အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) တခါတရံ နဂါးတစ်ကောင်ကို မွေးမြူခြင်းကလည်း အလွန်ရိုးရှင်းလှတယ်။
သူတို့ မထွက်ခွာမီ ခဏအလိုတွင် နန်လင်းရှာက ကျူးမင်လန်ကို နန်မိသားစု၏ အဖိုးတန် နေရာဖြစ်သည့် သူတော်စင်တောအုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
နန်မိသားစု၏ သူတော်စင်တောအုပ်သည် ကြီးမားသော နေအိမ်ကြီး၏ အနောက်ဘက် တွင် တည်ရှိပြီး သီးခြားခွဲထုတ်ထားသည့် ဥယျာဉ်ကို ကျော်လွန်ကာ တောအုပ်အတွင်းသို့ နက်ရှိုင်းစွာ ဆက်လက်သွားရောက်သောအခါ ကျယ်ပြောခမ်းနားလှသည့် စီဒါတောအုပ် ကြီးကို မြင်တွေ့နိုင်သည်။
ငွေရောင်ထင်းရှူးပင်များသည် မိုးထိအောင် မြင့်မားနေပြီး ၎င်းတို့၏ အရွက်ဖုံးများမှာ ထီးကဲ့သို့ ပြန့်ကားကာ နေရောင်ခြည်ကိုပင် ဖုံးကွယ်ထားကြသည်။
သူတို့၏လမ်းပြမှာ နန်မိသားစု၏ အစောင့်အရှောက်တစ်ဦး ဖြစ်ပြီး သူ၏သားဖြစ်သူ နန်ကျောက်ဘင်းလည်း အတူတကွ လိုက်ပါလာခဲ့သည်။
နန်လင်းရှာက ကျူးမင်လန်ကို သစ်တောဝိညာဉ်ယဇ်ပလ္လင်သို့ အမှန်တကယ် ခေါ်ဆောင် လာသည်ကို မြင်လိုက်ရသောအခါ နန်ကျောက်ဘင်း၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ထင်ရှားစွာ ပေါ်လွင်လာသည်။
"သစ်တောဝိညာဉ်ယဇ်ပလ္လင်မှာ အချိန်အတော်ကြာ စုဆောင်းထားခဲ့ရတဲ့ ဆယ်နှစ် သက်တမ်းရှိ နှင်းရည်တွေကို အခုမှပဲ ရရှိထားတာပါ။ ဒါတွေကို နတ်ဘုရားသူတော်စင် နဂါးစိမ်း အသစ်တစ်ကောင်ကို ပြုစုပျိုးထောင်ဖို့ ဒါမှမဟုတ် ကျွန်တော်တို့မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး နဂါးထိန်းတွေအတွက် နှစ်ခြင်းခံသန့်စင်ပေးဖို့ပဲ သုံးသင့်တာပါ။ ဘယ်လို လုပ်ပြီးတော့ အပြင်လူတစ်ယောက်ကို၊ အထူးသဖြင့် နာမည်ပျက်ရှိတဲ့လူတစ်ယောက်ကို ဒီအတိုင်း ပေးလိုက်ရတာလဲ" နန်ကျောက်ဘင်း၏ စိတ်ထဲတွင် ကျူးမင်လန်အပေါ် အလွန် ပင် မကျေမနပ် ဖြစ်နေမိသည်။
သူသည် ဤသို့သော စကားမျိုးကို သူအကြီးအကဲများ ရှေ့တွင် သို့မဟုတ် နန်လင်းရှာ၏ ရှေ့တွင် မပြောသင့်ကြောင်း သိထားသော်လည်း...
သူသည် မချိမ်းနိုင်ဘဲ ထုတ်ပြောလိုက်မိတော့သည်။
နောက်ဆုံးတွင် ဤဆယ်နှစ်သက်တမ်းရှိ နှင်းရည်သည် နန်မိသားစု၏ သူတော်စင် တောအုပ်တွင် အဖိုးတန်ဆုံးသော ရတနာဖြစ်ပြီး နန်မိသားစုဝင် တပည့်များမှာ ဤ အကြောင်းရင်းကြောင့်ပင် လျှို့ဝှက်စွာဖြင့် အလုအယက် ကြိုးစားနေကြခြင်း ဖြစ်ပေ သည်။
ပုံမှန်အတိုင်းပင် နန်လင်းရှာက မျက်နှာဖုံးစွပ်ထားပြီး ဗဟုသုတမရှိသော ဤလူငယ်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ဖြန်း….."
ထိုအချိန်တွင်ပင် အစောင့်အရှောက်က နန်ကျောက်ဘင်း၏ မျက်နှာကို ပြင်းထန်စွာ အားပါးတရ ရိုက်ချလိုက်တော့သည်။
ရိုက်ပြီးသည်နှင့် အစောင့်အရှောက်က ကျူးမင်လန်ထံသို့ ချက်ချင်း ဦးညွှတ်ကာ "သခင် ကျူး၊ ကျေးဇူးပြုပြီး ကျွန်တော့်သားရဲ့ မိုက်ရိုင်းတဲ့ အပြုအမူအတွက် စိတ်မရှိပါနဲ့ဗျာ။ သူ့ကို သင်ကြားပေးမူပိုင်းမှာ ကျွန်တော် အားနည်းခဲ့ရပါတယ်" ဟု တောင်းပန်စကား ဆိုလိုက်သည်။
"ဖေဖေ၊ ကျွန်တော်..."
"ဖြန်း…." နန်ကျောက်ဘင်း ထပ်မံ၍ အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ အစောင့်အရှောက်က သူ့ကို လက်ပြန် ရိုက်ချက် ဖြင့် ထပ်မံ၍ ရိုက်နှက်လိုက်ပြန်သည်။
ဤရိုက်ချက်ကြောင့် နန်ကျောက်ဘင်း၏ သွားများပင် ကျွတ်ထွက်လုနီးပါး ဖြစ်သွားပြီး ပါးစပ်တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်သွားတော့သည်။
ကျူးမင်လန်သည် ထိုမျှအထိ ပြင်းထန်သော ပြစ်ဒဏ်ပေးနိုင်သည့် အစောင့်အရှောက်အား စိတ်ထဲမှပင် ချီးကျူးလိုက်မိသည်။ ဤမိုက်မဲသူကို သူသာ မဖြေရှင်းပေးခဲ့ပါက နန်လင်းရှာ က သူ့ကို အသက်ပင် ချမ်းသာပေးတော့မည် မဟုတ်ကြောင်း သူ ခန့်မှန်းမိသည်။
နန်မိသားစုတစ်ခုလုံးသည် လီယွန်ဇီကို ပုန်ကန်သူများ၏ ဝိညာဉ်များကို ရှင်ခြင်းသေခြင်း မှတ်တမ်းကို အသုံးပြု၍ သိမ်းယူလိုက်မည့် နန်လင်းရှာအား ကြောက်ရွံ့လျက် ရှိနေကြဆဲ ဖြစ်ပြီး၊ ယခုဖြစ်ပျက်ခဲ့သည့် အစောင့်အရှောက်မှာလည်း မကြာသေးမီက ဆွေးနွေးပွဲခန်း မ၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များတွင် ကိုယ်တိုင်ရှိနေခဲ့သူ ဖြစ်ပေသည်။
လီမိသားစု၏ အဘွားအိုကိုယ်တိုင်က ကျူးမင်လန်ကို သူမ၏ မြေးအရင်းကဲ့သို့ပင် သဘော ထားနေပြီ ဖြစ်သည်။ ကျူးမင်လန်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် စကားတစ်ခွန်းမျှ ပြောထွက်ရဲသူမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း မည်သူမဆို သိရှိထားကြသည်။
"သူ့ကို တကယ်ပဲ တင်းကျပ်တဲ့ သင်ကြားပေးမှုတွေ လိုအပ်နေပြီပဲ" နန်လင်းရှာက အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
အစောင့်အရှောက်သည် သွေးသံရဲရဲဖြင့် ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေသော နန်ကျောက်ဘင်းကို အမြန်ဆွဲထူလိုက်ပြီး "အခုချက်ချင်း ထွက်သွားစမ်း၊ ဒီကို ခေါ်လာတာ မင်း ပညာရဖို့အတွက်၊ ပါးစပ်ကနေ ပေါက်လွှတ်ပဲစား လျှောက်ပြောနေဖို့ မဟုတ်ဘူး" ဟု ငေါက်ငမ်းလိုက်သည်။
ပါးရိုက်ချက်များကြောင့် ဆွံ့အသွားသော နန်ကျောက်ဘင်းသည် နောက်ဆုံးတွင် သူ့ ဖခင် ဖြစ်သူ၏ ဒေါသနှင့် အာဏာစက်အောက်၌ အလျှော့ပေးပြီး ထွက်ခွာသွားရတော့သည်။
"သူ့အမှားကို သူ မသိသေးတဲ့ပုံပဲ။ အတန်းဖော်တွေ ဖြစ်တဲ့အတွက် ကျွန်တော်ကပဲ သူ့ကို တစ်ခုမဟုတ်တစ်ခု သင်ပေးလိုက်ပါဦးမယ်" ကျူးမင်လန်က အစောင့်အရှောက်ကို ပြုံး၍ ပြောလိုက်သည်။
အစောင့်အရှောက်မှာ ချက်ချင်းပင် မျက်နှာပျက်သွားပြီး အိမ်ပြန်ရောက်လျှင် သူ့သားကို ပိုမိုပြင်းထန်စွာ အပြစ်ပေးပါမည်ဟု ကျိန်ဆိုကာ တုန်ယင်စွာဖြင့် တောင်းပန်လိုက်သည်။
"ဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်က မင်းမွေးမြူထားတဲ့ နတ်ဘုရား သူတော်စင်နဂါးစိမ်းလေး ကြီးထွားသန်မာလာဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ" နန်လင်းရှာက ဆိုသည်။
"ကျေးဇူးတင်ပါတယ်၊ သခင်မလေး လင်းရှာ" ကျူးမင်လန်က ရိုးသားပွင့်လင်းစွာ ပြန်လည် ပြောလိုက်သည်။
နန်မိသားစုက ထိန်းသိမ်းထားသည့် သန့်ရှင်းသောနှင်းရည်မှာ အလွန်ပင် ရှားပါးလှပြီး ကောင်းကင်အနှစ်သာရနှင့် မြေပြင်၏ ဂုဏ်ကျက်သရေဟုပင် သတ်မှတ်ထားကြသည်။ တောင်ပေါင်းထောင်ချီ၊ တောပေါင်းများစွာကို ဖြတ်ကျော်၍ ခရီးနှင်ခဲ့လျှင်ပင် ဤသို့သော အရာမျိုးကို ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူလှပေ။
ထို့အပြင် ဤသည်မှာ နတ်ဘုရား သူတော်စင်နဂါးစိမ်း၏ စွမ်းရည်များနှင့် အထူးပင် ကိုက်ညီသော ဝိညာဉ်ရေးရာ ပစ္စည်းတစ်ခု ဖြစ်သည်။ နန်မိသားစုထံတွင် ဤသို့သော ရတနာရှိကြောင်း သူသာ အစောကတည်းက သိရှိခဲ့ပါက အိမ်တွင် ကျန်ခဲ့သော နဂါးငယ် လေးများအတွက် တစ်ချို့တစ်ဝက်ကို ခိုးယူခဲ့မိလိမ့်မည်မှာ အမှန်ပင်။
"အကြီးအကဲ အစောင့်အရှောက်၊ နှစ်ရာနှစ်သက်တမ်းရှိ သန့်ရှင်းသောနှင်းရည် ပြုစုပျိုး ထောင်ခြင်းကိစ္စလည်း ပြီးစီးနေလောက်ပြီ။ ကျူးမင်လန်အတွက် အဲဒါကိုလည်း သွားရောက်ယူဆောင်ပေးခဲ့ပါဦး" နန်လင်းရှာက ဆက်လက်ပြောကြားလိုက်သည်။
"ရာ... ရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်၊ အဲဒါက ကျွန်တော်တို့ နန်မိသားစုရဲ့ အခြေခံအုတ်မြစ်ပါ..." သူတော်စင်တောအုပ်၏ အစောင့်အရှောက်မှာ အလွန်တုန်လှုပ် သွားသည်။ နန်လင်းရှာအနေဖြင့် ဤမျှတန်ဖိုးရှိသော ရတနာကိုပင် ကျူးမင်လန်အား ပေးအပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော် နန်လင်းရှာ၏ အကြည့်ကို ချက်ချင်း သတိပြုမိလိုက်သည့်အခါ အစောင့်အရှောက်မှာ ပြတ်သားစွာပင် ဖြည့်စွက် ပြောလိုက် သည်၊ "ဒါပေမဲ့ ဒီလိုတန်ဖိုးရှိတဲ့ ရတနာတွေကမှ သခင်ကျူးမင်လန်ရဲ့ ဂုဏ်ဒြပ်နဲ့ ထိုက်တန်တာပါ"
ကျူးမင်လန်သည် သူ့စကားအတိုင်း ချက်ချင်း လေသံပြောင်းသွားသည့် အစောင့် အရှောက်ကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ နန်ကျောက်ဘင်း၏ ဖခင်မှာ အတော်ပင် အရည်အချင်းရှိသူ ဖြစ်ပြီး စကားပြောဆိုပုံကို လိုသလို လှည့်စားသွားနိုင်သည် မှာ ထူးချွန်လှပေသည်။
နန်လင်းရှာက သူမ၏ အေးစက်စက် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်မှသာလျှင် အစောင့်အရှောက်သည် စိတ်သက်သာရာရသွားပြီး ကျူးမင်လန်အတွက် လမ်းပြပေးရန် အလျင်အမြန် ဆက်လက် လျှောက်လှမ်းသွားတော့သည်။
ဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်ကို ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရ များမှ စုဆောင်းရယူခြင်း ဖြစ်ပြီး၊ နောက်ဆုံးတွင် ငွေရောင်ထင်းရှူး ယဇ်ပလ္လင်ရှိ သစ်တော ဝိညာဉ်များထံမှ ထုတ်ယူရရှိခြင်း ဖြစ်သည်။ ၎င်းကို သက်တမ်း ဆယ်နှစ် သို့မဟုတ် ထို့ထက်ပိုသော ငွေရောင်ထင်းရှူးပင်များမှ တစ်စက်ချင်းစီ ဖြည်းညှင်းစွာ ဆွဲထုတ်ရယူရ ခြင်း ဖြစ်သည်။ စုဆောင်းရရှိသည့် လုပ်ငန်းစဉ်တစ်ခုတည်းအတွက်ပင် လူအင်အားနှင့် ငွေကြေးအရင်းအမြစ် အမြောက်အမြား လိုအပ်လှသည်။
ရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်မှာမူ ပို၍ပင် ရှားပါးပြီး ရာစုနှစ်ချီ သက်တမ်း ရှိသော ငွေရောင်ထင်းရှူးပင်များမှ စုဆောင်းရယူရခြင်း ဖြစ်သည်။ အကြီးအကဲနန် သူ၏ လေးစားဖွယ်ကောင်းသော အဆင့်အတန်းသို့ ရောက်ရှိခဲ့ခြင်းမှာ ဤရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်ကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်ပြီး၊ ထိုအရာက နန်မိသားစုကို ခိုင်မာစွာ ရပ်တည်နိုင်စေခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ်အားဖြင့် အကြီးအကဲနန်သည် လီယွန်ဇီကို ပုန်ကန်ရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာလည်း ဤရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်ကြောင့်ပင် ဖြစ်ပေသည်။
အကြီးအကဲနန်သည် မကြာမီ ပြုစုပျိုးထောင် ပြီးစီးတော့မည့် ရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်ကို တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုခဲ့သော်လည်း လီယွန်ဇီကမူ ၎င်းကို အသုံးပြု၍ နဂါးထိန်း အစွမ်းထက်တစ်ဦးကို အသစ်မွေးထုတ်ရန် ရည်ရွယ်ထားခဲ့ သည်။
မကြာမီပင် သူတို့သုံးဦးသည် တောအုပ်အတွင်းရှိ ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာ ကြသည်။
ချောက်ကမ်းပါးအောက်ခြေတွင် ဝိညာဉ်သစ်သားကျောက်တုံးများဖြင့် တည်ဆောက်ထား သော မြေပြင်ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ထိုနေရာသည် မြင့်မားသော ငွေရောင်ထင်းရှူး ပင်များ၏ အရိပ်အောက်တွင် ဖုံးကွယ်နေသော်လည်း နေရောင်ခြည်ထက်ပင် ပိုမိုတောက် ပကာ ပူနွေးပြင်းပြသော အလင်းရောင်များ ဖြာထွက်နေသည်။
သူတို့ ချဉ်းကပ်သွားသောအခါ တောအုပ်ကမ်းပါးထိပ်ရှိ ရှေးဟောင်းသစ်ပင်ကြီးမှာ ရုတ်တ ရက် အသက်ဝင်လှုပ်ရှားလာသည်။ ထူထပ်သော သစ်ရွက်များကြားမှ အပင်စည်မှာ ဆန့်ထွက်လာပြီး ရှေးကျသော ဦးခေါင်းတစ်ခု ပေါ်ထွက်လာကာ ယဇ်ပလ္လင်သို့ ရောက်ရှိ လာသော ဧည့်သည်သုံးဦးကို အောက်သို့ ငုံ့ကြည့်လိုက်သည်။
ထိုအရာမှာ ရှေးဟောင်း နတ်ဘုရား သူတော်စင်နဂါးစိမ်း တစ်ကောင် ဖြစ်ပေသည်။
ကျူးမင်လန်သည် စိတ်ထဲတွင် လွန်စွာ အံ့အားသင့်သွားမိသည်။ နတ်ဘုရား သူတော်စင် နဂါးစိမ်း၏ ခန္ဓာကိုယ်အများစုမှာ တောအုပ်ကမ်းပါးအတွင်း၌သာ ပုန်းကွယ်နေဆဲ ဖြစ်ပြီး၊ ယခုမြင်တွေ့နေရသော အစိတ်အပိုင်းလေးမှာပင် တန်ခိုးအာဏာ၊ ရှေးဟောင်းဆန်မှုနှင့် နက်နဲသော လျှို့ဝှက်ချက်တို့ ပြည့်နှက်စွာ ဖြာထွက်နေသည်။
နန်မိသားစု၏ သူတော်စင်တောအုပ်အတွင်း၌ နတ်ဘုရား သူတော်စင်နဂါးစိမ်းတစ်ကောင် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
"သူတော်စင် အစောင့်ရှောက်၊ ကျွန်တော်တို့ သန့်ရှင်းသော နှင်းရည်အတွက် ရောက်ရှိ လာခြင်းပါတယ်။ ဒါက ကျွန်တော်တို့ ဆက်သလိုက်သော ပူဇော်ပစ္စည်းများ ဖြစ်ပါတယ်" ဟု ဆိုကာ အကြီးအကဲ အစောင့်အရှောက်က ထွင်းဖောက်မြင်သာသော ပုလဲလုံးအချို့ကို သူ၏ဘေးတွင် ချထားလိုက်ပြီး လေးစားစွာ ဦးညွှတ်ကာ နောက်သို့ ဆုတ်ခွာသွားသည်။
ရှေးဟောင်း နတ်ဘုရား သူတော်စင်နဂါးစိမ်းသည် ထိုပုလဲလုံးများကို ယူဆောင်လိုက်ပြီး နောက် တောအုပ်ကမ်းပါးဆီသို့ ဖြည်းညှင်းစွာ ပြန်လည် တွားသွားသွားတော့သည်။ ၎င်း၏ ဦးခေါင်း၊ ခန္ဓာကိုယ်၊ တောင်ပံများအားလုံးမှာ ကမ်းပါးတွင် တွယ်ကပ်နေသော ရှေးဟောင်း သစ်ပင်ကြီးနှင့် ပမာတူနေပြီး ခဏအကြာတွင်မူ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များနှင့် လုံးဝ ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရလောက်အောင်ပင် ဖြစ်သွားသည်။
နန်လင်းရှာသည် တောက်ပနေသော ကျောက်ယဇ်ပလ္လင်ဆီသို့ လျှောက်သွားကာ ဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်ဆယ်ဘူးနှင့် ရာနှစ်သက်တမ်းရှိ သန့်ရှင်း သော နှင်းရည်တစ်ဘူးကို ထုတ်ယူလိုက်သည်။
သန့်ရှင်းသော နှင်းရည်များကို ဝါးဆစ်ဘူးများအတွင်းသို့ ခွဲဝေထည့်သွင်းပြီးနောက် သူမက ကျူးမင်လန်အား လှမ်းပေးလိုက်သည်။
"ဒီဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသောနှင်းရည် တစ်ဘူးချင်းစီတိုင်းက သူ့အတွက် ဆယ်ရက်ကြာ စုပ်ယူနိုင်လောက်တဲ့ ပမာဏဖြစ်တယ်။ ရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်နဲ့ ပတ်သက်ရင်တော့ သူ့ကြီးထွားမှုအဆင့် သက်ရောက်မှုရှိတဲ့ အခိုက်အတန့်မျိုး မှာ ပေးတာ အကောင်းဆုံးပဲ။ အဲဒီအခါကျရင် သူက အဆင့်ပိုမြင့်သွားနိုင်ပြီး အစွမ်းထက် တဲ့ နတ်ဘုရားသူတော်စင်နဂါးရဲ့ စွမ်းအားတွေကိုပါ နိုးထလာစေနိုင်လိမ့်မယ်" နန်လင်းရှာ က ရှင်းပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ် သခင်မလေး လင်းရှာ" ကျူးမင်လန်က ပြောလိုက်သည်။
ဘေးနားမှ အကြီးအကဲ အစောင့်အရှောက်သည် ဝါးဆစ်ဘူးများကို ကိုင်ထားသော ကျူးမင်လန်ကို ကြည့်ရင်း တံတွေးကို အားပါးတရ မြိုချလိုက်မိပြီး သူ၏ လည်ချောင်းမှာ လည်း အပေါ်အောက် လှုပ်ရှားသွားတော့သည်။
အကြီးအကဲ အစောင့်အရှောက် အဆင့်ရှိသူတစ်ဦးတောင်မှ နှစ်ပေါင်းများစွာ ကြိုးပမ်း အားထုတ်ပေးမှသာလျှင် တစ်ဘူးရရှိရန် အခွင့်အရေးရှိသည်။
ဤဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်မှာ နန်မိသားစု၏ လူငယ်များအတွက် အဖိုးတန်သည့် မိသားစုအမွေအနှစ် တစ်ခုဖြစ်ပြီး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရယူကြရ သည့်အရာ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့သားဖြစ်သူ နန်ကျောက်ဘင်းက ယခုကဲ့သို့ ပြင်းထန်စွာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုမူကား နန်လင်းရှာသည် ကျူးမင်လန်နှင့် သူ၏နဂါးများအတွက် ရေဘူးကဲ့သို့ပင် အလွယ်တကူ ပေးအပ်နေချေပြီ။
အခြားမြို့တော်များအနေဖြင့် နန်မိသားစုထံမှ ဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်တစ်ဘူးရရှိရန်အတွက်ပင် စည်းစိမ်ဥစ္စာ အမြောက်အမြား အကုန်အကျခံကြရ သည်။ သို့သော် နန်လင်းရှာမှာမူ နန်မိသားစု၏ နှစ်ပေါင်းများစွာ စုဆောင်းထားသမျှ သိုလှောင်မှုကို ကျူးမင်လန်ထံ လက်ဆောင်အဖြစ် အထုပ်လိုက်ကြီး ပေးအပ်နေပေသည်။
ဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်ဆိုသည်မှာ အလွယ်တကူရနိုင်သည့် ဟင်းသီး ဟင်းရွက်တစ်မျိုး မဟုတ်သလို၊ အခြေခံအုတ်မြစ်ပမာ တန်ဖိုးရှိသည့် ရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်အကြောင်းကို ပြောရန်ပင် လိုမည်မဟုတ်ပေ။
အကြီးအကဲ အစောင့်အရှောက်၏ မျက်ရည်များမှာ ပါးပြင်ပေါ်သို့ လိမ့်ကျလုနီးပါး ဖြစ်နေ ပြီဖြစ်သော်လည်း သူသည် ဤကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြောဆိုခွင့် မရှိခဲ့ ချေ။
ကျူးမင်လန်သည်လည်း အားနာနေခြင်း မရှိတော့ဘဲ နန်လင်းရှာ၏ ရက်ရောလှသော လက်ဆောင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ သူတို့နှစ်ဦးမှာ အနာဂတ်တွင် မိသားစုဝင်များ ဖြစ်လာကြတော့မည် မဟုတ်ပါလော။
"သခင်ကျူး၊ ကျွန်တော်တို့ရဲ့ သန့်ရှင်းသော နှင်းရည်က ဝိညာဉ်ပုလဲတွေ၊ ဝိညာဉ်သစ်သီး တွေနဲ့ တခြားသော အားဖြည့် ဝိညာဉ်ပစ္စည်းတွေရဲ့ အစာခြေဖြစ်စဉ်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။ ဒါကြောင့် ငွေရောင်ထင်းရှူး သန့်ရှင်းသော နှင်းရည်ကို တိုက်ကျွေးတဲ့ အခါမှာ တခြားအားဖြည့် ဝိညာဉ်ပစ္စည်းတွေကိုလည်း ပုံမှန်အတိုင်း ဆက်လက်အသုံးပြုပြီး ပံ့ပိုးပေးနိုင်ပါတယ်" အကြီးအကဲ အစောင့်အရှောက်က ယခုတစ်ကြိမ်တွင်မူ ကျူးမင်လန် အား သတိပေးစကား ဆိုလိုက်သည်။
ဤအခြေအနေကို သူ မတားဆီးနိုင်တော့မှန်း သိလိုက်ရသည့်အခါ အကြီးအကဲ အစောင့် အရှောက်က ကျူးမင်လန်အပေါ် အနည်းငယ်မျှ မေတ္တာစေတနာကို ပြသထားခြင်းက ပို၍ ကောင်းမွန်လိမ့်မည်ဟု တွေးလိုက်သည်။ အထူးသဖြင့် သူ၏သားဖြစ်သူ နန်ကျောက်ဘင်း သည် နန်မိသားစု၏ အနာဂတ်တွင် အရေးပါသော သားမက်တစ်ယောက် ဖြစ်လာဖွယ်ရှိ သည့် ဤလူငယ်အား ယခင်က ပုတ်ခတ်စော်ကားမိထားခြင်းကြောင့်ပင် ဖြစ်သည်။
"တကယ်ကို ထူးခြားဆန်းပြားတဲ့ အစစ်မှန် ရတနာပါပဲ" ကျူးမင်လန်က မျက်လုံးများ တောက်ပလျက် အော်ဟစ်လိုက်မိသည်။
၎င်းသည် အခြားသော အားဖြည့်ဝိညာဉ်ပစ္စည်းများ၏ အစာခြေချိန်ကို မထိခိုက်စေရုံသာ မကဘဲ အကျိုးသက်ရောက်မှုမှာလည်း လွန်စွာကြီးမားလှပေသည်။
ခေါ်ဆိုနေကြသည့် အားဖြည့်ခြင်း ဝိညာဉ်ပစ္စည်းဆိုသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို မိမိ၏နဂါးထံသို့ စုပ်ယူပေးရန်အတွက် အမျိုးမျိုးသော ကောင်းကင် အနှစ်သာရပစ္စည်းများနှင့် မြေကြီး၏ပစ္စည်းများကို အသုံးပြုခြင်း ဖြစ်သည်။ ဤသို့ ပြုလုပ် ခြင်းဖြင့် နဂါး၏စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်ပြီး၊ ကြီးထွားမှုအဆင့်များကို လည်း ပိုမိုမြန်ဆန်စွာ ကျော်ဖြတ်နိုင်စေသည်။
သို့သော်လည်း ထိုသို့ အားဖြည့်ပေးနိုင်သော ဝိညာဉ်ပစ္စည်းအားလုံးတွင် အစာခြေဖျက်ရန် အတွက် လိုအပ်သည့် အချိန်ကာလတစ်ခုစီ ရှိကြစမြဲပင်။
ဥပမာအားဖြင့် နှစ်တစ်ထောင် နှစ်သက်တမ်းရှိ ဝိညာဉ်ပုလဲ တစ်လုံးကို စားသုံးပြီးပါက ယေဘုယျအားဖြင့် ခုနစ်ရက်မှ တစ်လအထိ အစာခြေဖျက်ရန် အချိန်ယူရလေ့ရှိသည်။
ဤအစာခြေနေစဉ် ကာလအတွင်းမှာ နဂါးတစ်ကောင်အနေဖြင့် ဝိညာဉ်ပုလဲများ သို့မဟုတ် အခြားသော အားဖြည့်ဝိညာဉ်ပစ္စည်းများကို ထပ်မံစားသုံးမိပါက၊ ထိုနောက်ထပ် စားသုံးလိုက်သည့် ပစ္စည်းများ၏ အာနိသင်မှာ မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိတော့ မည် မဟုတ်ပေ။
အကယ်၍ သန့်ရှင်းသော နှင်းရည်သည် အခြားဝိညာဉ်ပစ္စည်းများ၏ အစာခြေဖြစ်စဉ်ကို အနှောင့်အယှက် မဖြစ်စေဘူးဆိုပါက၊ ၎င်းသည် နဂါး၏ ဆင့်ကဲပြောင်းလဲမှုအတွက် စွမ်းအင်စီးဆင်းရာ မြစ်ကြီးတစ်စင်းကို ထပ်မံရရှိသွားခြင်းနှင့် တူညီပေသည်။
ဒါက နန်မိသားစုရဲ့ အဖိုးတန်ရတနာ ဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ အစာခြေတဲ့ ကာလကို မထိခိုက်စေတဲ့ ဒီလိုမျိုး ဝိညာဉ်ပစ္စည်းတွေကို ရှန်ကုန်းတရားစီရင်ရေး တိုက်ကြီးပေါ်က အစွမ်းထက်တဲ့ ဂိုဏ်းပေါင်းစုံတောင် ရှာဖွေဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။
"သခင်ကျုးရဲ့ တခြားနဂါးတွေလည်း တစ်ကြိမ်စီ စုပ်ယူနိုင်ပါတယ်၊ ဒါပေမဲ့ နောက်ထပ် ပိုပေးဖို့တော့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ နတ်ဘုရား သူတော်စင်နဂါးစိမ်းရဲ့ သွေးမျိုးဆက်မျိုးမှပဲ အကြိမ်ကြိမ် စုပ်ယူနိုင်တာ" အကြီးအကဲ အစောင့်အရှောက်က ထပ်လောင်း ပြောကြားလိုက်သည်။
တကယ်တမ်းတွင် နယ်မြေတစ်ခုကို စိုးမိုးထားနိုင်ရန်မှာ အားကိုးစရာ တစ်ခုခု ရှိထားရန် လိုအပ်ပေသည်။
ငွေရောင်ထင်းရှူး သူတော်စင် တောအုပ်အတွင်း၌ အခြေချနေထိုင်ကြသော တောအုပ် နဂါးစိမ်းအချို့သည် ငွေရောင်ထင်းရှူး သန့်ရှင်းသောနှင်းရည်၏ ထူးခြားသော စွမ်းရည် များကြောင့်ပင် နန်မိသားစုနှင့် အပြန်အလှန် အကျိုးပြုသည့် ဆက်ဆံရေးကို တည်ဆောက်ထားကြခြင်း ဖြစ်ဟန်တူသည်။
ယခုရရှိလိုက်သော သန့်ရှင်းသော နှင်းရည်များကြောင့် ဝါးစိမ်းလေး၏ နဂါးသခင်အဆင့် စွမ်းအားမှာလည်း လုံခြုံစိတ်ချရပြီ ဖြစ်သည်။ (အနာဂတ်အလားလာကို ဆိုလိုဟန်တူပါ သည်။)
နန်လင်းရှာသည် စွမ်းအားပိုင်းတွင် အားနည်းသွားမည်ကို စိုးရိမ်နေဆဲဖြစ်သဖြင့် နန် မိသားစု၏ အရင်းအမြစ်များကို အသုံးပြု၍ နဂါးသခင်အဆင့်ရှိ နတ်ဘုရား သူတော်စင် နဂါးတစ်ကောင် ပေါ်ထွက်လာစေရန် ဦးစွာ အာမခံချက်ပေးလိုက်ခြင်း ဖြစ်ဟန်တူသည်။
ဆယ်နှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်နှင့် ရာနှစ်သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်တို့ကို အကုန်အစင် စုပ်ယူပြီးနောက်၊ အခြားသော ကဏ္ဍလေးခုကိုလည်း သူ ကိုယ်တိုင် ကြိုးပမ်းအားထုတ်လိုက်မည်ဆိုပါက ဝါးစိမ်းလေး၏ အခြေခံအဆင့်မှသည် အဆင့်မြင့် နဂါးသခင်အဆင့် နဂါးတစ်ကောင် ဖြစ်လာပေတော့မည်။
၎င်းသည် အထွက်အထိပ် နဂါးသခင်အဆင့်သို့ပင် ရောက်ရှိသွားနိုင်သည့် အခွင့်အရေး ရှိနေသေးသည်။
နဂါးမွေးမြူခြင်းဆိုသည်မှာ သူထင်ထားသလောက် မခက်ခဲလှပါချေတကား...။
ဆောင်းဦးပေါက်လာသည့်အခါ သူသည် နောက်ထပ် နဂါးသခင်အဆင့်ရှိသည့် နဂါးအဖော် တစ်ကောင်ကို ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။
ကျူးမင်လန် ယခုအချိန်တွင် တွေးတောနေသည့် အရာများကိုသာ အကြီးအကဲ အစောင့် အရှောက် သိရှိသွားပါက သူသည် ဒေါသကြောင့် အသက်ပင် ပျက်လုမတတ် ဖြစ်သွားပေ လိမ့်မည်။
ဤမျှနည်းပါးသော သန့်ရှင်းသော နှင်းရည်ပမာဏကို ရရှိရန်အတွက် နန်မိသားစုတစ်ခုလုံး မည်မျှကြာအောင်ပင် ကြိုးပမ်းခဲ့ရသနည်း။ ဘူးတစ်ချင်းစီတိုင်းမှာ တန်ဖိုးမဖြတ်နိုင်သော ဥစ္စာဓနများ ဖြစ်သည်။ ၎င်းတို့ကို ဝက်တစ်ကောင်အား တိုက်ကျွေးလိုက်ပါကပင် မြေနဂါး တစ်ကောင် ဖြစ်သွားနိုင်သည်အထိ စွမ်းအားရှိ၏။
ထိုသို့မဟုတ်ပါက အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အကြီးအကဲနန်သည် ရာစုနှစ် သက်တမ်းရှိ သန့်ရှင်းသော နှင်းရည်ကို ခွဲဝေပေးရန် ငြင်းဆန်ပြီး လီယွန်ဇီအား ဆန့်ကျင် သည့် အစီအစဉ်တွင် အဘယ်ကြောင့် ကိုယ်တိုင် ပါဝင်ပတ်သက်နေပါမည်နည်း။