← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အပိုင်း (၁၉) ကျုပ် ဘယ်တော့မှ ခင်ဗျားလောက် တော်မှာလဲ။

အားလုံး ကြက်သေ သေသွားကြသည်။

လူတိုင်းက ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် ကျောက်တုံးကြီး မ ထားသော ရှောင်ပေါင်ကို ငေးကြည့်နေကြ၏။

ယွင်ချိုင်ရှောင်ပင် နှုတ်ခမ်းလေး ဟသွားရသည်။

မျက်နှာကို ရှုံ့မဲ့ပြီး အားကုန်ညှစ်နေသော ရှောင်ပေါင်ကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားမိသည်။ “ဒါ... ဒါ တတိယမြောက် ကျောက်တုံးကြီးလေ”

“လေးလိုက်တာ... လေးလိုက်တာ... သေလောက်အောင် လေးတာပဲ”

ရှောင်ပေါင် စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ဤကျောက်တုံးက တကယ်ကို လေးလွန်းလှ၏။ သူများတွေ ဘာလို့ မအောင်မြင်ကြလဲ ဆိုသည်ကို ယခုမှ ကိုယ်ချင်းစာမိသည်။ နောက်ထပ် တစ်စက္ကန့်လောက် ထပ်ကြာလျှင် လက်မောင်း ကျိုးသွားတော့မလို ခံစားရ၏။

သူက ဒေါသတကြီးဖြင့် နည်းပြကို လှမ်းအော်လိုက်သည်။ “ရပြီလားဗျို့”

“ရပြီ... ရပြီ။ ရပါပြီ။”

နည်းပြသည် အိပ်မက်မက်နေရာမှ လန့်နိုးလာသလို ဖြစ်သွားပြီး ရှောင်ပေါင် အနားသို့ ကသောကမျော ပြေးလာကာ ကျောက်တုံးကြီးကို လှမ်းဖမ်းလိုက်သည်။

နည်းပြ လက်ထဲ ရောက်သွားမှ ရှောင်ပေါင် ကျောက်တုံးကို လွှတ်ချလိုက်ပြီး မြေကြီးပေါ် ဖင်ထိုင်ကျလုနီးပါး ဖြစ်သွားသည်။ ဘယ်ဘက်လက်ဖြင့် ညာဘက်လက်မောင်းကို နှိပ်နယ်ရင်း ပြုံးလိုက်၏။

“အမလေး... လေးလိုက်တာဗျာ။ လက်ကျိုးတော့မလို့ပဲ။ ဟားဟား... ဒါပေမဲ့ ကျုပ် အောင်ပြီဟေ့။ အောင်ပြီ... အောင်ပြီ။”

လူအုပ်ကြီးဆီမှ တုံ့ပြန်သံများ ထွက်ပေါ်လာသည်။

“သူ... သူ မ လိုက်တာ... တတိယ ကျောက်တုံးကြီး မလား”

“ဟုတ်... ဟုတ်တယ် ထင်တယ်။ ငါတောင် သေချာ မကြည့်မိလိုက်ဘူး”

“ဘယ်လို ဖြစ်နိုင်မှာလဲ... တတိယ ကျောက်တုံးကြီးနော်... ဖြစ်နိုင်ပါ့မလား”

“ငါ ဒီကို လာတာ ကြာပြီ... တတိယ ကျောက်တုံး မ နိုင်တဲ့လူ တစ်ခါမှ မကြားဖူးဘူး။ ဒါ... ဒါ ဖြစ်နိုင်ပါ့မလား”

ကျန့်ချန်ရှင်းကို ပါရမီရှင်ဟု ချီးကျူးခဲ့ကြသော်လည်း ယခု ရှောင်ပေါင်ကိုတော့ မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

“ဒါ... ဒါ ဘယ်လို မိစ္ဆာကောင်ကြီးလဲ”

“ငါတို့တွေ ပါရမီရှင် တစ်ယောက် မွေးဖွားလာတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတာလား”

ဓားနန်းတော်မှ နောက်လိုက် ၄ ယောက်၏ မျက်နှာများ သွေးဆုတ်သွားကြသည်။ တတိယ ကျောက်တုံး ဆိုသည်မှာ ဘာကို ဆိုလိုသလဲ သူတို့ အသိဆုံးပင် ဖြစ်၏။ ထို့ကြောင့် ယခု ရှောင်ပေါင်ကို ကြည့်သည့် အကြည့်တွေ ပြောင်းလဲသွားကြသည်။

ကျန့်ချန်ရှင်း ကိုယ်တိုင်လည်း ရှောင်ပေါင်ကို တုန်လှုပ်စွာ ကြည့်နေမိ၏။ “ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထိုအချိန် ရှောင်ပေါင်က ကျန့်ချန်ရှင်းဘက်သို့ လှည့်လာပြီး ပြုံးပြလိုက်သည်။

“ဟား... ကျေးဇူးပါပဲ အစ်ကိုကြီးရာ။ ကျုပ် အောင်သွားပြီ။ ဟားဟား ... ခင်ဗျား သင်ပေးတဲ့ နည်းလမ်းက အသုံးမဝင်ဘူး ဆိုပေမဲ့ စေတနာကိုတော့ လေးစားပါတယ်ဗျာ။ ကျုပ်လည်း တစ်နေ့ကျရင် ခင်ဗျားလိုပဲ ဒုတိယ ကျောက်တုံးကို မ နိုင်အောင် ကြိုးစားပါ့မယ်”

ကျန့်ချန်ရှင်း မျက်နှာကြီး မည်းမှောင်သွားသည်။ သူက ဆရာလုပ်ပြီး သင်ပေးခဲ့ခြင်း ဖြစ်၏။ ယခု သူ့တပည့်က သူ့ထက်သာသည့် တတိယ ကျောက်တုံးကို မ ပြလိုက်ပြီ ဖြစ်၏။

ထို့အပြင် ခင်ဗျားလို ဒုတိယ ကျောက်တုံး မ နိုင်အောင် ကြိုးစားပါ့မည်ဟု ဆိုနေပြန်သည်။ ထိုအရာက ပါးရိုက်ခြင်း မဟုတ်တော့ပေ။ ခြေထောက်နှင့် တက်နင်းလိုက်ခြင်း ဖြစ်သည်။ ပိုဆိုးသည်က သူ ဘာမှ ပြန်ပြော၍ မရဘဲ ငြိမ်ခံနေရခြင်းပင် ဖြစ်၏။ မည်သူက သူ့ကို လေကြီးခိုင်းခဲ့သနည်း။

ဓားနန်းတော် နောက်လိုက်များလည်း မျက်နှာပျက်နေကြသည်။ သူတို့ သခင်လေးကို ပါးရိုက်သလို ဖြစ်နေသည် မဟုတ်ပါလား။ ပတ်ဝန်းကျင်က လူများကလည်း သူတို့ကို ဝိုင်းကြည့်နေကြသောကြောင့် ရှက်လွန်း၍ ခေါင်းငုံ့ ထားလိုက်ကြသည်။

“ကျွတ်... ကျွတ်”

ရှောင်ပေါင်ကတော့ စေတနာ အမှန်ဖြင့် လေးစားနေခြင်း ဖြစ်ပေသည်။ သူ ပထမကျောက်တုံးကို အားကုန်ထုတ်ပြီး မ နေရချိန်မှာ ကျန့်ချန်ရှင်းက ဒုတိယ ကျောက်တုံး (၁,၀၀၀ ပိဿာ) ကိုတောင် ပေါ့ပေါ့ပါးပါး မ သွားသည် မဟုတ်ပါလား။ ပါရမီရှင် ဆိုသည်မှာ တကယ် မခေဘူးဟု သူတွေး၏။

သူက ရိုးသားစွာ ပြောလိုက်သည်။ “အစ်ကိုကြီးရာ... ကျုပ်က ခင်ဗျားကို တကယ် လေးစားတာပါ။ ကျုပ်မှာတော့ ပိဿာ ၅၀၀ လေး မ ဖို့အရေး သေလုမတတ် အားစိုက်လိုက်ရတယ်။ ခင်ဗျားကျတော့ ပိဿာ ၁,၀၀၀ ကိုတောင် အေးဆေး မ သွားတာ... တကယ် ကြမ်းတယ်ဗျာ”

ကျန့်ချန်ရှင်း ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်သွားသည်။ မည်သူမဆို ဤသို့လာလျှောင်လျှင် ဒေါသထွက်မှာ သေချာသော်လည်း ရှောင်ပေါင်၏ စကားအဆုံးမှာတော့ သူ ကြောင်သွားသည်။

“နေပါအုံး... ဘာပြောလိုက်တာလဲ။ ပိဿာ ၅၀၀ ဟုတ်လား”

ဒီကောင်... သူ မ လိုက်တာ ဘယ်ကျောက်တုံးလဲ ဆိုတာ မသိဘူးလား။

ပိဿာ ၅၀၀ ဆိုတာ ပထမ ကျောက်တုံးဖြစ်၏။ သူ မ လိုက်တာ တတိယ ကျောက်တုံး... ပိဿာ ၁,၅၀၀ ကြီးဖြစ်၏။

လူအုပ်ကြီးလည်း တိတ်ဆိတ်သွားသည်။

“ဒါ... ဒါ နောက်နေတာလား”

“ဒီကောင်က တောထဲက လာတဲ့ မိစ္ဆာကောင်လား။ ဒါပေမဲ့ ကြည့်ရတာတော့ လူပုံစံပါပဲ”

“ဓားနန်းတော် သခင်လေးကို တမင်သတ်သတ် လှောင်နေတာ မလား”

“ဒါပေမဲ့ သူ့မျက်နှာကြည့်ရတာ... ရိုးသားမယ့်ပုံ ပေါက်နေတယ်ဟ”

“မင်း... မင်း ဘာပြောလိုက်တာလဲ” ကျန့်ချန်ရှင်း ပါးစပ်အဟောင်းသားဖြင့် ရှောင်ပေါင်ကို ကြည့်နေမိသည်။

“ဘာပြောမိလို့လဲဗျ”

ရှောင်ပေါင် သက်ပြင်းချလိုက်သည်။ “ကျုပ် ဘယ်တော့မှ ခင်ဗျားလောက် ထူးချွန်တဲ့သူ ဖြစ်လာမလဲ မသိဘူးဗျာ”

“......”

“ကောင်းကင်ဘုံ ... ဒီကောင် မနိုးသေးဘူးလား”

“ဒီလောက် ဉာဏ်တိမ်တဲ့ကောင်က ဘယ်လိုလုပ် ဒီလောက် ပါရမီကောင်းနေရတာလဲ”

“သူ့ဦးနှောက်က ကြွက်သားတွေနဲ့ လုပ်ထားတာလား မသိဘူး”

ရှောင်ပေါင်ကတော့ လူများ အဘယ့်ကြောင့်ရသနည်း ဤသို့ဖြစ်နေ နားမလည်ပေ။

ပထမ ကျောက်တုံး မ တာချင်း အတူတူ သူများတွေကျတော့ ဝိုင်းအော်ပေးကြပြီး သူ့ကျမှ အဘယ့်ကြောင်း ငြိမ်ကျသွားကြသနည်း။

ဒါ လူပါးဝတာပဲ။ သူများကျတော့ ဒုတိယ ကျောက်တုံး မ နိုင်လို့ အထင်ကြီးကြတာ။ ငါ့ကျတော့ ပထမ ကျောက်တုံးပဲ မ နိုင်လို့ အထင်သေးကြတာမလား။ ငါက ပိန်ညောင်ညောင်မို့ အားမရှိဘူး ထင်နေကြတာလား။

ရှောင်ပေါင် စိတ်ထဲ မကျေမနပ် ဖြစ်သွားပြီး နည်းပြကို လှမ်းမေးလိုက်သည်။

“ဆရာ... လက်တင်လိုက်ရင် ပြီးပြီ မလား”

“အာ... ဟုတ်... ဟုတ်ပါတယ်”

နည်းပြခမျာလည်း မျက်နှာပူနေသည်။ ခုနက သူကိုယ်တိုင်လည်း ရှောင်ပေါင်ကို လှောင်ခဲ့မိသည် မဟုတ်ပါလား။ ယခုတော့ ပါးရိုက်ခံလိုက်ရပြီ ဖြစ်၏။ တတိယ ကျောက်တုံးကို မ နိုင်သည့်သူ မပေါ်လာသည်မှာ ကြာလှပြီ ဖြစ်သည်။ ယခု ရှောင်ပေါင်က လေယင်မြို့တော်၏ ဒဏ္ဍာရီ ဖြစ်လာတော့မည်။

ရှောင်ပေါင် လက်တင်ပြီး မှတ်တမ်းသွင်းလိုက်သည်။ ပြီးနောက် ယွင်ချိုင်ရှောင် အနားသို့ ပြေးသွားလိုက်၏။ “ဟားစား ... ညီမလေးချိုင်ရှောင်... ကိုကို လုပ်နိုင်ခဲ့ပြီ”

“အင်း... ကိုကိုက တော်လိုက်တာ”

မျက်နှာဖုံး အောက်က မျက်ဝန်းလေးများ အရောင်တောက်နေသည်။ ချစ်ရသူ ရှေ့မှာ ကြွားချင်သည့် ကောင်လေးကို ကြည့်ပြီး သူမ သဘောကျနေမိသည်။

“ဒါပေါ့... ကိုကိုက ညီမလေးရဲ့ ပြိုင်ဘက်ကင်း သူရဲကောင်း ဖြစ်လာမှာ ဆိုတော့... ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့။ စောင့်နေနော်... တစ်နေ့ကျရင် ရောင်စုံတိမ်တိုက်ကြီး စီးပြီး ညီမလေးကို လာတောင်းမဲ့ နေ့ကို...”

“လူဆိုးကြီး... ဘယ်သူက ယူမယ် ပြောလို့လဲ” ယွင်ချိုင်ရှောင် ရှက်သွေးဖြာပြီး မျက်နှာလွှဲလိုက်သည်။

ထိုအချိန်တွင် နည်းပြက သတိဝင်လာပြီး အလျင်အမြန် လျှောက်လာသည်။ တတိယ ကျောက်တုံးကို မ နိုင်သည့် ပါရမီရှင်ကို သူ့ဂိုဏ်းခွဲထဲ ဆွဲထည့်ရမည်။ ယခင်က လှောင်ခဲ့တာတွေကို သူ မေ့လိုက်သည်။ မျက်နှာပြောင်တိုက်ပြီး စည်းရုံးမှ ဖြစ်ပေမည်။

“မိတ်ဆွေ”

သူ စကားမဆုံးခင်မှာပင် ယွင်ချိုင်ရှောင်က လှည့်ကြည့်လိုက်သည်။ လှည့်လိုက်သော အရှိန်ကြောင့် မျက်နှာဖုံး ဇာပုဝါလေး လွင့်ကျသွားပြီး... ပြိုင်ဘက်ကင်း အလှမျက်နှာလေး ပေါ်ထွက်လာသည်။

ယွင်ချိုင်ရှောင် ဖြစ်၏။ နည်းပြ စကားလုံးများ လည်ချောင်းထဲတွင် တစ်ဆို့သွားရ၏။

ဒီမိန်းကလေးက... ယွင်မိသားစုက ယွင်ချိုင်ရှောင် မဟုတ်ပါလား။ ဒါဆိုရင်... ဒီကောင်လေးက ယွင်မိသားစုနှင့် ပတ်သက်နေတာလား။ ယွင်ချိုင်ရှောင်လို ပါရမီရှင် မိန်းကလေး ရှိနေပြီးသား၊ အခု နောက်ထပ် ဘီလူးလို သန်မာတဲ့ ကောင်လေး တစ်ယောက် ထပ်ပါလာတာ ဆိုတော့... ယွင်မိသားစုက ကြောက်စရာ ကောင်းလာပြီပဲ။

“မိ... မိန်းကလေး ယွင်”

နည်းပြ နှုတ်ဆက်ရန် ပြင်လိုက်စဉ် ယွင်ချိုင်ရှောင်က မျက်နှာဖုံးကို အမြန်ပြန်တပ်လိုက်ပြီး ရှောင်ပေါင်၏ လက်မောင်းကို ဆွဲပြီး လူအုပ်ကြားထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။ “ကဲ... သွားကြစို့ ကိုကို”

လမ်းတစ်လျှောက်ရှိ လူများက ကြောက်လန့်တကြား လမ်းဖယ်ပေးကြသည်။

ဤလောက၌ လက်သီးပိုင်လျှင် ဘုရင်ပဲ မဟုတ်ပါလား။ ရှောင်ပေါင်က ယခုအချိန်မှာ လက်သီး အကြီးဆုံး လူ ဖြစ်နေပြီလေ... (မှားလို့... နွားခေါင်းလောက်ကြီးသည့် လက်သီးပိုင်ရှင်ပင်)။

All Chapters