အခန်း ၃၃
Vol. 4 Ch. 33
အပိုင်း (၃၃) ဗြမ္မာဦး ကုန်စုံဆိုင်က ဆရာကြီးဟုန်။
ဤတစ်ကြိမ်တွင်မူ ဟုန်ရှောင်ပေါင် တကယ်ပင် အံ့သြသွားခဲ့မိသည်။
"မြစိမ်းရောင် ကြက်ဥ... ဒါ ဘာကြီးလဲ။"
ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို တောသားလေး တစ်ယောက် ကြည့်သလို အထင်သေးစွာ ကြည့်လိုက်သည်။
"ဒါ မြစိမ်းရောင် ကြက်လို့ ခေါ်တဲ့ ဝိညာဉ်သားရဲဥလေကွ။ ဒါတောင် မသိဘူးလား။"
"အဲဒီလို ကြက်မျိုး ရှိသေးတာလား။"
ဟုန်ရှောင်ပေါင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ဤတစ်ကြိမ်တော့ ယင်းကျိုယိုက ပြန်မဖြေဘဲ မျက်နှာလွှဲလိုက်၏။
ဟုန်ရှောင်ပေါင် ချောင်းဟန့်လိုက်ပြီး ကောင်တာက လူကို မေးလိုက်သည်။ "ဟို... ဒီမှာ မြစိမ်းရောင် ကြက်ဥရှိလားဗျ။ မြစိမ်းရောင် ကြက် ဥထားတဲ့ ဥလေ။"
"မြစိမ်းရောင် ကြက်ဥ..."
အမျိုးသား မျက်ခုံးပင့်လိုက်သည်။ ပြီးနောက် ပစ္စည်းသွားယူပေး၏။
စိတ်ထဲတွင်တော့ ဟုန်ရှောင်ပေါင်၏ နောက်ခံကို တွေးတောနေမိသည်။ အပြင်စည်း ဂိုဏ်းသားတစ်ယောက်က ဤမျှ ဈေးကြီးပြီး ရှားပါးသော ဟင်းချက်ပစ္စည်းများကို ဝယ်ယူသည်ဆိုခြင်းမှာ သာမန် မဟုတ်တန်ရာ။ နောက်ခံ တောင့်တင်းသော မိသားစုမှ ဆင်းသက်လာသည့် သခင်လေးတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း မြို့ထဲမှာ ဝိညာဉ်ကျောက်တုံး ၈၀၀ တန် ဆိုင်ခန်းကို ဝယ်ပြီး ဆိုင်ဖွင့်ရဲခြင်း ဖြစ်မည်။ တကယ့်ကို ပိုက်ဆံပေါပြီး ဉာဏ်နည်းသည့် သခင်လေးများ၏ လုပ်ရပ်မျိုးပင်။
တစ်ဖက်တွင် ဟုန်ရှောင်ပေါင်ကတော့ အနည်းငယ် ရှက်နေမိသည်။ ‘တောက်... ဒီဆိုင်ရှင်တောင် သိတဲ့ဟာကို ငါက မသိဘူး ဖြစ်နေတယ်။ နန်းတော်ထဲမှာတောင် ဒီလို ကြက်မျိုး မရှိဘူးကွ။’
ဟုန်ရှောင်ပေါင် တွေးနေသည်ကို ယင်းကျိုယို ရိပ်မိသွားသည်။
"မင်းတို့ လူသားကမ္ဘာက ဧကရာဇ်မင်း ဆိုတာ ဘာများ စွမ်းလို့လဲ။ တကယ်သာ စွမ်းရင် မင်း ဆေးစားဖို့ ဒီဂိုဏ်းထိ လာစရာ လိုမလား။"
ယင်းကျိုယိုက နှာခေါင်းရှုံ့လိုက်၏။ "ဒါပေမဲ့ မြစိမ်းရောင် ကြက်ဥဆိုတာတော့ ရှိကိုရှိရမှာ။ မင်း သတိမထားမိလို့ နေမှာပေါ့။"
ဟုန်ရှောင်ပေါင် ဘာမှ ပြန်မပြောတော့ပေ။ အမျိုးသားက ကြက်ဥ သုံးလုံး ထုတ်ပေးလိုက်သည်။ အရောင်က စိမ်းဖန့်ဖန့် အရောင်၊ အရွယ်အစားက ဘဲဥလောက် ရှိသည်။
"တစ်လုံးကို ဝိညာဉ်ကျောက်တုံး ၅ တုံး... စုစုပေါင်း ၁၁၂ တုံး ကျမယ်။"
......
ဟုန်ရှောင်ပေါင် ဆိုင်ပြန်ရာ လမ်းတစ်လျှောက် တွက်ချက်လာခဲ့သည်။
‘ဝိညာဉ်ကျောက်တုံး ၂၆၀ ရှိတာ ၁၁၂ ဖိုး ဝယ်လိုက်တော့ ၁၄၈ ကျန်သေးတာပဲ။ ဒီလောက်ဆို လုံလောက်ပါပြီ။ အဘိုးယင်းကျိုယို ပြောသလိုပဲ... အများကြီး ဝယ်ထားရင်လည်း အလကားပဲ။ သိမ်းထားတဲ့ သေတ္တာမရှိရင် အာနိသင်တွေ လွင့်ပျောက်ကုန်မှာ။ လိုမှ ဝယ်တာ ပိုကောင်းတယ်။ ဆိုင်မှာ ရှိနေတဲ့ ရှန်သံဓားကို ရောင်းလိုက်ရင်လည်း ပိုက်ဆံ ထပ်ရအုံးမယ်။ ပြီးတော့... နောက်ပိုင်း စီးပွားရေး ကောင်းလာဖို့ မျှော်လင့်ရတာပေါ့။’
ဟုန်ရှောင်ပေါင် တွေးတောနေစဉ်... ဗြမ္မာဦး ကုန်စုံဆိုင်နှင့် လမ်း ၂ လမ်းခန့် ဝေးသော အိမ်တစ်အိမ်၏ ပန်းခြံထဲတွင်...
မိန်းမလှလေး သုံးဦး ကျောက်စားပွဲဝိုင်းတွင် ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။
အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးကတော့ ယွင်ချိုင်ရှောင် ဖြစ်သည်။ ဘေးနားက မိန်းကလေး နှစ်ယောက် ကလည်း အလှချင်း ပြိုင်နေကြ၏။
လိမ္မော်ရောင် ဝတ်စုံနှင့် မိန်းကလေးက မေးထောက်လျက် ယွင်ချိုင်ရှောင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင်... ဟုန်ရှောင်ပေါင် ဆိုတာ နင့်အဖေ ယွင်အကြီးအကဲ ကိုယ်တိုင် ငယ်ငယ်တည်းက စေ့စပ်ပေးခဲ့တဲ့သူ ပေါ့။ ပြီးတော့ သူက သိုင်းမကျင့်နိုင်တဲ့သူ မဟုတ်လား။"
ဘေးနားက အပြာရောင် ဝတ်စုံနှင့် မိန်းကလေး ကျန်းမုန်ယွင်က ဝင်ပြင်ပေးလိုက်၏။ "အခု ကျင့်နိုင်သွားပြီဟ။ အပြင်စည်း ဂိုဏ်းသားတောင် ဖြစ်နေပြီ။"
လိမ္မော်ရောင် ဝတ်စုံနှင့် မိန်းကလေး ချောင်ဝမ်က မျက်ခုံးပင့်လိုက်သည်။
"သူက တော်ဝင်မိသားစုက ဆင်းသက်လာတာ ဆိုတော့... ထူးခြားတဲ့ ဆေးဝါး တစ်ခုခု စားလိုက်တာ ဖြစ်မယ်။"
ကျန်းမုန်ယွင် ငြိမ်သွားသည်။ သူမလည်း ဟုန်ရှောင်ပေါင်ကို သိပ်ဘဝင်မကျပေ။ ယဲ့ကျင်းနင်အား ပညာပြလိုက်စဉ်က သဘောကျခဲ့သော်လည်း သိုင်းလောကတွင် အဓိက လိုအပ်သည်မှာ ကိုယ်ပိုင် စွမ်းအားပင် မဟုတ်ပါလား။ သိုင်းမကျင့်နိုင်သော လူတစ်ယောက်က ရုတ်တရက်ကြီး ပထမအဆင့် ရောက်လာသည် ဆိုသည်မှာ သံသယ ဖြစ်စရာပင်။ ပါရမီရှင် မဟုတ်လျှင် ဆေးဝါး အကူအညီ ယူထားခြင်းမျိုး ဖြစ်နိုင်၏။
ယွင်ချိုင်ရှောင် ခေါင်းကိုက်ချင်သလို ဖြစ်သွားသည်။ ဤသူများမှာ သူမ၏ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်နေသည် မဟုတ်ပါလား။
"ကိုကိုရှောင်ပေါင်က တကယ်ပဲ သိုင်းကျင့်နိုင်တာပါ။ ပြီးတော့ သူက တော်တော်လည်း စွမ်းတယ်။ သူက ဆေးဖော်နည်းလည်း တတ်တယ်။ ဗြမ္မာဦး ကုန်စုံဆိုင်ကို ဖွင့်ထားတာ။ ဟိုတစ်နေ့က ချန်ယန် လာပြီး ပြဿနာရှာတုန်းက သူက ချန်ယန်ကို စကားမပြောနိုင်အောင် ပညာပြလိုက်တာလေ။ နင်တို့လည်း ကြားတာပဲဟာ။"
ကျန်းမုန်ယွင်က ထောက်ခံလိုက်သည်။
ချောင်ဝမ် မျက်မှောင်ကြုတ်သွားသည်။ ဟုတ်ပေသည်။ သူလည်း ထိုသတင်းကို ကြားပြီးဖြစ်၏။
"ဘာပဲဖြစ်ဖြစ်... ငါ့အမြင် ပြောရရင်တော့ ယဲ့ကျင်းနင်က ပိုသင့်တော်တယ်။ သူက အနည်းဆုံးတော့ ဒုတိယ အကြီးအကဲရဲ့ သားလေ။ နင်နဲ့ ဂုဏ်ရည်ချင်း တူတယ်။ ပြီးတော့ နောက်လကျရင် သူက လေယင် ရေကန် ကို ဝင်ခွင့်ရပြီး အတွင်းစည်း ဂိုဏ်းသား ဖြစ်လာတော့မှာ။ ဟုန်ရှောင်ပေါင်နဲ့ ယှဉ်ရင် အဆပေါင်းများစွာ သာလွန်နေတာပဲ။"
ချောင်ဝမ်က ဆက်ပြောသည်။ "ချိုင်ရှောင်... နင် သေချာ စဉ်းစားနော်။ ကိုယ်နဲ့ ထိုက်တန်တဲ့သူကိုပဲ ရွေးသင့်တယ်။ လူကြီးချင်း သဘောတူထားတာ ဆိုပြီး ခေါင်းညိတ်မနေနဲ့။"
ချောင်ဝမ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။
‘ဟုန်ရှောင်ပေါင်... ဟုန်ရှောင်ပေါင်...’
ဒီနာမည်က ရင်းနှီးနေသလိုပဲ။ ယွင်ချိုင်ရှောင်ရဲ့ စေ့စပ်ထားသူ 'ဟုန်ရှောင်ပေါင်' နဲ့... သူမ မောင်လေးကို ဓားမသိုင်း သင်ပေးလိုက်တဲ့ ဆရာကြီး ဟုန် တူနေတာလား။
သူမက မောင်လေးကို သင်ပေးသော ဆရာကြီးကို အရမ်း အထင်ကြီးနေပြီး... ယွင်ချိုင်ရှောင်နှင့် စေ့စပ်ထားသူကိုကျတော့ အရမ်း အထင်သေးနေသည်။ ဤနှစ်ယောက်က တစ်ယောက်တည်း ဖြစ်နေမည်လား ဆိုသည်ကို မတွေးမိခဲ့ပေ။
ကျန်းမုန်ယွင်က ဝင်ပြောလိုက်သည်။
"တကယ်တော့... ချန်ယန်ကိုတောင် နိုင်ခဲ့တယ် ဆိုတော့ သူက အနည်းဆုံး ပထမအဆင့် ဆေးဖော်ပညာရှင် တော့ ဖြစ်မှာပါ။ ဒီအချက် တစ်ချက်တည်းနဲ့တင် အလားအလာ ရှိပါတယ်။"
"ပထမအဆင့် ဆေးဖော်ပညာရှင် ဟုတ်လား..."
ချောင်ဝမ် မျက်မှောင်ကြုတ်လိုက်၏။
"အပြင်စည်း ဂိုဏ်းသားတွေထဲမှာ ဒါမျိုးက မရှားပါဘူး။ အတွင်းစည်း ရောက်ရင် ပိုတောင် ပေါသေးတယ်။ ဒီလောက် အရည်အချင်းလေးနဲ့ ချိုင်ရှောင်ကို လက်ထပ်ဖို့ မလုံလောက်ဘူး။"
သူမက သူငယ်ချင်း ကောင်းပီသစွာ အကြံပေးနေခြင်း ဖြစ်သည်။
ယွင်ချိုင်ရှောင် ခေါင်းညိတ်လိုက်၏။
ကျန်းမုန်ယွင်က ရယ်မောလိုက်ပြီး... "ကဲပါ... ပြောနေကြတာနဲ့ အချိန်ကုန်ပြီ။ ချိုင်ရှောင်က တို့ထက် ပိုသိမှာပါ။ အခု ဗြမ္မာဦး ကုန်စုံဆိုင်ကို သွားပြီး လူကိုယ်တိုင် သွားကြည့်ကြတာပေါ့။"
ထိုအချိန်တွင် ချောင်ဝမ် ရုတ်တရက် ထရပ်လိုက်ပြီး ကျန်းမုန်ယွင်ကို စိုက်ကြည့်လိုက်သည်။ "နေပါအုံး .... နင် ဘယ်ဆိုင်ကို ပြောလိုက်တာလဲ။"
"ဟင်..." ကျန်းမုန်ယွင် လန့်သွား၏။
"ဗြမ္မာဦး ကုန်စုံဆိုင် လေ... ဘာဖြစ်လို့လဲ။"
"အဲဒီဆိုင်က... မနေ့က ငါ့မောင်လေးကို ဓားမော့သိုင်း သင်ပေးလိုက်တဲ့ ဆရာကြီး... ဟုတ်တယ်... ငါ့မောင်လေး ပထမဆုံး အကြိမ်မှာတင် ဓားပန်း ၂ ပွင့် ပွင့်သွားအောင် သင်ပေးလိုက်တဲ့ ဆရာကြီးက အဲဒီဆိုင်ကပဲ။"
ချောင်ဝမ်၏ အသံတွေ တုန်နေသည်။
"သူ့နာမည်က... ဆရာကြီး ဟုန်... ဟုန်ရှောင်ပေါင်..."
"တို့တွေ ပြောနေတာ... လူတစ်ယောက်တည်းလား။"
"ခစ်... ခစ်..."
ယွင်ချိုင်ရှောင် သဘောတကျဖြင့် ရယ်မောလိုက်သည်။
"အစ်မကြီးဝမ်... တခြားကိစ္စ ဆိုရင်တော့ ညီမ မသိဘူး။ ဒါပေမဲ့ အစ်မ မောင်လေး ကိစ္စကတော့ ညီမ ကိုယ်တိုင် ရှိနေခဲ့တာ။ အဲဒါ ကိုကိုရှောင်ပေါင် သင်ပေးလိုက်တာပါ။"
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ချောင်ဝမ် ခေါင်းမူးသွား၏။
"နင့်ရဲ့ ကိုကိုရှောင်ပေါင်က... သိုင်းမကျင့်နိုင်တဲ့ လူလေ။ အခုမှ ကျင့်နိုင်တယ် ထားအုံး... ဘယ်လိုလုပ် ဓားသိုင်း ပါရဂူ တစ်ယောက် ဖြစ်နေရတာလဲ။ ပြီးတော့ စကားနည်းနည်းလေး ပြောလိုက်ရုံနဲ့ ငါ့မောင်လေးကို ဓားပန်း ၂ ပွင့် ပွင့်အောင် လုပ်ပေးလိုက်တယ် ဆိုတာ..."
"ဒါတော့ ညီမလည်း မသိဘူးလေ။"
ယွင်ချိုင်ရှောင်က မသိဘူးဟုသာ ပြောနေသော်လည်း မျက်လုံးလေးများကမူ လခြမ်းကွေးလေးများအလား ပိတ်ကာ ပြုံးနေလေသည်။ ချစ်သူ အချီးကျူးခံရခြင်းမှာ ကိုယ်တိုင် အချီးကျူးခံရခြင်းထက် ပို၍ ပျော်စရာကောင်းသည် မဟုတ်ပါလား။
"ကိုကိုရှောင်ပေါင်က စာအုပ်တွေ အများကြီး ဖတ်ထားလို့ နေမှာပေါ့... ခစ်... ခစ်..."