← Chapters

အခန်း (၁၀၁၉-၁၀၂၀)

Vol. 49 Ch. 1019-1020

အခန်း (၁၀၁၉-၁၀၂၀)

Vol. 49 Ch. 1019-1020

အခန်း(၁၀၁၉)

ပိဖူကျန့်နှင့် ကျွမ်ယွမ်တို့သည် ချင်ယွမ်ဖုန်း၏ အကြည့်ကို ချက်ချင်းပင် သဘောပေါက်သွားကြပြီးနောက် “ချင်ယွမ်ဖုန်းက သူ့အစီအစဥ်နဲ့သူ ရှိပြီးသားပဲ။ ငါတို့လည်း သွားပြီး ငါတို့အလုပ် ငါတို့လုပ်ကြရအောင်” ဟု ပြောကာ လူအုပ်ထဲမှ ထွက်ခွာသွားကြချေသည်။

အိုယန်ယွန်းသည် ချင်ယွမ်ဖုန်းက သူမအား တားဆီးသည်ကို မြင်သောအခါ သူမ၏ လှပသော မျက်ခုံးအစုံကို အနည်းငယ် တွန့်ကုပ်လိုက်ပြီးမှ “နင်က မပြီးနိုင်မစီးနိုင် ဖြစ်နေတာလား။ စောစောက ဖြစ်ခဲ့တဲ့ ကိစ္စကို ငါက နင်နဲ့ အငြင်းပွားမနေချင်လို့ လွှတ်ထားတာကို အခုကျတော့ ဘာလို့ ဒီလောက်တောင် အရှက်မရှိ ဖြစ်နေရတာလဲ” ဟု ဆို၏။

ချင်ယွမ်ဖုန်းက နေရခက်သော်လည်း ယဥ်ကျေးပျူငှာစွာ ပြုံးပြလိုက်ရင်း “မိန်းကလေး... ကျွန်တော် တကယ်ပဲ အားနာပါတယ်။ မိန်းကလေးကို ဒုက္ခမပေးချင်ပေမဲ့ မိန်းကလေးရဲ့ ထူးခြားထက်မြက်တဲ့ အရှိန်အဝါကို မြင်ရလို့ရယ်၊ ပြီးတော့ ကုဇေကြယ်ပေါ်က လူတိုင်းအပေါ် မိန်းကလေး ဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာ သိရလို့ရယ်ကြောင့် အကူအညီတစ်ခု တောင်းဖို့ သင့်တော်မယ်လို့ တွေးမိလို့ပါ” ဟု ပြောလိုက်သည်။

“ဘာကိစ္စလဲ။ ပွင့်ပွင့်လင်းလင်းပဲ ပြော” ဟု တစ်ဖက်လူက ဆိုချေသည်။

ချင်ယွမ်ဖုန်းက “ကောင်းပါပြီ၊ ဒါဆိုရင်လည်း ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ကျွန်တော်က ကုန်သည်တစ်ယောက်ပါ၊ ဒီကို အဓိက လာတာက စီးပွားရေးလုပ်ဖို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကုဇေကြယ်ကို ရောက်လာတဲ့အခါမှာတော့ ရုတ်တရက်ဆိုသလို ဓားပြတစ်စုနဲ့ တိုးပါလေရော။ ဒါက ကျွန်တော်တို့ဆီကနေ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို လုယက်သွားကြတာ။

အဲဒီဓားပြတွေက သိပ်ကို မောက်မာပြီး ကြယ်အရှင်သခင်ကိုယ်တိုင် လာရင်တောင် သူတို့ကို ဘာမှမလုပ်ရဲဘူးလို့ ပြောသွားကြသေးတယ်။ ထိုသို့သော လူတွေက ဒီလောက် မောက်မာနေကြတာဆိုတော့ သူတို့တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ အတိုင်းအဆကိုမသိတဲ့ တစ်ပါးကျွန်းသား မိစ္ဆာတွေ ဖြစ်ဖို့ သိပ်ကို ဖြစ်တန်ရာတာပဲ၊ ဒါကြောင့်...” ဟု ဆို၏။

အိုယန်ယွန်းသည် ထိုသို့ ကြားလိုက်ရပြီးနောက် မှင်တက်သွားပြီးမှ သူ၏ စကားကို ဆက်ပေးလိုက်သည် “ဒါကြောင့်... နင့်ရဲ့ အလုခံလိုက်ရတဲ့ ဝိညာဉ်ကျောက်တုံးတွေကို လိုက်ရှာပေးဖို့ ငါ့ကို အကူအညီတောင်းချင်တယ်လို့ ပြောတာလား”

“ဟုတ်တာပေါ့” ချင်ယွမ်ဖုန်းက အရှက်မရှိ ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီမှာ စီးပွားရေးလာလုပ်ပြီး ဒီနေရာအတွက် အကျိုးအမြတ်တွေ ဖန်တီးပေးနေတာဆိုတော့ ဒေသခံ အာဏာပိုင်တွေရဲ့ ကာကွယ်မှုကို ရသင့်တာပေါ့။ ဒါတင်မကသေးဘူး... မိန်းကလေးက နိုင်ငံနဲ့ လူမျိုးအပေါ်မှာ စိုးရိမ်ပူပန်စိတ်ရှိပြီး ပြည်သူတွေကိုလည်း မိမိရဲ့ သားသမီးတွေလို သဘောထားတာပဲ မဟုတ်လား...”

အိုယန်ယွန်းက ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည် “တော်တော့၊ ဆက်ပြောဖို့ မလိုတော့ဘူး”

တစ်ကယ်လို့ ချင်ယွမ်ဖုန်းသာ ဆက်ပြောနေမည်ဆိုပါက သူမ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာလိမ့်မည်ဟု ခန့်မှန်းမိလေသည်။ သို့သော် သူပြောသည့် စကားများကလည်း အမှန်တရား ဖြစ်နေသဖြင့် သူမ ငြင်းပယ်ရန် အကြောင်းပြချက် မရှိချေ။

ထို့ကြောင့် အိုယန်ယွန်းက အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ “ကောင်းပြီ၊ ငါ ကုန်သည်တွေအတွက် စံပြတစ်ခု လုပ်ပြရတာပေါ့။ နင့်ရဲ့ ပစ္စည်းတွေကို ပြန်ရအောင် ငါ ကူညီပေးမယ်။ အခုလောလောဆယ်တော့ ငါ့နောက်ကို လိုက်ခဲ့” ဟု ဆိုချေသည်။

ချင်ယွမ်ဖုန်း ပြုံးလိုက်၏။ ထိုသို့သော ရလဒ်က သူ အလိုချင်ဆုံးသော ရလဒ်ပင်။ တစ်ဖက်လူက သူ့ကို သူမ၏ အနားသို့ အလွယ်တကူ ဆွဲခေါ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သဖြင့် ပြုံးလျက် “ကျေးဇူးတင်ပါတယ် မိန်းကလေး။ ကျွန်တော် လူမမှားဘူးဆိုတာ သိနေခဲ့တာပဲ၊ ဒါပေမဲ့ မိန်းကလေးအနေနဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို တကယ်ပဲ ပြန်ရှာပေးနိုင်ပါ့မလား မသိဘူး” ဟု မေးလိုက်သည်။

အိုယန်ယွန်းက အနည်းငယ် စိတ်မရှည်ဟန်ဖြင့် “နင်က စကား သိပ်များတာပဲ။ ငါ နင့်ကို မေးမယ်၊ ဒီတစ်ခေါက် အလုခံလိုက်ရတဲ့ ဝိညာဉ်ကျောက်တုံး အရေအတွက်က ဘယ်လောက်လဲ။ တစ်ကယ်လို့ နင့်ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်မရှာပေးနိုင်ရင်တောင် ကုန်သည်တွေရဲ့ အကျိုးစီးပွားအတွက် ငါတို့ အိုယန်မိသားစုက နင့်ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လျော်ကြေးပေးဖို့ အသင့်ရှိတယ်လို့ ငါ အာမခံနိုင်တယ်။ အခု ဝိညာဉ်ကျောက်တုံးရဲ့ အတိအကျ အရေအတွက်ကို ပြောပြ” ဟု ဆိုချေသည်။

ချင်ယွမ်ဖုန်းက “သိပ်မများပါဘူး၊ ဝိညာဉ်ကျောက်တုံး တစ်သန်းခန့်ပဲ ရှိတာပါ” ဟု ပြောလိုက်၏။

ရှူး... ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူသံများ ပြင်းထန်သွားကြချေသည်။ အိုယန်ယွန်း၏ ကာကွယ်ရေးအစောင့် အဖွဲ့ခေါင်းဆောင်မှာမူ မူးမေ့လဲမတတ်ပင် ဖြစ်သွားလေတော့သည်။

ဒီကောင်စုတ်က တကယ်ကို အတောင်းကြီး တောင်းရဲလွန်းလှသည်၊ စစချင်းမှာတင် ဝိညာဉ်ကျောက်တုံး တစ်သန်းကို အဆမတန် တောင်းဆိုနေခြင်းပင်။ သူက ဘာလို့ ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ပျောက်ဆုံးသွားတယ်လို့ မပြောလိုက်တာလဲ။ တစ်ကယ်လို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ရသေးသရွေ့ သူ ပြောနေတာက အမှန်လား၊ အလိမ်လားဆိုတာ သိနိုင်မည့် နည်းလမ်း မရှိချေ။

“မိန်းကလေး... ကျွန်တော်တော့ ဒီကောင်စုတ်ကို လောကအလယ်က လူလိမ်တစ်ယောက်လို့ ပြင်းပြင်းထန်ထန် သံသယဖြစ်မိတယ်။ ကျေးဇူးပြုပြီး သူ့ရဲ့ လှည့်ကွက်ထဲ မကျရောက်ပါစေနဲ့” ကာကွယ်ရေးအစောင့် အဖွဲ့ခေါင်းဆောင်က အိုယန်ယွန်းအား အတတ်နိုင်ဆုံး ဖျောင်းဖျရန် ကြိုးစားရင်း ချင်ယွမ်ဖုန်းကိုလည်း ဒေါသတကြီး စိုက်ကြည့်ကာ “ပြီးတော့ သူက အဲဒီ တစ်ပါးကျွန်းသား မိစ္ဆာတွေရဲ့ ကြံရာပါလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိတယ်၊ ငါတို့ကို ဒီမှာ တမင် အချိန်ဆွဲနေစေပြီး အကောင်းဆုံး ရှာဖွေရေး အခွင့်အရေးကို လွဲချော်အောင် လုပ်နေတာ” ဟု ဆိုချေသည်။

“ဒီလောက် များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို နင်က တကယ်ပဲ စီးပွားရေးလုပ်ရင်း ရှာဖွေခဲ့တာလား။ နင့်ကို ငါ ဘာလို့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးရတာလဲ” ဟု အိုယန်ယွန်းက မေးလိုက်သည်။

ချင်ယွမ်ဖုန်းက “မိန်းကလေးကို စိုးရိမ်ပူပန်စေမိတဲ့အတွက် အားနာပါတယ်။ ကျွန်တော်က တခြားနေရာက လာတာပါ၊ ကုဇေကြယ်ပေါ်မှာ စီးပွားရေး လာလုပ်တာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်တယ်။ ပြီးတော့ ကျွန်တော် မိန်းကလေးကို မကွယ်မဝှက်ဘဲ ပြောပြချင်တဲ့ အချက်တစ်ခု ရှိသေးတယ်။ တစ်ကယ်တော့ မိန်းကလေးအနေနဲ့ ကျွန်တော့်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းနေဖို့ မလိုပါဘူး။ မိန်းကလေး ခန့်မှန်းလို့ ရမှာလည်း မဟုတ်ဘူး။ ကျွန်တော် ဒီကို လာရတဲ့ နောက်ထပ် ရည်ရွယ်ချက်ကတော့ ယမမင်းမျိုးနွယ်စုကို ရှာဖို့ပဲ၊ ကျွန်တော် သူတို့နဲ့ ရှင်းစရာ အာဃာတ အချို့ ရှိနေလို့ပါ” ဟု ပြောလိုက်ချေသည်။

“ယမမင်းမျိုးနွယ်စု ဟုတ်လား” အိုယန်ယွန်းသည် ထိုသို့ ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ထို့နောက် သူမသည် ချင်ယွမ်ဖုန်းကို အသေအချာ အကဲခတ်ကြည့်လိုက်၏။ သူမအနေဖြင့် သူ၏ ကျင့်စဉ်အဆင့်ကို လုံးဝ မမြင်နိုင်ချေ၊ အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းက ယင်းကို ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။

သို့သော် သူ၏ အရှိန်အဝါက သာမန်လူများနှင့် မတူဘဲ ကွဲပြားခြားနားနေဟန် တူပေသည်။ သူက မိမိကိုယ်ကို ဖုံးကွယ်ထားချင်သည့် ထင်ရှားကျော်ကြားသော မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက် ဖြစ်နေနိုင်မလား။

အင်အားကြီးမားသော မိသားစုအချို့မှ သခင်လေးများတွင်သာ ထိုသို့သော ငွေကြေးဓနစွမ်းအား ရှိနိုင်သည်မှလွဲ၍ ဤမျှလောက် ချမ်းသာကြွယ်ဝပြီး ယမမင်းမျိုးနွယ်စုနှင့် အာဃာတ ရှိနေမည့် အခြားမည်သူ့ကိုမျှ သူမ တကယ်ပဲ စဥ်းစား၍ မရနိုင်ချေ။

ဤကိစ္စသည် သူမကိုယ်တိုင်ပင် ကိုင်တွယ်ရန် ခက်ခဲနိုင်မည့် ကိစ္စမျိုး ဖြစ်ချေသည်။

အိုယန်ယွန်းသည် သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ပေ။

“ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုတာ သေးငယ်တဲ့ ပမာဏ မဟုတ်ဘူး။ ငါ ဒီကိစ္စကို နင့်အတွက် ချက်ချင်း ကိုင်တွယ်ပေးမယ်၊ ဒါကြောင့် နင် ငါ့နောက်ကို လိုက်ခဲ့။ ရလဒ်တွေ ထွက်လာတဲ့အခါကျရင် ငါတို့ တိုက်ရိုက် ရှင်းကြတာပေါ့” ဟု အိုယန်ယွန်းက ဆိုချေသည်။

သူမ၏ စကားထဲမှ အဓိပ္ပာယ်က အလွန်ပင် ရှင်းလင်းလှသည်... တစ်ကယ်လို့ ယင်းက နင့်ရဲ့ ပစ္စည်းသာ ဖြစ်မယ်ဆိုရင် နင့်ထံ ပြန်လည် ပေးအပ်လိမ့်မယ်။ အကယ်၍ နင့်ပစ္စည်းမဟုတ်ဘဲ လိမ်ညာနေတာဆိုရင်တော့ ငါ နင့်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ရုံသာ စောင့်နေလိုက်တော့။

ချင်ယွမ်ဖုန်းက ဘာကိုမျှ ခံစားရခြင်းမရှိဘဲ “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး” ဟုသာ ပြောလိုက်သည်။ စကားပြောပြီးနောက် သူသည် ဖေးရွှယ်ကို တိုက်ရိုက်ပွေ့ချီကာ ယင်း၏ ကျောပေါ်သို့ တက်လိုက်ချေသည်။

ထိုအချိန်တွင် အိုယန်ယွန်းက လှည့်ကြည့်လိုက်ရာ ချင်ယွမ်ဖုန်းသည် သူမ၏ ​​ဌက်ပေါ်တွင် စီးနင်းထားပြီး ဖြစ်သည်ကို မြင်လိုက်ရသဖြင့် မကျေနပ်ဟန်ကို မပြဘဲ မနေနိုင်တော့ဘဲ “နင့်ကို ဘယ်သူက တက်ခိုင်းလို့လဲ” ဟု မေးလိုက်၏။

ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း မတတ်သာသလို ပြုံးပြလိုက်ကာ “ကျွန်တော် ခရီးပန်းလာလို့ တကယ်ပဲ ပင်ပန်းနေပါပြီ။ ငါတို့ အဲဒီ တစ်ပါးကျွန်းသား မိစ္ဆာတွေအကြောင်း ဆက်ပြောရအောင်” ဟု ဆိုသည်။

အိုယန်ယွန်းက “စိတ်မပူပါနဲ့၊ နင့်ပိုင်တဲ့အရာကို ငါတို့ သဘာဝအတိုင်း ပြန်ရှာပေးမှာပါ။ အဲဒီ တစ်ပါးကျွန်းသား မိစ္ဆာတွေက မောက်မာကြတယ်ဆိုပေမဲ့ အခု ငါတို့ ကုဇေကြယ်ရဲ့ အဓိက မြို့တော်ကတော့ လုံးဝ ပိတ်ဆို့ထားပြီးသား ဖြစ်တယ်။ ဒီလို ကာကွယ်ရေးစနစ်အောက်မှာ ဘယ်သူမှ ထွက်ပြေးလို့ မရနိုင်ဘူး” ဟု ဆိုချေသည်။

“အဲလိုလား” ချင်ယွမ်ဖုန်း၏ မျက်ဝန်းထဲတွင် ရုတ်တရက် သံသယစိတ်များ ဖြစ်ပေါ်လာချေသည်။

အိုယန်ယွန်းက “နင်က ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်၏။

ချင်ယွမ်ဖုန်းက “တစ်ကယ်လို့ မိန်းကလေးတို့ရဲ့ ကာကွယ်ရေးစနစ်က ဒီလောက်တောင် တင်းကြပ်နေတယ်ဆိုရင် အဲဒီ တစ်ပါးကျွန်းသား မိစ္ဆာတွေကတော့ အခုလောက်ဆို ထွက်ပြေးလွတ်မြောက်သွားလောက်ပြီလို့ ထင်တယ်” ဟု ပြောလိုက်သည်။

“နင်က ဘယ်သူ့ကို လာနောက်ပြောင်နေတာလဲ။ ငါတို့ရဲ့ ကာကွယ်ရေးစနစ်ကို လာပြီး လှောင်ပြောင်ဖို့ ကြိုးစားနေတာလား” အိုယန်ယွန်းက အေးစက်စွာ ဆို၏။

ချင်ယွမ်ဖုန်းက “ဒီကိစ္စကို ကာကွယ်ရေးအစောင့် အဖွဲ့ခေါင်းဆောင်ကို မေးကြည့်လို့ ရပါတယ်။ သူလည်း ဒီမှာ ရှိနေတာပဲ” ဟု ဆိုချေသည်။

အိုယန်ယွန်းသည် ကာကွယ်ရေးအစောင့် အဖွဲ့ခေါင်းဆောင်ကို တိုက်ရိုက် စိုက်ကြည့်လိုက်၏။ သူ၏ မျက်နှာမှာ ချက်ချင်းပင် အရောင်အသွေး ပြောင်းလဲသွားပြီးမှ “မိန်းကလေး... ကျွန်တော်တို့ ကုဇေကြယ်ကို လာတဲ့လူတွေက သိပ်ကို များပြားလှပါတယ်၊ အထူးသဖြင့် ကုန်သည်တွေ အများကြီးပါပဲ။ ဒါကြောင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတယ်ဆိုရင်တောင် လူဦးရေ များပြားလွန်းတာကြောင့် အစောင့်တွေအနေနဲ့ ဘယ်သူ့ကိုမျှ မလွတ်တမ်း အသေအချာနဲ့ အပြည့်အဝ စစ်ဆေးနိုင်ဖို့ဆိုတာ မသေချာနိုင်ပါဘူး...” ဟု ဆိုလေသည်။

“အသုံးမကျတဲ့ကောင်”

အိုယန်ယွန်းက တိုက်ရိုက်ပင် ဆဲရေးလိုက်ရာ ကာကွယ်ရေးအစောင့် အဖွဲ့ခေါင်းဆောင်မှာ အနည်းငယ် တုန်လှုပ်သွားချေသည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ကုဇေကြယ်သည် စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေသော်လည်း သူတို့၏ ကာကွယ်ရေးစနစ်ကမူ သိပ်ပြီး ကောင်းမွန်လှဟန်မတူချေ။ သူ အထင်မမှားဘူးဆိုပါက အဲဒီ တစ်ပါးကျွန်းသား မိစ္ဆာတွေကတော့ အခုလောက်ဆို ထွက်ပြေးလွတ်မြောက်သွားကြပြီ။

အခန်း(၁၀၂၀)

ချင်ယွမ်ဖုန်းက "ကျွန်တော် အပြင်မှာ သူတို့ လုယက်တာ ခံလိုက်ရတာ၊ အခု ချက်ချင်း လိုက်ဖမ်းရအောင်" ဟု ပြောလိုက်သည်။

"ကုဇေကြယ်ပေါ်က အစောင့်တွေအားလုံးကို ချက်ချင်း အကြောင်းကြားပြီး အပြင်ဘက် ခုခံရေးအစီအရင်တွေကိုလည်း ဖွင့်လိုက်တော့" အိုယန်ယွန်းက ကိုယ်ရံတော်တပ်မှူးအား တိုက်ရိုက် အမိန့်ပေးလိုက်ရာ ထိုတပ်မှူးမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားပြီး "ဟုတ်ကဲ့ပါ သခင်မလေး" ဟု ပြန်လည်ဖြေကြားချေသည်။

ပြောပြီးသည်နှင့် သူသည် ဆက်သွယ်ရေး မှော်ရတနာတစ်ခုကို ထုတ်ယူကာ မြို့တော်အပြင်ဘက်ရှိ အစောင့်တပ်များထံ စတင်ဆက်သွယ်လေတော့သည်။

ကုဇေကြယ်၏ ဧရာမမြို့တော်ကြီးအပြင် တစ်ကိုယ်လုံးတွင်လည်း ၎င်းတို့၏ ကိုယ်ရံတော်တပ်များ ဖြန့်ကြက်ထားချေသည်။ ထိုသို့သော အပြင်ဘက် ခုခံရေးစနစ်များကို သာမန်ရက်များတွင် ဖွင့်ခဲလှပေရာ ယင်းကို ဖွင့်လှစ်ခြင်းက ကုဇေကြယ်အတွက် အရင်းအမြစ် အမြောက်အမြား ကုန်ဆုံးစေသောကြောင့် ဖြစ်တန်ရာသည်။

သို့သော် အစောပိုင်းက အစောင့်များမှာ အမှန်တကယ် သတိမမူမိခဲ့ကြသဖြင့် ယခုအခါတွင်မူ နွားပျောက်မှ ခြံကူးရသည့် အခြေအနေသို့ ဆိုက်ရောက်နေရသော်လည်း အချိန်ကား မနှောင်းသေးချေ။

ကိုယ်ရံတော်တပ်မှူး၏ လေးနက်သော အမိန့်ပေးမှုနှင့်အတူ တစ်ကိုယ်လုံးရှိ ခုခံရေးစနစ်များမှာ ချက်ချင်း ပွင့်သွားပြီး အစောင့်အရှောက် အများအပြားသည် အပြင်ဘက် အစီအရင်ကို ကာကွယ်ရန် တိုက်ရိုက် ပျံသန်းထွက်ခွာသွားကြချေသည်။

ယင်းအချိန်တွင် ချင်ယွမ်ဖုန်းသည် အိုယန်ယွန်း၏ မျက်နှာထက်ရှိ ပူပန်သောကရောက်နေသော အမူအရာကို သတိပြုမိလိုက်သည်။ သူမသည် ငှက်တစ်ကောင်ကို ကပျာကယာ စီးနင်းကာ သူ့ကို ခေါ်ဆောင်၍ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

"အဲဒီ ကျူးကျော်သူတွေက ဘာလုပ်ခဲ့လို့ နင် ဒီလောက်တောင် စိုးရိမ်နေရတာလဲ" ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

အိုယန်ယွန်းသည် သူ၏မေးခွန်းကို မဖြေလိုသော်လည်း သူမ၏ဖခင်မှာ ထိုကျူးကျော်သူများ၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်ကို တွေးမိသောအခါ ယင်းတို့အားလုံးကို ဖမ်းဆီးပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။ သူမ၏ဖခင်မှာ သူမ အချစ်ရဆုံးသော မိသားစုဝင် ဖြစ်ပေရာ ငယ်စဉ်ကတည်းက မိခင်ကွယ်လွန်ခဲ့သဖြင့် သူမရရှိခဲ့သော ဂရုစိုက်မှု အားလုံးနီးပါးမှာ ဖခင်ထံမှ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်း၏ မေးမြန်းမှုအပြီးတွင် အိုယန်ယွန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ "သူတို့ ငါ့အဖေကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတာ၊ ငါ့အဖေ ဒဏ်ရာရသွားပေမဲ့ အဲဒီကျူးကျော်သူတွေက သိပ်မသန်မာကြသေးဘူး၊ ငါ့အဖေက သူတို့ကို ပြန်ဒဏ်ရာရအောင် လုပ်လိုက်တော့ သူတို့ ထွက်ပြေးသွားကြတယ်" ဟု ပြောလာချေသည်။

ချင်ယွမ်ဖုန်းက နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် အိုယန်ယွန်းသည် ချင်ယွမ်ဖုန်းနှင့်အတူ ငှက်ကို စီးနင်းလျက် မြို့တော်ပြင်ပတွင် ရည်ရွယ်ချက်မရှိဘဲ လိုက်လံရှာဖွေနေတော့သည်။ ၎င်းကျူးကျော်သူများ ပုန်းအောင်းရာနေရာကို မသိရှိကြပေရာ ထိုသို့ ရှာဖွေခြင်းမှာ သမုဒ္ဒရာထဲ အပ်ရှာသကဲ့သို့ ဖြစ်နေသည်ကို ချင်ယွမ်ဖုန်း သိရှိချေသည်။

ခေတ္တမျှ ကြာပြီးနောက် ချင်ယွမ်ဖုန်းက သူမကို ကြည့်ကာ "ဒီလို လိုက်ရှာနေတာတော့ အကြံကောင်း မဟုတ်ဘူး ထင်တယ်" ဟု ဆိုလိုက်သည်။

သူမက "ဒါဆို နင့်မှာ ဘာအကြံရှိလဲ၊ ကုဇေကြယ်မြို့တော်ရဲ့ အပြင်ဘက်က တော်တော်ကျယ်တာ၊ အခု ငါတို့ အပြင်စည်းကို ပိတ်ဆို့ထားပြီးပြီဆိုတော့ အဲဒီကျူးကျော်သူတွေ ထွက်ပြေးဖို့ မဖြစ်နိုင်သလောက်ပဲ၊ ဒါကြောင့် ထောင့်စေ့အောင် လိုက်ရှာနေသရွေ့တော့ နောက်ဆုံး သူတို့ကို ရှာတွေ့မှာပဲ" ဟု ပြောသည်။

ချင်ယွမ်ဖုန်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီး ဘာပြောရမှန်း မသိတော့ချေ။ ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက သူကိုယ်တိုင်လည်း ဤသို့ပင် ပြုလုပ်မိမည် ဖြစ်တန်ရာသည်။

"အခုလောလောဆယ် စိတ်မလောပါနဲ့ဦး၊ ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်တည်း ရှာနေတာမှ မဟုတ်တာ၊ နောက်ဆုံးတော့ သူတို့နဲ့ တိုးမှာပါပဲ၊ အော်… ဒါနဲ့ ငါ့နာမည်က ချင်ယွမ်ဖုန်း ပါ၊ ကုဇေကြယ်ကို ခုမှ ရောက်တာ၊ နောက်ဆို ဒုက္ခတစ်ခုခု ကြုံလာရင် သခင်မလေးရဲ့ စောင့်ရှောက်မှုကို အားကိုးရမှာပဲ" ချင်ယွမ်ဖုန်းက မလောမစော ပြောလိုက်သည်။

သူမသည် ချင်ယွမ်ဖုန်းတစ်ယောက် ဤကဲ့သို့သော အချိန်မျိုးတွင် စကားစမြည်ပြောရန် အချိန်ရနေလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် ဆွံ့အသွားရချေသည်။

"ငါ့နာမည် အိုယန်ယွန်း၊ မင်းတို့လို ကုန်သည်တွေက ပိုက်ဆံအတွက်ပဲ သွားလာနေကြတာ၊ ငါတို့ ပြောစရာ ဘာမှမရှိဘူး၊ ဒါကြောင့် ငါ့ကို စကားလာမပြောနဲ့၊ ငါတို့က ကမ္ဘာမတူတဲ့ လူတွေပဲ" သူမ၏ သဘောထားမှာ တဖြည်းဖြည်း အေးစက်လာချေသည်။

ချင်ယွမ်ဖုန်းက "ငါတို့ ကမ္ဘာမတူဘူးလို့ နင် ဘယ်လိုသိလဲ၊ အခု ငါတို့အကွာအဝေးက ဒီလောက်တောင် နီးကပ်နေတာ မဟုတ်လား" ဟု ဆိုလိုက်သည်။

ထိုသို့ ပြောဆိုရင်း ချင်ယွမ်ဖုန်းသည် ရှောင်လင်၏ စနစ်ကို လှမ်းကြည့်လိုက်သည်။ စောစောက မြို့ထဲတွင် အိုယန်ယွန်းအား စနောက်ခဲ့မှုကြောင့် သူသည် ယုံကြည်မှုတန်ဖိုး အချို့ ရရှိခဲ့ချေသည်။ အမြောက်အမြား မဟုတ်သော်လည်း ယင်းက စုဆောင်းမှုတစ်ခုပင် ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က ဟင်းလင်းပြင်ဆိုင်ရာ မှော်ရတနာ သွန်းလုပ်ခြင်း လက်စွဲကျမ်းကို လဲလှယ်လိုက်ရုံမျှဖြင့် သူ၏ ယုံကြည်မှုတန်ဖိုး အားလုံးနီးပါး ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့ရချေသည်။

ယခုတစ်ကြိမ်တွင်မူ နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူသည် ကြီးမြတ်သောအရာတစ်ခုကို အပြတ်အသတ် အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်ချေသည်။

"ဟော… ခဏနေဦး၊ ဟိုအရှေ့က မဟူရာတောင်ကြီးက လှုပ်ရှားနေသလိုပဲ" ချင်ယွမ်ဖုန်းက ရှေ့မှ တောင်ကို ရုတ်တရက် ညွှန်ပြကာ ပြောလိုက်သည်။

"ဘာတောင်က လှုပ်ရမှာလဲ၊ ဒီလို ထူးဆန်းတာမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" အိုယန်ယွန်းက ရှေ့သို့ လှမ်းကြည့်ရင်း ပြောလိုက်ပြီးနောက် သူမ၏မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရချေသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရှေ့မှ မဟူရာတောင်ကြီးမှာ အောက်ခြေမှ တစ်စုံတစ်ဦးက ရွှေ့လျားနေသကဲ့သို့ အမှန်တကယ်ပင် လှုပ်ရှားနေသောကြောင့် ဖြစ်ပင်။

"အဲဒီ ကျူးကျော်သူတွေက အဲဒီမှာ ပုန်းနေတာ နေမှာလား၊ သူတို့ အခု တစ်ခုခု ကြံစည်နေတာများလား" ချင်ယွမ်ဖုန်းက ခန့်မှန်းလိုက်သည်။

"မြန်မြန်သွားကြည့်ရအောင်" အိုယန်ယွန်းသည် ချက်ချင်းပင် ငှက်ကို စီးနင်းကာ အပြေးအလွှား သွားလေတော့သည်။

ချင်ယွမ်ဖုန်းမှာ သူမကို တားဆီးရန် အချိန်မရလိုက်ချေ။ ငှက်၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လှပေရာ နတ်ဘုရားတစ်ပါးကဲ့သို့ ပျံသန်းနိုင်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။ ထိုနေရာသို့ ရောက်ရှိရန် အသက်တစ်ရှူစာမျှသာ ကြာမြင့်ချေသည်။

ဝူး ဝူး ဝူး

ထိုစဉ် ရွှေ့လျားနေသော တောင်ကြီးထံမှ စက်သေနတ်ကဲ့သို့ မရေမတွက်နိုင်သော အေးစက်သည့် အလင်းတန်းများ ပစ်ခတ်ထွက်ပေါ်လာပြီး ချဉ်းကပ်လာသည့် လူနှစ်ဦးထံ တိုက်ရိုက် ကျရောက်လာချေသည်။

"သတိထား၊ လျှို့ဝှက်လက်နက်တွေနဲ့ ချုံခိုတိုက်ခိုက်တာပဲ" ချင်ယွမ်ဖုန်းသည် မသိစိတ်ဖြင့် ထိုမိန်းမလှလေးကို ကာကွယ်ပေးလိုက်ပြီး လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားဝိညာဉ်စွမ်းအင်များ သူ၏လက်မှ ထွက်ပေါ်လာချေသည်။

ထိုစွမ်းအားသည် ဟင်းလင်းပြင်ထဲတွင် စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ရေးဆွဲသွားပြီး ချက်ချင်းပင် 'ဒုန်း ဒုန်း ဒုန်း' ဟူသော အသံများ မြည်ဟည်းသွားတော့သည်။ လျင်မြန်စွာ ချဉ်းကပ်လာသော အေးစက်သည့် အလင်းတန်းများသည် သူ့ရှေ့တွင်တင် တိုက်ရိုက် ရိုက်ချခြင်း ခံလိုက်ရချေသည်။

ချင်ယွမ်ဖုန်းသည် ထိုတိုက်ခိုက်မှု၏ စွမ်းအားကို သိမ်မွေ့စွာ ခံစားကြည့်လိုက်သည်။ ယင်းက အလွန်အမင်း မသန်မာလှချေ။ သာမန် ဘုရင်နယ်ပယ်အဆင့်ရှိသော ပညာရှင်များအတွက်မူ အဆင်ပြေနိုင်သော်လည်း ဤတိုက်ခိုက်မှုက ၎င်း၏ အဆုံးစွန်သော စွမ်းအားကို ကိုယ်စားမပြုချေ။

ထိုတောင်ကြီး၏ နောက်ကွယ်တွင် မည်သည့်စွမ်းအားမျိုး ပုန်းကွယ်နေသည်ကို မည်သူ သိနိုင်မည်နည်း။

ထိုသို့ရှိစဉ် ချင်ယွမ်ဖုန်းသည် အခြေအနေမှာ မဟန်တော့ကြောင်း ရုတ်တရက် ခံစားလိုက်ရချေသည်။

သူ့နောက်ကွယ်မှ မျက်လုံးတစ်စုံက သူ့ကို စူးစိုက်ကြည့်နေသကဲ့သို့ပင် ဖြစ်ချေသည်။

"နင့်မှာ ဒီလောက်တောင် အားကောင်းတဲ့ ကျင့်စဉ်ရှိနေတာလား" အိုယန်ယွန်း၏ မျက်လုံးများမှာ ရုတ်တရက် အုံ့မှိုင်းသွားချေသည်။

---

ချင်ယွမ်ဖုန်းက နေရခက်စွာဖြင့် ခေါင်းကို ကုတ်လိုက်ပြီး "စိတ်မရှိပါနဲ့ဦး၊ ငါ့မှာ ကျင့်စဉ်မရှိဘူးလို့ တစ်ခါမှ မပြောခဲ့မိဘူးလေ" ဟု ဆိုလိုက်သည်။

"ဟွန့်…" သူမက ရုတ်တရက် နှာခေါင်းရှုံ့လိုက်ပြီး "မင်းက လူလိမ်ကြီးပဲ၊ မင်းက အဲဒီကျူးကျော်သူတွေနဲ့ တစ်ဖွဲ့တည်းလို့ ငါထင်တယ်၊ သေပေတော့"

ချလွင်

သူမ၏စကား ဆုံးသည်နှင့် ဝိညာဉ်ဓားတစ်လက်မှာ သူမ၏လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။ ချင်ယွမ်ဖုန်းသည် ထိုဝိညာဉ်ဓားကို ကြည့်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤဝိညာဉ်ဓားမှာ ၎င်း၏ ကုန်ကြမ်းပစ္စည်းမှဖြစ်စေ သို့မဟုတ် ယင်းအပေါ်ရှိ စွမ်းအင်လှိုင်းထန်မှုများမှဖြစ်စေ အဆင့်မနိမ့်လှပေရာ နတ်ဘုရားအဆင့်နှင့် နီးစပ်လိမ့်မည်ဟု ခန့်မှန်းရချေသည်။

ထို့ပြင် အိုယန်ယွန်း၏ သခင်မလေးဟူသော အဆင့်အတန်းနှင့် ပေါင်းစပ်လိုက်လျှင် သူမအသုံးပြုသည့် ဝိညာဉ်ဓားမှာ အရည်အသွေးမြင့်မားနေခြင်းက ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ချေသည်။

သူမသည် ဝိညာဉ်ဓားကို တိုက်ရိုက် ဝှေ့ယမ်းကာ ချင်ယွမ်ဖုန်းကို တိုက်ခိုက်လေတော့သည်။

သို့သော် ချင်ယွမ်ဖုန်း၏ အမြင်တွင်မူ ဤတိုက်ခိုက်မှုသည် ထက်မြက်လှသော်လည်း ၎င်း၏ လှုပ်ရှားမှုများမှာ အနည်းငယ် နှေးကွေးနေဆဲ ဖြစ်ချေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပေရာ ဘုရင်နယ်ပယ်မျှသာ ရှိသေးသော လူတစ်ယောက်ကို ကြည့်သည့်အခါ ၎င်းတို့မှာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့်တိုင်အောင် သာမန်မျှသာ ထင်မှတ်ရသောကြောင့် ဖြစ်တန်ရာသည်။

သူသည် လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို ဆန့်ထုတ်ကာ သူမ၏ တိုက်ကွက်ကြားမှ ဟာကွက်ကို တိုက်ရိုက် ရှာဖွေလိုက်ပြီးနောက် လက်ချောင်းများကို အမြန်ပင် ညှပ်လိုက်ရာ သူမ၏ ဝိညာဉ်ဓားကို တိုက်ရိုက် ဖမ်းချုပ်မိသွားပြီးမှ "သခင်မလေး… ဒီလောက်အထိ ဒေါသကြီးနေရင် သူငယ်ချင်း ရမှာ မဟုတ်ဘူးနော်" ဟု ပြောလိုက်သည်။

"ငါ့မှာ သူငယ်ချင်းမရှိရင်တောင် မင်းလို လူလိမ်ကြီးနဲ့တော့ သူငယ်ချင်း မဖြစ်ချင်ဘူး" သူမက ဒေါသတကြီးဖြင့်ပင် ပြောဆိုနေဆဲ ဖြစ်ချေသည်။

All Chapters