← Chapters

အခန်း (၁၀၂၇-၁၀၂၈)

Vol. 49 Ch. 1027-1028

အခန်း (၁၀၂၇-၁၀၂၈)

Vol. 49 Ch. 1027-1028

အခန်း(၁၀၂၇)

အိုချန်ဂီသည် မည်သည့်စကားမျှ မဆိုဘဲ သူ၏ဖခင်ဖြစ်သူ အိုချီဟွာကိုသာ လှည့်ကြည့်လိုက်ချေသည်။ ထိုသူ၏ မျက်နှာအမူအရာသည် သိသိသာသာပင် ခက်ထန်ညှိုးမှိန်နေပြီး အိုဘီဟဲကို ဆူပူကြိမ်းမောင်းရန် အဆင်သင့်ဖြစ်နေသည့်အလား စိုက်ကြည့်နေယုံရှိသည်။

သို့သော်လည်း ကွက်တိပင်၊ ကြည်လင်ပြတ်သားပြီး သာယာလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ဖေဖေ... သမီး ပြန်ရောက်ပြီ"

ထိုကြည်လင်ပြတ်သားသော အသံကို ကြားလိုက်ရသဖြင့် အိုချီဟွာ၏ တွန့်ချိုးနေသော မျက်ခုံးတန်းများမှာ ပြေလျော့သွားချေသည်။ ထို့နောက် တံခါးဝဆီသို့ လှည့်ကြည့်လိုက်ရာ သမီးဖြစ်သူ အိုယန်ယွန်းသည် ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရပေရာ အိုချီဟွာ၏ မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို အပြုံးရိပ်တစ်ခု ထင်ဟပ်သွားတော့သည်။ သူသည် သားနှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် သမီးဖြစ်သူကို အလိုအလိုက်ဆုံးနှင့် အချစ်ဆုံး ဖြစ်ချေသည်။

ယခုအခါ သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ရသဖြင့် သူ၏ မျက်ဝန်းအစုံမှာ အချစ်ပိုရသော ကြည်နူးရွှင်လန်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။

အိုယန်ယွန်း ဝင်ရောက်လာသည့်အခါ အိုဘီဟဲသည် ခေါင်းငုံ့ထားပြီး မျက်ဝန်းထဲတွင် ထူးဆန်းသောအမူအရာ ဖြစ်ပေါ်နေသည်ကို သတိပြုမိသွားချေသည်။ သူမသည် ဘာဖြစ်နေသည်ကို ချက်ချင်းပင် ရိပ်မိသွားသဖြင့် ရှေ့သို့ လှောက်လှမ်းသွားကာ ပြောလိုက်၏။

"ဖေဖေ... ဒုတိယအစ်ကို့ကို ထပ်ပြီး ဆူနေပြန်ပြီလား၊ ဘာပဲဖြစ်ဖြစ် သူက အတော်လေး ကြိုးစားနေတာပဲဥစ္စာ၊ ဖေဖေကလည်း အကြောင်းပြချက်မရှိဘဲ ခဏခဏ မဆူပါနဲ့တော့"

အိုချီဟွာသည် ပြုံးလိုက်ပြီးနောက်...

"ဟားဟား... ငါ့သမီးလေးက တောင်းဆိုနေမှတော့ ဒီကောင် စုတ်လေးကို ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်တာပေါ့"

ဟု ဆိုကာ အိုဘီဟဲအား လက်ဝှေ့ယမ်းပြလိုက်ပြီး...

"မင်း သွားတော့"

ဟု ဆိုလိုက်ချေသည်။

အိုဘီဟဲသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။ သူသည် ယခုတစ်ကြိမ်တွင် ညီမဖြစ်သူ၏ မျက်နှာကြောင့်သာ အပြစ်ပေးခံရမည့် ဘေးမှ လွတ်မြောက်ခဲ့ရခြင်းပင်။

သူကဲ့သို့သော သားဖြစ်သူမှာ အမှန်တကယ်ပင် ဤမျှအထိ အမုန်းခံနေရသည်လား။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ညီမဖြစ်သူက သူ့ကို ကူညီခဲ့သည်မှာ အမှန်ပင်ဖြစ်ပေရာ သူသည် အပြင်သို့ ထွက်ခွာသွားစဉ် သူမအား ကျေးဇူးတင်ရှိကြောင်း ပြသသည့် မျက်ဝန်းအစုံဖြင့် ကြည့်ရှုကာ ဆုတ်ခွာသွားတော့သည်။

"ငါ့သမီးလေး... နင် ကြည့်ရတာ တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲလာရတဲ့ပုံပဲ၊ ဘယ်လိုလဲ၊ ဒဏ်ရာရလာသေးလား"

ဟု အိုချီဟွာက မေးမြန်းလိုက်ချေသည်။

အိုယန်ယွန်းက...

"သမီးက ဘာလို့ ဒဏ်ရာရရမှာလဲ၊ ဒါပေမဲ့..."

ဟု ပြောဆိုနေရင်းဖြင့်၊ သူ သည် ချင်ယွမ်ဖုန်းက သူမအား လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရန်နှင့် လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီး အကြောင်းကို မပြောရန် တောင်းဆိုခဲ့သည်ကို ရုတ်တရက် သတိရသွားချေသည်။

သူမသည် ပြောလက်စ စကားလုံးများကို ချက်ချင်းပင် မျိုသိပ်လိုက်ပြီးနောက်...

"ဒါပေမဲ့ အပြင်မှာ ဒီလောက်ကြာအောင် နေခဲ့တာတောင် ကျူးကျော်သူတွေကို မဖမ်းမိခဲ့ဘူး၊ သူတို့က ထွက်ပြေးလွတ်မြောက်သွားကြတယ်၊ ဒါက တကယ့်ကို စိတ်ပျက်စရာပဲ၊ ဪ... ဒါနဲ့ ဖေဖေ... ဖေဖေကော သူတို့ကို ဖမ်းမိပြီလား"

ဟု လွှဲပြောင်းမေးမြန်းလိုက်တော့သည်။

"ဒီလူတွေက သိပ်ပြီး ကောက်ကျစ်စဉ်းလဲတာပဲ၊ နင့်ဒုတိယအစ်ကိုက သူတို့ကို လွတ်အောင် ပေးလိုက်မိတယ်"

ဟု အိုချီဟွာက သက်ပြင်းချရင်း စိတ်ပျက်လက်ပျက် မျက်နှာအမူအရာဖြင့် ဆိုချေသည်။

---

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် ထွက်ပြေးသွားသော မဟူရာဝတ်စုံဝတ် လူသား၏ နောက်သို့ လိုက်လံ မောင်းနှင်နေပြီ ဖြစ်သည်။

မကြာမီအချိန်ကပင် သူသည် ဤမဟူရာဝတ်စုံဝတ် လူသား၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါမှာ အနည်းငယ် ရင်းနှီးနေသည်ကို သတိပြုမိခဲ့ချေသည်။ သူ ထင်မှတ်မမှားခဲ့လျှင် ယင်းက ပိဖူကျန့် ယခင်က ပြောကြားခဲ့ဖူးသည့် ယမမင်းမျိုးနွယ်စု ပင် ဖြစ်တန်ရာသည်။

တိုက်ရိုက် လိုက်လံ ဆုပ်ကိုင်ပြီးနောက် ချင်ယွမ်ဖုန်းသည် ရန်သူကိုသာ ဖမ်းဆီးနိုင်ခဲ့လျှင် သူ၏ ဆွေးမျိုးသားချင်းများကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု စိတ်တွင်းက တွေးတောနေမိချေသည်။

ထိုလူသည် အလွန်တရာ လျင်မြန်စွာ ပြေးလွှားနေပြီး ပုန်းအောင်းရန် နေရာတစ်ခုကို အသည်းအသန် ရှာဖွေနေယုံရှိသည်။

တစ်ခုလုံးသော ကုဇေကြယ် သည် စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေပြီဖြစ်ပေရာ သူသည် လောလောဆယ်တွင် ထွက်ခွာသွားနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူသည် ပုန်းကွယ်ရန် နေရာတစ်ခုကိုသာ ရှာဖွေနိုင်တော့သည်။ သို့သော်လည်း သူ၏ နောက်ကွယ်မှ တစ်စုံတစ်ယောက်က လိုက်လံ နှောင့်ယှက်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူသည် ဖုံးကွယ်ရာနေရာတစ်ခုကို ရှာဖွေတွေ့ရှိပြီး ပုန်းအောင်းရန် ပြင်ဆင်လိုက်သည့် အချိန်၌ပင် ချင်ယွမ်ဖုန်းသည် သူ၏ နောက်ကွယ်တွင် တိုက်ရိုက် ပေါ်ပေါက်လာခဲ့ချေသည်။

ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထိုရန်သူကို သူ၏ ကမ္ဘာငယ်လေး အတွင်းသို့ ချက်ချင်းပင် ဆွဲသွင်းလိုက်တော့သည်။

"ဒီနေရာက ဘာနေရာလဲ"

ထိုလူသည် မျက်စိရှေ့တွင် ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး မျက်စိကို ပြန်လည်ဖွင့်ကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင် အခြေအနေတစ်ခုလုံးမှာ လုံးဝ ပြောင်းလဲသွားချေပြီ။

ထိုအချိန်တွင် သူ၏ ရှေ့မှောက်၌ ထူးဆန်းသော လူငယ်တစ်ယောက် ပေါ်ပေါက်လာပြီး ထိုလူငယ်က...

"ယမမင်းမျိုးနွယ်စု လား"

ဟု မေးမြန်းလိုက်သည်ကို ကြားလိုက်ရလေသည်။

ထိုရန်သူသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက်...

"မင်းက ဘယ်သူလဲ၊ ငါ့ရဲ့ အထောက်အထားကို မင်းက ဘယ်လိုလုပ် သိတာလဲ"

ဟု တုံ့ပြန်မေးမြန်းလိုက်သည်။

"ဟွန်း..."

ချင်ယွမ်ဖုန်းသည် ဤယမမင်းမျိုးနွယ်စု အပေါ်တွင် မည်သည့် အကောင်းမြင်စိတ်မျှ မရှိချေ။ သူက တိုက်ရိုက်ပင်...

"မင်း အသက်ရှင်ချင်ရင် ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီး ရဲ့ အစားထိုးလဲလှယ်ခြင်းကိုယ်ပွားက ဘယ်မှာလဲဆိုတာ ငါ့ကို ပြောစမ်း"

ဟု ဆိုလိုက်ချေသည်။

အမှန်စင်စစ် ချင်ယွမ်ဖုန်းသည် ယခင်က နတ်ဆိုးဘုရင် ပင်ပန်းကြီးစွာ ဖွင့်လှစ်ခဲ့သော နတ်ဘုရားလမ်းကြောင်း ကို ဖျက်ဆီးခဲ့သည်မှာ ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီး ၏ အစားထိုးလဲလှယ်ခြင်းကိုယ်ပွား ဟုတ်မဟုတ်ကို တိကျစွာ မဆုံးဖြတ်နိုင်သေးသော်လည်း ရန်သူ၏ နှုတ်မှ ထိုအကြောင်းအရာကို အတည်ပြုရန်အတွက် ထိုသို့ ပြောဆိုလိုက်ခြင်းပင်။

သူ၏ မေးခွန်းကို ကြားလိုက်ရပြီးနောက် ထိုရန်သူသည် ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး...

"ငါ ဘာအစားထိုးလဲလှယ်ခြင်းကိုယ်ပွားမှ မသိဘူး"

ဟု ငြင်းဆိုလိုက်တော့သည်။

"မင်းမသိဘူး ဟုတ်လား"

ချင်ယွမ်ဖုန်းသည် ထိုသူ၏ မျက်ဝန်းများကို သေချာစိုက်ကြည့်ကာ စကားလိမ်ညာနေခြင်း ရှိမရှိကို ကြည့်ရှုလိုသော်လည်း ထိုသူ၏ မျက်ဝန်းအစုံမှာ မည်သို့မျှ တုန်လှုပ်ခြောက်ခြားခြင်း မရှိချေ။

ထိုသူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အလွန်တရာ ကောင်းမွန်နေခြင်းလား၊ သို့မဟုတ် အမှန်တကယ်ပင် လိမ်ညာနေခြင်း မဟုတ်သည်လား ဆိုသည်ကို သူ မသိနိုင်ချေ။

ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာဖြင့်...

"ဒီကမ္ဘာပေါ်မှာ ငါ့ကို လိမ်မပြောတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် နင့်ကို သေတာထက် ပိုဆိုးတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရအောင် ငါ လုပ်မှာ"

ဟု ဆိုလိုက်ချေသည်။

စကား ဆုံးသည်နှင့် ချင်ယွမ်ဖုန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ မျက်တောင်ခတ်အတွင်းမှာပင် သူတို့ နှစ်ဦးစလုံးသည် မီးတောင်ခြေရင်းတစ်ခုသို့ ရောက်ရှိသွားပြီး ထိုရန်သူကို ချော်ရည်ကန်၏ အစွန်းဆီသို့ တိုက်ရိုက် တွန်းပို့လိုက်တော့သည်။

ထိုရန်သူ၏ မျက်ဝန်းအစုံမှာ ရုတ်တရက် ပြူးကျယ်သွားတော့သည်။ ချင်ယွမ်ဖုန်းက ဤအရာကို မည်သို့ ပြုလုပ်လိုက်သည်ကို သူ မသိနိုင်သော်လည်း ဤနေရာသို့ နေရာပြောင်းလဲ ရောက်ရှိလာနိုင်ခြင်းမှာ နတ်ဘုရား တစ်ပါး၏ စွမ်းအားပင်လျှင် ဤမျှအထိ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။

ထို့အပြင် ချင်ယွမ်ဖုန်းသည် နတ်ဘုရားနယ်ပယ် သို့ ခြေလှမ်းစတင် ဝင်ရောက်ရုံမျှသာ ရှိသေးပုံရချေသည်။

"မင်း မေးချင်တာမှန်သမျှကို ငါ ဖြေပါ့မယ်"

ထိုရန်သူသည် ပွက်ပွက်ဆူနေသော ချော်ရည်များကို ကြည့်ရှုရင်း တုန်ရီနေသောအသံဖြင့် ပြောလိုက်၏။

"ဒါပေမဲ့ အချို့မေးခွန်းတွေကို ငါ လုံးဝ မဖြေနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါက ယမမင်းမျိုးနွယ်စု က ဖြစ်ပေမဲ့ ငါ ဆက်သွယ်လို့ရတဲ့ အဆင့်က သိပ်ပြီး အကန့်အသတ်ရှိလို့ပဲ"

ချင်ယွမ်ဖုန်းသည် မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်မိချေသည်။ ထိုသူ၏ စကားများသည် သူ့ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ဤရန်သူသည် သာမန် အောက်ခြေအဆင့် လူသားတစ်ယောက်သာ ဖြစ်တန်ရာသည်။

ထို့အပြင် ပိဖူကျန့်ကလည်း ယမမင်းမျိုးနွယ်စု အတွင်း၌ အဆင့်အတန်း ခွဲခြားမှုများ ရှိသည်ဟု ပြောကြားခဲ့ဖူးချေသည်။ နတ်ဘုရားနယ်ပယ် သို့ပင် ခြေမလှမ်းနိုင်သေးသည့် ဤကဲ့သို့သော လူစားမျိုးသည် မြင့်မားသော ရာထူးနေရာကို ရရှိထားနိုင်မည် မဟုတ်ပေရာ သူသည် ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီး နှင့် ဆုံတွေ့ခွင့် ရရှိလိမ့်မည် မဟုတ်ချေ။

ချင်ယွမ်ဖုန်းသည် အနည်းငယ် စိတ်ပျက်သွားမိပြီး သူတို့၏ အောက်ခြေအဆင့် လူသားတစ်ယောက်နှင့်သာ ဆုံတွေ့ခဲ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော်လည်း ထိုလူသားကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူ့ကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး...

"ငါ မင်းကို လွှတ်ပေးနိုင်တယ်"

ဟု ဆိုလိုက်ချေသည်။

ထိုရန်သူသည် ဤစကားကို ကြားလိုက်ရပြီးနောက် မယုံကြည်နိုင်လောက်သော မျက်နှာအမူအရာ ဖြစ်ပေါ်သွားတော့သည်။ သူသည် ယခုတစ်ကြိမ် ဖမ်းဆီးခံရပြီးနောက် အသက်ရှင်ရန် အခွင့်အရေး မရှိတော့ဟု ထင်မှတ်ထားခဲ့သော်လည်း ချင်ယွမ်ဖုန်းက သူ့ကို အမှန်တကယ် လွှတ်ပေးရန် ဆန္ဒရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက ချက်ချင်းပင်...

"မင်းမှာ တခြား တောင်းဆိုချက်တွေ ရှိသေးလား၊ .. ငါ့ကို ယမမင်းမျိုးနွယ်စု ကို သစ္စာဖောက်ခိုင်းမယ်ဆိုရင်တော့ ငါ့ကို သတ်လိုက်တာက ပိုကောင်းလိမ့်မယ်"

ဟု ပြောလိုက်၏။

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့်...

"ငါ မင်းကို အဲဒီလိုမျိုး လုပ်ခိုင်းမှာ မဟုတ်ဘူး၊ ငါ မင်းကို ပြန်လွှတ်ပေးမယ်၊ မင်း လုပ်ရမှာက ငါ့ရဲ့ နာမည် ချင်ယွမ်ဖုန်း ဆိုတာကို မင်းရဲ့ ယမမင်းမျိုးနွယ်စု ဆီ ယူဆောင်သွားပေးဖို့ပဲ၊ ငါ သူတို့ဆီကို မကြာခင် လာခဲ့တော့မယ်လို့ ပြောလိုက်၊ ပြီးတော့ ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီး အနေနဲ့ ငါ့ရဲ့ ဆွေမျိုးတွေကို မထိခိုက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ငါ သူ့ကို နောင်တရအောင် လုပ်မယ်လို့ ပြောလိုက်"

ဟု မိန့်ဆိုလိုက်ချေသည်။

ထိုရန်သူသည် ဤစကားကို ကြားလိုက်ရပြီးနောက် ပိုမို၍ အံ့အားသင့်သွားတော့သည်။ ဤချင်ယွမ်ဖုန်း ဆိုသည်မှာ မည်သူနည်း။ ထို့အပြင် သူသည် မျိုးနွယ်စုခေါင်းဆောင်ကိုပင် သိရှိနေသည့်အလား ရှိချေသည်။ သူသည် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီးနောက်...

"ဒီလောက်ပဲလား"

ဟု မေးလိုက်၏။

"ဒီလောက်ပဲ"

"ငါ မှတ်ထားပါ့မယ်၊ ငါ့ရဲ့ အထက်လူကြီးဆီကို ဒီစကားတွေ ပြန်ပြောပြပါ့မယ်၊ ဒါပေမဲ့ အဲဒီအချိန်ကျရင် သူတို့က မျိုးနွယ်စုခေါင်းဆောင်ဆီကို အကြောင်းကြားနိုင်မလား ဆိုတာကတော့ ငါ့မှာ ဘာအစွမ်းမှ မရှိဘူး"

ဟု ထိုရန်သူက ပြောဆိုလိုက်ချေသည်။

ချင်ယွမ်ဖုန်းက...

"အဲဒါက အရေးမကြီးဘူး၊ ဒီသတင်းစကားကို မင်းရဲ့ ယမမင်းမျိုးနွယ်စု ဆီ ရောက်အောင်သာ ယူသွားပြီး အဝေးဆုံးကို လစ်လိုက်တော့"

ဟု ဆိုလိုက်တော့သည်။

စကား ဆုံးသည်နှင့် ချင်ယွမ်ဖုန်းသည် သူ့ကို ကမ္ဘာငယ်လေး အတွင်းမှ တိုက်ရိုက် ကန်ထုတ်လိုက်ချေသည်။ ယခုအခါ ထိုသူ့တွင် ထွက်ပြေးရန် လမ်းစမရှိတော့ပေရာ ပုန်းအောင်းရန် နေရာတစ်ခုကိုသာ ရှာဖွေနိုင်တော့မည် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည်လည်း ထိုသူနှင့် ထပ်မံ၍ အချိန်ကုန်မခံလိုတော့ချေ။ ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီး အနေဖြင့် သူ ဤနေရာတွင် ရှိနေသည်ကို ယခုအခါ သိရှိသွားပြီဖြစ်သော်လည်း သူနှင့် စကားပြောဆိုရန် အခွင့်အရေး မရှိခဲ့သလို သူ မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကိုလည်း သိရှိနိုင်မည် မဟုတ်ချေ။

ဤယမမင်းမျိုးနွယ်စုဝင်ကို သတင်းစကား ပြန်လည်သယ်ဆောင်ခိုင်းလိုက်ခြင်းမှာလည်း သူ့အား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခိုင်းထားနိုင်ရန်အတွက် ကောင်းမွန်လှပေရာ၊ မဟုတ်လျှင် ထိုသူသည် သူ၏ နဂါးလက်သည်း ကို ရရှိရန် မေ့လျော့ထားလိုက်ရုံသာ ရှိတော့မည် ဖြစ်ခြင်းပင်။

အခန်း(၁၀၂၈) သတင်းစကားပါးခြင်း

ယမမင်းမျိုးနွယ်စုမှ လူများ ထွက်ခွာသွားပြီးနောက် ချင်ယွမ်ဖုန်းက မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကာ စဉ်းစားလိုက်မိသည်။ အကယ်၍ ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီးသည် သတင်းကို ကြားသိသွားပြီးနောက် မိမိအား တိုက်ခိုက်ရန် လူလွှတ်လိုက်မည်ဆိုပါက ၎င်းတွင် အားကိုးရမည့် ယုံကြည်စိတ်ချရသော ကူညီသူ ရှိနေလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် လတ်တလော အရေးကြီးဆုံး တာဝန်မှာ ကုဇေကြယ်၏ အိုချီဟွာအား မိမိဘက်ပါအောင် ဆွဲဆောင်စည်းရုံးရန် ဖြစ်ပြီး ယင်းက အကူအညီရနိုင်မည့် အရင်းအမြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုသို့တွေးတောရင်း ချင်ယွမ်ဖုန်းသည် ကုဇေကြယ်၏ အဓိကမြို့တော်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။ မြို့တံခါးဝသို့ ရောက်ရှိသောအခါ ချင်ယွမ်ဖုန်းသည် ယခင်က အစောင့်ကိုပင် ထပ်မံတွေ့မြင်ရသဖြင့် နှုတ်ဆက်ကာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။

အစောင့်သည် ယခင်က ချင်ယွမ်ဖုန်းထံမှ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို လက်ခံရရှိခဲ့ဖူးသဖြင့် ၎င်းအား တစ်ကြိမ် ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ လုံခြုံရေးကို ဒုတိယအကြိမ် ပိုမိုတင်းကျပ်ထားရန် အလေးအနက် ညွှန်ကြားထားခြင်းကြောင့် ချင်ယွမ်ဖုန်းအား ထပ်မံဝင်ရောက်ခွင့် မပြုသင့်ပေ။

သို့သော်လည်း ၎င်းတို့နှစ်ဦးမှာ တံစိုးလက်ဆောင် ပေးအပ်မှုကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။

ထို့အပြင် ထိုအစောင့်သည် ချင်ယွမ်ဖုန်းအား အိုယန်ယွန်းနှင့်အတူ ရှိနေသည်ကိုလည်း မြင်တွေ့ခဲ့ဖူးသဖြင့် ၎င်းတွင် အကြောင်းပြချက် ရှိနေသည်။ ၎င်းက ပြုံးရွှင်စွာဖြင့် ချင်ယွမ်ဖုန်းအား နှုတ်ဆက်ကာ စကားအများကြီး မပြောတော့ဘဲ အတွင်းသို့ ပေးဝင်လိုက်လေသည်။

ချင်ယွမ်ဖုန်းသည် အိုချီဟွာ၏ အိမ်တော်ဆီသို့ မည်သည့်အတားအဆီးမှမရှိဘဲ ရောက်ရှိသွားခဲ့သည်။ ခန့်ညားထည်ဝါလှသော အဆောက်အအုံကြီး၏ ရှေ့တွင် မတ်တတ်ရပ်ကာ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်စဉ် အိမ်တော်ဝင်ပေါက်ရှိ ကာကွယ်ရေးအစောင့်တစ်ဦး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။

ထိုအစောင့်သည် ၎င်း၏ ကျင့်စဉ်အဆင့်မှာ နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း သတိပြုမိသွားသည်။

ကုဇေကြယ်ပေါ်တွင် နတ်ဘုရားအဆင့်ရှိသူများမှာ အမြောက်အမြား မရှိသဖြင့် ဤနေရာတွင် နတ်ဘုရားများမှာ အတော်ပင် ရှားပါးလှသေးသည်။

ထို့အပြင် ချင်ယွမ်ဖုန်းသည် အသက်အရွယ် မကြီးသေးသည်ကို မြင်ရသဖြင့် ပါရမီရှင်တစ်ဦး ဖြစ်တန်ရာသည်။ အစောင့်က သုတ်သုတ်ပျာပျာနှင့် ရိုသေလေးစားစွာဖြင့် "မေးပါရစေ သခင်လေး... ဘာကိစ္စများ ရှိလို့ ဒီနေရာကို ကြွရောက်လာတာပါလဲ" ဟု ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက " မင်းတို့ရဲ့ အိုချီဟွာကို တွေ့ချင်တယ်လို့ သတင်းပို့ပေးပါဦး" ဟု ပြောလိုက်သည်။

အစောင့်သည် အနည်းငယ် ဆွံ့အသွားခဲ့ရပြီး ၎င်းက အိုချီဟွာအား တိုက်ရိုက်တွေ့ဆုံရန် လာရောက်ခြင်း ဖြစ်နေသည်။ ထို့နောက် ၎င်းက "အရှင်အိုချီဟွာက ကျွန်တော်တို့ သမန်ကာလျှံကာ တွေ့နိုင်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တပ်မှူးဆီ အရင် သတင်းပို့ပေးပြီး မြို့စားမင်းကို အကြောင်းကြားပေးနိုင်မလားဆိုတာ ကြည့်ပေးပါ့မယ်" ဟု ပြောဆိုကာ လှည့်ထွက်၍ အတွင်းသို့ လျှောက်လှမ်းသွားခဲ့သည်။

ခဏအကြာတွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားပြီး ကြမ်းတမ်းခက်ထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ဗမာ့ဆန်ဆန် ထွားကျိုင်းသော လူတစ်ယောက် ထွက်လာခဲ့သည်။ ၎င်း၏ ကျင့်စဉ်အဆင့်မှာလည်း ကောင်းမွန်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် နယ်ပယ်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။

၎င်းက ထွက်လာပြီး ချင်ယွမ်ဖုန်းအား မြင်မြင်ချင်းတွင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ အကြောင်းမူကား ချင်ယွမ်ဖုန်းသည် ယခုအခါတွင် မိမိ၏ ကျင့်စဉ်အဆင့်ကို ဖုံးကွယ်မထားဘဲ အနည်းငယ် ထုတ်ဖော်ပြသထားသောကြောင့် ဖြစ်သည်။

ဤနေရာတွင် ခွန်အားအစွမ်းကသာ အရာရာကို ရှင်းပြနိုင်သည်ကို ၎င်းက ကောင်းစွာသိရှိသည်။ ထို့ကြောင့် တစ်ဖက်လူက ၎င်းအား မြင်တွေ့ပြီးနောက် စိတ်ထဲမှနေ၍ 'ဘုရားရေ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရားနယ်ပယ်ကို တောင် ရောက်နေပြီပဲ။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ' ဟု မချီးကျူးဘဲ မနေနိုင်ဖြစ်သွားရသည်။

၎င်းသည် တစ်စုံတစ်ခုသော ထင်ရှားကျော်ကြားသည့် မိသားစု သို့မဟုတ် ကြီးမြတ်သော နတ်ဘုရားဂိုဏ်းမှ သခင်လေး ဖြစ်နေပေလိမ့်မည်။

ထိုသို့တွေးတောရင်း တပ်မှူးသည် ချက်ချင်း ရှေ့သို့ တိုးလာကာ "ညီအစ်ကို... ငါတို့ရဲ့ အိုချီဟွာကို တွေ့ဖို့ အစီအစဉ် ရှိတာလား" ဟု မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက "ဟုတ်ပါတယ်... တပ်မှူးအနေနဲ့ သတင်းပို့ပေးဖို့ ဒုက္ခပေးပါရစေဦး" ဟု ပြောလိုက်သည်။

"ကောင်းပါပြီ... ဒီမှာ ခဏလောက် စောင့်ပေးပါ၊ ငါ အထဲဝင်ပြီး ချက်ချင်း သတင်းပို့ပေးပါ့မယ်" ဟု ပြောပြီးနောက် ၎င်းက လှည့်၍ အိမ်တော်အတွင်းသို့ ပြန်လည်လျှောက်လှမ်းသွားကာ အိုချီဟွာ၏ အခန်းရှေ့သို့ တိုက်ရိုက်ရောက်ရှိသွားသည်။

တံခါးအပြင်ဘက်တွင် မတ်တတ်ရပ်လျက် ရိုသေလေးစားစွာဖြင့် "အိုချီဟွာ... အပြင်မှာ လူငယ်တစ်ယောက် တွေ့ဆုံခွင့်တောင်းနေပါတယ်။ သူက အတော်လေး ငယ်ရွယ်ပြီး အသက် နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမှာ ဖြစ်ပေမဲ့ သူ့ရဲ့ ကျင့်စဉ်အဆင့်ကတော့ နတ်ဘုရားနယ်ပယ်ကို ဝင်ရောက်နေပါပြီ။ သူ့ရဲ့ ခွန်အားက တကယ်ကို ထူးခြားလှပါတယ်" ဟု တင်ပြလိုက်သည်။

"အဲလိုလား... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရားနယ်ပယ်ကို ရောက်နေတယ်ဆိုတော့ သူ့ရဲ့ အရည်အချင်းက ငါ့သမီးထက်တောင် ပိုပြီးတော့ အစွမ်းထက်နေတာ မဟုတ်ဘူးလား" ဟု ဆိုကာ အိုချီဟွာ၏ မျက်နှာတွင်လည်း အံ့ဩတုန်လှုပ်သည့် အရိပ်အယောင်များ ပေါ်လွင်သွားပြီးနောက် ၎င်း၏သမီးဖြစ်သူ အိုယန်ယွန်းအား လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် အိုယန်ယွန်း၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရုတ်တရက် လင်းလက်သွားခဲ့ပြီး "နတ်ဘုရားနယ်ပယ်က လူငယ်တစ်ယောက်လား... သူ ဖြစ်နေတာများလား" ဟု သုတ်သုတ်ပျာပျာ ပြောလိုက်သည်။

"ဟင်... သမီးလေး... 'သူ' ဆိုတာ ဘယ်သူလဲ" ဟု အိုချီဟွာက မျက်လုံးများကို မှေးစင်းကာ ပြုံး၍ မေးလိုက်သည်။

အိုယန်ယွန်းက အနည်းငယ် ပြုံးလိုက်ပြီး "ခမည်းတော်... သူက သမီး သိတဲ့ မိတ်ဆွေတစ်ယောက်ပါ" ဟု ပြောလိုက်သည်။

"ဪ..." ဟု အိုချီဟွာက ဆိုကာ "သမီး မိတ်ဆွေဖွဲ့တတ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါကို ခမည်းတော် ဘာလို့ မသိရတာလဲ" ဟု မေးလိုက်သည်။

"သမီးက ခမည်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး၊ ခမည်းတော်ကို သတင်းပို့ဖို့ အချိန်မရသေးတာပါ" ဟု အိုယန်ယွန်းက ပြောလိုက်သည်။

အိုချီဟွာက "သမီးက အရင်လုပ်ပြီးမှ သတင်းပို့တာပဲ" ဟု ဆိုလိုက်သည်။

"ခမည်းတော်... စိတ်မဆိုးပါဘူးနော်" ဟု အိုယန်ယွန်းက လျှာလေးထုတ်ကာ မေးလိုက်သည်။

အိုချီဟွာက "ငါ့ရဲ့ ချစ်သမီးလေးကို ငါက ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ။ အဲဒီလူငယ်ရဲ့ နောက်ခံအကြောင်းရင်းကို ငါ မသိသေးလို့ပါ။ အခု အပြင်မှာ လူဆိုးတွေ အများကြီး ရှိနေတာ... သမီး အသုံးချမခံရစေနဲ့" ဟု ပြောလိုက်သည်။

"သမီး... သမီး နားလည်ပါတယ်" အိုယန်ယွန်းသည် ၎င်း၏ဖခင် ဤမျှ အလေးအနက်ထားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် ချက်ချင်းပင် တိုးညှင်းစွာဖြင့် "ခမည်းတော်... သူ့ကို မကြိုဆိုဘူးလား" ဟု မေးလိုက်သည်။

အိုချီဟွာက မတ်တတ်ရပ်လိုက်ပြီး "ငါ ကြိုဆိုသလား၊ မကြိုဆိုဘူးလားဆိုတာ သူ့ကို တွေ့ပြီးမှ စောင့်ကြည့်ရမှာပေါ့။ ဒါတင်မကသေးဘူး... ငါ သူ့ကို တစ်ခါမှ မတွေ့ရသေးတော့ သူ့အပေါ် ဝေဖန်ဖို့ မကောင်းဘူး။ သမီးရဲ့ မိတ်ဆွေကို တွေ့ဖို့ ငါနဲ့အတူ အပြင်ထွက်ခဲ့ပါ" ဟု ပြောလိုက်သည်။

"ကောင်းပါပြီ" ဟု အိုယန်ယွန်းက သုတ်သုတ်ပျာပျာ ခေါင်းညိတ်လိုက်သည်။

---

ချင်ယွမ်ဖုန်းသည် ကုဇေကြယ်၏ အိုချီဟွာ ထွက်လာသည်ကို အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။ ခဏအကြာတွင် အိမ်တော်အတွင်းမှနေ၍ အားကောင်းလှသော စွမ်းအားတစ်ခု စီးဆင်းလာပြီး မိမိအပေါ်သို့ တိုက်ရိုက် ဖိနှိပ်လာသည်ကို ခံစားလိုက်ရသည်။

ချင်ယွမ်ဖုန်းက စိတ်ထဲမှနေ၍ သိမ်မွေ့စွာ ဆန်းစစ်လိုက်မိသည်။ အကယ်၍ တစ်ဖက်လူက မိမိ၏ ခွန်အားကို ဖုံးကွယ်မထားပါက ဤစွမ်းအားသည် အဆင့်မြင့်အဆင့် နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ စစ်မှန်သော နတ်ဘုရားများ အဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။

မကြာမီပင် ခန့်ညားထည်ဝါသော အလယ်အလတ်အရွယ် လူကြီးတစ်ဦးသည် မိမိရှေ့တွင် ပေါ်လာခဲ့ပြီး ၎င်း၏ အကြည့်များမှာ မိမိအပေါ်သို့ တိုက်ရိုက် ကျရောက်လာကာ "မင်းက ချင်ယွမ်ဖုန်း လား" ဟု မေးလိုက်သည်။

ချင်ယွမ်ဖုန်းက "ကျွန်တော်ပါပဲ" ဟု ပြောလိုက်သည်။

"ငါ့သမီးက မင်း သူမကို အများကြီး ကူညီပေးခဲ့တယ်လို့ ပြောတယ်... အဲဒါ တကယ်ပဲလား" ဟု အိုချီဟွာက မေးလိုက်သည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် ဆွံ့အသွားခဲ့ရသည်။ အိုယန်ယွန်းသည် လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီး အကြောင်းကို ပြောပြခဲ့ခြင်းလော။ ထို့နောက် ၎င်းက စိတ်ကို တင်းထားပြီး "နောက်ပြောင်နေပါပြီ။ ကျွန်တော် အများကြီး မကူညီနိုင်ခဲ့ပါဘူး။ မိန်းကလေး အိုယန်ယွန်းရဲ့ ခွန်အားက တကယ်ကို ထူးခြားလှသလို သူမကလည်း သဘာဝအတိုင်း ဉာဏ်ပညာ ထက်မြက်ပါတယ်။ မသေမျိုးဌက်ရဲ့ အကူအညီနဲ့ဆိုရင် ဘာကိစ္စမှ သူမကို ပိတ်လှောင်မထားနိုင်ပါဘူး၊ သူမမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ကျွန်တော်ကတော့ ရိုးရိုးလေးပဲ..." ဟု ပြောလိုက်သည်။

"ဟဟ" ဟု အိုချီဟွာက သဘောကျစွာ ရယ်မောလိုက်ပြီး ၎င်း၏မျက်နှာတွင် စိတ်သက်သာရာရစေသော အပြုံးတစ်ခု ပေါ်လွင်လာသည်။ တစ်စုံတစ်ယောက်က မိမိ၏ သမီးဖြစ်သူအား ချီးမွမ်းသည်ကို ကြားရသဖြင့် ၎င်းက ကောင်းစွာ ဝမ်းမြောက်မိသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထို့နောက် ၎င်းက "ငါလည်း အဲလိုပဲ တွေးထားတာ။ အဲဒီ အတင့်ရဲတဲ့ ကျူးကျော်သူတွေက ငါ့ရဲ့ ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ခြင်းကို ခံထားရတာ။ သူတို့ ငါ့သမီးကို ရန်မရှာနိုင်ပါဘူး။ ညီအစ်ကို ချင်ယွမ်ဖုန်း ရှိနေတာနဲ့တင် ဘာပြဿနာမှ ရှိမှာမဟုတ်တာ သေချာပါတယ်" ဟု ပြောလိုက်သည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် မိန်းမောသွားခဲ့ရသည်။ အိုချီဟွာက ကျူးကျော်သူများ အကြောင်းကိုသာ ပြောကြားခဲ့ပြီး လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီး အကြောင်းကိုမူ ဘာမျှ မပြောခဲ့ပေ။

ထို့အပြင် ၎င်းသည် အိုယန်ယွန်းနှင့်အတူ ရှိနေစဉ်အတွင်း ကျူးကျော်သူများနှင့်လည်း မဆုံတွေ့ခဲ့ရပေ။ ဘာတွေ ဖြစ်ပျက်နေတာပါလိမ့်ဟု တွေးတောနေစဉ် အိုချီဟွာ၏ နောက်ကွယ်မှနေ၍ ဝတ်ရုံဖြူဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ရာ ၎င်းမှာ အိုယန်ယွန်းပင် ဖြစ်သည်။ ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားခဲ့တော့သည်။

"ခမည်းတော်... သခင်လေး ချင်ယွမ်ဖုန်းနဲ့ နှိုင်းယှဉ်ရင် သမီးရဲ့ ကျင့်စဉ်အဆင့်က အဝေးကြီး လိုပါသေးတယ်" ဟု အိုယန်ယွန်းက ဘေးမှနေ၍ ပြောလိုက်သည်။

အိုချီဟွာက မိမိ၏ သမီးအား တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်ယွမ်ဖုန်းအား လှမ်းကြည့်ကာ ၎င်း၏ မျက်ဝန်းထဲရှိ အကြည့်များမှာ အတော်ပင် ကျေနပ်အားရနေသည့် ပုံစံမျိုး ဖြစ်နေသည်။ ထို့နောက် ၎င်းက "ညီအစ်ကို ချင်ယွမ်ဖုန်း... မင်းကို အပြင်မှာ အကြာကြီး စောင့်ခိုင်းမိသွားပြီ။ ငါတို့ အထဲဝင်ပြီး စကားပြောကြရအောင်" ဟု ပြောဆိုကာ ချင်ယွမ်ဖုန်းအား မိမိ၏ အိမ်တော်အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။

ချင်ယွမ်ဖုန်းသည် အိုယန်ယွန်း၏ ဘေးနားသို့ လျှောက်လှမ်းသွားခဲ့ပြီးနောက် အိုချီဟွာက ၎င်းအား အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ အတွင်းသို့ ရောက်ရှိသွားသောအခါ ၎င်းက စိတ်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်ဖြစ်သွားရသည်။ ကြယ်တစ်လုံးကို တိုက်ရိုက် သိမ်းပိုက်ထားနိုင်သူများမှာ တကယ်ကို အစွမ်းထက်လှပေသည်။ ဤအိမ်တော်ကြီးမှာ တကယ်ကို ကြီးမားကျယ်ဝန်းလှပေစွ။

All Chapters