← Chapters

အခန်း (၁၀၀၇-၁၀၀၈)

Vol. 49 Ch. 1007-1008

အခန်း (၁၀၀၇-၁၀၀၈)

Vol. 49 Ch. 1007-1008

အခန်း(၁၀၀၇) ထူးဆန်းသောလူ ရောက်ရှိလာခြင်း

ထိုဖြူဖွေးသော အလင်းတန်းများမှာ အမှန်စင်စစ်အားဖြင့် ဓားသွားကဲ့သို့ ထက်မြက်လှပြီး အေးစက်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ဖြူဖွေးသော အတောင်ပံတစ်စုံ ဖြစ်ချေသည်။ အတောင်ပံနှစ်ဖက်ကြားရှိ ခန္ဓာကိုယ်မှာ လူသားတစ်ဦး ဖြစ်ပြီး အလွန်တရာ ထွားကျိုင်းသန်မာလှသော လူကြီးတစ်ယောက် ဖြစ်ကာ ယခုအခါ သူတို့ဆီသို့ လျင်မြန်စွာ ပြေးဝင်လာနေခြင်း ဖြစ်သည်။ ထိုသူသည် ရှည်လျားလှသော ဟိန်းဟောက်သံကြီးနှင့်အတူ လက်မောင်းနှစ်ဖက်ကို မြှောက်ကာ သူတို့အား တိုက်ရိုက် တိုက်ခိုက်လေတော့သည်။

“ဖယ်ကြ” ကျွမ်ယွမ်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

ဓားသွားကဲ့သို့ ထက်မြက်လှသော အတောင်ပံပုံသဏ္ဌာန် ဖြူဖွေးသည့် အလင်းတန်းများသည် အားလုံးကို ဖြတ်တောက်ရန် ဦးတည်လာချေသည်။ ကျွမ်ယွမ်၏ အသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းသည် ချက်ချင်းပင် အထက်သို့ ပျံတက်သွားကြ၏။

ထို့နောက် ရန်သူ၏ မြှောက်ထားသော လက်များက ချင်ယွမ်ဖုန်းအား တိုက်ရိုက် တိုက်ခိုက်လာတော့သည်။ ချင်ယွမ်ဖုန်းသည် သူတို့ထဲတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်ကြောင်း ရန်သူက ရိပ်မိသွားသောကြောင့်လည်း ဖြစ်တန်ရာသည်၊ ထို့ကြောင့် ထိုသူ၏ ပစ်မှတ်မှာ ချင်ယွမ်ဖုန်းအပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့ခြင်း ဖြစ်ချေသည်။

“မီးလျှံကောင်းကင်ခုတ်ချက်”

ချင်ယွမ်ဖုန်းသည် မည်သည့်စကားမျှ မဆိုဘဲ သူ၏လက်ထဲ၌ရှိသော ဝိညာဉ်ဓားကို ချက်ချင်းပင် ဝှေ့ယမ်းကာ မီးလျှံကောင်းကင်ခုတ်ချက်ကို ထုတ်လွှတ်လိုက်ချေသည်။ ပြင်းထန်လှသော ဓားချီများနှင့် ရောနှောနေသည့် ပူပြင်းလှသော မီးလျှံအရှိန်အဝါများသည် ရန်သူ့ထံသို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

သို့သော် ထိုခဏ၌ပင် ရန်သူသည် သူ၏ ဧရာမလက်သီးကြီးကို မြှောက်ကာ ချင်ယွမ်ဖုန်းဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်၏။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ မီးလျှံကောင်းကင်ခုတ်ချက်၏ ကြီးမားလှသော စွမ်းပကားမှာ ချက်ချင်းပင် ရိုက်ခွဲဖျက်ဆီးခြင်း ခံလိုက်ရပြီး ရန်သူသည် ရပ်တန့်မည့် အရိပ်အယောင်မျှမပြဘဲ ချင်ယွမ်ဖုန်းဆီသို့ ချက်ချင်းပင် ပြေးဝင်လာချေသည်။

ချင်ယွမ်ဖုန်းသည် အလွန်တရာ ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ရန်သူနှင့် လက်ဦးမှု ရယူ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်၌ ထိုသူ အသုံးပြုနေသော စွမ်းအားမှာ အမှန်စင်စစ်အားဖြင့် နတ်ဘုရားဝိညာဉ်စွမ်းအင် ဖြစ်နေကြောင်း ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။

“မင်းက နတ်ဘုရားတစ်ယောက်ပဲ” ချင်ယွမ်ဖုန်းက ထိုသူကို တုန်လှုပ်စွာဖြင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

သို့သော် ရန်သူ၏ တိုက်ကွက်က သူ၏ရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်ချေသည်။ ချင်ယွမ်ဖုန်းသည် နတ်ဘုရားဝိညာဉ်စွမ်းအင်များကို ချက်ချင်း စုစည်းလိုက်ပြီးနောက် ရန်သူ၏ လက်သီးနှင့် ပြင်းထန်စွာ ရင်ဆိုင်လိုက်တော့သည်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ရန်သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ တစ်လှမ်းမျှသာ အနည်းငယ် ဆုတ်ခွာသွားသော်လည်း ချင်ယွမ်ဖုန်းမှာမူ နောက်သို့ ခြေလှမ်းအပြည့်ဖြင့် အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားရချေသည်။

ယင်းကို မြင်သောအခါ ရန်သူ၏ မျက်နှာပေါ်တွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် သူက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကာ “နတ်ဘုရားလား” ဟု မေးမြန်းလိုက်လေသည်။

ချင်ယွမ်ဖုန်းက ထိုသူကို ကြည့်ကာ “မိတ်ဆွေ... ငါတို့ ဒီနေရာကို လာတာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ဆိုလိုက်၏။

ရန်သူက “မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ငါသိတယ်၊ သာမန်လူတွေလည်း ဒီနေရာကို မလာနိုင်ဘူးလေ၊ ဒါပေမဲ့ ငါ ဒီမှာ ရှိနေတာ ကြာပြီဖြစ်လို့ အခု ဗိုက်ဆာနေတာ၊ မင်းတို့ ရောက်လာတာက ငါ့အတွက် အရသာရှိတဲ့ အစားအစာကို ယူဆောင်လာပေးသလိုပဲ” ဟု ဆိုပြီးနောက် မိမိ၏ ဗိုက်သည် လုံးဝ လွတ်လပ်ခြောက်သွေ့နေကြောင်း ပြသသည့်အလား သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်ပြလေသည်။

---

ချင်ယွမ်ဖုန်းသည် ထိုအခွင့်အရေးကို အသုံးချကာ ရန်သူကို သေချာစွာ စောင့်ကြည့်လိုက်၏။ ထိုသူ၏ ရုပ်သွင်မှာ အလွန်ပင် ကြမ်းတမ်းခက်ထန်လှပြီး ခန္ဓာကိုယ်မှာ ဧရာမ ကြီးမားလွန်းလှသဖြင့် သာမန်လူသားတစ်ဦးနှင့် မတူချေ။ အထူးသဖြင့် သူ၏ကျောပေါ်ရှိ ဓားသွားကဲ့သို့သော အတောင်ပံကြီးများမှာ လူသားတစ်ဦးတွင် အမှန်တကယ် မပေါက်ရောက်သင့်သော အရာများ ဖြစ်ချေသည်။ ထို့ပြင် ထိုသူသည် အလွန်တရာ အကြမ်းဖက် လိုစိတ် ပြင်းထန်နေပုံရသည်။

ချင်ယွမ်ဖုန်းသည် ခဏမျှ တွေးတောပြီးနောက် အကိုနဂါး ပြောခဲ့ဖူးသည့် ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီး ထိန်းချုပ်ထားသော မျိုးနွယ်စု အဖွဲ့အစည်းသည် ထူးဆန်းသော သတ္တဝါများကို မွေးမြူနေကြောင်း ရုတ်တရက် သတိရသွားတော့သည်။

ဤသူသည် ထိုမျိုးနွယ်စုမှ ထွက်ပေါ်လာသည့် အရာတစ်ခု ဖြစ်နေမလား။ ထိုသို့ တွေးတောမိသောအခါ ချင်ယွမ်ဖုန်းသည် အနည်းငယ်မျှသာ ဇဝေဇဝါ ဖြစ်သွားရ၏။ သို့သော် လတ်တလော ပြဿနာကိုမူ ရှေးဦးစွာ ရှင်းလင်းရပေဦးမည်။

သူသည် အစားအစာအချို့ကို ချက်ချင်း ထုတ်ယူလိုက်ပြီး တဟားဟား ရယ်မောကာ “မင်းရဲ့ ခန္ဓာကိုယ် ကြီးမားပုံအရဆိုရင် မင်းရဲ့ အစားအသောက် အင်အားကလည်း ကြီးမားရမယ်၊ ကံကောင်းတာက ငါ့ဆီမှာ အစားအစာတချို့ သိုလှောင်ထားတာ ရှိသေးတယ်၊ မင်းရဲ့ ဗိုက်ကို ဖြည့်ဖို့ ငါ ပေးနိုင်ပါတယ်” ဟု ဆိုလိုက်လေသည်။

ဤကျင့်ကြံခြင်း အဆင့်အတန်းသို့ ရောက်ရှိပြီးနောက် ချင်ယွမ်ဖုန်းသည် အစားအစာ စားသုံးရန် မလိုအပ်တော့သော်လည်း အချို့သော အစားအစာများတွင်မူ သူ စုပ်ယူနိုင်သည့် စွမ်းအင်ဓာတ်များ ပါဝင်နေဆဲ ဖြစ်ရာ စားချင်စိတ် ရှိသည့်အခါမျိုးတွင် စားသုံးခြင်းမှာလည်း ဆိုးလှသည်တော့ မဟုတ်ချေ။

ရန်သူက ချင်ယွမ်ဖုန်းကို ကြည့်ကာ သူ၏ မျက်လုံးကြီးနှစ်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် သူ့အား လက်ညှိုးထိုးပြလျက် “မင်းက သိရက်နဲ့ မသိချင်ယောင်ဆောင်နေတာလား၊ ငါ ပြောတဲ့ အစားအစာဆိုတာ မင်းတို့ကို ပြောတာ၊ မင်းတို့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေက ဒီအစားအစာထဲက စွမ်းအားတွေထက် အများကြီး ပိုကြီးမားတယ်၊ ငါ မင်းတို့ကို ဝါးမြိုနိုင်ရင် ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ပြီး ရှင်သန်နေနိုင်မှာ” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းချရုံမျှမှတစ်ပါး မတတ်နိုင်တော့ဘဲ “မင်းကို ငါတို့ တကယ် ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား၊ ငါတို့က လေးယောက် ရှိတာ၊ မင်းက တစ်ယောက်တည်းပဲ၊ မင်း ငါတို့ကို အနိုင်ကျင့်ချင်တယ်ဆိုရင် မင်းရဲ့ ခွန်အားကို ပြန်ပြီး စဉ်းစားသင့်တယ်” ဟု ဆိုလိုက်၏။

ရန်သူက သူ့အား လက်ညှိုးထိုးပြမြဲ ပြထားဆဲဖြင့် “မင်းကလွဲလို့ ကျန်တဲ့လူတွေ အားလုံးက အမှိုက်ကောင်တွေပဲ” ဟု ဆိုလေသည်။

ယင်းကို ကြားလိုက်ရသောအခါ ကျွမ်ယွမ်၏ မျက်နှာအမူအရာမှာ သိသိသာသာပင် ပျက်ယွင်းသွားတော့သည်။ တောက်ကျန့်ရန်၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်း မရှိချေ၊ မိမိ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ သူတို့ထဲတွင် အနိမ့်ဆုံး ဖြစ်ကြောင်း သူ သိရှိသောကြောင့် ဖြစ်သည်။

အသည်းအသန်ဆုံး မခံမရပ်နိုင် ဖြစ်သွားရသူမှာမူ အကိုနဂါး ဖြစ်ချေသည်။ ရန်သူက မိမိအား ဤကဲ့သို့ စော်ကားဝံ့သည်ကို ကြားလိုက်ရသဖြင့် သူသည် ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ မိမိ၏ စစ်မှန်သော အသွင်သဏ္ဌာန် ဖြစ်သည့် မီးလျှံနဂါးသားရဲကြီးအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲလိုက်တော့သည်။

“မင်း ဘယ်သူ့ကို အမှိုက်ကောင်လို့ ခေါ်တာလဲ” မီးလျှံနဂါးသားရဲကြီးသည် ဟိန်းဟောက်ကာ ရန်သူ့ထံသို့ ပြေးဝင်သွားပြီး သူ့ကို တိုက်ရိုက် လွှမ်းခြုံလိုက်တော့သည်။

သူသည် မိမိ၏ အမြီးကို ပြင်းထန်စွာ ဝှေ့ယမ်းကာ ရန်သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်၏။ သို့သော် ရန်သူသည် လက်သီးကို မြှောက်ကာ မီးလျှံနဂါးသားရဲကြီး၏ အမြီးကို တိုက်ခိုက်ရန် ပြင်ဆင်လေသည်။

သို့သော် ထိုအချိန်၌ပင် အနီးအနား၌ ရှိနေသော ချင်ယွမ်ဖုန်းသည် ဒီအတိုင်း ရပ်ကြည့်မနေဘဲ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ချေသည်။ ရန်သူ၏ လက်သီးက ကျရောက်တော့မည့် ဆဲဆဲတွင် သူက လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ ကျယ်လောင်လှသော မြည်ဟီးသံနှင့်အတူ သူတို့၏ လက်သီးများသည် တစ်ဖန် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြပြီး တစ်ယောက်လျှင် တစ်လှမ်းစီ နောက်သို့ ဆုတ်ခွာသွားကြရသော်လည်း မီးလျှံနဂါးသားရဲကြီး၏ တိုက်ကွက်မှာမူ တိုက်ရိုက် ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

ရန်သူ၏ တားဆီးမှု မရှိတော့သဖြင့် အမြီးသည် ရန်သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ရိုက်ခတ်မိသွားတော့သည်။ ကျယ်လောင်လှသော အသံနှင့်အတူ ၎င်းက ရန်သူကို နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားစေ၏။ ထို့နောက် သူက ခေါင်းကို ခါယမ်းကာ ဒေါသတကြီးဖြင့် ရန်သူ့ထံသို့ တစ်ဖန် ပြန်လည် ပြေးဝင်သွားပြန်သည်။

ပူပြင်းလှသော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေပြီး သူ၏ တစ်ကိုယ်လုံးမှာ မီးလျှံများဖြင့် ဖုံးလွှမ်းနေသည့်အလား ထင်မှတ်ရချေသည်။

---

ချင်ယွမ်ဖုန်းက ရန်သူကို ကြည့်ကာ “မင်းရဲ့ ခွန်အားက ငါ့ထက် နည်းနည်း ပိုကြီးမားတယ်ဆိုတာ ငါ ဝန်ခံရမယ်၊ ဒါပေမဲ့ ငါ ထင်တာ မမှားဘူးဆိုရင် မင်းလည်း ဒီနေရာမှာ နတ်ဘုရားဝိညာဉ်စွမ်းအင်တွေကို လျင်မြန်စွာ ပြန်ပြီး မဖြည့်တင်းနိုင်ဘူးမလား၊ ဒါကြောင့် မင်းရဲ့ စွမ်းအားတွေက အခုဆိုရင် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ” ဟု ဆိုလိုက်၏။

ရန်သူသည် အနည်းငယ်မျှ ဆွံ့အသွားရချေသည်။

တောင်တန်းနှစ်ခု ထိပ်တိုက် ဆောင့်မိသည့်အလား ကျယ်လောင်လှသော မြည်ဟီးသံနှင့်အတူ အကိုနဂါးသည် ရန်သူ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဆောင့်ဝင်လိုက်တော့သည်။ သို့သော် အကိုနဂါး၏ တိုက်ကွက်က ကျရောက်သွားသည့် ခဏ၌ပင် ရန်သူ၏ အတောင်ပံများသည် ရုတ်တရက် ကျုံ့ဝင်သွားကာ သူ၏ ရင်ဘတ်ကို ရစ်ပတ် အကာအကွယ်ပေးလိုက်ပြီး စူးရှလှသော ဖြူဖွေးသည့် အလင်းရောင်များ လင်းလက်သွားချေသည်။

ထိုသို့ ဆောင့်မိခြင်းကြောင့် ကြီးမားလှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့သော်လည်း ဤစွမ်းအားသည် ရန်သူကို ဖျက်ဆီးပစ်နိုင်ခြင်း မရှိဘဲ တိုက်ကွက်၏ ကြီးမားသော အစိတ်အပိုင်းကို သူ၏ အတောင်ပံများက တားဆီးကာကွယ်ပေးလိုက်ခြင်း ဖြစ်ချေသည်။

ချက်ချင်းပင် ချင်ယွမ်ဖုန်းက “မင်း ဒီနေရာမှာ မသေချင်ဘူးဆိုရင် အခြေအနေကို နားလည်တာ အကောင်းဆုံးပဲ” ဟု ထပ်လောင်း ဆိုလိုက်လေသည်။

ရန်သူသည် ထိုအခွင့်အရေးကို အသုံးချကာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားပြီးနောက် ချင်ယွမ်ဖုန်းနှင့် အကွာအဝေးတစ်ခုသို့ ခွာလိုက်၏။ ထို့နောက် သူက သူ့အား သေချာစွာ စောင့်ကြည့်ပြီး “မင်း အတော်များများ သိနေပုံရတယ်နော်” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားပြီးနောက် “ငါ အများကြီး သိရုံတင်မကဘူး၊ မင်းက ယမမင်းမျိုးနွယ်စုက လာတာဆိုတာကိုလည်း ငါ သိတယ်” ဟု ဆိုလိုက်၏။

“ဘာ မျိုးနွယ်စုလဲ၊ ငါ မဟုတ်ဘူး” ထူးဆန်းသောလူက ချက်ချင်းပင် ပြန်လည် ချေပလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ထိုသူကို စမ်းသပ်ရန်အတွက်သာ ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရန်သူ၏ ပြင်းထန်လွန်းလှသော တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသောအခါ ဤသူသည် အမှန်စင်စစ်အားဖြင့် ယမမင်းမျိုးနွယ်စုမှ ဖြစ်ရမည်ကို သူ ချက်ချင်းပင် နားလည်သွားတော့သည်။ ထိုသူသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း ဟူသည်ကိုမူ ချင်ယွုန်းဖုန်း မသိရှိပေရာ ထိုသူ့ဘာသာ ပြောပြလာသည်ကိုသာ စောင့်ဆိုင်းရပေမည်။

“မင်း ဝန်မခံချင်လည်း ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါကတော့ နတ်ဘုရားနယ်မြေကို အနှေးနဲ့အမြန် သွားပြီး ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီးကို ကိုယ်တိုင် သွားရှာမှာပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့် ဆိုလိုက်ချေသည်။

အခန်း(၁၀၀၈)

ထိုသူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် “မင်း နတ်ဘုရားနယ်မြေကို သွားနိုင်လို့လား” ဟု မေးလိုက်ချေသည်။

ချင်ယွမ်ဖုန်းက သူ့ကို ကြည့်ကာ “... ဘာလဲ၊ ဒီနေရာက နတ်ဘုရားနယ်မြေကို သွားဖို့ သော့ချက်ဆိုတာ မင်းမသိဘူးလား” ဟု ပြောလိုက်၏။

ထိုသူက မဲ့ပြုံးပြုံးကာ “ရယ်စရာပဲ... ငါ နတ်ဘုရားနယ်မြေကနေ နှင်ထုတ်ခံရတုန်းက ဒီနေရာကို ရောက်လာတာ။ ဒီမှာ နေခဲ့တာလည်း ကြာလှပြီ၊ ဒါပေမဲ့ နတ်ဘုရားနယ်မြေကို ပြန်ဖို့ ဘယ်နည်းလမ်းမှ ရှာမတွေ့ခဲ့ဘူး။ အခုတော့ မင်းက ဒီနေရာက ပြန်သွားဖို့ သော့ချက်လို့ ပြောနေတယ်ပေါ့လေ” ဟု ဆိုသည်။

ချင်ယွမ်ဖုန်း အနည်းငယ် မှင်တက်သွားချေသည်။ ထိုသူက ရည်ရွယ်ချက်ရှိရှိ ပြောသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ပြောသည်ဖြစ်စေ သူသည် မူလက နတ်ဘုရားနယ်မြေမှ ဖြစ်ပြီး ယမမင်းမျိုးနွယ်စုနှင့်လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ချင်ယွမ်ဖုန်း သိလိုက်ရပြီဖြစ်သည်။

ထို့ကြောင့် ချင်ယွမ်ဖုန်း၏ အသံက အနည်းငယ် လေးနက်သွားကာ “မင်း ဒီနေရာကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ” ဟု မေးလိုက်၏။

“သေချာ တွက်ကြည့်ရင်တော့ အခုဆို နှစ်ပေါင်း ရာနဲ့ချီ ရှိနေပြီပေါ့” ဟု ထိုသူက ဖြည်းညှင်းစွာ ပြောသည်။ “တကယ်လို့ မင်းမှာ ငါ့ကို နတ်ဘုရားနယ်မြေ ပြန်ခေါ်သွားနိုင်မယ့် နည်းလမ်းရှိရင် မင်းကို မစားဘဲနေဖို့ ငါ စဉ်းစားပေးနိုင်တယ်။ ဒါပေမဲ့ မင်းပြောတဲ့ သော့ချက်ဆိုတာကြီးကတော့ ငါ့အတွက်တော့ အဓိပ္ပာယ်မရှိတဲ့ လျှောက်တွေးချက်ပဲ”

ချင်ယွမ်ဖုန်းသည် ကျွမ်ယွမ်နှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။ သူ၏ အစီအစဉ်က အဆုံးသတ်တွင် အချည်းနှီး ဖြစ်သွားရတော့မည်လော။

သို့သော် တောက်ကျန့်ရန်က “အခုကတည်းက သံသယ မဝင်ပါနဲ့ဦး။ အချိန်ကျလာရင် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ တခြားတစ်ဖက်ကလူက နတ်ဘုရားနယ်မြေကို ပြန်သွားမယ့် သော့ချက်ကို ရှာမတွေ့နိုင်လောက်အောင် ဉာဏ်ထိုင်းလွန့်လို့လည်း ဖြစ်နိုင်တာပဲလေ” ဟု ဆိုလာ၏။

“အင်း” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ယင်းစကားက အကျိုးအကြောင်း ရှိသည်ဟု တွေးမိသည်။ ထို့ကြောင့် သူက ထိုသူကို ကြည့်ကာ “မင်း နတ်ဘုရားနယ်မြေကနေ ဘယ်လိုဖြစ်ပြီး အနှင်ထုတ်ခံလိုက်ရတာလဲ” ဟု မေးလိုက်သည်။

“ဒါကို သိစရာမလိုဘူး” ဟု ထိုသူက ပြောလိုက်ချေသည်။

ထို့နောက် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား ထိုသူသည် အထက်ကောင်းကင်ယံတွင် လည်ပတ်နေသော လေထုမုန်တိုင်းကြီးကို မော့ကြည့်လိုက်၏။ ယခုအချိန်တွင် လေထုမုန်တိုင်းကြီးသည် မဟူရာနီရောင်မှသည် တောက်ပသော အနီရောင်၊ ထိုမှတစ်ဆင့် ပူပြင်းလှသော လိမ္မော်ရောင်သို့ တဖြည်းဖြန်း ပြောင်းလဲသွားချေပြီ။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။

“ဒီလို အပြောင်းအလဲက ဘယ်လိုဖြစ်ပြီး ဖြစ်လာရတာလဲ”

ထူးဆန်းသောလူက “ဒီအကောင်ကြီး တစ်ခေါက် ပြန်လာပြန်ပြီ။ မင်းတို့ အခုချက်ချင်း ပုန်းအောင်းဖို့ နေရာတစ်ခု ရှာလိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် နောက်မှဖြစ်လာမယ့်အရာက မင်းတို့ စိတ်ကူးထားတာထက် ကျော်လွန်သွားလိမ့်မယ်” ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ယင်းက အလွန် ကြောက်ရွံ့နေသည့်အလား အဝေးသို့ ပျံသန်းသွားရန် ဟန်ပြင်လေသည်။ သို့သော် ထိုသူ၏ ခန္ဓာကိုယ် မလှုပ်ရှားရသေးမီမှာပင် ချင်ယွမ်ဖုန်းက တိုက်ရိုက် ပျံတက်သွားပြီး သူ့ကို ဖမ်းဆွဲကာ “နောက်မှ ဘာဖြစ်မှာလဲ။ သေချာ ရှင်းရှင်းလင်းလင်း ပြောစမ်း၊ မဟုတ်ရင် ဘယ်သူမှ ဒီနေရာကနေ ထွက်မသွားရဘူး” ဟု ပြောလိုက်၏။

“တောက်” ချင်ယွမ်ဖုန်း၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရသဖြင့် ထိုသူသည် စွမ်းအားကြီးမားသော်လည်း ချက်ချင်း လက်ငင်း ရုန်းထွက်ရန်မှာ မလွယ်ကူပေ။ သူက မဆဲဘဲ မနေနိုင်တော့ဘဲ “မင်းတို့ သေချင်ရင်လည်း သေကြလေ၊ ငါ့ကိုပါ ဆွဲမထည့်နဲ့” ဟု အော်ဟစ်လိုက်ချေသည်။

ကွက်တိပင် ကျွမ်ယွမ်က ရုတ်တရက် “ကြည့်စမ်း၊ အထက်က လေထုကြီးက လောင်ကျွမ်းနေပြီ” ဟု ပြောလိုက်၏။

ယခုအချိန်တွင် လေထုမုန်တိုင်းကြီးသည် စတင် လောင်ကျွမ်းနေချေပြီ။ ကောင်းကင်တစ်ခုလုံး ချက်ချင်းပင် လိမ္မော်ရောင် မီးလျှံများဖြင့် ပြည့်နှက်သွားပြီး ကောင်းကင်နှင့် မြေကမ္ဘာကြားရှိ အပူချိန်ကလည်း မြင့်တက်လာသည်။

မြေပြင်ပေါ်ရှိ ရေကြီးမှုများကလည်း ဆူပွက်လာပြီး အပူရှိန်က လူတိုင်းကို လွှမ်းခြုံလာချေသည်။ ပူပြင်းလှသော ခံစားချက်ကြောင့် လူတို့မှာ အသက်ရှူရ စွမ်းအားကုန်သကဲ့သို့ ခံစားရစေသည်။

“မြန်မြန်ပြော၊ နောက် ဘာဖြစ်မှာလဲ” ချင်ယွမ်ဖုန်းက ထူးဆန်းသောလူကို စိုက်ကြည့်ရင်း မေးလိုက်၏။

ထူးဆန်းသောလူက သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။ သူသည် အကြမ်းထည် ခွန်အားဖြင့် ရုန်းထွက်နိုင်သော်လည်း ချင်ယွမ်ဖုန်း၏ အင်အားက သူ့ကို ပတ်သတ်နှောင်ဖွဲ့ထားနိုင်ဆဲ ဖြစ်သဖြင့် ဘေးကင်းစွာ ထွက်ပြေးရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် သူက ပျာပျာသလဲဖြင့် “ဒီနေရာက မီးပင်လယ်ကြီးအဖြစ် ပြောင်းသွားတော့မှာ။ အဲဒီအချိန်ကျရင် အမြင့်ဆုံး အပူချိန်အောက်မှာ အရာအားလုံး အရည်ပျော်သွားလိမ့်မယ်” ဟု ဆိုသည်။

“ဒါဆို မင်းက ဒါကို သိနေရက်သားနဲ့ ဘာလို့ အဲဒီတုန်းက ဒီတျန်ကျောက်ကြယ်ကနေ ထွက်မသွားတာလဲ” ဟု ချင်ယွမ်ဖုန်းက ဇဝေဇဝါဖြင့် မေးလိုက်ချေသည်။

“ငါ့မှာ ဒီနေရာအတွက် လမ်းကြောင်းပြမြေပုံ မရှိဘူးလေ။ ပြီးတော့ ဒီကြယ်က ဟင်းလင်းပြင်ခုန်ပျံခြင်းကို လုပ်တော့မှာ။ အမြင့်ဆုံးအမှတ်ကို ရောက်တဲ့အခါ အချိန်နှင့်ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းကနေတစ်ဆင့် မူလနေရာကို ပြန်သွားလိမ့်မယ်။ တကယ်လို့ ငါသာ ဒီကြယ်ရဲ့ လမ်းကြောင်းကို ပျောက်သွားရင် နတ်ဘုရားနယ်မြေကို ဘယ်တော့မှ ပြန်သွားနိုင်တော့မှာ မဟုတ်ဘူး” ဟု ထိုသူက နောက်ဆုံးတွင် အမှန်အတိုင်း ဖွင့်ပြောလိုက်ချေသည်။

သူသည် ဤနေရာကို အတော်အတန် နားလည်ထားပြီး နတ်ဘုရားနယ်မြေသို့ ပြန်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်ဟန်တူသည်။

ချင်ယွမ်ဖုန်းက တောက်ကျန့်ရန်ကို လှမ်းကြည့်လိုက်ရာ တောက်ကျန့်ရန်က “အဆုံးသတ်မှာ ပေါ်လာမယ့် အချိန်နှင့်ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းက တျန်ကျောက်ကြယ်ရဲ့ ခုန်ပျံခြင်းအတွက် သော့ချက် ဖြစ်ရမယ်၊ ပြီးတော့ နတ်ဘုရားနယ်မြေကို သွားမယ့် သော့ချက်လည်း ဖြစ်လိမ့်မယ်။ ငါတို့ ဒီမှာပဲ စောင့်နေဖို့ လိုတယ်” ဟု ပြောသည်ကို ကြားလိုက်ရ၏။

“အရူးတွေ... အဲဒီအချိန်ကျရင် နတ်ဘုရားနယ်မြေကို သွားမယ့် လမ်းကြောင်း ရှိလာမှာ မဟုတ်ဘူး။ အားလုံးက ပြင်းထန်တဲ့ မီးတောက်တွေအောက်မှာ ပြာအဖြစ် ပြောင်းသွားလိမ့်မယ်။ အခုချက်ချင်း ပုန်းစရာနေရာ ရှာစမ်းပေါ့” ဟု ထူးဆန်းသောလူက ပျာပျာသလဲ ပြောသည်။

သူ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရင်နေသည်ကို ကြည့်ခြင်းဖြင့် ချင်ယွမ်ဖုန်းသည်လည်း နောက်ထပ် ဖြစ်လာမည့်အရာက လွန်စွာ ထိတ်လန့်ဖွယ်ကောင်းကြောင်း သိလိုက်ရသည်။ သို့သော် သူသာ ကြံ့ကြံ့မခံပါက ဤအခွင့်အရေးကို လွတ်သွားရန် အခွင့်အလမ်း လွန်စွာများပေသည်။

“ငါတို့ ကောင်းကင်ထဲက မီးလျှံတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာရုံပဲ” ဟု ချင်ယွမ်ဖုန်းက အထက်သို့ မော့ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်၏။

ကျွမ်ယွမ်နှင့် အခြားသူများသည် ကောင်းကင်တွင် တဖြည်းဖြည်း ပူပြင်းလာသော မီးလျှံများကို ရင်ဆိုင်ရန်အတွက် မိမိတို့ကိုယ်မိမိ ကိုယ်ရံစွမ်းအင် ဒိုင်းကာဝတ်ရုံများဖြင့် စတင် ကာကွယ်နေကြပြီဖြစ်သည်။

သို့သော် ထူးဆန်းသောလူက အေးစက်စွာ လှောင်ရယ်လိုက်ပြီး “မင်းတို့လို အရူးတွေ... ကောင်းကင်ထဲက မီးလျှံတွေက ကလေးကစားစရာပဲ ရှိသေးတာ။ လူတိုင်း ဒါတွေကို ဘယ်လိုရင်ဆိုင်ရမလဲ သိကြပေမယ့် တကယ့် ကြောက်စရာကောင်းတဲ့ အပိုင်းကိုတော့ မင်းတို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး...”

*ဝုန်း*

သူ၏ စကားသံ ဆုံးသွားသည်နှင့် ကွက်တိပင် ရုတ်တရက် တျန်ကျောက်ကြယ်၏ မြေလွှာကြီးက စတင် အက်ကွဲသွားပြီး အတွင်းမှ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာချေသည်။ သူတို့ခြေဖဝါးအောက်ရှိ တောင်ကြီးပင် ပြင်းထန်စွာ တုန်ခါသွားသဖြင့် ချက်ချင်းပင် ချင်ယွမ်ဖုန်းနှင့် အခြားသူများ၏ မျက်နှာများ ဖြူလျော်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် မြေပြင် အက်ကွဲသွားသည်နှင့်အမျှ အတွင်းမှ ရွှေဝါရောင် ချော်ရည်ပူများ စီးထွက်လာသောကြောင့် ဖြစ်သည်။ ယင်းချော်ရည်ပူများသည် ရေနှင့် ထိတွေ့သည်နှင့် ကျောက်တုံးအဖြစ် ချက်ချင်း အေးခဲသွားသော်လည်း နောက်ထပ် ချော်ရည်ပူများက ဆက်တိုက် ပေါက်ကွဲထွက်လာပြီး မြေပြင်ပေါ်ရှိ အက်ကြောင်းများကလည်း စိပ်လှပေသည်။

ရေမျက်နှာပြင်က စတင် လျော့ကျလာပြီး ရေကြီးမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အဆုံးမရှိသော မီးလျှံများဖြင့် အစားထိုးဝင်ရောက်လာချေသည်။

“ကမ္ဘာမြေအူတိုင်က မီးလျှံတွေ အပြင်ကို ပေါက်ကွဲထွက်လာပြီ။ ဒီနေရာက ဧရာမ မီးလုံးကြီးအဖြစ် ပြောင်းသွားဖို့ အခွင့်အလမ်း အများကြီး ရှိတယ်” ဟု တောက်ကျန့်ရန်က ရုတ်တရက် သတိပြုမိသွားချေသည်။

ချင်ယွမ်ဖုန်း ခဏမျှ မှင်တက်သွားသည်။ ဤနေရာရှိ အရာအားလုံး ပျောက်ကွယ်သွားတော့မည်လော။ ထို့နောက် တျန်ကျောက်ကြယ်သည် နေမင်းကဲ့သို့ ဧရာမ မီးလုံးကြီး ဖြစ်သွားတော့မည်လော။

ဤအပြောင်းအလဲ အားလုံး၏ အကြောင်းအရင်းမှာ ယင်းက ဟင်းလင်းပြင်ခုန်ပျံခြင်းကို ပြုလုပ်တော့မည် ဖြစ်သောကြောင့်ပင်။ ဤသို့ တွေးမိသည်နှင့် ချင်ယွမ်ဖုန်း ချက်ချင်း နားလည်သွားချေသည်။

အကယ်၍ ကောင်းကင်တွင် လည်ပတ်နေသော လေထုမုန်တိုင်း မီးလျှံများကို ကာကွယ်နိုင်လျှင်ပင် တျန်ကျောက်ကြယ် တစ်ခုလုံးက နေမင်းကဲ့သို့ ကြယ်တစ်ပွင့်အဖြစ် ပြောင်းလဲသွားပါက ထိုသို့သော အမြင့်ဆုံး အပူချိန်ကို နတ်ဘုရားတစ်ပါးပင် ချဉ်းကပ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် လူတိုင်း ဤနေရာတွင် မီးလောင်ပြီး သေဆုံးသွားကြပေလိမ့်မည်။

ထွက်ပြေးရန် အခွင့်အရေး ရှိလာတော့မည် မဟုတ်ပေ။

ဂျိန်း ဂျိန်း ပြင်းထန်သော ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာချေသည်။ ကမ္ဘာမြေအူတိုင်မှ ချော်ရည်ပူများသည် အပြင်သို့ ပန်းထွက်လာပြီး ကောင်းကင်ရှိ မီးလျှံများသည်လည်း ဥက္ကာခဲမိုးရွာသွန်းမှုအဖြစ် ပြောင်းလဲကာ မြေပြင်သို့ ဆက်တိုက် ကျရောက်လာသည်။

သူတို့ ယခုရှိနေသော နေရာသည် ဘေးကင်းခြင်း မရှိတော့ပေ။ သူတို့သည် ပျံတက်သွားပြီး ကောင်းကင်မှ ကျဆင်းလာသော မီးတောက်တန်းများကို မြန်မြန်ဆန်ဆန် ရှောင်ကွင်းရန်သာ တတ်နိုင်တော့ချေသည်။

All Chapters