← Chapters

အခန်း ၁၀၄၄

Vol. 70 Ch. 1044

အခန်း ၁၀၄၄

Vol. 70 Ch. 1044

အခန်း (၁၀၄၄) ဧရာမဝေလငါး ကောင်းကင်ကိ ဝါးမြိုခြင်း။ အဆုံးမဲ့ ဝိညာဉ်စွမ်းအင်။ (၁)

စူးချန်ခုန်းသည် မျက်လုံးများကိုမှိတ်ကာ ပက်လက်ထိုင်နေပြီး သူ၏ ချီနှင့် သွေးများမှာ သွေးနီရောင် တောက်ပနေသော နေလုံးကြီးတစ်ခုပမာ သူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသည်။ သူ၏ နှလုံးသားထဲတွင် အသစ်မွေးဖွားလာသော ဧရာမဝေလငါး နတ်ဘုရားမျိုးစေ့က ရှေးဟောင်းဆန်ပြီး ခမ်းနားထည်ဝါကာ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သားရဲစစ် အကောင် (၂၀) ၏ အသားနှင့် သွေးကို ဝါးမြိုခဲ့ခြင်း၊ ထို့အတူ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး သားရဲစစ်များထံ ကျွေးမွေးထားသည့် နတ်ဘုရားသွေးများ သူ၏ ခန္ဓာကိုယ်သို့ ပြန်လည် စီးဆင်းလာခြင်းတို့က ဧရာမဝေလငါးကျင့်စဉ်ကို အဆင့် ၁၂၊ နတ်ဘုရားစွမ်းရည် အဆင့်သို့ ရောက်ရှိစေခဲ့သည်။

"ဒုန်း ဒုန်း ဒုန်း"

ကောင်းကင်ယံတွင် မိုးကြိုးများ ပစ်ခတ်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာကာ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ရှေးဟောင်း သားရဲစစ်ဘုရင်ကြီးတစ်ကောင် ပြန်လည်ရှင်သန်လာသကဲ့သို့ အရိပ်ယောင်များ ထွက်ပေါ်လာသည်။ လခြမ်းကွေးပင်လယ်၏ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးအတွင်း ပင်လယ်ပြင်မှာ ဆူပွက်နေပြီး မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများနှင့် ဆန်းကြယ်သားရဲများမှာ ဝိညာဉ်ကို ထိခိုက်စေမည့် ကြောက်ရွံ့မှုများဖြင့် တုန်ရီနေကြသည်။

"ဝူး"

ဧရာမဝေလငါးကျင့်စဉ် အောင်မြင်သွားသည်နှင့် ဧရာမဝေလငါး နတ်ဘုရားမျိုးစေ့က လျင်မြန်စွာ လှည့်ပတ်သွားပြီး ကောင်းကင်ရှိ ဝိညာဉ်စွမ်းအင် ဝဲဂယက်များကို စုပ်ယူလိုက်သည်။ ကောင်းကင်မှ စီးကျလာသော မြစ်ရေပမာ စွမ်းအင်တန်းကြီးမှာ စူးချန်ခုန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ဧရာမဝေလငါး နတ်ဘုရားမျိုးစေ့ ကြီးထွားရန်အတွက် အစာအာဟာရအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။

သွေးနီရောင် ဧရာမဝေလငါး နတ်ဘုရားမျိုးစေ့က တုန်ခါသွားပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင်ဖျော့ဖျော့ နတ်ဘုရား အမှတ်အသားများ စုစည်းလာသည်မှာ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်သည်။

အမှတ်အသားတစ်ခု၊ အမှတ်အသားနှစ်ခု..

ပြင်းထန်စွာ စုစည်းပြီးနောက် နတ်ဘုရား အမှတ်အသား (၂၅) ခု နောက်ဆုံးတွင် ပေါ်ထွက်လာပြီး တည်ငြိမ်သွားသည်။ ဧရာမဝေလငါးကျင့်စဉ်မှာ နောက်ဆုံးတွင် အောင်မြင်သွားပြီး တိရစ္ဆာန်ငါးမျိုးနှင့် ဆန်းကြယ်လိပ် နတ်ဘုရားမျိုးစေ့တို့နှင့် တူညီသော နတ်ဘုရား အမှတ်အသား အရေအတွက်သို့ ရောက်ရှိသွားသည်။

မိုးလင်းခါနီးတွင် လေများ ငြိမ်သက်သွားပြီး မိုးများ ရပ်တန့်ကာ ကောင်းကင်မှာ တောက်ပသော အပြာရောင်သို့ ပြောင်းလဲသွားသည်။ နေရောင်ခြည်က ပြန်လည် ထွန်းလင်းလာပြီး အရာအားလုံးကို အသက်ဝင်စေသည်။

စူးချန်ခုန်းသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏ ပါးစပ်နှင့် နှာခေါင်းမှ မြူခိုးကဲ့သို့ အဖြူရောင် အငွေ့များ ထွက်လာသည်။

သူ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး "နောက်ဆုံးတော့... ငါ အဆင့်တက်သွားပြီ။" ဟု ဆိုလိုက်သည်။

ဧရာမဝေလငါးကျင့်စဉ်ကို အဆင့် ၁၂ သို့ မြှင့်တင်ရန် စူးချန်ခုန်း၏ အရင်းအမြစ်များနှင့် စွမ်းအင်များစွာ ကုန်ဆုံးခဲ့ရသည်။ သုံးနှစ်တာ ကာလအတွင်း မူလအနှစ်ရည် တစ်သောင်းနီးပါးနှင့် အလွန်တန်ဖိုးကြီးသော မူလဝိညာဉ်ကျောက်တုံးကို အသုံးပြုကာ စူးချန်ခုန်းမှာ သူ၏ ဆန္ဒကို ပြည့်ဝစေခဲ့သည်။

ဧရာမဝေလငါးကျင့်စဉ်ကို နတ်ဘုရားစွမ်းရည်အဆင့်သို့ မြှင့်တင်လိုက်နိုင်သဖြင့် သူသည် နတ်ဘုရားကျင့်စဉ် သုံးခုကို ထိန်းချုပ်နိုင်ပြီး သိုင်းဝိဇ္ဇာသူတော်စင်အဆင့်၏ အထက်ပိုင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ ထို့အပြင် စူးချန်ခုန်းသည် နတ်ဘုရားစွမ်းရည်အဖြစ် မြှင့်တင်ခဲ့သော သိုင်းကျင့်စဉ်တိုင်းကို မိမိကိုယ်တိုင် ရှာဖွေကျင့်ကြံခဲ့ပြီး လောကတွင် တစ်မူထူးခြားသော အဆင့်အတန်းမြင့်မားသည့် ကျင့်စဉ်များ ဖြစ်သောကြောင့် သာမန် သိုင်းဝိဇ္ဇာသူတော်စင်များထက် များစွာ သာလွန်နေသည်။

"အားကောင်းလိုက်တာ။ အရမ်းကို အားကောင်းလွန်းတယ်။ ဧရာမဝေလငါးကျင့်စဉ်က ရုပ်ခန္ဓာနဲ့ ချီသွေးကို အဓိက အားဖြည့်ပေးတာ။ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် အထက်ပိုင်းကို ရောက်ပြီး ခန္ဓာကိုယ် အသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာသလို သားရဲစစ် အသားတွေကိုလည်း အများကြီး စားသုံးခဲ့တာကြောင့် ငါ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက သာမန် နတ်ဘုရားကိုယ်ခန္ဓာရှိတဲ့ သူတွေနဲ့ ယှဉ်နိုင်ပြီ။"

သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားရင်း စူးချန်ခုန်းမှာ ဧရာမဝေလငါးကျင့်စဉ်၏ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို အံ့ဩမိသည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအနေဖြင့်ပင် သူသည် ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် သားရဲစစ် (၉၀) ရာခိုင်နှုန်းထက် သာလွန်ပြီး နတ်ဘုရားကိုယ်ခန္ဓာကို တည်ဆောက်ထားသော သာမန် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။

ဤခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် အခြေခံ နတ်ဘုရားစွမ်းရည်များကို ပေါင်းစပ်လိုက်လျှင် သူ၏ မူလဝိညာဉ်ကို အသုံးမပြုဘဲပင် စူးချန်ခုန်းမှာ ရွှယ်ယိထောင်ထက် ပို၍သန်မာနေပြီ ဖြစ်သည်။

"ဒါက ဧရာမဝေလငါးကျင့်စဉ် အောင်မြင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေခံ ပြောင်းလဲမှုပဲ။ တကယ်လို့သာ နတ်ဘုရားသွေးကို ထုတ်လွှတ်ပြီး ဧရာမဝေလငါး ခန္ဓာကိုယ်ကျင့်စဉ်ကို အသက်သွင်းလိုက်ရင် ငါ့ရဲ့ စွမ်းအားက ပိုပြီး မြင့်တက်လာဦးမှာပဲ။ စမ်းကြည့်ရအောင်။"

စူးချန်ခုန်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူ ကျင့်ကြံနေသော ကျင့်စဉ်များထဲတွင် ဧရာမဝေလငါးကျင့်စဉ်မှာ အဓိက တိုက်ခိုက်ရေး ကျင့်စဉ်ဖြစ်ပြီး ၎င်း၏ အောင်မြင်မှုကြောင့် တိုက်ခိုက်ရေးစွမ်းရည်မှာ အကြီးမားဆုံး တိုးတက်လာခြင်း ဖြစ်သည်။

ဟူးးး

စူးချန်ခုန်းသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မြစ်ကြီးများကဲ့သို့ စီးဆင်းနေသော ထူထဲသည့် နတ်ဘုရားသွေးကို လှုပ်နှိုးလိုက်သည်။

"ဒုန်း ဒုန်း ဒုန်း"

စူးချန်ခုန်း၏ နှလုံးမှာ ပြင်းထန်စွာ ခုန်ပေါက်လာပြီး ရှေးဟောင်း စစ်စည်ကြီးများကို တီးခတ်နေသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော ခုန်ပေါက်မှုနှင့်အတူ သူ၏ ချီနှင့် သွေးများမှာ ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ စီးဆင်းလာသည်။

"ဒုန်း ဒုန်း ဒုန်း"

စူးချန်ခုန်း၏ ခန္ဓာကိုယ်မှာ မိုးကြိုးနှင့် လျှပ်စီးများ လိုက်ပါလာသကဲ့သို့ ဖြစ်ပြီး လေပြင်းများကလည်း အော်ဟစ်တိုက်ခတ်နေသည်။ ချီနှင့် သွေးများ တဟုန်ထိုး စီးဆင်းလာသည်နှင့်အမျှ သူ၏ အသားအရေမှာ နီရဲလာပြီး အပူချိန်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ စိုထိုင်းဆများကို အငွေ့ပျံစေသဖြင့် မီးတောက်များ ထွက်ပေါ်လာတော့မည့်အလား ပူပြင်းခြောက်သွေ့သွားသည်။

ဂျွတ်..ဂျက်

အရိုးများ ကြွပ်ဆတ်သံများကြားတွင် စူးချန်ခုန်းမှာ တစ်ပေနီးပါး အရပ်ပိုရှည်လာပြီး ကြွက်သားများမှာလည်း သန်မာလာသည်။ သူ၏ နဖူးပေါ်တွင် မိုးကြိုးနှင့် မိုးရွာသွန်းမှုများကဲ့သို့ တိုက်ပွဲပုံစံများ စုစည်းလာပြီး သူ၏ ခမ်းနားသော ကိုယ်ခန္ဓာအပေါ် ရှေးဟောင်းအရှိန်အဝါကို တိုးမြှင့်ပေးလိုက်သည်။

အသက်ရှူတစ်ချက်အတွင်း စူးချန်ခုန်းသည် ဧရာမဝေလငါး ကိုယ်ခန္ဓာကျင့်စဉ်ကို အသက်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အနီရောင်သန်းသွားပြီး မျက်လုံးများမှာ ရွှေရောင်ဖျော့ဖျော့ ဖြစ်လာကာ လူသားပုံစံရှိသော သားရဲစစ်တစ်ကောင်ကဲ့သို့ ရပ်တည်နေသည်။ သူ၏ အရှိန်အဝါကြောင့် အသက်ရှူရပင် ခက်ခဲသွားစေသည်။

စွမ်းအား…

အလွန်အစွမ်းထက်သော စွမ်းအားများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။ ဤသည်မှာ ယခုအချိန်တွင် စူးချန်ခုန်း ခံစားရသည့် တစ်ခုတည်းသော ခံစားချက် ဖြစ်သည်။ မထိန်းနိုင်အောင် ပြင်းထန်သော စိတ်ဆန္ဒကြောင့် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်သည်။

"အား"

ပင်လယ်ပြင်မှ ထွက်ပေါ်လာသော ဧရာမဝေလငါးကြီးတစ်ကောင် ကောင်းကင်ကို မော့ကြည့် ဟိန်းဟောက်သကဲ့သို့ ထိုအသံမှာ ပတ်ဝန်းကျင်ရှိ အာကာသကို တုန်ခါစေပြီး တိမ်တိုက်များကိုပင် ကွဲအက်သွားစေကာ မိုင်ပေါင်းတစ်ထောင်အထိ ပဲ့တင်ထပ်သွားသည်။

"ဘုန်း"

စူးချန်ခုန်းသည် ကျွန်းငယ်လေးပေါ်တွင် ရပ်နေရင်း သူ၏ ညာလက်ကို လက်သီးဆုပ်လိုက်ကာ ပြင်းထန်သော အားဖြင့် လေထဲသို့ ထိုးချလိုက်သည်။

"ဒုန်း ဂျိန်း ဒုန်း ဂျိန်း"

ဤလက်သီးချက်နှင့်အတူ သူ၏ ချီစွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေဟာနယ်ကို ပုံပျက်သွားစေကာ ပင်လယ်ပြင်အတွင်းသို့ တိုက်ရိုက် ထိမှန်သွားသည်။

လက်သီးချက်မှာ ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ပင်လယ်ပြင်မျက်နှာပြင်ပေါ်တွင် ရိုက်ခတ်သွားပြီး ပေရာပေါင်းများစွာ မြင့်မားသော လှိုင်းလုံးကြီးများကို ဖန်တီးကာ မိုင်ဆယ်ကျော်အထိ လှုပ်ခတ်သွားသည်။

ဝူး…

ပင်လယ်ပြင်မျက်နှာပြင်မှာ ပြန်လည် ပုံမှန်အတိုင်း ဖြစ်ရန် အချိန်ယူရပြီး လှိုင်းလုံးကြီးများ ကျဆင်းလာချိန်တွင် ကောင်းကင်မှ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ဖြစ်ပေါ်လာသည်။

"ဂျောက် ဂျောက်"

လက်သီးချက်၏ ပြန်လည်ရိုက်ခတ်မှုကြောင့် စူးချန်ခုန်း ရပ်နေသည့် ကျွန်းငယ်လေးမှာ ပေဒါဇင်ပေါင်းများစွာ နောက်သို့ ဆုတ်သွားပြီး ကျွန်းမျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။

"အရမ်းကို သန်မာလွန်းတယ်။ ဧရာမဝေလငါး ခန္ဓာကိုယ်ကျင့်စဉ်ကို အသက်သွင်းထားရင် ငါ့ရဲ့ ခန္ဓာကိုယ်က သားရဲစစ် (၉၀) ရာခိုင်နှုန်းထက် သာလွန်ပြီး ရှေးဟောင်းမိစ္ဆာဂိုဏ်းရဲ့ တောင်သခင် တွမ့်မုမင်ကိုတောင် တိုက်ရိုက် ရင်ဆိုင်နိုင်တဲ့ စွမ်းအား ရှိသွားပြီ။"

စူးချန်ခုန်းသည် သူ၏ လက်သီးကို ကြည့်ကာ တအံ့တဩ ဆိုလေ၏။

All Chapters