ ပါရမီပဲ။ မင်း…ငါ့ကို ဆရာအဖြစ် လက်ခံချင်လား…”

စစ်ထူနန်သည် မောက်မာလှသော်လည်း သူသည် ချင်းလင်ကို ရင်ဆိုင်ရစဉ် ဝမ်လင်းလိုမျိုး တည်ငြိမ် မနေနိုင်ပေ။ တကယ်တော့ သူသည် ချင်းလင်ကို ကယ်တင်ရာ၌ ပါဝင်ခဲ့ခြင်း မရှိရာ ထို့ကြောင့် သူသည် ချင်းလင်အား ရှိန်၍ အံ့အားသင့်နေ၏။ စစ်ထူနန်က အနည်းငယ် ချီတုံချတုံ့ဖြစ်ကာ လေးလေးစားစား ပြောလိုက်၏။ “ဒီတပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ်…”

ထိုသို့ ပြောလိုက်ပြီးနောက် စစ်ထူနန်က မျက်လုံးပင့်ကြည့်ကာ ထပ်ပြောလာသည်။ “ဒါပေမယ့် ဆရာ…တပည့်က လွတ်လပ်မှုကို နှစ်သက်တယ်။ ဒါ့ကြောင့် သင် ငါ့ကို မချုပ်နှောင်ဖို့ တောင်းဆိုပါတယ်…”

သည်စကားက ချင်းလင်ကို ရယ်မောသွားစေ၏။ “မင်းအဆိပ်ကို ဖယ်ရှားပြီးရင် မင်း ကြိုက်တာလုပ်နိုင်တယ်။ ငါက မင်းရဲ့ လွတ်လပ်မှုကို ဘာလို့ ချုပ်နှောင်တားဆီးရမှာလဲ…”

ထိုသို့ ဆိုပြီးနောက် ချင်းလင်က ကြင်နာစွာ ကြည့်၍ ခေါင်းယမ်း၏။ သူသည် မတ်တပ်ထရပ်ကာ သူ့လက်နှစ်ဖက်ကို သူ့သမီးချင်းရှောင်၏ ပုခုံးပေါ်သို့ တင်လိုက်၏။ သူက နူးညံ့စွာ ပြောလာသည်။ “ချင်းရှောင်…ငါ သမီးရဲ့ ခန္ဓာကိုယ်ထဲက ကောင်းကင်ဘုံမူလစွမ်းအင်ကို ငှားသုံးဦးမယ်…”

ထိုသို့ ပြောလိုက်ပြီးသည်နှင့် ချင်းလင်၏ညာလက်မှ ပြင်းထန်သောစုပ်အားတစ်ခု ပေါ်လာကာ ချင်းရှောင်၏ ကောင်းကင်ဘုံမူလစွမ်းအင် အမျှင်တန်းတစ်ခုသည် ချင်းလင်၏ ညာလက်ထဲသို့ တိုးဝင်လာ၏။

၎င်းမှာ ကောင်းကင်ဘုံမူလစွမ်းအင် အများအပြားမဟုတ်၊ အမျှင်တန်းတစ်ခုမျှသာ ဖြစ်သည်။ ဝမ်လင်း အရင်က ပိုင်ဆိုင်ခဲ့ဖူးသည့် ကောင်းကင်ဘုံမူလစွမ်းအင်ပမာဏနှင့် ယှဉ်ပါက အခုစွမ်းအင်သည် နည်းပါးလွန်းသည်။ သို့ရာတွင် သည်ကောင်းကင်ဘုံမူလစွမ်းအင်အမျှင်တန်းက ချင်းလင်၏ လက်ထဲ၌ တောက်ပနေသည်။

ဤအလင်းတောက်ပမှုမှာ အလွန်အကျူး မဟုတ်သော်လည်း ကျောင်းတော်တစ်ခုလုံးကိုတော့ လင်းစေသည်။

ချင်းလင်က တည်ငြိမ်စွာပင် ရှေ့သို့ လှမ်းလာကာ ကျောင်းတော်ထဲကနေ လှမ်းလျှောက်ထွက်လာသည်။ သူသည် လေဟာနယ်ထဲသို့ ခြေချကာ အကွာအဝေးတစ်ခုရှိ မြောလွင့်နေကြသောအစိတ်အပိုင်းမြေများကို ကြည့်သည်။ သူက သူ့အိမ်ဖြစ်ခဲ့ဖူးသည့် ဤနေရာကို ကြည့်ကာ သူ့အသွင်သည် ခါးသီးဟန် ပေါ်သည်။

ခုချိန်၌ ကောင်းကင်ဘုံနယ်မြေအများစုသည် ပျက်စီးပြိုပျက်ပြီး ဖြစ်၏။ သည်အစိတ်အပိုင်းများသည်ပင် လုံးဝ မပျက်စီးသေးသော်လည်း အက်ကြောင်းများဖြစ်ကာ ဤပြိုပျက်ခြင်းဖြစ်စဉ်အတွင်း၌ ပါဝင်နေသည်။

ကြည့်ရသည်မှာ မိုးကောင်းကင်ဘုံနယ်မြေသည် ပျောက်ကွယ်သွားဖို့ သိပ်မကြာတော့မည့်ပုံပင်။ ၎င်းနယ်မြေသည် ကျင့်ကြံသူများအတွက် မှတ်ဉာဏ်သာ ဖြစ်လာပေတော့မည်။ နှစ်ပေါင်းသောင်းနှင့်ချီ ကုန်လွန်ပြီးချိန်တွင်တော့ ယင်းမှတ်ဉာဏ်သညာသည်လည်း လွင့်ပါးကာ လုံးလုံး မေ့ပျောက်သွားကြပေလိမ့်မည်။

သက်ပြင်းချကာ ချင်းလင်သည် သူ့ညာလက်ထဲမှ ရွှေရောင်အလင်းကို ဝေ့ယမ်း၏။ ရွှေရောင်အလင်းတန်း ပျံသန်းထွက်သွားသည်။ ရွှေရောင်အလင်းမှာ နေမင်းကဲ့သို့ ဤလေဟာနယ်နေရာတစ်ခုလုံးကို လင်းလက်စေသည်။

ရွှေရောင်အလင်းကနေ ရွှေရောင်အမျှင်တန်းလိုင်းများ ပေါ်လာကာ တစ်ခုနှင့်တစ်ခု ယှက်လိမ်ပြီး ပိုက်ကွန်သဖွယ် မြန်ဆန်စွာ ပျံ့လွင့်သည်။ ဤအမျှင်တန်းများသည် လောက၏ဥပဒေများ ဖြစ်ကြကာ ၎င်းရွှေရောင်အလင်းထဲ၌ အသက်ဓာတ်ကို အားဖြစ်စေသည့် ရှင်သန်ခြင်း ပါဝင်ပေသည်။

ရွှေရောင်အလင်းနှင့်ရွှေရောင်လိုင်းတို့သည် ပျံ့နှံ့နေရင်း မိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် ၎င်းတို့ဖြင့် ခြုံလွှမ်းသည်။ ပြိုကျနေသော အစိတ်အပိုင်းမြေများ ပျက်စီးနေခြင်းကနေ ရပ်တန့်ကုန်၏။ လွင့်မြောနေသော ကျောက်တုံးကျောက်စများသည်လည်း လှုပ်ရှားနေရာကနေ ရပ်တန့်သည်။

ပြိုကျပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့များသည်လည်း ၎င်းတို့၏ အဆုံးမရှိလှည့်လည်နေမှုကနေ ရပ်တန့်ကာ မလှုပ်မယှက် ဖြစ်လာသည်ဟု ထင်ရသည်။

“မိုးကောင်းကင်ဘုံနယ်မြေ…ပြန်လည်ဖွဲ့စည်းဖြစ်ပေါ်စေ…” ချင်းလင်၏အသံသည် တည်ငြိမ်သည်။ သို့သော် ၎င်းအသံသည် ကျောင်းတော်ထဲကနေ သူ့နောက်သို့ လိုက်၍ ထွက်လာသော လူများ၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားသည်။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည် တုန်ယင်နေ၏။ သူတို့သည် ချင်းလင်ကို လေးစားလွန်းစွာ ကြည့်နေကြသည်။

ချင်းရှောင်သည် သူမအဖေ၏ နောက်ကျောကို ခံစားချက်ကင်းမဲ့စွာသာ ကြည့်နေသည်။ သူမမှတ်ဉာဏ်များ၏ အစကနေ အဆုံးထိ သူမ၏ဒီအဖေသည် မိုးကောင်းကင်ဘုံနယ်မြေ၏ ကျောရိုး ဖြစ်ခဲ့ပေသည်။ သူမအဖေသည် သူမနှင့် ဆော့ကစားပေးရန်လည်း အချိန်မရှိခဲ့ပေ။ သူသည် အမြဲလိုလို ကောင်းကင်ဘုံနယ်မြေ သို့မဟုတ် ကျင့်ကြံခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့ရသည်။

ချင်းရှောင်သည် မိုးကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့မှုကို ကောင်းစွာ မှတ်မိနေသေးသည်။ မိုးကောင်းကင်ဘုံနယ်မြေသည် သူမအဖေ၏ သွေးချွေးတို့ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ မိုးကောင်းကင်ဘုံနယ်မြေ ပြိုပျက်သည်ကို တွေ့မြင်ခဲ့ရချိန်တွင် ချင်းရှောင်သည် ဝမ်းနည်းမှု မခံစားရသည့်အပြင် စိတ်သက်သာရာရမှု အငွေ့အသက်ကိုပင် ခံစားမိခဲ့သေးသည်။

ဤအရာကား အလွန်ရှုပ်ထွေးသည့် ခံစားချက်ဖြစ်သည်။ သူမသည်ပင် မည်သို့ဖြစ်မှန်း မပြောတတ်အောင် ဖြစ်ရသည်။ သို့သော် သူမအဖေ မိုးကောင်းကင်ဘုံနယ်မြေကို ပြန်ဖွဲ့စည်းစေသည်ကို တွေ့မြင်နေရရင်း ချင်းရှောင်မှာ နာကျင်မှုစူးခနဲ ခံစားမိသည်။

ကျောက်ရီသည် ချင်းရှောင်ကို တိတ်ဆိတ်စွာသာ ကြည့်နေ၏။ သူသည် ချင်းရှောင်မျက်နှာထက်ရှိ နာကျင်မှုကို တွေ့မြင်ရချိန်၌ သူ့စိတ်နှလုံးမှာ တုန်ယင်မိရသည်။

ချင်းလင် ပြောလိုက်ချိန်တွင် မိုးကောင်းကင်ဘုံနယ်မြေအနှံ့ ပြန့်နှံ့သည့် ရွှေရောင်ပိုက်ကွန်သည် စတင်၍ ကျုံ့လာ၏။ ခုချိန်တွင် နယ်မြေတစ်ခုလုံး၌ ရွှေရောင်အလင်း ဖုံးလွှမ်းနေသည်။ ဝဲကတော့များအားလုံးသည် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြသည်။

တစစီဖြစ်သည့် ကျောက်တုံးကျောက်စိုင်များမှာလည်း အားတစ်ခုက စုဆွဲသကဲ့သို့ စတင်စုစည်းလာသည်။ ဟင်းလင်းပြင်လေဟာနယ်ထဲရှိ အပျက်အစီးများသည်လည်း စုစည်းကာ ကုန်းမြေထုအသစ် ဖြစ်ပေါ်လာသည်။

ရွှေရောင်ပိုက်ကွန်သည် မြေကြီးထုကို ခြုံကာ ပြန်ကျုံ့နေရင်း မြက်ပင်များ စတင် ကြီးထွားလာ၏။ ရေများ ထွက်ပေါ်လာသည်။

အစိတ်အပိုင်းမြေသည် တုန်ဟိန်းကာ တောင်များနှင့် ခမ်းနည်းထည်ဝါသော နန်းတော်များ ပေါ်လာတော့သည်။

ဝမ်လင်းနောက်ရှိ ကျောင်းတော်သည် လေထဲသို့ ပျံဝဲတတ်ကာ ဤအစိတ်အပိုင်းမြေ၏ ဗဟိုချက်သို့ စွဲငင်ခြင်းခံရကာ နေရာချသည်။

“အခုကစပြီး…ဒီနေရာဟာ မိုးကောင်းကင်ဘုံနယ်မြေအသစ်ပဲ…” ချင်းလင်၏အသံသည် လောကတွင် တည်ငြိမ်စွာ ထွက်ပေါ်သည်။

ဝမ်လင်းသည် မိုးကောင်းကင်ဘုံနယ်မြေအသစ်၏ တောင်တစ်ခုပေါ်တွင် ထိုင်လျက်ရှိနေကာ သူ့အား ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ဝန်းရံထားသည်။ ချင်းလင် ရွှေရောင်လိုင်းများကို ဖန်တီးသည့် မြင်ကွင်းက သူ့ခေါင်းထဲ၌ ရစ်ဝဲလို့နေသည်။ သူသည် ဥပဒေသများ၏ ပြောင်းလဲမှုနှင့် မူလစွမ်းအင်ရင်းမြစ်၏ စွမ်းအားတို့ကို ရှင်းလင်းစွာ ခံစားမိသည်။

မိုးကောင်းကင်ဘုံနယ်မြေကို အသစ်ပြန်တည်ဆောက်ပြီး သုံးရက်မြောက်နေ့သို့ ရောက်ခဲ့ပြီ ဖြစ်သည်။ ချင်းလင်က စစ်ထူနန်ကို ကျောင်းတော်ထဲသို့ ခေါ်ယူခဲ့၏။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည်လည်း နန်းတော်တစ်ခုတွင် အခြေချသည်။ ဝမ်ဝေ အလွန်ပျော်နေသည်မှာ သိသာလှပေသည်။

သူ ပျော်နေခြင်းက ဟူကျွမ်ကိုလည်း ပျော်ရွှင်စေသည်ဟု ဆိုလိုပေသည်။ ဝမ်လင်းသည် သည်စုံတွဲ၏ ပျော်ရွှင်မှုကို မနာလို ဖြစ်မိရသည်။

ပျော်ရွှင်မှုအကြောင်း တွေးရင်း ဝမ်လင်းသည် အကွာအဝေးတစ်ခုထံသို့ ကြည့်မိသည်။ အကွာအဝေးတစ်ခု၌ ကောင်းကင်ဘုံတိမ်များ ဝန်းရံနေသည့် ရေခဲချပ်လွှာကြီးတစ်ခု ရှိသည်။ ချင်းရှောင်က ဤရေခဲချပ်လွှာထိပ်တွင် ရှိနေသည်။

ချင်းရှောင်၏ စိတ်နေစိတ်ထားမှာ အဆုံးစွန် အေးစက်သည်။ သူမ အဖေကိုပင် စကားများများ မပြောလှပေ။ သူမသည် ဟူကျွမ်နှင့်သာ စကားစမြည် အနည်းငယ် ပိုပြောဖြစ်သေး၏။ မိုးကောင်းကင်ဘုံနယ်မြေသစ် ပြန်ဖွဲ့စည်းပြီးနောက် ချင်းရှောင်သည် သူမ၏စွမ်းအားကို သုံးကာ ရေခဲလွှာချပ်တစ်ခုကို ဖြစ်စေ၍ ဤနေရာတွင် တိတ်ဆိတ်စွာ နေထိုင်သည်။ သူမသည် မည်သူမျှ လာခွင့်မပြုပေ။

သို့သော် ဝမ်လင်းက ကျောက်ရီသည် ရေခဲလွှာ၏ အောက်ခြေတွင် ထိုင်နေသည်ကို ရှင်းလင်းစွာ မြင်၏။ သူသည် ရေခဲချပ်လွှာ၏ ထိပ်ရှိ ခပ်ဝါးဝါးပုံရိပ်ကိုသာ မော့ကြည့်နေသည်။ သူသည် သူမကို စောင့်ကြပ်ပေးနေသကဲ့သို့ပင်။ သူက သူမ၏အလောင်းခန္ဓာကို နှစ်ပေါင်းနှစ်ထောင် စောင့်ပေးခဲ့သလိုမျိုးပင်။

“ချင်းရှောင်ရဲ့ နိုးထမှုက အစ်ကိုကြီးကျောက်ကို မပျော်ရွှင်ရစေပါလား…”

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ကောင်းကင်ပြာထံသို့ မော့ကြည့်သည်။ မိုးကောင်းကင်ဘုံနယ်မြေသစ်တွင် မည်သည့်ဟင်းလင်းပြင်အက်ကြောင်းမှ ရှိမနေဘဲ အလွန်တည်ငြိမ်တည်မြဲသည်။

ငွေရောင်အမျိုးသမီးအလောင်းသည် သူ့နောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏အကြည့်သည် ဝမ်လင်းထံသို့ မကြာမကြာ ရောက်ရှိ၏။ သို့သော် သူမသည် ချက်ခြင်း အကြည့်လွှဲပစ်တတ်သည်။

ဝမ်လင်း သည်နေရာတွင် ထိုင်နေသည်မှာ သုံးရက်တိတိ ရှိခဲ့ပေပြီ။ ချင်းလင်အသုံးပြုခဲ့သော ရွှေရောင်အလင်းကို ပြန်တွေးကြည့်နေခြင်းအပြင် သူသည် အချိန်အများစုကို ချင်းလင်၏ အသိစိတ်ပင်လယ်ထဲ၌ တွေ့ကြုံခဲ့ရသည့် တိုက်ပွဲအကြောင်းကိုသာ ဆင်ခြင်နေသည်။

ချင်းလင်၏ အသိစိတ်ပင်လယ်ကနေ ထွက်လာခဲ့ချိန်၌ သူ့ကျင့်ကြံမှုအဆင့်သည် မြင့်တက်လာခဲ့ခြင်း မရှိပေ။သူသည် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်ထဲပ မျိုးစေ့တစ်ခု ပိုင်ဆိုင်ခဲ့ပေပြီ။ ၎င်းမျိုးစေ့မှာ တတိယအဆင့်အတွက်၊ ဥပဒေသအတွက်၊ တာအိုကို ရှာဖွေခြင်းအတွက် ဖြစ်လေသည်။

ထိုအရာမှာ ချင်းလင် သူ့ကို ပေးခဲ့သော လက်ဆောင်တည်း။

အတိတ်တုန်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို အသက်သွင်းခဲ့ချိန်တွင် ဝမ်လင်းသည် တံခါးနောက်ကွယ်ရှိ တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးသည်။ သို့သော် ဤတွေ့မြင်မှုက တွေ့ရုံဆိုရုံမျှသာ။ ချင်းလင်ကတော့ သူ့ကို တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ မန္တာန်များကို ကိုယ်တိုင် ခံစားခွင့် ပေးခဲ့သည်။ ထိုအချက်က ဝမ်လင်းအဖို့ အလွန်တရာ အဖိုးထိုက်တန်လှသည်။ ဤအဖြစ်က သူ့လမ်းကြောင်းကို ပို၍ ရှင်းလင်းစေခဲ့ပေသည်။

သူသည် ဆက်လက်ဆင်ခြင်နေရင်း အလွန်တရာပင်ပန်းနေသည့် အသံတစ်ခုသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။

“ဝမ်လင်း…ငါ့ကို လာတွေ့…”

ဝမ်လင်းသည် ခေါင်းမော့ကာ ကျောင်းတော်ကို ကြည့်၏။ ထို့နောက် သူက မတ်တပ်ထရပ်သည်။ သူသည် ကျောင်းတော်ထံသို့ တည်တည်ငြိမ်ငြိမ်ပင် လျှောက်လှမ်းသွားသည်။ သူ့အဖို့ ကျောင်းတော်ထံသို့ ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။

သူ ကျောင်းတော်ထဲသို့ ဝင်လာသည်နှင့် ဝမ်လင်းသည် မရပ်တန့်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူ့ရှေ့၌ ချင်းလင်နှင့် ဆင်တူသည့် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သေချာကြည့်ပါက သူသည် ကောင်းကင်ဘုံအင်ပါယာချင်းလင်မှန်း ရှင်းလင်ပေသည်။

သို့ရာတွင် အချို့အမည်မသိအကြောင်းပြချက်ကြောင့် သူသည် အတော်လေး အိုစာသွားသည်။

ချင်းလင်က ဖြည်းဖြည်းခြင်း ပြောသည်။ “ထိုင်လိုက်…”

ဝမ်လင်းက ချင်းလင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူ့အသွင်က တည်ငြိမ်နေ၏။

***

All Chapters