← Chapters

အခန်း ၁၅၈၅

Vol. 107 Ch. 1585

အခန်း ၁၅၈၅

Vol. 107 Ch. 1585

အခန်း ၁၅၈၅ မစ္စတာဖုန်းက လူကောင်းတစ်ယောက်ပါ

မီဒီယာ အချို့က ဖုန်းယွီ လော့စ်အိန်ဂျလိစ်တွင် ပေါ်လာကြောင်း သိရှိသွားကြပြီး၊ ကြားသိရသည်မှာ ဤဘက်ရှိ ရုပ်ရှင်ရိုက်ကူးရေး တိုးတက်မှု အခြေအနေကို လာရောက်ကြည့်ရှုခြင်းဖြစ်သည်ဟု ဆိုသော်ငြားလည်း။ နှမြောစရာကောင်းသည်မှာ လုံးဝအင်တာဗျူး၍ မရနိုင်ခဲ့ဘဲ၊ ထိုသက်တော်စောင့်များက သတင်းထောက်များကို အနီးသို့ပင် ကပ်ခွင့်မပေးခဲ့ကြပေ။

MGMမှ တစ်ချိန်တည်းတွင် ရိုက်ကူးနေသော ရင်းနှီးမြှုပ်နှံမှု အကြီးစား ရုပ်ရှင်ကားများမှာ လေးကားအထိပင် ရှိနေသည်။ ထို့အပြင် ရုပ်ရှင်ကား အများအပြားကို ကိုယ်စား ဖြန့်ချိပေးရန် ရည်ရွယ်ထားသေးရာ၊ အလွန် အင်အားကြီးမားစွာ ဝင်ရောက်လာသည့် ပုံစံမျိုး ဖြစ်နေလေသည်။

ဟောလိဝုဒ်ဘက်ရှိ အခြားသော ရုပ်ရှင်ကုမ္ပဏီများမှာလည်း၊ ရန်သူကြီးနှင့် ရင်ဆိုင်နေရသည့် ပုံစံမျိုး ဖြစ်နေကြလေသည်။

သူတို့က ပါးစပ်မှ ပြောဆိုနေကြသည်မှာ ဖုန်းယွီ ပင် ဖြစ်စေ၊ Feng Yu Holding Group ပင်ဖြစ်စေ၊ ရုပ်ရှင်ဖျော်ဖြေရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံဖူးခြင်း မရှိဘဲ၊ အတွေ့အကြုံ မရှိသဖြင့်၊ ရှုံးနိမ့်နိုင်ခြေ အလွန်ကြီးမားသည်ဟု ဆိုကြသော်ငြားလည်း။

သို့သော် သူတို့အထဲမှ မည်သူကမျှ ဖုန်းယွီ ၏ အံ့ဖွယ်ကောင်းမှုကို အထင်မသေးရဲကြဘဲ၊ သူသည် တစ်ကြိမ်မက ကမ္ဘာသူကမ္ဘာသားများ၏ မျက်လုံးများ ပြူးကျယ်သွားစေခဲ့ကာ၊ သာမန်လူများ မလုပ်နိုင်သော ကိစ္စရပ်များကို လုပ်ပြခဲ့ပြီး ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် ဖုန်းယွီ နောက်ထပ် အောင်မြင်သွားမည်လား ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။

တစ်ဝက်လောက်သာ အောင်မြင်မည် ဆိုလျှင်ပင်၊ ယင်းက အလွန် တော်နေပြီ ဖြစ်လေသည်။ အကယ်၍ ဤအထဲတွင် ‘သံမဏိလူသား’(Iron Man) ပါဝင်နေမည်ဆိုပါက ပို၍ပင် ကြောက်စရာ ကောင်းနေသေးလေသည်။

ယင်းက Marvel၏ ရုပ်ရှင်များအတွက် အလွန်လူကြိုက်များလာမည်ဖြစ်သ်။ ထို့အပြင် ဆက်စပ်ပစ္စည်းများ၏ ရောင်းအားကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ရာ၊ အမြတ်အစွန်းမှာ သေချာပေါက် အလွန်များပြားမည်ဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်လေသည်။

အထူးသဖြင့် သူတို့ ကြားသိရသည်မှာ ဖုန်းယွီက ပြည်မကြီးတွင် ရင်းနှီးမြှုပ်နှံထားသော Huayi Brothersဟုခေါ်သည့် လက်အောက်ခံ ကုမ္ပဏီတစ်ခုမှာ RMB ခြောက်သန်း ရင်းနှီးမြှုပ်နှံမှုဖြင့် RMBသန်းခုနစ်ဆယ် နီးပါးရှိသော အလွန်မြင့်မားသည့် ရုံတင်ငွေကို ရရှိခဲ့ပြီး ထိုရုပ်ရှင်ကားမှာ ရုံမှပင် မဆင်းသေးဟု ဆိုလေသည်။

ကြည့်ရသည်မှာ RMB သန်းခုနစ်ဆယ် ဆိုသည်မှာ လုံးဝပြောပလောက်သည့် ပမာဏ မဟုတ်ဘဲ အမေရိကန်ဒေါ်လာ တစ်ဆယ်သန်းပင် မပြည့်သေးသည် ဆိုသော်ငြားလည်း…. မမေ့ပါနှင့်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ၊ ကြော်ငြာစရိတ် အပါအဝင်မှ အမေရိကန်ဒေါ်လာ တစ်သန်းပင် မပြည့်သေးပေ။

ဤအရာကို အောင်မြင်သည်ဟု မခေါ်လျှင်၊ ဘာကိုမှ အောင်မြင်သည်ဟု ခေါ်မည်နည်း။

ဖုန်းယွီသည် မျက်စိရှေ့ရှိ ရုပ်ရှင်ရိုက်ကူးမှုကို ကြည့်ပြီး၊ သူ အလွန်တရာ ပြောစရာစကားမဲ့နေလေသည်။ ဒီလူတွေက ဟာသလုပ်နေကြတာလား။

အစိမ်းရောင် နောက်ခံစခရင် တစ်ခု၏ရှေ့တွင် ရောဘတ်ငယ်က အမျိုးမျိုးသော ချဲ့ကားထားသည့် လှုပ်ရှားမှုများကို လုပ်ဆောင်နေပြီး၊ ကြားသိရသည်မှာ ဤသို့ကွန်ပျူတာဖြင့် ပေါင်းစပ်လိုက်ပြီးနောက်တွင်။ ၎င်းမှာ သံမဏိလူသား တပ်ဆင်နေသည့် မြင်ကွင်း ဖြစ်လာမည်ဟု ဆိုလေသည်။

အကယ်၍ လူတစ်ယောက်က ထိုနေရာတွင် သူတစ်ယောက်တည်း အားတိုက်ခွန်တိုက် သရုပ်ဆောင်နေသည်ကို သင်မြင်တွေ့ရပါက၊ အလွန်ရယ်ချင်စရာကောင်းသည်ဟု ခံစားရမည် ဖြစ်လေသည်။ ဤရုပ်ရှင်မှာ သရုပ်ဆောင်စွမ်းရည်အပေါ် တောင်းဆိုမှုက တကယ်တမ်းတွင် အလွန် မြင့်မားလှသည် မဟုတ်သော်ငြားလည်း၊ ယခင်ဘဝက ရောဘတ်ငယ် ဖန်တီးခဲ့သော ချစ်စရာကောင်းပြီး လူလည်ကျသည့် ပုံစံမှာ၊ လူအများအပြားကို နက်ရှိုင်းစွာ မှတ်မိနေစေခဲ့ဆဲပင် ဖြစ်လေသည်။

ရောဘတ်ငယ်မှာလည်း အပြစ်အနာအဆာ အချို့ရှိသော အနုပညာရှင် တစ်ဦးဖြစ်ပြီး၊ အရင်က အမည်းစက် သမိုင်းကြောင်းများ ရှိခဲ့ဖူးကာ၊ ယခုအချိန်အထိ သူ၏ပုံရိပ်မှာ ပြန်လည်မကောင်းမွန်လာသေးပေ။ ထို့ကြောင့် သူ၏ဖျော်ဖြေကြေးမှာလည်း မမြင့်မားလှဘဲ၊ ခေါင်းဆောင်မင်းသား ဖြစ်သော်ငြားလည်း၊ အမေရိကန်ဒေါ်လာ ငါးသိန်းသာ ရရှိပြီး၊ လူကြမ်း ဇာတ်ကောင်၏ ဖျော်ဖြေကြေးမှာ အမေရိကန်ဒေါ်လာ လေးသန်းခွဲပင် ရှိလေသည်။

မူလက MGMဘက်မှ ရည်ရွယ်ထားသည်မှာ သူနှင့် ရုပ်ရှင်တစ်ကားအတွက် စာချုပ်အရင်ချုပ်ဆိုရန်ဖြစ်သည်။ ထို့နောက် အကျိုးသက်ရောက်မှု မည်သို့ရှိသည်ကို ကြည့်ရှုပြီးမှ၊ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်ရန် ဖြစ်လေသည်။

သို့သော် ဖုန်းယွီက ပျမ်းမျှအားဖြင့် ရုပ်ရှင်တစ်ကားလျှင် အမေရိကန်ဒေါ်လာ ဆယ်သန်း ဖျော်ဖြေကြေးဖြင့်၊ ရောဘတ်ငယ်နှင့် ရုပ်ရှင် ဆယ်ကားအတွက် စာချုပ်ချုပ်ဆိုရန် တိုက်တွန်းခဲ့သည်။ ဤသည်မှာ အခြားလူများ၏အမြင်တွင် လုံးဝရူးသွပ်နေခြင်းပင် ဖြစ်လေသည်။

ပထမဦးစွာ ဈေးပိုပေးရခြင်းကို မပြောလိုတော့ဘဲ၊ ဆက်တိုက် ဆယ်ကားပင် ချုပ်ဆိုခဲ့ခြင်း ဖြစ်လေသည်။ ဤအထဲတွင် အန္တရာယ်များ အများအပြား ရှိနေပြီး၊ ရောဘတ်ငယ်သည် ဤဇာတ်ကောင်နှင့် မသင့်တော်ခြင်း၊ သို့မဟုတ် ရုပ်ရှင် ရုံတင်ပြီးနောက် အကြီးအကျယ် ရှုံးနိမ့်သွားကာ အဆက်ရိုက်ကူးရန် မလိုအပ်တော့ခြင်း၊ သို့မဟုတ် ရောဘတ်ငယ်မှာ နောက်ထပ် သတင်းဆိုးများ ထပ်မံထွက်ပေါ်လာခြင်း စသည်တို့ ပါဝင်နေလေသည်။

သို့သော် ဖုန်းယွီ က အလွန် ရှင်းလင်းစွာ သိရှိထားသည်မှာ၊ အနာဂတ်တွင် ရောဘတ်ငယ်၏ ဖျော်ဖြေကြေးမှာ၊ သမိုင်းတစ်လျှောက် ဒုတိယမြောက် အမြင့်ဆုံးဖြစ်သည့် အမေရိကန်ဒေါ်လာ သန်းငါးဆယ်သို့ တိုက်ရိုက် ရောက်ရှိသွားမည်ဖြစ်ပြီး အင်း…. ကပ္ပတိန် ဒက်ပ်၏ နောက်တွင်သာ ရှိလေသည်။

သေချာသည်မှာ ဤဖျော်ဖြေကြေးမှာလည်း တစ်ခါတည်း အပြီးပေးချေရခြင်း မဟုတ်ဘဲ၊ တဖြည်းဖြည်းချင်း မြင့်တက်လာခြင်း ဖြစ်လေသည်။ ဥပမာအားဖြင့် ယခုလက်ရှိ ဤရုပ်ရှင်၏ ဖျော်ဖြေကြေးမှာ အမေရိကန်ဒေါ်လာ ငါးသိန်းသာ ရှိသော်လည်း၊ ဒုတိယရုပ်ရှင်တွင်မူ ဖျော်ဖြေကြေးမှာ အမေရိကန်ဒေါ်လာ နှစ်သန်းသို့ မြင့်တက်သွားမည်ဖြစ်ပြီး၊ တတိယရုပ်ရှင်၏ ဖျော်ဖြေကြေးမှာ အမေရိကန်ဒေါ်လာ ငါးသန်း...... ဒသမမြောက် ရုပ်ရှင်တွင် အမေရိကန်ဒေါ်လာ ဆယ့်ငါးသန်း ဖြစ်လေသည်။

ဤကဲ့သို့သော မြင့်တက်မှုနှုန်းကို မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။ ရောဘတ်ငယ်နှင့် သူ၏ မန်နေဂျာပင် ပါဝင်လေသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် ရောဘတ်ငယ်မှာ မည်သည့် နာမည်ကြီး သရုပ်ဆောင်မှ မဟုတ်သေးပေ။

ရောဘတ်ငယ်မှာ ယခုအချိန်တွင် ကြယ်ပွင့် တစ်ယောက်ဟုပင် သတ်မှတ်၍ မရနိုင်သေးဘဲ နှစ်ပေါင်းများစွာကြာသည်အထိ ထုတ်ပြစရာ ကိုယ်စားပြု လက်ရာများလည်း မရှိခဲ့ပေ။ ထို့ကြောင့် ဤစည်းကမ်းချက်များကို သူတို့က ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်းပင် လက်မှတ်ရေးထိုးလိုက်ကြလေသည်။

သေချာသည်မှာ စာချုပ်ထဲတွင် အခြားသော စည်းကမ်းချက် အချို့လည်း ပါဝင်နေသေးပြီး၊ ဥပမာအားဖြင့် သူတို့၏ ဖျော်ဖြေကြေးကို သေချာပေါက် အပြည့်အဝ ရရှိနိုင်မည် မဟုတ်ဘဲ၊ ရုံတင်ငွေ မည်မျှရောက်ရှိပါက သူ့အား ဆုကြေးငွေ ပေးမည့် စည်းကမ်းချက် စသည်တို့ ပါဝင်ကာ၊ ရောဘတ်ငယ်တို့၏ တောင်းဆိုချက်မှာ ဤရုပ်ရှင် ဆယ်ကားကို၊ ဆယ်နှစ်အတွင်း ရိုက်ကူး ပြီးစီးရန်သာ ဖြစ်လေသည်။

စူပါဟီးရိုးတိုင်း၏ ခေါင်းဆောင်မင်းသား နီးပါးကို ဖုန်းယွီက ဤကဲ့သို့သော ဆင်တူသည့် စာချုပ်မျိုး ပေးရန် တောင်းဆိုထားလေသည်။ ဥပမာအားဖြင့် Hulk၊ Captain America၊ Thor၊ Black Widowစသည်တို့ ဖြစ်လေသည်။

ဤလူများမှာ ယခုအချိန်တွင် အလွန်နာမည်ကြီးနေသူများ မဟုတ်ကြဘဲ၊ Hulk၏ သရုပ်ဆောင်မှာ အနာမည်အကြီးဆုံးပင် ဖြစ်လေသည်။ သူတို့သည် နှစ်ပေါင်းများစွာ၊ ရုပ်ရှင်များစွာအတွက် စာချုပ်ချုပ်ဆိုသည့် နည်းလမ်းကိုလည်း အတော်လေး လက်ခံကြလေသည်။

သူတို့၏အမြင်တွင် ဤအရာမှာ တည်ငြိမ်သော အလုပ်အကိုင် ဝင်ငွေတစ်ခု ရရှိလိုက်ခြင်းနှင့် တူညီပြီး၊ အနည်းဆုံး အနာဂတ် ဆယ်နှစ်အတွင်း၊ သူတို့ကို ဟောလိဝုဒ်၏ ပထမအဆင့်နီးပါး ကြယ်ပွင့်များ ဖြစ်လာစေရန် အာမခံနိုင်လောက်ကာ၊ သူတို့၏ တန်ဖိုးမှာ ထိုနေရာတွင် ရှိနေပြီ ဖြစ်လေသည်။

အကယ်၍ ကပ္ပတိန် အမေရိကအဖြစ် သရုပ်ဆောင်မည့် လူသစ် ဆိုလျှင်ပင်၊ နောက်ဆုံး ရုပ်ရှင်တစ်ကား၏ ဖျော်ဖြေကြေးမှာ အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်း ကျော်လွန်သွားမည်ဖြစ်ရာ သူအား ဒုတိယအဆင့် ကြယ်ပွင့်များထဲသို့ ဝင်ရောက်သွားစေရန် လုံလောက်လှသည်။ ဤသည်မှာ လူသစ်များအတွက်ဆိုလျှင် ဤထက်ပို၍ ကောင်းမွန်နိုင်စရာ မရှိတော့သော စည်းကမ်းချက်များပင် ဖြစ်နေလေပြီ။

သူတို့အားလုံးက ပျော်ရွှင်စွာဖြင့် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပြီး၊ MGMနှင့် Marvel မှ လူများကမူ အကြီးအကျယ် ရှုံးသွားပြီဟု ထင်မြင်နေကြကာ၊ မည်သို့လုပ်၍ သူတို့ကို ဤမျှ မြင့်မားသော ဖျော်ဖြေကြေး ပေးနိုင်ရသနည်း။ ထို့အပြင် သံမဏိလူသားမှာ ရုံပင် မတင်ရသေးရာ၊ ဤရုပ်ရှင်၏ ရုံတင်ငွေ ကောင်းမကောင်း မည်သူက သိနိုင်မည်နည်း၊ မည်သို့လုပ်၍ ထိုသရုပ်ဆောင်များနှင့် ရေရှည်စာချုပ်ကို ကြိုတင် ချုပ်ဆိုလိုက်ရသနည်း။

သို့သော် ဖုန်းယွီကမူ အမြတ်ကြီး ထွက်သွားပြီဟု ထင်မြင်နေပြီး၊ ဤလူများ၏ စာချုပ်တန်ဖိုး စုစုပေါင်းမှာ ဆုကြေးငွေ စည်းကမ်းချက်များ အပါအဝင်ပင်၊ သူ ပြန်လည်မမွေးဖွားလာမီ အချိန်ကဆိုလျှင် Marvel၏ ဇာတ်ကားကြီး နှစ်ကားခန့်သာ ရိုက်ကူးနိုင်မည် ဖြစ်လေသည်။

ဤသို့ဖြင့် ဤအနုပညာရှင်များမှာ ဖုန်းယွီအပေါ် အလွန်တရာ ကျေးဇူးတင်နေကြသေးပြီး၊ ဖုန်းယွီက သူတို့ကို ကယ်တင်ခဲ့ကာ၊ သူတို့ကို ဤမျှ ကောင်းမွန်သော အခွင့်အရေး ပေးခဲ့ပြီး၊ သူတို့ကို ဤမျှလောက် အထင်ကြီး အားထားခဲ့သည်ဟု တွေးတောနေကြလေသည်။

ထိုအထဲတွင် ရောဘတ်ငယ်မှာ ဖုန်းယွီကို အကျေးဇူးတင်ဆုံး ဖြစ်လေသည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ဖျော်ဖြေကြေး မြင့်တက်မှုနှုန်းမှာ အများဆုံးဖြစ်ပြီး၊ ထို့အပြင် သူ၏စာချုပ်သက်တမ်းမှာ အရှည်ဆုံးဖြစ်ကာ၊ ရုပ်ရှင်အရေအတွက်လည်း အများဆုံး ဖြစ်သောကြောင့်ပင် ဖြစ်လေသည်။

ယနေ့ ရိုက်ကွင်းတွင် ဖုန်းယွီကို မြင်တွေ့လိုက်ရသောအခါ၊ သူက တမင်သက်သက် အနားသို့ တိုးကပ်လာကာ "မစ္စတာဖုန်း ကျွန်တော်က ရောဘတ်ငယ် ဒါနီပါ၊ ခင်ဗျားက ကျွန်တော့်ကို အသိအမှတ်ပြုပြီး၊ ဒီလိုကောင်းမွန်တဲ့ စာချုပ်မျိုး ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဤစာချုပ်များက လုံလောက်သော အာမခံချက်ပေးနိုင်သည်မှာ သူသည် သုံးနှစ်အတွင်း အလယ်အလတ် လူတန်းစားမှ သူဌေး လူတန်းစားသို့ ပြောင်းလဲသွားနိုင်မည်ဖြစ်ပြီး၊ သာမန်သရုပ်ဆောင်လေး တစ်ယောက မဟုတ်တော့ဘဲ၊ လူတိုင်း အားကျရသော ရုပ်ရှင်ကြယ်ပွင့် တစ်ယောက် အဖြစ်သို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်လေသည်။

"ငါက မင်းကို အရမ်းပါရမီရှိတယ်လို့ ထင်လို့၊ မင်းက သံမဏိလူသားဆိုတဲ့ ဒီဇာတ်ကောင်အတွက် မတူညီတဲ့ တင်ဆက်မှုတွေကို သေချာပေါက် ယူဆောင်လာပေးနိုင်ပြီး၊ ပိုများတဲ့ လူတွေကို သံမဏိလူသားကို နှစ်သက်လာအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်လို့ပါ"

"ငါက မင်းကို အရှည်ဆုံးစာချုပ် ပေးခဲ့ရတဲ့ အကြောင်းရင်းကတော့၊ မင်းက အဖေတစ်ယောက် ဖြစ်နေလို့ပါပဲ၊ မင်းအနေနဲ့ အဖေတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ မျှော်လင့်တယ်၊ ထပ်ပြီးတော့ လမ်းမှား မရောက်ပါစေနဲ့တော့"

ဖုန်းယွီက လူကောင်းတစ်ယောက်၏ပုံစံမျိုးကို ဖန်တီးလိုက်ရာ၊ အချိန်အကြာကြီး ဒုက္ခရောက်နေခဲ့သော ရောဘတ်ငယ်ကို ကျေးဇူးတင်လွန်း၍ မျက်ရည်ကျသွားစေခဲ့လေသည်။ အရင်တုန်းက သူသည် စောစောစီးစီးပင် ကြယ်ပွင့် တစ်ယောက် ဖြစ်ခဲ့သော်ငြားလည်း၊ နောက်ပိုင်းတွင် လမ်းမှားရောက်သွားခဲ့သောကြောင့် ဤအခြေအနေသို့ ကျဆင်းသွားခဲ့ရခြင်း ဖြစ်လေသည်။

ဖုန်းယွီက သူ့အား ဤကဲ့သို့သော အခွင့်အရေး ပေးနိုင်ပြီး၊ ဤမျှလောက် အထင်ကြီး အားထားနေသည်ကို၊ သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

တကယ်တမ်းတွင် ဖုန်းယွီက ဒက်ပ်ကိုပါ စာချုပ်ချုပ်ရန် စဉ်းစားခဲ့သေးပြီး၊ အရင်တုန်းကလည်း Wind and Rain Electronics၏ ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးလေသည်။ သို့သော် ဒက်ပ် မှာ Disneyနှင့် စာချုပ်ချုပ်ဆိုပြီး ဖြစ်နေကာ၊ ကံကောင်းသည်မှာ နောက်ပိုင်းထွက်ရှိမည့် Pirates of the Caribbean ဇာတ်လမ်းတွဲ ရုပ်ရှင်နှစ်ကားတွင်မူ၊ MGMက ရင်းနှီးမြှုပ်နှံမှုနှင့် ဖြန့်ချိရေးတို့တွင် ပါဝင်ထားလေသည်။

ယခုအခါ အမေရိကန်မှ ရုပ်ရှင်ကြယ်ပွင့်များ၏ ဝင်ငွေမှာ၊ ကိုးဆယ်ခုနှစ်များလောက်ပင် မကောင်းတော့ဘဲ၊ ရုပ်ရှင်လုပ်ငန်းမှာ ထိုအချိန်ကလောက် မဟော့တော့သောကြောင့်ပင် ဖြစ်လေသည်။

ယခင်က ဟောလိဝုဒ်၏ အကြီးဆုံး ကုမ္ပဏီ ခုနစ်ခုကိုပင် ကြည့်မည်ဆိုလျှင် ယခုအခါတွင် ပေါင်းစပ်သူက ပေါင်းစပ်၊ ရောင်းချသူက ရောင်းချ ဖြစ်ကုန်ကြပြီ မဟုတ်ပါလော။

Disneyသည် အန္တရာယ်ကို လျှော့ချရန်အတွက်၊ MGMက သံလွင်ခက် ကမ်းလှမ်းလာသောအခါတွင်၊ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီလိုက်ခြင်းဖြစ်ပြီး၊ Feng Yu Holding Group၏ လက်အောက်တွင် မြောက်အမေရိက၏ ဒုတိယအကြီးဆုံး ရုပ်ရှင်ရုံကွန်ရက်နှင့် အများဆုံးသော 3D မျက်နှာပြင်များ ရှိနေကြောင်းကို olတို့က သိရှိထားသောကြောင့်လည်း ဖြစ်လေသည်။

"မစ္စတာဖုန်း စိတ်ချပါ၊ ကျွန်တော် သေချာပေါက် သေချာ သရုပ်ဆောင်ပါ့မယ်၊ ခင်ဗျားရဲ့ယုံကြည်မှုကို မျက်နှာမပျက်စေရပါဘူး"

ဖုန်းယွီက ပြုံးရွှင်စွာဖြင့် ရောဘတ်ငယ်၏ပခုံးကို ပုတ်လိုက်ပြီး "ကောင်းပြီ၊ မင်း ပိုက်ဆံ အရမ်းလိုအပ်နေတယ်ဆိုတာကို ငါ သိတယ်၊ ပထမဆုံး ရုပ်ရှင်တစ်ကားရဲ့ ဖျော်ဖြေကြေးက သိပ်မမြင့်ဘူးလေ၊ ဒီလိုလုပ်၊ ငါ မင်းကို ကိုယ်စားလှယ် စာချုပ်တစ်ခု ထပ်ပေးမယ်၊ မင်းရဲ့ဘဝကို အမြန်ဆုံး ပြန်လည် ကောင်းမွန်လာအောင် လုပ်လိုက်ပါ"

ရောဘတ်ငယ်မှာ ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့လေသည်။ သူ ယခုလိုပုံစံ ဖြစ်နေတာကိုပင် မစ္စတာဖုန်းက သူ့အား ကိုယ်စားလှယ်စာချုပ် ပေးလိုသေးတယ်တဲ့လား၊ မစ္စတာဖုန်းက တကယ့်ကို လူကောင်းကြီး တစ်ယောက်ပါပဲလား။

......

******

All Chapters