← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း (၁၁၅) အပြစ်သားမြို့တော်။

“ဂိုဏ်းကြီးတွေနဲ့ မျိုးနွယ်စုတွေရဲ့ အတက်အကျဆိုတာ တစ်ခါတစ်ရံမှာ နှစ်အနည်းငယ် အတွင်းမှာတင် ဖြစ်ပျက် သွားတတ်ကြတယ်။”

“ကျွန်တော် မိသားစုကို စွန့်ခွာခဲ့တဲ့ အချိန်တုန်းက ကျူးမိသားစုဟာ ရှန်ကုန်း ဧကရာဇ် မြို့တော်ရဲ့ မျိုးနွယ်စုကြီဂ ခြောက်ခုထဲမှာ အဆင့်အနိမ့်ဆုံးပဲ ရှိသေးတယ်။ အဓိကအချက် ကတော့ ကျွန်တော်တို့ မျိုးနွယ်ဝင်အများစုဟာ လက်နက်သွန်းလုပ်သူတွေ ဖြစ်ကြပြီး တခြားဂိုဏ်းကြီးတွေ၊ မျိုးနွယ်စုတွေနဲ့ ယှဉ်ရင် နတ်ဘုရားနွယ်ဝင် လူသားတွေနဲ့ နဂါးထိန်း တွေက အရေအတွက် အများကြီး နည်းပါးနေလို့ပဲ။”

“ပြီးတော့ ကျွန်တော်က အဆွယ်ပွား မျိုးနွယ်ခွဲက မဟုတ်ပေမယ့် ငယ်စဉ်ကတည်းက ပြဿနာတွေ အတော်လေး ရှာခဲ့တဲ့အတွက် မိသားစုရေးရာ ကိစ္စတွေမှာ စကားပြောပိုင်ခွင့် သိပ်မရှိခဲ့ဘူး” ကျူးမင်လန်က စတင် ရှင်းပြသည်။

အတိတ်ကာလက ကျူးမင်လန်မှာ နန်မိသားစုထဲက နန်လင်းရှားနှင့် အလားတူပင် ဖြစ်သည်။ မည်သူမျှ သူ့ကိုရန်စရန် မရဲဝံ့သလို၊ မည်သူမှလည်း သူ့ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ချေ။

အခုတော့လည်း ကျူးမင်လန် တစ်ယောက် သူ့ကျွမ်းကျင်မှုတွေကိုပဲ ဆက်လက် အသုံးချ ပြီး ဘယ်သူမှ သတိမထားမိတဲ့ သူတစ်ယောက်အနေနဲ့ပဲ နေလိုက်တာက ပိုကောင်းမယ်လို့ ခံစားလိုက်ရ၏။

သေချာသည်မှာ ဘိုးဘေးနဂါးမြို့တော်တွင် အားကောင်းသည့် အဓိကအင်အားစုတစ်ခု ဖြစ်လာခြင်းကဲ့သို့ ကိစ္စမျိုးကို သူ အလွယ်တကူပင် ဖြေရှင်းနိုင်ပေသည်။ သူ၏ မျိုးနွယ်စုမှ အကြီးအကဲအချို့အား စကားပြောဆိုလိုက်ရုံနှင့်ပင် သူတို့သည် ဘုရားကျောင်းသို့သွား၍ သူအတွက် အမွှေးတိုင်များ ထွန်းညှိပေးကြလိမ့်မည် ဖြစ်သည်။

“ဒါနဲ့ စကားမစပ်၊ အကယ်ဒမီကြီးနှစ်ခုရဲ့ ပင်မကျောင်းခွဲတွေက ရှန်ကုန်းဧကရာဇ် မြို့တော်မှာ မဟုတ်ဘဲ မတူညီတဲ့ နိုင်ငံမြို့တော်နှစ်ခုမှာ တည်ရှိနေတာကို ကျွန်တော် မှတ်မိနေတယ်...” ကျူးမင်လန်က ထိုအချက်ကို ပြန်လည် အောက်မေ့မိသည်။

ဧကရာဇ်မြို့တော်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည့်အတွက် မြို့တော်ထဲမှာ အကယ်ဒမီ နှစ်ခု ရှိနေသည်ကို သူသိသော်လည်း ထိုအကယ်ဒမီတွေက နတ်ဘုရားနွယ်ဝင်လူသား အကယ်ဒမီနှင့် နဂါးထိန်းအကယ်ဒမီတို့၏ အမြင့်ဆုံးဌာနချုပ်တွေတော့ မဟုတ်ကြပေ။

"ဒါဆိုရင် ဒီဆယ်စုနှစ်တွေအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်သွားခဲ့တာလား" တွန်ချန်ချင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"လမ်းခရီးမှာ ဖြတ်သန်းသွားမယ့် မြို့တော် ဒါမှမဟုတ် နိုင်ငံမြို့တော်တွေမှာ စုံစမ်းကြည့် ရင် သိရမှာပါ" ကျူးမင်လန်က ပြန်ဖြေသည်။

လွင်ပြင်ရေကန်မြို့တော်တွင် ခဏတာ အနားယူပြီးနောက် မြေပုံတစ်ခုနှင့် နဂါးသားရဲများ အတွက် လိုအပ်သော ရေတို့ကို ပြင်ဆင်ဖြည့်တင်းကာ သူတို့အဖွဲ့သည် အနောက်ဘက်သို့ ခရီးဆက်ခဲ့ကြပြန်သည်။

ခရီးလမ်းမှာ ရှည်လျားလှပြီး နေရာတိုင်းကို လေကြောင်းခရီးဖြင့် တိုက်ရိုက် ဖြတ်သန်း သွား၍ မရနိုင်ပေ။

အချို့သော နက်ရှိုင်းသည့် တောအုပ်ကြီးများနှင့် တောင်တန်းကြီးများသည် အစွမ်းထက် သော နတ်ဆိုးဝိညာဉ်များ၏ နယ်မြေများ ဖြစ်နိုင်သည်။ ၎င်းတို့၏ နယ်မြေကို ကျော်ဖြတ် ပျံသန်းလာသည့် မည်သည့်သတ္တဝါမဆို ကျူးကျော်သူအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ ထိုကဲ့သို့သော နေရာမျိုးကို ရှောင်ရှားရမည် ဖြစ်ပြီး၊ မဟုတ်ပါက နတ်ဆိုးအုပ်ကြီး၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

အလုံခြုံဆုံးနည်းလမ်းမှာ မြို့တော်များအကြားရှိ လမ်းကြောင်းအတိုင်း လိုက်ပါခြင်းပင် ဖြစ်သည်။ ဤလမ်းကြောင်းများမှာ ရှေးခေတ်လူများစွာတို့၏ အသက်စွန့် ကြိုးပမ်းရှာ ဖွေမှုဖြင့် ရရှိလာသော အလုံခြုံဆုံး လမ်းကြောင်းများ ဖြစ်သည်။ ဤလမ်းကြောင်း တစ်လျှောက်တွင် သာမန်လူများပင် သားရဲရိုင်းများ၏ တိုက်ခိုက်ခြင်းကို တွေ့ကြုံရခဲပြီး၊ ၎င်းတို့သည် နတ်ဆိုးများ၏ အသိုက်အမြုံ သို့မဟုတ် နယ်မြေများ ဖြစ်ရန်မှာလည်း အလွန် ပင် မဖြစ်နိုင်ပေ။

နဂါးအရှင်အဆင့်ပင် ဖြစ်လင့်ကစား လီချွမ်တိုက်ကြီးမှဦပင် မိမိသဘောအတိုင်း လွယ်လွယ်ကူကူ ဖြတ်ကျော်၍ မရနိုင်သော နေရာများ ရှိနေသေးရာ၊ ရှန်ကုန်းတရား စီရင်ရေးတိုက်ကြီးကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။

တောင်တန်းတွေကို ဖြတ်ကျော်ပြီး ရေပြင်တွေကို ဖြတ်သန်းကာ အနောက်ဘက်သို့ ဦးတည်သွားကြရင်း ရွီးနိုင်ငံ၏ မြို့တော်သို့ ရောက်ရှိသောအခါ ကျောင်းအုပ် တွန်ချန်ချင်း ၏ နဂါးထိန်းအဖွဲ့မှာ ကျူးမင်လန်နှင့် လမ်းခွဲရတော့မည် ဖြစ်သည်။

နဂါးထိန်းအကယ်ဒမီ၏ အမြင့်ဆုံး အကယ်ဒမီသည် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး၏ အရှေ့ဘက် အစွန်းဆုံးသို့ ပြောင်းရွှေ့သွားခဲ့ပြီး ပျော်ရွှင်ခြင်းနိုင်ငံအတွင်းရှိ နိုင်ငံတော် အကယ်ဒမီအဖြစ် တည်ရှိနေခဲ့သည်။

လီချွမ်းနဂါးထိန်းအကယ်ဒမီအနေဖြင့် ဤနိုင်ငံတော် နဂါးထိန်း အကယ်ဒမီ၏ အသိအမှတ် ပြုမှုကို တတ်နိုင်သမျှ အမြန်ဆုံး ရယူရပေမည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဗိမာန်ဂိုဏ်းကဲ့သို့ ပုံမှန်မဟုတ်သည့် အင်အားစုတစ်ခုဟု သတ်မှတ်ခံရပြီး တရား စီရင်သူ များ၏ ဖျက်ဆီးခြင်းကို တိုက်ရိုက် ခံရပေလိမ့်မည်။

စိတ်မပါ့တပါဖြင့် နှုတ်ဆက်လိုက်ရင်း ကျူးမင်လန်သည် ကျောင်းအုပ် တွန်ချန်ချင်း၏ ရွက်လွှင့်နဂါးနှင့် ခွဲခွာရမည်ကို အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။ ထိုနဂါး၏ တောင်ပံများမှာ ရွက်တိုင်များကဲ့သို့ ကျယ်ပြန့်သောကြောင့် လေကြောင်းခရီးအတွက် အကောင်းဆုံး စီးနင်းနိုင်သော သတ္တဝါပင် ဖြစ်သည်။

ပျံသန်းရာတွင် လျင်မြန်ပြီး တည်ငြိမ်မှုရှိကာ ကမ္ဘာမြေမှ တက်လာသော လေပူစီးကြောင်း များကို အသုံးချခြင်းဖြင့် မောပန်းခြင်းမရှိဘဲ လေထဲတွင် လျှောတိုက် ပျံသန်းနိုင်သည်။ ရေလုံလောက်စွာ ရရှိထားသရွေ့ တစ်ရက်တစ်ညလုံး မိုးကောင်းကင်ထက်တွင် ခရီးနှင်နိုင် ပေသည်...

ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားသူတော်စင်နဂါးစိမ်းမှာ ယခုအခါ ကြီးထွားလာပြီ ဖြစ်သဖြင့် ကျူးမင်လန်၊ နန်လင်းရှားနှင့် ဖန်နန်နန်တို့ကို အခက်အခဲမရှိ သယ်ဆောင်သွား နိုင်ပေသည်။ သို့မဟုတ်ပါက သူတို့သည် မြို့တော်များကြားရှိ လမ်းများအတိုင်း ဖြည်းညှင်း စွာ လျှောက်လှမ်းသွားရမည် ဖြစ်ပြီး ရှန်ကုန်းဧကရာဇ်မြို့တော်သို့ ရောက်ရှိရန် နှစ်ပေါင်း မည်မျှ ကြာဦးမည်ကို မည်သူမျှ မသိနိုင်ပေ။

"ဒီလမ်းကြောင်းကတော့ ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ဒီလမ်းကြောင်းကနေ ငါ စွန့်စားပြီး သွား ကြည့်ချင်တယ်။ အဲ့ဒီလမ်းကနေဆိုရင် နောက်ထပ် နိုင်ငံတစ်ခုဆီကို အများကြီး ပိုမြန်မြန် ရောက်နိုင်လိမ့်မယ်။"

"ဒါပေမဲ့ အခက်အခဲကတော့ ဒီလမ်းကြောင်းအတိုင်း သွားမယ်ဆိုရင် အပြစ်သား မြို့တော် ကို ဖြတ်သန်းသွားရလိမ့်မယ်။"

ကျူးမင်လန်က စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး လမ်းကြောင်းကို ပြန်လည်ရေးဆွဲရန် ပြင်ဆင်လေသည်။

နန်လင်းရှားက သူမ၏အကြည့်ကို ပင့်ပြီး ကျူးမင်လန်ကို တစ်ချက်ကြည့်လိုက်သည်။

သူမ ဘာမျှ ပြန်မပြောခဲ့သော်လည်း သူမ၏သဘောထားမှာမူ ရှင်းလင်းနေပြီး ဖြစ်သည်။

သူ့ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်စေရမည်၊ သူမအား ထပ်မံတိုင်ပင်နေရန် မလိုပေ။

ယခင်ကဆိုလျှင် ကျူးမင်လန်သည် ဤလမ်းကြောင်းကို ရွေးချယ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ မျက်စိရှင်ရှင် မကြည့်နှင့်၊ မည်သည့် အပြစ်သားမြို့တော်ကိုမဆို သူသည် ဤမြေပြင်မှ ပျောက်ကွယ်သွားသည်အထိ အပြင်းအထန် ဖျက်ဆီးပစ်လိုက်မည်သာ ဖြစ်သည်။

သို့သော် ယခုမူ သူသည် ကျင့်ကြံခြင်းအဆင့်ကို ဆက်လက်မြှင့်တင်နေဆဲ ဖြစ်ပြီး မိန်းကလေးနှစ်ဦးကိုပါ ဘေးတွင် ခေါ်ဆောင်ထားရသဖြင့် အပြစ်သားမြို့တော် ဆိုသည်မှာ မိစ္ဆာဂိုဏ်းသားများနှင့် လမ်းမှားသူများ၊ တိုင်းတစ်ပါးသို့ နှင်ထုတ်ခံရသူများ၊ ပြစ်မှုကျူးလွန် သူများ၊ ပုန်ကန်သည့် တပ်ဖွဲ့များနှင့် အမှောင်အင်အားစုများ စုဝေးရာနေရာ ဖြစ်သည့် အတွက် အလျင်စလို မပြုမူသင့်သော နေရာဖြစ်ပေသည်။

အပြစ်သားမြို့တော်တွင် တရားဥပဒေဟူ၍ မရှိ၊ စည်းကမ်းဟူ၍ မရှိပေ။ လူတိုင်းသည် မိမိ၏ အရည်အချင်းအတိုင်းသာ အသက်ရှင်သန်ကြရသည်။

နောက်ဆုံးတွင် ကျူးမင်လန်သည် အပြစ်သားမြို့တော်ကို ဖြတ်သန်းသွားရန် ဆုံးဖြတ် လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျူးမျိုးနွယ်စု၏ လက်အောက်ခံ အစောင့် အရှောက်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနိုင်လေ၊ ဘိုးဘေးနဂါး မြို့တော်ရှိ လူများ ဆင်းရဲဒုက္ခ ခံစားရမှု နည်းပါးလေ ဖြစ်သောကြောင့်ပင်။

အပြစ်သားမြို့တော်၏ တရားစီရင်ပိုင်ခွင့် နယ်မြေသည် လူသူမနီးသော မိုင်တစ်ရာခရီး အထိ ကျယ်ပြန့်သည်။ သူတို့ ခြေချလိုက်သည်နှင့် ကျူးမင်လန်နှင့် သူ၏ အဖော်နှစ်ဦးသည် ပင်မလမ်းမကြီးပေါ်တွင် ပုဂ္ဂလိက တပ်ဖွဲ့နှစ်ခု တိုက်ခိုက်နေကြသည်ကို ချက်ချင်းပင် မြင်လိုက်ရသည်။ ၎င်းတို့မှာ တစ်ဖက်နှင့်တစ်ဖက်၏ အရည်အသွေးမြင့် ပစ္စည်းများကို လုယူရန် ကြိုးပမ်းနေကြပုံရသည်...

သူတို့သည် တိုက်ပွဲနယ်မြေကို ရှောင်ကွင်းရင်း အပြစ်သားမြို့တော် အတွင်းသို့ ရောက်ရှိ လာသည်။ ဤနေရာကား လူကောင်း၊ လူဆိုး ရောယှက်နေပြီး လူယုတ်မာတို့ များပြားလှ ၏။ ဤသို့သော နေရာမျိုးတွင် အသက်ရှင်သန်နိုင်ရန် အထိရောက်ဆုံး နည်းလမ်းမှာ မိမိ၏ စွမ်းအားကို ထုတ်ပြခြင်းဖြင့် မကောင်းသော အကြံအစည်ရှိသူများကို သူက အလွယ်တကူ အနိုင်ကျင့်၍ ရမည့်လူ မဟုတ်ကြောင်း သတိပေးထားလိုက်ခြင်းပင် ဖြစ်သည်။

အပြစ်သားမြို့တော် အတွင်းသို့ ဝင်လိုက်သည်နှင့် လမ်းမများပေါ်တွင် ခိုးရာပါပစ္စည်းများ ကို ရောင်းဝယ်ဖောက်ကားသူများဖြင့် ပြည့်နှက်နေ၏။ သူတို့သည် တရားမဝင် ပစ္စည်းများ ကို လဲလှယ်ရန် သို့မဟုတ် ရောင်းချရန် ခင်းကျင်းထားကြသည်။ "ကျူးမင်လန်၊ ဒီမှာ ပစ္စည်းကောင်းတွေ အများကြီးပဲ၊ ဈေးနှုန်းတွေကလည်း တကယ်ကို သက်သာတာပဲ" ဖန်နန်နန်က ဆိုလိုက်သည်။ သူမ၏ လခြမ်းပုံမျက်လုံးလေးများမှာ အရောင်တောက်သွား ပြီး အပြစ်သားမြို့တော်၏ ကြောက်မက်ဖွယ်ကောင်းပုံများကို လုံးဝ ဂရုစိုက်ပုံ မပေါ်ပေ။

"ကျွန်မအတွက် ဆေးရောင်ခြယ်ဖို့ နဂါးသွေး နည်းနည်း လိုအပ်တယ်" နန်လင်းရှာက ပြောသည်။

မြို့ထဲသို့ ခြေချလိုက်သည်နှင့် နဂါးသွေး၊ နဂါးအရိုးနှင့် နဂါးအရေခွံများ ရောင်းချနေသူ များစွာကို တွေ့လိုက်ရ၏။

"ကောင်းပြီ၊ ဒါဆိုလဲ ဒီပတ်ဝန်းကျင်ကို လျှောက်ကြည့်ရအောင်။ ကျွန်တော့်လက်ထဲက ဝိညာဉ်ပုလဲတွေကိုလည်း ဒီအခွင့်အရေးရှာပြီး ရှင်းထုတ်ပစ်လိုက်တော့မယ်..." ကျူးမင်လန်က ပြောသည်။

အပြစ်သားမြို့တော်တွင် ရောင်းချနေသည့် ပစ္စည်းများမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှ သည်။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်းအများစုမှာ ခိုးယူလာသော ပစ္စည်းများဖြစ်ကြပြီး ၎င်းတို့၏ အရည်အသွေးနှင့် ယှဉ်လျှင် ဈေးနှုန်းမှာ အလွန်ပင် သက်သာလွန်းသောကြောင့် ဖြစ်သည်။

ငွေနှင်းသူတော်စင်ရည်သည် စွမ်းအားမြှင့် ဝိညာဉ်ပစ္စည်းများဖြင့် ပေါင်းစပ်အသုံးပြုနိုင် သဖြင့် နတ်ဘုရားသူတော်စင်နဂါးစိမ်းအတွက် စုပ်ယူရန် သင့်လျော်သော ဝိညာဉ်ပုလဲ သို့မဟုတ် ဝိညာဉ်စွမ်းအင်ပစ္စည်းများကို ရှာဖွေနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ကျူးမင်လန်သည် ဗိဗာန်ဂိုဏ်း၏ သူရဲကောင်းလေးဦးထံမှ ရရှိထားသည့် နဂါးသားရဲ ဝိညာဉ်ပုလဲများကို ယခုတိုင် ရောင်းချခြင်း မရှိသေးပေ။ အဓိကအကြောင်းရင်းမှာ ဘိုးဘေး နဂါးမြို့တော်တွင် နဂါးထိန်း အရေအတွက် နည်းပါးလှပြီး ပစ္စည်းများ၏ ထူးခြားသော အရည်အသွေးများကို ဝယ်ယူသုံးစွဲနိုင်မည့်လူ ရှားပါးနေသောကြောင့် ဖြစ်သည်။

"ရွီနိုင်ငံရဲ့ အရှေ့ဘက် အက်ကြောင်းထဲက စုဆောင်းထားတဲ့ ကြယ်အပိုင်းအစ သလင်း ကျောက်တွေပါလား။ ကျူးမင်လန်၊ ကျူးမင်လန်၊ အဲ့ဒါတွေကို မြင်လိုက်လား။ အဖြူလေး အတွက် ရိက္ခာတွေပဲ" ဖန်နန်နန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ကျူးမင်လန် လှည့်ကြည့်လိုက်သောအခါ ကြယ်အပိုင်းအစ သလင်းကျောက်များ ရောင်းချ နေသူများကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ ဖန်နန်နန်သည် သူ၏ အစာအာဟာရ စီမံခန့်ခွဲသူလေး ဖြစ်သည်နှင့်အညီ အပြစ်သားမြို့တော်ကဲ့သို့ နေရာမျိုးမှာပင် အဖြူလေး အတွက် လိုအပ်သည့် ရိက္ခာများကို ရှာဖွေနိုင်ခဲ့လေသည်။

သူသည် ဈေးနှုန်းကို မေးမြန်းရန် ချဉ်းကပ်သွားလိုက်သည်။

ထိုဈေးနှုန်းမှာ အဆမတန် မြင့်မားလွန်းလှသည်ဟု ဆိုရုံမျှနှင့် မလုံလောက်ပေ။ ၎င်းမှာ လူတစ်ယောက်၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေညှစ်နေသကဲ့သို့ပင် ဖြစ်နေသည်။ အဖြူလေးအတွက် မလောက်မငှ လအနည်းငယ်စာမျှရှိသော အရည်အသွေးမြင့် ရိက္ခာ အနည်းငယ်ကို ဝယ်ယူရန်ပင် ကျူးမင်လန် စုဆောင်းထားသမျှ ဝိညာဉ်ပုလဲ အားလုံး ကုန်ခမ်းသွားနိုင်လောက်သည်။

"ငါတို့ ဈေးလျှော့ပေးနိုင်ပါတယ်။ ငါတို့ညီအစ်ကိုတွေနဲ့ အဖော်ပြုပေးဖို့ မင်းရဲ့ညီမကို ညအနည်းငယ်လောက်ပဲ စေလွှတ်ပေးပါ။ ဟုတ်တယ်မလား၊ သူမရဲ့ ခန္ဓာကိုယ် အချိုးအစားက သိပ်လှတာပဲ။ ဒီလို အချိုးအစားလှတဲ့ မိန်းကလေးမျိုး မတွေ့ရတာ ကြာပြီ၊ တကယ့်ကို အလှပဂေးလေးတစ်ယောက် ဖြစ်မှာသေချာတယ်၊ ဘာလို့များ မျက်နှာကို ဖုံးထားရတာလဲ" ကြယ်အပိုင်းအစ သလင်းကျောက်များ ရောင်းနေသည့် ထိပ်ပြောင် ညီအစ်ကို နှစ်ယောက်က ပြောလိုက်သည်။

"ငါကတော့ သူမရဲ့ခြေတံလေးတွေကို သဘောကျတယ်၊ ကြည့်လိုက်တာနဲ့တင် ငါ့မှာ အားအင်တွေ ပြည့်လာသလိုပဲ" ထိပ်ပြောင်ညီအစ်ကိုထဲမှ အငယ်ကောင်က ထပ်ဖြည့်စွက် ပြောဆိုသည်။

ဈေးနှုန်းညှိနှိုင်းရန် ဦးစွာသွားရောက်ခဲ့သော ဖန်နန်နန်မှာ ထိုညစ်ညမ်းသော စကားများကို ကြားလိုက်ရသဖြင့် ဒေါသကြောင့် မျက်နှာများပင် နီရဲလာသည်။

သူမ လှည့်ထွက်သွားရန် ပြင်ဆင်နေစဉ်မှာပင် မည်သည့်နေရာမှန်း မှင်နံ့သင်းသင်းလေး ပျံ့လွင့်လာခဲ့သည်။ ဖန်နန်နန် မော့ကြည့်လိုက်သောအခါ မှင်ရည်ကြောင်း နှစ်ကြောင်းမှာ ဖြည်းညှင်းစွာ အောက်သို့ စီးဆင်းလာပြီး ထိုပါးစပ်ညစ်ညမ်းသော ညီအစ်ကိုနှစ်ယောက်၏ လည်ပင်းနောက်ဘက်သို့ ရစ်ပတ်သွားသည်ကို တွေ့လိုက်ရသည်။

ရုတ်တရက်ဆိုသလိုပင် ထိုမှင်ရည်များမှာ ကြိုးကွင်းများအဖြစ် ပြောင်းလဲသွားကာ ရယ်မောနေကြသော ညီအစ်ကိုနှစ်ယောက်၏ လည်ပင်းကို လျင်မြန်စွာ ရစ်ပတ်လိုက်ပြီး အသက်ရှင်လျက်ပင် ကောင်းကင်သို့ မြှောက်ချီလိုက်လေသည်။

မှင်ကြိုးကွင်းများမှာ ဆွဲညစ်နေပြီး ထိုညီအစ်ကိုနှစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ ထားသကဲ့သို့ ဖြစ်နေကာ ရုန်းကန်နေကြရသည်။ ကြိုးကွင်းမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်လေလေ၊ သူတို့၏ လည်ပင်းကို ပိုမိုတင်းကျပ်စွာ ရစ်ပတ်ထားလေလေ ဖြစ်သည်။

ကျူးမင်လန် အမြန်လျှောက်သွားလိုက်ပြီး အသက်ရှူပင် ကြပ်လုနီးပါး ဖြစ်နေသော ထိုညီအစ်ကိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီလိုမိစ္ဆာမလေးကိုမှ သွားစော်ကားမိတာ၊ သူတို့တော့ တကယ်ကို ကံဆိုးတာပဲ"

နန်လင်းရှာ၏ စွမ်းအားသည် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး၏ အစွမ်းထက်သူများ ကြားမှာပင် ကြောက်မက်ဖွယ်ကောင်းပြီး အပြစ်သားမြို့တော်တွင် သူမကို အနိုင်ယူနိုင် မည့် အင်အားစုဟူ၍ အများပြား မရှိနိုင်ပေ။

All Chapters